အပိုင်း ၅၆
Viewers 26k

Chapter 56




အဖွဲ့လိုက်အင်တာဗျူးသည် အဓိကအားဖြင့် အဓိကဇာတ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများကို အင်တာဗျူးရန်ဖြစ်သည်။ သူတို့ဖမ်းမိသည့်သူတွေကို အင်တာဗျူးမည့် မီဒီယာတစ်ခုတည်းနှင့်မတူပေ။ တတိယအမျိုးသားဇာတ်ဆောင်နှင့်ဘာမှမဆိုင်ပါချေ။


"မင်းသွားရမှာ ချီလောင်ရှီး...သူတို့ထဲက အများစုက မင်းရဲ့ဗီဒီယိုအတိုလေးအတွက် ဒီကိုရောက်လာကြတာ"


လက်ထောက်က အလုပ်ရှုပ်နေပြီး အဖွဲ့လိုက်အင်တာဗျူးတည်နေရာက ငှက်ဥယျာဥ်ဖျော်ဖြေရေးရခန်းမမှာဖြစ်သည်ဟု ပြောခဲ့၏။


သူတက်ရောက်ရမည်ဟူသော သတင်းဆိုးကိုကြားသောအခါ ၎င်းကို နားမလည်သော ချီရှင်းချန်က သက်ပြင်းချလိုက်သည်။ မီဒီယာတွေ မေးလာနိုင်သည့် မေးခွန်းတွေနှင့်ပတ်သတ်၍ သူ ဘယ်လိုဖြေရမလဲဆိုသည်ကို သူစပြီး စဉ်းစားပါတော့၏။


သူသည် လုပ်ငန်းခွင်သို့ နောက်ကျပြီးမှရောခဲ့ပြီး စကားပြောခြင်းအနုပညာကို နားမလည်ခဲ့ပါချေ။ သူ့အတွက် အမှားလုပ်မိရန် လွယ်လေသည်။ သူ့အနေဖြင့် အဖွဲ့သားများကို ဒုက္ခရောက်စေခဲ့လျှင် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်။


ကံကောင်းထောက်မစွာဖြင့် ရှန့်ယွီလျန်ကအမြော်အမြင်ရှိခဲ့ပြီး မွန်းတည့်အချိန်၌ အစည်းအဝေးလေးတစ်ခုအတွက် လူတိုင်းကို စုရုံးခဲ့သည်။ အစည်းအဝေးတွင် သူက ရှုရှန့်နှင့်ချီရှင်းချန်တို့ကို အဓိပ္ပါယ်မဲ့သည့်စကားများမပြောရန်နှင့် အချင်းချင်းငြင်းခုံခြင်းမပြုရန် အထူးညွှန်ကြားခဲ့သည်။


နှစ်ယောက်သား ရိုးသားစွာ ခေါင်းညိတ်လိုက်ကြသည်။


....


နေ့လည် နှစ်နာရီ ငှက်ဥယျာဥ်ဖျော်ဖြေရေးခန်းမ၌...


ငှက်ဖျော်ဖြေပွဲအတွက်ထားသော စင်မြင့်ပေါ်ရှိ သံကွင်းများနှင့် သစ်သားဘောင်များကို ဖယ်ရှားခဲ့ပြီး စားပွဲရှည်တန်းများဖြင့် အစားထိုးခဲ့သည်။


စားပွဲများတွင် မိုက်ခရိုဖုန်းများနှင့် သမုဒ္ဒရာနှလုံသား အဓိကဇာတ်ဆောင်များ၏ အမည်တံဆိပ်များ ပါရှိသည်။ တတိယအမျိုးသမီးဇာတ်ဆောင်၊ချီရှင်းချန်၊ဖုန့်ချင်းယွမ်၊ရှန့်ယွီလျန်၊ ထောင်ထောင် နှင့် ရှုရှန့်ဆိုပြီး အစဥ်တိုင်းနေရာချထားသည်။


ရှုရှန့်က ပထမဆုံးဝင်ရောက်သူဖြစ်သည်။ နာမည် တံဆိပ်ကို မြင်သောအခါ သူ့မျက်နှာ မည်းမှောင်သွားသည်။


ဖုန့်ချင်းယွမ် နှင့် ရှန့်ယွီလျန်တို့က တူညီသောအဆင့်တွင် ရှိနေသည်။


ထောင်ထောင် နှင့် ချီရှင်းချန်တို့ကလည်းအဆင့်တူတွင်ရှိနေသည်။ သို့သော်လည်း ထောင်ထောင့်က တကယ့် အမျိုးသမီးဇာတ်ဆောင်ဖြစ်သောကြောင့် သူမက ဒုတိယနေရာတွင် ရှိနေသည်ကမှန်၏။



ချီရှင်းချန်က တကယ်ကို ဒုတိယနေရာနှင့် အဆင့်တူလုနီးပါးတွင်ရှိနေသည်။


ဒါရိုက်တာရှန့်က သူ့အတွက် နောက်ထပ်ဇာတ်ဝင်ခန်းတွေ ထပ်ထည့်ချင်နေတာလား...


ပိုမုန်းစရာကောင်းသည်က သူနှင့်တတိယအမျိုးသမီးဇာတ်ဆောင်က အပြင်ဘက်ဆုံးမှာ ထိုင်ကြရမည်။ သိသာထင်ရှားစွာပင်၊ သူတို့သည်အဆင့်တူတွင်ရှိနေခဲ့သည်။


ဗီဒီယိုအတိုလေးပဲ မဟုတ်ဘူးလား...ချီရှင်းချန်ကသူ့ရဲ့ကံကောင်းမှုကြောင့်သာ မဟုတ်ရင် ဒီလောက်ကြီးတဲ့ ဖလင်ကွက်ကိုရပါ့မလား...


ရှုရှန့် မျက်လုံးများကိုမှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူ တည်ငြိမ်သွားပြီး ဖော်ရွေပျူငှာသည့် အပြုံးတစ်ခုတပ်ဆင်ထားလိုက်၏။


.


နေ့လည်ပိုင်းတွင် အဖွဲ့လိုက်အင်တာဗျူးအတွက် ငှက်ဥယျာဥ်ကို ခေတ္တပိတ်ထားသည်။


ငှက်များကို အစာကျွေးပြီး ဥယျာဉ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ငှက်လေ့ကျင့်ဆရာ ငါယောက် ငြီးငွေ့လာပြီး အချင်းချင်း ဆွဲလားငင်လားလုပ်နေကြသည်။


"ဟေး အဲဒီရိုက်ကူးရေးအဖွဲ့ထဲမှာ စတားအကြီးကြီးတွေ ပါတယ်လို့ ငါကြားတယ်...ငါတို့သွားကြည့်ရအောင်"


"သူတို့ အစည်းအဝေးလုပ်နေတယ်... ငါတို့သွားဖို့ အဆင်မပြေဘူး"


"အဲဒါဘာဖြစ်လို့လဲ...တံခါးကနေကြည့်ရင် အဆင်ပြေပါတယ်...ထောင်ထောင်လည်း ပါတယ်လို့ ကြားတယ်...နင်သူ့ကို အရမ်းကြိုက်တာမဟုတ်ဘူးလား"


"ငါ ...ဟေး... ငါ သူ့ကိုတကယ်တွေ့ချင်တာ... သွားကြည့်ကြည့်ရအောင်"


"သွားကြရအောင်"



လူငယ်ငါးယောက်က ကြက်တူရွေးများကို ပြန်ချထားလိုက်သည်။သို့ပေမဲ့ ကြက်တူရွေးတွေက သူတို့ထွက်သွားတော့မည်ဆိုသည်ကို မြင်သောအခါ အားလုံးက သူတို့ပိုင်ရှင်၏ပခုံးဆီ ပြန်ပြေးသွားကြ၏။


ဤကြက်တူရွေးများအားလုံးသည် မျိုးရိုးသန့်ဖြစ်ပြီး ၎င်းတို့အား လေ့ကျင့်ပေးပြီးနောက် အလွန်ထက်မြက်ကြသည်။ သူတို့မှာ ငှက်အရေခွံရှိ၍သာ မဟုတ်လျှင် မသေမျိုးတွေ ဖြစ်သွားကြပေလိမ့်မည်။


ကြက်တူရွေးများကို ထားခဲ့၍မရသည်ကို မြင်လျှင် စကားမပြောလျှင် ငှက်များက ဆူညံမည်မဟုတ်ဟု လူငယ်များက တွေးကြသည်။ ထို့ကြောင့် သူတို့သည် ငှက်များကို ပခုံးပေါ်တင်ကာ ခန်းမအဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်ကြသည်။


သေချာသည်ပင်၊ သူတို့ကို သက်တော်စောင့်နှစ်ယောက်က တားထားကြသည်။


တံခါးကလည်းဖွင့်ထားသဖြင့် သူတို့ တံခါးနားမှာ ရပ်ပြီး ပွဲကို ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။


နောက်ဆုံးတွင် မီဒီယာ 20 နီးပါး အဖွဲ့လိုက်အင်တာဗျူးအတွက်တက်ရောက်ခဲ့သည်။ယင်းက နာမည်ကြီးကြယ်ပွင့်မပါသော တီဗီစီးရီးတစ်ခုအတွက် အတော်လေးအလားအလာကောင်း၏။


ဒါရိုက်တာ၏လက်ထောက်ဆီက ညွှန်ကြားမှုအောက်မှာ အပိုင်းတိုလေးတွေက အလွန်ကို ချောချောမွေ့မွေ့နှင့်ပြီးသွားခဲ့သည့်။ ယခု လွတ်လွတ်လပ်လပ် အမေးအဖြေကဏ္ဍအတွက် အချိန်တန်ပြီဖြစ်သည်။


ရှေ့တန်းက မီဒီယာတွေက မတ်တပ်ထရပ်သည်။ "အင်တာဗျူးကနေတစ်ဆင့် 'သမုဒ္ဒရာနှလုံသား' ရဲ့ အဖွဲ့သားတွေဟာ အရမ်းလိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့အဖွဲ့လို့ ခံစားရတယ်...မင်းတို့ဘ၀မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ ရှိခဲ့လား"


ယခုလိုမေးခွန်းမျိုးတွေက ရှောင်လွှဲ၍ မရပေ။ လူတိုင်းက ထိုင်ခုံအလိုက် ဖြေကြသည်။ ဒါရိုက်တာရှန့်ကက သူ့ကို ညဘက် သူ့အခန်းထဲလာခိုင်းသဖြင့် နားလည်မှုလွဲလုနီးပါး ဖြစ်သွားခဲ့သည်ဟု ချီရှင်းချန်ကဖြေခဲ့သည်။မကြာခင်မှာပဲ ရှုရှန့် စကားပြောရမည့် အလှည့်ရောက်လာ၏။



ရှုရှန့်က လည်ချောင်းရှင်းလိုက်သည်။ 


"အဲဒါနဲ့ပတ်သတ်ပြီး ပြောရရင် ရှင်းရှင်းကို တောင်းပန်ဖို့ အခွင့်အရေးယူချင်ပါတယ်...အဖွဲ့ဆီကို သတင်းပို့တဲ့ ပထမဆုံးနေ့မှာတော့ ရှင်းရှင်းက တခြားဇာတ်ပို့သရုပ်ဆောင်တွေလိုပဲ ဟိုတယ်ရဲ့၃၂လွှာမှာ နေတယ်လို့ ကျွန်တော် ထင်ခဲ့မိတယ်...ကျွန်တော် သူ့ကို ၃၂လွှာထိ ဆွဲခေါ်သွားခဲ့မိတယ် ဟားဟား"


မီဒီယာကမေးလိုက်သည်။

"ပြီးတော့"


"တကယ်တော့ ရှင်းရှင်းက ဒါရိုက်တာရှန်းတို့လိုပဲ အပေါ်ဆုံးထပ်မှာ နေခဲ့တာ...အခု ကျွန်တော် စဉ်းစားကြည့်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ဟားဟား"


ရှုရှန့်က ပြောပြီးသည်နှင့် မီဒီယာတွေအားလုံးက ရယ်မောကြသည်။


ရယ်မောပြီးနောက် ဤစာကြောင်းတွင် တစ်စုံတစ်ရာ မှားယွင်းနေမှန်း သတိထားမိလိုက်ကြသည်။


"ဘက်ဂျက်ခရီးသွားကြမယ်" ၏ S4က အောင်မြင်ခဲ့ပြီး သရုပ် ဆောင်အဖွဲ့ဝင်များ၏ အာရုံစိုက်ခံရမှုမှာ များစွာတိုးလာခဲ့သည်။ ယခု ချီရှင်းချန်က သာမန်လခစား မိသားစုမှ ဆင်းသက်လာသည်ကို လူအများကသိကြသည်။


တခြား ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ဘာကြောင့် မတူရတာလဲ...သူကဘာကြောင့် အထူးတလည်ဆက်ဆံမှုကိုခံယူပြီး ဒါရိုက်တာနဲ့ အပေါ်ဆုံးထပ်မှာ နေရတာလဲ...


ယခင်ကကိစ္စကိုပြန်တွေးကြည့်လျှင် ချီရှင်းချန်ကို သွားပုတ်လေလွင့်ပြောရန် ရှုရှန့်က မားကတ်တင်းဝယ်တုန်းက သူ့ကို သွားပုတ်လေလွင့်ပြောရုံသက်သက်မဟုတ်ပေ။


လက်ခုပ်ဆိုသည်က နှစ်ဖက်တီးမှမြည်ခြင်းဖြစ်သည်။ရှုရှန့် ပထမအမျိုးသားဇာတ်ဆောင်ကိုကျ သွားပုတ်လေလွင့်မပြောဘဲ တတိယအမျိုးသားဇာတ်ဆောင်ကိုမှ ဘာလို့ သွားပုတ်လေလွင့်ပြောရတာလဲ...


သတင်းထောက်တွေအားလုံးက အကင်းပါးသူတွေဖြစ်၏။ ရုတ်တရက် တစ်စုံတစ်ယောက်က ထမေးသည်။

"ရှင်းရှင်း...ဒါရိုက်တာရှန့်ရဲ့ဘေးခန်းမှာနေရတာ ဘယ်လိုခံစားရလဲ...သူက မင်းကို သူ့ကို ဇာတ်ညွှန်းအကြောင်းပြောဖို့ ခဏခဏခိုင်းလား"


ချီရှင်းချန်၏ အမူအရာ သိမ်မွေ့လျက်ပဲရှိသည်။ မီဒီယာ၏ အာရုံစိုက်မှုသည် "သူ့ကို ဇာတ်ညွှနအကြောင်း ပြောခြင်း"ပေါ်တွင် မဟုတ်ဘဲ "ဒါရိုက်တာရှန့် ၏ဘေးခန်းတွင် နေထိုင်ခြင်း"ပေါ်မှာ ဖြစ်သည်ကို သူ သဘာဝကျကျ နားလည်ခဲ့သည်။


သူက ခေါင်းငုံ့ပြီး မိုက်ကရိုဖုန်းနားကို တိုးကာ ချီယွီကျီးသင်ပေးခဲ့သည့်အတိုင်း ဖြေရန် ပြင်ဆင်လိုက်သည်။သူ သူ့ပါးစပ်ကိုဖွင့်လိုက်ချိန်တွင်-


ငှက်လေ့ကျင့်ရေးဆရာများက သူ၏ရုပ်ကို မြင်သောအခါ အံ့သြတုန်လှုပ်သွားကြသည်။


"ဘော့စ်"


"ဒါ ငါတို့ သူဌေးမဟုတ်ဘူးလား"


ထို့နောက် ပိုင်ရှင်ပြောသောစကားကို ကြားပြီး ကြက်တူရွေးများလည်း လိုက်အော်ဟစ်ကြသည်။


"ဘော့စ်...ကွတ်"


"ဘော့စ်...ကွတ်"


"ဘော့စ်...ဘော့စ်...ကွတ်"


နောက်ဆုံးသတင်းထောက်၏မေးခွန်းသည် အလွန်ထက်ရှသောကြောင့် မီဒီယာအားလုံး တိတ်ဆိတ်သွားကြပြီး ချီရှင်းချန်၏အဖြေကို စောင့်မျှော်နေကြသည်။


ဖျတ်လတ်တက်ကြွသော လူငယ်လေးငါးဦး၏ အားမာန်ပါသောအသံများနှင့် နောက်လိုက်ပါလာသည့် ကြက်တူရွေးကိုးကောင်၏အသံများသည် ဖျော်ဖြေရေးကွင်းအတွင်းမှ လူတိုင်း၏နားများထဲသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။


တစ်ခုပြီးတစ်ခု...


"ဘော့စ်...ဘော့စ် ကွက် ကွက် ကွက်"


"ဘော့စ်...ဘော့စ် ကွက် ကွက်"


ငှက်လေ့ကျင့်ရေးဆရာတွေက အံ့သြလွန်း၍ ဘော့စ်ဟု မတွေးဘဲ ခေါ်လိုက်မိကြခြင်းဖြစ်သည်။ လူတွေက သူတို့ကိုကြည့်နေသည်ကိုမြင်သောအခါ ကြက်တူရွေးတွေကို အမြန်တားလိုက်ကြ၏။


သူတို့က ကြက်တူရွေးများကို ဆူလိုက်ကြသည်။


"မခေါ်နဲ့ ပါးစပ်ပိတ်ထား...မန်နေဂျာက ဘော့စ်ကို မသိချင်ယောင်ဆောင်ဖို့ ငါတို့ကို ပြောထားတယ်"


ကြက်တူရွေးများက ခေါင်းလေးများစောင်းကာ ရယ်စရာကောင်းသော စကားတစ်ခွန်းကို ဖမ်းမိသွားပုံရသည်။

"ဘော့စ် ငါတို့ မသိဘူး...ဘော့စ် ဘော့စ် ငါတို့မသိဘူး"


ထိုရောတွင် သတင်းမီဒီယာနှင့် မီဒီယာအသစ်များအပြင် တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းငါးခုထက်မနည်း ရှိခဲ့သည်။ သတင်းထောက်များသည် ၎င်းတို့၏ကင်မရာများကို တံခါးဆီသို့ ချက်ချင်းလှည့်လိုက်ကြပြီး ရယ်စရာကောင်းကာ ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖန်သားပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။


ကျည်ဆံမှတ်ချက်အရေအတွက် သိသိသာသာ တိုးလာသည်-


[အဟမ်း ရယ်ရလို့ သေတော့မယ် ဟားဟား...ငါ အသံပဲကြားလိုက်တာ ရုပ်ကို မမြင်ရဘူး...ဒီလောက် ထူးခြားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး]


[ငှက်လေ့ကျင့်ရေးဆရာ: မင်းပါးစပ်မပိတ်ရင် ငါမင်းကိုသတ်မယ်!]


[ညီငယ်တို့ ဒီည ညစာအတွက် လုံလောက်ပါပြီ... ကြက်တူရွေးစွပ်ပြုတ်က အရသာရှိမလား မသိဘူး]


[ကြက်တူရွေး:ဘော့စ်...ငါ... ကြက်တူရွေး...ငါ့ကိုပိုက်ဆံပေး]


အင်တာနက်သုံးစွဲသူတွေက ခဏကြာအောင် ရယ်မောနေကြပြီး မျက်မမြင်ကျောင်းသားတစ်ယောက်က အချက်တစ်ခုကို တွေ့ရှိခဲ့သည်။


[ဘော့စ်က ဘယ်သူလဲ]


[ချီရှင်းချန်က စကားပြောခါနီးမှာ ညီလေးတွေနဲ့ ကြက်တူရွေးတွေက ပြောကြတာ...သူပဲ ဖြစ်လောက်တယ်]


[ငှက်လေ့ကျင့်ရေးဆရာတွေက အဲဒီဘက်ကိုကြည့်နေတာပဲ...ဒါပေမဲ့ ချီရှင်းချန်က သာမန်မိသားစုက မဟုတ်ဘူးလား...ငါက H Cityနားတစ်ဝိုက်မှာ နေတာ... ပိုင်ရှာဆိပ်ကမ်းအဏ္ဏဝါရေအောက်ကမ္ဘာက ငါတို့နိုင်ငံမှာ နာမည်ကြီးနေရာနော်...ပိုင်ရှာဆိပ်ကမ်းရဲ့သူဌေးက သေချာပေါက် အရမ်းချမ်းသာရမယ်... သူက လခစား မဖြစ်နိုင်ဘူး]


[ထောင်ထောင် ဖြစ်နိုင်လား...ဒီလို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က Ocean World ဖွင့်ထားတာ...သူမက အရမ်းချစ်စရာကောင်းတာပဲ]


လူတိုင်းက "ဘော့စ်က ဘယ်သူလဲ" ဆိုသည့် မေးခွန်းကို ခဏကြာအောင် ဆွေးနွေးနေ ကြသည်။ ထိုအချိန်တွင် ငှက်လေ့ကျင့်ရေးဆရာများက ငှက်များကို မထိန်းနိုင်ဘဲ ကွင်း၏အစီအမံကို ထိခိုက်စေသည်ကို လုံခြုံရေးက မြင်သောကြောင့် ထွက်သွားရန် အမိန့်ပြောလိုက်သည်။ 


"ဆရာတို့...ကျေးဇူးပြုပြီး အရင်ဆုံးခဏလောက်ထွက်သွားပေးပါ"


ငှက်လေ့ကျင့်ရေးဆရာများက အမှားတစ်ခုခုလုပ်မိသောကြောင့် ပျာယာခတ်သွားကြသည်။ H ပြည်နယ်တစ်ခုလုံးကိုကြည့်လိုက်ရင် ပိုင်ရှာဆိပ်ကမ်းက အကောင်းဆုံးအလုပ်ပတ်ဝန်းကျင်ရှိပြီး လစာကလည်းအမြင့်ဆုံးပါပင်။ဤအလုပ်ကိုသာ ဆုံးရှူံးသွားရလျှင် နောက်အလုပ်က ဘယ်မှာသွားရှာရမှန်း မသိတော့ပါချေ။



သူတို့ မသိစိတ်ကနေ ချီရှင်းချန်ကို လှမ်းကြည့်ပြီး သူတို့ မထွက်သွားခင် သူတို့သူဌေးဘယ်လိုသဘောရှိလဲ အဖြေရှာရန် ကြိုးစားကြသည်။


စခရင်ကနေတဆင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ ခန်းမထဲက လူတွေကတော့ နီးနီးကပ်ကပ် မြင်လိုက်ကြသည်။သူတို့က ကင်မရာကို ချီရှင်းချန်ဆီကို အမြန်ပြန်လှည့်လိုက်ကြ၏။


ချီရှင်းချန်က လူအုပ်ကြီး၏ မျက်လုံးများကို ကြည့်ရင်း ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။


သူက အသက်ပြင်းပြင်းရှူပြီး မိုက်ခရိုဖုန်းဆီကို ကိုင်းကာ ပြောလိုက်သည်။ 


"ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ဝန်ထမ်းတွေကို ကောင်းကောင်း စီမံမခန့်ခွဲနိုင်ဘဲ လူကြီးမင်းတို့ရဲ့အလုပ်တွေကို ထိခိုက်စေခဲ့တယ်... လုံခြုံရေး ကျေးဇူးပြုပြီး သူတို့ကို အရင်အပြင်ပို့ပေးပါ"


…တကယ်... အဟုတ်ကြီး ချီ ရှင်း ချန် ပဲ...


ကျည်ဆန်စခရင်က ရုတ်တရက် ပေါက်ကွဲသွားပြီး စခရင်မျက်နှာပြင်သည် စကားလုံးကြီးကြီးနှစ်လုံးဖြင့် ပြည့်နေသည်။


[F*ck! F*ck!]


.


ကြက်တူရွေးများကို ပိုင်ရှင်များက ဆွဲထုတ်သွားခဲ့ရာ ကြီးစွာမတရားခံရသည်ဟု သူတို့ ခံစားကြရပြီး သူတို့၏ သနားစရာကောင်းသော ကျည်ကျည်ကျာကျာအော်မြည်သံများက စင်္ကြံတွင် ပဲ့တင်ထပ်နေသည်။


ပရမ်းပတာများကြားတွင် သတင်းထောက်များက ငှက်လေ့ကျင့်ရေးဆရာများနှင့် ချီရှင်းချန်တို့၏ပုံများနှင့်အတူ Weibo တွင် "ကြက်တူရွေးက သူတို့၏ဘော့စ်ကိုခေါ်ခြင်း" အဖြစ်အပျက်ကို လွှင့်တင်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ကြသည်။


သူတို့က အလျင်လိုနေပြီး ၎င်းကို ကောင်းကောင်းမပြင်ဆင်လိုက်ရပေ။


သို့သော် ထိုကိစ္စကိုယ်၌ကပင် စိတ်ဝင်စားစရာကောင်းရန်လုံလောက်နေပြီဖြစ်၏။


ချီနှင့် ရှု တို့၏ ရန်ပွဲက ဆယ်ရက်ပင် မပြည့်သေးဘဲ အဖြစ်အပျက်၏ အရှိန်က လုံးဝ အေးမသွားသေးပေ။ ဤလူနှစ်ဦးက တူညီသောဘောင်တစ်ခုတွင် ရှိနေသရွေ့ သဘာဝအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။


ယနေ့တွင် မီဒီယာအချို့က ၎င်းတို့၏ ပဋိပက္ခကြောင့် ရောက်လာကြခြင်းဖြစ်သည်။ သူတို့သည် ရှုထောင့်အမျိုးမျိုးမှ လှည့်ကွက်ပါသောမေးခွန်း အမျိုးမျိုးကို မေးရင်း တစ်ယောက်ယောက်က သတိလက်လွတ်ဖြစ်ပြီး စကားအမှန်များထွက်လာမည်ကို စောင့်ဆိုင်းနေကြသည်။


ဤတစ်ခါတွင် သူတို့ သိရအောင် ခက်ခက်ခဲခဲ လုပ်စရာ မလိုတော့ပေ။ရှုရှန့်က သူ့မျက်နှာသူ ဖြတ်ရိုက်ခဲ့၏။


Weibo ပို့စ်ကို တင်ပြီးနောက် မီဒီယာများက ကင်မရာကို ရှုရှန့်ထံ အမြန်လှည့်လိုက်ကြသည်။ရှုရှန့်က တုန်လှုပ်ချောက်ချားမှုကနေ အသိဝင်လာခြင်းမရှိသေးပေ။


သံသယ၊ အံ့သြမှု၊ မလိုလားမှု၊ ကြောက်ရွံ့မှုတွေနှင့် သူ့မျက်နှာက ဖျော့တော့နေပြီး သူ့အမူအရာက ပျက်ယွင်းသွား၏။


ဒေါသထွက်လွန်း၍ မေးရိုးတင်းထွက်နေအောင် အံကိုတင်းတင်းကြိတ်ထားသည်။ဆီလီကွန်ထည့်ထားသည့် သူ၏မေးစေ့ချွန်ချွန်က ကင်မရာရှေ့တွင် တောက်ပနေသည်။


ရှုရှန့်၏ အေးဂျင့်လည်း ပရိသတ်ကြားထဲတွင် ရှိနေသည်။ သူက ပျာယာခတ်နေပြီး ရှုရှန့်ကို ထိတ်လန့်မနေရန်နှင့် သူ့အမူအရာကို ထိန်းချုပ်ရန် ဆက်တိုက် အချက်ပြနေ၏။


ရှုရှန့် နောက်ဆုံးတွင် ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားပြီး သူ့အပြောအဆိုကို ချိန်ညှိရန် သူ၏မစို့မပို့ပရော်ဖက်ရှင်နယ်ဖြစ်မှုကို အသုံးပြုခဲ့သည်။



ကံမကောင်းစွာပဲ၊ နောက်ကျသွားခဲ့သည်။ ကင်မရာရိုက်ချက်များက လိမ်ညာလိမ့်မည်မဟုတ်သလို တိုက်ရိုက်ထုတ်လွှင့်မှုရှိ အချိန်နှင့်တစ်ပြေးညီပုံများသည် သူ့အား နောင်တရရန်အခွင့်အရေးမပေးခဲ့ပေ။


သတင်းနှင့်ဖလင်ကွက်အတွက် တိုက်ပွဲဝင်နေသော မီဒီယာများသည် တစ်စက္ကန့်လေးမှ မဖြုန်းချင်ကြပေ။ သူတို့သည် ရှုရှန့်၏ ဓာတ်ပုံများကို အွန်လိုင်းတွင် အမြန်တင်ခဲ့သည်။


ဤတစ်ခါ ကျည်ဆံဖန်သားပြင်သာမက Weibo လည်းပါဝင်လာခဲ့သည်။


[တဆိတ်လောက်... ငါ့မျက်လုံး တစ်ခုခုမှားနေပြီလား...ရှင်းရှင်းက ပိုင်ရှာဆိပ်ကမ်းရဲ့ သူဌေးလား...သူက လခစား မိသားစုက မဟုတ်ဘူးလား]


[ဟားဟားဟား...လခစားမိသားစုကချီရှင်းချန်၊ သာမန်နောက်ခံကလာတဲ့ ချီရှင်းချန်၊အကောင်ကြီးကြီး ဘယ်လိုဖြစ်ရမလဲမသိတဲ့ချီရှင်းချန်... စေ့စေ့စပ်စပ် တွက်ချက်တတ်တဲ့ ချီရှင်းချန်...လက်စသတ်တော့ သူက ကြိတ်ပုန်းသူဌေးဖြစ်နေတာပဲဟေ့]


[ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ... လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ ငါက သူကို့ရေသူမင်းသားလေးဆိုပြီးကြွားလုံးထုတ်ခဲ့သေးတယ်... သူက ဘယ်လိုလုပ် မင်းသားဟုတ်မှာလဲ...သူက ပင်လယ်ဘုရင်ဖြစ်နေတဲ့ဟာကို... ပင်လယ်ကိုပိုင်ဆိုင်တဲ့ အစစ်အမှန်ပင်လယ်ဘုရင်...]


[ဟားဟား ဘာပျော်စရာရှိလဲ...ဒီလူက အခြေခံလူတန်းစားတွေရဲ့ ပုံရိပ်ကို ဖန်တီးဖို့ ကြိုးစားနေပြီး မတော်တဆ အခြေအနေကိုပြောင်းပြန်လှန်မိသွားတာ ထင်ရှားတယ်...ဖျော်ဖြေရေးနယ်ပယ်မှာ အရပ်ရှည်၊ ချမ်းသာပြီး ချောမောတဲ့ ယောက်ျားတစ်ယောက်ဖြစ်တာက ပိုကောင်းတယ် မဟုတ်ဘူးလား… အိုး တောင်းပန်ပါတယ် အဲဒါ မကောင်းဘူး...ဘယ် အရပ်ရှည်၊ ချမ်းသာပြီးချောမောတဲ့သူကမှ ထုတ်မကြွားကြဘူး[ခွေးခေါင်းပုံ][ခွေးခေါင်းပုံ]]


[အိုး အပေါ်မှာ အမည်မသိအရည်အချင်းတွေရှိတဲ့ အနံ့ဆိုးဖန်တစ်ယောက် ရှိနေပုံရတယ်...rwkk...ဒီခွေးမလေးရဲ့ပိုင်ရှင်က ဘယ်သူလဲနော်]


[ကြည့်မနေနဲ့... ဒါက ဘေးပေါက်အကောင့်... IP ကို စစ်ကြည့်တော့ ပင်မအကောင့်ကို တွေ့တယ်... ပြိုင်ဘက်က ပို့လိုက်တဲ့ အရူးပဲ]


လက်ရှိတွင် ချီရှင်းချန်၏ တစ်ခုတည်းသောပြိုင်ဘက်မှာ ရှုရှန့် ဖြစ်သည်။ငွေရောင်ကြယ်မြစ်ဖန်ကလပ်၏ မန်နေဂျာက ဖန်ဂရုထဲတွင် ကြွေးကြော်လိုက်သည်။


ပြိုင်ဘက်ရဲ့ဖန်တွေက ငါတို့ကို ခေါင်းပေါ်တက်စီးနေပြီ... သူတို့ကို အောင်မြင်ခွင့်ဘယ်လိုလုပ်ပေးလို့ဖြစ်မှာလဲ...


အဖြေက နိုးပဲ...


ကြယ်အလင်းတန်းများ ချက်ချင်း စစ်မြေပြင်သို့ ရောက်ရှိလာသည်။


[နင်တို့ကောရဲ့ သူများကို ညစ်ပတ်တဲ့ရေနဲ့ပက်ဖို့ မားကက်တင်းပစ္စည်းတွေဝယ်တဲ့ စက်ဆုပ်စရာကောင်းတဲ့ အဖြစ်အပျက်က မပြီးသေးဘူး၊နင်တို့က လာဟောင်နေပြီ... အော့အော့...ဒီသခင်ကြီးအတွက် လေးဘက်ထောက်ထွက်သွားကြစမ်း]


[ဟီးဟီး...အဲဒီ ချဉ်စူးနေတဲ့လေသံကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ...ငါတို့ idol က စပွန်ဆာ ရှာနေတာလို့ ပြောပြီး အခုတော့ မျက်နှာကို ဖြတ်ရိုက်ခံရပြီ ...နာလား မင်းကိုမေးနေတယ် နာသလား]


[အထက်က ညီအစ်မတွေကို အကြောင်းပြန်ရရင် ခွေးတွေက သူတို့မျက်နှာမှာ ထာပနာတွေ အများကြီးထည့်ထားတော့ မျက်နှာအာရုံကြောတွေက သိပ်ပြီး မဖွံ့ဖြိုးတော့ဘူးလေ၊ နာမယ်မထင်ဘူး (လက်စွဲခွေးခေါင်း)]


[ကြယ်အလင်းတန်းညီအစ်မအားလုံးကို သတိပေးချက်... မင်းတို့ရဲ့စကားတွေကို ဂရုစိုက်ပြီ

း ယဉ်ကျေးစွာနေပါ...ကြယ်အလင်းတန်တွေနဲ့ ရှင်းရှင်း အပေါ် အခြားသူတွေရဲ့ အမြင်ကို မထိခိုက်စေပါနဲ့]


ချီရှင်းချန်က ဖော်ရွေကြည်သာသော အသွင်အပြင်ရှိပြီး ပြဿနာမရှာတတ်ပေ။သူက ကွန်မြူနစ်လူငယ်အဖွဲ့ထံကနေ အပြုသဘောဆောင်သော စွမ်းအင်အဖြစ် တံဆိပ်ကပ်ခံထားရသည်။