Chapter 58
ပိုင်ရဲ့က အမြဲတမ်း သန့်ရှင်းပြီး ရိုးသားခဲ့သည်။ သူ့ကိုယ်သူ မြှင့်တင်ရန် ဆက်ဆံရေးကို ဘယ်တုန်းကမှ အသုံးမချခဲ့သလို အရှုပ်အရှင်းတွေလည်း မရှိသလောက်ပါပင်။အန်းရန်၏ စကားကိုကြားသောအခါ ချီရှင်းချန်က Weibo ကို သံသယဖြစ်အပြည့်ဖြင့် ဖွင့်လိုက်သည်။
ထိပ်ဆုံးက ခေတ်စားနေသော အကြောင်းအရာမှာ [ပိုင်ရဲ့က ညဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးဖော်ထုတ်ခံလိုက်ရတယ်]၊ ထို့နောက်တွင် အနီရောင် စကားလုံးကြီးဖြင့် "ပေါက်ကွဲခြင်း" ဟူသော စကားလုံးက အတော်လေး မျက်စိနောက်စရာ ဖြစ်နေသည်။
"ဒီလ 21 ရက်နေ့ ညနေ 23:40 လောက်မှာ ပိုင်ရဲ့ ပိုင်ရှာဆိပ်ကမ်းနားက ဟိုတယ်တစ်ခုထဲဝင်သွားပြီး နှစ်နာရီကျော်လောက်နေခဲ့ပြီးမှ 3:10မှာထွက်လာတာကိုသတင်းထောက်တွေက ဓာတ်ပုံရိုက်မိခဲတယ် ...နောက်တစ်နေ့မှာ ပိုင်ရဲ့ရဲ့နာနီကားက ဟိုတယ်အဝင်ဝမှာ ထပ်ရပ်ပြီး နာရီဝက်နီးပါး နေပြီးနောက် ထွက်ခွာသွားခဲ့တယ်"
အန်းရန်က Weiboကအကြောင်းအရာကို အသံတိုးတိုးဖြင့် ဖတ်နေချိန်တွင် ချီရှင်းချန်က ဓာတ်ပုံများကို ဖွင့်ကာ တစ်ခုပြီးတစ်ခု ကြည့်နေသည်။
ရှုထောင့်အနေအထားအရ ဤဓါတ်ပုံတွေကို ဟိုတယ်နှင့်မျက်နှာချင်းဆိုင်မှ ရိုက်ထားပုံရသည်။ "သမုဒ္ဒရာနှလုံးသား" ရိုက်ကွင်းကိုစောင့်ကြည့်ရန် အခန်းငှားထားသည့် ပါပါရာဇီက မတော်တဆ တွေ့ရှိပြီး ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
21 ရက်နေ့က ရိုက်ထားသည့် ဓာတ်ပုံတွေထဲမှာ ပိုင်ရဲ့ အဖွဲ့သားတွေက ဟိုတယ်ကို အတူတူ ပြန်လာခဲ့ကြ၏။ ဒါရိုက်တာ ရှန့်၊ ထောင်ထောင်၊ ဖုန့်ချင်းယွမ် နှင့် ချီရှင်းချန်တို့ အားလုံးပါကြသည်။
ဟိုတယ်မှထွက်လာသော ဓာတ်ပုံများတွင် ပိုင်ရဲ့ကိုသာ တွေ့ရပြီး ဘယ်သူမှ သူ့ကို လိုက်မပို့ကြပေ။
22 ရက်နေ့မှာ ပိုင်ရဲ့၏ နာနီကား ရောက်လာပြီး ချီရှင်းချန်က ကားထဲကို ဝင်သွား၏။
သို့သော် ရှုထောင့်ကြောင့် ချီရှင်းချန်၏ ဦးခေါင်းထိပ်ကိုသာ ဓာတ်ပုံတွင် ဝါးဝါးမြင်နိုင်သည်။ ၎င်း၏အသွင်အပြင်၊ အရပ်အမြင့်နှင့် အဝတ်အစားများအားလုံးကို ဗင်ကားက ပိတ်ဆို့ထားပြီး၊ သူက ယောက်ျားလား၊ မိန်းမလားဟု မပြောနိုင်ပေ။
၎င်းကို အပြင်လူက မြင်လျှင် ဤပုံက အတော်လေး သံသယဖြစ်စရာကောင်းပေလိမ့်မည်။
ချီရှင်းချန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ပိုင်ရဲ့က မိန်းကလေးတစ်ယောက်နှင့်တကယ်သွားတွေ့ခဲ့သည်ဟု သူထင်ခဲ့၏။
ယခုမူ ပိုင်ရဲ့က သူ့ကိုလာတွေ့သည့် ဤနှစ်ခေါက်တွင် သတိပေါ့လျော့ပြီး ပါပါရာဇီများ၏ ဖမ်းမိခြင်းကို ခံခဲ့ရပုံရသည်။
သူ မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်၏။
[ရှင်းပြပါရစေ- ဓာတ်ပုံထဲက ကျန်တဲ့လူတွေအားလုံးက "သမုဒ္ဒရာနှလုံသား" ရဲအဖွဲ့သားတွေပါ...ရဲ့ကော ဒါရိုက်တာရယ်၊ သရုပ်ဆောင်တွေဖြစ်တဲ့ ထောင်ထောင်တို့ချီရှင်းချန် တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်...ရိုက်ကွင်းကိုသွားလည်တာဖြစ်နိုင်တယ်]
[သူ ဒီကိုလာလည်တာဆိုရင် ဒါရိုက်တာက လိုက်ပို့ရမှာမဟုတ်ဘူးလား...ရှန့်ယွီလျန်က အဲဒီလောက်မရိုင်းလောက်ပါဘူး ဟုတ်တယ်မလား... နောက်တစ်နေ့မှာ သူက ဟိုတယ်အဝင်ဝကို ထပ်သွားပြန်တယ်... သူမကို နူးနှပ်ဖို့ အောင်ဆင်းခိုင်းတာမှန်း အသိသာကြီး ...ကိုယ့်ကိုကိုယ်နဲ့ သူများတွေကို မလှည့်စားသင့်တော့ဘူး]
[လူတချို့ကို သူတို့ရဲ့ စကားလုံးတွေ ကြည့်ပြောဖို့ အကြံပေးချင်တယ်...'နူးနှပ်တာ' ဆိုတာ ဘာကို ဆိုလိုတာလဲ...တစ်ခုခုကို ယူဖို့ ဒါမှမဟုတ် ပို့ဖို့ ဒီနေရာကို ရောက်နေတာဟုတ်မဟုတ် သိလို့လား]
[လက်ထောက်တစ်ယောက်ကပဲ ပစ္စည်းတွေကို ယူပြီး ပို့ပေးလို့ရတယ်လေ... မင်းရဲ့အစ်ကိုက အဲဒါကို ကိုယ်တိုင်ကိုယ်ကျလုပ်ဖို့ လိုအပ်သလား... ဆင်ခြေတွေ ဘယ်လိုရှာရမှန်းတောင် မသိတော့ဘူးလား...လေတိုက်ရင် လျှာကို ထိခိုက်မှာ မကြောက်ဘူးလား]
ပိုင်ရဲ့မှာ အမာခံဖန်တွေနှင့်မုန်းတီးသူတွေ အများကြီးရှိ၏။ ယခု၊ မှတ်ချက်ကဏ္ဍတွင် ငြင်းခုံမှုများ ပြည့်နေသည်။ချီရှင်းချန် မတ်တပ်ရပ်လိုက်ပြီး—
အန်းရန်က သူ့ကို တားလိုက်သည်။
"ဟေ့ရှင်းရှင်း နင်ဘယ်သွားမလို့လဲ"
"ကောကို ဖုန်းဆက်ပြီး ကောလာဟလတွေကို ဘယ်လိုကူချေပရမလဲဆိုတာ ဆွေးနွေးမလို့"
"ရှင်းရှင်း... ငါ ပိုင်ရဲ့ရဲ့ အမာခံပရိသတ်မဖြစ်ခင်မှာ နင့်ရဲ့လက်ထောက်အရင်ဖြစ်ခဲ့တာပါ..."
အန်းရန် ရှက်သွားပုံရသည်။
"ဒါက ငါ့တာဝန်ပါ...နင့်ကို တစ်ခုသတိပေးရမယ်...ကောလဟာလတွေကို ချေပဖို့ ကူညီမလား မဆုံးဖြတ်ခင် ငါ့စကားကို အရင်နားထောင်ပါ"
သူမစကားပြောသောအခါတွင် သူမ၏အမူအရာက လေးနက်နေသည်။ချီရှင်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ပိုင်ရဲ့ကို ကောလာဟလတွေကို ချေပရာမှာ ကူညီခဲ့ရင် ပြဿနာရှိတာလား...
"ဆက်ပြောပါ"
သူက ခေါင်းညိတ်လိုက်သည်။
"နင် ငါ့ကို ပိုင်ရဲ့က မနက်နှစ်နာရီမှာ နင့်အခန်းထဲကထွက်သွားတယ်လို့ ပြောခဲ့တာကို ငါရှင်းရှင်းလင်းလင်းမှတ်မိတယ်"
ချီရှင်းချန် : "ဟုတ်တယ်လေ"
"ဒါဆို Weibo ဆောင်းပါးရဲ့ အကြောင်းအရာနဲ့ ဟိုတယ်က ထွက်လာတဲ့ သူ့ရဲ့ ဓာတ်ပုံမှာ အမှတ်အသားပြုထားတဲ့ အချိန်ကို ကြည့်ပါ"
ချီရှင်းချန် အံ့အားသင့်သွားသည်။
သူကြည့်စရာ မလိုပေ။
ခုနက ဓာတ်ပုံကြည့်လိုက်တုန်းက သူ သေသေချာချာ သတိထားမိခဲ့သည်။ပိုင်ရဲ့ ဟိုတယ်မှ ထွက်ခွာချိန်သည် နံနက် ၃း၁၀ နာရီ ဖြစ်သည်။
ဆောင်းပါးကို လုပ်ကြံဖန်တီးနိုင်သော်လည်း ဓာတ်ပုံက လိမ်ညာ၍မရပေ။
"နင်အမှတ် မှားနေသလားတော့ မသိဘူး..."
အန်းရန်က ခွဲခြမ်းစိတ်ဖြာပြသည်။
"နင် အမှတ်မှားတာဆိုရင် ကောလဟာလတွေကို ချေပဖို့ သူ့ကို ကူညီသင့်တယ်...အမှတ်မှားတာမဟုတ်ဘူးဆိုရင် … လူတွေကို ဆိုးဆိုးရွားရွား မတွေးသင့်ပေမဲ့ နင်က ဖျော်ဖြေရေး နယ်ပယ်ထဲ ရောက်နေတာ မကြာသေးဘူး... သူများတွေ နင့်ကို အသုံးချနေတာလား ဆိုတာကို စဉ်းစားသင့်တယ်"
"ဒါပေါ့"
အန်းရန်က ခဏရပ်လိုက်သည်။
"ငါပြောနေတာက အဆိုးဆုံးအခြေအနေအကြောင်းပြောနေတာ...လမ်းကြုံရင်း တခြားသူရဲ့နေရာကိုသွားပြီးတော့ မင်းကိုမပြောခဲ့တာလည်း ဖြစ်နိုင်တယ်...အတိုချုပ်ပြောရရင် ကောလဟာလတွေကို ချေပဖို့ သူ့ကိုကူညီပြီးတာနဲ့ မင်းအခန်းထဲကထွက်ပြီး သူဘယ်ကိုသွားတယ်ဆိုတာ ဘယ်သူမှမသိရင် ကောင်းတယ်... သူက အမျိုးသမီး ဒါမှဟုတ် အမျိုးသားကြယ်ပွင့်တစ်ယောက်နဲ့ လျှို့ဝှက်တွေ့ဆုံမှုတစ်ခုဆီသွားပါတယ်လို့ သူ(အင်တာနက်သုံးစွဲသူ)တို့တွေ့သွားရင် နင့်ကိုပါ ဆွဲထုတ်ပြီး မျက်နှာကိုဖြတ်ရိုက်မှာ သေချာတယ်....."
"ဒီလောက်ဆိုရပါပြီ"
"အမျိုးသမီးကြယ်ပွင့်"၊ "အမျိုးသားကြယ်ပွင့်" နှင့် "လျှို့ဝှက်တွေ့ဆုံခြင်း" ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါတွင် ချီရှင်းချန် ပြင်းထန်သောမသက်မသာဖြစ်မှုကိုခံစားခဲ့ရပါသည်။ သူက အန်းရန်ကို ဝင်ဖြတ်ပြောလိုက်သည်။
"သူကျွန်တော့်ကိုလိမ်မှာမဟုတ်ဘူး"
"ရှင်းရှင်း...မင်းနောက်တစ်ခန်းးရတော့မယ်...အဆင်သင့်ဖြစ်ပြီလား"
ထိုအချိန်တွင် ဒါရိုက်တာ၏လက်ထောက်က အဆင်သင့်ပြင်ဆင်ရန် ချီရှင်းချန်ကိုလာခေါ်သည်။ သူက ဇာတ်ညွှန်းကို ချလိုက်၏။ "ကျွန်တော်အဆင်သင့်ဖြစ်ပြီ"
လင်းရှောင်၏ဖွင့်ပြောမှု အငြင်းမခံရမီတွင် ဤအခန်းကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ဇာတ်ဝင်ခန်းက ငါးပြတိုက်မှာပဲ ဖြစ်သည်။
လင်းရှောင်က နေ့လည်စာမစားရသေးသောကြောင့် ကျိယန်က ခေါက်ဆွဲတစ်ပန်းကန် ယူလာပေး၏။လင်းရှောင်က ကျိယန်၏ သာမန်ကာလျှံကာအပြုအမူကို ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတအဖြစ် ယူကာ ကျိယန်ကို ဆက်လက်၍ နှောင့်ယှက်ခဲ့သည်။
"အစ်မကျိ"
လင်းရှောင်က ဘယ်လူဂါလေ့ကျင့်ရေးကွင်း၏လက်ရန်းကို မှီကာ လက်တစ်ဖက်တွင် ပန်းကန်လုံးတစ်လုံးနှင့် အခြားတစ်ဖက်တွင် တူများကို ကိုင်ထားသည်။
"ကျွန်တော် ထမင်းမစားဘူးဆိုတာ ဘယ်လိုသိတာလဲ"
ကျိယန်ု ကြမ်းပြင်ကို သုတ်နေ၏။
"နင်စကားမပြောခင် အစာကိုအရင်မျိုချ"
လင်းရှောင်က နောက်ထပ် ခေါက်ဆွဲတစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်သည်။
"ခေါင်းစဥ် မပြောင်းနဲ့"
"... နင် မနက်ခင်းတုန်းက ရုတ်တရုတ်ကြီး ဖျော်ဖြေရေးလုပ်လိုက်ရတာ မဟုတ်ဘူးလား"
ကျိယန်က မျက်စောင်းထိုးလိုက်သည်။
"စင်ပေါ်ကဆင်းတော့ တစ်နာရီထိုးနေပြီ... သေချာပေါက် မစားရသေးဘူးပေါ့"
"လက်စသတ်တော့ အစ်မက ကျွန်တော့်ကိုအရမ်းဂရုစိုက်တာကိုး"
လင်းရှောင်က ကျိတ်ရယ်လိုက်သည်။
"ကဒ်"
ရှန့်ယွီလျန်က သူ့ကို တားလိုက်သည်။
"ရှောင်ချီ မင်းရဲ့အပြုံးက အတုအယောင်ဆန်ပြီး အရုပ်ဆိုးလွန်းနေတယ်... နောက်တစ်ခါထပ်လုပ်"
လူတိုင်းက အဆင်သင့်ဖြစ်နေပြီး တရွှတ်ရွှတ် ခေါက်ဆွဲစုပ်စားသည့်အသံကို ထပ်ကြားရပြန်သည်။
ကံမကောင်းစွာပဲ ဒါရိုက်တာရှန့်က ဤတစ်ကြိမ်ကို အအောင်မပေးဘဲ တတိယမြောက်ရိုက်ချက်ကို ရိုက်ကူးခိုင်းခဲ့သည်။
လင်းရှောင်က ကျိယန်၏ခေါက်ဆွဲကိုနှစ်သက်ကြောင်းပြသရန်အတွက် ချီရှင်းချန် ဆက်လက်မျိုချခဲ့သည်။ သူ့ပန်းကန်ကို မြှောက်ပြီး ဇာတ်စင်မှူးထံ အချက်ပြလိုက်သည်။
"ခေါက်ဆွဲ မရှိတော့ဘူး"
ဤဇာတ်ဝင်ခန်းးအတွက် ရိုက်ကွင်းမန်နေဂျာက ခေါက်ဆွဲ စုစုပေါင်း သုံးပန်းကန်ကို ပြင်ဆင်ထားခဲ့ပြီး နောက်ထပ်တစ်ပန်းကန်ပြေးယူပေးလိုက်၏။
သို့သော်လည်း ဒုတိယပန်းကန်လုံးကုန်ပြီးနောက်၊ချီရှင်းချန် မအောင်မြင်သေးပေ။ထောင်ထောင်က သူ့ကို စိုးရိမ်တကြီး ကြည့်သည်။
"ရှင်းရှင်း...မင်း ခဏလောက် အနားယူပါ့လား"
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။
"မဟုတ်ဘူး၊ အဆင်ပြေတယ်...ဂျာကြီး ကျေးဇူးပြုပြီး နောက်ထပ်တစ်ပန်းကန်ယူပေးပါဦး
"ဒါဆို နောက်တစ်ခါ လျှော့စားသင့်တယ်... အရမ်းကြီးမစားနဲ့"
ထောင်ထောင်ကပြောသည်။
"တစ်ခါတည်းပြီးအောင် ကြိုးစားကြည့်"
"ကောင်းပြီ"
ထို့နောက် ပဉ္စမမြှောက်အကြိမ်: "ကဒ်"
ဆဋ္ဌမအကြိမ်: "ကဒ်...နောက်တစ်ခါ"
"ဒါရိုက်တာရှန့်..."
ရိုက်ကွင်းမန်နေဂျာ တုန်လှုပ်သွားသည်။
"ခေါက်ဆွဲ မရှိတော့ဘူး"
ရှန့်ယွီလျန်က ဆို၏။
"... အားလုံး ဆယ်မိနစ်လောက် အနားယူကြ...ရှောင်ချီ အဲဒီမှာရပ်နေ"
ရှန့်ယွီလျန်က သရုပ်ဆောင်များ၏ စိတ်ခံစားချက်များကို ကောင်းစွာထိန်းကျောင်းနိုင်သူဖြစ်သည်။ အများအားဖြင့် တခြားသရုပ်ဆောင်တွေ သို့မဟုတ် ဝန်ထမ်းတွေကြားလျှင် ရှက်သွားမှာစိုးသည့်ကို သရုပ်ဆောင်တွေကို အော်လေ့မရှိပါချေ။
ဤတစ်ခါ သူ နည်းနည်း စိတ်တိုနေမှန်း သိသာသည်။ သူထပြီး လေ့ကျင့်ရေးကွင်းဆီကို လျှောက်သွား၏။
"ရှောင်ချီ မင်း မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား"
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။
"ဒါဆို မင်းဘာလို့ဒီလောက်အခြေအနေဆိုးနေရတာလဲ...ငါ မင်းစိတ်ဖိစီးနေမှာ စိုးခဲ့တယ်... ဒါကြောင့် ဇာတ်ညွှန်းရေးဆရာကို ဇာတ်ဝင်ခန်းအသစ်တွေကို ပိုရိုးရှင်းပြီး စိတ်ခံစားမှုနည်းအောင်လုပ်ဖို့ အထူးတလည်ပြောထားခဲ့တယ်...ဒါပေမဲ့ မင်းက ဒီပုံမှန်စကားပြောခန်းတစ်ခုအတွက် NG ခြောက်ခုလုပ်ထားတယ်... မင်းခေါင်းထဲမှာဘာတွေဖြစ်နေတာလဲ... ခေါက်ဆွဲစားလို့မဝသေးဘူးလား"
အမှန်တွင် သရုပ်ဆောင်အသစ်တစ်ယောက်အတွက် NG ခြောက်ခုက များသည်ဟုခေါ်၍မရပါချေ။ရှန့်ယွီလျန် ထိုသို့ပြောလိုက်ခြင်းမှာ သူ့စိတ်ထဲတွင် ချီရှင်းချန်သည် ဤလေ့ကျင့်ရေးကာလပြီးနောက် ပိုမိုရင့်ကျက်လာသောကြောင့်ဖြစ်သည်။သူက ယခုလို အဆင့်နိမ့်အမှားမျိုး မလုပ်သင့်ပါချေ။
"ဒါရိုက်တာရှန့်...ကျွန်တော့်အမှားပါ"
ချီရှင်းချန်က တောင်းပန်လိုက်၏။
"ရိုက်ကွင်းကို အရင်ရိုက်လို့ရပါတယ်...ကျွန်တော် ဒရိုင်ဘာကို အခုခေါက်ဆွဲဝယ်ခိုင်းလိုက်မယ်"
ရှန့်ယွီလျန် အနည်းငယ်ဖောင်းကားနေသော ဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။
"...ထားလိုက်ပါ... ဒီအခန်းကို မနက်ဖြန်ရွှေ့လိုက်မယ်...နာရီဝက်လောက် အနားယူလိုက်"
သူ ဗိုက်အတော်ပြည့်နေ၏။ချီရှင်းချန် သူ၏နာနီကားဆီသို့ ပြန်မသွားပေ။ထိုအစား သူက ဖျံလေ့ကျင့်ရေးကွင်းကို တိုက်ရိုက်သွားခဲ့သည်။
ယနေ့ ဖျံဇာတ်ဝင်ခန်းများ မရှိပါချေ။ရှန်းရှန်းင မြေပြင်ပေါ်တွင် အလွန်သက်တောင့်သက်သာ လဲလျောင်းနေပြီး လက်ကို ကိုက်ကာ အမြီးနှံ့နေသည်။
ချီရှင်းချန် သူ့ဘေးတွင် ထိုင်ကာ နဖူးကို ပုံမှန်အတိုင်း နမ်းလိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်လိုက်သည်။
မိနစ် 40 ကျော်သွားပြီဖြစ်သည်။ပိုင်ရဲ့၏ အရှုပ်တော်ပုံက လုံးဝအရှိန်သေမသွားပါချေ။ ၎င်းသည် ခေတ်စားနေသောစာရင်း၏ ထိပ်ဆုံးတွင် အခိုင်အမာရှိနေဆဲဖြစ်သည်။
မှတ်ချက်တွေကို သူမကြည့်ချင်ပေ။ ယခု အတော်လေး ဆူညံပွက်လောရိုက်နေမှာပင်။သူက ရှန်းရှန်း၏ မျက်နှာကို ထိလိုက်သည်။ "ကော... ငါသူ့ကိုမေးသင့်တယ်ထင်လား"
"ဖူး—"
ရှန်းရှန်းက တံတွေးထွေးလိုက်သည်။
ချီရှင်းချန်က တံတွေးနှင့် အထွေးခံလိုက်ရသည်။ "မမေးချင်ဘူးလား"
ထို့နောက် ရှန်းရှန်း ဘာမှမတတ်နိုင်မီတွင် သူက သရော်ပြောပြောလိုက်သည်။
"အဲဒါအမှန်ပဲ...ငါ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဂရုစိုက်စရာအကြောင်းမရှိဘူး...သူက ငါနဲ့ နောက်ကျတဲ့အထိ အတူနေပေးနိုင်တာနဲ့တင် အရမ်းကောင်းနေပါပြီ"
ထို့ကြောင့် ချီရှင်း Weiboပို့စ်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ကာ သူတည်းခိုနေသော ဟိုတယ်၏ ရှေ့ကောင်တာကို ခေါ်လိုက်သည်။
နာရီဝက်လောက်ကြာသောအခါ သူ ဟိုတယ်ဆီကနေ တစ်ခုခုရလာသည်။ထို့နောက် Weibo ပို့စ်ကို တည်းဖြတ်ပြီး တင်လိုက်သည်။
— — ချီရှင်းချန်: ဒါရိုက်တာရှန့်ရဲ့ ယုံကြည်စွာအပ်နှံပေးမှုကြောင့် 21 ရက်နဲ့ 22 ရက်နေ့မှာ စီနီယာပိုင်ရဲ့က ဒရာမာအတွက် ကျွန်တော့်ကို နှစ်ရက်လောက် ကူညီပေးခဲ့ပါတယ်...အဲဒီကနေ အများကြီး သင်ယူခဲ့ရတယ်... ကျေးဇူးအများကြီးတင်ပါတယ်ဗျ...
[ဗီဒီယို]
အဆိုပါ ဗီဒီယိုသည် ဟိုတယ်၏ စောင့်ကြည့်ကင်မရာဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။ အရည်အသွေးသည် ပျမ်းမျှဖြစ်သော်လည်း ဟိုတယ်မှထွက်လာသည့်အချိန်မှ ပိုင်ရဲ့၏နာနီကားထဲသို့ခုန်ဝင်သည့်အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ရှင်းလင်းစွာမှတ်တမ်းတင်ထားသည်။
ထိုသည်တွေအားလုံးလုပ်ပြီးသည့်အခါ သူက လက်ညှိုးကို ကွေးပြီး ရှန်းရှန်းယားနေသည့်နေရာကို ကုတ်ပေးလိုက်၏။
"အစ်ကို...ကျွန်တော် အခု ခံစားချက်တွေ အတော်လေးပိုကောင်းလာပြီ"
ရှန်းရှန်းက ပင့်သက်ရှိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။သူ သူ့ဗိုက်ကို ပုတ်ခါနီးတွင် နောက်မှ အသံတစ်ခုက ဝင်နှောက်ယှက်လာသည်။
"ရှင်းရှင်း...မင်းအလှည့်ရောက်ခါနီးပြီ...မိတ်ကပ်သွားဖို့လိုက်ဦး"
ရိုက်ကွင်းမန်နေဂျာက သူ့ကို အကြောင်းကြားရန် ပြေးလာသည်။ချီရှင်းချန်က ရှန်းရှန်ူကို တိုးတိုးလေးပြောနေသည်ကိုမြင်သောအခါ သူက သိချင်စိတ်ဖြင့်မေးသည်။
"ဟေး... မင်းဘာလို့ဖျံ နဲ့ စကားပြောနေတာလဲ...သူက နားမလည်ဘူးလေ"
"ဖြစ်နိုင်တာက…"
ချီရှင်းချန်က ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။ "ခေါက်ဆွဲကို အများကြီးစားထားတာကြောင့် နေမှာပေါ့"
.
လင်းရှောင်နှင့် ကျိယန်တို့သည် တစ်နေ့လုံး ဆန့်ကျင်ဘက် ပြုမူနေကြသည်။
ဇာတ်ညွှန်းပြောင်းပြီးနောက် ဒုတိယအမျိုးသားဇာတ်ဆောင်၏ တည်ရှိမှုမှာ ပိုသေးငယ်သွားကာ လင်းရှောင် နှင့် ကျိယန်တို့ကြား အပြန်အလှန်ဆက်ဆံမှုက ပိုများလာခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ချီရှင်းချန် နှင့် ရှုရှန့်တို့၏ အခန်းကဏ္ဍများသည် ညီတူညီမျှဖြစ်နေပြီဖြစ်သည်။
အပြန်အလှန်ဆက်ဆံမှုပုံစံနှင့် အမျိုးသမီးဇာတ်ဆောင်၏ တုံ့ပြန်မှုများကြောင့် လင်းရှောင် က အသာစီးရခဲ့ပြီး ကြင်နာတတ်သောဒုတိယမြောက်အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်လုနီးပါးဖြစ်ခဲ့သည်။
နံနက်ခင်းတွင် ရှန့်ယွီလျန်၏အဆူကို ခံရပြီးနောက်၊ ချီရှင်းချန် နေ့လည်ပိုင်းတွင် 80% ပြန်လည်ကောင်းမွန်လာပြီး ပျမ်းမျှအားဖြင့် ရိုက်ချက်သုံးခုဖြင့်(3take) ဇာတ်ဝင်ခန်းတိုင်းကို ကျော်ဖြတ်ခဲ့သည်။
တစ်ယောက်တည်းစကားအရှည်ကြီးပြောရသည့်ဇာတ်ဝင်ခန်းတစ်ခုအပြီးနောက်၊ ထောင်ထောင်၏လက်ထောက်က အခန်းထဲသို့ ဖုန်းကိုင်၍ ဝင်လာသည်။
"ထောင်ထောင် ဖုန်းဝင်လာတယ်"
ထောင်ထောင်က ဖုန်းခေါ်ဆိုသူကိုကြည့်ကာ ရှန့်ယွီလျန်ကို အမြန်ခွင့်တောင်းလိုက်သည်။ "တောင်းပန်ပါတယ် ဒါရိုက်တာရှန့် ...ကျွန်မ အပြင်ထွက်ပြီး ဖုန်းခေါ်ရမယ်"
'ည၏မက်မွန်' ၏ အမျိုးသမီးဇာတ်လိုက်အနေဖြင့် ထောင်ထောင် ၏ အကြီးမားဆုံး အားသာချက်မှာ သူမ၏ အလှတရားဖြစ်ပြီး ၎င်း၏နောက်တွင် သူမပရော်ဖက်ရှင်နယ်ကျမှုကြောင့် ဖြစ်သည်။သူမ အပြင်ထွက်ပြီး ဖုန်းပြောသည်က ရှားပါး၏။
ချီရှင်းချန် ရုတ်တရက် ထူးဆန်းသော ခံစားချက်ကို ခံစားလာရသည်။
ငါးမိနစ်အကြာမှာ ထောင်ထောင် ပြန်ပြေးလာပေမဲ့ ဆက်လက်ရိုက်ကူးရန်အတွက် ဘယ်လူဂါလေ့ကျင့်ရေးကွင်းကို သူမ မသွားခဲ့ပါချေ။ ယင်းအစား သူမက ရှန့်ယွီလျန်၏ နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။
ရှန့်ယွီလျန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"အရမ်းကြီး စိုးရိမ်ရလား... လက်ထောက်ဒါရိုက်တာကို ရိုက်ကွင်းကို စောင့်ခိုင်းပြီး လိုက်ပို့ပေးမယ်"
"မလိုပါဘူး ဒါရိုက်တာရှန့်"
ထောင်ထောင် အတော်လေး စိုးရိမ်နေသောကြောင့် သူမ၏ ပလတ်စတစ်ယူနီဖောင်းကိုပင် မပြောင်းထားပါချေ။
"ကျွန်မဘာသာ သွားလိုက်ပါ့မယ်"
သူ စကားပြောမပြီးခင်မှာ သူမက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ချီရှင်းချန် ပို၍ပင် စိတ်မသက်မသာ ခံစားလာရသည်။ရှန့်ယွီလျန် ဝေါ်ကီတော်ကီကို ချလိုက်သည်ကိုမြင်သောအခါ သူက အမြန်ထပြီးမေးလိုက်သည်။
"ဒါရိုက်တာရှန့်...အစ်မထောင်ထောင် ဘာဖြစ်သွားတာလဲ"
"သူ့မောင် ဆေးရုံရောက်နေတာ"
ရှန့်ယွီလျန်က မတ်တပ်ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ထောင်ထောင်ရဲ့ မိဘတွေက အစောကြီး ဆုံးပါးသွားတော့ သူ့မောင်ကို အားကိုးနေရတာ...သူ့မောင် တစ်ခုခုဖြစ်ရင် သူဘယ်လိုအသက်ရှင်မှာလဲ...ရှင်းရှင်း ဇာတ်ညွှန်းကို ပြန်ဖတ်ချေ...ငါ လက်ထောက်ဒါရိုက်တာကို ကျန်တဲ့အခန်းတွေ ရိုက်ကူးခိုင်းလိုက်မယ်...ငါက သူ့ကို စောင့်ပေးဖို့ ဆေးရုံသွားရမယ်...ဒီလိုမှမဟုတ်ရင် အမျိုးသမီးဆယ်လီတစ်ယောက်အတွက် အဆင်မပြေဘူး"
"ဒိတ် ဒိတ် ဒိတ်"
ရှန့်ယွီလျန်က စကားများများပြောလေ၊ ချီရှင်းချန်၏ နှလုံးခုန်သံ မြန်လေလေပါပင်။
သူပြေးထွက်သွားတော့မည့် ရှန့်ယွီကို တားလိုက်၏။
"ဒါရိုက်တာရှန့်...ကျွန်တော့်မှာ နောက်ဆုံးမေးစရာတစ်ခုရှိတယ်...အစ်မထောင်ထောင်ရဲ့မောင် ဘာလို့ ဆေးရုံရောက်နေတာလဲ"
"သူက အတန်းဖော်တစ်ယောက်ဆီက အရိုက်ခံရတယ်လို့ ပြောတယ်"
ရှန့်ယွီလျန်က စိတ်မရှည်စွာပြောသည်။
"ကောင်းပြီ...ရှင်းရှင်း ငါတကယ် အခုသွားမှရမယ်...မင်းဇာတ်ညွှန်းကို သေချာဖတ်ရမယ်နော်..."