Chapter 62
သရုပ်ဆောင်တစ်ယောက်အနေဖြင့် ရိုက်ကူးရေးမှာ အဖွဲ့သားတွေ၏ အစီအစဉ်တွေကို နားထောင်ရသည်က ပုံမှန်ပါပင်။ချီရှင်းချန်ဘက်ကနေစပြီး ဘယ်သူ့ကိုမှ အပြင်ထွက်ရန်ခေါ်ခြင်းမရှိခဲ့ပေ။ တစ်ယောက်ယောက်က သူ့ကိုလာခေါ်လျှင်ပင် နောက်တစ်နေ့ရိုက်ကွင်းအတွက် အဆင်သင့်ဖြစ်မှပဲ သဘောတူမည်ပင်။
ထို့ကြောင့် သူ့မှာ ဘာအစီအစဉ်မှ မရှိပေ။ ခေါင်းညိတ်ကာ သူ့အလုပ်အဝတ်အစားတွေလဲရန်အဝတ်လဲခန်းကို သွားလိုက်၏။
နေ့ခင်းပိုင်းတွင်က အဓိကအားဖြင့် ငါးပြတိုက်တွင် အလုပ်လုပ်ပြီး ပင်လယ်သတ္တဝါများနှင့် အချိန်ဖြုန်းပြီးနောက် လင်းရှောင်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အသွင်ကူးပြောင်းမှုများကို ပြထားသည့် သူ၏အပိုဇာတ်ဝင်ခန်းများဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် သူ၏ ရုံတွင်းပိုင်း ရိုက်ကူးမှုနောက်ဆုံးနေ့လည်းဖြစ်သည်။ မနက်ဖြန် အစောပိုင်း ဇာတ်ကွက်အချို့ကို ရိုက်ကူးပြီးနောက်၊ သူ လင်းရှောင်၏ ဘဝဇာတ်ကြောင်းများကို ရိုက်ကူးရန် အုပ်စုB နှင့် အပြင်ဘက် တက္ကသိုလ်ကျောင်းဝင်းသို့ ပြောင်းရွှေ့ရပေမည်။
ဇာတ်ရံတွေက အလွန်တော်သည့်သူတွေဖြစ်ပြီး သူတို့၏ သရုပ်ဆောင်မှုစွမ်းရည်ကလည်း ကောင်း၏။ဖျံဇာတ်ဝင်ခန်းအချို့က လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။
အခန်းပြန်အပ်ပြီး မထွက်ခွာမီ အသက်နှစ်ဆယ်ကျော် မိန်းကလေးငယ်တစ်ဦးက စာအုပ်တစ်အုပ်ကိုကိုင်ကာ "ချီရှင်းချန်" ဟု မဝံ့မရဲ အော်ခေါ်လာခဲ့သည်။
"ဟမ်"
ချီရှင်းချန် ဇာတ်ညွှန်းကိုကြည့်နေရာကနေ မော့ကြည့်လိုက်၏။
"ငါ့ကိုလက်မှတ်ထိုးပေးနိုင်မလား... ငါက နင့်ရဲ့ရှင်းကွမ်ပါ"
သူ၏ဖန်တွေ ဇာတ်ရံအုပ်စုထဲမှာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့သည်။ချီရှင်းချန် အတော်လေး အံ့သြသွား၏။ ပြုံးကာ မတ်တပ်ထရပ်ရင်း စာအုပ်ကိုယူပြီး "မင်းနာမည်ဘယ်လိုခေါ်လဲ" ဟုမေးလိုက်သည်။
"အား အား အား"
ကောင်မလေးက သူမ၏ပျော်ရွှင်မှုကို မထိန်းနိုင်ပေ။
"နင်ငါ့ကိုလက်မှတ်ထိုးပေးချင်လား"
ချီရှင်းချန် ဤမြင်ကွင်းကို ရင်းနှီးသလို ရုတ်တရက် ခံစားလိုက်ရသည်။ပိုင်ရဲ့ကိုသွားကြိုရန် လေဆိပ်ကိုသွားသည့်အခါ ပိုင်ရဲ့က သူ့ကို မသိဟန်ဆောင်ပြီး သူ့လက်ပေါ်တွင်ကြယ်လေးဆွဲပေးခဲ့သည်။
ချီရှင်းချန် မျက်တောင်ခတ်ပြီးပြောလိုက်၏။ "အင်း... ငါမင်းကို လက်မှတ်ထိုးပေးလိုက်မယ်"
မိန်းကလေးက အလွန်နူးညံ့သိမ်မွေ့သော နာမည်တစ်ခုကို ရွတ်ပြပြီး ချီရှင်းချန်က ၎င်းကို စက္ကန့်အနည်းငယ်အတွင်း ရေးထိုးခဲ့သည်။ ကောင်မလေးက ဝမ်းသာအားရ သူမရင်ခွင်ထဲမှာ ပိုက်ထားခဲ့၏။ချီရှင်းချန် သူ့ထိုင်ခုံမှာ ပြန်ထိုင်ပြီး သူ့ဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်သည်။သွားကြိုသည့်နေ့အထိ သူ ဆွဲကြည့်လိုက်သည်။
ထိုနေ့က သူ့လက်ကို တစ်နေကုန် မဆေးခဲ့ပေ။ ညဘက် ရေမချိုးခင်မှာ အမှတ်တရအဖြစ် လက်ဖဝါးပေါ်မှာ ကြယ်လေးကို ဓာတ်ပုံ ရိုက်ခဲ့၏။
သူက ဓာတ်ပုံကို ခဏလောက် စိုက်ကြည့်ပြီး သူ့လက်ချောင်းက "ဖျက်မည်" ခလုတ်ကို ထပ်ခါထပ်ခါ ရွယ်လိုက်သည်။ နောက်ဆုံးတွင် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး စိတ်ဓာတ်ကျသွား၏။
.
ညနေခြောက်နာရီမှာ ရှန့်ယွီလျန်က ညစာစားပွဲအတွက် အလုပ်စောစောနားမည်ဟု ကြေငြာလိုက်၏။
လူတိုင်းသည် လှပသောအဝတ်အစားများကိုလဲကာ ၎င်းတို့၏ နာနီကားထဲသို့ ဝင်ခဲ့ကြသည်။ စားသောက်ဆိုင်သို့ နာနီကားများ တန်းစီ ချီတက်လာရာ မြင်ကွင်းသည် အလွန် အံ့မခန်း ဖြစ်ခဲ့သည်။
ဤတခေါက်မှာ ဒုတိယဇာတ်ပို့၊ ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာ၊ ဓာတ်ပုံအဖွဲ့ခေါင်းဆောင်၊ အလင်းရောင်အဖွဲ့ခေါင်းဆောင် စသည်ဖြင့် အပါအဝင် လူများစွာ ပါဝင်ခဲ့ပါတယ်။ လူ ၃၀ နီးပါးရှိခဲ့သည်။ ဟော့ပေါ့စားချင်သည်ဟု တစ်စုံတစ်ယောက်က ပြောသည့်အတွက် ရှန့်ယွီလျန်က ဟော့ပေါ့ စားသောက်ဆိုင်ကို ကြိုတင်ဘွတ်ကင်ယူလိုက်သည်။ လူတစ်ဦးစီတွင် အိုးအသေးတစ်လုံးစီရှိကြပြီး စားပွဲဝိုင်းကြီးနှစ်ခုတွင် ထိုင်ကြသည်။
ထောင်ထောင်ကို ဂုဏ်ပြုသည့်အနေဖြင့် ဟင်းပွဲအားလုံးကို ကျွေးမွေးခဲ့သည်ဖြစ်ရာ ရှန့်ယွီလျန် ဝိုင်တစ်ခွက်ကို မြှောက်လိုက်ပြီးဆိုသည်။
"ဒီတစ်ခါ အရမ်းအန္တရာယ်များတယ်...ထောင်ထောင်ရဲ့မောင်လေး ကျန်းမာရေး ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်"
ထောင်ထောင်က စကားပြောကောင်းသည်။ "ဒါရိုက်တာရှန့်... ရှင့်ရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်ရဲ့ ကျန်းမာရေးကို ဘယ်လိုလုပ် ဒါရိုက်တာကအလုပ်ရှုပ်ခံလို့ဖြစ်မလဲ... ဒါရိုက်တာရှန့်က လူတိုင်းကို ကျွေးဖို့ ဆင်ခြေရှာနေပြီး သူက ကျွန်မကို တွေ့သွားတယ်လို့ထင်တယ်"
သီးသန့်ခန်းထဲတွင်
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ ရှန့်"ဟူသော သံပြိုင်တစ်ခုထွက်လာသည်။ရှန့်ယွီလျန်က ရယ်မောပြီး ဝိုင်တစ်ခွက်ကို သောက်လိုက်သည်။
အဓိကလူက သောက်ပြီးသွားပြီးဖြစ်သောကြောင့် အခြားသူများနောက်က မလိုက်၍မရပေ။ သူတို့အားလုံး ဖန်ခွက်ကို မြှောက်လိုက်ကြသည်။ ပထမတစ်ခွက်ပြီးနောက် ရှန့်ယွီလျန်က ဒုတိယဖန်ခွက်ကို ဆက်လက်မြှောက်ကာဆိုသည်။
"ဗြုန်းစားကြီး ချိန်ညှိမှုအတွင်းမှာ လူတိုင်းက ငါနဲ့ နေ့တိုင်း အလုပ်တွဲလုပ်ခဲ့ကြတယ်...ပင်ပန်းနေရပြီ... မင်းတို့ရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်"
"ဖြစ်သင့်ပါတယ်...ဖြစ်သင့်ပါတယ်"
"ဒါ ငါတို့တာဝန်မဟုတ်လား"
"ဒါရိုက်တာက အပင်ပန်းဆုံးပါပဲ"
"ကျွန်တော်တို့ အနာဂတ်မှာ ဆက်လက်ကြိုးစားသွားပါ့မယ်"
လူတိုင်းသည် ယဉ်ကျေးသောစကားများပြောနေကြသော်လည်း သူတို့၏မျက်လုံးများက ရှုရှန့်ကို စိုက်ကြည့်နေကြသည်။
သူ့ကြောင့်သာ မဟုတ်ရင် ဒီလောက် ပင်ပန်းမှာတဲ့လား...
ရှုရှန့် အခုတလော ရိုက်ကွင်းတွင်သူစိမ်းတစ်ယောက်ကဲ့သို့ပြုမူနေခဲ့သည်။ သူ့မန်နေဂျာက သူ့ကို ညွှန်ကြားထားပေမဲ့ အလယ်မှာထိုင်လျှင် အစကနေအဆုံး မထီမဲ့မြင်ပြုခံနေရမှာစိုးသည်အတွက်မှာထား၍ဖြစ်မည်၊ အဝေးဆုံးထိုင်ခုံကို သူ့ဘာသူ အလိုအလျောက်ရွေးချယ်ခဲ့သည်။
ချီရှင်းချန်သည်လည်း အခြားသူများနှင့်အတူ သူ့ရှိရာကို လှမ်းကြည့်သည်။ ရုတ်တရက် သူ ရှုရှန့်၏ အမူအရာ ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာပေါ်တွင် အပြုံးအတုများ ရှိနေပြီး မှုန်မှိုင်းနေသော မျက်လုံးတစ်စုံက ထောင်ထောင်၏ ဘေးတိုက်ပုံစံကို စိုက်ကြည့်နေသည်။
...သူက ထောင်ထောင်ကို ဘာလို့ဒီလိုကြည့်နေတာလဲ...
ချီရှင်းချန် သူ့ဗိုက်ကို ခဏလောက်ပွတ်သပ်ပြီးစဥ်းစားလိုက်သည်။ ရုတ်တရက် သူသတိရသွား၏။ ဒါက "ည၏မက်မွန်" မှာ ဒုက္ခရောက်နေတဲ့ အလှလေးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းရဲ့ ဇာတ်ကွက် မဟုတ်ဘူးလား...
ထောင်ထောင်က ညစာစားပွဲမှာ မူးသွားသည်။ရှုရှန့်က သူမကို သူ့အခန်းထဲပြန်ခေါ်သွားပြီး စော်ကားရန် ကြိုးစားခဲ့သည်။ထောင်ထောင်က သူရဲကောင်းကို ဖုန်းခေါ်ပြီး သူရဲကောင်းက ဒုက္ခရောက်နေသည့် အလှလေးကို ကယ်တင်ရန် ပြေးလာခဲ့သည်။
မူရင်းဝတ္ထုတွင်၊ ဤဇာတ်ကွက်သည် ရှုရှန့်၏ နှုတ်ဆက်ပွဲပါတီ၌ ဖြစ်ခဲ့သည်။ နောင်တွင် ထောင်ထောင်ကို နောက်တစ်ကြိမ် မတွေ့ရတော့ကြောင်း သူသိသောကြောင့် လမ်းမှားလျှောက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ယခုအချိန်ဇယားကို ရှေ့သို့ရွှေ့လိုက်သော်လည်း သူ၏စိတ်ရင်းမှာ မပြောင်းလဲခဲ့ပေ။ရှုရှန့်၏ဇာတ်ကွက်များ ဖြတ်တောက်ခံခဲ့ရပြီး ရိုက်ကူးရေးပြီးရန် သုံးရက်သာ ကျန်ရှိတော့သည်။
သူ၏လက်ရှိနာမည်ဂုဏ်သတင်းမှုအရ အဖွဲ့သားများက သူ့အတွက် နှုတ်ဆက်ပွဲပြင်ဆင်မည်မဟုတ်ကြောင်း ထင်ရှားသည်။
သူဒီနေ့မလုပ်ရင် သူ့မှာအခွင့်အရေးရှိတော့မှာမဟုတ်ဘူး...
ဝိုင်နှစ်ခွက်သောက်ပြီးနောက် ချီရှင်းချန် ရုတ်တရက် အမူးပြေသွားသည်။ပိုင်ရဲ့နှင့် ထောင်ထောင်တို့၏ ညဘက်တွေ့ဆုံမှုက တစ်ခုဖြစ်ပြီး သူ ထောင်ထောင် အန္တရာယ်ရှိမှန်း သိသည်က သက်သက်တစ်ခုပါပင်။
သဘာဝအားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် အားသာချက်မရှိပေ။ ရုန်းကန်မှုအတွင်း ရှုရှန့် သူမကို ဧကန်မုချ အခွင့်ကောင်းယူသွားပေလိမ့်မည်။သူမ အနိုင်ကျင့်စော်ကားခံရသည် အကြောက်တရားထဲရောက်သွားမည်ကို သူမကြည့်ရက်နိုင်ပေ။
ဇာတ်ကြောင်း၏ ဦးတည်ချက်ကို ပြောင်းနိုင်လျှင် ပိုကောင်းမည်။
"အစ်မထောင်ထောင် အရမ်းမသောက်နဲ့... မနက်ဖြန်ရိုက်ဖို့ ဇာတ်ကွက်တွေအများကြီးရှိသေးတယ်"
သူ ထောင်ထောင်ဆီသို့ တိုးတိုးလေးပြောလိုက်သည်။
ထောင်ထောင်က ပြုံးလိုက်သည်။
"မင်းရဲ့စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်... မင်းငါ့ကိုမပြောရင်တောင် လျှော့သောက်မှာပါ"
ချီရှင်းချန် စိတ်သက်သာရာရပြီး သူမနှင့် ရှုရှန့်ကို သေချာစောင့်ကြည့်နေခဲ့သည်။
သို့သော် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပေ။
အချိန်အတော်ကြာ မောပန်းနွမ်းနယ်ပြီးနောက် နောက်ဆုံးတွင် လူတိုင်းက အနားယူရန် အခွင့်အရေးကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် ဝိုင်ခွက်များကို ဆက်တိုက်မြှောက်နေကြသည်။ရှန့်ယွီလျန်ကလည်း အဖွဲ့သားတွေ ပျော်ရွှင်နေသည်ကို တွေ့ရသောအခါ ဝမ်းသာအားရနှင့်သူ့ခွက်ကို ဆက်တိုက် မြှောက်နေ၏။
လုပ်ငန်းခွင်မှာ ရှိနေသူတိုင်းက တစ်ယောက်၏ နောက်ခံကို တစ်ယောက် မသိကြပါချေ။ မသောက်လျှင် မယဉ်ကျေးရာကျသည်။သူ့ကိုမျက်နှာသာမပေးဟုထင်ပြီး တစ်ဖက်က နောက်ကျောကို ဓားနှင့်ထိုးနိုင်မည်။
ထိုသို့ဆိုလျှင် အနာဂတ်မှာ ဖျော်ဖြေရေးနယ်ပယ်မှာ ရှင်သန်နိုင်မှာ မဟုတ်ပါချေ။
ရလဒ်အနေဖြင့် အရက်သောက်ပြီးနောက် လူအများစု မူးလာကြသည်။ချီရှင်းချန်လည်း အများကြီးသောက်ထားပြီး သူ့ဗိုက်ထဲမှာ ဂလုံဆန်နေသည်။
"ကောင်းပြီ ဒီလောက်ပဲ... မနက်ဖြန် အလုပ်မစနိုင်တော့မှာကို ငါကြောက်တယ်"
ရှန့်ယွီလျန်က စားပွဲထိုးကို ခေါ်ပြီးပိုက်ဆံရှင်းနေရင်း ညွှန်ကြားချက်များပေးလေသည်။ "မိန်းကလေးတွေကို အခန်းတွေဆီ ပြန်ပို့ဖို့ ယောက်ျားလေးတွေမှာ တာဝန်ရှိတယ်"
"အစ်မထောင်ထောင်ကို ကျွန်တော်လိုက်ပို့ပေးမယ်"
ချီရှင်းချန် သူ့လက်ကို အမြန် မြှောက်လိုက်သည်။
"မင်းအရက်မူးနေတာ ငါတွေ့တယ်... ငါ့ရဲ့အမျိုးသမီးဇာတ်ဆောင်ကို မင်းလက်ထဲလွှဲမပေးချင်ဘူး"
ရှန့်ယွီလျန်က တစ်ချက် ပတ်ကြည့်လိုက်သည်။ "ရှောင်ရှုက အရက်ခံနိုင်ရည်ကောင်းတယ်...ကျိယန်ကို လိုက်ပို့လို့ရတယ်"
ချီရှင်းချန်: "…"
သေစမ်း...
မကြာခင်မှာ ဘယ်သူက ဘယ်သူကို ပို့မည်ဆိုသည်ကို ဆုံးဖြတ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ အားလုံးက ဟိုတယ်တစ်ခုတည်းမှာ တည်းခိုခဲ့ကြသည်။
ချီရှင်းချန် ကားပေါ်မှ ဆင်းကာ တခြားသရုပ်ဆောင်တစ်ယောက်ကို တတ်နိုင်သမျှ သူ့အခန်းသို့ အမြန်ပြန်ပို့လိုက်သည်။ တံခါးဝမှာ ကျေးဇူးတင်စကားလက်ခံပြီးနောက် ဓါတ်လှေကားပေါ်တက်ရန် သူမစောင့်နိုင်တော့ပေ။ သူ
အရေးပေါ်လှေကားနေ 32ထပ်သို့ ပြေးဆင်းသွားခဲ့သည်။
ရှုရှန့်က ထောင်ထောင်ကို အခန်းထဲသို့ တွန်းပို့သည်ကို သူမြင်လိုက်ရသည်။
သူ အမြန်ပြေးသွားသော်လည်း နောက်ကျသွားလေပြီ။ရှုရှန့်က တံခါးကိုပိတ်လိုက်ပြီး ချီရှင်းချန် သူ့မျက်နှာပေါ်မှ မကောင်းဆိုးဝါးအပြုံးကို မြင်ရန်သာအချိန်ရလိုက်သည်။
"ဒင်းဒေါင်-ဒင်ဒေါင်-"
ချိရှင်းချန် တံခါးဘဲကို ဆက်တိုက်နှိပ်သည်။
"ဒုန်းဒုန်း — ဒုန်းဒုန်း —"
သူ တံခါးကို ထုလိုက်သည်။
သို့သော် ရှုရှန့်က သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့သည်။
... အရေးကြီးဆုံးက အမျိုးသားဇာတ်လိုက်က ဘာလို့ ဒီနေရာကို ရောက်မလာသေးတာလဲ...
သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဘေးကင်းရေး ပထမပင်။အမျိုးသားဇာတ်လိုက် ရောက်လာငည်ကို စောင့်လျှင် ထောင်ထောင် အကြိမ်ကြိမ်ပေယင်းများစွာ အနှိပ်စက်ခံရလိမ့်မည်။
ချီရှင်းချန် ဘယ်လက်ဖြင့် 110 ကို ဖုန်းခေါ်ဆိုပြီး ဖုန့်ချင်းယွမ်၏ တံခါးကို ညာလက်ဖြင့် ခေါက်လိုက်သည်။သူ တံခါးကို အတူတူချိုးခိုင်းချင်ခဲ့သည်။
အနည်းငယ် ခေါက်ပြီးနောက် ဘယ်သူမှ ပြန်မဖြေပေ။ဖုန့်ချင်းယွမ်က ဒါရိုက်တာရှန့်ကို လိုက်ပို့သည်ကို သူ သတိရသွား၏။ ဓာတ်လှေကားကရောက်တော့မည်ကိုမြင်လိုက်ရသဖြင့် သူ ပြေးသွားခဲ့သည်။
"ဒင်~"
ဓာတ်လှေကားတံခါးပွင့်လာပြီး သူ ပြေးဝင်လိုက်သည်။
အထဲက လူကို ဝင်တိုက်မိသွား၏။
"တောင်းပန်ပါတယ်…"
ချီရှင်းချန် ဆောလျင်စွာ တောင်းပန်လိုက်သည်။
သူ စကားတစ်ခွန်းပဲ ပြောရသေးသည်။ တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရသောအခါ ရုတ်တရက် စကားနှစ်ခွန်းပင် မပြောနိုင်တော့ပေ။
ဖျားခြင်း၊ ဗိုက်နာခြင်း၊ ဘောင်းဘီပေသွားခြင်း၊ မူးဝေခြင်း... တစ်နေ့တာ မကျေနပ်ချက်များအားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။
သူလက်ကိုဆန့်ပြီး ပိုင်ရဲ့ကို အပြင်းအထန် ထိုးလိုက်၏။
သူ အရက်မူးနေသဖြင့် သူ့လက်သီးက ပျော့ပျောင်းပြီး နာကျင်စေမှုမရှိပေ။ပိုင်ရဲ့က သူ့ကို အခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
"ထပ်သောက်ပြန်တာလား"
"ဟုတ်တယ်...မူးနေပြီ"
ချီရှင်းချန်က ကျိုးကြောင့်ဆီလျော်မှုရှိမနေပေါ
"မင်းဖုန်းမကိုင်တာ အံ့သြစရာမဟုတ်ဘူးပဲ"
ပိုင်ရဲ့ကပြောသည်။
"မင်းအခန်းကို အရင်လိုက်ပို့ပေးမယ်... ပြီးရင် အရက်နာကျသက်သာဆေးဝယ်ပေးမယ်"
"… မလိုပါဘူး"
ချီရှင်းချန် ထောင်ထောင်အတွက် စိတ်ပူနေခဲ့သည်။
"ကျွန်တော့်ကိုကူညီပါ...အစ်မထောင်ထောင်ကို ရှုရှန့်က သူ့အခန်းထဲခေါ်သွားတယ်"
သူစကားပြောနေစဥ်မှာပဲ ပိုင်ရဲ့က သူ့ကို ရှုရှန့်၏အခန်းတံခါးဆီသို့ ဆွဲခေါ်သွားသည်။ပိုင်ရဲ့ ဤကိစ္စက ဘယ်လောက်အရေးကြီးလဲဆိုသည်ကို သိသဖြင့် သူက ချီရှင်းချန်နှင့် ပူးပေါင်းလိုက်၏။ ဆယ်ကြိမ်ခေါက်ကျော်ပြီးနောက် သူတို့ တံခါးပေါက်ကိုချိုးဖွင့်လိုက်သည်။
.....
ထောင်ထောင်က ရုန်းကန်နေပုံရသည်။ သူမ၏ ကော်လာမှာ စုတ်ပြဲသွားသော်လည်း သူမ၏ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှာ မထိမခိုက်ရှိနေသည်။
ရှုရှန့်က အသိစိတ် ရှင်းရှင်းလင်းလင်း ရှိမနေဘဲ၊ အထူးသဖြင့် သူ၏ မကောင်းသောလုပ်ရပ်များကို ရှာဖွေတွေ့ရှိသွားသောအခါ တုန်လှုပ်သွားခဲ့သည်။ချီရှင်းချန် နှင့် ပိုင်ရဲ့က သူ့ကို ကြမ်းပြင်ပေါ်သို့ ဖိလိုက်သည်။
ငါးမိနစ်အကြာတွင် နယ်မြေခံရဲများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည်။ထောင်ထောင်၏အလုပ်အကိုင်ကို ထည့်စဥ်းစားပေးပြီး ရိုးရှင်းသောထွက်ဆိုချက်တစ်ခုကိုသာ ယူကာ ရှုရှန့်ကို ခေါ်သွားခဲ့သည်။
ရှန့်ယွီလျန် ပျာယာခတ်ကာ ကြောက်လန့်သွားခဲ့သည်။သူ့ အပြစ်ဖြစ်ကြောင်း ဆက်တိုက် အော်ဟစ်ပြီး ဒရိုင်ဘာကို ထောင်ထောင်ကို စစ်ဆေးရန် ဆေးရုံပို့ခိုင်းခဲ့သည်။
အရာအားလုံးပြေလည်သွားပြီးနောက်၊ ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။၎င်းနောက် သူ့တစ်ကိုယ်လုံး နာကျင်နေပြီး နောက်ကျောကိုပင် မတ်မတ်မထားနိုင်မှန်း သူသိလိုက်ရသည်။
"အဆင်ပြေရဲ့လား"
ပိုင်ရဲ့က တံခါးနားမှာ ရပ်နေသည်။
"သွားရအောင် ...ငါမင်းကိုအခန်းထဲပြန်ခေါ်သွားပေးမယ်"
"မလိုပါဘူး...ကျွန်တော့်ဘာသာ အပေါ်ထပ်တက်မယ်...ခင်ဗျားအလုပ်ကပြီးသွားပြီ... ပြန်သွားလို့ရပြီ"
"မင်းဘယ်အကြောင်းပြောနေတာလဲ"
ပိုင်ရဲ့က သူ့ကို တွဲလိုက်သည်။
"ငါ့ အလုပ်က မပြီးသေးဘူး... ငါလည်း အပေါ်ထပ်တက်မှာ"
ချီရှင်းချန်က ဂရုမစိုက်ပေ။
"ခင်ဗျားက ထောင်ထောင်ကို ကယ်ဖို့ ဒီကိုရောက်လာမဟုတ်ဘူးလား...တခြား ဘာကိစ္စရှိလို့လဲ"ဟု သူမေးလိုက်ချင်သည်။
ထို့နောက် ပိုင်ရဲ့၏အဖြေက မူမမှန်ကြောင်း သူသဘောပေါက်လိုက်သည်။
"ခင်ဗျား…"
ချီရှင်းချနိ အလိုလိုမေးမိသွား၏။
"ကျွန်တော်တို့ဟိုတယ်ကို ညလယ်ခေါင်ကြီးမှာ ဘာလို့ လာတာလဲ"
" 'သမုဒ္ဒရာနှလုံးသား'ရဲ့ဇာတ်ဝင်တေး သရုပ်ပြကို ဒါရိုက်တာရှန့်ဆီ ပို့ဖို့"
"တစ်စုံတစ်ယောက်ဆီက ဖုန်းလာလို့ ခင်ဗျားလာတာမဟုတ်ဘူးလား"
ချီရှင်းချန် မယုံနိုင်ဖြစ်သွား၏။
"ငါမင်းကို ဘာလို့ ဖုန်းမကိုင်တာလဲလို့ မေးမလို့... လာသင့်မလာသင့် မသိဘူး"
ပိုင်ရဲ့က သူမူးနေပြီဟုထင်သည်။
"ပြန်သွားပြီး အနားယူပါ...အဲဒီမှာ ရပ်မနေနဲ့"
ချီရှင်းချန်၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်... အမျိုးသားဇာတ်လိုက်၏ စကားများသည် ဇာတ်ကြောင်းနှင့် မကိုက်ညီတော့ပေ။
သူက မူးနေသဖြင့် ၎င်းကို အတည်ပြုရန် စိတ်အားထက်သန်နေပြီးလက်လျော့ရန်ငြင်းဆန်ခဲ့သည်။
"သမုဒ္ဒရာနှလုံးသား" အတွက် ဇာတ်ဝင်တေးကို ရေးမယ်လို့ ခင်ဗျားဆီကပြောသံကို ကျွန်တော်ဘာလို့မကြားရတာလဲ"
"ဒါရိုက်တာရှန့်က ကျွန်တော့်ကို အရင်က မေးပေမဲ့ သဘောမတူခဲ့ဘူ... မင်းနဲ့ငါ လေ့ကျင့်မှုပြီးတဲ့နေ့မှာ သူက ငါ့ကို ခေါ်သွားပြီးတော့ ငါ့ကို ထပ်နှိပ်စက်တယ်...သဘောတူဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး"
သူ့ကို ခေါ်သွားပြီးတော့ ထပ်နှိပ်စက်တယ်...
ချီရှင်းချန် သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းထိပ်ကို ကုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ခေါင်းထဲသို့ မီးရှူးမီးပန်း လက်တစ်ဆုပ်စာ ထည့်ထားသကဲ့သို့ ပေါက်ကွဲကာ အရောင်များစွာ စုံနေသလို ခံစားရသည်။
"ဒါဆို…"
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အသံက အနည်းငယ်တုန်နေ၏။
"ခင်ဗျားနဲ့ ဒါရိုက်တာရှန့်က ဇာတ်ဝင်တေးကို ဘယ်မှာ ဆွေးနွေးတာလဲ"
အကယ်၍ သူ့ကို ယခုလိုမျိုး ဆက်ပြီး စစ်ဆေးမေးမြန်းနေသူက တခြားတစ်ယောက်သာဆိုပါက ပိုင်ရဲ့က အေးစက်သည့် မျက်
နှာနှင့်ထွက်သွားမှာ အသေအချာပင်။
သို့ပေမဲ့ သူ့ရှေ့က ဖန်ပေါက်စလေး၏ အိကျနေသောမျက်ခွံမို့မို့ဖောင်းဖောင်းတို့က ချစ်စရာကောင်းလွန်းနေသည်။ပိုင်ရဲ့က စိတ်ရှည်ရှည်နှင့် ရှင်းပြ၏။
"ဒါပေါ့...ထောင်ထောင်ရဲ့ အခန်းကို သွားခဲ့တာပေါ့... ဒီသီချင်းက သူ့အတွက်လေ"