အပိုင်း ၆၃
Viewers 26k

Chapter 63



     

"သူပျောက်နေတဲ့အချိန်က ဒါရိုက်တာရှန့်က 'သမုဒ္ဒရာနှလုံးသား' ရဲ့ ဇာတ်ဝင်တေး အကြောင်း ဆွေးနွေးဖို့ ထောင်ထောင်ရဲ့အခန်းကို ဆွဲခေါ်သွားခဲ့တာ"


"သူပျောက်နေတဲ့အချိန်က ဒါရိုက်တာရှန့်က 'သမုဒ္ဒရာနှလုံးသား' ရဲ့ဇာတ်ဝင်တေးအကြောင်း ဆွေးနွေးဖို့ ထောင်ထောင်ရဲ့အခန်းကို ဆွဲခေါ်သွားခဲ့တာ"


ချီရှင်းချန်က ၎င်းကို နှစ်ကြိမ်ဆက်တိုက် ရေရွတ်လိုက်ပြီး စကားတစ်လုံးရွတ်လိုက်တိုင်း သူ့နှလုံးသားထဲက မီးတောက်လေးက နည်းနည်းချင်း မြင့်တက်လာသည်။


အဆုံးမှာ ၎င်းက သူ့ဦးခေါင်းထိပ်ထိ ခုန်တက်ပြီး မီးရှူးမီးပန်းတွေ ဖောက်လိုက်၏။ရွှင်လန်းမှုက အလွှာလိုက် အလွှာလိုက် ပွင့်လာပြီး သူ့နှုတ်ခမ်းထောင့်၊ မျက်ခုံးနှင့် မူလ ငန်ကျိကျိစိုစွတ်မှုတို့ စွန်းထင်းနေသော မျက်လုံးတွေဆီ ထိုးတက်သွားသည်။


သို့သော် ရဲဘော်လေးချီက သူ့အမူအရာကို ထိန်းထားပြီး လက်သီးများကို ထပ်မံဆုပ်ထားသည်။

သူက အသံကိုဆောင့်ကာပြောလိုက်၏။


"ဘာလို့ မပြောခဲ့တာလဲ..."


ပိုင်ရဲ့ အံ့ဩသွားသည်။ 

"ဘာပြောရမှာလဲ"


"ခင်ဗျား ဇာတ်ဝင်တေးအကြောင်း ဆွေးနွေးဖို့ အစ်မထောင်ထောင်ရဲ့ အခန်းကို သွားခဲ့တာကို"


"ဒါရိုက်တာရှန့်က ငါ့ကို သီချင်းတောင်းတာ သာမာန်ပဲမဟုတ်....."


စကားတစ်ဝက်မှာ ပိုင်ရဲ့ ဖန်ငယ်လေးက ဇာတ်ဝင်တေးဿို အာရုံစိုက်နေခြင်းမဟုတ်ဘဲ "အစ်မထောင်ထောင်ရဲ့ အခန်း" အာရုံစိုက်နေခြင်း ဆိုသည်ကို ရုတ်တရက် သတိထားမိလိုက်၏။


ဤရှာဖွေတွေ့ရှိမှုသည် နောက်ဆုံးတွင် သူ၏ လတ်တလောသံသယအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။ အခြားရိုက်ကူးရေးအဖွဲ့များပါရှိနေသည်ကိုတွေ့သဖြင့် ပိုင်ရဲ့ သူ့ကို ကော်လာအနောက်ဘက်ကနေ ဆွဲမကာ "ငါ့နဲ့လိုက်ခဲ့" ဟု တိုးတိုးလေးပြောလိုက်သည်။


ထို့သို့ဖြင့် ချီရှင်းချန်တစ်ယောက် ကြက်တစ်ကောင်လို ဂုတ်ကမ၍ အခန်းသို့ ပြန်ခေါ်သွားခြင်းခံခဲ့ရသည်။သူက ဧည့်ခန်းအလယ်တွင် ခြေထောက်နှစ်ဖက် စုံရပ်ကာ ပိုင်ရဲ့ကို စူးစူးရဲရဲ ကြည့်နေသည်။


ပိုင်ရဲ့က နို့ပုလင်းကို ပထမဆုံးရှာပြီး ချီရှင်းရှင်း၏လက်ထဲကို ထည့်ပေးလိုက်၏။၎င်းနောက် သူနှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ 

"ဒါကြောင့် မင်း အခုတလော ငါ့စာတွေကို မပြန်မတာလား"


"...မဟုတ်ဘူး... ရိုက်ကူးရေးကအလုပ်များနေလို့ ခင်ဗျားရဲ့မက်ဆေ့ချ်တွေကို စာပြန်ဖို့အချိန်မရှိတော့ဘူး"

ချီရှင်းချန် ဝန်ခံရန် ငြင်းဆိုခဲ့သည်။


"ကောင်းပြီ"


ပိုင်ရဲ့ ရယ်ရမလား ငိုရမှန်းမသိ။ သူ့မျက်ခုံးမွှေးကို ပွတ်လိုက်သည်။ 

"ငါနဲ့ ထောင်ထောင်က 'ဘက်ဂျက်ခရီးသွားကြမယ်' မှာပဲ အတူတူအလုပ်လုပ်ဖူးကြတာ... ဒီတစ်ခါက ဒါရိုက်တာရှန့်ကြောင့် 'သမုဒ္ဒရာနှလုံးသား' အတွက် သီချင်းတစ်ပုဒ်ရေးခဲ့တာ ...သူနဲ့ဘာမှမဆိုင်ပါဘူး"


ချီရှင်စချန်: "... အစ်မထောင်ထောင်နဲ့ ဆိုင်တယ်လို့ ကျွန်တော် မပြောဘူး"


ပိုင်ရဲ့: "ငါ ထောင်ထောင့်ကို မကြိုက်ဘူး"


"ခင်ဗျား သူ့ကို ကြိုက်တယ်လို့လည်း ကျွန်တော် မပြောပါဘူး..." 

ချီရှင်းချန်၏ အရှိန်က ချက်ချင်း အားပျော့သွား၏။


"ဒါဆိုလည်း လွန်လွန်ကဲကဲတွေမတွေးနဲ့ ဟုတ်ပြီလား"


ချီရှင်းချန်: "... ကျွန်တော်လွန်လွန်ကဲကဲတွေမတွေးဘူးးး"


ပိုင်ရဲ့ ဤဖန်လေး၏ သုံးကြိမ်တိုင်တိုင် ငြင်းဆိုခြင်းကို ခံရပြီးနောက် မရယ်ဘဲမနေနိုင်ပေ။


သို့သော် သူ့မှာ ဤကိစ္စနှင့် ပတ်သက်၍ ပြဿနာရှိနေသည်။ သူ ပွဲဦးထွက်ပြီး ဒုတိယနှစ်ကတည်းက သူ့ကိုသိသည့်လူတိုင်းနီးပါးက သူ့ဆီက သီချင်းတောင်းကြသည်။ သူက သီချင်းများအတောင်းခံရသည်မှာ ထုံနေပြီဖြစ်ပြီး ၎င်းတို့ကို ဘယ်တော့မှ စိတ်ထဲမထည့်ခဲ့ပေ။



သူ့စိတ်ထဲမှာ သူက ဒါရိုက်တာရှန့်နှင့် ဆွေးနွေးရန် ထိုနေရာမှာရောက်နေခြင်းဖြစ်သည်။ထောင်ထောင်၏ အသံအနေအထားကို ကျွမ်းကျင်စေရန်အတွက် ထောင်ထောင်၏အခန်းသို့ သူသွားခဲ့သည်။ထို့နောက် ဒါရိုက်တာရှန့်က သူလိုချင်သည့် အငွေ့အသက်နှင့် ခံစားချက်ကို ပြောပြ၏။ထောင်ထောင်က သူတို့အတွက် ရေနှစ်ဖန်ခွက်ငှဲ့ပေးပြီး မေးခွန်းတွေကို ရံဖန်ရံခါ ဖြေပေးသည်။ အခြား အပြန်အလှန် ဆက်ဆံမှု မရှိခဲ့ပါချေ။


နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းရမည်။ပိုင်ရဲ့က သူနှင့် ဆန့်ကျင်ဘက် ဆိုဖာကို မေးဆတ်(ငေါ့)ပြသည်။ 

"ထိုင်"


ချီရှင်းချန် သူ့လက်များကို ဒူးပေါ်တင်ကာ ထိုင်လိုက်သည်။


ပိုင်ရဲ့က ရှေ့ကိုကိုင်း၍ နို့ပုလင်းကိုယူကာ သူ့လက်ထဲကို ပြန်ထည့်လိုက်သည်။ 

"သောက်"


ချီရှင်းချန် ဗိုက်က အဆင်မပြေဖြစ်နေသဖြင့် နွားနို့တကယ်သောက်ချင်နေသည်။ မေးစေ့ကို မော့လိုက်ပြီး 250ml ကို တစ်ကျိုက်တည်း သောက်လိုက်သည်။


ပိုင်ရဲ့ သူသီးသွားမှာစိုးသည်။ချီရှင်းချန်နို့ဘူးကို ချလိုက်ပြီး ပါးစပ်ကို သုတ်ပြီးနောက် သူကပြောလိုက်၏။

"ဒီတခေါက် ငါမှားသွားတယ်"


ခုနက သူ တစ်ဖက်သားကို မရပ်မနား မေးမြန်းမိခဲ့သည်။ တစ်ဖက်သားက သူ့အမှားကို ရိုးရိုးသားသား ဝန်ခံသည်ကို ကြားသောအခါ ချီရှင်းချန် ရှက်သွားသလို ခံစားလိုက်ရ၏။


ဤကိစ္စတွင် တစ်ဖက်လူအနေဖြင့် သူ့ကို ရှင်းပြနေစရာ လုံးဝ မလိုချေ။


ချီရှင်းချန်: "ရ... ရပါတယ်"


ပိုင်ရဲ့ : "နောက်ကျ ငါ မိန်းကလေးတစ်ယောက် အခန်းထဲ ထပ်ဝင်ရင် မင်းကို မက်ဆေ့ခ်ျပို့ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"


ချီရှင်းချန်က သူ့ကို ဤမျှလောက်ကြီးမားသည့် လိုက်လျောမှုတစ်ခု လုပ်ရန် မမျှော်လင့်ထားပါချေ။


သူက သဘောထားကြီးသည့်ပုံစံဖြင့်ပြောလိုက်သည်။

"မလိုပါဘူး၊ ရပါတယ်...သွားချင်တဲ့နေရာ သွားပါ" 

စက္ကန့်အနည်းငယ်ကြာအောင် ရုန်းကန်ပြီးနောက် သူ ဘာမှ ပြောမထွက်နိုင်ဖြစ်နေသည်။


ထိုကြောင့် သူက နို့ပုလင်းနှင့်ကစားဟန်ဆောင်ပြီး လိုဂိုကို ဆုတ်ပစ်လိုက်၏။လိုဂိုကို သူ့လက်ထဲမှာ ဆုပ်ညစ်ထားရင်း စိတ်လှုပ်ရှားမှုတွေကို ပုံချ

ပစ်လိုက်သည်။


"ဒါဆို" 

ပိုင်ရဲ့က မေးသည်။

"မနက်ဖြန် ရိုက်ကူးရေးက အလုပ်ရှုပ်နေသေးလား"


ချီရှင်းချန် ပိုင်ရဲ့၏ အဓိပ္ပါယ်ကို သူနားမလည်မီ အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။


အခုလေးတင်ပဲ သူက ပိုင်ရဲ့၏မက်ဆေ့ချ်ကို ပြန်မဖြေရသည့် အကြောင်းပြချက်တစ်ခုအနေနှင့် ရိုက်ကူးရေးနှင့် အလုပ်ရှုပ်နေသည်ဆိုသည့် အကြောင်းပြချက်ကို အသုံးပြုခဲ့၏။


"ကျွန်တော် အလုပ်မရှုပ်ပါဘူး"

သူ ရိုးရိုးသားသားပြောလိုက်သည်။

"မနက်ဖြန် နောက်ထပ် ဇာတ်ကွက်တချို့ကို ရိုက်ပြီးရင် ရိုက်ကွင်းပြောင်းမှာ... ကျန်တဲ့အချိန်တွေမှာ မက်ဆေ့ခ်ျပို့လို့ရတယ်"



ပိုင်ရဲ့က သီချင်းကို ဒါရိုက်တာရှန့်ဆီသို့ ပို့ရန် အလျင်လိုနေသည်။ပြောပြီးသည်နှင့် ထကာ ထွက်သွားလေသည်။


ချီရှင်းချန် သူ့ဗိုက် မနာတော့ကြောင်း ထူးထူးခြားခြား တွေ့ရှိခဲ့သည်။အားနည်းနေသလိုလည်း မခံစားရတော့ပေ။ ကုတင်ပေါ်လှဲချကာ စောင်ကို အကြာကြီး ကန်နေပြီးနောက် အိပ်ပျော်သွားသည်။



သူနိုးလာသောအခါတွင် သူ့စိတ်ထဲမှာ စကားလုံးနှစ်လုံးသာ ကျန်ရှိနေတော့သည်။


ဘုရားရေ...


ဘုရားရေ...မနေ့ညက မူးပြီး ဘာလုပ်မိတာလဲ...


သူ ပိုင်ရဲ့ကို ထိုးလိုက်တယ်...


သူက ပိုင်ရဲ့ကို အခြေအနေကို မာမာထန်ထန် ရှင်းပြခိုင်းတယ်...


သူက ပိုင်ရဲ့ကိုမှားကြောင်းဝန်ခံခိုင်းခဲ့တယ်...


ဒါက သာမန်လူလုပ်ရမဲ့ အရာလား...


ဒါပေမဲ့ နည်းနည်းတော့... လန်းဆန်းသွားတယ် ဆိုတာ သူ ဝန်ခံရမယ်...


ချီရှင်းချန် ကုတင်ပေါ်မှ ခုန်ဆင်းကာ ပုံမှန်အတိုင်း သူ့ကြွက်သားများကို ဆန့်ထုတ်ရန် လသာဆောင်သို့ သွားခဲ့သည်။ နာရီဝက်လောက်ကြာပြီးနောက် အန်းရန် ဝင်လာပြီး သူ့ကိုခေါ်၏။ သူမက သူ့ကို ပျားရည်ရေလုပ်ပေးပြီးမေးသည်။ 


"ရှင်းရှင်း မနေ့ညက ဘာလုပ်ခဲ့တာလဲ... နင် အရမ်းပျော်နေပုံပဲ"


ချီရှင်းချန်က မေးလိုက်၏။ 

"ကျွန်တော်ကပျော်နေတယ်..."


"ဟုတ်တယ်" 

အန်းရန်က ခေါင်းညိတ်လိုက်သည်။


"တစ်ချက်ကြည့်ရုံနဲ့ပြောနိုင်တယ်ပေါ့"


"ဟုတ်တယ်"

အန်းရန်က သက်ပြင်းချလိုက်၏။

"နင်က အရမ်းကို တည်ငြိမ်တဲ့သူ... ဒါပေမဲ့ နင့်ရဲ့ စိတ်နေစိတ်ထားက နှစ်ရက်ဆက်တိုက် တက်လိုက်ကျလိုက်ဖြစ်နေတယ်...ဒါပေါ့ ငါပြောနိုင်တာပေါ့"


ချီရှင်းချန် သီးသွားကာ စကားတစ်ခွန်းမှ မပြော။


အန်းရန်က ပျားရည်ရေကို ကျွမ်းကျင်စွာ ရောစပ်ပြီး လသာဆောင်ကို ယူလာပေးသည်။ သူမက ပြုံးပြီး စပ်စပ်စုစု အတင်းတုပ်၏။

"နင် ဘာလို့ဒီလောက်စိတ်အတက်အကျဖြစ်နေတာလဲ...ငါ့ကိုပြော...ငါအရမ်းကိုသိချင်နေတယ်"


… မှန်တယ်၊ ဘာကြောင့်လဲ...


ချီရှင်းချန်အတွက် သူ့ဘာသူ ဤမျှစိတ်ရှုပ်ထွေးနေရသည်က ရှားပါး၏။


သူ့ကိုယ်သူပင် သိပ်သိပုံမရပါချေ။


သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ အန်းရန်က သူ ပြောရမှာ ရှက်နေသည်ဟု တွေးမိသွားသည်။ 

"အစ်မထောင်ထောင်ကို ကယ်လိုက်လို့လား"


"အင်း...အဲဒါကြောင့်" 

ထွက်လမ်းရှိသဖြင့် အလိုက်သင့်မျောလိုက်ပေးလိုက်သည်။


ထောင်ထောင်အကြောင်းထည့်ပြောရာမှ ချီရှင်းချန် အခြားအရာတစ်ခုကို သဘောပေါက်သွားခဲ့သည်။


"ည၏မက်မွန်" ဝတ္ထုတွင် အမျိုးသားဇာတ်လိုက်မှ အမျိုးသမီးဇာတ်လိုက်ကို ကယ်တင်ပြီးနောက် ၎င်းတို့သည် တစ်ညတာ အတူတူနေထိုင်ခဲ့ကြပြီး ၎င်းတို့၏ဆက်ဆံရေးသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။သို့ပေမဲ့ မနေ့ညက သူ၏ ပါဝင်ပတ်သက်မှုကြောင့် ရှုရှန့်ကို ရဲတွေက ခေါ်ဆောင်သွားခဲ့ပြီး ထောင်ထောင်ကို ရှန့်ယွီလျန်က ဆေးရုံကို ပို့ဆောင်ခဲ့၏။ သူရဲကောင်းကဒုက္ခရောက်နေသောအလှလေးကို ကယ်တင်သည့်ဇာတ်ကွက် ပျက်စီးသွားရုံမျှမကဘဲ အမျိုးသားဇာတ်လိုက်နှင့်အမျိုးသမီးဇာတ်လိုက်တို့လည်း အတူရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့သည်။


မနေ့ညက ပိုင်ရဲ့က ထောင်ထောင်ကို မကြိုက်ဘူးဟု ရှင်းရှင်းလင်းလင်း ပြောခဲ့၏။ သူ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်ကြားက ဆက်ဆံရေးကို မတော်တဆ ပြောင်းလဲမိသွားခဲ့သည်။ တခြား… ပိုဆိုးတဲ့ အပြောင်းအလဲတွေ ရှိလာမလား...


၎င်းကိုတွေးရင်း၊ နောက်ဆုံးမှာ ချီရှင်းချန် စိတ်ဓာတ်တွေ ကျသွားသည်။


ပျားရည်ရေသောက်ပြီးနောက် ရိုက်ကွင်းသွားရာလမ်းတွင် ဒါရိုက်တာ၏လက်ထောက်ထံမှ ဖုန်းဝင်လာသည်။



"ရှင်းရှင်း ...မင်း ရိုက်ကွင်းသွားပြီလား"


"အခု သွားနေတယ်ဗျ" 

ချီရှင်းချန်က ပြောလိုက်။


"အိုး... ငါ မင်းကို အကြောင်းကြားထားသင့်တာ... ဟိုတယ်ကို ပြန်လိုက်တော့... မင်း ဒီမနက် နားလိုက်"


"နားရမှာလား" 

ချီရှင်းချန် သိချင်သွားသည်။ 

"လူတိုင်း အမူးလွန်ပြီး မထနိုင်လို့လား"


"မဟုတ်ဘူး...ဒါရိုက်တာရှန့်က ဒီမနက် ထောင်ထောင်ကိုတွေ့ဖို့ ဆေးရုံသွားခဲ့တယ်...ထောင်ထောင်က အခြေအနေမကောင်းလို့ ပြန်ကောင်းလာဖို့တစ်မနက်လုံး လိုအပ်တယ်လို့ ပြောတယ်"


ယခုလိုအခြေအနေမျိုးမှာ ဘယ်မိန်းကလေးမှ ဤမျှလောက်မြန်မြန်ပြန်ကောင်းမလာနိုင်ပါချေ။ထောင်ထောင်က မနက်ခင်းလေးသာ အနားယူသည်က သူမ၏အလုပ်ကို အလွန်အလေးအနက်ထားရာကျနေပြီဖြစ်သည်။


သူတို့နှစ်ဦးစလုံးသည် "သမုဒ္ဒရာနှလုံးသား" ရိုက်ကူးရေးတွင် ပါဝင်ခဲ့ကြပြီး ချီရှင်းချန်မှာ ထောင်ထောင်နှင့် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးရှိသည်။ လက်ရှိအချိန်မှာ သူ ဟိုတယ်ကို တကယ်ပြန်မသွားနိုင်တော့ပေ။


ခဏလောက်စဉ်းစားပြီး သူပြောလိုက်၏။

"ကျွန်တော် အစ်မထောင်ထောင်ကိုလာတွေ့ပြီး မနက်စာယူလာပေးမလို့... ဒါရိုက်တာရှန့် ဘာစားချင်လဲ မေးပေးပါဦး"


"မင်း လာစရာ မလိုဘူး" 

လက်ထောက်က ချက်ချင်းငြင်းတယ်။


"ထောင်ထောင်ရဲ့ ပြဿနာက သူ့မောင်...သူ မဟုတ်ဘူး...သူ့မောင်က ဒီမနက်မှာ ကိုမာဝင်သွားတယ်...ထောင်ထောင်ကိုယ်တိုင်က အပ်တန်းလန်းကြီးနဲ့ သူ့မောင်ကိုတွေ့ဖို့ ကျင်းအန်ဆေးရုံကို တိုက်ရိုက်သွားခဲ့တာ...ဟင်း သူ့မောင်ကို အနိုင်ကျင့်တဲ့သူက ဘယ်လောက်တောင် ဆိုးလိုက်လဲ...ဒါရိုက်တာရှန့်က အရမ်းဒေါသထွက်နေတယ်…"


ချီရှင်းချန်က ဝန်ထမ်းအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပြီး သူငယ်ချင်းများ ပိုများလာကာ ရွေးချယ်ခွင့်များ ပိုမိုရရှိစေမည့် နိယာမကို လိုက်နာခဲ့သည်။


ထို့ကြောင့် ဒါရိုက်တာ၏ လက်ထောက်က သူ့ကို အပြင်လူအဖြစ် မဆက်ဆံခဲ့ပေ။ ဒါရိုက်တာရှန့်၏ ကိုယ်ရေးကိုယ်တာကိစ္စများ မပါဝင်သရွေ့တော့ သူသည် မည်သည့်အကြောင်းအရာကိုမဆို ပြောပြရန် ဆန္ဒရှိနေသည်။


ဖုန်း၏အခြားတစ်ဖက်တွင်၊ လက်ထောက်က မကျေနပ်သေးသော်လည်း ချီရှင်းချန်က ဆက်နားမထောင်တော့ပေ။သူ့နှလုံးသား အေးစက်သွား၏။


သူက အန်းရန်ကိုပြောလိုက်သည်။

"Weibo ဖွင့်ပါ"


အန်းရန် နားမလည်သော်လည်း Weibo ကိုဖွင့်လိုက်သည်။ချီရှင်းချန် သူမ၏ဖုန်းကိုယူကာ ရှန့်ယွီလျန်ကိုရှာဖွေခဲ့သည်။


လွန်ခဲ့တဲ့ ငါးမိနစ်လောက်ကပဲ သူတင်ထားတာ...


ရှန့်ယွီလျနိ : ဒီနေ့ ဒီမှာ တခြားတစ်ယောက်ယောက်ရဲ့မောင်၊ မနက်ဖြန် ကိုယ့်သားသမီးတွေ ဖြစ်နိုင်တယ်...ကျောင်းတွင်းအကြမ်းဖက်မှုကို တွန်းလှန်တာက ခင်ဗျားတို့နှင့် ကျွန်တော်တို့က စတင်တယ်...ဘာပဲဖြစ်ဖြစ် ဆေးရုံမှာ ကျောက်ကပ်ရှိရင် ကျေးဇူးပြုပြီး ကျွန်တော့် ဒါမှမဟုတ် ထောင်ထောင်ကို ဆက်သွယ်ပေးပါ...ကျေးဇူးတင်ပါတယ်


[ရုပ်ပုံ]


ပုံမှာ ထောင်ထောင်၏ လက်မောင်းတွင် အပ်ပေါက်များ ပြည့်နေသည်။ သူ့လက်ဖျံအထိ လိပ်ထားသော အင်္ကျီလက်ကို ကျင်းအန်ဆေးရုံနှင့် ထောင်ရွှမ်၏ အမည်ထိုးထားသည်။



**ချီရှင်းချန် ကူးပြောင်းလာသည့်ပထမဆုံးနေ့မှာ ဤဆေးရုံက အိပ်ရာပေါ်မှာ လဲလျောင်းနေခဲ့သည်။


မှတ်ချက်များတွင် ထောင်ထောင် နှင့် ထောင်ရွှမ်၏ အတန်းဖော်များနှင့် ပရိတ်သတ်များသည် ထောင်ရွှမ်၏အထောက်အထားကို မှတ်မိပြီး ချီကျားကျစ်၏ "မကောင်းမှုများ" ကို စိတ်အားထက်သန်စွာ ထုတ်ဖော်ပြသနေနှင့်ပြီးသားဖြစ်သည်။**(**သိပ်မရှင်းဘူး)


ကံကောင်းထောက်မစွာ၊ တီဗီစီးရီးဒါရိုက်တာတစ်ဦးအနေဖြင့် ရှန့်ယွီလျန်တွင် Follower အများအပြားမရှိခဲ့ဘဲ ဖြတ်သွားဖြတ်လာလည်းနည်းပါးခဲ့သည်။ပြန်လည်မျှဝေးပြီး မှတ်ချက်ပေးသူတွေက ဤWeibo ပို့စ်ကို မြင်သွားသည့် ထောင်ထောင်၏ဖန်တွေဖြစ်၏။


ချီရှင်းချန်၏စိတ်တို့ တုန်လှုပ်သွား၏။ ဒါရိုက်တာရဲ့ လက်ထောက်နှင့် ဖုန်းချလိုက်ပြီးနောက် သူက ချီယွီကျီး၏ နံပါတ်ကို အရင်ဆုံး ခေါ်လိုက်သည်။


ချီယွီကျီး အိပ်ပျော်နေသည်မှာ ထင်ရှားသည်။ သူမက ကျယ်လောင်စွာ သမ်းပြီးပြော၏။

"ရှင်းရှင်း အစောကြီးထနေတာပဲ"


"ကျဲ" 

ချီရှင်းချန် သူမနှင့် အချိန်မဖြုန်းချင်ပေ။

"ဒီမနက် ရှန့်ယွီလျန် နဲ့ ထောင်ထောင်ရဲ့ Weibo ကို ကန့်သတ်ပါ... ဘာလို့လဲလို့ မမေးနဲ့...အခုချက်ချင်း"


ရှင်းရှင်းက တောင်းဆိုလာသောအခါ၊ ချီယွီကျီးအားအင်များပြည့်ဖြိုးလာသည်။ သူမ ချက်ချင်း သူတို့ကို ရှာသည်။


ထို့နောက် သူက ချီကျားကျစ်ဆီသို့ WeChat မက်ဆေ့ချ် ပို့ခဲ့သည်။

[မင်းတို့ နေ့လည်စာ ဘယ်အချိန်စားလဲ ...မင်းရဲ့အဖြေကို ငါလိုတယ်]


ဘုရင်: [၁၁:၃၀]


ရှင်းရှင်း: [နေ့လည်စာစားဖို့ ချိုက်ဟောက် ဘယ်သွားတတ်လဲ]


ဘုရင်: [ ကန်တင်းမှာ ရှိလောက်တယ်... တော်တော်များများက အဲဒီမှာစားနေကြတယ်]


ရှင်းရှင်း: [မင်းရဲ့ ကျောင်းအဆောက်အဦးနဲ့ ကန်တင်းတည်နေရာကို ငါ့ကို ပို့ပေးပါ... မင်းဘယ်လိုနည်းနဲ့ပဲသုံးသုံး နေ့လည်မှာ ကျောင်းအဆောက်အဦထဲမှာ ချိုက်ဟောက်ကို တားထားပြီး 11:50 လောက်မှ ထွက်သွားခိုင်း... မင်းလုပ်နိုင်လား]


ဘုရင်: [အလွယ်လေး]


ဘုရင် : [ကော... မင်း ချိုက်ဟောက်ကို အကွက်ရွေ့မှာလား]


ရှင်းရှင်း: [မှန်တယ်...ငါမင်းကိုလုပ်ခိုင်းဖို့လိုအပ်တဲ့နောက်ထပ်အရေးကြီးတာတစ်ခုရှိသေးတယ်... ကောင်းကောင်းမှတ်ထားပါ…]


ချီရှင်းချန်က စာရှည်ကြီးတစ်ခုရိုက်ပြီး WeChat ကိုပိတ်ကာ ချီယွမ်ရှောင်ကို ဆက်ခေါ်ခဲ့၏။


"ကော...ကျားကျစ်ရဲ့ကျောင်းထဲဝင်ခွင့်ရအောင် ကူညီပေးပါ"


ချီယွမ်ရှောင်က သူ ချီကျားကျစ်၏ကျောင်းသွားလည်ချင်သည်ဟု ထင်ပြီး မဆိုင်းမတွ လုပ်ခဲ့၏။


.


ချီရှင်းချန် တစ်မနက်လုံး မစားမသောက်ခဲ့။ သူလိုအပ်သည့်အရာတွေကို ပြင်ဆင်နေခဲ့သည့။


သူက Weibo ကို ခဏခဏ ကြည့်၏။ ကန့်သတ်ချက်က ထိရောက်မှု ရှိပေမဲ့ လုံး၀ကြီး ထိန်းချုပ်၍ မရပါချေ။ ပြန်လည်ပို့စ်တင်ခြင်း၊ မှတ်ချက်ပေးခြင်းနှင့် ဆဲဆိုကြိမ်းမောင်းခြင်း အရေအတွက်သည် ဆက်လက်တိုးလာခဲ့သည်။


နောက်ဆုံးတွင် 11:20 ဖြစ်နေလေပြီ။ချီရှင်းချန် သူ့ဦးထုပ်နှင့် maskကို ဝတ်ပြီး ကျောင်းအုပ်ကြီး၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ကိုသုံး၍ ကျောင်းထဲကို ဝင်သွား၏။


ပထမထပ်က အိမ်သာကိုသွားပြီး ချီကျားကျစ်ကို တစ်ခုခုပေးလိုက်သည်။ ထို့နောက် ကျောင်းအဆောက်အဦမှ ကန်တင်းသို့သွားသည့်လမ်းကိုပဲ နှစ်ခေါက်လျှောက်ကာ ပန်းခင်းထားသောနေရာကို ဂရုတစိုက်ရွေးချယ်ခဲ့သည်။



ကံကောင်းထောက်မစွာ၊ သူသည် ယခုအချိန်တွင် လူသိမများသေးပေ။ ဖြတ်သွားသော ကျောင်းသားများက သူ့ကို မမှတ်မိ။ သူ့တည်နေရာကို ချီကျားကျစ်ဆီသို့ ပေးပို့လိုက်သည်။


11:55 တွင် ချိုက်ဟောက်က တစ်စုံတစ်ခုကို ကျိန်ဆဲရင်း လမ်း၏အဆုံးတွင် ပေါ်လာသည်။ချီရှင်းချန်က သူ၏ လမ်းလျှောက်နှုန်းကို ခန့်မှန်းကာ အချိန်ကို တွက်ချက်ကာ ခေါင်းငုံ့ကာ သူ့ဆီသို့ အမြန်ပြေးသွားခဲ့သည်။


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖြတ်သွားမှာ ချီရှင်းချန် ဘယ်သူမှ မမြင်ရအောင် သူ့ကိုပခုံးနှင့် ဝင်တိုက်လိုက်သည်။


နှစ်ယောက်စလုံး နောက်ပြန်ဆုတ်မိသွားကြသည်။ချိုက်ဟောက်က ဒုက္ခရောက်မှာကို ကြောက်ပြီး သူနှင့်ငြင်းခုန်ရမလားမငြင်းခုန်ရမလား တုံ့ဆိုင်းနေသည်။


ထို့နောက် အနက်ရောင်အရာဝတ္တုတစ်ခုသည် သူ့အား ဝင်တိုက်မိသူ၏ အိတ်ကပ်ထဲမှ ပျံထွက်လာသည်ကို သူတွေ့လိုက်ရသည်။ ထိုလူက သတိမထားမိဘဲ ကမန်းကတန်း လမ်းလျှောက်သွားခဲ့သည်။ ခဏအကြာတွင် ထိုလူ ပျောက်ကွယ်သွား၏။


… အဲဒီ့အရာက ဘာလဲ ...


စူးစမ်းချင်စိတ်ကြောင့် ချိုက်ဟောက် ပန်းခင်းပေါ်သို့ ဆင်းကာ တစ်ချက်ကြည့်လိုက်သည်။


ဘုရားရေ...အဲဒါ Gucci ယောက်ျားကိုင်ပိုက်ဆံအိတ်...အဲဒီထဲမှာ ပိုက်ဆံအများကြီးရှိတယ်...


"ဒုတ် ဒုတ် ဒုတ်..."


ချိုက်ဟောက် အတော်လေး စိတ်လှုပ်ရှားနေသောကြောင့် သူနှလုံးက သူ့လည်ချောင်းထဲက ခုန်ထွက်လုနီးပါးပါပင်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ထမင်းစားပြီးသည့် ကျောင်းသားက အနည်းငယ်ပဲ ရှိသည်။ သူ့ကို ဘယ်သူမှ သတိမထားမိကြပေ။


အနည်းဆုံး ယွမ်ငါးထောင်၊ ခြောက်ထောင်လောက်ဖြစ်ကြီး ပိုက်ဆံအများကြီးရှိနေသည်။ limited edition ဂိမ်းစက်ကို ဝယ်ဖို့လုံလောက်တယ်...


Gucci ကလည်း အရမ်းဈေးကြီးသလိုပဲ...သူ့ကျောင်းက ဆရာကြီးတွေအားလုံး ဒီအိတ်တံဆိပ်ပဲကိုင်ကြတယ်...


မည်သို့ပင်ဆိုစေကာမူ ထိုလူက ပိုက်ဆံအိတ်ပျောက်နေသည်ကို သတိမထားမိခဲ့ပေ။သူ ကောက်သည်ဖြစ်စေ အခြားသူကောက်သည်ဖြစ်စေ တစ်စုံတစ်ရာ ထူးခြားမှုမရှိပေ။ချိုက်ဟောက် မျက်လုံးလှန်ပြီး ပိုက်ဆံအိတ်ကို အမြန်ဆွဲယူပြီး သူ့ကျောင်းဝတ်စုံရှေ့ဘက် မှာထည့်လိုက်သည်။


ရုတ်တရက် အနောက်ကနေ တစ်စုံတစ်ယောက်၏ ဆိုသံကြားလိုက်ရသာ်။ "ကောင်းတယ်.. ငါ မင်းသူများဟာခိုးတာ ဒုတိယအကြိမ်တွေ့ဖူးတာပဲ"


ချိုက်ဟောက် အလွန်ကြောက်သွားပြီး ခြေထောက်များ တုန်သွားသည်။ သူ မြန်မြန် လှည့်ကြည့်လိုက်သည်။ သတင်းကောင်းမှာ ထိုလူသည် ကျယ်လောင်စွာ မပြောဘဲနေခြင်းဖြစ်သည်။ ပြက်လုံးတစ်ခုလိုပါပင်။ ဖြတ်သွားသော ကျောင်းသားများက စကားစမြည်ပြောနေကြသည်ဟု ထင်ကာ လျစ်လျူရှုထားကြသည်။


သတင်းဆိုးတစ်ခုက ချီကျားကျစ်ပဲဖြစ်နေပြန်၏။


ချီကျားကျစ်က သူ့နားကို ချဉ်းကပ်ပြီး သူ့အသံကို တမင်လျှော့လိုက်သည်။ 

"ဒီတစ်ခါတော့ မင်းကို ခွင့်မလွှတ်ဘူး... ဆရာ့ကိုတိုင်မှာ စောင့်နေ"


"မင်း...မင်း ငါ့ကို စွပ်စွဲနေတာလား... ငါ မခိုးဘူး... စည်းကမ်းထိန်းသိမ်းရေးရုံးကို ယူသွားမလို့"


"မင်း မခိုးဘူးလား... ဒါဆို မင်းကျောင်းဝတ်စုံထဲကို ဘာလို့ထည့်တာလဲ"

ချီကျားကျစ် ရယ်မောလိုက်သည်။

"ဒါ့အပြင် ငါဘောလုံးကို ထောင်ရွှမ် ဆီကို ညင်ညင်သာသာ ပစ်လိုက်ပေမဲ့ မင်းက သူ့ကို ပစ်ပေါက်တယ်ဆိုပြီး ငါ့ကို မဟုတ်တမ်းတရားစွပ်စွဲတယ်... မင်းဘာတွေ တွေးနေတာလဲ"



"ဒါက မဟုတ်တမ်းတရားပြောတာမဟုတ်ဘူး... အများပြည်သူအတွက် မကောင်းမှုကို ဖယ်ရှားလိုက်တာ...မင်းက ကပ်ပါးကောင်ပဲ...မင်းမိသားစုရဲ့ ချမ်းသာမှုကို အားကိုးပြီး ဟိုဟာလုပ်ဒီဟာလုပ်လုပ်တယ်...ထွီ မင်းက မျက်စိစပါးမွှေးစူးစရာကောင်ပဲ...ထောင်ရွှမ်ရဲ့အစ်မက နာမည်ကြီးတဲ့သူကွ မင်းသိလား... အခု ကီးဘုတ်ဖိုက်တာတွေက မင်းကို အရူးလို့ ခေါ်နေကြတာ... ကျောင်းအုပ်ကြီးက မင်းကို ဖိအားအောက်မှာ မကာကွယ်နိုင်ဘူး... အကြိမ်းမောင်းခံရပြီး ပြစ်ဒဏ်အပေးခံရမှာကို စောင့်နေလိုက်"


ချိုက်ဟောက်က ကြိမ်းမောင်းပြီးသည်နှင့် အသက်ပြင်းပြင်းရှူပြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။ 


"ချီကျားကျစ်..ကန်တင်းရဲ့ စောင့်ကြည့်ကင်မရာတွေက ဒါကို မဖမ်းနိုင်ဘူး...မင်းမှာ အထောက်အထားမရှိဘူး၊ ဟုတ်တယ်ဟုတ်...ငါက အခု ပိုက်ဆံအိတ်ကို စည်းကမ်းထိန်းသိမ်းရေးရုံးကို အပ်လိုက်မယ်... တနင်္လာနေ့ကျ ငါ့ကို ဂုဏ်ပြုတဲ့ ရုပ်သံလွှင့်မှုကို

မင်းကြားရလိမ့်မယ်ဟားဟား"


ချီကျားကျစ်က သူ့ကိုမျက်လုံးများမှေးကျဥ်းကာ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက အမုန်းတရားတွေကို ဖုံးကွယ်ထားလို့မရပေ။ သူ့နှုတ်ခမ်းများသည် ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ်သို့ ကွေးသွားသည်။


သူ့လည်ပင်းနားက ဆွဲသီးကြီးကို ဆွဲချွတ်လိုက်၏။ 

"ဒီနေရာမှာ စောင့်ကြည့်ကင်မရာမရှိဘူးလို့ ဘယ်သူပြောလဲ"


စာရေးသူပြောစရာတစ်ခုရှိသည်:နောက်ဆုံးအခန်းနှစ်ခန်းရှိ နတ်သမီးလေးများမေးသောမေးခွန်းများကို ဖြေပါရစေ။[စာရေးသူမှာပြောစရာရှိသည်] ကိုမပိတ်ပါနှင့်။


ပထမဆုံးအနေနဲ့ "စာအုပ်ထဲကို ကူးပြောင်းပြီးနောက် အမြောက်စာမိသားစုရခဲ့တယ်"က အချိန်ခရီးသွားဝတ္ထုတစ်ပုဒ်ပါ။ချီရှင်းချန်နဲ့ ပိုင်ရဲ့တို့မှာ လွတ်လပ်တဲ့ဇာတ်ကွက်တွေရှိပေမဲ့ သူတို့က မူရင်းဝတ္ထု "ည၏မက်မွန်" နဲ့လည်း တွဲထားပါတယ်။ဇာတ်ကွက်နဲ့ လုံးလုံးကြီး ကွဲလွဲလို့ မရပါဘူး။ ငါ့နောက်ထပ်အဖြေကို ဖတ်ဖို့ ဒီနောက်ခံဇာတ်လမ်းကိုပါ ယူသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။


1. မင်းသမီးက ရုတ်တရက် ခွေးတိရစ္ဆာန်မတစ်ကောင် ဖြစ်သွားတယ်။


1 ပထမအခန်းမှာ "ည၏မက်မွန်" ရဲ့ဆက်တင်ကို ရှင်းပြတဲ့အခါ မူရင်းစာသားက ကောက်နုတ်ချက်တစ်ခုပါရှိပြီး မင်းသမီးက ဇာတ်လိုက်ရဲ့သတ်ခြင်းခံရတဲ့ ချီမိသားစုကိုကြည့်ပြီးပြောတယ်။

"အားရဲ့...ရှင်က အရမ်းကောင်းတဲ့အလုပ်တစ်ခုလုပ်ခဲ့တာပဲ... မိသားစုဆိုတာ စည်းစနစ်တကျရှိသင့်တယ်" 

"ချီ" မှာ ဟာသတွေပါဝင်ပေမဲ့ တကယ်ဖြူစင်ပြီး ကြင်နာတတ်တဲ့သူကတော့ ဒီလိုပြောမှာမဟုတ်ပါဘူး။


2 အခန်း8 မှာ ဇာတ်လိုက်က ပထမဆုံးပေါ်လာတယ်။ရှင်းရှင်းက မင်းသမီးကြောင့် ရှုပ်ထွေးလုနီးပါးဖြစ်သွားတယ်။ဒါက မင်းသမီးမှာ အစွမ်းထက်တဲ့ ရောင်ဝါရှိတယ်လို့ အဓိပ္ပာယ်ရတယ်။ဒါ့အပြင် ပိုင်ရဲ့ဂိတ်ထဲကိုမ၀င်ခင် ရှင်းရှင်းက ပိုင်ရဲ့ကို အားပေးနေတဲ့ အပြင်က ပရိသတ်တွေရဲ့ အသံကို ကြားလိုက်ပေမဲ့ မင်းသမီးက မတုန်လှုပ်ဘူး။ပိုင်ရဲ့ဝင်လာတော့ သူမက အံ့သြဟန်ဆောင်ပြီး ပိုင်ရဲ့နဲ့ စကားပြောဖို့ ရှေ့တက်သွားတယ်။ သာမန်မိန်းကလေးတွေက ဒီလိုမလုပ်ဘူး...



3 အခန်း 17၊ ရှင်းရှင်းရဲ့ လက်မောင်းမှာ ဒဏ်ရာရသွားပြီး ပိုင်ရဲ့က မေးခိုင်ကာကွယ်ဆေးထိုးစေချင်တယ်။ထောင်ထောင်က တုံ့ဆိုင်းသွားပေမဲ့ ဖော်ထုတ်ခြင်းမရှိဘူး။အဲဒီအစား ရှင်းရှင်းကို နားလည်ပေးခိုင်းပြီး မေးခိုင်ကာကွယ်ဆေးကို မထိုးဖို့ ပြောခဲ့တယ်။ ဒီအခန်းကို မူလထုတ်ဝေတုန်းက နတ်သမီးလေးတချို့က မင်းသမီးက ခွေးမတစ်ကောင်လို့ ပြောကြတယ် မမှတ်မိဘူးလား။ ဒီအချိန်မှာ သူမ ကိုက်ရတဲ့ အကြောင်းအရင်းကတော့ ရှင်းရှင်း စက်ဘီးစီးတဲ့ ဗီဒီယိုက ပျံ့နှံ့သွားလို့ပါပဲ။


4 ရှင်းရှင်းက သူ့မန်နေဂျာကို ခွဲထုတ်လိုက်ပေမဲ့ ထောင်ထောင်က စကားတစ်ခွန်းမှ မပြောပါ။


5 ရှုရှန့်က စကားတစ်ဝက်ပဲ ပြောပြီး (ခဏတာ မျက်လုံးတွေ ကြည်လင်သွားပြီး ပုံမှန် မာနကြီးပြီး ကြီးစိုးသည့် ပုံစံကို ပြန်ရောက်သွားသည်)


6 ရှင်းရှင်း မူးပြီး ပိုင်ရဲ့ကို သူနဲ့ ကစားခိုင်းပေမဲ့ ထောင်ထောင်က အရမ်းနောက်ကျနေပြီဆိုတာကို သတိပေးဖို့ အစပြုခဲ့တယ်။


7 ရှင်းရှင်းက ထောင်ထောင် ရသင့်တဲ့ အရင်းအမြစ်- ဒါရိုက်တာရှန့်ဗီဒီယိုအတိုလေးဖြတ်တင်ပေးတဲ့အခွင့်အရေးကို ရယူခဲ့တယ်။ အဲဒီအချိန်က ရှင်းရှင်းက ထောင်ထောင်ရဲ့အမူအရာကို သတိမပြုမိပေမဲ့ ထောင်ထောင်က မူမမှန်တော့ဘူး။


ဒုတိယ အကြိမ် သူမရဲ့လက်သည်းတွေကို ပြသခြင်း ( ပိုင်ရဲ့ သူမအခန်းသို့ လာသည်ဟု တမင်တကာ ပြောလိုက်ခြင်း )က ရှင်းရှင်းက သူမရဲ့ဒိန်ခဲကို ထိမိခြင်းကြောင့်ဖြစ်တယ် ( ဒါရိုက်တာရှန့် ဗီဒီယိုတည်းဖြတ်ပေးတာကိုခံရ )။


2.ဒါရိုက်တာရှန့်က ရုတ်တရတ်ဉာဏ်မရှိဖြစ်လာတယ်


1 တစ်ဦးချင်းရှုထောင့်မှ ပြောဆိုခြင်း-ဘယ်ခေတ်မှာမဆို ကြိုးတိုးကြောင်တောင်ဝတ်စားဆင်ယင်တဲ့ ကျောင်းသားတွေကို ဆိုးသွမ်းသူလို့ ခေါ်ဆိုကြတယ်။ ဒါရိုက်တာကိုယ်တိုင်က အသက်ကြီးပြီး ကျောင်းသားတွေကလည်း သက်သေခံနေတာဖြစ်လို့ ကျားကျစ်ကို နားလည်မှုလွဲနေတာက ပုံမှန်ပါပဲ။ ဒါ့အပြင်၊စာအုပ်ထဲမှာ ကျားကျစ်ရဲ့ဆက်တင်က ကျောင်းတွင်းအနိုင်ကျင့်သူဖြစ်တယ်။


2 ရှင်းရှင်း၏လော့ဂျစ်မှ- အစ်ကို လူကောင်းတစ်ဦးဖြစ်တာနဲ့ ညီက လူကောင်းဖြစ်တဲ့အကြောင်း သေချာပေါက်သက်သေမပြနိုင်ပါ။


3 ရှုရှန့်ကို ထောင်ထောင့်ကိုလိုက်ပို့ခိုင်းခြင်း– ဒါရိုက်တာရှန့်က အဲဒီအချိန်က အရက်အလွန်အကျွံသောက်နေပြီး ရှုရှန့်က ဒုက္ခရောက်နေချိန်မှာ ရှင်းရှင်းနဲ့ပြဿနာအမြဲတတ်ပေမဲ့ ထောင်ထောင်နဲ့မဟုတ်ဘူး၊ ဒါရိုက်တာရှန့်က ရှုရှန့်က ဒီလိုလုပ်မယ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။


4 ရုတ်တရက် ဉာဏ်မရှိတာမျိုးမဟုတ် - ရှုရှန့်ဆီက ဖြတ်လိုက်တဲ့အခန်းတွေကို ရှင်းရှင်းနဲ့ထောင်ထောင်ကိုပေးလိုက်ပေမဲ့ သူနဲ့ အကောင်းဆုံး ဆက်ဆံရေးရှိတဲ့ဖုန့်ချင်းယွမ်ကိုမပေးဘူး။ပိုင်ရဲ့က ရှင်းရှင်းကောင်းအကြောင်းကို သူ့နောက်ကွယ်မှာ ပြောပေးပြီး ရှင်းရှင်းကလည်း တကယ်တော်တာမလို့ ရှင်းရှင်းထဲကိုထပ်ထည့်ပေးလိုက်တာ။ရှင်းရှင်းနဲ့ထောင်ထောင်ကြားမှာ ဇာတ်ဝင်ခန်းတွေအများကြီးရှိတာကြောင့် ငါ ရှင်းရှင်း အကြောင်းအသေးစိတ်မသွားတော့ဘူး။


5 ဇာတ်ကြောင်းအရ မင်းဟာ "ည၏မက်မွန်" မှာ ရှိနေသရွေ့ ကူးပြောင်းလာတဲ့ရှင်းရှင်းနဲ့ပိုင်ရဲ့ရယ်၊ရှင်းရှင်းကယ်တာခံရတဲ့ချီမိသားစုကလွဲရင် ဘယ်သူက ကိရိယာပစ္စည်း မဟုတ်လို့လဲ...


3. ချီကျားကျစ် နဲ့ ထောင်ရွှမ်– cp မဟုတ်ပါ။


4. မင်းသမီး နဲ့ ထောင်ရွှမ် — ငါ အဲဒါကို ဆင်သေကိုဆိတ်သားရေနဲ့မဖုံးဘူး။ ဒါပေမဲ့ ထောင်ရွှမ်ရဲ့ သတ်သေချင်စိတ်က တကယ်ကို နာကျင်စရာကောင်းတဲ့ ရောဂါကြောင့်ပါ။


5. အနာဂတ်မှာ ဇာတ်လမ်းက ချိုမြိန်မှာလား။


1 ငါက အမေအရင်းတစ်ယောက်ပါ ၊ အခန်းထဲက နားလည်မှုလွဲတာကို ဖြေရှင်းဖို့ မင်းတို့ကို ပြောပြသင့်တယ်။ နောင်မှာ ဒီလိုမျိုး နားလည်မှုလွဲမှားတာမျိုး ရှိတော့မှာမဟုတ်ပါ။စိတ်ခံစားမှုမျဥ်း

ကြောင်းက ဖြူစင်ပြီး ချိုမြိန်တယ်။ ချိုမြိန်စေဖို့အတွက် ငါ့ကော်လံက တခြားဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။


2 စာအုပ်တစ်အုပ်ဟာ ဗီလိန်မရှိရင် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေက ရှင်းရှင်းကို ထိခိုက်စေမှာမဟုတ်ပါဘူး၊ သူတို့က သူ့ကို ပိုသန်မာလာစေမှာပါ။ အခန်းနှစ်ခန်းသုံးခန်းအတွင်း ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ သူ့ရဲ့စွမ်းရည်ကို ယုံကြည်လိုက်ပါ၊ ဒီအခန်းနှစ်ခန်းရှေ့မှာ မင်းတို့မြင်ခဲ့ရတဲ့ အေးမြမှုကိုလည်း ယုံကြည်ပေးပါ။


6. နောက်ဆုံးစကားများ


ဒီစာပိုဒ်ကို ဖတ်ရှုဖို့ဆန္ဒရှိတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။