အပိုင်း ၆၆
Viewers 27k

Chapter 66




ချီရှင်းချန် စိတ်ပျက်လက်ပျက်ဖြင့် အက်ပ်ကို ပိတ်လိုက်သည်။ သို့သော် ကောင်းသောအချက်မှာ ဤမိုက်မဲသော ဗီဒီယိုကြောင့် နောက်ဆုံးတွင် သူသည် ဟာသအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။


သိုဝှက်ထားသောနှစ်သိမ့်မှုလိုပါပင်။


"ဝိုး~"


ထိုအချိန်တွင် အန်းရန် ဆင်းလာပြီး ချီရှင်းချန်က သူမထက် စောနေသည် ကိုတွေ့လိုက်သည်။ သူမက မေး၏။

"မနက်စာစားပြီးပြီလား ချောမောလှပတဲ့ချီရှင်းချန်" 


"...ကျွန်တော့်ကိုနာမည်ပဲခေါ်" 

ချီရှင်းချန် ပြိုလဲကျသွားသည်။

 "မစားရသေးဘူး"


အန်းရန်လည်း သူ မစားရသေးမှန်း ခန့်မှန်းမိသည်။ ပြုံးပြီး စားစရာတွေ ပေးလိုက်၏။ 

"ငါးပြတိုက်မသွားဘူးလား"


"ဟင့်အင်း...ကျွန်တော် ကျောင်းဝင်းထဲကဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ H University ကို သွားမယ်"


"ဒါဆို ပြီးတော့မှာပဲ" 

အန်းရန်က သူမ၏ လက်ချောင်းများဖြင့် ရေတွက်သည်။ 


"တစ်ပတ်လောက်ပဲကျန်တော့တယ်"


"တစ်ပတ်" ဟူသော စကားကိုကြားသောအခါ ကားထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။


အနုပညာရှင်အများစုသည် အသေးစိတ် ခရီးစဉ်များ ရှိကြသည်။ အလုပ်ပြီးလျှင် သူတို့ဘာဆက်လုပ်ရမည်ဆိုသည်ကို သိကြ၏။ချီရှင်းချန်ကအေးဂျင့်မရှိသော အခြေအနေတွင်ရှိနေသည်။သူဘယ်သွားရမလဲမသိ။


အန်းရန်မှာ ချီရှင်းချန်ကို မေးရက်သည့် နှလုံးသားမရှိပေ။ သူမက တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်လိုက်သည်။ 


"ရှင်းရှင်း...နင်ရဲ့အလုပ်အီးမေးလ်ကဘာလဲ...ငါစစ်ဆေးမလို့"


ချီရှင်းချန်က သူမကို နံပါတ်နှင့်စကားဝှက်ကို ပြောပြခဲ့လိုက်သည်။ အလုပ်ကမ်းလမ်းချက်မရှိမှန်း သူသိသည်။


ချန်နော်ရာက သူ့မည်သူမည်ဝါဖြစ်သည်ကို သိရှိပြီး သူ့အတွက် အလုပ်တစ်ခုစီစဉ်ရန် မဝံ့ရဲခဲ့ပေ။ သူ့တွင် အရင်းအမြစ်များ အတွက် ချန်နော်ရာကို မေးရန်အေးဂျင့်မရှိပေ။ ထုံးစံအတိုင်း၊ သူ့အချိန်ဇယားက အားလပ်နေပေလိမ့်မည်။


"မှန်းစမ်း…"

အန်းရန် spam များကို ဖျက်ရင်း အောက်သို့ ဆွဲချသွားသည်။ စာမျက်နှာနှစ်ခုကို လှန်ကြည့်ပြီးနောက် သူမ ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။


ချီရှင်းချန်က စပ်စုသည်။ 

"ဘာတွေ့တာလဲ"


"အက်ပ...ဘာလို့အသံကဒီလောက်ရင်းနှီးနေပါလိမ့်" 

အန်းရန်က ညည်းညူလိုက်သည်။ 

"အက်ပ…အက်ပရေ့စ်(Après)…"


"ဟုတ်တယ်" 

သူမက စိတ်လှုပ်ရှားစွာပြောသည်။ 

"ဒါက Après... ရေမွှေးဘရန်း...လွန်ခဲ့တဲ့ လေးရက်က နင့်ရဲ့အီးမေးလ်ထဲကို အီးမေးလ်တစ်စောင် ပေးပို့ခဲ့တယ်"


ချီရှင်းချန်လည်း ၎င်းအပေါ်မှာ အနည်းငယ် အထင်အမြင်ကောင်းရှိခဲ့သည်။ Après သည် အသေးစား ပြင်သစ်အလှကုန်ဘရန်းဖြစ်သည်။ အရမ်းကြီးနာမည်ကြီးသည်မဟုတ်ပေမဲ့ သူ၏ရနံ့နှင့်အရည်အသွေးထိန်းချုပ်မှုက ကောင်းမွန်၏။သူတို့ စကားပြောနေတုန်း ချီယွီကျီးက၎င်းကို ထည့်ပြောခဲ့ဖူးသည်။



"Aprèsကဘာပြောတာလဲ" 

သူကမေးလိုက်၏။



"ခဏနေဦး ငါမဖွင့်ရသေးဘူး" 


အန်းရန် အပေါ်ကနေ အောက်ကို ဖတ်လိုက်သည်။ 

"ပေးပို့သူက Aprèsရဲ့ထုတ်ကုန်မန်နေဂျာဖြစ်ကြောင်း ပြောထားတယ်.. အာရှမှာ သူတို့ရဲ့ ရေမွှေးအသစ်အတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်ဖို့ စိတ်ဝင်စားသလား မေးထားတယ်... ဝိုး ရှင်းရှင်း ...ပြောရေးဆိုခွင့်ရှိသူနော်...နင် ပြောရေးဆိုခွင့်ရှိသူဖြစ်တော့မယ်


"နင်မပျော်ဘူးလား" 

အန်းရန် ပျော်လွန်း၍ ထခုန်လုနီးပါးဖြစ်ခဲ့သည်။


ချီရှင်းချန်ကမူ ဤမျှလောက်ရိုးရှင်းသည်ဟု မထင်ခဲ့ပါချေ။


သူ့တွင် မည်သည့်အလုပ်နှင့် ကျော်ကြားမှုမှ မရှိခဲ့ပေ။ တစ်ဖက်က သူ့ဆီကနေ ဘာမြင်လို့လဲ... ဘာကြောင့် သူ့ကို သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်စေချင်တာလဲ...


"အစ်မအန်းရန်..သူတို့က ဆက်သွယ်ဖို့ ဖုန်းနံပါတ် ထားခဲ့လား"


"သူတို့ နံပါတ်တွေ ထားခဲ့တယ်"


"သူတို့ကို ခေါ်ပေးပါဦး.. ကျွန်တော်က သူတို့နဲ့ တွဲလုပ်ဖို့ကို စိတ်ပါဝင်စားကြောင်း သူတို့ကို ပြောပြလိုက်ပါ"


"ကောင်းပြီ" 

အန်းရန်က ဘာပြောရမလဲဆိုတာ စဉ်းစားပြီး နံပါတ်ကို နှိပ်ပြီး စပီကာဖွင့်လိုက်သည်။


မန်နေဂျာ၏လက်ထောက် သို့မဟုတ် ဘာသာပြန်က ဖုန်းကို ဖြေကြားခဲ့သည်။အန်းရန်က သူမ၏ ရည်ရွယ်ချက်ကို ဖော်ပြပြီးနောက်တွင် ထုတ်ကုန်မန်နေဂျာက နံနက်ပိုင်းတွင် အစည်းအဝေးတစ်ခု ပြုလုပ်နေကြောင်း တစ်ဖက်မှ ပြောကြားခဲ့သည်။ သူတို့စိတ်မရှိပါက နေ့ခင်းပိုင်း သို့မဟုတ် ညနေပိုင်းတွင် audition လုပ်ရန် စီစဉ်ပေးနိုင်သည်ဟုဆိုသည်။


"audition" ဟူသော စကားလုံးကိုကြားသောအခါ ချီရှင်းချန်သဘောပေါက်သွားသည်။သူတို့က သူ့ကို ရွေးချယ်ခဲ့ခြင်းမဟုတ်ဘံ သူ့ကို ရွေးချယ်မှုတွေထဲက တစ်ခုအဖြစ် စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။


ညနေပိုင်း ချိန်းဆိုရန် အန်းရန်ကိုပြောလိုက်သည်။ ခေါ်ဆိုမှုပြီးဆုံးပြီးနောက် တစ်ဖက်လူက သဘောတူပြီး လိပ်စာနှင့် အချိန်ကို ပေးပို့ခဲ့သည်။


.


City S သည် City H မှ လေယာဉ်ဖြင့် မိနစ် ၄၀ ဝေးသည်။ မနေ့က လေယာဥ်ဆင်းသက်ပြီးနောက် ပိုင်ရဲ့ အစမ်းလေ့ကျင့်မှုပြုလုပ်ရန် City S ကွင်းသို့ တည့်တည့်သွားခဲ့ပြီး ညပိုင်းအထိ အလုပ်များနေခဲ့သည်။


ဤမနက် အင်တာဗျူးအပြီးမှာ တုန်ချန်က သူ့ကို ကြိုဆိုသည့် ညစာစားပွဲလုပ်ပြီး ရသစုံစုံရှိုးအစီအစဉ်တွေအကြောင်း ပြောချင်သည်ဟု ပြော၏။ပိုင်ရဲ့ ဤညစာစားပွဲကို မငြင်းနိုင်ဘူးဆိုသည်ကို သူသိသည်။စတူဒီယိုမှထွက်လာပြီးနောက် တုန်ချန်က ကြိုတင်မှာယူထားသည့် စားသောက်ဆိုင်သို့ ဧည့်ခံဝန်ထမ်းကိုပို့ခိုင်းခဲ့သည်။


အားလွင်က သူနှင့် နှစ်ရက်ကြာ အလုပ်လုပ်ပြီး ပင်ပန်းနေသည်။ လမ်းမှာ သူ တဝါးဝါး သမ်းဝေရင်း သူ့ဖုန်းနှင့် ကစားနေသည်။


အားလွင်က ရုတ်တရက် သူ့ဗိုက်ကို ကိုင်လိုက်ပြီး ပိုင်ရဲ့ကိုပြောသည်။

"ဘော့စ် ဒါကိုကြည့်...ဟားဟားဟား ငါရယ်ရလို့ သေတော့မယ်"


ပိုင်ရဲ့က သီချင်းအသစ်၏ဗီဒီယိုကို စစ်ဆေးနေ၏။ သူနှင့် စကားမပြောချင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်ဆက်လုပ်သည့။


"ကြည့်"

သူက အလုပ်မှာ လူတွေနှင့် စကားပြောရသည်ကို မကြိုက်မှန်း အားလွင်သိသည်။ 

"ရှင်းရှင်း"


"ဟင်"



ပိုင်ရဲ့ အားလွင်ထံမှ ဖုန်းကိုယူကာ မိုးပျံပူဖောင်းရှိုးပွဲတစ်ခုလုံးကို ကြည့်လိုက်သည်။သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


အခြားလူများက ဖန်လေး၏အခန်းသို့ မရောက်ဖူးသောကြောင့် ဖန်လေးအခန်းကပြတင်းပေါက် ၏ရှိရာဘက်ကို မသိနိုင်ပေ။သို့ပေမဲ့ သူက အရင်ကရောက်ဖူးခဲ့သည်။ဗီဒီယိုထဲက မိုးပျံပူဖောင်း၏ အနေအထားက ဖန်လေး ပြတင်းပေါက်ကို တိုက်ရိုက်မျက်နှာမူထားသည်။


တစ်စုံတစ်ယောက်က ဖန်လေးအား ၎င်းတို့၏ချစ်ခြင်းမေတ္တာကိုပြသရန် မိုးပျွပူဖောင်းကို တမင်တကာ လွှတ်တင်ခဲ့သည်ဟုဆိုသော်လည်း ၎င်းသည် ဖန်အားပေးမှု(fan's support)မဟုတ်ပေ။


ပိုင်ရဲ့၏ လက်ချောင်းတွေက ကုလားထိုင်လက်တန်းပေါ်ကို နှစ်ကြိမ် ပုတ်လိုက်သည်။ ထို့နောက် သူက အားလွင်၏ဖုန်းကို ငှားပြီး ချီရှင်းချန်၏ပင်မစာမျက်နှာကို ဖွင့်လိုက်သည်။


ထုံးစံအတိုင်း လက်မှတ်တောင်းခံမှု၏ ဇာတ်လမ်းတစ်ခုလုံးကို သူတွေ့လိုက်ရသည်။


သူဘာမှပြန်မပြောဘဲ အားလွင်ထံသို့ ဖုန်းပြန်ပေးလိုက်သည်။


နာရီဝက်လောက်ကြာသောအခါ စားသောက်ဆိုင်ကို ရောက်သွား၏။တုန်ချန်TV ၏ လက်ထောက်မန်နေဂျာနှင့် ဒါရိုက်တာ၊ ညှိနှိုင်းရေးမှူးနှင့် ရသစုံးရှိုးထုတ်လုပ်သူတို့အားလုံး ရောက်နေသည်။ အားလုံးက ခဏလောက် စကားစမြည်ပြောပြီး အဓိကအကြောင်းအရာကို ရောက်သွား၏။


"ရှောင်ပိုင်"

လက်ထောက်မန်နေဂျာက မေးသည်။

"'My Time'အတွက် စာချုပ်ကို ဖတ်ပြီးပြီလား"


"My Time" သည် ရသစုံရှိုး၏ နာမည်ဖြစ်သည်။ပိုင်ရဲ့က ခေါင်းညိတ်လိုက်၏။ 

"ဖတ်ပြီးသွားပြီ...ရှေ့နေက စည်းကမ်းချက်တွေအားလုံးက ကျွန်တော့်ကိုမျက်နှာသာပေးထားတာလို့ပြောတယ်... ပြဿနာမရှိပါဘူး"


"မင်းရဲ့မျက်နှာသာပေးမှုကြောင့်မဟုတ်ရင် ငါတို့မင်းကိုဖိတ်နိုင်မှာမဟုတ်ဘူး...ဒါဆိုငါပြန်သွားပြီးတရားဝင်စာချုပ်တစ်ခုရေးဆွဲဖို့ရှေ့နေကိုတောင်းဆိုလိုက်မယ်...အဲဒါကိုလက်မှတ်ထိုးဖို့အခွင့်အရေးရှာမယ်... မင်းကို စကားပြန်ရုတ်သိမ်းဖို့ခွင့်နပြုဘူးနော်"


"ကျွန်တော် မလုပ်ပါဘူး" 

ပိုင်ရဲ့က ပြုံးလိုက်သည်။ 

"စိတ်မပူပါနဲ့"


ပိုင်ရဲ့၏အတည်ပြုချက်ကိုလက်ခံရရှိပြီးနောက်၊ လက်ထောက်မန်နေဂျာ၏အမူအရာမှာ တည်ငြိမ်သွားခဲ့သည်။ သူ သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။ 

"မင်းနဲ့ဆိုရင် 'My Time' က တစ်ဝက်လောက်အောင်မြင်သွားပြီ...နောက်ဆုံးတော့ ကောင်းကောင်းအိပ်ပျော်ပြီး ကျန်တဲ့ နည်းပြတွေကို အပြီးသတ်နိုင်ပါပြီကွာ"


သူ၏သနားစရာကောင်းသည့်စကားတွေကိုကြားသောအခါ ပိုင်ရဲ့က ခပ်တိုးတိုးမေးလိုက်သည်။

"ဘယ်နှစ်ယောက်ဆုံးဖြတ်ပြီးပြီလဲ"


"မင်းက ပထမဆုံးပဲ... အက၊ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းတွေက သုံးရက်လောက်ကြာရင် ပြေလည်သွားမှာပါ...ကြယ်အလင်းတန်းရှာဖွေသူက ရှာရ မလွယ်ကူဘူး...ငါ ဖိုင်နည်းနည်းလောက် လက်ခံရရှိထားပေမဲ့ အထူးတလည်ကျေနပ်စရာ ဘယ်သူမျှ မတွေ့သေးဘူး... နောက်မှ မင်း အချိန်ရရင် ငါ့ကိုအကြံဥာဏ်လေးဘာလေး ပေးလို့ရတယ်"


"ကြယ်အလင်းတန်းရှာဖွေသူ..." 

ပိုင်ရဲ့ ခဏလောက် စဉ်းစားလိုက်သည်။ "လိုအပ်ချက်တွေက ဘာတွေလဲ"


"အကုန်လုံးနည်းနည်းစီလောက်သိရင် အကောင်းဆုံးပါပဲ...ဘာလို့လဲဆို post-productionအပိုင်းတစ်ခုရှိတယ်လေ" 

လက်ထောက်မန်နေဂျာက ရပ်လိုက်သည်။ 


"ဒါပေမဲ့ ကျွမ်းကျင်ဖို့ မလိုပါဘူး... ဘာဖြစ်လို့လဲဆိုတော့ ဒီအခန်းကဏ္ဍရဲ့ အဓိကတာဝန်က ပြိုင်ပွဲဝင်တွေက ပွဲဦးထွက်အတွက် လိုအပ်ချက်တွေနဲ့ ပြည့်မီခြင်း ရှိ၊ မရှိကို ဓမ္မဓိဌာန်ကျကျ စောင့်ကြည့်ဖို့ပါပဲ...အကနည်းပြကို အကအမျိုးအစားကိုပဲ အားသန်နေပြီး သရုပ်ဆောင်နည်းပြက သရုပ်ဆောင်တဲ့အမျိုးအစားကိုပဲအားသန်နေရင် ပျင်းစရာ ကောင်းလိမ့်မယ်"


လက်ထောက်မန်နေဂျာ၏ စကားကိုကြားပြီးနောက် ပိုင်ရဲ့၏စိတ်လှုပ်ရှားသွားသည်။



သူက လက်ဖက်ရည်ခွက်၏ အစွန်းတစ်ဝိုက်ကို လက်ညှိုးနှင့် ဝိုင်းဆွဲလိုက်သည်။ သူ၏ အေးစက်စက် ဖြူဖွေးသော အသားအရည်က အဖြူရောင်ကြွေထည်များထက် ပိုဖြူနေပုံရပြီး ရောက်ရှိလာသော အမျိုးသမီးအားလုံး၏ မျက်လုံးများက ၎င်းပေါ်တွင် တင်းတင်းကြပ်ကြပ် စွဲကပ်နေသည်။


"'ဘက်ဂျက်ခရီးသွားကြမယ်' ကို ကြည့်ဖြစ်ခဲ့သေးလား"


ပိုင်ရဲ့က ပြောလိုက်၏။ 

"လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ချီရှင်းချန်လို့ ခေါ်တဲ့ ဧည့်သည် ရှိတယ်...ခင်ဗျား စဉ်းစားလို့ရတယ်"


"ချီရှင်းချန်... ငါသိတယ်... ကောင်းပြီ၊ ငါပြန်သွားပြီး သူ့အချက်အလက်တွေကို သေသေချာချာ ပြန်စစ်ကြည့်မယ်"


အကြံပြုစကားတစ်ခွန်းလောက်က လုံလောက်၏။ပိုင်ရဲ့က ဆက်ပြောလိမ့်မည်မဟုတ်ပေ။ယေဘုယျ ဦးတည်ချက်ကို ဆွေးနွေးပြီးနောက်၊ သူ တုန်ချန်နှင့် ရသစုံရှိုး၏အသေးစိတ်အချက်အချို့ကို ဆွေးနွေးခဲ့သည်။


ဤညစာစားပွဲက အလွန်ကျေနပ်စရာကောင်းခဲ့၏။ အဆုံးတွင် ပိုင်ရဲ့က လက်ထောက်မန်နေဂျာကို ရပ်လိုက်ပြီးပြောသည်။ 

"စကားမစပ် ဂီတပွဲတော်ရဲ့ ပထမတန်းအတွက် လက်မှတ်နှစ်စောင် ထားခဲ့ပေးပါ"


"မင်း လက်မှတ်လိုချင်ရင် လက်ထောက်မန်နေဂျာဆီသွားလိုက်ရုံပဲလေ... မင်းကတကယ် တစ်ခုခုပဲ" 

လက်ထောက်မန်နေဂျာက ရယ်ရမလား ငိုရမလားမသိဖြစ်နေသည်။ 

"ကောင်းပြီ ငါပြန်သွားပြီး မင်းအတွက် လက်မှတ်နှစ်စောင်ထုတ်လိုက်မယ်... မင်းက ဘယ်သူ့ကိုပေးမလို့လဲ"


ဘယ်သူ့ကိုလဲ...


သူ့ Weibo မှာ လက်မှတ်တွေတောင်းနေသည့် ဖန်လေးအကြောင်းတွေးရင်း ပိုင်ရဲ့ မရယ်မိဘဲမနေ နိုင်ဖြစ်သွားသည်။ 

"ဘယ်သူမှ မဟုတ်ပါဘူး...ကျွန်တော့်ဖန်ကို ဖျော်ဖြေပွဲကိုဖိတ်မလို့ပါ"


ကောလိပ်ကျောင်းသားဘဝက အတန်းတက်၊ ဂိမ်းဆော့၊ ကိုယ်ကြိုက်သည့် မိန်းကလေးအကြောင်း ပြောသည်ထက် ဘာမှ မပိုပါချေ။ အချစ်ဇာတ်ဝင်ခန်းတွေထက် သရုပ်ဆောင်ရ ပိုလွယ်၏။ချီရှင်းချန် ၎င်းကို လွယ်ကူစွာ ကိုင်တွယ်ခဲ့ပြီး တစ်ရက်ခွဲအတွင်း အခန်းများကို အမှန်တကယ် ပြီးမြောက်ခဲ့သည်။


ရိုက်ကူးရေးပြီးသွားပြီးနောက် အန်းရန်ကတိုးတိုးလေးပြော၏။

"ရှင်းရှင်း...နင့်ကို ပိုပြီးစနစ်တကျမိတ်ကပ်လိမ်းပေးဖို့ မိတ်ကပ်ပညာရှင်လိုသေးလား" 


ချီရှင်းချန် ယခင်က audition မပြုလုပ်ဖူးသော်လည်း မူရင်းပိုင်ရှင်သည် ဘရန်း၏ ထုတ်ကုန်များကို တစ်ခါမျှ မစမ်းကြည့်ဖူးပေ။

"မထင်ပါဘူး...မိတ်ကပ်လိမ်းဖို့တော့ လိုမယ်ထင်တယ်... အခု အဲဒီကိုရောက်ရင် ပြန်ဖျက်ရမှာ... တော်တော်ဒုက္ခများတယ်"


အန်းရန်က သူပြောသည်ကမှန်သည်ဟုထင်၏။ထိုသို့ဖြင့် လူသစ်နှစ်ယောက်သည် ဦးလေးချင်နှင့် လူဟောင်းများ၏ အစောင့်အကြပ်အောက်မှာ ချိန်းထားသည့်နေရာကို ရောက်သွားသည်။


ဤစတူဒီယိုသည် Après ၏ H ပြည်နယ်ဌာနခွဲဖြစ်သည်။ အလုပ်ဆင်းချိန်ဖြစ်၍ ဝန်ထမ်းအများစုက ထွက်သွားကြပြီဖြစိသည်။ ရုံးခန်းနှစ်ခုသာ ကျန်ခဲ့သည်။


တစ်ခုမှာ ကုန်ပစ္စည်းမန်နေဂျာ၏ ရုံးခန်းဖြစ်ပြီး နောက်တစ်ခုက အလင်းရောင်များ ရံဖန်ရံခါ ပေါ်လာသည်။ယင်းကက audition စတူဒီယိုဖြစ်နိုင်၏။


သူတို့ဝင်လာသည်ကိုမြင်သောအခါ ဖုန်းထဲကလူက အလျင်အမြန်ခရီးဦးကြိုသည်။

"မင်္ဂလာပါ မစ္စတာချီ... မန်နေဂျာက မင်းကိုစောင့်နေတယ်... ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ"


သူတို့ ထိုလူနောက်သို့လိုက်ကြ၏။ စတူဒီယိုကိုဖြတ်သွားသောအခါ အတွင်းထဲသို့ သိလိုစိတ်ဖြင့် ကြည့်မိကြသည်။


အာရှသားတစ်ဦးနှင့် ကုလားဖြူတစ်ဦးက မျက်နှာချင်းဆိုင်ထိုင်နေသည်။ရင်ထိုး၊ နာရီနှင့် အခြားအသုံးအဆောင်ပစ္စည်းများဖြင့် သပ်ရပ်စွာ ၀တ်ဆင်ထားကြသည်။ သူတို့က audition ကိုစောင့်ဆိုင်းနေသည်မှာထင်ရှားသည်။


"ဝေချင်လည်း ရောက်နေတာပဲ…" 

အန်းရန် ချီရှင်းချန် သူ့ကို မသိမှာကို စိုးပြီးပြောပြလိုင်သည်။

"ရှင်းရှင်း အဲဒီတရုတ်ကောင်လေးကဝေချင်"


"သူက စတားလား" 

ချီရှင်းချန် စပ်စုလိုက်သည်။


"ကောင်းပြီ... အရင်နှစ်တုန်းက 'My Time' ရဲ့ Centerပဲ...သူက အခု B-list နဲ့ A-list ကြားမှာ ဝဲနေတယ်...သူက A-list လို့ ခေါ်လို့ရတဲ့ နာမည်ကြီးတစ်ယောက်ပဲ"


"My Time" သည် မကြာသေးမီနှစ်များအတွင်း ထိပ်တန်း talent show သုံးခုအနက်မှ တစ်ခုဖြစ်သည်။ "My Time" မှ ထူးချွန်သော သင်တန်းသားများသည် ဆိုးရွားသော အသက်မွေးဝမ်းကြောင်းများ မရှိသလောက်နည်းပါးသည်။


နှစ်နှစ်အတွင်းမှာ Aအဆင့်စာရင်းဝင်နာမည်ကြီးတစ်ယောက်ဖြစ်လာရန် ဝေချင်က သေချာပေါက် လုံလောက်အောင်သန်မာလေသည်။


သူ၏အဆင့်နှင့်ပင် audition လုပ်ရန် လိုအပ်နေသေးသည်။ကြည့်ရသည်မှာ Après က ယခုတစ်ကြိမ် အာရှဈေးကွက်သို့ ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ချီရှင်းချန် သူမရောက်မီက အနည်းငယ် စိတ်လှုပ်ရှားခဲ့သော်လည်း ယခုအခါ သူစိတ်မပူတော့ပေ။


သူ့ပြိုင်ဘက်က အလွန်သန်မာသည့်အတွက် ပုံမှန်အတိုင်းပဲ သူ လုပ်ရုံဖြစ်၏။ သူအောင်မြင်နိုင်လျှင် အောင်မြင်လိမ့်မည်။မအောင်မြင်နိုင်လျှင် နောက်ထပ်အခွင့်အရေးကို စိတ်ရှည်ရှည်နှင့် စောင့်ရမည်။


သူ့အဆင့်နှင့် ပတ်သက်ပြီး သူ့မှာအလွန်ကို ရှင်းလင်းသောအမြင်ရှိ၏။လူသစ်အဆင့်ကို လူသစ်ကျေးရွာတွင် မွန်းစတားများကိုတိုင်ခိုက်ကာ အဆင့်မြှင့်သင့်သည်။ သူသည် ထိပ်ဆုံးသို့ တက်ရန် တစ်ခါမှစိတ်ကူးမယဉ်ခဲ့ဖူးပေ။



ထုတ်ကုန်မန်နေဂျာသည် လှပသော ပြင်သစ်အမျိုးသမီး ကမ်မီရာ(Camille) ဖြစ်သည်။ လက်ထောက်က သူတို့ကို ခေါ်လာသည့်အခါ Camilleက သူတို့ကို ပြင်သစ်ကျင့်ဝတ်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်၏။ချီရှင်းချန် နှုတ်ခွန်းဆက်စကား ပြန်ပြောပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

(T/N–နာမည်ကပြင်သစ်အသံထွက်နှင့်ဖြစ်သည်။)


ထို့နောက် သူမက ပြင်သစ်ဘာသာဖြင့် စကားအနည်းငယ်ပြောလိုက်ကာ လက်ထောက်က ဘာသာပြန်ပေးသည်။

"မန်နေဂျာက မင်းကို ဒီလောက်ငယ်ပြီး ချောမောမယ်လို့ မမျှော်လင့်ထားဘူးတဲ့"


"ကျေးဇူးပြုပြီး မစ္စ Camille ကို သူမကိုလည်း ဒီလောက် ကြော့ရှင်းပြီး လှပဖို့ မမျှော်လင့်ထားဘူးလို့ပြောပေးပါ"


လက်ထောက်က ဘာသာပြန်ပေးပြီးနောက် Camille ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။ ထို့နောက် သူမက စကားအနည်းငယ်ပြောလိုက်သည်။


လက်ထောက်က ဆက်ပြီး ဘာသာပြန်၏။ 

"သူက မင်းနဲ့ ဝေလငါးဖြူတွေ ရေထဲ ကူးနေတဲ့ ဗီဒီယိုကို ပထမဆုံး မြင်လိုက်တာနဲ့ နွေရာသီ ရေမွှေး အသစ်ကို ချက်ခြင်း တွေးမိတယ်...ပထမမှတ်စုက ပင်လယ်မျက်နှာပြင်ပေါ်က လတ်ဆတ်တဲ့ ပင်လယ်လေနုအေးနဲ့တူပြီး နောက်ဆုံးမှတ်စုက သစ်ကတိုးပင်နဲ့ ဗနီလာအမြစ်တွေပေါင်းစပ်ထားမှုဖြစ်ပြီး နက်ရှိုင်းတဲ့ပင်လယ်ကြီးရဲ့ ငြိမ်းသက်အေးချမ်းမှုနဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကိုဖော်ပြနေတယ်"


ချီရှင်းချန် Après က သူ့ကို audition မှာ ဘာကြောင့် ဖိတ်ကြားခဲ့သည်လဲဆိုသည်ကို မသိခဲ့ပေမဲ့ ယခု သူသိသွားပြီဖြစ်၏။သူမက လူနှင့် ဝေလငါးတို့ အတူတူကနေသည့် ဗီဒီယိုကို မြင်လိုက်ရခြင်းဖြစ်သည်။


နှစ်ဦးနှစ်ဖက် ခဏတာ စကားစမြည်ပြောကြပြီး လက်ထောက်က စတူဒီယိုမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ 

"စက်က အဆင်သင့်ဖြစ်ခါနီးပြီ... မစ္စတာချီ audition ကို အရင်သွားရအောင်"


"ကောင်းပြီ" 

ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။


စတူဒီယို၏ အပြင်အဆင်က အလွန်ရိုးရှင်းသည်။ စတူဒီယိုတစ်ခုလုံးကို ဖြတ်သွားသော အဖြူရောင်လမ်းတစ်ခုရှိပြီး လမ်း၏တစ်ဖက်တွင် အပြာရောင်ပင်လယ်ရေတို့ဖြင့် ရေချိုးကန်ကြီးတစ်ခုရှိသည်။ ထို့အပြင် ကြမ်းပြင်ပေါ်တွင် ရေမွှေးသုံးပုလင်းသာ ရှိသည်။


ပုလင်းများကို ထူထဲသောနက်ပြာရောင်ဖန်ဖြင့် ပြုလုပ်ထားပြီး ပုံမမှန်သော ဗဟုဂံများအဖြစ် ပိုင်းဖြတ်ထားသည်။ နော်ဇယ်တွင် ငွေရောင်လက်စွပ်တစ်ကွင်း ပါရှိပြီး နက်ပြာရောင်သေတ္တာကို ဖွင့်ရန် သော့ဖြစ်ပုံရသည်။


"ဒီရာသီရဲ့ ထုတ်ကုန်အသစ်ရဲ့ အဓိက စတိုင်ကို Siren(မာယာရှင်ရေသူ) လို့ခေါ်ပြီး ကျားမမရွေးသုံးရတဲ့ ရနံ့ပါ" 

Camille က ကြမ်းပြင်ပေါ်ရှိ ရေမွှေးကို ညွှန်ပြသည်။ 

"Audition မှာ ဘ

ာမေးခွန်းမှ မရှိပါဘူး... မင်း လုပ်ချင်သလို လုပ်နိုင်ပါတယ်... မင်းရဲ့ နှလုံးသားထဲမှာ Siren ကို ပုံဖော်ဖို့ပဲ လိုတယ်"


ကုလားဖြူ၊ ဝေချင် နှင့် ချီရှင်းချန်တို့က နားလည်ကြောင်းပြသရန် ခေါင်းညိတ်ပြကြသည်။


"ဒါဆို စလိုက်ရအောင်...တဝေ မင်းအရင်သွားမလား"