Chapter 70
နောက်ဆုံးဇာတ်ဝင်ခန်းတွင် ရှန့်ယွီလျန်ကဆိုသည်။
"ရှောင်ချီ...လင်းရှောင်အတွက် ပြီးပြည့်စုံတဲ့အဆုံးသတ်ကို မင်းရေးဆွဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ချီရှင်းချန်ကပြန်ဖြေလိုက်၏။
"အင်း"
ရှန့်ယွီလျန်က ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။
"ဇာတ်ဝင်ခန်း အဆင်သင့်ဖြစ်ပြီလား"
"ပစ္စည်းတွေက နေရာချပြီး"
"ပူဖောင်းစက်က အဆင်သင့်"
"ကင်မရာ 2၊ 3 နဲ့ 8 နေရာယူပြီး"
ဘုတ်ပြားရိုက်သံနှင့်အတူ မင်္ဂလာတေးသံက လေဟာပြင်ဝင်ကြီးတစ်ခုလုံးကိုဖြတ်၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ကျိယန်က သူမအဖေ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမချစ်သော ယောက်ျားဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
လင်းရှောင်က ပရိသတ်ရှေ့တွင် ထိုင်ကာ ရိုးသားစွာ ကတိသစ္စာပြုကြသည်ကို ကြည့်ရှုနေခဲ့သည်။ သူ မတတ်နိုင်ဘဲ အတွေးထဲတွင် နှစ်မျောသွားမိသည်။
"မြန်မြန်"
"ကျိယန် ဘာလို့ဒီလောက်ထိပစ်ခဲ့တာလဲ"
"ကျေးဇူးပြုပြီး ဘုရားသခင်၊ ကျွန်မမိအောင်လုပ်ပေးပါ...ကျွန်မ လက်ထပ်ချင်တယ်"
"ဘာလို့အဲဒီကိုပျံသွားရတာလဲ...သတိထားနော် ကိုလူချော"
ဆူညံသံများကြားတွင် လင်းရှောင် သူ့မျက်နှာဆီကို တစ်ခုခု တည့်တည့်တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။သူ မသိစိတ်ကနေ ဖမ်းရန်း လက်လှမ်းမိလိုက်၏။မွှေးရနံ့ပြင်းပြင်းက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကျိယန်၏ပန်းစည်းကိုတွေ့လိုက်ရ၏။
ကျိယန်က ဖုန့်ချင်းယွမ်လက်ကို ကိုင်ပြီး လင်းရှောင်ဆီကို လျှောက်သွားသည်။
"လင်းရှောင်... ငါ့ပန်းစည်းကိုရပြီးရင် နင်အရမ်းပျော်ရလိမ့်မယ်"
"ကောင်းပြီ ကျေးဇူးပါ"
လင်းရှောင်းက ပြုံးပြီး သူလေးလေးနက်နက် ချစ်ရသည့်ကောင်မလေးကို ကြည့်လိုက်၏။
မင်းမှရှိဘဲ ကိုယ်ဘယ်မှာသွားပျော်ရမှာလဲ...
"ကဒ်"
ရှန့်ယွီလျန်က ချီရှင်းချန်ကို လက်မထောင်ပြသည်။
"မင်းကစိတ်မပျက်စေဘူးပဲ...ရိုက်ကူးရေးတွေကို အချိန်မီပြီးအောင် လုပ်နိုင်တယ်"
၎င်းကိုကြားသောအခါ ရိုက်ကွင်းထဲကလူတိုင်းက ပစ္စည်းတွေချပြီး ချီရှင်းချန်ကို ဝိုင်းထားကြသည်။
"ရှင်းရှင်း ရိုက်ကူးရေးပြီးသွားလို့ ဂုဏ်ယူပါတယ်"
"နောက်တစ်ရက်မှ နင်ထွက်သွားလို့ရမလား ...ငါ နင်နဲ့တကယ်မခွဲနိုင်ဘူး"
လက်ထောက်ဒါရိုက်တာက သူကြိုတင်ပြင်ဆင်ထားသည့် ပန်းစည်းကိုထုတ်ပြီး ချီရှင်းချန်ကို ပေးလိုက်၏။
"ရှင်းရှင်း...မင်း ဒီအတောအတွင်းမှာ ကောင်းကောင်းလုပ်ခဲ့တယ်...ငါတို့အားလုံး မင်းကို အရမ်းသဘောကျကြတာကွ"
"ဟုတ်တယ် ဟုတ်တယ်"
ရိုက်ကွင်းက ညံပွက်နေသည်။ လူတိုင်းက "ငါတို့အားလုံး မင်းကို အရမ်းသဘောကျတယ်"ဟု အော်ဟစ်လိုက်ကြသည်။
ချီရှင်းချန် သူ့ဘဝတွင် ပထမဆုံးအကြိမ် ရိုက်ကူးရေးအဆုံးသတ်ခြင်းကို ခံစားခဲ့ရခြင်းပင်။ ပျော်ရွှင်ပြီး လွယ်ကူမည်ဟု သူထင်ခဲ့၏။ထိုကဲ့သို့သောအော်သံများကိုကြားသောအခါ လည်ချောင်းထဲမှာ ဆိုနင်မလာဘဲမနေနိုင်။
သူ ပန်းစည်းကိုယူ၍ လူအုပ်ရှေ့တွင် လေးနက်စွာ ဦးညွှတ်လိုက်သည်။
“ပထမဆုံးအကြိမ် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်ပါတယ်...အတွေ့အကြုံမရှိတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် လူတိုင်းကို ဒုက္ခများစွာ ပေးခဲ့မိပါတယ်... သည်းခံပြီး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော် အမြဲသတိရနေမှာပါ"
"နှိမ့်ချမနေပါနဲ့"
ကင်မရာအဖွဲ့ခေါင်းဆောင်က ပြောသည်။
"မင်းက အသစ်တွေထက် အများကြီးသာတယ်... ညီအစ်ကိုတို့ ရှင်းရှင်းကို 'Like'ပေးကြစို့!"
ကင်မရာအဖွဲ့ခေါင်းဆောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လူငယ်တစ်စုက လူအုပ်ထဲကို တိုးဝင်လာသည်။ချီရှင်းချန် 'Like'ကမည်ကဲ့သို့"ဖြစ်သည်ကို တွေးနေချိန်မှာ လေပေါ်သို့ မြောက်သွား၏-
လူတိုင်းက သူ့ကို အမြင့်ကို မြှောက်လိုက်ကြသည်။
"ရှင်းရှင်း ငါတို့ မင်းကို ချစ်တယ်..."
.
တတိယ အမျိုးသားဇာတ်ဆောင်က နှုတ်ဆက်ပွဲပါတီနှင့် မထိုက်တန်ပါချေ။ရှန့်ယွီလျန်က လက်ထောက်ဒါရိုက်တာကို နောက်ရိုက်ကွက်ကို စီစဉ်ခိုင်းပြီး ချီရှင်ယချန်ကို ကားပါကင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့သည်။
ကားပေါ်မတက်ခင်မှာ ရှန့်ယွီလျန်က သူ့ကို တားလိုက်တယ်။
"ရှောင်ချီ ရိုးရိုးသားသားပြောရရင် မင်းရဲ့ပရိုဖိုင်ကိုမြင်လိုက်တုန်းက ငါမကျေနပ်ခဲ့ဘူး ...ဒါပေမဲ့ မင်းကငါ့ကို အံ့အားသင့်စေခဲ့တယ်...မင်းကို တကယ့် လင်းရှောင်လို့ ထင်ခဲ့မိတဲ့ အခါတွေတောင် ရှိသေးတယ်... ဒီဇာတ်ကောင်ကို စိတ်ဝိညာဉ်တစ်ခုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"လင်းရှောင်ကို သရုပ်ဆောင်ဖို့ မင်းဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာလည်း ငါသိပါတယ်...မင်းရဲ့မူလရည်ရွယ်ချက်ကို မမေ့ဘဲ ဆက်ပြီးကြိုးစားမယ်ဆိုရင် ပိုမြင့်တဲ့နေရာတစ်ခုမှာ မင်းကိုတွေ့နိုင်မယ်လို့ ငါယုံကြည်တယ်"
သူ၏သဘောကျမှုကို ရရန်က မလွယ်ပေ။ချီရှင်းချန် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့"
ရှန့်ယွီလျန် ရပ်လိုက်သည်။
"မင်းရဲ့ဒေါသကို ထိန်းချုပ်ရမယ်... ဒါရိုက်တာတစ်ယောက်ကို နောင်မှာ လူသိရှင်ကြားတောင်းပန်ဖို့ အတင်းအကြပ်မခိုင်းပါနဲ့...ဖျော်ဖြေရေးနယ်ပယ်က အရမ်းရှုပ်ထွေးတယ်...မင်းကအခု အပေါ်ယံပဲမြင်သေးတာ... အဆက်အသွယ်အများကြီးရှိတဲ့ ဒါရိုက်တာကြီးတစ်ဦးကိုသာ သွားစော်ကားမိရင် အနာဂတ်မှာ ဇာတ်ကောင်နေရာဘယ်တော့မှရနိုင်မှာမဟုတ်ဘူး"
"ခင်ဗျားရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်"
ချီရှင်းချန်က သူပြောသည့်အရာကို ကောင်းကောင်းသိပါ၏။
"ဒါပေမဲ့ ကျွန်တော်ထပ်ပြီးရွေးချယ်ခွင့်ရမယ်ဆိုရင်တောင် ကျွန်တော် ဒီအတိုင်းဆက်လုပ်ဖို့ပဲ ရွေးချယ်မှာပါ... ကျွန်တော့် မိသားစုကို ဘယ်သူမှ မထိခိုက်စေရဘူး"
ရှန့်ယွီလျန် အတော်လေး အားကိုးရာမဲ့နေခဲ့သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ...ဘိုးဘေးလေး မြန်မြန်ကားပေါ်တက်...အခမ်းအနားပွဲအတွက် ပြန်လာဖို့ သတိရပါ"
"ကောင်းပါပြီ ဒါရိုက်တာရှန့်ကျေးဇူးတင်ပါတယ်"
သူ့ကို ထပ်ပြီး ကျေးဇူးတင်စကား ပြောပြီးသည့်နောက်မှာတော့ ချီရှင်းချန် ကားပေါ်တက်ပြီး ထွက်လာခဲ့သည်။
ထိုအချိန်တွင် "သမုဒ္ဒရာနှလုံးသား" ရိုက်ကူးသည့် အတွေ့အကြုံသည် သူ့ဘဝ၏ အတိတ်မှ အရာတစ်ခု ဖြစ်လာခဲ့သည်။ချီရှင်းချန် သူ့လည်ချောင်းမှာ အကျိတ်အခဲတစ်ခုကို ခံစားလိုက်ရပြီး(ဆို့နင်) သူ မျိုသိပ်ထားသည့်တွန့်ဆုတ်မှုက နောက်ဆုံးမှာ ပေါက်ကွဲသွား၏။
သူ စောင်ကို ခေါင်းပေါ်ဆွဲတင်လိုက်သည်။
အန်းရန်က သူစိတ်မကောင်းဖြစ်နေသည်ကိုတွေ့သောအခါ သူ့လက်ထဲကို တစ်ရှူးတစ်ထုပ်ထည့်ပေးလိုက်သည်။
သို့သော် ချီရှင်းချန်က တစ်ရှူးကို မထိခဲ့ပေ။ သူကလွယ်လွယ်နှင့်ငိုတတ်သူမဟုတ်ပေမဲ့ သူ့အားနည်းချက်ကို လူတွေကို မမြင်စေချင်ပေ။
သူတို့နှစ်ယောက်စလုံး H City မှာရှိနေကြခြင်းဖြစ်သဖြင့် မိနစ် ၄၀ အကြာမှာ သူအမြဲဆင်းနေကျရပ်ကွက်ကို ရောက်သွားခဲ့သည်။လောင်ချင်က ကားကိုရပ်လိုက်သည်။အန်းရန်က သူ့လက်မောင်းကို တွန်းလိုက်ပြီးပြော၏။
"ရှင်းရှင်း... ငါတို့ရောက်နေပြီ"
"ကောင်းပြီ"
ချီရှင်းချန် စောင်ထဲက ထွက်လာသည်။
"ဒီအတောအတွင်းမှာ ကျဲ အလုပ်ကြိုးစားခဲ့တယ်...ကျွန်တော် ကျဲကို ရက်အနည်းငယ် အနားပေးလိုက်မယ်...ပြန်သွားပြီး ကောင်းကောင်း အနားယူပါ"
"ကျေးဇူးတင်ပါတယ် ရှင်းရှင်း..."
အန်းရန်က တခဏမျှ တုံ့ဆိုင်းသွားသည်။
"ရှင်းရှင်း ကုမ္ပဏီက ဦးလေးချင်နဲ့ငါကို ပြန်လွှဲပေးမယ်လို့ ထင်လား"
သူမ လောင်ချင် နှင့် စကားပြောခဲ့ပြီး ချီရှင်းချန်က လူကောင်းတစ်ဦးဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်ကြောင်း ခံစားခဲ့ရသည်။ သူမ သူနှင့်အတူ ထာဝရလက်တွဲချင်ခဲ့သည်။
သို့သော် ချီရှင်းချန် အချိန်အကြာကြီး အလုပ်မလုပ်ပါက ကုမ္ပဏီသည် ၎င်းတို့အား အခြားအနုပညာရှင်များထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ တွေးကြည့်ရုံနှင့် ခေါင်းကိုက်ရ၏။
ချီရှင်းချန်က သူမဆိုလိုသည်ကို နားလည်သည်။ သူက ပြုံးပြီးပြောလိုက်၏။
"စိတ်မပူပါနဲ့ အဲဒီလိုမဖြစ်ပါဘူး... ဒါ့အပြင် ကျွန်တော့်မှာ ကျဲအတွက် တခြားအလုပ်တွေ ရှိသေးတယ်"
"တခြားအလုပ်တွေ"
အန်းရန် အံ့အားသင့်သွားသည်။
"ဟုတ်တယ် အစ်မအန်းရန်...အေးဂျင့်ဖြစ်ဖို့ စိတ်ကူးရှိလား"
ချီရှင်းချန်က သူမကို အေးဂျင့်ဖြစ်စေချင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။ သူမသည် ဘွဲ့ရပညာတတ်တစ်ယောက်မျှသာဖြစ်သည်။ သူမတွင် အတွေ့အကြုံနှင့် အရည်အချင်းမရှိပေ။ သူမ ဘယ်လိုလုပ် အေးဂျင့်ဖြစ်နိုင်မလဲ...
"အေးဂျင့်တစ်ယောက်က ငွေအများကြီးရှာနိုင်ပြီး ကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်တယ်...ဒါပေါ့ ငါအေးဂျင့်တစ်ယောက်ဖြစ်ချင်တယ်"
အန်းရန်က မဝံ့မရဲပြောခဲ့သည်။
"ဒါပေမဲ့ ငါ့မှာ အရင်းအနှီးမရှိဘူး"
"ကျဲမှာ အရင်းအနှီးမရှိဘူးလို့ ဘယ်သူပြောတာလဲ...ကျွန်တော်ကရှိတယ်လို့ပြောရင် ရှိတယ်ပေါ့... အိမ်မှာ ဒီအကြောင်း စာအုပ်တွေ ရှာပါ...ဒါ့အပြင် အီးမေးလ်ကို စောင့်ကြည့်ဖို့ ကူညီပေးပါ... အခု ကျွန်တော်ထွက်တော့မယ်...တစ်ခုခုလိုအပ်ရင် ဆက်သွယ်ပါ"
.
ချီရှင်းချန် အန်းရန်က သူ့ကို နားပူတိုက်မှာကို ကြောက်သည့်အတွက် သေတ္တာကို အမြန်ဆွဲထုတ်ပြီး ထွက်ပြေးသွားခဲ့၏။
သက်တော်စောင့်က အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ချီယွီကျီး ခြံထဲမှာ လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။
နောက်တစက္ကန့်မှာပဲ ချီယွီကျီကလည်းသူ့ကိုတွေ့သွားပြီး သူမက စာအုပ်ကို ပစ်ချလိုက်ပြီး ပြေးလာသည်။
"ရှင်းရှင်း ပြန်လာမှာကိုငါ့ကိုဘာလို့မပြောတာလဲ"
"ကျွန်တော့်ကို လာခေါ်ဖို့ ယာဉ်မောင်းတစ်ယောက် ရှိတယ်... ကျဲ ကျွန်တော့်ကို လာခေါ်စရာ မလိုဘူး... နောက်ပြီး ကျွန်တော်က ဒီမြို့ထဲမှာပဲဟာကို"
ချီရှင်းချန်က အကြောင်းအရာကို ပြောင်းလိုက်သည်။
"ကျဲ အရင်သွားရအောင်...ကျဲအတွက် လက်ဆောင်တွေ ဝယ်ခဲ့တယ် “
"လက်ဆောင်" ဟူသော စကားလုံးကို ကြားလိုက်သောအခါ ချီယွီကျီး၏ မျက်လုံးများ တောက်ပလာသည်။ သူ့နောက်ကို တစ်လှမ်းချင်း လိုက်သွားခဲ့၏။
ချီရှင်းချန် သေတ္တာကို ဧည့်ခန်းသို့ ဆွဲသွားလိုက်သည်။သူထွက်သွားတုန်းက ဘာမှ မယူသွားပေ။ လက်ဆောင်တွေနှင့် ပြန်လာသည့်အခါ နှစ်ဆ ပိုလေး၏။
အဖေချီ နှင့် ချီယွမ်ရှောင်တို့က ကုမ္ပဏီတွင် ရှိနေသည်။ချီယွီကျီး တစ်ဦးတည်းသာ အိမ်မှာရှိသည်။ချီရှင်းချန် သေတ္တာကိုဖွင့်ပြီး လက်ဆောင်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ "ဒါက ကျားကျစ်ရဲ့ဟာ...ဒါက အစ်ကိုကြီးရဲ့ဟာ... ဒါက အဖေရဲ့ဟာ...ကျဲ ဒါက ကျဲအတွက်ပဲ"
သူကိုယ်တိုင် ရိုက်နှိပ်ထားသည့် ဓာတ်ပုံအယ်လ်ဘမ်ကို ချီယွီကျီးကို ပေးခဲ့သည်။ယင်းက သူရိုက်ထားသည့် ရေနေသတ္တဝါတွေ၏ ဓာတ်ပုံတွေနှင့် ပြည့်နေသည်။
အထူးသဖြင့် ရှန်းရှန်းပင်။ သူက ချစ်စဖွယ်ကောင်းပြီး အလွန်တုံးအသည်။ သူစိတ်မချမ်းသာသည့်အခါ သူ့စိတ်က ချက်ချင်းပြောင်းသွား၏။
ချီယွီကျီးက ဓာတ်ပုံအယ်လ်ဘမ်ကို စိတ်ဝင်တစားကြည့်နေသည်။ ရုတ်တရက် မောင်ဖြစ်သူ၏ သေတ္တာထဲတွင် အဝတ်အစားများ တစ်ခုခု မှားယွင်းနေသည်ကို သူမ သတိပြုမိသည်။
"ရှင်းရှင်း... နင့်ရဲ့အကြိုက်က ဒီလောက်ပြောင်းလဲသွားပြီလား"
ချီယွီကျီးက ကြောင်ခေါင်းတီရှပ်ကို ညွှန်ပြသည်။
"မဟုတ်ဘူး...ဒါကို သူငယ်ချင်းတစ်ယောက်က ပေးတာ"
ချီယွီကျီးက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
"ငါသိပါတယ်...နင်က သန့်စင်တဲ့အရောင် ဒါမှမဟုတ် ပုံစံနည်းနည်းပါတဲ့အဝတ်အစားတွေကို အမြဲတမ်းရွေးချယ်ခဲ့တယ်... နင့်ရဲ့အကြိုက်ကို ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြောင်းနိုင်မလဲ... ငါသေအောင် ကြောက်သွားတာ...ငါတော့ ငါအဝတ်အစားအသစ်ဝယ်ထားတာ အလကားဖြစ်ကုန်ပြီလို့ ထင်သွားတာ"
ချီရှင်းချန်: "ကျွန်တော့်အတွက် အဝတ်အစားတွေ ထပ်ဝယ်ခဲ့သေးလား"
“ပြီးခဲ့တဲ့အပတ်က ပဲရစ်ကို ငသွားခဲ့တယ်... သိပ်မများဘူး၊ နှစ်ဆယ်လောက်ပဲရှိတာ...တချို့ဟာတွေက အရမ်းအရမ်းမိုက်တာနော်... အဲဒါတွေဝတ်လိုက်ရင် နင်ဘယ်လောက်ချောမောနေမယ်ဆိုတာ ငါတွေးကြည့်လို့ရတယ်...ရှင်းရှင်း နင်ဘယ်လိုပုံစုံဖြစ်မလဲဆိုတာကိုမြင်ရဖို့ ငါမစောင့်နိုင်တော့ဘူး"
ချီရှင်းချန် ဆွံ့အနေမိသည်။ချီယွီကျီး ငြိမ်သက်သွားပြီးနောက် သူမ၏စူးရှသောမျက်လုံးများက အခြားအရာတစ်ခုကို သတိပြုမိလိုက်သည်။
"ဟေးရှင်းရှင်း... နင် အအေးမိနေလား"
"မဟုတ်ဘူး"
"ဒါဆို အအေးမိပျောက်ဆေးအကျန်ကို ဘာလို့ပြန်ယူလာတာလဲ...ဆေးကို လတ်လတ်ဆတ်ဆတ် သောက်ရမှာလေ"
ယင်းကို သူ့အစ်မဆီက ဘာမှ ဖုံးကွယ်ထားစရာ မလိုပေ။ချီရှင်းချန်ကပြောလိုက်သည်။
"ဒီဆေးဗူးကို သူငယ်ချင်းတစ်ယောက်က ပေးခဲ့တာ"
ချီယွီကျီးက သူ့ကို ထူးဆန်းစွာ အကြာကြီး ကြည့်နေသည်။
၎င်းနောက် သူမကမေးသည်။
"ဒါကကော...အဲဒါက မစ်ကီမောက် ဆံကုပ်မလား ...မဟုတ်မှလွဲ သူငယ်ချင်းဆီက လက်ဆောင်ပဲလား"
ချီရှင်းချန်: "မဟုတ်ဘူး...ကျွန်တော်တို့ကိုယ်တိုင်ဝယ်ခဲ့တာ"
ချီယွီကျီး: "မင်းသူငယ်ချင်းကိုပြဖို့ ဝတ်တာလား"
ချီရှင်းချန် ခဏလောက် ကြက်သေသေသွားသည်။
"အိုဘုရားရေ …"
ချီယွီကျီး၏ နှလုံးသား နာကျင်သွားသည်။
"ငါတို့ရဲ့ ရှင်းရှင်းမှာ သူကြိုက်တဲ့ သူရှိနေပြီ...ငါက ရှင်းရှင်းရဲ့ အချစ်ဆုံး မဟုတ်တော့ဘူး..."
သူကြိုက်တဲ့သူလား...
သူ ပိုင်ရဲ့ကို ကြိုက်လား ...
မဟုတ်ဘူး...ဒါပေမဲ့... ဟုတ်တယ်...
ပိုင်ရဲ့က "ည၏မက်မွန်" ၏အမျိုးသားဇာတ်လိုက်ဆိုသည့် အချက်ကို ဘေးဖယ်ထားပါက ပိုင်ရဲ့က စက္ကူလူသားလေးဖြစ်နေချိန်မှာ သူကဤလောကထဲကို ကူးပြောင်းလာသူတစ်ယောက်ဖြစ်၏။ထိုကြောင့် သူတို့က အတူရှိနေရန်မဖြစ်နိုင်ပေ။
စက္ကူလူသားတစ်ယောက်ကို ကြိုက်ဖို့ လိုအပ်နေပြီလား...
"ကျဲ အဓိပ္ပါယ်မရှိတာမပြောနဲ့"
ချီရှင်းချန်က အလျင်စလို ရှင်းပြသည်။
"ကျွန်တော်တို့က သူငယ်ချင်းတွေပဲ"
ချီယွီကျီးက လက်မလျော့ပေ။
"ဒါဆို နင်က ငါ့ရေမွှေးဆွတ်ပြီး သူ့ကိုသွားရှာနေတာလား"
ချီရှင်းချန် စကားမပြောနိုင်။
"သူ့ကိုမြင်ရတဲ့အခါ နင်ပျော်တယ်၊ သူ့ကိုမတွေ့ရတဲ့အခါ နင်သူ့ကိုလွမ်းတယ်...သူ တခြားလူတွေနဲ့ အရမ်းရင်းနှီးရင် နင်ပေါက်ကွဲတော့မယ်လို့ ခံစားရတဲ့အထိ အရမ်းစိတ်တိုလိမ့်မယ်...သူ့ကိုမြင်ရတဲ့အခါ အရမ်းပျော်သွားပြီး သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို စုဆောင်းချင်လိမ့်မယ်"
"…တော်ပါတော့"
ချီရှင်းချန် ချီယွီကျီးကို မနေနိုင်ဘဲဖြတ်ပြောလိုက်မသည်။သူ့မျက်လုံးများက ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
သူ့ကိုမြင်သောအခါ ချီယွီကျီး သက်ပြင်းချလိုက်၏။
"ကောင်းပြီ ငါဒီအကြောင်း မပြောတော့ဘူး... မေးခွန်းတွေရှိရင် အချိန်မရွေး မေးမြန်းလို့ရတယ်...ဒီကျဲကျဲက နင့်ရဲ့အမှိုက်ပုံးဖြစ်ချင်တယ်ဆိုတာကို မမေ့နဲ့... နင့်မိသားစုက နင့်ရဲ အခိုင်မာဆုံး ပံ့ပိုးမှုပဲ"
"ကောင်းပါပြီကျဲ... ကျေးဇူးတင်ပါတယ်"
ချီယွီကျီးအနေဖြင့် ယခင်က ချစ်ခဲ့ဖူးပြီး အချို့သောအရာများကို အချိန်တိုအတွင်း နားမလည်နိုင်ကြောင်း သူမနားလည်ခဲ့သည်။ သူမက အကြောင်းအရာကို ပြောင်းလဲခဲ့သည်။ "စကားမစပ် ရှင်းရှင်း မင်းရှောင်ကျင်းရဲ့ မက်ဆေ့ချ်ကို ရပြီးပြီလား"
ရှောင်ကျင်း…ချီရှင်းချန် စိတ်ရှုပ်ထွေး သွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမက လျန်ကျင်းအကြောင်းပြောနေမှန်း သိလိုက်ရသည်။
"ရှောင်ကျင်းက သဘက်ခါ H City ပြန်လာမှာ... နင်အားရင် အတူတူ သွားကြိုရအောင်"
"ဘက်ဂျက်ခရီးသွားကြမယ်" ရိုက်ကူးစဉ်တွင် ချီရှင်းချန် လျန်ကျင်းနှင့် ဖုန်းပြောခဲ့သည်။လျန်ကျင်းက အနည်းငယ် ထူးဆန်းသည်ဟု သူ၏ ပင်ကိုယ်ဗီဇက သူ့ကို ပြောပြနေသောကြောင့် သူ မသိစိတ်ကနေ ချီယွီကျီးကို ငြင်းပယ်ချင်ခဲ့သည်။
လျန်ကျင်းကို မကြိုချင်ဘူးဟု ပြောပြီးသည်နှင့် ချီယွီကျီးကသူ့ကို နားချတော့သည်။
"ရှင်းရှင်း ကိစ္စက ကြာလှပြီလေ...ရှောင်ကျင်းကို စိတ်မဆိုးပါနဲ့တော့...ပြီးတော့ သူသွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ သူ့အပေါ်မူမတည်ခဲ့ဘူးလေ...ကျောင်းက ဓာတ်ခွဲခန်းကို အတင်း သွားခိုင်းနေတဲ့အတွက် သူ့မှာငြင်းပိုင်ခွင့်မရှိဘူးလေကွယ်"
လျန်ကျင်းက ဟားဗက်၏ရောဂါပြီးပညာပရိုဂရမ်မှ ပြန်လာပြီးနောက် သုတေသနအတွက် တစ်လမပြည့်မီတွင် Sino-Swissအဆစ်အမြစ်ဓာတ်ခွဲခန်းသို့ စေလွှတ်ခံခဲ့ရသည်။ သူ အလျင်စလို ထွက်သွားခဲ့၏။ချီယွီကျီးက မူလပိုင်ရှင်ကို သူ့ကိုလေဆိပ်လိုက်ပို့ပေးစေချင်သော်လည်း မူလပိုင်ရှင်က ငြင်းဆိုခဲ့သည်။
ထို့ကြောင့် မူလပိုင်ရှင်က လျန်ကျင်းကို မူလပိုင်ရှင်နှင့် မဆွေးနွေးဘဲ အလျင်အမြန် ထွက်ခွာသွားသည့်အတွက် စိတ်ဆိုးသွားသည်ဟု သူမ အမြဲတွေးခဲ့သည်။
သို့သော် ချီရှင်းချန် ယင်းကအကြောင်းပြချက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။
ဘာအကြောင်းကြောင့်လဲဆိုသည်ကို သူ မသိခဲ့ပါချေ။ကူးပြောင်းလာပြီးနောက် သူက ဇာတ်လမ်
းနှင့်ပတ်သက်သည့် အမှတ်တရများကိုသာ ဆက်ခံထားသောကြောင့် မသက်ဆိုင်သောအမှတ်တရများသည် အလွန်ကြီးမရေရာပေ။
"မင်းတို့နှစ်ယောက်က အရမ်းရင်းနှီးကြတာလေ... ဒီလောက်အသေးအမွှားကိစ္စအတွက် စိတ်ဆိုးနေစရာမလိုဘူးမဟုတ်လား"
ချီယွီကျီးက ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်အောင် ကြိုးစားနေလေသည်။