အခန်း၁၅၂
Viewers 12k

Chapter 152

(ယောင်ယောင်၏အချစ်ပြိုင်ဘက်)


လင်းယောင်ယောင် သည် နေ့စဥ် အမေဖြစ်သူ၊မောင်လေးများနှင့် စကားပြောလိုက်၊စားလိုက်သောက်လိုက် လုပ်ရသည့်အပြင် ပင်လယ်သားရဲအသားချက်ပြုတ်နည်းများကို ပိုမိုဖန်တီးနိုင်ရန် အစားအသောက်သုတေသနခန်းသို့ သွားရောက်ကာ အစားအစာကုထုံးပညာရှင်များအား သင်ကြားပေးရသည်။ တစ်ခါတစ်ရံ 012 ၊168 နှင့်အတူ အဖြုန်းတောင်ကုန်းပေါ်တွင်နေထိုင်သော ပင်လယ်ငှက်အချို့နှင့် သားရဲအချို့ကို အမဲလိုက်ခဲ့သည်။ဗိုလ်မှူးလီနန်က သူမတို့ကို ကလေးထိန်းသလို လိုက်စောင့်ရှောက်ရလေသည်။ 012 နှင့် 168 တို့သည် အစားသူရဲများဖြစ်၍ တစ်နေ့ကို 7နပ်၊8နပ်ခန့်စားကြလေသည်။


တစ်ကယ်တမ်း သူမ စိတ်ထဲမှာ အတော်လေး လင်းရွှမ် အတွက် စိုးရိမ်နေရသည်။ အန္တရာယ်ရှိသော သို့မဟုတ် ထိန်းချုပ်၍မရသော မတော်တဆမှုများနှင့် ကြုံတွေ့ရဦးမည်ကို ကြောက်မိသည်။လင်းရွှမ် ၏ လက်ရှိ SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် လုံးဝအကျွမ်းတဝင်မရှိသော တာဇာကြယ်ပွင့်နယ်မြေ ၏ ဖရိုဖရဲအဖြစ်ဆုံး ဂြိုလ်တွင်ပင် ထိပ်တန်းဖြစ်တည်မှုတစ်ခုဖြစ်ကြောင်း သူမ သိသည်။


 ဒါပေမယ့် လင်းရွှမ် ဟာ အန္တရာယ်မဖြစ်ဘဲ မိန်းကလေးဆီမှာ ဖျားယောင်းခံခဲ့ရရင်ကော...


သူမ သူ့ကို သေချာပေါက် ယုံကြည်ခဲ့သော်လည်း တစ်ခုခုဖြစ်သွားမှာကို ကြောက်ရွံ့မိသည်။ တာဇာကြယ်ပွင့်မဟာမိတ်၏ လူဦးရေသည် ယောက်ျားလေးများနှင့် နှိုင်းယှဉ်ပါက မိန်းကလေးများစွာရှိပြီး ယောက်ျားလေးနှင့် မိန်းကလေး အချိုးသည် 1:5 ရှိကြောင်း ချမ့်ယောင် ထံမှ ကြားဖူးသည်။ ထို့ကြောင့် ယောက်ျားတစ်ယောက်တည်းက မိန်းမများစွာ ယူခြင်းက ထုံးစံလိုပင် ဖြစ်နေ၏။ သို့သော် မိန်းကလေး ပိုများလာခြင်းက မွေးဖွားနှုန်းမြင့်မားသည်ဟု မဆိုလိုပေ။ တာဇာ မိန်းကလေးအများစုသည် တူညီသောအဆင့်ရှိ ယောက်ျားလေးများထက် အားနည်းသော်လည်း မွေးဖွားနှုန်းမှာ အလွန်နည်းပါသည်။


တာဇာကြယ်ပွင့်မဟာမိတ်သည် မျိုးပွားရန် အလွန်ကြိုးစားခဲ့ရပြီး လူဦးရေမှာ နှစ်ပေါင်းများစွာ အပျက်သဘောသို့သာ ဦးတည်လာခဲ့သည်။  နောက်ဆုံးနည်းလမ်းအနေဖြင့် တာဇာကြယ်ပွင့်မဟာမိတ်သည် စမ်းသပ်ဖန်ပြွန်မျိုးပွားနည်းကို တီထွင်ခဲ့သော်လည်း ဤမျိုးပွားနည်းမှာ ချို့ယွင်းချက်ရှိခဲ့၏။အကြောင်းမှာ၊ ဖန်ပြွန်သန္ဓေသားနည်းဖြင့် မွေးလာသော တာဇာများတွင် ယောက်ျားလေးများ အသက်ရှင်သန်မှုနှုန်းက နည်းပါးသဖြင့် မိန်းကလေးဦးရေမှာ အဆများစွာ ပိုများလာရသည်။ ထို့အပြင်၊ ဖန်ပြွန်သန္ဓေသားနည်းဖြင့် မွေးလာသော တာဇာ များသည် စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များတွင် B အဆင့်နှစ်ဆ (double)အထိသာ ရောက်ရှိနိုင်သည်။ အလွန်ဆုံး A အဆင့်နှစ်ဆအထိ ကြီးထွားနိုင်သော်လည်းS အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မည်မဟုတ်ပေ။သဘာဝမျိုးပွားခြင်းဖြင့် မွေးလာသော သားစဉ်မြေးဆက်များသာ S အဆင့်အထက်သို့သာ ရောက်ရှိနိုင်သည်။


 ထို့ကြောင့် တာဇာကြယ်ပွင့်မဟာမိတ် သည် အိမ်နီးချင်း လူသားကြယ်ပွင့်နယ်မြေကို မျက်စိကျနေသည်။ စားနပ်ရိက္ခာအရင်းအမြစ်များကို လိုချင်တောင့်တခြင်းအပြင်၊ အရေးကြီးဆုံးအချက်မှာ သန့်စင်သောလူသားမိန်းမများသည် သဘာဝအတိုင်း မျိုးပွားနိုင်သောကြောင့်ပင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် တာဇာကြယ်ပွင့်မဟာမိတ် ၏သုံ့ပန်းဖြစ်လာပါက၊ တာဇာများအတွက်မျိုးပွားကိရိယာဖြစ်လာရန် လွယ်ကူသွားလိမ့်မည်ဖြစ်၏။


 ထူးချွန်ထက်မြက်သော လူသားယောက်ျားလေးပင်လျှင် တာဇာ မိန်းမများ၏ ပစ်မှတ်ဖြစ်လာကြသည်။ တာဇာများကို လူသားယောက်ျားလေးနှင့် ပေါင်းစပ်လိုက်သောအခါ၊မွေးဖွားလာမည့် ကလေးသည်၊ တာဇာ ယောက်ျားလေးနှင့်ရသည့်ကလေးထက် စွမ်းအင်ပိုမြင့်မားပြီး အသက်ရှင်နိုင်ခြေပိုများ၏။ 


 ဤသည်မှာ ဝေ့လင်း သည် ချမ့်ယောင် ကိုကာကွယ်ဖို့ ဦးခေါင်းခွံဓားပြအဖွဲ့ အဖွဲ့သို့ဝင်ရောက်ခဲ့သည့် အကြီးမားဆုံးအကြောင်းပြချက်ဖြစ်သည်။ထို့အပြင်၊ လင်းရွှမ် က လင်းယောင်ယောင် ကို ဟယ်လင်သို့ ခေါ်မသွားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။


တာဇာကြယ်ပွင့်မဟာမိတ်၏ ဧကရာဇ် မက်ရှဲ သည် ရှောင်မင်၏ ဖအေတူမကွဲအစ်ကိုဖြစ်ပြီး၊ သူ့တွင်လူ့သွေးလေးပုံတစ်ပုံရှိ၍"မျိုးစပ်" ဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် တာဇာသွေး၏ ရာခိုင်နှုန်းသည် လူ့သွေးထက်မြင့်မားသဖြင့် စွမ်းအားကြီးသည်။


 လက်ရှိတာဇာများသည် မျိုးပွားဖို့အတွက် သူတို့ကိုယ်သူတို့ အားကိုးလို့မရချေ။သူတို့ အမျိုးအနွယ်များနှင့် သဘာဝအတိုင်း မျိုးပွားဖို့ရာမှာ ခက်လှသည်။သူတို့သည် လူသားမျိုးနွယ်ကို မထီမဲ့မြင်ပြုနေကြပြီး တာဇာပါးစပ်များ မဖွံ့ဖြိုးနိုင်သည့် မျိုးစိတ်များအား ပြစ်တင်ရှုတ်ချနေကြသော်လည်းလူသား-တာဇာ များအား ဆွဲဆောင်မှုရှိသည်ဟု မြင်နေကြဆဲပင်။


လူဆိုးများနှင့် ရာဇ၀တ်ကောင်များမှလွဲ၍၊ လူ့စရိုက်လက္ခဏာများရှိသည့် တာဇာ မျိုးစပ်အများအပြားသည် တာဇာမျိုးနွယ်များ၏ မထီမဲ့မြင်ပြုခြင်းကို ခံနိုင်ရည်မရှိ၍ "ခိုလှုံရာ" ကိုရှာဖွေရန် ဟယ်လင်သို့ သွားခဲ့ကြသည်။ထိုမျိုးစပ်များမှာ လူသားသွေးများစွာရှိပြီး တာဇာများသည် လူသားမျိုးနွယ်အား မျိုးပွားစက်အဖြစ် အသုံးပြုသည့်နည်းကို မုန်းတီးသော်လည်း သွေးဖြူစင်သော လူသားမျိုးနွယ်၏ ဆွဲဆောင်မှုကို မကူညီနိုင်ပေ။


လူ့သွင်ပြင်လက္ခဏာများ ပိုမိုရှိသော မိန်းကလေးများသည် သဘာဝအတိုင်း ပဋိသန္ဓေယူကြပြီး မြင့်မားသောမျိုးပွားနိုင်စွမ်းရှိသည်။ သွေးနှောမိန်းကလေး အနည်းငယ်ကသာ ဟယ်လင်ဆီသို့ လွတ်မြောက်နိုင်ကြသည်။ ဟယ်လင်ရှိ လူအများစုသည် အမှန်တစ်ကယ်တွင် အဓိကအားဖြင့် သွေးရောနှောထားသော ယောက်ျားလေးများဖြစ်သည်။


 ဤနေရာတွင် သွေးနှောယောက်ျားလေးများကို နှစ်သက်သော တာဇာ စစ်စစ်မိန်းကလေးများစွာလည်း ရှိသည်။ တစ်ခုတည်းသော သတင်းကောင်းမှာ ဖန်ပြွန်နည်းလမ်းဖြင့် မွေးဖွားလာသော ထိုကဲ့သို့သော တာဇာ မိန်းကလေးများ၏ ခွန်အားသည် အလွန်မြင့်မားခြင်းမရှိပေ။ အများစုမှာ နှစ်ဆ A အပေါင်း ဖြစ်လိမ့်မည်။


ဦးခေါင်းခွံဓားပြအဖွဲ့များသည် ဟယ်လင်သို့ သွားသည့်အခါတိုင်း၊ ခွန်အားကြီးသူနှင့် ပြင်းပြသော စိတ်ဆန္ဒရှိသူကို ရွေးချယ်ရမည်ဖြစ်သည်။  မဟုတ်ပါက၊ တာဇာစစ်စစ် မိန်းကလေးများထံမှ "သွေးဆောင်ခံရပြီး စိတ်ရှုပ်ထွေးခြင်း" ဖြစ်နိုင်သည်။ ထိုအခါ သူတို့ပြန်လို့မရနိုင်တော့ပေ။


ဦးခေါင်းခွံဓားပြအဖွဲ့ဝင်များတွင် အစွမ်းထက်သူများ ရှိသော်လည်း မကြာခဏဆိုသလို အဖျားယောင်းခံနေရဆဲပင်။ထိုသို့ ဖျားယောင်းခံရပြီဆိုလျှင်၊ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တာဇာမိန်းကလေးများနှင့်အတူ အိပ်ခိုင်းသည် ဖြစ်စေ၊သို့မဟုတ် သူမတို့အတွက် အစာဖြစ်လာကြသည်။


ထို့ကြောင့် ဝါ့ဒ်မိန်း က သတိကြီးကြီးထားပြီး လင်းရွှမ် ကို လွယ်လွယ်မယုံနိုင်ခဲ့ပေ။ အကယ်၍ သူတို့ မတော်တဆ အမှားဖြစ်သွားပါက၊ အသက်သေနိုင်သလို သေခြင်းထက် ဆိုးရွားသည့် ကိစ္စများပင် ဖြစ်သွားနိုင်၏။


 ထို့ကြောင့် လင်းယောင်ယောင် အလွန်စိုးရိမ်နေရခြင်းဖြစ်လေသည်။


 အပြင်လူတစ်ယောက်အနေဖြင့် ချမ့်ယောင် သည် သူမ၏ စိုးရိမ်မှုကို လျင်မြန်စွာ သဘောပေါက်သော်လည်း "သမီး အစ်ကို လင်းရွှမ် ကိုဘယ်သူက လုနိုင်မှာလဲ...သမီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းနေပြီလား"


သူမ စိတ်ချစေရန်အတွက်၊ ချမ့်ယောင် သည် အထူးသဖြင့် တာဇာမျိုးနွယ်စုစစ်စစ် မိန်းကလေးများ၏ ပုံများနှင့် ဓာတ်ပုံအချို့ကို လင်းယောင်ယောင် အား ပြသခဲ့သည်။ အများစုမှာ အရပ်ရှည် သန်မာကြပြီး အားလုံးက ကျားကျားလျားလျား မိန်းမများဖြစ်နေ၍ လင်းယောင်ယောင်လည်း စိတ်မပူတော့‌ေပ။


 ကံကောင်းထောက်မစွာ၊ သုံးရက်အကြာတွင် လင်းရွှမ် နှင့် ဝေ့လင်း သည် ဘေးကင်းစွာ ပြန်လာခဲ့ပြီး အလွန်စိတ်လှုပ်ရှားစရာကောင်းသော သတင်းအချို့ကိုလည်း သယ်ဆောင်လာခဲ့သည်။သူတို့ယူသွားသော ဖြည့်စွက်စာသည် အလွန်နာမည်ကြီးသွားခဲ့သည်။ ငွေကြေးအတွက် လဲလှယ်အသုံးပြုရန် ရည်ရွယ်ထားသည့် ဇာ့ခ်အသား ဖြည့်စွက် အစားအစာများကို မှောင်ခိုဈေးကွက် လေလံပွဲတွင် အတော်် ရောင်းချခဲ့ရ၏။


 ထို့အပြင်၊ ပင်လယ်သားရဲအသားများမှ ဖြည့်စွက်အစားအစာကို အားကိုး၍ လင်းရွှမ် သည် တာဇာသွေးလေးပုံတစ်ပုံသာရှိသော ဟယ်လန်ရှိ အကြီးဆုံးမှောင်ခိုဈေးကွက်နောက်ကွယ်မှ သူဌေးကြီး ပိုင်ရွှင်းနှင့်လည်း တွေ့ဆုံခဲ့သည်။


လင်းရွှမ် ပြန်သယ်လာသည့်သတင်းက လူတိုင်းကို စိတ်လှုပ်ရှားစေ၏။ တာဇာကြယ်ပွင့်မဟာမိတ်ကို အခက်ခဲဆုံး ခြေလှမ်းကို လှမ်းခဲ့ကြခြင်းဖြစ်သည်။


ဟယ်လင်ဂြိုလ်မှလူများသည် သူတို့၏ ဘဝအတွက် အာဟာရဖျော်ရည်များကို မှီခိုအားထားခဲ့ကြသည်။ ရိုးရိုးပြုတ်ထားသော ဇာ့ခ်အသား သို့မဟုတ် အနံ့အရသာမထည့်ဘဲ ကင်စားခြင်းကိုပင် တော်ရုံသူများ မစားနိုင်ကြချေ။


တာဇာကြယ်ပွင့်မဟာမိတ် သည် အစားအစာ ရှားပါးပြီး လူအများစု၏ အစားအစာများသည် ကောင်းမွန်သော ကုထုံး အာနိသင်များလည်း မရှိသလို အရသာကလည်း ဆိုးဝါးလှ၏။


 ဤသုံးရက်အတွင်း၊ ညသိမ်းငှက်တပ်ဖွဲ့သားများသည် ပင်လယ်သားရဲများစွာကို လိုက်လံရှာဖွေခဲ့ကြသည်။  ပင်လယ်သားရဲ အသားများတွင် အညစ်အကြေးများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီကြသည့် စစ်သည်များကြောင့် လင်းယောင်ယောင် နှင့် အာကာသယာဉ်ပေါ်ရှိ အစားအသောက်ကုထုံးပညာရှင်များသည် ထွေထွေထူးထူးလုပ်စရာမလိုဘဲ အဆင်သင့်ချက်လိုက်ကြသည်။ 


 ပင်မအာကာသယာဉ်ပေါ်ရှိ စစ်သည်များအတွက် နေ့စဉ် ရိက္ခာအပြင် ပိုနေသော ဝေစုများသည် 168၏ အစာအိမ်ထဲသို့သာ ရောက်သွားခဲ့သည်။ သိုလှောင်သိမ်းဆည်းထားသည့် ဝေစုများကို  ကုန်သွယ်ရာတွင် အရင်းအနှီးအဖြစ် အသုံးပြုဖို့ တွေးထားသည်။သုံးရက်ကြာပြီးနောက် 168 သည် သူမ၏ ခန္ဓာကိုယ်အရွယ်အစားအတိုင်း ပင်လယ်သားရဲအသားများကို လိုက်ဖက်အောင် စားနိုင်ခဲ့သည်။ယခင်ကလို မဝရေစာမဟုတ်တော့‌ေပ။သူမ၏ ခန္ဓာကိုယ် အရွယ်အစားသည် မပြောင်းလဲသေးဘဲ ပိုမိုသန်မာလာကာ  စိတ်စွမ်းအားအဆင့်ကလည်း အနည်းငယ် တိုးတက်လာခဲ့သည်။  168 ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများသည် SSS+ အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်လာနေပြီဖြစ်သည်။


ပင်လယ်သားရဲအသားများကို သုံးရက်ဆက်တိုက် မရိုးမအီစားပြီးနောက်၊ ညသိမ်းငှက်တပ်ဖွဲ့ စစ်သည်များ၏ ကိုယ်လုံးကိုယ်ပေါက်သည်လည်း ပိုမိုကြံ့ခိုင်သန်မာလာသည်။


ဇာ့ခ်ဘုရင်မ အသားစား၍ A+ ကိုယ်လုံးကိုယ်ပေါက်အဆင့်အထိ ရောက်ရှိလာသည့် လင်းယောင်ယောင် ပင်လျှင် ပင်လယ်သားရဲအသားအနည်းငယ်မျှသာ စားသုံးပြီးနောက် A+ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြေရှိသလို ခံစားမိလာသည်။  သူမ၏ SS+ စိတ်ပိုင်းဆိုင်ရာနယ်ပယ် စွမ်းအားမှာလည်း ပိုမိုတည်ငြိမ်လာသည်။


ယေဘူယျအားဖြင့်၊ ပင်လယ်သားရဲများ၏ အသားသည် ကိုယ်လုံးကိုယ်ပေါက်အဆင့်ကို တိုးတက်စေရန်အတွက် များစွာအထောက်အကူဖြစ်ပြီး  စိတ်ပိုင်းဆိုင်ရာစွမ်းအားကို မြှင့်တင်ရန်အတွက်လည်း အကျိုးပြုသည်။ထိုအသားများ၏ အထူးအကျိုးသက်ရောက်မှုက အစပိုင်းမှာ အထင်ရှားဆုံးဖြစ်ကာ နောက်ဆက်တိုက်စား၍ ပိုမိုကောင်းချင်လျှင်လည်း အချိန်ကြာကြာစားပေးမှသာ အာနိသင်ကို သိသိသာသာခံစားရတာမျိုးပင်။  


အကယ်၍ သူတို့အဖွဲ့ကသာ တခြားဂြိုလ်ပေါ်ကို ရောက်မနေပါက၊ တာဇာကြယ်ပွင့်နယ်မြေ ရှိ အသုံးဝင်သော အရင်းအမြစ်များစွာကို လဲလှယ်ကာ စုဆောင်းရန် လိုအပ်ပေသည်။ ယခုလို ဤပင်လယ်သားရဲ အသားကို ရောင်းဝယ်ဖောက်ကားရန်အတွက် အသုံးပြုခြင်းသည် အမှန်တစ်ကယ်ပင်  ဖြုန်းတီးမိသလိုမျိုးဖြစ်နေ၏။သို့မဟုတ်ပါက၊ရသမျှ အသားတို့ကို စုဆောင်းပြီး အရှင်သခင်အင်ပါယာသို့ ပြန်လည်တင်ပို့၍ လူထုကို အကျိုးပြုဖို့ကောင်းသည်


 ကံကောင်းသည့်အချက်မှာ၊ ဟွမ်ဟိုင် ဂြိုလ်သည် အလွန်ကြီးမားပြီး ပင်လယ်သတ္တဝါများလည်း ပေါများသည်။ နည်းနည်းလေး အလုပ်ပိုကြိုးစားရသည်မှလွဲ၍ စားသောက်စရာပူစရာမလိုတော့‌ေပ။ တာဇာကြယ်ပွင့်မဟာမိတ် သည် ဇာ့ခ်များကို လူ့နယ်မြေသို့ စေလွှတ်ပြီး အဖိုးတန် အရင်းအမြစ်များစွာကို လုယူခဲ့သည်။ တစ်ဖန် လူသားများသည် အလွန်ကြင်နာစွာပင်၊ တာဇာကြယ်ပွင့်မဟာမိတ်၏ အသုံးမဝင်သော ပင်လယ်သားရဲများကိုသာ လုယက်ခဲ့တာဖြစ်သည်။


 သုံးရက်ကြာပြီးနောက်၊ အစားအစာအပြင် ပင်လယ်သားရဲပါဝင်ပစ္စည်းများ တန်ချိန် ရာနှင့်ချီအထိအာကာသယာဉ်ပေါ်တွင် သိမ်းဆည်းနိုင်ခဲ့ပြီး ယခုထိလည်း စဉ်ဆက်မပြတ် စုဆောင်းနေဆဲဖြစ်သည်။သို့ဖြစ်၍ လင်းရွှမ် အလွန်ကျေနပ်သွားသည်။  


"အားလုံးပဲ ဆက်ကြိုးစားပါ"


 ပင်လယ်သားရဲအသားကို ဟယ်လင်ထံ အမြောက်အမြားရောင်းချပြီးနောက်  လုပ်ဖော်ကိုင်ဖက် ပိုင်ရွှင်း မှတစ်ဆင့် အနှေးနှင့်အမြန်ဆိုသလို နောက်ပိုင်းတွင် ပင်လယ်သားရဲအသားသည် ဟွမ်ဟိုင် မှလာကြောင်း တခြားသူများ သိမည်ဖြစ်သည်။ ထို့ကြောင့် ယခုလောလောဆယ်တော့ အမြန်ပင် တက်သုတ်ရိုက်၍ မြင့်မားသောအဆင့်ရှိသည့် အကောင်များနှင့် အရွယ်ရောက်ပြီးသော ပင်လယ်သားရဲများကို တတ်နိုင်သမျှ စုဆောင်းရမည်ဖြစ်သည်။


လင်းယောင်ယောင် က လင်းရွှမ် ကိုမေးလိုက်သည်။


 "ပိုင်ရွှင်း က ယုံရရဲ့လား"


လင်းရွှမ် ၏မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ရှုပ်ထွေးသလို ဖြစ်သွားသော်လည်း


"သူ့မှာ လူသားမျိုးနွယ်သွေးက ပိုများနေတယ် ဆိုပေမယ့်လည်း၊ အရမ်းကြီးတော့ မယုံရဘူး…တစ်ကယ်က သူက တာဇာကြယ်ပွင့်နယ်မြေ နိုင်ငံသားလေ...ဒါပေမယ့် ဟယ်လင်မှာဆို သူပဲ ရှိတာ…တို့ လိုချင်တဲ့ အရင်းအမြစ်တွေကို ဒီမှာ တစ်ချက်ကြည့်ပြီးတာနဲ့ နောက်လာမဲ့ အရောင်းအ၀ယ်ကိစ္စကျရင် မင်းကို ခေါ်သွားနိုင်တယ်"


ဟယ်လင်ရှိ လူသားအမျိုးသမီးများသည် ဖြည့်စွက်စာများထက် ပိုရှားပါးပြီး လူကြိုက်များသော်လည်း လင်းရွှမ် သည် ပိုင်ရွှင်း ထံမှ အထူးရေမွှေးကို ရရှိခဲ့သည်။ သူရှိနေသရွေ့တော့ လင်းယောင်ယောင်မှာမတော်တဆ ထိခိုက်မှုမျိုး မရှိနိုင်ချေ။သူက သူမကို ဘာကြောင့် စွန့်စားပြီး ခေါ်သွားချင်ရသည့် တခြားအရာတစ်ခုရှိသေးသည်။


"ကောင်းပြီ"


 နောက်ကွယ်မှာ နေနေရသည်နှင့် ယှဉ်လျှင် လင်းရွှမ် နှင့်အတူတူ အန္တရာယ်ကို ရင်ဆိုင်ဖို့ပိုပြီး သူမ ဆန္ဒရှိ၏။ထို့နောက် သူမက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။


 "တာဇာမိန်းကလေးတွေက တစ်ကယ်ပဲ အရပ်ရှည်ပြီး သန်မာသလား"


သူက ခေါင်းညိတ်လိုက်သည်။  


"တာဇာ မျိုးနွယ်စုရဲ့ သွေးသားစစ်တွေကတော့ အဲ့ဒီလို ပုံတွေပဲ... သွေးနှောတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ပုံစံက လူတွေလိုပဲ"


လင်းယောင်ယောင် - "အင်း...ဟိုလေ အစ်ကိုကြီးကို လိုက်ပြီး နှောင့်ယှက်တာတို့၊လိုက်ကြိုက်တာတို့ အဲ့ဒီလိုလုပ်တာဇာမိန်းမတစ်ယောက်ယောက်နဲ့  တွေ့ဖူးလား"


လင်းရွှမ် ကောင်မလေးကို ရင်ခွင်ထဲသို့ ဆွဲယူကာ သူမ၏ နူးညံ့သော ပါးပြင်ကို နမ်းလိုက်၏။


"စိတ်မပူပါနဲ့၊ သူတို့က မင်းလောက် လှတာ မဟုတ်ဘူး… ကိုယ်က မင်းအတွက်ပါ…ဘယ်သူကမှ ကိုယ့်ကို မဖျားယောင်းနိုင်ဘူး"


 တစ်ကယ်တော့ လင်းရွှမ် ၏ဟယ်လင်ခရီးမှာ ချောမွေ့လွန်းခဲ့သည်။သူတို့သည် ဝေ့လင်း ၏ အာကာသယာဉ်ကို ဦးခေါင်းခွံဓားပြအဖွဲ့များအဖြစ် အသွင်ယူခဲ့သည်။ ဟယ်လင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လုံးဝ လူသားပုံစံဖြစ်နေသော မိန်းကလေးတစ်ဦးနှင့် တွေ့လိုက်ရသည်။ သူမသည် ခေါင်းပေါ်တွင် အင်းဆက်ပိုးမွှားများ ရှိနေသော တာဇာအမျိုးသားများ၏ နှောင့်ယှက်ခြင်းကို ခံနေရသည်။ သူမ၏ အပေါင်းအဖော်များမှာလည်း သေဆုံးခဲ့ခြင်း သို့မဟုတ် တိုက်ခိုက်ရေး စွမ်းအား ဆုံးရှုံးသွားသည်အထိ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သည်။


လူသားမိန်းကလေးကို ဆိုးသွမ်းယုတ်မာသော တာဇာအနည်းငယ်က ယုတ်မာနေကြောင်း တွေ့သောအခါ ဝေ့လင်းနှင့် လင်းရွှမ်တို့အဖွဲ့သည် လူသားချင်း ကူညီရန် ဓားများကို ဆွဲထုတ်ကာ တိုက်ခိုက်ခဲ့ကြသည်။


လင်းရွှမ်သည် အခွင့်အရေကိုလက်လွှတ်မခံဘဲ တာဇာ များ၏ တိုက်ခိုက်ရေး ထိရောက်မှုကို စမ်းသပ်ခဲ့ရာ သူတို့အစွမ်းက လုံးဝမပြင်းထန်ကြောင်း တွေ့ရသည်။  ရလဒ်အနေဖြင့် ရန်သူအားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး သူရဲကောင်းသည် အလှလေးကို ကယ်တင်နိုင်ခဲ့သည်။


သူတို့ကယ်တင်ခဲ့သည့် မိန်းကလေးက ပိုင်ရွှယ် ဟုခေါ်ပြီး ဟယ်လင်၏ မှောင်ခိုဈေးကွက်သူဌေး ပိုင်ရွှင်း ၏ ညီမဖြစ်သည်။


ပိုင်ရွှယ် နှင့် သူမ၏အစ်ကို ပိုင်ရွှင်း တို့သည် ရန်ဖြစ်ခဲ့ကြပြီး တစ်နေ့လုံး အခန်းထဲမှာ အစ်ကိုဖြစ်သူက ပိတ်လှောင်ခံထားရသည်။ နောက်ဆုံး သူမ  သည်းမခံနိုင်တော့ဘဲ စွန့်စား၍ မြို့ပြင်သို့ထွက်ပြေးခဲ့သည်။ သူမကို ကာကွယ်ပေးသူ သုံးယောက်က ကူညီခဲ့ပြီး တာဇာ့များကို အနိုင်ချပေးခဲ့၏။လင်းရွှမ် နှင့် အဖွဲ့သာ ရောက်မလာပါက၊သူမ၏ကံကြမ္မာသည် ထိုတာဇာ ယောက်ျားလေးများ၏ ကလေးမွေးဖွားသည့်ကိရိယာဖြစ်လာမည်မှာ သေချာသည်။


ပိုင်ရွှယ် က ကျေးဇူးတင်သည့် အနေဖြင့် သူတို့ကို ပိုင်ရွှင်းနှင့် မိတ်ဆက်ပေးခဲ့သည်။ ပိုင်ရွှယ် သည် အရပ်ရှည်ပြီး ချောမောသော လင်းရွှမ် အား လျှို့ဝှက်စွာ ကြိတ်ချစ်မိခဲ့သည်။ လင်းရွှမ် ၏ ဖြူစင်သော လူသားသြဇာက တဖိတ်ဖိတ် တောက်ပနေသဖြင့် ဆွဲဆောင်ခံရပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် ကျေးဇူးတင်ကြောင်း ပြန်လည်ပေးဆပ်လိုသည်။


ဟယ်လင်တွင် လူ့သွေးစပ် အမျိုးသမီးများမှာ အလွန်ရေပန်းစားသည်။ပိုင်ရွှယ် သည် တာဇာများအတွက် ကလေးမွေးပေးသည့် ကိရိယာ မဖြစ်ချင်ပါက၊ အကောင်းဆုံးနည်းလမ်းမှာ သဘာဝအတိုင်း လူ့သွေးစစ်စစ် ယောက်ျားလေးတစ်ဦးကို ရှာဖွေရန်ဖြစ်သည်။ လင်းရွှမ် သည် သူမတွေ့ဖူးသမျှတွင် အပြောင်မြောက်ဆုံး၊ ကျက်သရေအရှိဆုံး လူ့သွေးစစ်စစ် အမျိုးသားဖြစ်သည်။သူမ၏ နှလုံးသားကလေး ခုန်ပေါက်ရသည်ကလည်း အံ့သြစရာတော့ မဟုတ်ပေ။


 ကံကောင်းစွာပင်၊ စီးပွားရေးသမားတစ်ယောက်အနေဖြင့် ပိုင်ရွှင်း သည် အလွန်ဉာဏ်ကောင်းသူဖြစ်သည်။  လင်းရွှမ် ယူလာပေးသော ဇာ့ခ်အသားနှင့် ပင်လယ်တိရစ္ဆာန် အရန်အစားအစာများကို တန်ဖိုးထားပြီး စီးပွားရေးလုပ်ငန်းတစ်ခု ဖလှယ်ကြရန် ပြောခဲ့သည်။ လဲလှယ်ရမည့် ပစ္စည်းမှာ တာဇာ မဟာမိတ်စစ်တပ်နှင့် အသေးစား တိုက်လေယာဉ်များ အသုံးပြုရသည့် ပင်မလက်နက်ခဲယမ်းအချို့ဖြစ်သည်။သူကိုယ်တိုင်ကလည်း မှောင်ခိုဈေးကွက်စီးပွားရေးသမား တစ်ယောက်ဖြစ်သလို၊ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရအဖွဲ့အစည်း၏ စီနီယာခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။သူ့နောက်ကွယ်က တပ်ဖွဲ့များသည် စားနပ်ရိက္ခာ မပူပင်ရသော်လည်း ရူးသွပ်ခြင်းကို ကုသပေးနိုင်သည့် ဖြည့်စွက်စာများ ရှားပါးနေရသည်။


လင်းရွှမ် ကို စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်ခုတည်းသောအရာမှာ ပိုင်ရွှယ် ပင်ဖြစ်သည်။ သူမကို ပြတ်ပြတ်သားသား ငြင်းဆိုပြီးနောက်မှာပင် သူ့မှာ ချစ်သူရှိကြောင်းလည်း ပြောပြခဲ့သည်။ မစ္စပိုင်သည် သူမကိုယ်သူမ အလွန်လှပသည်ဟု ခံစားရပြီး၊ သူမသည် အလွန်ကောင်းမွန်သော သားဖွားနှုန်းရှိသည့် လူသွေးအများစုပါသော မိန်းကလေးတစ်ဦးဟု မှတ်ယူထားသည်။ ထို့ကြောင့်၊ လင်းရွှမ် သည် အနှေးနှင့်အမြန်ဆိုသလို သူမကို ချစ်မိသွားလိမ့်မည်ဟု တွက်ထား၏။




xxxxxx