အပိုင်း ၃၆
Viewers 12k

"ဒါက ပြဿနာမရှိပါဘူး။ အဖွဲ့ထဲကို မင်း ရဲ့ အဝတ်အစားတွေ မင်း ယူလာလို့ရတယ်။ မင်း ပိုက်ဆံသုံးဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းမှာ မှန်ကန်တဲ့ဝတ်စုံ ရှိနေသရွေ့ ဝမ်မင်ယီ ဝတ်လို့ရတယ်..."
"ဟုတ်ကဲ့ , ကျေးဇူးတင်ပါတယ်။"
"ရပါတယ်။ လိုအပ်တဲ့အချိန်မှာ မင်းဝယ်လို့ရတယ်။ဇာတ်လမ်းထဲက ပုံရိပ်နဲ့ လိုက်ဖက်ရဲ့လား ကြည့်လို့ရအောင် ငါ့ကို တစ်ချက်လောက် ပြပေးပါ..."
"ကောင်းပါပြီ။"
ချန်လု ပြောပြီးသွားတာနဲ့ ဖုန်းကိုချကာ အဝတ်အစားခန်းသို့ တိတ်တဆိတ်ပြန်သွားလိုက်ပြီး ဝမ်မင်ယီအား လက်ရှိအခြေအနေကို ပြောပြခဲ့သည်။
"နင် ဒီနေ့ဝတ်လို့ရအောင် ငါ နင့်အတွက် အဝတ်အစားသွားဝယ်လိုက်မယ်..."
ဒီလိုအကြောင်းပြချက်ကြောင့် သူ့အဝတ်အစားတွေ ဖြတ်တောက်ခံလိုက်ရမယ်လို့ ဝမ်မင်ယီ မထင်ထားခဲ့မိပေ။ သူ ခဏလောက် ပြောစရာစကားမရှိ ဖြစ်သွားပေမယ့် ဒါက ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။
"မင်း အဲဒါတွေ ဝယ်စရာမလိုပါဘူး ဝယ်ရတာ မတန်ဘူး ငါ့ရဲ့ ကိုယ်ပိုင် အဝတ်အစားကို ယူလိုက်မယ်"
"အဲ့ဒီလိုလုပ်လို့မရဘူး။" ချန်လုက "ရိုက်ကူးရေးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်။ ကိုယ်ပိုင်အဝတ်အစားတွေ ၀တ်ထားလိုက်ရင် ဇာတ်ဝင်ခန်းတစ်ခုပြီးသွားတာနဲ့ အဝတ်က သုံးလို့မရတော့ဘူး ဖြစ်သွားလိမ့်မယ်။ အဲဒါက မတန်ဘူး"
"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ အဝတ်အစားတွေ အများကြီးရှိတယ်။ လွှင့်ပစ်ရမယ်ဆိုရင်လည်း လွှင့်ပစ်လိုက်မယ်။ ချန်ကျဲ အစ်မရဲ့ လစဉ်ရတဲ့ လစာက နည်းနည်းလေး။ အစ်မ ငါ့ကို အဝတ်တွေ အကုန်ဝယ်ပေးပြီးပြီလေ။ ဒီလအတွက် အဝတ်အစား မဝယ်ချင်တော့ဘူးလား..."
ဝမ်မင်ယီက သူမကို ပြုံးပြုံးလေးကြည့်ရင်းဆက်ပြောလိုက်သည်။
"ယောက်ျားလေးတွေက တစ်လလောက် အဝတ်မဝယ်လည်း နေလို့ရတယ်၊ မိန်းကလေးတွေကတော့ မရဘူး၊ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်အတွက် ပိုကောင်းတာ ရှိသင့်တယ်..."
ချန်လု စကားလုံး ချိုချိုလေးကြားလိုက်ရတော့ ' ဒီကလေးက အသက်မပြည့်သေးဘူးထင်တာပဲ၊ ပါးစပ်က တော်တော်အပြောချိုတယ် ။
"ငါက နင့်ရဲ့ မန်နေဂျာပါ။ ထုံးစံအတိုင်း နင့်အတွက် အကျိုးကျေးဇူးကို အရင်စဉ်းစားရမယ်။ တခြားဘာမှ အရေးမကြီးဘူး..."
"မိန်းကလေးတွေ အဝတ်အစားဝယ်ဖို့က အရေးမကြီးဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ အဝတ်အစားက အရေးကြီးဆုံးပဲ၊ ဒါဆိုရင် ပြီးပြီ၊ ငါပြန်သွားပြီး ငါဝတ်လို့ရတဲ့ အဝတ်အစားတွေကို ဟိုတယ်ရဲ့ ဗီရိုထဲမှာ တစ်ချက်ကြည့်လိုက်မယ်။ တကယ်လို့ မရှိခဲ့ရင် နေ့လည်ကျရင် ကျွန်တော့်အစ်ကိုကို အဝတ်တစ်ထည် ပို့ပေးခိုင်းလိုက်မယ်..."
ဝမ်မင်ယီ က သူလုပ်မယ်လို့ ပြောပြီးတာနဲ့ အဖွဲ့သားတွေ သတ်မှတ်ထားတဲ့ ဟိုတယ်သို့ တန်းတန်းမတ်မတ် ပြန်သွားလိုက်သည်, သူ၏ဗီရိုကိုဖွင့်၍ ချန်လုကို ဓာတ်ပုံရိုက်ခိုင်းပြီး ဆန်းချွမ်ထံ ပို့ကာ အဆင်ပြေ မပြေ မေးလိုက်သည်။
ဆန်းချွမ် က သူ့ကို ပုံတွင် ဝိုင်းပြထားသည်။ ဝမ်မင်ယီ သည် သူ့ရဲ့ စတိုင်လ်ကို နားလည်သလို ရှိသွားသည်။ စစ်ကျွင်းတောက်ထံ Wechatကနေ ပို့လိုက်ပြီး သူ့ဗီရိုထဲက ဒီလို စတိုင်လ်ရှိတဲ့ အဝတ်အစားအချို့ ယူလာပေးရန် တောင်းဆိုလိုက်သည်။
"မင်းကို အဝတ်အစား ခွဲတမ်း မပေးဘူးလား ၊ မင်းရဲ့ ကိုယ်ပိုင်အဝတ်အစားကို သုံးဖို့လိုနေတာလား..."
"အင်း ၊ ကျွန်တော်က တတိယလူ ဖြစ်ပေမယ့် အဲဒီလူက ကျွန်တော် သူ့ကို ချေမွပစ်မှာ ကြောက်လို့၊ ကြည့်ကောင်းတဲ့ အဝတ်အစားတွေ အကုန်လုံးကို ယူသွားတယ်၊ ရိုးရိုးအဝတ်အစားနဲ့ ကြည့်ရဆိုးတဲ့ အဝတ်တွေပဲ ချန်ထားခဲ့ တယ်။ကျွန်တော်က စေတနာ့ဝန်ထမ်းအဖြစ် ရိုက်ကူးရေး လုပ်တာမဟုတ်မှတာ နာမည်ကြီးဖို့ လုပ်နေတာလေ။ သူဒီလိုလုပ်ရင် သူ့ပုံရိပ်ကပဲ ပိုဆိုးသွားလိမ့်မယ်။ စာဖတ်ပရိသတ်တွေဆီကနေ အပြောဆိုခံလိုက်ရရင် ကျွန်တော် ကြိုးစားထားတာတွေက အချည်းနှီးဖြစ်သွားလိမ့်မယ်။ ချန်ကျဲ က ကင်မရာမှာ ပိုပြီးကြည့်ကောင်းအောင်လို့ အဝတ်အစားတွေ ဝယ်ပေးချင်နေတယ် ၊ဒါပေမယ့် အဲ့လိုလုပ်ဖို့ လိုမယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အဝတ်အစားတွေ အများကြီးရှိတော့ ဒီလိုဝတ်စုံတွေက ကျွန်တော့်အတွက် မရှားပါဘူး..."
စစ်ကျွင်းတောက် က မျက်မှောင်ကြုတ်လိုက်ပြီး...
"မင်းရဲ့ရိုက်ကူးရေးအဖွဲ့က မငြိမ်းချမ်းဘူးထင်တယ်"
"မဆိုးပါဘူး၊ *လူတွေရှိတဲ့အရပ်မှာ မြစ်တွေ၊ ရေကန်တွေရှိမှာပဲလေ။ လျှို့ဝှက်ကြံစည်တာတွေကတော့ ရှိနေမှာပဲ၊ ဒါပေမယ့် အဆင်ပြေပါတယ် ကျွန်တော် ဒါကို ကိုင်တွယ်နိုင်ပါတယ်။"
( * တစ်ယောက်နဲ့ တစ်ယောက်ကြား , ပြိုင်ဆိုင်မှု တိုက်ခိုက်မှုတွေ ရှိနေသည် )
"ကိုယ် သိပြီ...ညနေကျရင် ကိုယ် အဝတ်အစားတွေ ယူလာပေးမယ်။"
"အင်း...." ဝမ်မင်ယီ က ပြန်ဖြေလိုက်သည်။
စစ်ကျွင်းတောက် က ဖုန်းချလိုက်ပြီး မုကျိအန်း ကို ဖုန်းခေါ်လိုက်သည်။
"ဒီနေ့ ညနေမှာ မင်း အချိန်ရလား"
"ဘာအတွက်လဲ..." မုကျိအန်း က ပျင်းရိစွာပြန်ပြောလိုက်သည်
"ငါ့ကိုလွမ်းလို့လား..."
"ငါ မင်းကို ညစာဝယ်ကျွေးမယ်..
"
"တကယ်လား... ညစာစားဖို့ ဖိတ်တာလား မင်းက သိပ်သဘောကောင်းနေတယ်ပေါ့... မင်းအချစ်ဆိုတာ ဘာလဲ မသိဘူး မဟုတ်လား ။ လူကြီးမင်းခင်ဗျ အချစ်ဆိုတဲ့ စာလုံးကို ဘယ်လိုရေးရလဲ သိလား... "
'သူက တကယ်ကို အတွေးလွန်နေတဲ့သူပဲ' စစ်ကျွင်းတောက် တွေးမိသွားသည်။
"ငါ မင်းကို ညနေ ၆နာရီ လာခေါ်မယ်..."
"ငါတို့ နှစ်ယောက်ထဲလား..."
" မင်မင် နဲ့ "
"ဘာဖြစ်လို့ သူ့ကပါ ရှိနေတာလဲ ၊မင်း သူ့ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ။ သူရှိနေရင် ငါ မင်းကို စကား ကောင်းကောင်း ပြောလို့မရဘူး..."
"မင်း ငါ့ကို စကားပြောဖို့ မလိုဘူး၊ မင်း သင်တန်းအထဲထိ လိုက်သွားပြီး ငါ့အတွက် သူနဲ့ စကားကောင်းကောင်း ပြောဖို့ပဲ လိုတယ်"
"ဟာ..."
"ဒါဆို ပြေလည်သွားပြီနော်၊ ညနေ ခြောက်နာရီမှာ လာခေါ်မယ်..."
"ဟင်... ဘယ်လို ပြေလည်သွားတာလဲ။ ငါ မင်းကို ကတိမပေးရသေးပါဘူး၊ ငါ လွယ်လွယ်နဲ့ မသွားနိုင်ဘူး။ မင်းနားလည်ရဲ့လား ငါ့ရုပ်ရည်အတွက် ငါအများကြီး ပေးဆပ်ထားရတာ..."
"အိုး..."
မုကျိအန်း - မင်းအသံက ဘယ်လိုဖြစ်တာလဲ။ မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အကျင့်မကောင်းရတာလဲ!
"ကိစ္စမရှိဘူး၊ ငါ ဖုန်းချလိုက်တော့မယ်..." စစ်ကျွင်းတောက် က ပြောလိုက်သည်။
မုကျိအန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "စောစောလာခဲ့၊ မင်းထွက်မလာခင် ငါ့ကို ဖုန်းခေါ်..."
စစ်ကျွင်းတောက်က "ကောင်းပြီ " ပြောလိုက်ပြီး ဖုန်းချလိုက်သည်။
တစ်ခြားတစ်ဖက်တွင် ဝမ်မင်ယီသည် သူ့ကိုယ်ပိုင် အဝတ်အစား ဝတ်ကာ လာခဲ့သည်။
ရှူကျင်းကျဲ သည် သူ့ကိုယ်ပေါ်ရှိအဝတ်အစားများကိုမြင်သောအခါ အေးစက်စွာကြည့်လိုက်ပြီး လဲ့ချီရဲ့ အဝတ်အစားမဟုတ်ကြောင်း သေချာစေရန် သူ၏ မန်နေဂျာနှင့် လက်ထောက်ကို မေးခဲ့သည်။
" ဒီဝတ်စုံကို ဘာဖြစ်လို့ မမြင်ဖူးတာလဲ" ဟုပြောလာခဲ့သည်
" ကိုယ်ပိုင် ဝန်ဆောင်မှုလေ" ဝမ်မင်ယီ ပြောလိုက်သည်။
"ရုပ်ရှင်ရိုက်တဲ့နေရာမှာ ကိုယ်ပိုင်အဝတ်အစား ဝတ်လို့ရလား..."
ရှူကျင်းကျဲ သည် ဒါရိုက်တာကို ကြည့်ကာ မေးလာသည်။
ချန်လု က " ဟုတ်ကဲ့ ၊ကျွန်မတို့ မစ္စတာဆန်း ကို မေးပြီးပာပြီ ..
ဒီမနက်တုန်းက ဂီတရေကန်က ထုတ်ထားတဲ့ဝတ်စုံတွေ တော်တော်များများ ပျောက်နေပါတယ်။ ဂီတရေကန် ရဲ့ လိုချင်တဲ့ ပုံရိပ်ရအောင် အဝတ်အစားအချို့ကို ကျွန်မတို့ ကိုယ်တိုင်ပေးချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စတာဆန်းက သဘောတူခဲ့ပြီး ဒီဝတ်စုံကိုလည်း မစ္စတာဆန်းကို ပြပြီးသွားပါပြီ ..."
ဒါရိုက်တာက ဝမ်မင်းယီ ကို တစ်ချက်ကြည့်လိုက်သည်။ မနေ့ကလို ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကို ၀တ်ထားပေမယ့် ဖက်ရှင်ဒီဇိုင်းက အရမ်းမိုက်သည်။ အချို့ အသေးစိတ်အချက်တွေလည်း မှန်ကန်သည်၊ နိမ့်ချစွာ ဝတ်ထား သော်လည်း ဝမ်မင်ယီ၏ အသွင်အပြင်ကို ပြီးပြည့်စုံစွာ အလှဆင်ထားသည်။
ဒါရိုက်တာက "ဟုတ်တယ်။ ဇာတ်လမ်းထဲက ပုံရိပ်နဲ့ မကွဲသေးသရွေ့ သရုပ်ဆောင်တွေက ကိုယ့်အဝတ်အစားတွေကိုယ် အဖွဲ့ထဲကို ယူလာလို့ရတယ်...”
ရှူကျင်းကျဲ ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"ရှောင်ဝမ်က ကျွန်တော်ထင်ထားတာထက် ပိုအစွမ်းထက်ပုံရတယ်။ ပထမအစကတည်းက အဖွဲ့ထဲကို တိုက်ရိုက် အရင်းအနှီးထည့်ဝင်ခဲ့တာပဲ..."
ဝမ်မင်ယီ အရင်တုန်းက သူ့အကြောင်းကို သိပ်ပြီး မသိခဲ့ပေ။ သူက ရှုကျင်းကျဲနှင့် အဆက်အသွယ် အနည်းငယ်သာ ရှိသောကြောင့် သူ့ကို မကြိုက်တာလည်း မဟုတ်သလို ကြိုက်တာလည်း မဟုတ်ပေ။ ရှုကျင်းကျဲက ဒါကို မပြောခင် အချိန်အထိ ရှုကျင်းကျဲ ကို မကြိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရှုကျင်းကျဲ သည် ဤကဲ့သို့ နှောင့်ယှက်သော စကားမျိုးကို ပြောခဲ့သည်။
သူက အမြဲတစေ မနှောင့်ယှက်ပဲ မနေတတ်သူဖြစ်သည်။ ဒီလို လူဆိုးတစ်ယောက်ရဲ့ စရိုက်လိုမျိုးကို မကြိုက်ဘူး။ အဲ့ဒီလူက သူ့ကို စော်ကားလာရင် သည်းခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဝမ်မင်ယီ က ရယ်မောပြီး ဖြည်းညင်းစွာ ပြောလာသည်။
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ ၊ အဝတ်အစားတွေရဲ့ သုံးပုံတစ်ပုံလောက်တောင် နည်းသွားပြီ။ Music Pool မှာ ငယ်ငယ်ရွယ်ရွယ်သခင်လေးရဲ့ ကိုယ်ပိုင် ဒီဇိုင်းပုံစံမျိုးကို ခွင့်မပြုခဲ့ပေမယ့် ကျွန်တော်က နေ့တိုင်း တူညီတဲ့အဝတ်အစား အမျိုးအစားတွေကိုပဲ ဝတ်ပါတယ်။ ဒါက ကိုယ်ပိုင် ဒီဇိုင်းနဲ့ မတူဘူးလို့ အစ်ကို ရှု မထင်ဘူးလား..."
ရှူကျင်းကျဲ က ခေါင်းညိတ်ပြီး...
"ဟုတ်တယ်၊ မင်းအဝတ်အစားဝယ်ဖို့ မင်းရဲ့လစာက လုံလောက်မယ်လို့ ငါမျှော်လင့်ပါတယ်..."
"အစ်ကို ရှူ စိတ်ပူစရာမလိုပါဘူး" ပြီးတာနဲ့ သူအနားယူရာ နေရာတွင် ထိုင်နေလိုက်သည်
ရှန့်ချန်ဇီ က သူတို့ ပွင့်ပွင့်လင်းလင်းနဲ့ တိတ်တိတ်လေး တိုက်ခိုက်တာကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် ဟု ထင်မိသည်။ ရှူကျင်းကျဲ က ဝမ်မင်ယီ ကို မမုန်းဘူးလို့ သူထင်တဲ့အတွက် သူ ဒေါသထွက်ရတဲ့အကြောင်းကို သူ လက်မခံနိုင်ခဲ့ပေ။ ရှုကျင်းကျဲ က မကြိုက်တာကို ပြသဖို့ အချိန်မဟုတ်ဘူးလို့ ထင်သည်။ ယန်ဖေးဖေး ရဲ့ ရာထူးကြောင့် ဝမ်မင်ယီကို မဖိနှိပ်နိုင်သော်လည်း ရှုကျင်းကျဲ သည် ၎င်းကို ဂရုမစိုက်တော့ဘူးနဲ့ တူသည်။ သူအလိုရှိသရွေ့ ဝမ်မင်ယီကို သူ့ဇာတ်လမ်းထဲမှာရော အပြင်မှာပါ ဖိနှိပ်ထားနိုင်ပြီး ယန်ဖေးဖေးက ဝမ်မင်းယီအတွက်နဲ့ သူ့ကို ပြဿနာရှာမှာ မဟုတ်လောက်ဘူးလို့ ထင်နေသည်။
' အရမ်း ရယ်ရတာပဲ ' ရှန့်ချန်ဇီ က သူ့စိတ်ထဲမှာ အော်ငေါက်ရုံကလွဲလို့ မတတ်နိုင်လောက်အောင်ကို စိတ်ထဲကနေ အော်ဟစ်နေမိသည် ၊ ကျယ်ကျယ်လောင်လောင်နဲ့ အော်ဟစ် နေမိသည်။
ယန်ဖေးဖေး ရိုက်ကွင်းကို ရောက်လာတဲ့အချိန်၌ ယောက်ျားလေးသုံးယောက်ကြားရှိ လေထုသည် အလွန် ပါးလွှာသည့် အလွှာလေးခြားထားသည်ကို တွေ့လိုက်ရသည်။ ဝမ်မင်ယီကို ဘာဖြစ်သွားတာလဲလို့ မေးဖို့ အချိန်မရခင်မှာ ဒါရိုက်တာက ရုပ်ရှင်ရိုက်ဖို့ ခေါ်လာခဲ့ပြီး ရှူကျင်းကျဲလည်း ရှိနေသည်၊၊
ယန်ဖေးဖေး နှင့် ရှုကျင်းကျဲ တို့သည် ပထမဆုံး အိမ်မွေးတိရစ္ဆာန်များနှင့် ရိုက်ကူးခဲ့ကြပြီး ဒုတိယအကြိမ်တွင် အိမ်မွေးတိရစ္ဆာန်များမပါဘဲ ရိုက်ကူးခဲ့ကြသည်။
ဝန်ထမ်းများသည် ယန်ဖေးဖေး နှင့် ရှုကျင်းကျဲ အနီးတစ်ဝိုက်တွင် စုဝေးကြပြီး တိရစ္ဆာန်ငယ်လေး ၃ ကောင်သည် ဝမ်မင်ယီထံသို့ အလိုလို ပြေးသွားကြသည်။ လိမ္မော်ရောင်ကြောင်လေးက ခေါင်းကိုမော့ကာ မနက်စာစားပြီးနောက် အဆာပြေစားဖို့ တောင်းနေခဲ့သည်။
မနေ့က ဝမ်မင်ယီ သည် ချန်လု ကို ကြောင်စာ၊ ခွေးစာတွေ ဝယ်ပေးဖို့ အကူအညီတောင်းခဲ့သည်။ ယခု လိမ္မော်ရောင်ကြောင်က စားချင်နေတာတွေ့တော့ ကြောင်စာကိုထုတ်ပြီး နည်းနည်းဆိုမှ နည်းနည်းပဲကျွေးလိုက်သည်။
"နည်းနည်းလောက်ဆို လုံလောက်ပြီ။"
လိမ္မော်ရောင် ကြောင်လေးက မကျေနပ်ပေ။ ဝမ်မင်ယီ သည် ကြောင်စုတ်ဖွားလေးကို အစာကျွေးသောအခါ၊ သူသည် ကြောင်စုတ်ဖွားထံမှ မုန့်များကိုလုယူ ရန် ကြိုးစားနေသည်။ ထို့ကြောင့် ဝမ်မင်ယီ က ၎င်းကို တွန်းထုတ်လိုက်သည်။
ကြောင်နှစ်ကောင်ကို ကျွေးပြီးနောက် ခွေးစာထုတ်ကာ ကာဂီကို ကျွေးလိုက်သည်။ ထို့နောက် ပတ်ပြေးမနေပဲ ကောင်းကောင်းနေရန် တစ်ကောင်ပြီး တစ်ကောင်ထိကာ ပြောလိုက်သည်။ တိရစ္ဆာန်ငယ်များသည် နာခံမှုရှိစွာ ခြေထောက်နား၌ နေကာ ထိုင်နေကြသည်။ လိမ္မော်ရောင်ကြောင်လေးသည် သူ့အား ပွေ့ဖက်ရန် ၎င်း၏ခြေထောက်များကိုပင် ဆန့်ထုတ်ထားသည်။ ဝမ်မင်ယီ က မနေနိုင်တော့ပဲ သူ့လက်နှစ်ဖက်နဲ့ ချီလိုက်ပြီး အမွှေးပွကြောင်အား ချန်လုကို ချီခိုင်းထားလိုက်သည်။
ရှုကျင်းကျဲ နှင့် ယန်ဖေးဖေး ရုပ်ရှင်ရိုက်ကူးပြီးနောက် နေရာသို့ ပြန်လာချိန်မှာ ဝမ်မင်ယီ၏နေရာတွင် တိရစ္ဆာန်ငယ်လေးသုံးကောင်ကို တွေ့လိုက်ရသည်။
ရှန့်ချန်းဇီ က မီးလောင်ရာ လေပင့်လုပ်လိုက်ပြီး "ရှောင်ဝမ်က ဒီအိမ်မွေးတိရစ္ဆာန်လေးတွေကြားမှာ တကယ်ကို နာမည်ကြီးတာပဲ။ သူ့နေရာမှာ ဒီအိမ်မွေးတိရစ္ဆာန်လေးတွေကို မြင်လိုက်ရတဲ့အချိန် သူက ပိုင်ရှင်ပဲလို့ တွေးမိမှာကို ကြောက်မိတယ်.." ဟု ပြောလိုက်သည်
ဝမ်မင်ယီ က "အစ်ကိုရှန့် ၊ မင်းနောက်နေတာလား... အစ်ကိုရှု က ငါတို့ရဲ့ ဇာတ်လမ်းထဲက အဓိကလူဆိုတာ လူတိုင်းသိတယ်။ တစ်ယောက်ယောက်က ဇာတ်လမ်းကို မသိရင်တောင်မှ အစ်ကိုရှူ ရဲ့ စိတ်နေစိတ်ထားကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့သုံးယောက်ထဲမှာ စောင့်ကြည့်မှု အများဆုံးရမယ့် ယောက်ျားဖြစ်ရမယ်လို့ မြင်တယ်။ အစ်ကိုရှန့်ရော မမြင်ဘူးလား..."
ရှန့်ချန်းဇီ "........"
ရှန့်ချန်းဇီ အမြန်ပြန်ပြင်ပြောလိုက်သည်။
" ငါသေချာပေါက် သိပေမယ့် အစ်ကိုရှူရဲ့ အိမ်မွေးတိရစ္ဆာန်ကို မင်း အမြဲတမ်းချီမထား သင့်ဘူးလေ..."
" သူ့ကို ဂရုစိုက်ပေးနိုင်မလား လို့ ငါမေးခဲ့တာ... " ယန်ဖေးဖေးကက အကြောင်းအရာကို ဖြတ်ပြောလိုက်တယ် " မနေ့က ဒီကောင်လေးသုံးကောင်ကို ပြုစုဖို့ သူကူညီပေးခဲ့တယ်၊အဲ့ဒါကြောင့် ရုပ်ရှင်ရိုက်တုန်းက သူတို့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တာ။ ပြဿနာရှိလား..."
သူမက ရှန့်ချန်းဇီ ကိုကြည့်ရင်း...
"မင်းရဲ့ မျက်ဝန်းပြာကြောင် ကို ပြုစုစောင့်ရှောက်ဖို့ သူ့ကို ပေးထားချင်လည်းရတယ်၊ သူလည်း သဘောတူလိမ့်မယ်ထင်တယ်၊ ရှောင်ဝမ်က တော်တော် စိတ်အားထက်သန်တဲ့ကောင်လေးလေ..."
ဝမိမင်ယီ က ရှက်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"ယန်ကျဲက ငါ့ကို မြှောက်ပြောနေတာ။ ဒါပေမယ့် ရှန့်ကော က ဆန္ဒရှိရင် မင်းရဲ့ မျက်ဝန်းပြာကြောင်ကို စောင့်ရှောက်ဖို့ ငါတကယ် ကူညီပေးနိုင်ပါတယ်။ မင်း နဲ့ အဖွဲ့သားတွေကို ကူညီပေးနိုင်တာ အရမ်းဝမ်းသာပါတယ်..."
ရှန့်ချန်းဇီ "........"
ရှူကျင်းကျဲ "........."
ဘယ်လောက် အရှက်မရှိတဲ့လူလဲ ! ဒီလို ရိုင်းစိုင်းတဲ့လူကို သူ တစ်ခါမှ မမြင်ဖူးဘူး...
အိမ်မွေးတိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်တဲ့ ဝန်ထမ်းက ဝင်ပြောလာလေသည်။
"ကျေးဇူးတင်ပါတယ် ရှောင်ဝမ် ၊ တစ်ခါတလေ သူတို့ကို ပြုစုဖို့က အရမ်း အလုပ်ရှုပ်နေလို့။ ကျေးဇူးပြုပြီး....."
"ရပါတယ်..." ဝမ်မင်ယီက ပြုံးပြုံးလေးပြောလိုက်သည် ။
ဝမ်မင်ယီ သည် မနက်ပိုင်းကို အန္တရာယ်ကင်းစွာ ကုန်ဆုံးခဲ့ပြီး ယန်ဖေးဖေး နှင့်အတူ နေ့လည်စာ စားခဲ့သည်။ နေ့ခင်းဘက်တွင် သူနှင့် ရှူကျင်းကျဲ တို့သည် အပြိုင် သရုပ်ဆောင်ကြရသည်။
သူနှင့် ရှူကျင်းကျဲ အပြိုင် သရုပ်ဆောင်တာကို ပထမဆုံးအကြိမ် ရိုက်ကူးခြင်းဖြစ်သည်။ ဝမ်မင်ယီ သည် ရှူကျင်းကျဲ က သူ့ကို ယခု မကြိုက်တော့တဲ့အတွက် ရုပ်ရှင်ရိုက်တဲ့အခါ အဆင်မပြေမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ သည် နေ့လည်စာစားချိန်တွင် ယန်ဖေးဖေး နှင့် သရုပ်ဆောင်ရန် အကျိုးရှိရှိ အသုံးချလိုက်သည်။
ယန်ဖေးဖေး က "ပြဿနာမရှိပါဘူး... မင်းအခြေအနေကောင်းတယ်၊ မဆိုးဘူး"
ဝမ်မင်ယီ စိတ်သက်သာရာ ရသွားသည်။
ဒါပေမယ့် စိတ်ချဖို့က သူ့အတွက် စောလွန်းနေသေးသည်။ ယန်ဖေးဖေး က ပြဿနာမရှိဘူး လို့ ပြောတာက ရှူကျင်းကျဲ အတွက် ပြဿနာမရှိဘူး ဟု ပြောလို့မရပေ။ ရှူကျင်းကျဲ က သူ့ကို သင်ခန်းစာတစ်ခုသင်ပေးဖို့ ရည်ရွယ်ထားတာကြောင့် သူဟာ ဝမ်မင်ယီ ကို အမှားလုပ်မိအောင် ဖိအားပေးခဲ့သည်။
ဒါရိုက်တာက "ကတ်" ကို တတိယအကြိမ် ခေါ်သောအခါ၊ ဝမ်မင်ယီ သူ၏ ကျေနပ်မှုနှင့် သိမ်မွေ့သော လှောင်ပြောင်မှုကို မြင်လိုက်ရသည်။
"ရှောင်ဝမ် က အခြေအနေကောင်းပုံမပေါ်ဘူး။ တခြားသူတွေရဲ့ အပိုင်းတွေကို အရင်ရိုက်ထားလိုက်မယ်။ ရှောင်ဝမ် အခြေအနေကောင်းလာတဲ့အခါ ထပ်ရိုက်ကြမယ်..."
"မဟုတ်ဘူး..."
ဝမ်မင်ယီ က ငြင်းလိုက်သော်လည်း သူ့အနောက်ကနေ "ဟုတ်ကဲ့" ဟု ထွက်လာတဲ့အသံကို ကြားလိုက်ရသည်။
ဝမ်မင်ယီ က နောက်ပြန်လှည့်ကြည့်လိုက်သောအခါ မနီးမဝေးမှာ ရပ်နေတဲ့ ရင်းနှီးတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူကတော့ အရပ်ရှည်ရှည် ဖြောင့်ဖြောင့်၊ ရိုမန်တစ်ဆန်တဲ့ မျက်ခုံးမွှေးနဲ့ သူ့မျက်နှာတွင် ဂရုမစိုက်တဲ့ အပြုံး ရှိနေပြီး ကြည့်ကောင်းနေသည် - " မုကျိအန်း "
ရှူကျင်းကျဲ ၏ မျက်လုံးများက သူ့ပတ်ဝန်းကျင်ရှိ လူများကို စူးစိုက်ကြည့်နေပြီး ဘယ်သူလဲဆိုတာ သူလုံးဝ မသိပေ။
သို့သော်လည်း ရှူကျင်းကျဲ သည် သူ့မျက်နှာကို မြင်ဖူးသောကြောင့် မှတ်မိသေးသည်။ အံ့သြစရာကောင်းလွန်းတဲ့အတွက် သူ ကောင်းကောင်း မှတ်မိနေခဲ့သည်။ ဓာတ်ပုံထဲမှာ လျှပ်တပြက် မြင်ခဲ့ရတဲ့ တစ်ဖက်လူရဲ့ ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မျက်နှာအသွင်အပြင်ကို မြင်လိုက်တဲ့အခါ — " အဲ့ဒါ ဝမ်မင်ယီ ရဲ့ ကောလဟာလထဲက သူနဲ့အတူ ကြီးပြင်းခဲ့တယ်ဆိုတဲ့ အိမ်နီးနားချင်း အစ်ကိုကြီးပဲ... "
ဒါပေမယ့် အဲဒီတုန်းကတော့ မမျှော်လင့်ထားမိခဲ့ပေ။ တစ်ဖက်လူက ဓါတ်ပုံထဲကအတိုင်း ယဉ်ကျေးသိမ်မွေ့စွာနဲ့ ထိန်းချုပ်နိုင်ပြီး အလွန်ပြင်းထန်စွာ ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။
မုကျိအန်း နှင့် အတူတူ ပေါ်လာနိုင်ပြီး ထိုကဲ့သို့သော အကျင့်စရိုက်ရှိသော သူ၏ အထောက်အထား သည် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
ဝမ်ပေါ် က သူ့ကို လမ်းအဆုံး ရောက်အောင် ပို့လိုက်သည်ဟု ရှုကျင်းကျဲ ခံစားလိုက်ရသည်။