ဝမ်မင်ယီ ဘာ ပြောနိုင်တော့မှာလဲ... သူ ခေါင်းညိတ်တာ တစ်ခုပဲ လုပ်နိုင်သည်။
စစ်ကျွင်းတောက်ကို ကြည့်ရင်း ဘယ်နေရာမှာ အလုပ်များနေမှန်း မသိတဲ့ သူ့မိဘတွေနဲ့ ယှဉ်ကြည့်မိသည်။ သူ ကြီးပြင်းလာမှုအတွက် တာဝန်ယူကာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကူညီပြီးဖြေရှင်းပေးတဲ့ စစ်ကျွင်းတောက်ကမှ တကယ့် စောင့်ရှောက်သူနဲ့ တူနေသည်၊
တကယ်တော့ ရှုကျင်းကျဲ လိုမျိုး တစ်စုံတစ်ယောက်ကို သူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ စစ်ကျွင်းတောက်၏ အကူအညီ လိုလိမ့်မယ် ဟု သူမခံစားခဲ့ရပေ။ ဒါပေမယ့် စစ်ကျွင်းတောက် က သူ့အရှေ့မှာ ရပ်ပြီး ကာကွယ်ပေးနေရတာကို အသားကျနေခဲ့ပုံပေါ်သည်။
ဝမ်မင်းယီ သူ့အဝတ်ကို ဆွဲလိုက်ပြီး " တကယ်လို့ ပိုက်ဆံပဲ ဆိုရင် ကျွန်တော့် ပိုက်ဆံကို သုံးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပိုက်ဆံက သုံးမှ မသုံးဖြစ်တာ... "
" ကိုယ် က မင်းရဲ့ ပိုက်ဆံကို လိုနေလို့လား ..."
စစ်ကျွင်းတောက် က မေးလာခဲ့သည်။
" အဲ့ဒါက ကျွန်တော့် ပိုက်ဆံကြောင့် မဟုတ်ဘူး... " ဝမ်မင်ယီနှင့် သူသည် ဓါတ်လှေကားဆီ လမ်းလျှောက်ဝင်လိုက်ချိန်မှာ ရှင်းရှင်းလင်းလင်း နဲ့ တိုးတိုးလေးလေး ပြောလာခဲ့သည်။
" ကျွန်တော်က အခု လူကြီး ဖြစ်နေပါပြီ၊ ကိုယ့်ကိုကိုယ်အတွက် တာဝန်ယူနိုင်ပါတယ်၊ တစ်ချို့ ပြဿနာတွေကို အမြဲတမ်း ကိုယ့်ဟာကိုယ် ဖြေရှင်းရမယ်လေ၊ ကျွန်တော့်အတွက် ထာဝရ ကော ပေးနေရတာကို ခွင့်မပြုနိုင်ဘူး၊ အဲ့ဒါကြောင့် ကျွန်တော့် ပိုက်ဆံ ကို သုံးလိုက်ပါ... "
စစ်ကျွင်းတောက် ခဏလောက် မူးမေ့ကာ သတိလွတ် သွားခဲ့သည်။
ဝမ်မင်ယီ က စိတ်ပိုင်းဖြတ်ထားပြီး ကြည်လင်နေတဲ့ မျက်လုံးနဲ့ သူ့ကို ကြည့်လာသည်။
မုကျိအန်းက သူ့အရှေ့မှာ လေးနက်တဲ့ မျက်နှာနဲ့ ပြောနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေလိုက်သည်။
သွားလိုတဲ့ အထပ်ကို ရောက်တဲ့အချိန်မှာ ဓါတ်လှေကားက အသံမြည်လာပြီး တံခါး ပွင့်သွားခဲ့သည်။
မုကျိအန်း အရင် ထွက်လိုက်သည်။ ဝမ်မင်ယီ ထွက်တော့မယ့် အချိန်မှာ စစ်ကျွင်းတောက် က သူ့ လက်မောင်းကို လှမ်းဆွဲခဲ့သည်။ ဝမ်မင်ယီ သည် စစ်ကျွင်းတောက် ဘာပြောချင်တာလဲ ဆိုတာ နားမလည်ပေမယ့် ပြောချင်တာကို ပြန်မျိုချလိုက်ပြီး ပြောလိုက်သည်။
ဝမ်မင်ယီ့ အခန်းထဲရောက်ချိန်၌
စစ်ကျွင်းတောက် နဲ့ မုကျိအန်း အတွက် ရေတစ်ခွက်စီ ခပ်ပေးလိုက်သည်။ စစ်ကျွင်းတောက် က ရေခွက်ကိုယူလိုက်ပေမယ့် မသောက်ခဲ့ပေ။ တကယ်တော့ သူ က လက်ဖက်ရည် စားပွဲပေါ်မှာ တင်ထားလိုက်သည်။
" ငါ မင်မင် နဲ့ စကားပြောစရာရှိတယ်၊ မင်း ဒီမှာ ခဏလောက် စောင့်နေပေး... "
သူက မုကျိအန်းကို ပြောလိုက်သည်။
မုကျိအန်း က ခေါင်းညိတ်လိုက်ပြီး " သွားလေ... "
စစ်ကျွင်းတောက် ဝမ်မင်းယီ ကို ဧည့်ခန်းပါ ဟိုတယ်အခန်း၏ အိပ်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
မုကျိအန်း စစ်ကျွင်းတောက် တံခါး ပိတ်လိုက်တာကို စောင့်ကြည့်နေခဲ့သည်။ ပြီးတဲ့နောက်မှာ သူ့ဖုန်းကို ထုတ်ကာ ကျိုးရန်ဆီ wechat ကနေ စာမြန်မြန် ပို့လိုက်သည်။
မုကျိအန်း
ငါ လျှို့ဝှက်ချက် တစ်ခု ရှာတွေ့လိုက်သလို ခံစားလိုက်ရတယ် )
မုကျိအန်း : 'စစ်ကျွင်းတောက် ဖုံးကွယ်ထားတာ အရမ်းများတာပဲ ! သူ ဝမ်မင်ယီ အပေါ် ဘယ်လောက် ကောင်းလဲ ငါပြောပြမယ်၊ ဝမ်မင်ယီ က သုံးနှစ်လောက် သူနဲ့ ရန်ဖြစ်နေတာတောင် သူ ဘယ်တော့မှ ထွက်မသွားခဲ့ဘူး၊ အဲ့ဒါက အစ်ကိုတစ်ယောက် အနေနဲ့ ထိန်းချုပ်နိုင်တဲ့ဟာ မဟုတ်ဘူး )
မုကျိအန်း : (ဘုရားသခင် , ရှောင်မင်မင် က သိတဲ့ပုံ မပေါ်ဘူး၊ အဲ့ဒါက အရမ်း ရက်စက်တာပဲ၊ လျှို့ဝှက် အချစ်အနေနဲ့ပဲ ရှိသေးတယ် )
ကျိုးရန်
...)
မုကျိအန်း : (မင်း မမြင်ဘူးလား ! သူတို့နှစ်ယောက် က ပုံမှန်မဟုတ်ဘူး ! မင်း သူတို့ကို ဝါးပင်တွေလို့ ထင်လား (အဖြောင့်) ဝါးပင်တွေလေ ... တကယ်တော့ သူတို့ က အသုံးမကျဘူး ...)
မုကျိအန်း : (နှစ်ယောက်စလုံး မူမမှန်ဘူး ၊ စစ်ကျွင်းတောက် က ဝမ်မင်ယီ ကို တိတ်တိတ်လေး ချစ်နေတယ် ဆိုတာ ငါလောင်းရဲတယ် ပြီးတော့ ဝမ်မင်ယီကကျ သူ့ကို အတူတူကြီးပြင်းလာတဲ့ အိမ်နီးနားချင်း အစ်ကိုကြီးလိုပဲ ဆက်ဆံနေတာ )
မုကျိအန်း
Oh....ဒါက ဒီလောက် အရေးကြီးတဲ့ဟာကို မင်းက ငါ့ကို စာလုံး တစ်လုံးတည်း ပို့တယ်ပေါ့ ... မင်းရဲ့ reply က သင့်တော်တင် ထင်နေလား ...)
ကျိုးရန် : (Oh! ငါ အခု သိသွားပြီ ! ရပြီလား )
ကျိုးရန် : (ငါ သိပြီ (ပုံ))
ကျိုးရန် : (အဲ့ဒီလိုလား (ပုံ))
ကျေနပ်နေသော မုကျိအန်း : (အဲ့ဒါက တကယ်အရေးကြီးတယ် ထင်လား)
ကျိုးရန် : (အင်း ၊တကယ် အရေးကြီးတယ် )
မုကျိအန်း : (အဲ့ဒီ့ နှစ်ယောက် က ငါ မသိအောင် ပြောနေကြတယ်၊ သူတို့ ဘာတွေ ပြောနေတာလဲ ဆိုတာ ငါ တကယ် သိချင်တယ်)
ကျိုးရန် : (သူတို့ ပြောပြီးသွားရင် ကျွင်းတောက် ကို မေးလိုက်လေ )
မုကျိအန်း
အဲ့ဒီ တစ်နည်းပဲ ရှိတော့တယ်လေ၊ စစ်ကျွင်းတောက် က သူ့ တွေးနေတာကို သူ သေချာ မသိသေးဘူး ၊ ဟွန်း..ဟွန်း... သူကိုယ်သူ ရှင်းရှင်းလင်းလင်း သိသွားအောင် ငါ က ကူညီပေးရမှာပေါ့ ! အို....အမှန်တရားကို မြင်နိုင်တဲ့ တစ်ဦးတည်းသော သူကတော့ ပန်အန်နဲ့တူပြီး ဉာဏ်ရည်ထက်မြက်ပေမယ့် သာမန်ဆန်လွန်းတဲ့ နာမည်ကြီး စုံထောက် မုကျိအန်း ဖြစ်ပါတယ် )
ကျိုးရန် : (လက်ခုပ်သံများ (ပုံ))
မုကျိအန်း : (သူ့ကို ငါတို့နှစ်ယောက်ကို ဖိတ်ပြီး ညစာဝယ်ကျွေးခိုင်းရမယ် ၊ ဟီးဟီး...)
ကျိုးရန်
ကောင်းတယ်)
ကျိုးရန်
OK (ပုံ))
မုကျိအန်း အရမ်း မဝေးတဲ့ တံခါးကို ကြည့်နေခဲ့ပြီး အကွာအဝေး ထောင်ပေါင်းများစွာ မြင်နိုင်တဲ့ မျက်လုံး၊ ကြားနိုင်တဲ့ နားတွေ ရှိဖို့ ဆုတောင်းမိသည်။
သူတို့ ဘာတွေပြောနေတာလဲ ငါ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါ...
မုကျိအန်း သိချင်နေတဲ့ အိပ်ခန်းထဲတွင် ဝမ်မင်ယီ သည် ကုတင်ပေါ် ထိုင်နေပြီး သူ့အရှေ့က လူကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေသည်။
" ဘာ ကိစ္စ ရှိလို့လဲ... ထူးထူးခြားခြား ရုတ်တရက်ကြီး စကားပြောဖို့ ကျွန်တော့်ကို ဆွဲခေါ်လာတယ်... "
စစ်ကျွင်းတောက် က သူ့ကို ကြည့်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်ပေမယ့် မည်သို့ပြောရမည်ကို သူ မသိခဲ့ပေ။
ဝမ်မင်ယီ က သူ့အနား ကပ်ကာ " ကော ဘာပြောချင်လို့လဲ... "
စစ်ကျွင်းတောက် ချောင်းဟန့်လိုက်သည်။ ဝမ်မင်ယီ က ခေါင်းကိုငုံ့ကာ အောက်ကနေ သူ့ကို ကြည့်လာသည်။
စစ်ကျွင်းတောက် သတိလက်လွတ်နဲ့ နောက်ဆုတ်လိုက်ပြီး သင်ပေးခဲ့သည်။ " သေချာ ထိုင် "
ဝမ်မင်ယီ ကျောမတ်ကာ ထိုင်လိုက်ပြီး သိချင်စိတ်အပြည့်နဲ့ သူ့ကို ကြည့်လာခဲ့သည်။
စစ်ကျွင်းတောက် က သူ့ကို ခေါ်လိုက်သည်။
ဝမ်မင်ယီ သည် ကျယ်လောင်တဲ့ အသံနဲ့ ပြန်ဖြေလိုက်သည်။
" ကျွန်တော် ရှိပါတယ်... "
" မင်း ကြီးပြင်းလာပြီး အရွယ်ရောက်လာပြီ ဆိုတာ ကိုယ်သိတယ်၊ ဆယ်ကျော်သက် အရွယ် ဆိုတော့ လွတ်လွတ်လပ်လပ် နေချင်မှာပေါ့ ။ ဒါပေမယ့် ကိုယ်တို့အတွက် အရမ်း ကင်းကင်းရှင်းရှင်း ဖြစ်ဖို့မလိုဘူး လို့ ကိုယ် ထင်တယ် ၊ မင်း နားလည်လား ..."
ဝမ်မင်ယီ နည်းနည်း စိတ်ရှုပ် သွားခဲ့သည်။ ဘယ်လိုဖြစ်ပြီး ဒီဟာကို ရုတ်တရက်ကြီး ထပြောနေတာလဲ...သူခေါင်းခါလိုက်ပြီး နားမလည်ကြောင်း ပြသလိုက်သည်။
စစ်ကျွင်းတောက် က ထပ်ပြောလာခဲ့သည်။
" အဲ့ဒါ ကလေး က အရွယ်ရောက်လာပြီး မိဘအိမ်ကနေ ထွက်သွားသလိုမျိုးပဲ၊ ဒါပေမယ့် မိဘတွေ အတွက်ကတော့ သူက အမြဲတမ်း ကလေးဖြစ်နေမှာ၊ သူ့မိဘတွေက သူ့ကို အမြဲတမ်း စိတ်ပူနေလိမ့်မယ် ၊ အဲ့ဒီလိုပဲ မင်း အသက် ဘယ်လောက်ပဲရှိရှိ ကိုယ်က မင်းနဲ့အတူရှိနေပြီး အမြဲတမ်း မင်းရဲ့ အစ်ကိုကြီး ဖြစ်နေမှာပဲ ၊အဲ့ဒါကြောင့် မင်း ကို စိတ်ပူနေပြီး မင်း ရဲ့ ပြဿနာတွေကို လိုက်ပြီးရှင်းပေးနေမှာ။ ဒါက ပုံမှန်ပဲ ၊ မင်း ဝန်လေးနေဖို့ မလိုဘူး ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေဖို့လည်း မလိုဘူး... "
ဝမ်မင်ယီ နားလည်သွားခဲ့သည်။
" ကော ကျွန်တော့် ပိုက်ဆံ ကို မသုံးချင်ဘူးလား... "
စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်ပြီး " မလိုပါဘူးကွာ..."
သူက ပြောလာခဲ့သည် " ကိုယ် လုပ်လိုက်မယ်၊ အဲ့ဒါအတွက် မင်း တာဝန်ယူစရာ မလိုဘူးနော်၊ ပြီးတော့ ကိုယ်ကလည်း မင်းကို တာဝန်မယူစေချင်ဘူး... "
" ဒါပေမယ့် ..." ဝမ်မင်ယီ သူ့အတွေးတွေကို နားလည်ပေမယ့် သူ့မှာလည်း သူ့အတွေးနဲ့သူ ရှိသည်။
" ကျွန်တော် အရွယ်ရောက်လာပါပြီဗျာ ၊ ငယ်ငယ်တုန်းကတော့ ဘာမှ မသိခဲ့ဘူး၊ တကယ်လို့ ကျွန်တော် ကော ပိုက်ဆံကို ဖြုန်းခဲ့တာဖြစ်ဖြစ်၊ ကော ပစ္စည်းကို သုံးရင် ဖြစ်ဖြစ် ကော က ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော်လည်း ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမယ့် အခု ကျွန်တော် အသက်ကြီးလာပြီ ကော ပိုက်ဆံ ကို ထိုင်ဖြုန်းနေဖို့ မသင့်တော်တော့ဘူး ..."
စစ်ကျွင်းတောက်ကတော့ ဒါက မသင့်လျော်ဘူး ဟု မခံစားရခဲ့ပေ။
" မင်းနဲ့ ကိုယ် ကြားမှာ ပြတ်ပြတ်သားသား ခြားနားအောင်လုပ်ဖို့ လိုအပ်လို့လား ၊ ကိုယ် က မင်း သုံးဖို့ ခွင့်ပြုပေးထားတာလေ၊ အဲ့ဒါက ဘာမှားနေလို့လဲ ..."
"ဒါပေမယ့် နောက်ဆုံးတော့လည်း ကျွန်တော် က ကောရဲ့ ညီ မဟုတ်ဘူးလေ... "
ဝမ်မင်ယီ အကူအညီမဲ့စွာနဲ့ ပြောလိုက်သည်။
" လွန်ခဲ့တဲ့ ၁၈နှစ်လောက်တုန်းက ကိုယ်တို့ မသိခဲ့သလိုမျိုး အခု မင်း က ကိုယ်နဲ့ ကင်းကင်းရှင်းရှင်း ခွဲနေချင်တာလား..."