အပိုင်း ၃၈
Viewers 14k

" ကျွန်တော် ပြောချင်တာ က အဲဒီလိုမဟုတ်ပါဘူး... "
ဝမ်မင်ယီ ရှင်းပြလိုက်သည်။
" ဘာမှမဟုတ်ပဲနဲ့ ကော အပေါ် အမြဲတမ်း အခွင့်အရေး ယူနေလို့ မဖြစ်ဘူး လို့ ခံစားနေရတာ ၊ ကလေးတုန်းက မသိလို့ လုပ်ခဲ့မိရင်တောင် အခုက လူကြီးဖြစ်နေပြီလေ ၊ မလုပ်သင့်တော့ဘူး... "
သူ့ဦးနှောက် သေးသေးလေးနဲ့ ဘာတွေ စဉ်းစားနေလဲဆိုတာ စစ်ကျွင်းတောက် နားမလည်နိုင်ပေ။
" မင်း နဲ့ ကိုယ် ကြားမှာ အခွင်းအရေးယူတယ် ဆိုတာမျိုး လုံးဝမရှိဘူး။ တကယ်လို့ ကိုယ် ဒီနေ့သေသွားရင်တောင် ကိုယ့်အမွေတွေ အားလုံးနီးပါး ကို မင်းအတွက်ထားခဲ့ပေးမှာ မင်း နားလည်ရဲ့လား... "
ဝမ်မင်ယီ : "...."
ဝမ်မင်ယီ : "ကျွန်တော် နားမလည်ဘူး ကော အသက် ငယ်ငယ်လေးရှိသေးတာ ကို ဘာကြောင့် ဒီလိုအရာတွေ စဉ်းစားနေရတာလဲ ... အမွေတွေ ပေးမှာ....
ကျွန်တော် က ကော အမွေတွေကို ဘာအတွက် လိုချင်ရမှာလဲ ..."
စစ်ကျင်းတောက် က သူ့ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာကို ကြည့်ပြီး စိတ်ရှည်ရှည်ထားကာ ပြောလာခဲ့သည်။
" အဲ့ဒါကြောင့် ကိုယ် မလိုချင်ဘူး၊ မင်း နဲ့ ကိုယ့်ကြားမှာ ပြတ်ပြတ်သားသား ခွဲခြားတာတွေ ကို မရှိစေချင်ဘူး၊ ဟုတ်တယ် ၊ မင်း ကြီးပြင်းလာပြီး အရွယ်ရောက်လာပြီ၊ မင်း လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီ့အဓိပ္ပါယ်က မင်း ကိုယ့်အပေါ် ဆက်ပြီး မှီခိုလို့မရဘူး၊ မင်း ကိစ္စတွေမှာ ကိုယ်တာဝန်မရှိတော့ဘူး လို့ မဆိုလိုဘူးလေ ...မင်းရဲ့ ကိစ္စတွေဆိုရင် သေးသေးလေး ကနေ အကြီးကြီးအထိ ကိုယ့်မှာ တာဝန်ရှိထားပြီးသား၊ မင်း က ကိုယ်တာဝန်ရှိတာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ၊ပိုက်ဆံ နဲ့ တစ်ခြားအရာတွေ ကို ဂရုစိုက်ဖို့အတွက် နဲ့ မင်းကို တစ်ယောက်တည်း ပစ်မထားနိုင်ဘူး၊ ကိုယ် မင်းကို လျှစ်လျူ ပြီး မနေနိုင်ဘူး။ မင်း ကိုယ့်ကို မလိုတော့ရင် ကိုယ်က အရူံးသမားဖြစ်သွားတယ်လို့ ခံစားရလိမ့်မယ် ၊မင်း နားလည်ရဲ့လား..."
ဝမ်မင်ယီ တိတ်ဆိတ်သွားခဲ့သည်။
သူ စစ်ကျွင်းတောက် ကို အကြာကြီး ကြည့်နေခဲ့ပြီး တုန်လှုပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
သူ သူတို့၏ ဆက်ဆံရေးကို နားလည်သွားခဲ့တယ် ဟု ခံစားလိုက်ရသည်။ စစ်ကျွင်းတောက် သည် ကာကွယ်သူ နဲ့ ပေးဆပ်သူ နေရာမှာ အသားကျနေခဲ့သည်။ သူ သည် သူ့အပေါ် ကောင်းကောင်း ဆက်ဆံတာကို အကျင့်ဖြစ်နေခဲ့ပြီး သူ့အပေါ် ကောင်းကောင်း ဆက်ဆံနေလိမ့်မယ်၊ ဒီလို ကြင်နာမှုမျိုးက စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပေးမှု တစ်ခုတည်း မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုလည်း ဖြစ်သည်။ အဲ့ဒါကြောင့် သူ့ကိုယ်ပိုင် ပိုက်ဆံအတွက်နဲ့ လူနှစ်ယောက်ရဲ့ ဆက်ဆေးရေး မပြိုကွဲစေချင်ခဲ့ပေ။
သူ ပိုက်ဆံပေးလိုက်မယ်ဆိုရင် သူတို့ ကွဲကွာသွားမယ့်ပုံပေါ်နေသည်။
အရင်တုန်း က သူ့မှာ ရှိတဲ့အရာတိုင်း သူပိုင်ခဲ့တယ်၊ ဘယ် အချိန်မဆို သူပေးချင်တဲ့အခါ ပေးပစ်လို့ရတယ် ၊ သူ့ စိတ်ထဲမှာ အဲ့ဒါတွေက သူပိုင်တဲ့ဟာတွေ ဖြစ်တဲ့ အတွက် ဂရုမစိုက်ချင်ခဲ့ဘူး။
သူသည် စစ်အိမ်တော်၏ သခင်လေး ဖြစ်သည်၊ စစ်အိမ်တော် ကို သူပိုင်သည်၊ သူ့ပိုင်တာကလည်း သူ့အပိုင်ဖြစ်သည်။
အဲ့ဒါက တကယ့်ကို .. ကိုယ်ပိုင်ဆိုင်မှု က မင်း ပိုင်တာ၊ မင်းပိုင်ဆိုင်မှု ကလည်း မင်း ပိုင်တာ ' ဆိုသည့်အတိုင်းဖြစ်နေသည်။
ဝမ်မင်ယီသည် ခဏတာ ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ စစ်ကျွင်းတောက် သည် ငယ်ငယ်ကတည်းက သူ့အပေါ် ကောင်းကြောင်း သူသိသည်။
သူ တစ်ခါသေသွားခဲ့ဖူးပြီး မူရင်းစာအုပ်၏ ဇာတ်ကြောင်းတည်ဆောက်မှုအရ စစ်ကျွင်းတောက် သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးလူဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ သို့သော် ယခုတော့ သူထင်ထားသည်ထက် ပိုကောင်းသည်ဟု သူခံစားမိခဲ့သည်။
ကြိုတင်စီစဉ်ထားသည့် ရလဒ်မရရှိပေမယ့် ပြန်မွေးဖွားလာခဲ့ရသည် ကို နောင်တမရခဲ့ပေ။ နူးညံ့သိမ်မွေ့သော်လည်း စိတ်ဓာတ်ခိုင်မြဲသော ဝမ်မင်ယီ သည် ရုတ်တရက် ဝမ်းနည်းသွားသည်။
စစ်ကျွင်းတောက် က သူ့ကို ဂရုတစိုက် ဆက်ဆံခဲ့သော်လည်း သူနှင့် ရန်ဖြစ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သုံးနှစ်၊ ရက်တစ်ထောင်ကျော်။ သူ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ အဲဒါကို ဘယ်လို လုပ်ရမလဲ။ ရက်ပေါင်း တစ်ထောင်ကျော် ကြာပြီး နောက်မှာတောင် သူ့ကို ကောင်းမွန်စွာ ဂရုစိုက်ပေးနေဆဲဖြစ်သည်။ သူက တန်ဖိုးမရှိ ၊အသုံးမကျတဲ့သူ ဖြစ်နေပြီလား ။
စစ်ကျွင်းတောက် က တိတ်တိတ်ဆိတ်ဆိတ် သူ့ကို ကြည့်နေခဲ့သည်။ သူခေါင်းကိုငုံ့ပြီး မျက်လုံးထဲက အကြည့်တွေကို မမြင်ရပေ။ စစ်ကျွင်းတောက်က သူ ဒေါသထွက်နေပြီ ထင်ပြီး "မင်မင်" ဟု အသံတိုးတိုးဖြင့် ခေါ်ခဲ့သည်။
ဝမ်မင်ယီ သူ၏ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖြတ်လိုက်ပြီး ခေါင်းကို မော့ကာ ပြုံးပြပြီး ပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
သို့သော် စစ်ကျွင်းတောက် က သူ့ကို စိတ်ပူနေဆဲပင်။
"မင်း အဲ့လို မလုပ်ချင်ဘူးလား..."
ဝမ်မင်ယီ က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး...ကော ပြောတာကို ကျွန်တော် တွေးနေတာ..."
သူ့ရှေ့က လူကိုကြည့်ကာ လက်ကိုသူ့အနားထားပြီး ပခုံးပေါ် မှီလိုက်သည်။ စစ်ကျွင်းတောက် က လက်ကို မြှောက်ပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ သူ့စိတ်ခံစားချက်တွေက မမှန်ဘူးလို့ ခံစားနေရသည်။
"မင်းမှာ ဘာကိစ္စရှိနေလို့လဲ ၊ တစ်ခုခုဆို မင်း ကိုယ့်ကို ပြောလို့ရတယ်..."
"ဘာမှမဟုတ်ဘူး ကော အတွက် မလွယ်ဘူးလို့ ကျွန်တော် တွေးမိသွားတာ.... "
ဝမ်မင်ယီ အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။
သူသည် သွေးသားအရင်း မဟုတ်ပေ။ သူက အိမ်နီးချင်း၏ ကလေးသာဖြစ်သည်။ သူ့မိဘတွေက သူ့ကို ကောင်းကောင်းမဆက်ဆံပေမယ့် စစ်ကျွင်းတောက်က သူ့ကို အမြဲဂရုစိုက်သည်။
"ကျွန်တော် ကော ပြောတာ နားထောင်မယ် ...ဆုံးဖြတ်ချက်တစ်ခုချရုံပါပဲ။ ကျွန်တော့်မှာ ထင်မြင်ချက် ပေးစရာမရှိပါဘူး..."
"တကယ်လား...."
စစ်ကျွင်းတောက် မေးလာသည်။
ဝမ်မင်းယီ က သူ့လက်မောင်း ကြားထဲကနေ ခေါင်းညိတ်ပြပြီး "တကယ်"
တကယ်လို့ ဒါက သူလိုချင်တာဆိုရင် သူ့ဆန္ဒကို လိုက်လျော ပေးလိုက်မယ်။ သူတို့ရဲ့ ဆက်ဆံရေးမှာ စစ်ကျွင်းတောက် ဟာ အမြဲတမ်း ပေးဆပ်ပြီးရင်း ပေးဆပ်နေခဲ့ရတယ်။ သူပေးနိုင်တဲ့အရာက အကန့်အသတ်တွေ များလွန်းတယ်။ ဒါက စစ်ကျွင်းတောက် ကို သူပေးနိုင်တဲ့ အကောင်းဆုံးအရာဖြစ်နိုင်တယ်။ အနည်းဆုံး၊ အဲဒါက စစ်ကျွင်းတောက် လိုချင်နေတဲ့အရာလေ။
သူက စစ်ကျွင်းတောက် ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး ပြန်လွှတ်လိုက်ကာ သတိပေးလိုက်သည်။..
"ဟုတ်ပြီ၊ ကျွန်တော်တို့ အပြင်ထွက်သင့်တယ်၊ မုကော က ကျွန်တော် ကို သရုပ်ဆောင်နည်း သင်ပေးရဦးမယ်လေ..."
စစ်ကျွင်းတောက် က သူ့ခေါင်းကို ကိုင်လိုက်ကာ ရယ်လိုက်သည်၊၊
"ကောင်းပါပြီဗျာ... "
မုကျိအန်း က တံခါးပွင့်လာတာကိုတွေ့တော့ ကျိုးရန် ကို ချက်ချင်း ပြောလိုက်သည်
မုကျိအန်း: ( နောက်မှပြောတော့မယ်)
သူ ဖုန်းကို ဝေးဝေးဖယ်လိုက်ပြီး စစ်ကျွင်းတောက် ကို ကြည့်ကာမေးလိုက်သည်။
" ပြောပြီးသွားကြပြီလား..."
"အင်း" စစ်ကျွင်းတောက် က "အဲ့ဒီ့ ဇာတ်ဝင်ခန်းမှာ ဘယ်လိုရိုက်ရမလဲဆိုတာ မင်မင်ကို မင်း သင်ပေးချင်တာ မဟုတ်လား သင်ပေးလိုက်လေ... "
"ဒါဆို ငါ မင်မင်ကို သင်ပေးလိုက်မယ်..."
မုကျိအန်း က သူ့နောက်က အိပ်ခန်းကို ညွှန်ပြလိုက်ပြီး...
“ ပညာ သင်ပေးတာက သီးသန့်ကိစ္စပါ...”
စစ်ကျ့င်းတောက် က အေးစက်စွာနဲ့ နှာမှုတ်လိုက်သည်။
" ဟွန့် ငါ့ရှေ့မှာ သင်ပေးမလား ဒါမှမဟုတ် မင်း မသင်ပေးဘူးလား..."
"မင်မင်၊ မင်းအစ်ကိုကိုကြည့်..."
မုကျိအန်း က မကျေမနပ်ဖြစ်စွာနဲ့ စစ်ကျွင်းတောက် ကို လက်ညှိုးထိုးပြသည်။
ဝမ်မင်ယီ "..."
ဝမ်မင်ယီ စစ်ကျွင်းတောက် ကို ကြည့်ရန် လှည့်လိုက်သည် ။
"ရှက်စရာ မရှိပါဘူး၊ မင်းငါ့ကို ကျောပိုးထားရလို့လား ဒါမှမဟုတ်ရင် ...."
သူက မူဇီအန်းကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
" မင်း ဘာလုပ်ချင်နေတာလဲ... "
"ကောင်းကင်နဲ့မြေကြီး သက်သေရှိတယ် ..."
မုကျိအန်း က ကောင်းကင်ကို ကျိန်ဆိုခဲ့သည်–
“ငါတို့ကြားမှာ မင်းတစ်ယောက်တည်းက ယောက်ျားတွေကို ကြိုက်တဲ့သူ ငါမဟုတ်ဘူး။ အထီးကျန်သူ၊ မုဆိုးဖိုနဲ့ တစ်ခန်းတည်း နေရတာ ရှောင်မင်မင် အတွက် မလွယ်ကူဘူး။ မင်းတစ်ယောက်တည်း ရှက်စရာကောင်းတဲ့ဟာကို လုပ်ချင်နေတဲ့သူပဲ ၊ ငါမဟုတ်ဘူး ..."
ဝမ်မင်ယီ "....."
ဝမ်မင်ယီ က နဖူးကိုကုတ်ပြီး အကြံပေးလိုက်သည်။
"ဒါမှမဟုတ် အပြင်မှာ သင်ရအောင်၊ အဲ့ဒီမှာ အရမ်းကောင်းတယ်၊ နေရာက ကျယ်ကျယ်ဝန်းဝန်း ရှိတယ်... "
စစ်ကျွင်းတောက် ... "ကိုယ် သဘောတူတယ်။ နှစ်ယောက်နဲ့ တစ်ယောက်၊ နည်းတဲ့လူ က များတဲ့လူ စကားနားထောင်ရမယ်... "
မုကျိအန်း "....."
မုကျိအန်း က နောင်တရသွားတယ်။ ကျိုးရန် ကို လာဖို့ ခေါ်လိုက်သင့်တာ။ အဲဒါဆို နှစ်ယောက်နဲ့ နှစ်ယောက်ဖြစ်သွားမှာ ၊ အခု နှစ်ယောက်၊ တစ်ယောက် က မမျှတဘူး ။
သို့သော် မည်မျှပင် မတရားသည်ဖြစ်စေ မုကျိအန်း သည် မတ်တပ်ရပ်ပြီး ဝမ်မင်ယီ ကို စတင်သင်ကြားရမည်ဖြစ်သည်။
သူက ဝမ်မင်ယီဆီမှ ဇာတ်ညွှန်းတောင်းပြီးနောက် သူနဲ့ ရှုကျင်းကျဲ ကြားက ဇာတ်ဝင်ခန်း ကိုဖတ်လိုက်သည်။
မခက်ပါဘူး။ ဝမ်မင်ယီ အဆင်မပြေရသည့် အကြောင်းအရင်းမှာ သူသည် ပထမဆုံးအကြိမ် ရိုက်ကူးခြင်းဖြစ်ပြီး အတွေ့အကြုံနည်းသောကြောင့် ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ သူ့တွင် ကျွမ်းကျင်တဲ့ သင်ပြမယ့်သူ မရှိ၍ သရုပ်ဆောင်မှု၏ စည်းချက်ကို နားမလည်သောကြောင့် ဖြစ်သည်။
“လာခဲ့၊ အခု ငါက ယန်ပေါ်ချွေ့ပဲ။ မင်းက သံစုံတီးဝိုင်းမှာ ရှိနေတုန်းပဲ။ စမ်းလုပ်ကြရအောင်။ "
"ဟုတ်ကဲ့ "
ဝမ်မင်ယီ က ဇာတ်ညွှန်းကိုချပြီး မုကျိအန်း ရှေ့မှာ ရပ်နေလိုက်သည်။ ဒီအချိန်မှာ မုကျိအန်းရဲ့ စိတ်နေစိတ်ထားက ပြောင်းသွားပြီ။
မုကျိအန်း ၏ ပွဲဦးထွက်ကာလသည် လေးနှစ်သာရှိသေးသည်။ လေးနှစ်အတွင်း သူသည် တီဗီစီးရီးအတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု နှင့် ကျင်းကျုံးအမျိုးသား ဇာတ်ဆောင်ဆု တို့ကို ဆက်တိုက်ဆိုသလို ရရှိခဲ့သည်။ ရုပ်ရှင်လောကသို့ ပြောင်းရွှေ့ပြီးနောက် ကျင်းယွဲ့ကွေး၏ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကိုလည်း ရရှိခဲ့သည်။ နောက်ရုပ်ရှင်ရဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရယူနိုင်ခဲ့လျှင် သူ့ကို ရုပ်ရှင်ဧက္ကရာဇ် မြင်တွေ့ရလိမ့်မယ် ဟု ဆိုနိုင်တယ်။ ဤအောင်မြင်မှုသည် အနည်းဆုံး ရှုကျင်းကျဲ ထက် သရုပ်ဆောင်စွမ်းရည် မြင့်မားကြောင်း ပြသရန် လုံလောက်သည်။
သူက ဝမ်မင်ယီ ကို ထပ်ပြီး သရုပ်ဆောင်ခိုင်းပြန်သည်။ ဝမ်မင်ယီ သည် ယခင်က ယန်ဖးဖေး နှင့်မတူဘဲ အလွန်သက်တောင့်သက်သာ ခံစားခဲ့ရသည်။ မုကျိအန်း ၏ သရုပ်ဆောင်မှုစွမ်းရည်သည် ယန်ဖေးဖေးထက် သာလွန်သောကြောင့် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
သူက အဲဒါကို ကျွမ်းကျင်စွာ သဘာဝကျကျ ကိုင်တွယ်ခဲ့တဲ့အတွက် အလွန် ချောချောမွေ့မွေ့နဲ့ အဆင်ပြေခဲ့သည်။
သရုပ်ဆောင်ပြီးချိန်တွင် ဝမ်မင်ယီ သည် အလွန်သက်တောင့်သက်သာခံစားရပြီး မုကျိအန်းကို ယန်ပေါ်ချွေ့ အဖြစ် သရုပ်ဆောင်စေချင်ခဲ့သည်။ ဒါပေမယ့် မုကျိအန်းကတော့ သေချာပေါက် သရုပ်ဆောင်မှာ မဟုတ်ဘူး။ သူသည် ဝမ်မင်ယီ ကို ဒုတိယအကြိမ် သရုပ်ဆောင်ဖို့ စစေခဲ့သည်။
ဒီတစ်ခါတော့ သူက ဝမ်မင်ယီကို သရုပ်ဆောင်ခွင့် မပေးခဲ့ပေ။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုပဲ သူ အာရုံစိုက်ခဲ့သည်။ ဝမ်မင်ယီ သည် သူရုန်းကန်နေရသည်ကို သိသာထင်ရှားစွာ ခံစားခဲ့ရပြီး သူ့ဇာတ်ကောင်ကိုပင် ဖမ်းဆုပ်မရပေ။
"အဲ့ဒါ ရှူကျင်းကျဲ ကို မင်း ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေပဲ၊ သူက မင်းကို ဂရုမစိုက်ဘူး၊ မင်း က ဒီအတိုင်း သရုပ်ဆောင်ခဲ့ရတဲ့အတွက် သူ့ခံစားချက်ကို မင်းလိုက်မမှီနိုင်ခဲ့ဘူး။"
"ကျွန်တော် ဘာလုပ်သင့်လဲ..." ဝမ်မင်ယီက သူ့ကို မေးခဲ့သည်။
"အခု မင်းက ယန်ပေါ်ချွေ့အနေနဲ့ သရုပ်ဆောင်မယ်၊ ငါ က ဂီတရေကန် အဖြစ် သရုပ်ဆောင်မယ်။" ဟု မုကျိအန်း က ပြောသည်။
ဝမ်မင်းယီ ခေါင်းညိတ်လိုက်သည်။ သူသည် မှတ်ဉာဏ်ကောင်းသောကြောင့် စောစောကတည်းက ဆန့်ကျင်ဘက်လူများ၏ စာကြောင်းအားလုံးကို မှတ်ထားခဲ့သည်။ ယခု ဇာတ်ညွှန်းကြည့်ဖို့ မလိုတော့ပေ။ သူက စိတ်ခံစားချက်ထဲ တိုက်ရိုက်သွင်းလိုက်ပြီး စတင် သရုပ်ဆောင်ခဲ့သည်။
မုကျိအန်းသည် ဂီတရေကန်၏ စာကြောင်းများကို မကျက်ခဲ့သော်လည်း ဝမ်မင်ယီ နှင့် သူသည် နှစ်ကြိမ်သရုပ်ဆောင်ခဲ့သည့် အတွက် ၎င်းတို့ကိုလည်း အလွတ်မှတ်ထားခဲ့သည်။ စကားလုံးများသည် တိကျမှု မရှိနိုင်သော်လည်း စိတ်ခံစားချက်သည် အခြေအနေနှင့် အလွန်ကိုက်ညီပါသည်။
ဝမ်မင်ယီ က သူ့ကို အာရုံစိုက်ပြီး မကြာခင်မှာပဲ မုကျိအန်း သည် စိတ်ခံစားမှုတွေကို ကိုင်တွယ်ရာမှာ သူနဲ့ မတူဘူးဆိုတာ သိလိုက်ရသည်။
မုကျိအန်းသည် စစ်ကျွင်းတောက်အား မှတ်တမ်းတင်ခိုင်းခဲ့သည်။ နောက်ဆုံးတွင် ဖုန်းကို မျက်နှာမူကာ ဝမ်မင်ယီ အား နည်းနည်းချင်းစီခွဲ၍ ရိုက်ပေးလိုက်သည်။
ဝမ်မင်ယီ သည် အမြဲတမ်း ထက်မြက်ပြီး သူ၏ အတုယူနိုင်စွမ်းသည် အလွန်အားကောင်းသည်။ မုကျိအန်း၏ သုံးသပ်ချက်ရပြီးနောက်၊ သူသည် အားလုံးနီးပါးမှတ်ထားနိုင်ခဲ့ကာ မုကျိအန်းနှင့် လေ့ကျင့်ခဲ့သည်။
တတိယအကြိမ်မှာတော့ မုကျိအန်း က "သင်လို့ ပြီးသွားပြီ၊ သူ မင်းနဲ့ ပုံမှန်ရိုက်ကူးခဲ့ရင် ပထမအကြိမ်က ငါတို့လုပ်ခဲ့တဲ့အတိုင်း လုပ်ရုံပဲ၊ သူက တစ်ကိုယ်တော် သရုပ်ဆောင်စွမ်းရည်နဲ့ မင်းကို နှိပ်ကွပ်ချင်ခဲ့ရင်၊ နောက်တစ်နည်း နဲ့ သရုပ်ဆောင်လိုက်"
ဒီလိုပြောပြီးတဲ့အခါ ရုတ်တရက် တစ်ခုခုကို တွေးပြီး ရယ်မောရင်း “မင်းကို လှည့်ကွက်လေးတစ်ခု သင်ပေးပါရစေ။”
"ဘာလှည့်ကွက်လဲ?" ဝမ်မင် က သိချင်ခဲ့သည် ။
"မင်း ကင်မရာထဲမှာ သေချာပေါက်ပေါ်အောင် နေရာ မရှာခဲ့ဘူးလား။ မင်းနဲ့ သရုပ်မဆောင်ခင် ရှုကျင်းကျဲ က မင်းကို ကင်မရာထဲက ထုတ်ပစ်ချင်ခဲ့တာ သိသာပေမယ့် မင်း သူ့ကြောင့် လွှမ်းမိုးမှု မခံခဲ့ရဘူး၊၊အဲ့ဒါကြောင့် မင်း မထွက်ခဲ့ရတာ။ ငါ ဒါကို သင်ပေးမယ်။ ဒီတစ်ကြိမ် မင်း သူ့ကို ဆန့်ကျင်ဘက်ဘက်ကို ခေါ်ထုတ်သွားလို့ရတယ်၊ မင်းအတွက် လက်စားချေလို့ရအောင် အတွေ့အကြုံနည်းသေးတဲ့ သူ့ကို အနိုင်ကျင့်ခွင့်ပေးလိုက်ပါ။ "
" မင်း က ဒီကိုရောက်နေတာလေ၊ သူအရင်တုန်းက လုပ်သလိုမျိုး နောက်တစ်ခါ မလုပ်လောက်တော့ဘူး "
"အဲ့ဒါကြောင့် ဒါက လှည့်ကွက်တစ်ခုပါပဲ။ သူအရင်ကလို မလှုပ်ရှားရင်တောင်မှ သူ့ကို ဖယ်ထုတ်လို့ရတယ်..."
ဝမ်မင်ယီ က ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။
သူလည်း ရှက်တတ်တယ် ဟုတ်ပြီလား ...ငယ်စဉ်ကလေးဘဝကနေ လူကြီးဘဝအထိ ဆရာက လူစုလူဝေးရှေ့မှာ သူ့ကို ချီးမွှမ်းတာပဲရှိပြီး သူ့ကို လူစုလူဝေးရှေ့မှာ ဆူပူကြိမ်းမောင်းတာ မရှိခဲဖူးဘူးလေ...
အခု ရှူကျင်းကျဲ ကြောင့် အကြိမ်များစွာ ခအခြားလူများရှေ့မှာ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ အဲဒီတုန်းကလည်း သူအရမ်းရှက်သွားခဲ့သည်။ သူသည် ရှူကျင်းကျဲ ၏ ခွေးခေါင်းကို နေရာမှပင် ရိုက်ပစ်ချင်ခဲ့သည်။ ယခုဆိုလျှင် ရှူကျင်းကျဲ ကို အကြမ်းဖက်မည့်အစား ကျွမ်းကျင်မှုဖြင့် အရှက်ကွဲနိုင်ပြီဖြစ်သည်။ ဝမ်မင်ယီ က ဒါဟာ တကယ်ကို အကောင်းဆုံးလို့ ထင်လိုက်သည်။
"ဘယ်လိုလဲ..."
မုကျိအန်း က သူ၏ သင်ယူချင်စိတ်ကို မြင်ပြီး စိတ်ဝင်တစားနဲ့ သင်ပေးခဲ့သည်။ စစ်ကျွင်းတောက် သည် သူတို့ ပျော်ရွှင်စွာ ကစားနေတာကို ကြည့်နေခဲ့သည် ။ မုကျိအန်းသည် သူ့ သူငယ်ချင်းမဟုတ်ပဲ ဝမ်မင်ယီ၏ သူငယ်ချင်းဖြစ်သင့်သည်ဟု သူခံစားမိသည်။
ဒီနှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အရွယ်က ...
ဝမ်မင်ယီ ရိုက်ကွင်းကို ပြန်ရောက်တဲ့အခါ ယန်ဖေးဖေးကလွဲရင် အားလုံးက သူ့အပေါ်ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲသွားတယ်ဆိုတာ သိသာသည်။ယန်ဖေးဖေးသည် မုကျိအန်းကို သူမကိုယ်တိုင် သိသည့် တစ်ဦးတည်းသော သူဖြစ်သည်။
တိုက်ကျားယင် နဲ့ ဘုန်းတော်ကြီး ချန်ဇီ တို့ အခန်းကို ရိုက်ကူးနေကြသည်။
ဝမ်မင်ယီ က အလျင်လိုနေခြင်း မရှိခဲ့ပေ။
ချန်လုက စစ်ကျွင်းတောက် နှင့် မုကျိအန်း ထိုင်ရန် ထိုင်ခုံနှစ်လုံးကို ရွှေ့ပေးလိုက်သည်။ မုကျိအန်း ယဉ်ကျေးမနေတော့ပဲ ထိုင်နေလိုက်သည်။
ဝမ်မင်ယီလည်း သူ့ဘေးမှာထိုင်ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ တခြားဗဟုသုတတွေကို မေးနေခဲ့သည်။
စစ်ကျွင်းတောက် က ဝမ်မင်းယီ ကို ကြည့်လိုက်သည် ။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က မုကျိအန်း နဲ့ နီးကပ်နေသည်ကိုမြင်ပြီးနောက် မနေနိုင်ဘဲ သူ့လက်နဲ့ ဖယ်လိုက်ကာ “သေချာထိုင်” ဟု ပြောလိုက်သည်။
ဝမ်မင်ယီ မတ်မတ်ပြင်ထိုင်လိုက်သည်။
မုကျိအန်း က သူ့ကို မကျေမနပ် ကြည့်ပြီး "မင်းက သင်ကြားရေး ဒါရိုက်တာကြီးလား..."
"ဒါဆို မင်းလည်း ကောင်းကောင်းထိုင်လေ၊ မင်း ကောင်းကောင်း ထိုင်နေရဲ့လား..."
မုကျိအန်း "....."
မုကျိအန်း က အေးစက်စွာ ဟစ်အော်ရင်း "မင်းရဲ့ မှန်ကန်မှု က ပျောက်ဆုံးသွားပြီ။မင်းရဲ့ သေခြင်း၊ရှင်ခြင်းကို မင်းကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်။ ဗုဒ္ဓက မင်းကို ကယ်တင်မှာ မဟုတ်ဘူး..."
မင်း သေလောက်တဲ့အထိ ချစ်သွားရလိမ့်မယ် (အချစ်မှာကျဆုံး)သင်တန်း နည်းပြဆရာရေ ...
" အိုး...." စစ်ကျွင်းတောက် က ဘာမှမထူးခြားစွာ ပြောခဲ့သည်။
' အရမ်း အပေါ်ယံဆန်တာပဲ '
မုကျိအန်း က သူ၏အေးစက်စက် မျက်နှာကို ကြည့်ပြီး အေးစက်စွာပြောသည်။
"မင်းဘာတွေ ဆုံးရှုံးသွားမှန်း မင်းဘယ်တော့မှ သိမှာ မဟုတ်ဘူး။ မင်းနောင်တရလိမ့်မယ်..."
စစ်ကျွင်းတောက် က ဂရုမစိုက်ပေ "အိုး"
ဝမ်မင်ယီ က သိချင်သွားသည်။
" ကော က ဘာကို နောင်တရမှာလဲ... "
မုကျိအန်း ဝမ်မင်ယီ့ မျက်လုံးများ၏ စူးစမ်းလိုစိတ်ကို ကြည့်ပြီး တောက်ပသော မျက်လုံးများရှိတဲ့ ခွေးတစ်ကောင်နှင့်တူသည် ဟု ခံစားလိုက်ရသည်။ သူ့ခေါင်းကို ထိဖို့ လက်ကို မြှောက်လိုက်ပေမယ့် စစ်ကျွင်းတောက် ရဲ့ အညှာအတာမဲ့ ရိုက်ချခြင်း ခံလိုက်ရသည်။
"ငါ့ညီလေးကို ဘာဆို ဘာမှမလုပ်နဲ့..."
မုကျိအန်း"........''
မုကျိအန်းက ရပ်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
တို...တို..တိုချင်တဲ့နည်းနဲ့ သဝန်တိုနေလိုက်၊ ပြီးရင် မင်းက သူ့ကို ညီအစ်ကိုလိုပဲ ဆက်ဆံတယ်၊ ထာဝ ရ ညီအစ်ကိုတွေအတွက် မင်းတို့နှစ်ယောက် လိုချင်တာ အားလုံးရပါစေ ငါ ဆုတောင်းပေးမယ်'