ထိုင်ခုံပေါ်တွင် ခဏလောက်ထိုင်ပြီးနောက်၊ ဒါရိုက်တာက သူနှင့် ရှုကျင်းကျဲ နာမည်များ ခေါ်သံကို ဝမ်မင်ယီ ကြားလိုက်ရသည်။
မိတ်ကပ်ဆရာမကသူနှင့် ရှုကျင်းကျဲ အတွက် makeup ပြန်ပြင်ပေးပြီးနောက် ကင်မရာဆီသို့ ပြန်သွားခဲ့ကြသည်။
အရင်က ဇာတ်ဝင်ခန်းက အတူတူပါပဲ၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရှု ကျင်းကျဲ က သူ့ရဲ့ ယခင် အရှိန်အဝါကို ဖယ်ထားပြီး သူနဲ့ အတူ ကောင်းကောင်း သရုပ်ဆောင်ပေးခဲ့သည်။ ဝမ်မင်ယီသည် သေးငယ်သော အကွာအဝေးအတွင်း လမ်းလျှောက်ရင်း ဇာတ်ညွှန်းပါ စာသားများကို တိတ်တဆိတ် ပြောနေခဲ့သည်။ မုကျိအန်း ၏ သင်ကြားချက်အတိုင်း ရှု ကျင်းကျဲ ကို လမ်းညွှန်နေခဲ့သည်။
သေချာတာပေါ့၊ ရိုက်ကွင်းအဆုံးမှာ ဒါရိုက်တာက “ကတ်” ဟု အော်ခဲ့သည်။ သူက ရှူကျင်းကျဲ ကိုကြည့်ပြီး
"ကင်မရာထဲက ထွက်နေတယ် ကျင်းကျဲ ၊ ကျေးဇူးပြုပြီး နေရာယူတာကို အာရုံစိုက်ပါ။ ဒီလိုပြဿနာ သေးသေးလေး ဖြစ်လာတာကို နားမလည်နိုင်ဘူး။ မင်းက အတွေ့အကြုံရှိတဲ့ မင်းသားပါ။ မင်း ဒီလို မလုပ်သင့်ဘူး။ အာရုံစိုက်ပြီး ပြန်စပါ... “
ရှုကျင်းကျဲ ခဏလောက် အံ့အားသင့်သွားပြီး ဝမ်မင်ယီ ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။
ဝမ်မင်ယီ က သူ့ကို အပြစ်ကင်းစင်ပြီး ကြည်လင်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ့စကားတွေက ဖော်ရွေမှုအပြည့်နဲ့ "ထပ်လုပ်ရအောင်"
ရှူကျင်းကျဲ သည် မသိစိတ်ဖြင့် သူ့လက်သီးကို ဆုပ်ထားမိသည်။ သူက ဝမ်မင်ယီ နဲ့ မတူချေ။ သူက ပထမဆုံးအကြိမ် ရိုက်ကူးတာ မဟုတ်တဲ့အတွက် ဒီလောက် အဆင့်နိမ့်တဲ့ အမှားမျိုး လုပ်စရာ အကြောင်းမရှိပေ။ 'ဒါကြောင့် ဒီဟာက မတော်တဆ မဖြစ်နိုင်ဘူး။ ဒါကို ဝမ်မင်ယီ က လုပ်ခဲ့တာ။ သူ့ကိုယ်သူ ကင်မရာထဲက ထွက်သွားအောင် တမင်တကာ လမ်းညွှန်ခဲ့တာ။ ဒါပေမယ့် ဒါတွေကို ဝမ်မင်ယီ ဘယ်လိုလုပ် နားလည်နိုင်တာလဲ... သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ တစ်ခြားလူကို မှားသွားအောင် မညွှန်ကြားနိုင်ဘူးလေ။ တစ်ခြားတစ်ယောက် က သင်ကြားပေးတာပဲ ဖြစ်ရမယ် ..
'မုကျိအန်းပဲ ဖြစ်ရမယ်'...
ရှု ကျင်းကျဲ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဝမ်မင်ယီ မလုပ်နိုင်ပေမယ့် မုကျိအန်းကတော့ လုပ်နိုင်သည်။ မုကျိအန်း သည် သူတို့၏ ရိုက်ကွင်း အနေအထားကို သိမြင်ခဲ့ပြီး ဝမ်မင်ယီအား သူ့ကို လမ်းညွှန်နိင်ရန် သင်ပေးခဲ့သည်။ အဲ့ဒါကြောင့် သူ အဆင့်နိမ့်တဲ့ အမှားကို ပြုလုပ်ခဲ့မိသည်။
မုကျိအန်း က သူ ဝမ်မင်ယီအား တမင်အရှက်ခွဲလိုက်တဲ့ ကိစ္စကို တကယ် ဂရုစိုက်နေတာလား။ ထို့ကြောင့် မုကျိအန်း နှင့် ဝမ်မင်ယီ သည် ကုမ္ပဏီ တူသော ညီအကိုများသာမဟုတ်ဟု ထင်ရသည်။ ' ဝမ်မင်ယီရဲ့ အစ်ကိုနဲ့ ပတ်သက်မှု ရှိနေတာလား။ ဝမ်မင်ယီရဲ့အစ်ကိုက စိတ်မချတာကြောင့် ဒီနေ့အဖွဲ့ကို သူ လာလည်တာ ' လို့ မုကျိအန်း ပြောခဲ့တာကို ရှုကျင်းကျဲ တွေးနေခဲ့သည်။
ဒါဆို သူ့အစ်ကိုက ဘယ်သူလဲ...
သူက ဘယ်သူပဲဖြစ်ဖြစ် ရှုကျင်းကျဲ က ဝမ်မင်ယီနဲ့ ခက်ခက်ခဲခဲ ဆက်လုပ်ဖို့ အစီအစဉ်မရှိတော့ချေ။ မုကျိအန်းကို မဆွချင်သလို လည်း လုပ်လည်း မလုပ်နိုင်ပေ။ မုကျိအန်း က ဒီမှာရှိနေပြီး ကျောက်ယန် က သူ့ကို အပြင်းအထန် ကာကွယ်ထားသည်။ မုကျိအန်းနဲ့ ရန်သူဖြစ်ခြင်း က ကျောက်ခဲကို ကြက်ဥဖြင့် ပေါက်နေသည် နှင့်တူနေသည်။ အဆုံးတွင် သူသည် ကံဆိုးနေသူ တစ်ဦးသာ ဖြစ်သည်။
ရှုကျင်းကျဲ သည် စိတ်အေးအေးထားပြီး ဝမ်မင်ယီ နှင့် ထပ်မံ ရိုက်ကူးခဲ့သည်။
ရှန့်ချန်ဇီ နှင့် တိုက်ကျားယင် တို့သည် ဝမ်မင်ယီ တစ်နာရီကျော်လောက် ကြာအောင် ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူတို့ ပြန်ရောက်သောအခါ ရှုကျင်းကျဲကို *မြောင်းထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။(အမှားတွေ့အောင်လုပ်) သူတို့လည်း အံ့သြသွားမိသည်။ သူတို့ က အရူးမဟုတ်ပေ။ ဝမ်မင်ယီ မသွားခင် မုကျိအန်း က ' ငါ သူ့ကိုသင်ပေးမယ် ' လို့ ပြောခဲ့တာ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ အဲ့ဒါကြောင့် ယခု သူလုပ်နေသောအရာကို မုကျိအန်း သင်ပေးထားတာ ဖြစ်နိုင်သည်။
မုကျိအန်းက ဝမ်မင်းယီ လက်စားပြန်ချေရန် ကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့သည်။ အနည်းဆုံး မုကျိအန်းက အနိုင်ကျင့်တာကို မခံနိုင်ကြောင်း ပြသနေသည်။
ရှန့်ချန်ဇီ က ဒါကိုတွေး၍ သူ အရင်က ဘာမှ သိပ်ပြီး မလုပ်ခဲ့မိတာကို သူကိုယ်သူ ထပ်ကာ ချီးကျုးမိသည်။ ဒီလိုမှမဟုတ်ရင် ဒီနေ့ အနေအထားမှာ ရပ်နေတဲ့သူ က ရှုကျင်းကျဲ မဟုတ်ပဲ သူဖြစ်နေလိမ့်မယ်။
ဝမ်မင်ယီ နှင့် ရှု ကျင်းကျဲ ရိုက်ကူးမှု ပြီးသွားပြီးနောက် ယနေ့အတွက် သူ၏ရိုက်ကူးရမယ့် အပိုင်း ပြီးဆုံးသွားခဲ့သည်။ မုကျိအန်းက ဒါရိုက်တာကို နှုတ်ဆက်ခဲ့ပြီး နောက်ကျနေပြီ ဟု ပြောလိုက်သည်။ သူနဲ့ ဝမ်မင်ယီ ညစာကို အရင် သွားစားလိုက်သည်။
ဒါရိုက်တာက လူတွေကို သွားခွင့်ပေးတာမှာ အရမ်းရက်ရောသည်။ မထွက်ခင်မှာ သူက ဧည့်သည်သရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်ချင်လားလို့ ဝမ်မင်ယီက တစ်ဆင့် မုကျိအန်းကို မေးခိုင်းခဲ့သည်။
မုကျိအန်း က "အရမ်းပင်ပန်းနေပြီ၊ နှစ်ရက်လောက် နေရင် လုပ်စရာရှိသေးတယ်၊ တစ်ရက်တည်း နားရက်ရတာကို မင်းဆီ လာလည်ပေးဖို့ မင်းအစ်ကိုဆီမှာ အဖမ်းခံခဲ့ရတာ၊ နောက်တစ်ခါကျမှ ပြောကြမယ်လေ "
" မင်း အခု ပြန်ပြီးနားတော့မလား... "
စစ်ကျွင်းတောက် က မေးလာခဲ့သည်။
မုကျိအန်း မယုံနိုင်ဘူး ဖြစ်သွားသည်။ " ငါ ဒီလောက် အများကြီး လုပ်ပေးခဲ့တာတောင် မင်း က ငါ့ကို ညစာစားဖို့ မခေါ်ဘူး၊ မင်း ငါ့ကို ခေါ်ထုတ်တုန်းက ညစာဝယ်ကျွေးမယ် ပြောခဲ့တာလေ၊ အခုတော့ ငါ့ကို အသုံးချပြီး မင်းက ပြန်သွားတော့မယ်ပေါ့ ၊ စစ်ကျွင်းတောက် နှလုံးသား မရှိတဲ့လူ ၊ မင်း က ငါ့ကို အရာဝတ္ထုတစ်ခုလို ဆက်ဆံလိုက်တာပဲ... "
မင်း ပြန်ပြီး နားချင်နေတာ မဟုတ်ဘူးလား ...မင်း ကိုယ်တိုင် ပင်ပန်းတယ်လို့ အော်နေတာ မဟုတ်ဘူးလား ...
စစ်ကျွင်းတောက် ရွေးချယ်စရာမရှိတော့ မထူးခြားစွာနဲ့အသံတစ်ချက်သာပြုလိုက်မိသည်။ " အို..."
မုကျိအန်း နှာခေါင်းရှုံ့လိုက်ပြီး လူအများ ညွှန်းဆိုမှုအရ အနားအနီးမှာရှိတဲ့ အစားအစာကို ရှာဖွေခဲ့သည်။ အနီးအနားမှာရှိတဲ့ စျေးအကြီးဆုံး အစားအစာကို သူ စားချင်ခဲ့သည်။
စျေးကြီးလွန်းလို့ မင်း မိသားစု စီးပွားရေး ပျက်သွားရင် ပိုကောင်းတယ် ...
သုံးယောက်သား ညစာ အတူစားပြီးနောက် ဝမ်မင်ယီ နှင့် စစ်ကျွင်းတောက် သည် ဟိုတယ်သို့ ပြန်ရန် ပြင်နေပြီး မုကျိအန်းအား အတူတူပြန်မလား မေးလိုက်သည်။
မုကျိအန်း က " မင်း ငါ့ကို ခေါ်တုန်း က ခေါ်လာပြီး ပြန်မပို့ဘူးလား ..."
" အဲ့ဒါဆို ဒီည ဟိုတယ်မှာ အိပ်လိုက်လေ ၊ မနက်ဖြန် မနက် ပြန်ပို့ပေးမယ် "
" ကောင်းပြီ " မုကျိအန်း က စိတ်မပါစွာ ပြောလိုက်သည်။
မုကျိအန်း ညဝတ်အင်္ကျီ နှင့် အတွင်းခံများကို ယူလာခြင်းမရှိပေ။ သူကိုယ်တိုင်သွားဝယ်လျှင်လဲ လူ မှတ်မိသွားမှာကို ကြောက်သောကြောင့် သူ့အတွက် ဝတ်စုံကို သွားဝယ်ပေးခဲ့ရသည်။ အမျိုးသားဝတ် ရောင်းတဲ့နေရာကို ဖြတ်သွားသောအခါ စစ်ကျွင်းတောက် ကြည့်ကောင်းသည့် ကုတ်အင်္ကျီကို တွေ့လိုက်ရသည်။ သူ့ကိုယ်အပေါ်ပိုင်းနဲ့ တိုင်းကြည့်ပြီး ဝမ်မင်ယီ ဝတ်တဲ့ sizeနံပါတ်ကို ယူဖို့ ဈေးဝယ်လမ်းညွှန်ကို မေးလိုက်သည်။ သူက ဝမ်မင်ယီ အတွက် ပါးလွှာတဲ့ ဆွယ်တာ အင်္ကျီနှစ်ထည်ကို စတိုးဆိုင်မှ ရွေးထုတ်ပေးလာခဲ့သည်။
" အေးလာပြီ ၊ ရှပ်အင်္ကျီတွေပဲ အမြဲတမ်း ဝတ်မနေနဲ့ ဆွယ်တာဝတ်... "
သူ ဝမ်မင်ယီ ကို အဝတ်တွေ ပေးလိုက်သည်။
ဝမ်မင်ယီ သူ့ ရှပ်အင်္ကျီအောက် က လေကာအင်္ကျီကို ကြည့်ပြီး မေးလိုက်သည်။ " ကော ကျွန်တော့်ကို အဲ့ဒီလို မပြောခင် ကိုယ့်ကိုကိုယ် ဘာဝတ်ထားလဲ သိရဲ့လား ..."
စစ်ကျွင်းတောက် က အလွန်တည်ငြိမ်စွာနဲ့ " မင်း နဲ့ ကိုယ် က တူလို့လား၊ ကိုယ်က ရုံးခန်းထဲမှာ နေရတာ ၊ မင်းက ရုံးခန်းထဲမှာ နေရလို့လား... "
ဝမ်မင်ယီ က ကောင်းကင်ပြာရောင် ရှပ်အင်္ကျီ ကို ဝတ်ထားခဲ့သည်။
" ကိုယ့်ဆီက အကုန် လိုက်သင်မနေနဲ့ ၊ ကိုယ် က လုပ်လို့ရပေမယ့် မင်းကတော့ မရဘူး... "
သူ့အရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို ပြတင်းပေါက် ခေါက်ပြီး သတိပေးလိုက်သည်။
" မင်း သွားလို့ရတယ် ၊ အပင်ပန်းခံစရာ မလိုဘူး၊ တကယ်လို့ မင်း ငါ့အတွက် ညဝတ်အင်္ကျီ ဝယ်ချင်တယ် ဆိုရင် မင်မင်အတွက်လည်း အဝတ်အစား ဝယ်ပေးလို့ရတယ် ၊ ပြီးရင် ငါ့အတွက် ဟိုတယ် ရှာပေးရမယ် "
" အဲ့ဒါဆို သူမလိုလောက်ဘူး ၊ ငါ့အခန်းက သူ့အခန်းပဲ ၊ သူ ငါနဲ့ နေလိမ့်မယ် "
မုကျိအန်း မျက်လုံးတွေမှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ပြည့်နေပြီး ပြုံးကာ ပြောလာခဲ့သည်။
" အဲ့ဒါဆို မင်း လက်ထပ်မှာလား၊ မင်မင်နဲ့ အတူတူနေမှာလား... "
စစ်ကျွင်းတောက် ခဏလောက် မူးမေ့သတိလွတ်သွားခဲ့သည်။ ပြောရရင် သူ မစဉ်းစားဖူးဘူး။
ဝမ်မင်ယီ က အဲ့ဒီ့အကြောင်း တွေးလိုက်ပြီး " သေချာပေါက် မနေဘူးပေါ့၊ ကော လက်ထပ်သွားခဲ့ရင် ကျွန်တော် ပြောင်းသွားမှာ၊ ကျွန်တော့် အစ်ကို အိမ်ဘေးမှာ ကျွန်တော့်အိမ်ရှိနေတာပဲ ကျွန်တော့်အိမ် ကျွန်တော်ပြန်မှာပေါ့... "
စစ်ကျွင်းတောက် မသိစိတ်က မျက်မှောင်ကြုတ်လိုက်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က ဝမ်မင်ယီ သူ့အိမ်ကနေ ပြောင်းသွားတဲ့ပုံကို တွေးလိုက်သည်။
" ကိုယ့်ဟာကို ကောင်းကောင်းနေ ၊ မဖြစ်သေးတာကို တွေးမနေနဲ့... "
ဝမ်မင်ယီ က ဒီလိုမျိုးတော့ မရှိပါဘူး။ အနှေးနဲ့အမြန် အဲ့ဒီလိုနေ့မျိုး ရှိလာလိမ့်မယ်။ ကျန်းဇီမော့ရဲ့ ကြာပန်းနက် နှလုံးသားလို မဟုတ်ဘဲ စစ်ကျွင်းတောက်ရဲ့ ချစ်သူ ပိုကောင်းလိမ့်မယ် ဟု သူမျှော်လင့်ခဲ့သည်။
ဒါကိုစဉ်းစားရင်း ဝမ်မင်ယီ က မုကျိအန်းနဲ့ မျက်လုံးချင်းဆုံထားတဲ့ နောက်ကြည့်မှန်ကို မော့ကြည့်လိုက်သည်။ မုကျိအန်း သည် အလွန်စိတ်လှုပ်ရှားနေပြီး နောက်တစက္ကန့်တွင် ဝမ်မင်ယီ ခေါင်းငုံ့သွားသည်ကိုမြင်ပြီးနောက် သူ၏ Wechat မှ အသံထွက်လာသည်။
မုကျိအန်း သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်တော့ ဝမ်မင်ယီ က သူ့ဆီ မက်ဆေ့ခ်ျပို့နေတာ တွေ့လိုက်ရသည်။
ဝမ်မင်ယီ : ( ပြောရရင် ကောက ကျွန်တော့်ကောနဲ့ ဆက်ဆံရေးကောင်းတယ် မဟုတ်လား )
မုကျိအန်း သည် နောက်ကြည့်မှန်ကို လှမ်းကြည့်သော်လည်း ဝမ်မင်ယီ ၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် သူပြန်ပြောလိုက်သည်။
မုကျိအန်း : ( အဲ့ဒါက ပုံမှန်ပါပဲ )
ဝမ်မင်ယီ : ( ကျွန်တော့်ကော ကို ဘယ်လိုထင်လဲ )
မုကျိအန်း : (အဆင်ပြေပါတယ် ၊ ဘာလို့ မေးတာလဲ )
ဝမ်မင်ယီ : ( ကျွန်တော့ ကော က ယောက်ျားလေးတွေကို ကြိုက်တာ သိတယ် မဟုတ်လား )
ဝမ်မင်ယီ : ( ကောတို့ နှစ်ယောက် အဆင်ပြေမယ် ထင်လား... )
မုကျိအန်း လက်ကိုင်ဖုန်းကိုင်ထားတာ လွတ်ကျမလို ဖြစ်သွားသည်။ ထိတ်လန့်စွာနဲ့ နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဝမ်မင်ယီ သည် ခေါင်းကို မော့ပြီး ရယ်မောကာ နောက်ကြည့်မှန်ကတစ်ဆင့် မုကျိအန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
မုကျိအန်း
.....)
မုကျိအန်းတစ်ယောက် စစ်ကျွင်းတောက်က တကယ်ကို သနားစရာကောင်းသည်ဟု ထင်မိသည်။ သူ့ညီ က သူဘာတွေတွေးနေမှန်းမသိဘူး။ သူက သူ့ကောကို တခြားလူတွေနဲ့ မိတ်ဆက်ပေးဖို့ စဉ်းစားနေတုန်းပဲ။ စစ်ကျွင်းတောက် သူ့ကို ဘယ်သူမှ မချစ်ဘူး ! စိတ်ဆင်းရဲပါတယ်။ သနားစရာကောင်းတဲ့ လူပဲ။
ဒါကို သူစဉ်းစားမိပြီး သူ့မျက်လုံးတွေက စာနာစိတ်အပြည့်နဲ့ စစ်ကျွင်းတောက်ကို လှည့်ကြည့်လိုက်သည်။
စစ်ကျွင်းတောက် သည် ဘရိတ်ကို ဆောင့်နင်းလိုက်ပြီး သူ့ရှေ့က မီးနီကို ကူကယ်ရာမဲ့စွာ ကြည့်နေသည် ။ သူက ဝမ်မင်ယီ နဲ့ မုကျိအန်း ဘက်ကို လှည့်လိုက်သည်။
ကားထဲမှာ လူသုံးယောက်ပဲရှိတယ်၊ တစ်ယောက်က သူ့ညီ နောက်တစ်ယောက်က သူ့သူငယ်ချင်း၊ သူ ပြောချင်တာကြာပြီ။ သူက သူတို့ကြားမှာ အချက်အချာကျတဲ့ တံတားတစ်စင်း မဖြစ်သင့်ဘူးလား။ အခုတော့ သူ့နောက်ကွယ်မှာ လူနှစ်ယောက် က "Ding", "Ding", "Ding" အဲ့ဒါ က wechat က ဆိုတာ သူမသိနိုင်ဘူး ထင်နေလား ! wechat ကနေ စာပို့နေတယ် ..
စစ်ကျွင်းတောက် ဝမ်မင်ယီကို ကြည့်ကာ လက်ဖြန့်လိုက်သည်။ " မင်းရဲ့ ဖုန်း ကိုယ့်ကို ပေး "
ဝမ်မင်ယီ ခဏလောက် ကြောင်နေပြီးတော့ နောက်စက္ကန့်မှာပဲ ဖုန်းက စစ်ကျွင်းတောက် လက်ထဲ ရောက်သွားသည်။
ဝမ်မင်ယီ က ရှေ့တိုးပြီး ဆွဲယူဖို့ ပြင်လိုက်ပေမယ့် စစ်ကျွင်းတောက် ရဲ့ နောက်ကို ပြန်တွန်းခြင်း ခံလိုက်ရပြီး
" ကောင်းကောင်းထိုင်နေ၊ မလှုပ်နဲ့ "
ဝမ်မင်ယီ ခေါင်းလှည့်ကာ ဝမ်းနည်းပြီး သနားစရာကောင်းစွာနဲ့ မုကျိအန်းကို ကြည့်လိုက်ပေမယ့် မုကျိအန်း က တည်ငြိမ်နေခဲ့သည် ။
" အဆင်ပြေပါတယ်၊သူ ကြည့်ချင်ရင် ကြည့်လို့ရတယ် "
စစ်ကျွင်းတောက် : ဘယ်လိုဖြစ်လို့ သူ့အသံ က ကို့ရို့ကားယား ဖြစ်နေတာလဲ၊ ဝမ်မင်ယီ ရဲ့ ဖုန်းကို ကြည့်ဖို့အတွက်ကို မုကျိအန်းရဲ့ ခွင့်ပြုချက် ဘယ်တုန်းက လိုသွားတာလဲ
ဝမ်မင်ယီ နဲ့ မုကျိအန်း ကြား ပြောထားတာတွေ ကြည့်ပြီး အကူအညီမဲ့ကာ မောပန်းသွားခဲ့သည်။
ဝမ်မင်ယီ က သူဖတ်ပြီး သွားတာကို မြင်တော့ "ကော ၊ ဖတ်ပြီးတော့ အကြံတစ်ခုခု ရလာလား၊ ငါပြောတာ မှန်လား"
စစ်ကျွင်းတောက် က သူ့ညီ အရမ်းအလုပ်များနေတယ်ထင်ထားခဲ့တာ။ သူက တကယ် ကျောင်းမတက်တော့ အိမ်စာတွေ အရမ်းနည်းနေတဲ့ပုံပဲ။
မုကျိအန်း သည် စစ်ကျွင်းတောက်အား အားကိုးရာမဲ့ မျက်နှာဖြင့် ကြည့်နေသော်လည်း ဒေါသထွက်နေသည်ကို မဖျောက်က်နိုင်ပေ။ ဖုန်းရွှေ သည် တစ်လှည့်စီ လှည့်ပတ်နေသည်ဟု သူထင်မိသည်။ စစ်ကျွင်းတောက် သည် အထူးသဖြင့် ယနေ့ပင်။ ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ပုံလဲ! ကျိုးရန် ကြည့်ဖို့ သူ ဓါတ်ပုံရိုက်ချင်လာသည်။
မုကျိအန်း သူ့လက်ကိုင်ဖုန်းကို မြှောက်လိုက်သည့်အချိန်တွင် စစ်ကျွင်းတောက် က သူ့ကို ပြန်ကြည့်ကာ "မင်းရဲ့ ဖုန်းကို မလိုချင်တော့ဘူးလား"
မုကျိအန်းက သူ့ဖုန်းကိုချလိုက်ပြီး ဝမ်မင်ယီ ကို
"တွေ့လား မင်းရဲ့ ကော က ငါ့ကိုမကြိုက်ဘူး။"
ဝမ်မင်ယီ က သူ့ကို အကြံပေးလိုက်တယ် "ငါ့အစ်ကိုက အပြောကြမ်းပေမယ့် နူးညံ့တဲ့နှလုံးသားရှိတယ်။ သူရဲ့အနှစ်သာရကို မင်း မြင်အောင်ကြည့်မှရမယ်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ အသွင်အပြင်ကြောင့် မကြောက်နဲ့။"
"မင်းအစ်ကိုက မင်းကို အရမ်းကြင်နာတယ်လို့ ငါထင်တယ်။ သူ့ပါးစပ်က အပြောကြမ်းပြီး နှလုံးသားက ပျော့ပျောင်းတယ်။ “မုကျိအန်း က ပြန်တုံ့ပြန်လိုက်သည်။
ဝမ်မင်ယီက ” မတူဘူးလေ။ ကျွန်တော် သူနဲ့အတူကြီးပြင်းလာခဲ့ရတာ ။ ကျွန်တော်က တခြားသူတွေနဲ့ မတူလောက်ဘူး။"
မုကျိအန်း : မျှော်လင့်ချက်မဲ့နေပြီ ။ တစ်ယောက်နဲ့တစ်ယောက် ဉာဏ်အလင်းပွင့်မလာဘူး။ ဒီအတွဲက မျှော်လင့်ချက်မဲ့နေပြီ ¯\_ಠ_ಠ_/¯
မုကျိအန်း က သက်ပြင်းချလိုက်ပြီး ကားထိုင်ခုံပေါ် မှီလိုက်သည်။ သူသည် တစ်ဦးတည်းသော အမြင်ရှိသူဖြစ်သည်။ လှုပ်ရှားပေးဖို့က သူ့အတွက် အရမ်းခက်ခဲနေသည်။ မျက်မမြင်အသင်းဖော်နှစ်ယောက် !
စစ်ကျွင်းတောက်သည် ဖုန်းကို ဝမ်မင်ယီ ထံ ပြန်လည်ပေးခဲ့ပြီး "ငါတို့သူငယ်ချင်းတွေဖြစ်ပြီး တခြားတိုးတက်မှုတွေရှိလာမှာမဟုတ်ဘူး" လို့ အသိပေးခဲ့သည်။
မုကျိအန်း က ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး "ဟုတ်တယ်၊ ငါက မိန်းကလေးတွေ ကို ကြိုက်တာ "
ဝမ်မင်ယီ က သူပြောတာ ကြားပြီးနောက်အတင်းအကြပ် မပြောဘဲ မုကျိအန်း ကို လက်ညှိုးထိုးကာ
"ဒီက အစ်ကိုကြီး မင်းနောက်မှ ရည်းစားကောင်လေး ရှာခဲ့ရင် မုအကိုကြီးကို ရှာပြီး အနိုင်ကျင့်ခိုင်းမှာ "
စစ်ကျွင်းတောက် က နားမလည်ခဲ့ပေ။ "မင်း သူ့ကို အဲ့ဒီလိုမျိုး ကြိုက်လား။ သူက ဘာကောင်းလို့လဲ... "
မုကျိအန်း တည့်တည့်မတ်မတ် ထိုင်လိုက်သည်။ စစ်ကျွင်းတောက် အနီးသို့ ချဉ်းကပ်ကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး
"မင်းအတွက် ငါဘာလုပ်ပေးရမလဲ၊ ငါက အရာ အားလုံးမှာ အရမ်းတော်တယ် သဘောပေါက်လား... ပရိသတ်တွေ လုပ်ပေးထားတဲ့ ငါ့ရဲ့ အားသာချက် စာရင်းတွေကို မင်းကို ပြရမလား။ စာမျက်နှာ ၂၀တောင် မလောက်ဘူးနော် ! မင်းက ငယ်ငယ်လေး ကတည်းက မျက်စိကန်းနေတာ ကံကောင်းထောက်မစွာနဲ့ ရှောင်မင်မင် ရဲ့ မျက်လုံးတွေက တောက်ပနေတာပဲ !