အစပိုင်းတွင် အမည်မသိသူတစ်ဦးက အင်တာနက်ပေါ်တွင် သတင်းပေါက်ကြားစေခဲ့သောအခါ၌ သူက ယန်ကျင်းဇီ၏ ဓာတ်ပုံကိုလည်း တင်ခဲ့သည်။
ဤဓာတ်ပုံများတွင် အချို့သောဓာတ်ပုံများသည် ယန်ကျင်းဇီက ကျောင်းဝတ်စုံကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားပြီး 'ငါက အစွမ်းအထက်ဆုံး' ကဲ့သို့သော ပုံဖမ်းနေသည်။
ကန်တင်းထဲတွင် ညီငယ်တစ်စု၏ဝန်းရံခြင်းကို ခံနေရသော ဓာတ်ပုံများလည်း ရှိသည်။
ပြီးတော့ ဇိမ်ခံကားပေါ်ကို မှီရင်း သူ့နှုတ်ခမ်းလွှာများကြားထဲ စီးကရက်တစ်လိပ် ရှိနေသည့် ဓာတ်ပုံများရော...
အတိုချုပ်ပြောရလျှင် သူသည် ဘာမှပို၍မသိတတ်သော ချမ်းသာသည့်ကလေးတစ်ယောက်နှင့် တူသည်။
တစ်ခုတည်းသော အားသာချက်မှာ ချောမောခြင်း ဖြစ်နိုင်လောက်သည်။
ထိုကဲ့သို့သော နတ်ဆိုးဆန်ပြီး ပျင်းရိသော အကြည့်မျိုးသည် မတွေးတတ်လောက်အောင် ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေ၏။
သို့သော်ငြား သူက ရုပ်ချောသည်ဟု ထင်ကြသော ပရိသတ်များ ရှိသော်လည်း လူအများစုက သူ့ကို ဆန့်ကျင်ကြသည်။ သူတို့သည် ထိုသို့သောလူစားမျိုးက အမှတ် ၁ အထက်တန်းကျောင်းကဲ့သို့သော အဓိကအထက်တန်းကျောင်းတွင် နေနေခြင်းမှာ ကျောင်းရှိ ကျောင်းသားကောင်းများကို ပျက်စီးစေလိမ့်မည်ဟု ထင်ခဲ့သည်။
ဒါပေမယ့်... သိပ်မကြာလိုက်ပါဘဲ အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများက ယန်ကျင်းဇီ'အစစ်အမှန်'ကို စတင်ဖော်ထုတ်ကြတော့သည်။
အကယ်၍ ယန်ကျင်းဇီ၏ကာရိုက်တာက မပြိုပျက်သေးဘဲ လူကလည်း အခန်း ၁ တွင်သာ ရှိနေဦးမည်ဆိုလျှင် အင်တာနက်ပေါ်၌ သူ့အကြောင်း မနှစ်သက်ဖွယ်သတင်းများ ထွက်ပေါ်လာပါက အခန်း ၁ မှ ကျောင်းသားများသည် သူ့အကြောင်း တစ်ခုခုမကောင်းပြောနိုင်သည်။
တကယ်တော့ ယန်ကျင်းဇီ၏မူလကာရိုက်တာသည် နှစ်သက်ဖွယ် မကောင်းခဲ့ချေ။
သို့သော် ယန်ကျင်းဇီ၏ကာရိုက်တာက ပြိုကျသွားပြီဖြစ်သည်။
ယခုချိန်၌ အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများထဲတွင် "ကမ္ဘာပေါ်မှာ ယန်ကျင်းဇီက ဉာဏ်အကောင်းဆုံးလူပဲ" ဟူသော စကားလုံးများနှင့် မှတ်စုစာအုပ်၏ screenshot ပုံအချို့ကို မမြင်ဖူးသူ ရှိဦးပါ့မလား?
အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများ၏ အမြင်တွင် ယန်ကျင်းဇီသည် *သဲပန်းပုရုပ် ဖြစ်လာသည်။
သူ့အပေါ် ခံစားချက်များ မရှိသော လူများသည် သူ့အတွက် သူတို့၏ချစ်ခင်မှုတိုးလာသည်ကို ချက်ခြင်းပြသကြသည်။ သူ့ကိုမုန်းသောသူများပင် မမုန်းကြတော့ပေ။
နောက်ဆုံးမှာတော့ လူတွေကို တစ်နေ့လုံး အထင်သေးနေတဲ့ ယန်ကျင်းဇီက တကယ်တော့...ဟားဟားဟားဟားဟား!
ထို့အပြင် ယန်ကျင်းဇီသည် အခန်း ၁ မှ ထွက်သွားခဲ့ပြီးဖြစ်၏။
ယခင်က ယန်ကျင်းဇီ အခန်း ၁ ကို တက်ဖို့ ပိုက်ဆံသုံးခဲ့ပြီး လူတိုင်းက သူ့ကို မနာလိုဖြစ်ကာ မတရားဘူးဟု ခံစားခဲ့ရသော်လည်း ယခုတော့ ယန်ကျင်းဇီက အခန်း ၁၀ ကို ပြန်ရောက်သွားပြီ။
အဲ့အစား သူတို့က ယန်ကျင်းဇီကို သနားလာသည်...
အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ယန်ကျင်းဇီကို သူ့အလိုလို ကူညီပြောပေးကြပြီး ယန်ကျင်းဇီ၏ ညီငယ်များသည် ပို၍ပင် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။ ယန်ကျင်းဇီ၏ ညွှန်ကြားမှုအောက်တွင် သူတို့သည် ယန်ကျင်းဇီ၏ အမည်းရောင်ဓာတ်ပုံအချို့ကို တင်ခဲ့သည်။
ဥပမာအားဖြင့် ယန်ကျင်းဇီ ဖုန်းတစ်လုံးနှင့် ပြေးနေရသည့်ပုံနှင့် "ငါ ဒီနေ့လည်း ဆရာမ လိုက်ဖမ်းတာ ခံရပြန်ပြီ" ။
ထို့ပြင် သူတို့က စားသောက်နေကြသော်လည်း "ငါ ဒီနေ့လည်း ကောင်းကောင်းမစားရပြန်ဘူး" ကို ချန်အန်းရှိူ့က ယန်ကျင်းဇီကို အပေါ်ထပ်သို့ ခေါ်သွားသည့် ဓာတ်ပုံနှင့်တွဲကာ တင်သည်။
ဤပုံများသည် ယန်ကျင်းဇီကို လုံးဝရုပ်မချောအောင် လုပ်ထားသော ခိုးကြောင်ခိုးဝှက် ရိုက်ချက်များ ဖြစ်ကာ မှတ်ချက်အမျိုးမျိုးကြောင့် ယန်ကျင်းဇီက သူ၏ အထက်စီးဆန်သော ဒုတိယမျိုးဆက် သူဌေးသား ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ဘူး!
အင်တာနက်ပေါ်တွင် "ဟားဟားဟားဟား" သာ ရှိသည်။ ယန်ကျင်းဇီသည် သူ့ညီငယ်လေးများ၏ အလုပ်ရလဒ်ကို အလွန်ကျေနပ်ခဲ့ပြီး သူ့ညီငယ်လေးများ၏ ကြိုးစားပမ်းစားဆောင်ရွက်မှုအတွက် ပိုက်ဆံများစွာကို ရက်ရောစွာ ပေးခဲ့သည်။
တစ်စုံတစ်ယောက်က ပြောခဲ့သည် : "မောင်ငယ်လေးက အရမ်းချောတာပဲ အာ! ပြီးတော့ ပိုက်ဆံလည်းရှိတယ်။ မောင်ငယ်လေး အရွယ်ရောက်လာမှာကို မမ စောင့်နေမယ်နော်!"
" မောင်လေးရေ မင်းအတွက် မင်းကိုယ်တိုင် ရည်းစားစာ ရေးစရာမလိုပါဘူး။ မမက မင်းကို ရည်းစားစာ ပေးချင်တယ်! "
" ငါ ရည်းစားစာ ပေးမယ်! ငါ လုပ်နိုင်တယ်!! "
" အိုး၊ ငါ ငါ့ယောက်ျားကို ပြောင်းနိုင်ပြီလို့ ထင်တယ်။ ဒါပေမယ့် ဒီယောက်ျားက နည်းနည်းတော့ ငယ်သေးတယ်! "
…
ယန်ကျင်းဇီတွင် အင်တာနက်ပေါ်၌ 'face-con' ပရိသတ်အဖွဲ့တစ်ဖွဲ့ ရှိလာသည်... သူသည် ထိုသူများက 'face-con' ပရိသတ်များသာ ဖြစ်ပြီး 'ဒုတိယမျိုးဆက် သူဌေးသား သဲပန်းပုရုပ်' ပရိသတ်များ မဟုတ်ကြောင်းကို အခိုင်အမာ ပြောဆိုခဲ့သည်။
အဖေချန်ကတော့ သူ့အတွက် စကားပြောပေးသည့် လူများ ရှိသည်မှာ ပုံမှန်ပင်... အဖေချန်သည် အနည်းငယ် စည်းကမ်းတင်းကြပ်သော်လည်း သူက ဆရာတစ်ယောက် လုပ်သင့်တာ အကုန်လုံးကို လုပ်ခဲ့ပြီး ဆရာတစ်ယောက် မလုပ်သင့်တာမျိုးကို တစ်ခုမှမလုပ်ခဲ့ဘူး။
သူက စာကို အလွန်ကောင်းမွန်စွာ သင်ကြားပြသပေးသည့်အပြင် ကျောင်းတွင် သူ့လက်များဖြင့် ကောင်းကင်ကို မကာခဲ့ပေ... ဒါက ဒီတိုင်း သာမန်ဆရာတစ်ယောက်ပဲမလား!
ကျောင်းသားများစီက ပိုက်ဆံများ စုဆောင်းခြင်းနှင့် သူ့သားကို အခွင့်အရေးမျိုးစုံပေးခဲ့ခြင်း ဆိုသည်မှာတော့...
ချန်အန်းရှိူ့၏သင်ယူနိုင်စွမ်းကို တစ်ကျောင်းလုံးက အသိအမှတ်ပြုထားပြီး သူက ပလ္လင်ပေါ်ကနေ မဖယ်ရှားခံရသေးချေ... လာပါ! ချန်အန်းရှိူ့က အရမ်းတော်တယ်။ ချန်အန်းရှိူ့ကို ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် မပေးဘူးဆိုရင် အခြားတစ်ယောက်ကို အစားထိုးပေးမှာမို့လို့လား?
ပိုက်ဆံစုဆောင်းတာကတော့... သူက ယန်ကျင်းဇီလိုချမ်းသာတဲ့သူတွေကိုတောင် မျက်နှာသာမပေးဘူး!
ပို၍အရေးကြီးသည်မှာ ယခင်သင်္ချာပြိုင်ပွဲများ၏ ရလဒ်များ ထွက်လာကာ ချန်အန်းရှိူ့က ပထမဆုရသည်။
သူတို့ကျောင်းရဲ့ တတိယနှစ်ကျောင်းသားတွေက တတိယဆု ရပေမယ့် ချန်အန်းရှိူ့က ပထမဆု ရတယ်... ဒါက မသမာမှု ဖြစ်နိုင်လို့လား?
အတိုချုပ်ပြောရလျှင် ချန်အန်းရှိူ့ သို့မဟုတ် အဖေချန်တို့ နှစ်ယောက်လုံး အွန်လိုင်းသတင်းများကို မသိသေးခင်အချိန်၌ပင် ကိစ္စကို ဖြေရှင်းပြီးသွားခဲ့သည်။
နှစ်ယောက်သား သတင်းများကို သိသွားသောအခါ သူတို့ ကိစ္စ၏အဆုံးအထိ ဖတ်လိုက်ရသည်။
ထို့ကြောင့် နောက်နေ့မနက်တွင် ချန်အန်းရှိူ့သည် ယန်ကျင်းဇီအား အထူးတလည် ညွှန်ကြားခဲ့သည် : " မင်း အနာဂတ်မှာ ကျောင်းဝတ်စုံကို ကောင်းကောင်းဝတ်ရမယ် ပြီးတော့ ကျောင်းစည်းကမ်းကိုလည်း လိုက်နာရမယ်။ " ယန်ကျင်းဇီက အင်တာနက်ပေါ်မှာ အဆူခံခဲ့ရတယ်!
ယန်ကျင်းဇီက လေးလေးနက်နက် ခေါင်းညိတ်ခဲ့သည် : " ကိုယ် မင်းပြောတာကို နားထောင်ပြီး အနာဂတ်မှာ ကျောင်းဝတ်စုံကို ကောင်းကောင်းဝတ်ပါ့မယ်... ကိုယ့်ကို အားပေးပါဦး! "
ချန်အန်းရှိူ့က သူ့ကို နမ်းလိုက်ပြီး အင်တာနက်ပေါ်မှ တစ်စုံတစ်ယောက်က ယန်ကျင်းဇီကို 'ယောက်ျား' လို့ ခေါ်တာကို တွေးမိတော့... သူက ညင်သာစွာ ကိုက်လိုက်သည်။
" ဘာလို့ ကိုယ့်ကိုကိုက်တာလဲ? " ယန်ကျင်းဇီက ချန်အန်းရှိူ့အား အပြစ်တင်စွာ ကြည့်သည်။ သူ့ကို ကိုက်ပြီးနောက် ချန်အန်းရှိူ့သည် သူနှင့် ပိုမိုလေးနက်သော နှုတ်ခမ်းချင်းဖလှယ်ခြင်းကို မပြုဘဲ ရပ်သွားသည်!
" ကိုက်ချင်လို့ကိုက်တာ။ ငါ ဒီလေ့ကျင့်ခန်းစာအုပ်တွေထဲက လုပ်သင့်တဲ့ ခေါင်းစဉ်တွေကို မင်းအတွက် ရွေးထုတ်ပြီးသွားပြီ။ မင်း စာသွားလုပ်တော့။ " ချန်အန်းရှိူ့သည် ယန်ကျင်းဇီထံသို့ လေ့ကျင့်ခန်းစာအုပ်များစွာကို ထုတ်ပေးခဲ့သည်။
ယန်ကျင်းဇီက ချက်ချင်းပြောသည် : " ကိုယ် ကောင်းကောင်းလုပ်ပါ့မယ်... မင်း ကိုယ့်ကို ဆုကြိုပေးမလား? "
ချန်အန်းရှိူ့ : " ... " နမ်းတာတောင်မှ မင်း စကားပြောတာကို မတားနိုင်ဘူး!
မှားတယ်၊ ယန်ကျင်းဇီက ချန်အန်းရှိူ့ သူ့ကို အရင်စနမ်းပြီး သူ့ပါးစပ်ကို ပိတ်စေချင်တာ!
ချန်အန်းရှိူ့နှင့် တွေ့ဆုံပြီးနောက် ယန်ကျင်းဇီသည် အတန်းတက်ခဲ့သော်လည်း ကျွမ်းကောင်းဟန်က ယနေ့ အတန်းမတက်ခဲ့ပေ။
ကျွမ်းကောင်းဟန်က ကောလာဟလဖြန့်သူ ဖြစ်ကြောင်း အဖေယန် ဆုံးဖြတ်ပြီးနောက် သူက ကျွမ်းကောင်းဟန်၏အဖေစီ တိုက်ရိုက်ချဉ်းကပ်ပြီး ကျွမ်းကောင်းဟန်၏အဖေအား သူ့ယန်မိသားစုကို တိုက်ခိုက်ချင်လားဟု မေးခဲ့သည်။
အဖေယန်က စိတ်ဆင်းရဲနေပုံရသည် : " ငါ့မှာ ကျင်းဇီလေးတစ်ယောက်ပဲ ရှိမှန်း လူတိုင်း သိကြတယ်။ ဒီသားလေးကို ငါ့ရတနာလေးလိုမျိုး ငါ ဂရုစိုက်တယ်။ ပြီးတော့ အခု မင်းက ငါ့သားကို တိုက်ခိုက်နေတာပဲ! "
ဤအကြောင်းကို ဘာမှမသိ၍ ဘာမှပြန်မပြောနိုင်သော အဖေကျွမ်းသည် သူ့သား လုပ်ခဲ့သည်များကို အသေးစိတ် ကြားသိလိုက်ရပြီးနောက် အလွန်စိတ်တိုသွားခဲ့သည်။
သူ သူ့သားကို အရမ်းမျှော်လင့်ထားသည်မှာ သူ့သားက အဆင့်ကောင်းများကို ရကာ စိတ်ပူစရာမရှိ၍ဖြစ်သည်။ သူ ကလေးကို သိပ်စိတ်မဝင်စားခဲ့ပေမယ့် အခု ကလေးက သူ့ကို ဒုက္ခပေးနေပြီ!
အဖေကျွမ်းက ကျွမ်းကောင်းဟန်အား အပြစ်တင်ဆုံးမရန် ချက်ချင်းခေါ်ခဲ့သည်။
ကျွမ်းကောင်းဟန်လည်း ဆွံ့အသွားသည်။ သူ မလုပ်ခင်တုန်းက အဖေချန်နှင့် ယန်ကျင်းဇီကို ထိထိရောက်ရောက် ထိခိုက်စေမည်မဟုတ်ကြောင်းကိုလည်း သူ သိခဲ့သည်။ သူက ဒီတိုင်း ဒေါသထွက်လွန်း၍ ဒေါသငွေ့များ ပျံ့လွင့်သွားစေချင်ရုံ ဖြစ်သည်။
ယန်ကျင်းဇီက သူ့ကို အမြဲတမ်း ရွံနေတာဆိုတော့ သူကလည်း ယန်ကျင်းဇီကို ရွံရမှာပေါ့။
ရလဒ်ကတော့ ယန်ကျင်းဇီက သူ့အဖေကို ရှာတွေ့သွားတာလား? အဖေယန်က သူ့အဖေကို တိုက်ရိုက်လာတွေ့တယ်တဲ့လား?
ကျွမ်းကောင်းဟန်သည် အဖေယန်အား မယုံနိုင်စွာ ကြည့်နေခဲ့သည်။
ယန်ကျင်းဇီသည် ထိုမျှရှက်ဖွယ်ကောင်းသောလုပ်ရပ်ကို ပြုလုပ်ခဲ့၏။ အဲ့လိုအရှက်ကွဲစရာကိစ္စကို လုပ်ခဲ့တဲ့ ယန်ကျင်းဇီကို သင်ခန်းစာပေးမယ့် ပထမဆုံးလူက အဖေယန် ဖြစ်သင့်တာ မဟုတ်ဘူးလား?
ထို့အပြင် ယန်ကျင်းဇီကလည်း ချန်အန်းရှိူ့ကို ကြိုက်နေသည်မှာ သေချာသည်။ အဖေယန်က အဲ့ဒါကို မသိဘူးဆိုတာ သူ မယုံဘူး။ အဲ့တာဆိုရင် ဒီကိုလာမယ့်အစား ဘာလို့ အဖေယန်က ချန်မိသားစုကို ပြဿနာသွားမရှာတာလဲ?
ကျွမ်းကောင်းဟန်က ထိုသို့တွေးနေပြီး အဖေကျွမ်းက သူ့အား စတင်ဆုံးမနေပြီဖြစ်၏။
" ပြဿနာမဟုတ်ရင် ငါ ဂရုမစိုက်ပါဘူး။ ဒါပေမယ့်... " အဖေယန်က ဆက်ပြောသည် : " လူအိုကြီးကျွမ်း၊ မင်း မင်းရဲ့ကလေးကို သေချာမဆုံးမနိုင်ဘူးဆိုရင်... မင်း သူတို့ကို ဆိုးဆိုးဝါးဝါး ကြီးပြင်းစေမိလိမ့်မယ်နော်။ "
ကျွမ်းကောင်းဟန်၏မနာလိုစိတ်သည် ရုတ်တရက် ဖြစ်ပွားနိုင်သည့် ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုရင်း အဖေယန်က ဘေးနားကနေ မီးထဲ လောင်စာထည့်လိုက်သည်။ အဖေကျွမ်းအား ပိုပိုပြီး ဒေါသထွက်စေရင်း...
အဆုံးမှာတော့ ကျွမ်းကောင်းဟန်သည် ကျောင်းသို့ မလာနိုင်တော့ပေ။
သူ နောက်ဆုံး အတန်းထဲသို့ ရောက်သွားသောအခါ သူ့တစ်ကိုယ်လုံးကလည်း အနည်းငယ် အသက်မဲ့သွားသလိုပင်။
ထားလိုက်ပါတော့၊ ယန်ကျင်းဇီက သူ့ကို ရန်စဖို့ အမြဲတမ်း အခွင့်အရေးရှာနေတာပဲလေ။
ကျွမ်းကောင်းဟန်၏ သင်ယူမှုအခြေအနေသည် ပို၍ပင် ဆိုးရွားလာသည်။
ယန်ကျင်းဇီကတော့ ကွဲပြားသည်။
နေ့ခင်းတွင် သူသည် ကျောင်း၌ ချန်အန်းရှိူ့ သူ့ကို ပေးသော လေ့ကျင့်ခန်းများကို လေ့ကျင့်ရင်း အတန်းချိန်များကို လိုက်နားထောင်သည်။ ညဘက် အိမ်ပြန်ရောက်သောအခါ အလွန်တော်သောဆရာများကိုယ်တိုင် သူ့အတွက် သင်ခန်းစာများကို ပြန်သင်ပေးသည်။ သူသည် နေ့တိုင်း တိုးတက်နေကာ သူ့အား ဉာဏ်ကြီးရှင်တစ်ယောက်သဖွယ် ဆရာများအဖွဲ့က ရှုမြင်ကြသည်။
အဖေယန်နှင့်အမေယန်တို့ကလည်း သူ့အား လက်မထောင်ပြကြသည်!
ဤအချိန်တွင် နှစ်ဝက်တာစာသင်ကာလ၏အဆုံးက ရောက်လာပြီး ကျောင်းက နောက်ဆုံးစာမေးပွဲကို ကျင်းပတော့မည်။
ဤနောက်ဆုံးစာမေးပွဲသည် မြို့တော်၏ အတန်းတင်စာမေးပွဲအတွက် ဖြစ်သည်။ ယန်ကျင်းဇီ အခန်း ၁ ကို ပြန်ဝင်နိုင်၊မဝင်နိုင်က ဒီစာမေးပွဲအပေါ်မှာ မူတည်နေတာ!
ယန်ကျင်းဇီသည် ပြီးခဲ့သည့်လပတ်စာမေးပွဲတွင် ကောင်းမွန်စွာ ဖြေဆိုခဲ့ပြီး နောက်ပိုင်းတွင် သူ အလွန်အလုပ်ကြိုးစားခဲ့သော်လည်း လူများက သူ့ကို အထင်မကြီးကြသေးပေ။
ဤစာမေးပွဲကဲ့သို့ ကြီးမားသော စာမေးပွဲသည် အကြောင်းအရာများစွာကို ထည့်သွင်းစစ်မေးပြီး တစ်လစာအလုပ်လေးအတွင်း ပြန်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!
ပိုအရေးကြီးတာက မင်း အခန်း ၁ ကို ဝင်ချင်တယ်ဆိုရင် မင်းရဲ့အတန်းမှာ အနည်းဆုံး ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်ရမယ်!
ပြီးတော့ ဉာဏ်ကောင်းသော လူတစ်ယောက်အတွက် ၄၀၀ မှ ၃၀၀ အထိ အဆင့်တိုးဖို့ လွယ်ကူမှန်း လူတိုင်း သိသည်။ သူတို့၏အားနည်းချက်ကို ဆုပ်ကိုင်ရန် လုံလောက်သော်လည်း ၂၀၀ မှ ၁၀၀ အထိ တိုးတက်ဖို့က ခဲယဉ်းသည်။
ကြိုးစားပြီး ထက်မြက်တဲ့ အဲ့ကျောင်းသားတွေကို ကျော်တက်ဖို့က မလွယ်ဘူး! နောက်ပိုင်းရောက်လာလေလေ တိုးတက်ဖို့ခက်လာလေလေပါပဲ။
သို့သော်လည်း ယန်ကျင်းဇီသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်သည်။
" ဘော့စ်၊ မင်းလုပ်နိုင်တယ်! "
" ဘော့စ် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်! "
" ဘော့စ်က အခန်း ၁ ကို ဝင်ခွင့်ရကိုရမှာ! "
...
စာမေးပွဲမဖြေမီတစ်ရက်အလိုတွင် ယန်ကျင်းဇီ၏ညီငယ်လေးများသည် ယန်ကျင်းဇီအား အလှည့်ကျ အားပေးအားမြှောက်ပြုကြသည်။
ယန်ကျင်းဇီက ဆိုသည် : " သေချာတာပေါ့။ ငါ သေချာပေါက် လုပ်နိုင်မှာ! "
ညီငယ်လေးများ : " ... " ဘော့စ်က တကယ် ဘော့စ်ဖြစ်ထိုက်ပါတယ်။ အရမ်းတွေယုံကြည်မှုရှိနေတာ!
ယန်ကျင်းဇီက ထပ်ပြောပြန်သည် : " ငါ မင်းတို့ကို ပြောပြမယ်။ ငါ သေချာတွေးပြီးသွားပြီ။ ငါက စာမေးပွဲတွေမှာ ကောင်းကောင်းမဖြေနိုင်ဘဲ အခြားကျောင်းသားတွေက ငါ့ထက် ပိုကောင်းကောင်းဖြေနိုင်ပြီး အခန်း ၁ ကို ဝင်ခွင့်ရမယ်ဆိုရင် ငါက...ဟ! "
ယန်ကျင်းဇီ၏အပြုံးက အရမ်းနတ်ဆိုးဆန်လွန်းသည်။ ညီငယ်လေးတစ်ယောက်က စိတ်ပူသွားပြီး မေးလိုက်သည် : " ဘော့စ်က ဘာလုပ်မှာလဲ? "
ယန်ကျင်းဇီက ဆက်ပြောသည် : " ဒါဆို ငါ သူ့ကို တစ်သိန်းပေးပြီး အခန်း ၁ ကို သွားဖို့ သူ့ကို ငြင်းခိုင်းလိုက်မယ်။ "
ညီငယ်လေးများ : " ... " ဒါက တကယ်ကြီး သူတို့ဘော့စ်ရဲ့စတိုင်ပဲ!
အခြားကျောင်းသားများ : " ... " ဘာလို့ သူတို့အဆင့်တွေက အရမ်းဆိုးနေတာလဲ? အကယ်၍ သူတို့ ပိုကောင်းတဲ့အဆင့်တွေ ရပြီး စာမေးပွဲအောင်မယ်ဆိုရင် သူတို့မှာ ဝင်ငွေတစ်သိန်းရဖို့ အခွင့်အရေးတစ်ခု ရှိလာမယ်!
ယန်ကျင်းဇီ၏ညီငယ်များသာမက အခြားသောကျောင်းသားများကပါ ယန်ကျင်းဇီ အခန်း ၁ သို့ ဝင်ရန်မှာ မလွယ်ကူဟု ခံစားခဲ့ရသော်လည်း ယန်ကျင်းဇီ ယခုတစ်ကြိမ် ဤစာမေးပွဲကို အောင်လိမ့်မည်ဟုတော့ သူတို့အားလုံး ထင်ကြသည်။
စေ့စေ့စပ်စပ် လေ့လာပြီးသည့်နောက်မှာတော့ သူတို့ သိသွားကြသည်... ယန်ကျင်းဇီက တကယ်ဉာဏ်ကောင်းတယ်။
သို့သော်ငြား လူအချို့က ယန်ကျင်းဇီ စာမေးပွဲကျလိမ့်မည်ဟု ထင်ကြပြီး ယခင်က ယန်ကျင်းဇီ ကောင်းကောင်းဖြေနိုင်ခြင်းမှာ စာခိုးချခဲ့သောကြောင့်ဟုသာ ထင်ကြသည်။
" အရင်လပတ်စာမေးပွဲမှာ ယန်ကျင်းဇီက ထိပ်ဆုံးအယောက်နှစ်ရာထဲ ဝင်ဖို့ မေးခွန်းစာရွက်တွေ ရမယ့် နည်းလမ်း ရှာတွေ့သွားတာဖြစ်မယ်။ ဒီတစ်ခါက အတန်းတင်စာမေးပွဲပဲ။ သူ သေချာပေါက် သူ့နေရာသူ ပြန်သွားရလိမ့်မယ်! " ဖူးကျီးက ပြောခဲ့သည်။
ကျွမ်းကောင်းဟန်၏မျက်ဝန်းများထဲ မှုန်မှိုင်းမှိုင်းအကြည့်တစ်ချက် ထင်ဟပ်လာသည်။
ယခင်က သူ အင်တာနက်ပေါ်တွင် ယန်ကျင်းဇီကို တိုက်ခိုက်နေစဉ် အဖေချန်က ပိုက်ဆံယူပြီး ယန်ကျင်းဇီအား စာမေးပွဲစာရွက်ကို ပေးခဲ့သည်ဟု သွယ်ဝိုက်ညွှန်းဆိုရင်း ယန်ကျင်းဇီ၏ စာခိုးချသည့်ပြဿနာကို ထုတ်ပြောခဲ့သည်။
သို့သော် အင်တာနက်ပေါ်ရှိလူများသည် ဤကိစ္စကို အလေးအနက်မထားပေ။
အင်း၊ တကယ်တော့ ဉာဏ်စမ်းလေးတစ်ခုအပေါ်မှာ စာခိုးချပြီး အဆင့်ကောင်းတစ်ခု ရတယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ စာခိုးချလို့ မရဘူးလေ။
ထို့အပြင် အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ယခင်က ယန်ကျင်းဇီ စာရွက်အလွတ်ကို ပြန်ပေးကာ သူ့အဆင့်များကို လုံးဝဂရုမစိုက်ဟု ပြောဖူးသည်။ သူ ကြည့်ရတာ... စာခိုးချဖို့ အကြောင်းအရင်း မရှိသလိုပဲ?
တိုတိုပြောရလျှင် ဤကိစ္စကို အာရုံစိုက်သောသူ တော်တော်လေးနည်းသည်။
" သူက အခန်း ၁ ကို ဝင်ချင်နေသေးတာ။ သူသာ အခန်း ၁ ကို ဝင်နိုင်ရင် ငါ သူ့ကို အဖိုးလို့ ခေါ်မယ်! " ဖူးကျီးက ထပ်ပြောပြန်သည်။ သူက ယန်ကျင်းဇီကို ကောင်းကောင်းသိသည်။ ယန်ကျင်းဇီက အထက်တန်းကျောင်းတက်ပြီးနောက် အထက်တန်းအသိပညာကို သင်ယူရန် ပျက်ကွက်ရုံတင်မက အလယ်တန်းအသိပညာကိုလည်း စွန့်ပစ်ခဲ့သည်!
နောက်ဆုံးအကြိမ်တွင် ယန်ကျင်းဇီ စာခိုးချခဲ့သည်ဟု သူ အခိုင်အမာ ယုံကြည်ကာ ဤတစ်ကြိမ် စာမေးပွဲကို ယန်ကျင်းဇီ ကျလိမ့်မည်ဟုလည်း သူ အခိုင်အမာ ယုံကြည်ထားသည်။
ဖူးကျီးက အဲလိုတွေးရုံတင်မကဘဲ တခြားသူတွေကိုလည်း အဲလိုဖြစ်ရမယ်လို့ ပြောပြခဲ့သည်။
အခန်း ၂ ကျောင်းသားများ : " ... " အတန်းတင်စာမေးပွဲမှာ စာခိုးချဖို့ နည်းလမ်းလုံးဝမရှိမှန်း သူ သိထားတယ်ဆိုကတည်းက အရင်လပတ်စာမေးပွဲမှာ စာခိုးချဖို့ ယန်ကျင်းဇီအတွက် လိုအပ်သေးလို့လား?
မည်သို့ပင်ဆိုစေကာမူ နှစ်ရက်တာ ကာလကြာမြင့်သော နောက်ဆုံးစာမေးပွဲကြီး ရောက်လာလေပြီ။
____
***ENGLISH TRANSLATOR'S NOTE
သဲပန်းပုရုပ် : ဒါက တုံးတယ်လို့ ထင်ရတဲ့ လူတစ်ယောက်ကို ရည်ညွှန်းတဲ့ 傻屌shǎ diǎo (ငှက်ငတုံး) ရဲ့ အသံတူစကားလုံး ဖြစ်ပြီး ပိုယဉ်ကျေးတဲ့ဗားရှင်းပါ။
Thanks for reading ❣️
____