အခန်း(၈၁)
Viewers 12k

အခန်း(၈၁)《 လင်းချန်အခြေစိုက်စခန်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင် နှင့်အဖွဲ့သည် off road ကားတစ်စီးနှင့် တောင်ပိုင်းအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ကြသည်။ ယခုအချိန်အတောအတွင်း၌ ပူပြင်းသောနွေရာသီ၏ နေ့တာအချိန်ကြောင့် လူတိုင်းသည် နေ့ခင်းဘက်၌ အတွင်းထဲတွင်‌နေကြပြီး ညဘက်ရောက်မှသာ အပြင်ထွက်လေ့ရှိကြကာ အလုပ်နှင့် အနားယူမှုအချိန်များသည် ပြောင်းပြန်ဖြစ်နေခဲ့သည်။ ယခုတော့ သူတို့သည် ရုတ်တရက် နေ့ဘက်၌မောင်းနှင်နေကြပြီး လူတိုင်းသည် ထိုအရာနှင့် သိပ်အသားမကျသလို ခံစားရကြရ‌လေသည်။


ကားပေါ်တွင် လေအေးပေးစက်ဖွင့်ရန် မလိုအပ်ဘဲ သူတို့သည် ယခုအချိန်တွင် ပြတင်းပေါက်ကိုဖွင့်နိုင်ပြီး သူတို့မျက်နှာများဆီသို့ တိုက်ခတ်လာသည့် အေးမြသောလေကို ရှုရှိုက်နိုင်သည်။ လူများကို လန်းဆန်းစေသော ရာသီဥတုမှာ အမှန်တကယ်ကို ရှားရှားပါးပါးဖြစ်သည်။ သို့သော်လည်း ကျန့်ယွင်နှင့် အခြားသူများမှာ ထိုသို့သော သာယာလှပသည့်ရှုခင်းများကို ခံစားရန် ခံစားချက်ကောင်းမနေကြချေ။ သူတို့သည် ရာသီဥတုအေးလာမည့်အကြောင်းကို စိုးရိမ်နေခဲ့ကြသည်။


ကျန့်ယွင်သည် ယာဉ်မောင်းလိုင်စင်မရှိသူ သုံးယောက်ဖြစ်သည့် စုရွေ့ကျယ်၊ ယွီသုန်သုန် နှင့် ကျန့်ကျားဟယ်တို့မှလွဲ၍ ကျန်ခြောက်ယောက်သည် အနောက်မြောက်အခြေစိုက်စခန်းသို့ နေ့ရောညပါ အလှည့်ကျမောင်းနှင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ သူတို့အတွက် အချိန်သိပ်မကျန်တော့ချေ။


သို့သော် အခြေအနေသည် သူတို့ထင်ထားတာထက် ပိုဆိုးခဲ့‌လေ၏။ ည၌ အပူချိန်သည် 15 ဒီဂရီအထိ ကျဆင်းသွားခဲ့ပြီး ပြတင်းပေါက်များကို ပိတ်ခဲ့ရသည်။ စုရွေ့ကျယ်လည်း လူတိုင်းဝတ်ဖို့ရန်အတွက် နေရာလွတ်ထဲမှ ကုတ်အင်္ကျီပါးများကို ထုတ်ပေးလိုက်သည်။


သူတို့သည် လုံးဝ အနားမယူရဲကြချေ။ နေ့ရောညပါ လမ်းပေါ်တွင်ရှိနေခဲ့သည်။ သူတို့စားသောက်ကြလျှင်တောင် ကားပေါ်တွင် ပေါင်မုန့်နှစ်လုံးကိုသာစားခဲ့ကြသည်။ သန့်စင်ခန်းသွားရန်လိုမှသာ မိနစ်အနည်းငယ်လောက် ရပ်ခဲ့ကြလေသည်။


ယာဉ်မောင်းသူသည် ကားကို မောင်းနှင်နေသောအခါတွင် တွဲဘက်ထိုင်ခုံရှိလူမှ သတိပေးရန်အတွက် တာဝန်ရှိပြီး ကျန်သူများသည် အနားယူရန် အချိန်ယူကြရသည်။


လူအားလုံးသည် နာရီအချိန်များကို ပြိုင်ဆိုင်နေကြသော်လည်း ရာသီဥတုအပြောင်းအလဲကို လိုက်မမီနိုင်ကြသေးပါချေ။


နောက်တစ်နေ့တွင် အပူချိန်သည် ဆက်လက်ကျဆင်းခဲ့ပြီး သုညအထိသို့ ရောက်ရှိသွားလေသည်။ သုံးလကျော်ကြာ ကြည်လင်သောကောင်းကင်ယံတွင် နောက်ဆုံး၌ မြူခိုးမြူငွေ့များရှိနေခဲ့ပြီဖြစ်သည်။ မှိုင်းညို့ညို့တိမ်တိုက်များသည် တဖြည်းဖြည်း စုပုံလာကာ လေပြင်းများ စတင်တိုး၍ တိုက်ခတ်လာခဲ့သည်။


ကျန့်ယွင်သည် အပြင်ဘက်ရှိ ပို၍မှောင်မည်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူ့နှလုံးသား လေးလံနေလေသည်။


“ငါ ဆက်မသွားနိုင်တော့ဘူး။ မကြာခင် မိုးသက်မုန်တိုင်းကျလာတော့မယ့်ပုံရတယ်”


ကျန့်ယွင်သည် ချန်းချီကိုကြည့်ပြီးပြောလိုက်၏။ 


“ မင်း ကားရပ်ပြီး အနားယူလို့ရတဲ့ နေရာတစ်ခု အနီးအနားမှာရှိလား"


ချန်းချီ နှင့် ချန်းကျောင်းတို့သည် မြေပုံပေါ်တွင် ချက်ချင်းရှာဖွေခဲ့ကြ၏။ ယခုအချိန်တွင် ဂြိုလ်တုနှင့်ကွန်ရက်များမရှိဘဲ GPSလမ်းကြောင်းပြခြင်းတို့ကို အသုံးမပြုနိုင်ချေ။ သူတို့သည် အခြေခံအကျဆုံးနည်းလမ်းကို အသုံးပြုကာ မြေပုံကိုကြည့်နိုင်ရုံသာရှိတော့သည်။ ချန်းချီ နှင့် ချန်းကျောင်းတို့သည် စစ်တပ်ထဲတွင် ကြီးပြင်းလာကြပြီး သူတို့သည် မြေပုံဖတ်ခြင်းတွင် အလွန်အသုံးဝင်လေသည်။ 


ထို့အပြင် ဤမြေပုံသည် ဗိုလ်ချုပ်ကျန်းမှ သူတို့အား ပေးထားသော ကမ္ဘာပျက်ကပ်စဦးပိုင်း၌ အဆင့်မြှင့်တင်ထားသောမြေပုံ၏ နောက်ဆုံးဗားရှင်းဖြစ်၏။ ၎င်းတွင် ကမ္ဘာပျက်ကပ်အကြို လမ်းကြောင်းများရှိရုံသာမက လူသိများသော အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းများကိုလည်း အမှတ်အသားပြုထားသည်။ အဝေးပြေးလမ်းမကြီးတစ်လျှောက် ဘေးကင်းလုံခြုံသော ဓာတ်ဆီဆိုင်များနှင့် အနားယူစရာနေရာအချို့လည်း ရှိကာ စစ်တပ်မှရှင်းလင်းထားပြီးဖြစ်လေ၏။ နောက်ဆုံးမှာတော့ လမ်းသည် ယခုအခါ အဓိကလမ်းဖြစ်နေပြီဖြစ်သည်။


“အနီးဆုံးအခြေစိုက်စခန်းက... လင်းချန်အခြေစိုက်စခန်း”


ချန်းချီသည် မြေပုံကို သေသေချာချာကြည့်ပြီး ပြောလိုက်၏။


“ အဲ့ဒါက ငါတို့နဲ့ တစ်ဆယ်ကီလိုမီတာလောက်ပဲဝေးတယ်”


“လင်းချန်အခြေစိုက်စခန်းလား”


ကျန့်ယွင်သည် စကားနှစ်လုံးကိုကြားသောအခါ သိသိသာသာမျက်မှောင်ကြုတ်လိုက်၏


“ မဟုတ်ဘူး၊ အနားယူဖို့ station တစ်ခုကိုပဲရှာလိုက်”


ထိုနေရာသည် စုရွေ့ကျယ်သည် သူ့အရင်ဘဝက သေဆုံးခဲ့သည့် နေရာဖြစ်၏။ သူ့အတွက် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာအရိပ်အယောင်တစ်ခု ကျန်ခဲ့ရမည်ဖြစ်သည်။ အဲဒီရွံရှာဖွယ်ကောင်းတဲ့နေရာကို သူ ဘယ်လိုပြန်သွားနိုင်ပါ့မလဲ။


“အာ၊ ဘာလို့လဲ”


ချန်းချီသည် စုရွေ့ကျယ်၏ ပြန်လည်မွေးဖွားခြင်းအကြောင်းကို မသိသောကြောင့် ကျန့်ယွင်သည် အနီးနားရှိ လုံခြုံပြီးသက်သောင့်သက်သာရှိသော အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းကို စွန့်ပယ်ကာ ဝေးကွာသော အနားယူရန် နောက်ထပ်စခန်းတစ်ခုကိုရှာရန် ဘာကြောင့်အလိုရှိသည်ကို သူမသိချေ။


“မင်းတစ်နေရာ ရှာတွေ့နိုင်တယ်၊ မှန်တယ်မလား”


ကျန့်ယွင် စိတ်မရှည်စွာ မေးလိုက်သည်။


“ငါတစ်နေရာရှာနိုင်ပါတယ်ဟ၊ ဘာလို့ ဒီလောက်တောင် ကြမ်းနေတာလဲ....”


ချန်းချီသည် မြေပုံကို ဆက်ကြည့်လိုက်၏။


“ရှာစရာ မလိုတော့ဘူး။ လင်းချန်အခြေစိုက်စခန်းကို သွားကြရအောင်”


စုရွေ့ကျယ် ရုတ်တရက် ပြောလိုက်၏။


“ရှောင်ကျယ်”


ကျန့်ယွင်သည် သူ့အား အတော်လေးသဘောမတူစွာဖြင့် ကြည့်လိုက်သည်။


“ကော၊ အဆင်ပြေပါတယ်”


စုရွေ့ကျယ် ပြုံးလိုက်ပြီး “ ကျွန်တော် အရင်ကလိုမဟုတ်တော့ပါဘူး”


ယခု သူသည် ယခင်ကထက် များစွာသာလွန်ကောင်းမွန်ပြီး နုံအ မိုက်မဲသည့်လူငယ်လေးတစ်ယောက်မဟုတ်ပါတော့ချေ။ ယခုတွင် ယုံကြည်အားထားရသည့်လက်တွဲဖော်တစ်ယောက်၊ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းနှင့် လင်းချန်အခြေစိုက်စခန်းအား ခုခံကာကွယ်နိုင်စွမ်းရှိပြီး ၎င်းသည် သူ့အား မခြိမ်းခြောက်နိုင်ပါတော့ချေ။


ထို့အပြင် ယခုအချိန် ရာသီဥတုသည် အလွန်ဆိုးနေ၏။ အကယ်၍ သူတို့သာ လမ်းပေါ်မှာဆက်သွားဖို့ အခွင့်အရေးထပ်ယူပါက သူတို့ဘဝအတွက်သာမက အဖွဲ့တစ်ခုလုံးအတွက်ပါ တာဝန်မဲ့သလို ဖြစ်သွားလိမ့်မည်။


ကျန့်ယွင်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ နောက်ဆုံးမှာတော့ ကျန်းရှို့လျန်ကို လင်းချန်အခြေစိုက်စခန်းဆီသို့ မောင်းနှင်ခွင့်ပေးလိုက်သည်။


သူတို့သည် အဝေးပြေးလမ်းမကြီးမှ ဆင်းကာ ရှကျားလမ်းမကြီးမှ လင်းချန်ခရိုင်သို့ သွားကြသည်။


သူတို့ကားက လင်းချန်ထဲကို ဝင်လိုက်သည်နှင့် ပေါက်ကွဲပြီး မီးလောင်သွားသည်ကို တွေ့လိုက်ကြရသည်။ ထို့နောက် စုတ်ပြတ်သတ်နေသည့် ဗင်ကားတစ်စီးသည် အရှိန်ပြင်းပြင်းနှင့် ဖြတ်သွားပြီး ဖုတ်ကောင်အုပ်စုလေးတစ်ခုသည် နောက်မှလိုက်လာခဲ့လေသည်။


လူတိုင်း: .....


“မှီအောင်လိုက်” 


ကျန့်ယွင် တည်ငြိမ်စွာပြောလိုက်သည်။


ကားအတွင်းမှ တစ်စုံတစ်ယောက်သည် အပြင်သို့ မီးလုံးများ အဆက်မပြတ် ပစ်ပေါက်နေသည်ကို သူတို့ တွေ့လိုက်ကြရသည်။ အဓိကတပ်စုမှာ မီးစွမ်းအားရှင် ဖြစ်သင့်သည်။ လင်းချန်ခရိုင်ထဲတွင် ဤကဲ့သို့တက်ကြွသော လူများသည် လင်းချန်အခြေစိုက်စခန်းမှ လူများဖြစ်ရမည်ဖြစ်သည်။ သူတို့နောက်မှလိုက်သွားခြင်းဖြင့် သူတို့လမ်းရှာရမည့် ဒုက္ခကို ကယ်တင်ပြီး အချိန်ပိုသက်သာမည်ဖြစ်သည်။


ကားသည် မောင်းထွက်သွား၏။ အကြိမ်ပေါင်းများစွာ ဓာတ်တိုင် သို့မဟုတ် လမ်းဘေးအကာကို ဝင်တိုက်မိခဲ့၏။ ထိုကားသည် ကမ္ဘာမပျက်ခင်ကဖြစ်လျှင် ယာဉ်မောင်းလိုင်စင် အကြိမ်ရာနှင့်ချီ ရုတ်သိမ်းခံရမည်ကို စိုးရိမ်ရပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင် မည်သူမှ မထိန်းသိမ်းနိုင်ပါတော့ချေ။


ထိုဖုတ်ကောင်အုပ်စုငယ်လေးအား မကြာမီမှာဘဲ ကားပေါ်မှ ပစ်ခံခဲ့ရပြီး သူတို့သည် အခြေစိုက်စခန်းသို့ ပြန်ပြေးလွတ်မြောက်နိုင်သော်လည်း တစ်ခုခု လွဲချော်နေခဲ့သည်။


ကားပေါ်ရှိလူသည် ကားမောင်းရန် ကံမကောင်းလွန်းသည်ဖြစ်ရသည်။ ရုတ်တရက်ဆိုသလို ဖုတ်ကောင်များစွာသည် ရှေ့ဘက်မှ ပြေးထွက်လာခဲ့လေသည်။ ယာဉ်မောင်းသည် ၎င်းတို့ကိုတိုက်ရိုက်ပြေးတိုက်ချင်နေခဲ့သည်။ ၎င်းတို့ထဲမှ တစ်ကောင်သည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်‌ကောင်ဖြစ်ကြောင်း မည်သူသိနိုင်ပါ့မည်နည်။ တိုက်မိပြီးနောက် သူသည် တိုက်မပြေးနိုင်ခဲ့ရုံသာမက ကားမောင်းသမားအား ဖုတ်ကောင်မှ တိုက်ရိုက်ဆွဲယူသွားပြီး သူ့လည်ချောင်းကို ညှစ်လိုက်လေသည်။


တံခါးပွင့်သွားပြီး သားရေရှပ်အင်္ကျီကျပ်နှင့် ဘောင်းဘီ၀တ်ထားသော အမျိုးသမီးတစ်ဦးအပါအဝင် လူငယ်အများအပြား ကားထဲမှ ထွက်ကျသွားလေသည်။


အနောက်ဘက်မှနေ၍ ကျန့်ယွင် နှင့်အခြားသူများသည် ကားခေါင်းပိုင်းသည် ပြားသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်လေသည်။ ဖုတ်ကောင်၏ ခုခံအားနှင့် စွမ်းအားသည် အလွန်အားကောင်းသည့်ပုံရသည်ကို တွေ့နိုင်သည်။


“အဲ့ဒါက အဆင့်သုံးဖုတ်ကောင်ပဲ ”


ကျန်းရှို့လျန်၏ မျက်လုံးများ တောက်ပလာ၏။ ဝူကျင်းသည် ဒုတိယအဆင့်မှ တတိယအဆင့်သို့ တိုးမြှင့်တော့မည်ဖြစ်သည်။ အဆင့်သုံးဖုတ်ကောင်၏ အမြုတေတစ်ခုသာ လိုတော့သည်။ သူအိပ်ငိုက်နေတုန်း တစ်ယောက်ယောက်ကတော့ ခေါင်းအုံးလာခံပေးပြီ။ 


ကျန်းရှို့လျန်သည် ကားကိုမရပ်ရုံသာမက accelerator ပေါ်သို့ဖိနင်းကာ အဆင့်သုံး ဖုတ်ကောင်ဘက်သို့ အမြန်မောင်းသွားလိုက်သည် ။


ထိုအချိန်တွင် အဆင့်သုံး ဖုတ်ကောင်သည် သူ့လက်ထဲရှိလူကို ကိုက်ခါနီးပါးဖြစ်နေပြီဖြစ်သည်။ ၎င်းသည် ကျိုးနေသောခန္ဓာကိုယ်ကို ထားခဲ့လိုက်ကာ ထွက်ပြေးလွတ်မြောက်သွားသော လူများနောက်သို့ ပြေးလိုက်သွားခဲ့သည်။


သားရေဘောင်းဘီဝတ် အမျိုးသမီးသည် ထွက်ပြေးရင် မီးလုံးတစ်လုံးကို သူ့နောက်သို့ ပစ်ချခဲ့၏။ သူမသည် မီးစွမ်းအားရှင်တစ်ယောက် ဖြစ်လာခဲ့သည်။


ဖုတ်ကောင်၏အရှိန်သည် အလွန်မြန်၏။ သူတို့အား တစ်ခါတည်း ဖမ်းမိသွားလေသည်။ လင်းယုန်တစ်ကောင်က မြွေတစ်ကောင်ကိုဖမ်းသကဲ့သို့ ဒုတိယတစ်‌ယောက်ကို ချက်ချင်းဖမ်းလိုက်ပြီး တစ်ချိန်တည်း သူ့လည်ပင်းကို ချိုးပစ်လိုက်လေ၏။


တခြားသူများသည် ထိတ်လန့်တကြားအော်ပြီး အမြန်ပြေးကြလေ၏။ 


ထိုအချိန်တွင် အမျိုးသမီးသည် သူတို့ဆီသို့ ဦးတည်လာနေသော off road ကားတစ်စီးကို သတိပြုမိလိုက်၏။ သူမ၏မျက်လုံးများ တောက်ပလာကာ သူတို့ဆီသို့ ပိုအားစိုက်ပြီး ပြေးသွားလိုက်လေသည်။


တကယ်တမ်းတွင် အမျိုးသမီး၏အသွင်အပြင်သည် သာမန်လောက်သာဖြစ်ကာ သူမ၏ရုပ်သွင်သည် အတော်လေးဟော့ပါ၏။ သူမ၏လှပသည့်ရုပ်သွင်သည် သားရေအဝတ်အစားများနှင့် လုံး၀ကောက်ကြောင်းပေါ်နေခဲ့၏။ လူသည် နောက်တစ်ကြိမ်သန့်ရှင်းပြီး သူမ၏ အသားအရည်သည် ဖြူစင်နေ၏။ သူမသည် Filter တစ်ခုကဲ့သို့ လှပနေသည်။


“ ကူညီပါ၊ တံခါးကို ဖွင့်ပေးပါနော်။ ကျွန်မကို ၀င်ခွင့်ပြုပါ ” 


အမျိုးသမီးသည် အော်ဟစ်ပြီး ကားပေါ်ကို လက်ကိုဝှေ့ယမ်းပြရင်း မျက်လုံးများသည် မျက်ရည်စများနှင့် အားနည်းနေလေ၏။ 


အစားအသောက်နှင့်အဝတ်အစား ရှားပါးသော ဤခေတ်ကြီးတွင် အမျိုးသမီးအများစုသည် အဝါရောင်နှင့် ပိန်ပိန်ပါးပါးနှင့် စုတ်ပြတ်ပေရေနေသည့်အသွင်အပြင်ရှိကြသည်။ ထိုအမျိုးသမီး၏ အသွင်အပြင်သည် သာလွန်သော အလှတရားတစ်ခုဟု မှတ်ယူနိုင်ပါ၏။


လူများကိုပြောင်းလဲလိုက်လျှင် သူတို့သည် ရပ်ပြီး အလှ‌လေးအား တက်ခွင့်ပြုလိမ့်မည်ဖြစ်သည်။


သနားစရာကောင်းတာကတော့... ဤကားထဲရှိ လူများသည် မိန်းမများကို စွဲလန်းမည့်လူမျိုးများ မဟုတ်ကြချေ...


အမျိုးသမီးအားဖြတ်သွားချိန်တွင် ကျန့်ကျားဟယ်သည် ကားပြတင်းပေါက်ကို နှိမ့်လိုက်ပြီး ပြောလိုက်၏။


“ တောင်းပန်ပါတယ် ကားက ပြည့်နေတယ်”


အမျိုးသမီးသည် ရပ်တန့်ပြီး အေးခဲသွားကာ ထို့နောက် သူမရှေ့မှ ဖြတ်မောင်းသွားသည့်ယာဉ်သည် လေပွေတစ်ခုကဲ့သို့ပင် ကားနောက်ဘက်မှ ကျောပေးချန်ထားခဲ့၏။...


SUV သည် အဆင့်သုံး ဖုတ်ကောင် ရှေ့တည့်တည့်တွင် ရပ်လိုက်၏။ ကျန်းရှို့လျန်သည် ကားထဲမှ ခုန်ဆင်းကာ ဖုတ်ကောင်၏ခြေဖဝါးအောက် မြေပြင်ကို ပျော့ပျောင်းစေရန် သူ့စွမ်းအားကို အသုံးပြုလိုက်သည်။ ဖုတ်ကောင် နစ်မြုပ်သွားပြီးနောက် မြေကြီးထဲတွင် သူသည် ၎င်း၏ခြေထောက်များကို မြေပြင်တွင် ချုပ်နှောင်ထားလိုက်လေ၏။ ထို့နောက် ညာလက်ကို ကျောက်တုံးအလွှာတစ်ခုအုပ်ကာ ထိုအရာကို အဆင့်သုံး ဖုတ်ကောင်၏ မျက်နှာဆီသို့ ဖြတ်ရိုက်လိုက်လေ၏။


အဆင့်သုံး ဖုတ်ကောင်သည် မမိုက်မဲခဲ့ပါ‌ချေ။ ၎င်းသည် ထိုအရာကို တားဆီးရန် ချက်ချင်းလက်ဆန့်ထုတ်လိုက်‌လေသည်။ ၎င်း၏ ခွန်အားသည် မပျော့ညံ့ချေ။ ၎င်းသည် ကျန်းရှို့လျန်၏လက်ကို ဖမ်းဆုပ်ကာ ၎င်းအား ထိရိုက်မိရန်ခဲအောင်လုပ်လိုက်လေ၏။


ဖုတ်ကောင်သည် နောက်ဆုံးမှာတော့ သူ့ရှေ့ရှိကျန်းရှို့လျန်ကဲ့သို့ ခွန်အားအမျိုးအစားစွမ်းအားရှင်တစ်ယောက် မဟုတ်ပါချေ။ ဖုတ်ကောင်၏ လက်သည်းတစ်ဖက်သည် သူ့မျက်နှာဆီသို့ လာနေသည်ကို လှမ်းမြင်လိုက်သည်နှင့် ကျန်းရှို့လျန်သည် သူ့သွားများကိုအသာ ကြိတ်ထားလိုက်၏။ 


နောက်တစ်ခဏ၌ ကျောက်တုံးနှင့်လုပ်ထားသည့် ကျန်းရှို့လျန်၏ ညာလက်သီးချက်သည် ရုတ်ချည်း ချွန်ထက်သောဆူးညှောင့်တစ်ခုအဖြစ်ကြီးထွားသွားပြီး ဖုတ်ကောင်၏ခေါင်းထဲကို တန်းတန်းမတ်မတ်တိုး၀င်သွားခဲ့လေ၏။


ဖုတ်ကောင်၏တိုက်ခိုက်မှုသည် ရုတ်ခြည်းအဆုံးသတ်သွားပြီးနောက် လက်သည်းများသည် ဖြည်းညှင်းစွာ အောက်ကျသွားလေသည်။


နှစ်မိနစ်မပြည့်ခင်မှာပဲ ကျန်းရှို့လျန်တစ်ယောက်တည်း တိုက်ပွဲကို ဖြေရှင်းခဲ့လေသည်။


သူ အောက်ကိုငုံ့ကိုင်းလိုက်ပြီး ပေါက်ချွန်းတစ်ခုကို ဆွဲထုတ်လိုက်ကာ ဖုတ်ကောင်၏ဦးခေါင်းကို ခွဲထုတ်လိုက်ပြီး သူလိုချင်သည့် အမြုတေခဲကို တူးယူလိုက်ကာ ဝူကျင်းကို မပေးခင် ရေဆေးဖို့ ပြင်ဆင်ထားခဲ့သည်။


သို့သော်လည်း ဤမြင်ကွင်းသည် ရွှီဖုန့်ယင်း၏ မျက်လုံးများထဲသို့ ကျရောက်သွားပြီး သူမ၏စိတ်ခံစားမှုများ မြင့်တက်လာခဲ့လေသည်။


သူမ ဖုတ်ကောင်ကို တွန်းလှန်တိုက်ခိုက်သည့်အချိန်တွင် ဖုတ်ကောင်၏အစွမ်းသည် သာမာန်ထက်ထူးခြားသည်ကိုမြင်ခဲ့ရသည်။ သူမမြင်ဖူးသမျှထဲတွင် အသန်မာဆုံးဖုတ်ကောင်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူမ သေတော့မည်ဟု ထင်ခဲ့သော်လည်း SUV ကားတစ်စီး ဘယ်နေရာမှ ထွက်လာမှန်း မသိခဲ့လိုက်ချေ။ အရပ်မြင့်မြင့် သန်မာသည့် လူတစ်ယောက်သည် SUV ကားပေါ်မှ ခုန်ဆင်းလာပြီး ထို့အပြင် ထိုလူသည် ထိုသို့‌သောအံ့သြစရာကောင်းသည့် ခွန်အားရှိနေတာပင်။


နှစ်မိနစ်အတွင်း သူသည် ဤကဲ့သို့စွမ်းအားကြီးသော ဖုတ်ကောင်တစ်ကောင်ကို သတ်လိုက်သည်။ ထိုကဲ့သို့သော ခွန်အားသည် မည်သည့်အခြေစိုက်စခန်းတွင်ဖြစ်စေ လမ်းကို ဦးဆောင်ရန် လုံလောက်သည်။


ဒါပေမယ့် သူ လင်းချန်းကို ရောက်လာတယ်။


ရွှီဖုန့်ယင်း၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့၏။ ဟုတ်ပါသည်၊ လင်းချန်သည် အရည်အချင်းများကို စုဆောင်းနေပြီး အကောင်းဆုံးဆက်ဆံမှုကို ပေးနေသည်။ ထိုလူ ဆွဲဆောင်ခံလိုက်ရခြင်းဖြစ်ရမည်။ 


ဤကဲ့သို့ အင်အားကြီးသော ယောက်ျားတစ်ယောက်ကို သူမတွယ်ကပ်နိုင်လျှင် အနာဂတ်၌ နောက်ထပ် အန္တရာယ်များ ကြုံစရာမလိုတော့သည့်အပြင် သူမဘဝလည်း အရင်ကထက် အများကြီး ပိုကောင်းလာမည်ဖြစ်သည်။


ကျန်းရှို့လျန်သည် သူ့အား တစ်စုံတစ်ယောက်စိုက်ကြည့်နေသည်ကို မသိခဲ့ချေ။ သူသည် စုန့်ချန်ရှုအား ရေနည်းနည်းလောက်တောင်းလိုက်ပြီး သူ့လက်ထဲရှိ ကြည်လင်သောအမြုတေကို သေသေချာချာဆေးကြောကာ သိမ်းလိုက်၏။ ထို့နောက် ကားပေါ်တက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။


“ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်”


ရုတ်တရက်ကြီး ချစ်စရာကောင်းသည့် အမျိုးသမီးအသံတစ်ခု သူ့နောက်မှထွက်ပေါ်လာပြီး သူ့အား လန့်သွားစေ၏။