အခန်း(၈၂)
Viewers 12k

အခန်း(၈၂)《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



ကျန်းရှို့လျန်သည် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော အမျိုးသမီးကို ပြန်လှည့်ကြည့်လိုက်၏။ သူမပြောသည့် “ကယ်တင်ခြင်း” ဟူသော အဓိပ္ပာယ်ကို သူမသိပေ။


ရွှီဖုန့်ယင်းအား စိုက်ကြည့်လိုက်၏။ သူမ၏နှလုံးသားသည် ဗုံတစ်လုံး ခုန်နေသလို ခံစားလိုက်ရလေ၏။ သူမသည် အသက်ပြင်းပြင်းရှူကာ စိတ်လျှော့လိုက်ပြီး သူမပါးပြင်ပေါ်မှ ဆံပင်များကို လက်ဖြင့်ဆွဲဖွာရင်း အသံကို ပျော့ပျောင်းစွာဖြင့်ပြောလိုက်လေ၏။


“ ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်မ ဒီဖုတ်ကောင်ရဲ့ပါးစပ်ထဲမှာ သေသွားနိုင်တယ်…”


ကျန်းရှို့လျန်သည် ဒီအမျိုးသမီးက ထူးဆန်းသည်ဟုတွေးနေခဲ့၏။ သူသည် ရိုးရိုးရှင်းရှင်းနှင့် ရိုင်းစိုင်းစွာပဲ ရွှီဖုန့်ယင်းအား နှောင့်ယှက်လိုင်၏။


“ သခင်မလေး မင်းက ငါ့ကို အထင်လွဲနေတာပဲ။ ငါက ဖုတ်ကောင်ကို သတ်ချင်ရုံပဲ၊ ဒါပေမယ့် မင်းကို ကယ်တင်ဖို့ ငါမကြိုးစားခဲ့ပါဘူး။ ဒါကြောင့် မင်း ဒီအတွက် စိတ်ပူစရာမလိုဘူး။ ငါတို့မှာ တခြားလုပ်စရာရှိလို့ အရင်သွားလိုက်ဦးမယ် ”


အကြောင်းစုံပြောပြီး ယာဉ်မောင်းဘက်တံခါးကိုဖွင့်ကာ ကားပေါ်တက်ပြီး ပြန်လှည့်ကြည့်လိုက်၏။


“အာ”


ရွှီဖုန့်ယင်းသည် ကျန်းရှို့လျန် ဒီလိုစကားမျိုးပြောဖို့ မမျှော်လင့်ထားခဲ့ချေ။ သူ သူမကိုဖယ်ထုတ်ပြီး မောင်းထွက်ပြေးချင်သည့်အချိန်၌ အံ့ဩသွားခဲ့လေ၏။


သို့သော်လည်း သူမ၏မျက်နှာပေါ်ရှိ မိုးရေစက်အနည်းငယ်၏ အေးစက်စိုစွတ်သောခံစားမှုကြောင့် မကြာမီမှာပင် သူမ ပြန်လည်သတိကပ်သွားလေ၏။ ယနေ့ရာသီဥတုသည် တကယ်ကို ထူးဆန်းနေပေ၏။ မကြာမီ မိုးသည်းထန်စွာရွာတော့မည့်ပုံရ၏။ အခြေစိုက်စခန်းသို့ ကီလိုမီတာပေါင်းများစွာ ကျန်နေသေးသည်။ သူမ၏ကားသည် ပျက်စီးသွားခဲ့ပြီးဖြစ်ကာ အကယ်၍ သူမသည် သူတို့ကားနှင့်မလိုက်ဘဲ အခြေစိုက်စခန်းကိုပြန်ဖို့ရန် သူမနည်းလမ်းပေါ်သာအားကိုးပါက မည်သို့သောအရာမျိုးများဖြစ်ပျက်သွားမလဲမသိရချေ။


" စောင့်ပါအုံး " 


ဒါက သူမရဲ့ ဘေးကင်းလုံခြုံရေးပဲ။ ရွှီဖုန့်ယင်း၏ နှလုံးသားသည် သည်းမခံနိုင်တော့ချေ။ သူမသည် အလျင်လိုနေပြီး ကျန်းရှို့လျန်၏လက်ကို ကိုင်ထားလိုက်လေသည်။


“ဘာအတွက်လဲ”


ကျန်းရှို့လျန်သည် ချက်ချင်းပင် သူ့လက်မောင်းကို ပြန်ဆွဲယူလိုက်ပြီး သူ့ရှေ့ရှိ အမျိုးသမီးကို သတိထားပြီး ကြည့်လိုက်လေ၏။ သူမက အမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့် မဟုတ်ပါက သူ ဒီအတိုင်းထားခဲ့လိမ့်မည်မဟုတ်ချေ။


“ဆရာ၊ ရှင် လင်းချန်အခြေစိုက်စခန်းကို သွားမှာမလား။ ကျေးဇူးပြုပြီး ကျွန်မကို ရှင်တို့နဲ့အတူ ခေါ်သွားပေးပါ။ ကျွန်မကား ပျက်စီးသွားပြီး မကြာခင် မိုးရွာတော့မှာမို့၊ အဲ့ဒါက တစ်ယောက်တည်းဆို အန္တရာယ်များလို့ပါ။ ကျေးဇူးပြုပြီး ရှင်တို့နဲ့အတူ ခေါ်သွားပေးပါ။ ကျွန်မက လင်းချန်အခြေစိုက်စခန်းက လူတစ်ယောက်ပါ။ ကျွန်မရှင့်ကို လမ်းပြပြီး ရှင့်ရဲ့ကားအတွက် ၀င်ကြေး ပေးလို့ရပါတယ်။” 


ရွှီဖုန့်ယင်းသည် ကျန်းရှို့လျန်အား သနားစဖွယ်ကောင်းသော မျက်လုံးများဖြင့် ကြည့်နေလေသည်။


“ဒါပေမယ့် ငါတို့ကားက ပြည့်နေတယ်”


ကျန်းရှို့လျန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မျက်နှာသည် တုန့်ဆိုင်းမှုတချို့ပေါ်လာလေ၏။ အမျိုးသမီးသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း အဆုံးမှာတော့ သူမက လူ့အသက်တစ်ချောင်းပင်ဖြစ်လေ၏။ သူသာ ဒီလူကို ဤကဲ့သို့ ထားသွားခဲ့မည်ဆိုပါက ဒါဟာ တကယ်ကို အန္တရာယ်များသည့် အရာတစ်ခုဖြစ်သည်။ သူ့နှလုံးသားက လုံလုံလောက်လောက် မမာကျောဘဲ ထိုသို့လုပ်ဖို့ နည်းလမ်းမရှိခဲ့ပါချေ။


“ပြဿမရှိပါဘူး။ ကျွန်မအတွက် ရပ်နေရရင်လည်း အဆင်ပြေပါတယ်။ တိုးစရာ နေရာနည်းနည်းပဲရှိသရွေ့ပေါ့။ အခြေစိုက်စခန်းက အရှေ့မှာပါ။ ငါးကီလိုမီတာ ခြောက်ကီလိုမီတာလောက်ပဲဝေးတယ်။ အရမ်းနီးပါတယ်”


ရွှီဖုန့်ယင်း ခပ်မြန်မြန်ပြောလိုက်၏။


“ခဏနေဦး…” 


ကျန်းရှို့လျန်သည် ကားတံခါးဘောင်ပေါ်သို့ မှီပြီး ကျန့်ယွင်ဘက်ကို ကြည့်လိုက်ပြီး “ ကျန့်ကော၊ အဆင်ပြေလား…”


ကျန့်ယွင်သည် သူတို့နှစ်ယောက်ကြား စကားပြောနေခြင်းကို ကြားခဲ့သဖြင့် သူအသာအယာ ခေါင်းညိတ်ပြလိုက်၏။ မည်သို့ပင်ဖြစ်ပါစေ လူ့အသက်တစ်ချောင်းပင်ဖြစ်ပါချေ၏။


“ကောင်းပြီ၊ ကားပေါ်တက်ပါ” 


ကျန်းရှို့လျန်သည် တံခါးဆီသို့ ညွှန်ပြလိုက်သည်။


“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”


ရွှီဖုန့်ယင်းသည် သူ့အားကျေးဇူးတင်စကားပြောပြီးနောက် SUV ကား၏တစ်ဖက်ကို အမြန်လှည့်ပြီး တံခါးကိုဖွင့်ကာ ကားပေါ်သို့တက်လိုက်၏။


မျှော်လင့်ထားသည့်အတိုင်း ကားထဲတွင် လူပြည့်နေပြီး နေရာလွတ်မရှိတော့ချေ။ SUV ကားတွင် ဗင်ကားကဲ့သို့ လမ်းလျှောက်ရန် နေရာမရှိသဖြင့် သူမသည် တံခါးဘေးတွင်သာရပ်ကာ တက်နိုင်ခဲ့လေသည်။


“ ငါတို့ နောက်ထပ် ဘယ်ကိုသွားရမလဲ” 


ကျန်းရှို့လျန်သည် ကားပေါ်တက်ပြီးနောက် မေးလိုက်သည်။


“ ရှေ့တည့်တည့်သွား၊ တတိယမြောက်လမ်းကူးမှာ ဘယ်ဘက်ကွေ့ပြီး တည့်တည့်သွားပါ”


ကျန်းရှို့လျန်သည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ ရှေ့သို့သာတန်းတန်းမတ်မတ် မောင်းသွားခဲ့လေသည်။


ရွှီဖုန့်ယင်းသည် ကားကိုကြည့်ဖို့အချိန်ရခဲ့လေသည်၊ သို့သော် သူမကြည့်လိုက်သောအခါမှာတော့ အံ့အားသင့်သွားခဲ့ရသည်။ ဤကားထဲတွင် ယောက်ျားလေးများ၊ မိန်းကလေးများနှင့် ကလေးတစ်ယာက်ရှိလေ၏။ သူတို့သည် အသက်မကြီးကြသေးသော်လည်း ခြွင်းချက်မရှိ သူတို့အားလုံးတွင် ထူးထူးခြားခြား ချောမောလှပသည့် အသွင်အပြင်များရှိကြ၏။ အထူးသဖြင့် ထိုအလှလေးနှစ်ယောက်သည် အလွန်အကျူးကို လှပနေကြ၏။


ရှေ့ဆုံးတန်းအလယ်၌ထိုင်နေသည့် ချောမောပြီး အေးစက်စက်မျက်နှာနှင့် အမျိုးသားသည် အရှိန်အဟုန်ပြင်းပြင်းတစ်ခုရှိပြီး မြင်မြင်ချင်း သာမာန်ထက်ထူးထူးခြားခြား ခံစားရလေ၏။ ယခုလေးတင် အရပ်ရှည်ပြီးသန်မာသည့်လူသည် သူ့အား အလွန်လေးစားသည့် လေသံနှင့် ကျန့်ကောဟုခေါ်လိုက်သည်ကို သူမကြားခဲ့ရ၏။ သူလည်း စွမ်းအားကြီးသည့် စွမ်းအားရှင်တစ်ယောက်ဖြစ်သင့်သည်။


ညာလက်ဖြင့် အလွန်ပိုင်စိုးသော ကိုယ်ဟန်အနေအထားဖြင့် အိပ်ပျော်နေသောလူငယ်လေးတစ်ယောက်၏ခါးကို ဖက်ထားပြီး သူ့ရင်ဘတ်ပေါ်သို့မှီထားပေးလေ၏။ လူငယ်လေးသည် အလွန်ဆွဲဆောင်မှုရှိပြီး သူတို့၏ ရင်းနှီးသောကိုယ်ဟန်အနေအထားကို မြင်နိုင်ရန် လွယ်ကူသည်။ သူ့ဘယ်လက်သည် အသက်လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကောင်လေး၏ ပုခုံးတစ်ဝိုက်တွင်ရှိနေသည်။ ကောင်လေးသည် သူ့ခြေထောက်ပေါ်၌ လဲလျောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူသည် ချောမောသောကောင်ငယ်လေးတစ်ယောက်ဖြစ်သင့်သည်၊ ဟုတ်တယ်မလား။


နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသည့် လှပသောအမျိုးသမီးတစ်ဦးသည် သူတို့နောက်တွင်ထိုင်နေပြီး စောင်တစ်ထည်ကိုထုတ်ကာ အလွန်နူးညံ့သိမ်မွေ့စွာဖြင့် ကလေး၏ခန္ဓာကိုယ်ကို ဖုံးပေးနေသည်မှာ အလွန်ညင်သာသည့်ပုံရသည်။။


ဒီကလေးက ဒီအမျိုးသမီးရဲ့ ကလေးမဟုတ်လား။


သို့သော် ထိုအချိန်၌ အမျိုးသမီးသည် နှစ်ကြိမ်ချောင်းဆိုးလိုက်ပြီး ရွှီဖုန့်ယင်းအားအမြဲဂရုမစိုက်ခဲ့သည့် ကျန်းရှို့လျန်သည် ရုတ်တရက် သူမကို ခေါင်းလှည့်ကြည့်လာပြီး မေးလာလေ၏။


“ရှောင်ကျင်း အဆင်ပြေရဲ့လား။ မင်း ရေနွေးနည်းနည်းသောက်မလား”


“မဟုတ်ဘူး၊ မြန်မြန်လေးသာ မောင်းပါ”


ဝူကျင်းသည် ပြုံးပြပြီးပြောလိုက်လေသည်။


တွဲဖက်ယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေသော စုန့်ချန်ရှုသည် ရေနွေးတစ်ခွက်ကို အလျင်အမြန်ထုတ်ကာ ဝူကျင်းအား ပြောရင်း ကမ်းပေးလိုက်၏။ 


“မင်း မနေ့ညက ဒီလိုမျိုးပဲ။ မင်းက ဘာလို့ ကြံ့ခိုင်တဲ့မျက်နှာကိုပဲပြနေတာလဲ။ ရေနွေးကို ပိုသောက်ပြီး အခြေစိုက်စခန်းကျရင် ကောင်းကောင်းအိပ်လိုက်။”


“ကျေးဇူးတင်ပါတယ် စုန့်ကော”


ဝူကျင်းသည် ပြုံးပြီး ရေနွေးခွက်ကို ယူလိုက်၏။


ဤနှစ်ရက်သည် အမျိုးသမီးများအတွက် အဆင်မပြေဆုံးနေ့များသာဖြစ်ပြီး အပူချိန်သည် ရုတ်တရက် ကျဆင်းသွားခဲ့သည်။ သူတို့သည် ဤနှစ်ရက်အတွင်း ခက်ခက်ခဲခဲ ကားမောင်းခဲ့ရသည်။ သူမသည် မနေ့ညက ပြင်းထန်သော ရာသီသွေးကိုက်ခဲသည့်ရောဂါ ခံစားခဲ့ရပြီး နံနက်အိပ်ယာထလာသည့်အချိန် အအေးမိသွားခဲ့လေသည်။ ကံကြမ္မာဆိုးသည် တစ်ယောက်တည်း ဘယ်တော့မှ ရောက်မလာဘူးဟု ဆိုနိုင်သည်။ သူမ အမှန်တကယ်ကို အနားယူဖို့ လိုအပ်လေသည်။


“စုန့်ကော၊ ကျွန်တော်လည်းသောက်ချင်တယ်”


ဝူကျင်း ဘေးတွင်ထိုင်နေသည့် ကျန့်ကျားဟယ်သည် ရုတ်တရက်ပြောလိုက်၏။


“ဒီမှာ မင်းအတွက်”


စုန့်ချန်ရှုသည် ကောင်းမွန်သော စိတ်အခြေအနေနှင့် သူ့အား တစ်ခွက်ပေးလိုက်၏။ 


ချန်းကျောင်း နှင့် ကျန့်ကျားဟယ်တို့သည် သူတို့‌ နေရာများပြောင်းကာ ချန်းချီနှင့် ဖဲချပ်ကစားရန် နောက်ခန်းသို့သွားနေကြ၏။ သူတို့သည် စကားပြောပြီး ရယ်မောနေကြ၏။ သူတို့သည် ညီအကိုမောင်နှမများ ဖြစ်ကြလေ၏။ သူတို့သည် အချင်းချင်း ရင်းနှီးစွာ နီးကပ်ကြပြီး ရန်ဖြစ်ကြ၊ ပြဿနာရှာကြသည်မှာ သာမာန်သာဖြစ်သည်။


ဤကားထဲရှိလူများသည် မူလကတည်းက အတော်လေးသာမာန်ဖြစ်ပြီး လိုက်လျောညီထွေရှိသည့် ဆက်ဆံရေးမျိုးဖြစ်ပြီး ရွှီဖုန့်ယင်း၏ မျက်လုံးများထဲတွင် ပရမ်းပတာဖြစ်နေလေ၏။


ဒါ...အဲဒီလို အဖွဲ့မဟုတ်ဘူးလား။


စွမ်းအားကြီးသော စွမ်းအားရှင်များ၏ ပတ်ဝန်းကျင်တွင် လူပြတ်လပ်ခြင်းမရှိချေ။ အခြေစိုက်စခန်း၏ နေရာတိုင်း၌ စွမ်းအားရှင်တစ်ဦး၏ ပတ်ဝန်းကျင်တွင် အလှလေး နှစ်ဦးသို့မဟုတ် သုံးဦး လောက်ကိုမြင်နိုင်သည်။ သို့သော် ဤကားထဲရှိသူများအတွက်တော့ သာမန်မဟုတ်ပါချေ။


ကားမောင်း‌နေသည့်ယောက်ျားသည် သူ့ကိုယ်သူ ဂရုမစိုက်တတ်တာ အံ့သြစရာမဟုတ်ချေ။ သူသည် ချောမောသည့်ယောက်ျားလေးများနှင့် ချောမောလှပသည့်အမျိုးသမီးများကို မြင်ဖူးပြီး သူ့ကိုယ်သူ မမြင်နိုင်တော့ချေ။ သူမကားရှေ့ကနေ လက်ယမ်းပြသည့်အချိန်က လူငယ်လေးသည် လှောင်ပြောင်ပြောဆိုခဲ့သည်မှာ အံ့သြစရာမဟုတ်ချေ။ သူ သူမကို ကားပေါ်မတက်စေချင်ခဲ့ရုံသာဖြစ်၏။ သူက သူမကြောင့် ပျက်စီးသွားမှာကို စိုးရိမ်နေတာ ဟုတ်တယ်မလား။


ရွှီဖုန့်ယင်း၏ ကျန်းရှို့လျန်နှင့်ပတ်သက်သော စွဲမက်ဖွယ်ကောင်းသည့် အတွေးများသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။ သူမသည် တွယ်ကပ်ရန် ယောက်ျားတစ်ယောက်ကို ရှာချင်သော်လည်း အောက်ခြေလိုင်းမရှိတာမျိုးတော့ မဟုတ်ပါချေ။ ထို့အပြင် လင်းချန်အခြေစိုက်စခန်းတွင် သူမ၏ကျော်ကြားမှုဖြင့် သူမသည် တစ်ချိန်လုံး တကိုယ်တည်း အထီးကျန်နေမည်မဟုတ်ချေ။


သို့သော် သူမသည် သူတို့အပေါ်၌ မှီခိုနေတော့မည် မဟုတ်သော်လည်း ဤလူများသည် သူတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိဖို့ ခွန်အားများရှိကြကာ ၎င်းသည် အမြဲတမ်းမှန်ချေ၏။


တခြားသူများသည် ရွှီဖုန့်ယင်း၏ မှော်ဦးနှောက်အပေါက်သည် အလွန်ထူးဆန်းသောဦးတည်ရာသို့ ပြေးသွားသည်ကို မသိကြချေ။ သူတို့သည် ဒေါသကြီးသည့်အမျိုးသမီးသည် ကားပေါ်တက်ပြီးနောက် တိတ်တိတ်ဆိတ်ဆိတ် နေနေပြီး အလွန်ကောင်းသည်ဟုသာထင်နေကြသည်။


ရံဖန်ရံခါ လမ်းတွင် သူတို့သည် ပြန့်ကျဲနေသောဖုတ်ကောင်များနှင့် ကြုံခဲ့ရပြီး ကျန်းရှို့လျန်မှ တိုက်ရိုက်ချေမှုန်းခြင်းခံခဲ့ကြရလေသည်။ ရွှီဖုန့်ယင်းညွှန်ပြသော လမ်းအတိုင်း သူတို့သည် မကြာခင်မှာပင် လင်းချန်အခြေစိုက်စခန်း၏ ဂိတ်ပေါက်သို့ ရောက်လာကြလေသည်။


သူတို့ကားသည် မြို့တံခါးသို့ ရောက်သည့်အချိန်၌ ကောင်းကင်မှ မိုးခြိမ်းသံနှင့် လျှပ်စီးများလက်နေပြီး လူတော်တော်များများသည် မြို့တံခါးကို ပိတ်နေကြလေ၏။


ကျန်းရှို့လျန်သည် ချက်ချင်း ဟွန်းတီးပြီး သူရောက်လာသည်ကို သူတို့အား ပြောပြလိုက်၏။


“ဘယ်သူလဲ” 


တံခါးစောင့်များသည် လေပြင်းကြောင့် ယိမ်းယိုင်သွားကြပြီး SUV ကားဆီသို့ စိတ်မရှည်စွာ အော်လိုက်ကြ၏။


“ငါတို့က ဒီ‌နေရာဖြတ်သွားပြီး ဒီမှာရက်အနည်းငယ် အနားယူချင်လို့ပါ”


“အသစ်လား” 


မှောင်မဲပြီး လေထန်‌ နေ၏။ မြို့အားစောင့်ကြပ်သူသာ် ကားပေါ်ရှိလူများ၏ အသွင်အပြင်ကို မြင်ဖို့ရန် ခက်သဖြင့် ကား၏အခြေအနေကိုသာ ဆုံးဖြတ်နိုင်လေသည်။


ကျန့်ယွင်၏ off road ကားသည် အမှန်တကယ် အစားထိုးပြီးဖြစ်သော အသစ်ဖြစ်လေသည်။ပထမတစ်ခုကို ဖျက်သိမ်းထားလိုက်ပြီးဖြစ်၏။ ကား၏အရည်အသွေး ဘယ်လောက်ပင်ကောင်းနေပါစေ တိုင်ကီတစ်ခုအဖြစ်သုံး၍ မရနိုင်ပါချေ။


သို့သော်လည်း သူတို့သည် ကားအသစ်ဖြစ်သော်လည်း တော်တော်လေးကို သနားစရာကောင်းသည့်ပုံပေါ်နေသေးသည်။ အဆုံးမှာတော့ သူတို့သည် ဖုတ်ကောင်များကို တလမ်းလုံးတိုက်လိုက်၊ ကြိတ်လိုက်နှင့် ကားကိုယ်ထည်တွင် ခြစ်ရာများအများကြီးနှင့် သွေးများ အသားစများ ကပ်နေပြီး အလွန် အရမ်းအေးစက်နေပုံရ၏။


“မြို့ထဲဝင်လာသူအသစ်က အစားအစာ ငါးကျင်းပေးရမယ်” 


မြို့စောင့်တစ်ယောက်သည် အော်ပြောလိုက်၏။


ကားထဲရှိ ရွှီဖုန့်ယင်းသည် ထပ်နားမထောင်နိုင်တော့ဘဲ သူမသည် တံခါးကိုဖွင့်လိုက်ပြီး သူတို့အားလှမ်းအော်လိုက်လေ၏။ 


“ဘာ ငါးကျင်းလဲ။ အဲ့ဒါ သုံးကျင်း မဟုတ်ဘူးလား။ ပြီးတော့ စွမ်းအားရှင်တွေအတွက်ဆို အခမဲ့ပဲ။ ရှင်တို့ ဘာလို့အဲ့လို မပြောတာလဲ ”


အော်ပြောလိုက်သူသည် လန့်သွားလေ၏။ စကားပြောသူကို ရှင်းရှင်းလင်းလင်းမြင်ရပြီးနောက် ထိုလူ၏ သဘောထားသည် ချက်ချင်းပင် တလေးတစားနှင့် ဂရုတစိုက်ဖြစ်သွားတာလား။


“ ဒါက မင်းရဲ့အဖွဲ့ဝင်အသစ်တွေလား ”


ရွှီဖုန့်ယင်းသည် အမျိုးသမီးစွမ်းအားရှင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ကောင်းမွန်သော အသွင်အပြင်နှင့် ခန္ဓာကိုယ်ရှိပြီး လိုက်ရှာသူအများအပြားရှိပြီး လင်းချန်အခြေစိုက်စခန်းတွင် ကျော်ကြားလေသည်။ ထို့ကြောင့် ထိုလူသည် သူမအား လျင်မြန်စွာသတိထားမိခဲ့လေသည်။


ရွှီဖုန့်ယင်းသည် ထိုစကားများကိုကြားသောအခါ သူမ ထိတ်လန့်သွား၏။ ကျန့်ယွင် နှင့် ကျန်းရှို့လျန်တို့၏ မျက်နှာများကို အမြန်ကြည့်လိုက်၏။ သူတို့မျက်နှာပေါ်တွင် သိသာသောဒေါသများ မရှိသည်ကို မြင်လိုက်ရပြီး သူမ စိတ်သက်သာရာရသွားလေ၏။


“နင်ဘာ အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ ငါလမ်းမှာ အဆင့်သုံး ဖုတ်ကောင်တစ်ကောင်နဲ့တွေ့ခဲ့တာ၊ ဒီလိုစိတ်ကောင်းရှိတဲ့သူတွေကျေးဇူးကြောင့်မို့လို့ပေါ့၊ သူတို့က အဆင့်သုံးဖုတ်ကောင်ကိုသတ်ဖို့ကူညီပေးရုံတင်မကဘူး ငါ့ကိုလည်းကယ်ခဲ့တာ ”


ရွှီဖုန့်ယင်းပြောလိုက်သည့်အခါ သူမသည် 'အဆင့်သုံး' ဆိုသည့် စကားလုံးကို အလေးပေးပြီး အကြိမ်များစွာ ပြောလိုက်၏။


လာနောက်နေတာလား။ ကားမောင်းတဲ့လူတစ်ယောက်တည်း အဆင့်သုံးဖုတ်ကောင်ကို နှစ်မိနစ်အတွင်း သတ်နိုင်တာ။ မြို့အခြေစိုက်စခန်းက စွမ်းအားရှင်တွေက သူ့လောက်သန်မာတဲ့သူ တစ်ယောက်မှမရှိဘူး။ ဒါ့အပြင် သူလေးစားတဲ့ အမိုက်စားလူက သူ့ထက်ပိုသာလိမ့်မှာပဲ။ 


အဆင့်မြင့်သော စွမ်းအားရှင်များသည် အလွန်ကောင်းမွန်သော စိတ်နေစိတ်ထားမရှိကြချေ။ အကယ်၍ သူတို့သာ စိတ်တိုဒေါသထွက်လျှင် သူတို့ ဒုက္ခရောက်ကြလိမ့်မည်။


“တကယ်ပဲလား ”


မြို့စောင့်သည် ကားပျက်ထဲရှိလူကို သံသယနှင့်ကြည့်ကာ သူ့အမူအကျင့်ကို ပြောင်းလဲလိုက်လေ၏။


“ရှောင်ဖုန့်ရဲ့ မျက်နှာကြောင့် သာမန်လူတစ်ယောက်စီက ဆန်စပါးသုံးကျင်းပေးရမယ်။ စွမ်းအားရှင်တွေအတွက်က အခမဲ့။ မင်းနားလည်လား ”


“နားလည်ပြီ”


ကျန်းရှို့လန်သည် မဆိုင်းမတွ ပြောလိုက်၏။


တံခါးစောင့်သည် ကျေနပ်စွာခေါင်းညိတ်ပြပြီး မြို့တံခါးကို ဖွင့်ပေးကာ ကားကိုမောင်း၀င်ခိုင်းလိုက်ပြီး ညာဘက်ရှိ အဆောက်အဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။


 “ အဲ့နေရာကို စာရင်းသွင်းဖို့ သွားပြီးတော့ မင်းတို့ ပေးချေရမယ့်ဟာကို ပေးချေပါ”