အခန်း(၈၅)
Viewers 12k

အခန်း(၈၅)《 မိုးသည်းနေ့မှာလောင်သောမီး 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


လင်းကျားသည် သူတို့ကို ကုသပေးပြီးချိန်မှာတော့ သူ့ကိုယ်သူ လုံး၀မရပ်တည်နိုင်လောက်အောင် အားနည်းနေခဲ့၏။


“ကျေးဇူးအများကြီးတင်ပါတယ် လင်းလူကြီးမင်း” 

 

သူသည် လင်းကျားကို ကျေးဇူးတင်စကားပြောပြီးနောက် သူ့နောက်မှညီငယ်လေးကို ပြောလိုက်၏။


 “ လူကြီးမင်းလင်း ဘေးခန်းမှာအနားယူဖို့ ကူညီပေးလိုက် ”


စုရွေ့ကျယ်သည် ညီငယ်နှစ်ယောက်မှ လင်းကျားကို ဒုတိယအိပ်ခန်းသို့ တွဲခေါ်ထောက်ပံ့ပေးနေသည်ကို ကြည့်နေလိုက်၏။ ဒုတိယအိပ်ခန်းသည် လူနေထိုင်သည့် နေရာနှင့် အနည်းငယ်ခပ်ဆင်ဆင်ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် နှစ်ထပ်ကုတင်ကို သူမြင်နိုင်သည်။ အိပ်ယာခင်းများ နှင့် အိပ်ယာအားလုံးသည် အသစ်ဖြစ်နေ၏။ လင်းကျားကို အိပ်ရာပေါ်တင်ပြီးနောက် သူသည် ခေါင်းအုံးနှင့်ထိလိုက်သည်နှင့် အိပ်ပျော်လုနီးပါးဖြစ်နေ၏။


“လူကြီးမင်းလင်းရဲ့ စွမ်းရည်က အရမ်းထူးခြားတယ်။ အဲ့ဒါကိုအသုံးပြုပြီးတဲ့အချိန်တိုင်း သူအရမ်းမောပန်းနေလိမ့်မယ်။ အိပ်ရေးဝဝ အိပ်ဖို့ပဲလိုတာပါ ”


ဝူရယ်သည် စုရွေ့ကျယ် လင်းကျားဘက်သို့ ခဏခဏကြည့်နေသည်ကိုမြင်ပြီး သူ တစ်ဖက်ကို စိတ်ပူနေမှန်း သိလိုက်သည်နှင့် သူရှင်းပြဖို့ အစပြုလိုက်၏။


စုရွေ့ကျယ်သည် ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။


အားလုံးအဆင်ပြေသည့်အတွက် ဝူရယ်သည် မှတ်ပုံတင်ရန်တာ၀န်ကျသည့် လီပင်းကို ကျန့်ယွင်နှင့်တခြားသူများကို စာရင်းသွင်းပေးဖို့ ပြောလိုက်၏။ သူသည် သူတို့နှင့်အတူ ဂရုတစိုက် အဖော်ပြုပေးနေခဲ့၏။ သူသည် သူတို့နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး သူတို့၏ပါးစပ်မှ အချက်အလက်များကို ပိုထုတ်ချင်နေခဲ့သည်။ ဒီလူများ၏ ခွန်အားသည် အလွန်သန်မာလွန်း၏။ အကယ်၍သူတို့သာ အခြေစိုက်စခန်းနှင့်ပူးပေါင်းပါက သူတို့ညီအစ်ကိုများမှ သူတို့အသုံးပြုနိုင်သလို ပြောရလွယ်ကူသည်။ သို့သော် သူတို့မတတ်နိုင်ပါက ခက်ခဲလိမ့်မည်ဖြစ်သည်။


ကျန့်ယွင်သည် သူနှင့်အရေမရအဖက်မရစကားပြောရန် ပျင်းလွန်းသဖြင့် သူတို့သည်အမိုးအကာအတွက် ဖြတ်သန်းသွားခြင်းသာဖြစ်ပြီး အချိန်အကြာကြီးနေရန် မစီစဉ်ထားကြောင်း တိုက်ရိုက်ပြောလိုက်၏။ သူတို့ ဘယ်ကလာခဲ့သည်ကိုမပြောဘဲ သူတို့အနောက်မြောက်ဖက်သို့သွားရန်စီစဉ်ထားသည့်အကြောင်းသာပြောခဲ့သည်။ ဝူရယ်သည် နားထောင်ပြီးနောက် အနည်းငယ် စိက်သက်သာသွားပြီး မိုးမြန်မြန်တိတ်သွားဖို့သာမျှော်လင့်နေပြီး ဒီအာလူးပူပူများကို အမြန်လွှတ်လိုက်မှသာ ပိုကောင်းလိမ့်မည်ဖြစ်သည်။


သူတို့၏ အခြေခံအချက်အလက်များကို စာရင်းသွင်းပြီးနောက် သူတို့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ရှိထားကြသော်ပေမယ့် ဝူရယ်နှင့် ချီးရယ်တို့သည် ထိတ်လန့်တုန်လှုပ်နေကြဆဲပင်ဖြစ်၏။ သူတို့ကိုးယောက်ထဲသာရှိပြီး ခရီးရှည်ကြီးကို ဆက်သွားဝံ့သေးတာ မထူးဆန်းပါချေ။


“ဘာလဲ။ မယုံဘူးလား။ ရှင်တို့ကို ငါတို့သက်သေပြဖို့ လိုသေးလား ”


ချန်းကျောင်း၏ ဓားချက်သည် နောက်တစ်ကြိမ် လက်သွားပြန်၏။


“မ..မ..မလိုပါဘူး ” 


ဝူရယ်သည် ဤအဒေါ်ကြီးကို တကယ်ကြောက်၏။ သူသည် ခပ်မြန်မြန် လက်ယမ်းပြလိုက်၏။


“အရင်က ကိစ္စတွေအားလုံးက နားလည်မှုလွဲနေတာပါ။ အဲ့ဒါ ငါတို့အမှားပါ။ ဆိုတော့ ဒီနေ့ လူတိုင်း တည်းခိုနေထိုင်ဖို့ ငါတို့ ထောက်ပံ့ပေးမှာဖြစ်ပြီးတော့ ဘာပိုက်ဆံမှ မလိုပါဘူး။ ”


“အဲဒါကမှ ပိုသဘောကျသေးတယ်”


ဝူရယ်သည် ပြုံးပြုံးရွှင်ရွှင်မျက်နှာကိုပြထားပြီး တကယ်ကို ဒေါသမထွက်ရဲဘဲ လူများကို အောက်ထပ်သို့ ဦးဆောင်ခေါ်သွားလိုက်၏။


ဝူရယ်သည် သူတို့အတွက် သုံးထပ်အိမ်တစ်လုံး စီစဉ်ပေးထားပြီး အိမ်ကောင်းအမျိုးအစားတစ်မျိုးအဖြစ်ယူဆနိုင်၏။ အိမ်ထဲတွင် ပရိဘောဂများလည်း တော်တော်ပြည့်စုံ၏၊ သို့သော်လည်း အချိန်အတော်ကြာအောင်သန့်ရှင်းရေးမလုပ်ရသဖြင့် အလွန်ရှုပ်ပွနေ၏။


“ရှင်က ငါတို့ကို ဒီမှာနေစေချင်တယ်လား ”


ချန်းကျောင်းသည် အိမ်ပတ်ဝန်းကျင်ကို သူမမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။


“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ငါတို့အခြေစိုက်စခန်းက အိမ်အလွတ်တွေက အကုန်ဒီလိုပါပဲ။ ဒီအိမ်မှာဆို ပရိဘောဂတွေရှိနေသေးလို့ အဲ့ဒါကြောင့် သန့်ရှင်းရေးလုပ်ပြီးရင် နေရတာ အဆင်ပြေပါတယ်”


ဝူရယ်သည် အမှန်တကယ်ပင် မလိမ်ညာခဲ့၊ ဤလင်းချန်အခြေစိုက်စခန်းတွင် ဆိုလာဓာတ်အား ထောက်ပံ့မှု မရှိသေးဘဲ၊ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် သူ့ယခင်ဘဝနှင့် မတူတော့၊ သုံးလကျော်ကြာပြီးနောက် ၎င်းသည် သေးငယ်သော သို့မဟုတ် အလတ်စား အခြေစိုက်စခန်းတစ်ခုမျှသာဖြစ်၏။ လင်းချန်သည် အထူးထုတ်ကုန်များလည်း မရှိသောကြောင့် အထူးသဖြင့် လင်းချန်ကိုရောက်လာသည့် တခြားအခြေစိုက်စခန်းအဖွဲ့များ မရှိနိုင်ချေ။


လင်းချန်မြို့သို့ ရောက်လာမည့်သူများသည် အခြေခံအားဖြင့် အပြင်မှ ထွက်ပြေးလာသူများဖြစ်လိမ့်မည်။ လင်းချန်အခြေစိုက်စခန်း၏ စည်းမျဥ်းများအတိုင်း သူတို့သည် ဆန်စပါးများပေးဆောင်ပါက နေထိုင်ရန်အိမ်အလွတ်တစ်လုံးကို ရှာဖွေနိုင်ပြီး လစဉ်ငှားရမ်းခကို ပေးဆောင်နိုင်မည်ဖြစ်သည်။


အခြေစိုက်စခန်းမှကျန်သူများသည် သူတို့ ဘာရွေးမလဲဆိုသည်ကို ဂရုမစိုက်ချေ။ ပရိဘောဂများနှင့် အိမ်ထဲသန့်ရှင်းရေးကို သူတို့ဘာသာ ဖြေရှင်းရမည်ဖြစ်သည်။ အိမ်သည် မူလက သူကိုယ်တိုင်နေဖို့ ရည်ရွယ်ထားသော်လည်း တစ်ဖက်တွင် အမှိုက်ပုံဧရိယာနှင့်အလွန်နီးလွန်းပြီး ပတ်ဝန်းကျင်သည် ညံ့ဖျင်းလွန်းသဖြင့် သူနေထိုင်ရန် တခြားအိမ်တစ်လုံးရှာတွေ့ခဲ့သည်။


သူတို့ဒီမှာ တစ်ရက်နှစ်ရက်လောက်သာ နေမည်ဖြစ်သောကြောင့် အရေးမကြီးဘူးဟု သူထင်ခဲ့သည်။


ချန်းကျောင်းသည် တစ်ခုခုထပ်ပြောချင်သော်လည်း ကျန့်ယွင်တားခြင်းခံလိုက်ရ၏။ ကျန့်ယွင်သည် ဒီလူများကို အဝေးကိုထွက်သွားစေချင်ပြီး သူတို့ ကောင်းကောင်း အနားယူနိုင်စေရန်သာဖြစ်၏။


“ကျေးဇူးတင်ပါတယ်။ ငါတို့ဒီမှာနေနိုင်တယ်” 


ကျန့်ယွင်သည် ဝူရယ်ကို ပြောလိုက်သည်။


“ကောင်းပါပြီ၊ မင်းတို့ကို ရှင်းလင်းဖို့ကူညီပေးမယ့်လူကို ငါရှာရမလား”


“မလိုဘူး၊ ငါတို့ဘာသာပဲ ကောင်းကောင်းလုပ်မယ်”


“ကောင်းပါပြီ၊ ငါတို့ မင်းတို့အနားယူတာကို မနှောင့်ယှက်တော့ဘူး”


ဝူရယ်သည် ခေါင်းညိတ် ဦးညွှတ်ပြီး ထွက်သွားဖို့အလျင်စလိုဖြစ်နေ၏။ 


ဝူရယ်နှင့် ချီးရယ်တို့ထွက်သွားတော့မည့်အချိန်မှ ချီးရယ်သည် ရုတ်တရက် သူ့ခြေကျင်းဝတ်မှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူငုံကြည့်လိုက်ပြီး ဘယ်ကရောက်လာမှန်းမသိသည့် ကြောင်နက်တစ်ကောင်က သူ့ခြေကျင်းဝတ်ကို ကိုက်လိုက်သည်ကိုမြင်လိုက်ရ၏။


“ရှောင်ဟေး ”


ကျန့်ယွင်တို့အဖွဲ့မှ အဖွဲ့သားများအားလုံးသည် ရှောင်ဟေး ကျန့်ကျားဟယ်ကိုကိုက်ပြီးနောက် ထို့နေ့က ထူးဆန်းသောမြင်ကွင်းကို တွေးခဲ့ကြပြီး ရှောင်ဟေးသည် ဤတစ်ကြိမ်တွင် ချီးရယ်နှင့် ခန္ဓာကိုယ်လဲလှယ်လိုက်မည်ကို ထိတ်လန့်သွားကြသည်။


သို့သော် မမျှော်လင့်ထားဘဲ ရှောင်ဟေးသည် ချီးရယ်ကိုကိုက်ပြီးနောက် သူ့ခေါင်းကို မြင့်မြင့်မြှောက်ကာ ကြောင်ခြေလှမ်းများဖြင့် လျှောက်ထွက်ခွာသွားလေ၏။ သူတို့တွေးထားသည့် မြင်ကွင်းဖြစ်မလာဘဲ အားလုံးသက်သာရာရသွားကြလေသည်။


“တောင်းပန်ပါတယ်၊ ဒီကြောင်လေးက ငါတို့ကလေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးလေ။ သူ့ပိုင်ရှင်အတွက် လက်စားချေလိုက်တာပဲ ဟားဟား ” 


ကျန့်ကျားဟယ်သည် ပြုံးပြပြီး ဟန်ဆောင်လိုက်၏။


ကလေးလေးကို ပစ်ခတ်မိပြီး နာကျင်စေခြင်းသည်သူ့အပြစ်ဖြစ်၏။ ယခုကြောင်အကိုက်ခံရပေမယ့် သူပြန်မကိုက်နိုင်‌ချေ။ ချီးရယ်သည် လက်သီးတင်းတင်းဆုပ်ထားကာ သွေးစို့နေသည့် ဒဏ်ရာကို ကြည့်လိုက်၏။ သွားများကို တင်းတင်းကြိတ်ပြီး သူ့လည်ချောင်းထဲမှဆန်တက်လာသည့် သွေးကိုမျိုချလိုက်ပြီး ဝူရယ်နှင့်ထွက်သွားခဲ့သည်။


“ကောင်းပါပြီ၊ ဒါဆို ကျွန်မလည်းသွားလိုက်ဦးမယ်။ ရှင်တို့စောစောအနားယူကြပါ” 


ရွှီဖုန့်ယင်းသည် သူမ သူတို့ကို မနှောင့်ယှက်နိုင်ဘူးဆိုသည်ကို သိသောကြောင့် ထွက်သွားခဲ့၏။


ထို့နောက် သူအားလုံးသာ ကျန်ခဲ့တော့ပြီး၊ ကျန့်ကျားဟယ်သည် ကြောင်ပေါက်လေးကို ဆွဲယူလိုက်ပြီး သူ့မျက်လုံးကြီးကြီးများနှင့် သူ့မျက်လုံးသေးသေးလေးများကို စိုက်ကြည့်နေပြီး


“ညစ်ပတ်တဲ့ ဘာကိုမှ မကိုက်နဲ့။ ဘယ်လောက်ညစ်ပတ်လိုက်လဲ ”


ရှောင်ဟေး၏ ပျော့ပျောင်းသောမျက်နှာငယ်လေးသည် လူသားတို့၏အထင်အမြင်သေးမှုကို ပြသနေလေသည်။ သူသည် ပါးစပ်ကိုဖွင့်ပြီး ကြို့ထိုးလိုက်၏။ သို့သော်လည်း မီးလုံးလေးနှစ်လုံးကို ထွေးထုတ်လိုက်လေသည်။


“အုခ်ျ အုခ်ျ ” 


ကျန့်ကျားဟယ်၏ ဆံပင်များ မီးစွဲလောင်သွားလေတော့၏။


“သောက်ကျိုးနည်း၊ မင်းတို့ လာပြီး မကူညီကြဘူးလား ” 


ချန်းကျောင်းသည် သူ့ကိုစိုက်ကြည့်နေလေ၏။


“ရှောင်ဟေး မီးလုံးလေးတစ်လုံး မှုတ်ထုတ်လာတယ်”


“ဘာလဲ။ ဘာကိုဆိုလိုတာလဲ”


လူတစ်စုက ကြောင်နက်လေးကို နောက်တစ်ကြိမ် ဝိုင်းရံလိုက်ကြပြီး ရှောင်ဟေးသည် နောက်ထပ် မီးလုံးလေးနှစ်လုံးကို ပစ်ချလိုက်လေ၏။


ရှောင်ဟေး စကားမပြောနိုင်သည်မှာ သနားစရာကောင်း၏။ ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို ဖော်ပြရန် နည်းလမ်းမရှိချေ။ ရှောင်ဟေး၏အစွမ်းသည် တခြားသူများ၏ စွမ်းအားကို ကူးယူခြင်း သို့မဟုတ် ခိုးယူခြင်း ဖြစ်နိုင်ကြောင်း သူတို့မှန်းဆနိုင်ရုံသာရှိ၏။


သူတို့သည် ထိုကိစ္စကို ဘေးဖယ်ထားပြီး အခန်းကို ဆက်လက် သန့်ရှင်းရေးလုပ်ကြ၏။ ဖုန်စုပ်စက်၏ ကျယ်လောင်သော အသံနှင့် အခြားသူများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်မိမည်ကို စိုးရိမ်ခြင်းကြောင့်သာမဟုတ်လျှင် စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ဖုန်စုပ်စက်ကို တိုက်ရိုက်ထုတ်ယူချင်နေခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် လေစွမ်းအားရှိ‌သောချန်းကျောင်း နှင့် ဆွဲငင်အားရှိသော ကျန့်ယွင်တို့သည်ဤနေရာရှိ ဖုန်မှုန့်များကို ဖယ်ရှားရန်ပစ်ခဲ့ကြလေသည်။ ကျန့်ယွင်သည် မြေဆွဲအား ဖိသိပ်နိုင်စွမ်းကို အသုံးပြုကာ ဖုန်မှုန့်များကို လှဲထုတ်နိုင်လောက်သည့် အနေအထားကိုထိန်းချုပ်ပြီး တစ်မီတာထက်မနည်းသောအမြင့်သို့မြှောက်လိုက်ပြီးနောက် ချနကျောင်းသည် ၎င်းတို့ကို ပြတင်းပေါက်မှမှုတ်ထုတ်ရန် လေကိုအသုံးပြုလိုက်လေ၏။ 


ဤကဲ့သို့လုပ်ပြီး သူတို့သည် ကြမ်းမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်အလွှာများကိုသာ မှုတ်ထုတ်နိုင်၏။ ဖုန်မှုန့်များကို သေသေချာချာ သန့်စင်ချင်သည်ဆိုပါက အ၀တ်စုတ်နှင့်ဂရုတစိုက် သုတ်ပေးရမည်ဖြစ်သည်။ သို့သော် အခုချိန်မှာတော့ ပိုပြီးထိရောက်မှုရှိပါချေ၏။


စုရွေ့ကျယ်သည် ပုံးအလွတ်များစွာကိုထုတ်ပြီး စုန့်ချန်ရှုကို ရေဖြည့်ခိုင်းလိုက်၏။ ထို့နောက် သူတို့သည် အတူတကွသန့်ရှင်းရေးစတင်လုပ်ကြ၏။ သူတို့သည် အလွန်ကောင်းမွန်စွာ သန့်ရှင်းရေးလုပ်ရန် မလိုအပ်တော့ချေ။ သူတို့ နေထိုင်နိုင်ရုံ‌လောက်သာလုပ်ရန် လိုအပ်သည်။


သူတို့သည် ဖုန်မှုန့်များဖြင့် စွန်းထင်းနေသော အိပ်ယာခင်းဟောင်းများကို စွန့်ပစ်လိုက်ကာ အသစ်စက်စက်များဖြင့် အစားထိုးလိုက်၏။ သူတို့ထွက်သွားချိန်တွင် အိပ်ယာခင်းများကို ဖယ်ထုတ်လိုက်ရုံသာဖြစ်၏။


နှစ်နာရီကြာပြီးနောက် နောက်ဆုံး၌ သူတို့သည် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ခဲ့ကြလေသည်။


ထိုအချိန်တွင် အပြင်ဘက်၌ မိုးသည်ပိုသည်းလာပြီး မိုးခြိမ်းသံများထွက်ပေါ်လာပြီး တခါတရံ လျှပ်စီးများလက်ကာ မိုးရေစက်ကြီးများသည် ပြတင်းပေါက်ကို ရိုက်ခတ်လာပြီး တဖြောက်ဖြောက်မြည် အသံထွက်နေလေသည်။


ဤကဲ့သို့ စိုစွတ်ပြီး အေးသည့် ရာသီဥတုတွင် လမ်းပေါ်သွားရတာ တကယ်ကို မသင့်တော်ပါချေ။


“ကောင်းပြီ၊ အားလုံးပဲ တစ်နေ့လုံး ပင်ပန်းသွားကြပြီ။ စောစောအနားယူကြရအောင်”


“ကောင်းပါပြီ”


ရိုးရိုးရှင်းရှင်း ရေချိုးကြပြီးနောက် သူတို့သည်အနားယူရန် အခန်းသို့ပြန်သွားကြလေ၏။ သို့သော်လည်း ညသန်းခေါင်တွင် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် အော်ဟစ်သံတစ်သံကို ကြားလိုက်ကြရသည်။


သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တအံ့တသြကြည့်ကာ ပြတင်းပေါက်မှအပြင်ဘက်ကိုကြည့်ရန် မတ်တပ်ထရပ်လိုက်ကြ၏။ အပြင်ဘက် လမ်းပေါ်တွင် လူမရှိသော်လည်း ဆန့်ကျင်ဘက်လမ်းတွင် မီးတောက်များတောက်လောင်နေ၏။ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာနေသော်လည်း လမ်းဘေးအဆောက်အဦများတွင် အမိုးအကာများရှိသောကြောင့် မိုးသည် ခဏတာလောက်တော့ မီးမငြိမ်းနိုင်ချေ။


လမ်းထဲတွင် ရိုးစင်းပြီးပျက်စီးယိုယွင်းနေသော အိမ်အများအပြားရှိ၏။ မီးသည် မကြာမီ စတင်ပျံ့နှံ့လာပြီး အကူအညီတောင်းခံမှုများနှင့် မီးခိုးများမကြာမီ ထွက်ပေါ်လာခဲ့လေသည်။


မျက်နှာချင်းဆိုင်ဘက်သည် ရှေးဟောင်းပုံစံ လမ်းဘေးအဆောက်အအုံတန်းတစ်ခုဖြစ်၏။ သူတို့ ဝူရယ်နောက်မှလိုက်လာကြစဉ် ၎င်းကို မြင်ခဲ့ရသည်။ တစ်စုံတစ်ယောက်သည် နွေးထွေးဖို့ မီးတစ်ခုလိုချင်ခဲ့ပြီး မထင်မှတ်ဘဲ အိမ်အိုကြီးကို မတော်တဆ မီးလောင်သွားခဲ့ခြင်းပင်။


အပြင်ဘက်၌ မိုးသည်းထန်စွာရွာနေသည် သို့သော် မီးကတော့ အရှိန်ပြင်းပြင်းနှင့် ပျံ့နှံ့နေဆဲဖြစ်လေ၏။


သူတို့ချက်ချင်းထပြီး စုရွေ့ကျယ်သည် နှင်းလျှောစီးအင်္ကျီနှစ်ထည်ကိုချွတ်လိုက်၏။ ၎င်းတို့ကို သိမ်းပြီးနောက် အောက်ထပ်သို့ အမြန်ဆင်းခဲ့ကြ၏။ တံခါးဝကိုရောက်သောအခါ တခြားသူများနှင့်တွေ့ပြီး သူတို့အားလုံးနိုးလာပုံရ၏။


“အားလျန်နဲ့ လောင်စုန့်က ငါတို့နဲ့အတူသွားမှာဖြစ်ပြီး ကျန်တဲ့သူတွေက ကျန်နေခဲ့ရမယ် ”


ကျန့်ယွင်ပြောပြီးနောက် သူသည် စုရွေ့ကျယ်ကို ခေါ်သွားပြီး တံခါးအပြင်ကို ပြေးထွက်သွားလေ၏။


ဤကဲ့သို့မိုးသည်းထန်စွာရွာနေသည့်အချိန်တွင် ထီးတစ်ချောင်းကိုကိုင်ဖို့က အသုံးမဝင်ပါချေ။ မိုးထဲ တိုက်ရိုက်ဖြတ်သွားလိုက်သည်က ပိုကောင်းပါသည်။


လေးယောက်သားသည် တစ်ဖက်လမ်းဆီသို့ အလျင်အမြန်ပြေးလွှားသွားခဲ့ကြ၏။ စုန့်ချန်ရှုသည် ရေစီးကြောင်းနှစ်ခုကို ဆင့်ခေါ်လိုက်ပြီး မီး‌လောင်သည့်ရင်းမြစ်ဆီသို့ ဖြန်းလိုက်ပြီး မီးအားအောင်အောင်မြင်မြင် ဖိနှိပ်လိုက်၏။


ကျန့်ယွင်၊ စုရွေ့ကျယ်နှင့် ကျန်းရှို့လျန်တို့သည် လူစုလူဝေးကို ကယ်ထုတ်ရန် ပြေးဝင်လာကြသည်။


မီးလောင်နေသော အိမ်အများအပြားမှ လူများကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် လမ်း၏အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရလေသည်။ တစ်ယောက်ချင်းစီသည် ညစ်ညမ်းသောအ၀တ်အစားများဖြင့် နံရံထောင့်တွင် စုပြုံနေကာ မြေပြင်ပေါ်တွင် ပူနွေးဖို့အသုံးပြုခဲ့ခြင်းဖြစ်သင့်သည့် မြက်ခြောက်များစွာပင် ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း အပူချိန်သည် အလွန်လျင်မြန်စွာကျဆင်းသွားပြီး သူတို့အလုပ်မဖြစ်ခဲ့ပါချေ။ တစ်စုံတစ်ဦးမှ မီးထွန်းလိုက်ပြီး မီးကူးစက်စေခဲ့သည်။


ကံကောင်းထောက်မစွာ ကျန့်ယွင်နှင့် အခြားသူများသည် အမြန်ရောက်လာကြကာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ပိတ်မိနေသော လူများကို အချိန်မီ ကယ်တင်နိုင်ခဲ့သောကြောင့် အသေအပျောက်မရှိခဲ့ပေ။


“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ” 


အဖွဲ့သည် ထိုလူများထံမှလျင်မြန်စွာဝိုင်းရံထားခြင်းခံလိုက်ရပြီး သူတို့အား ကျေးဇူးတင်မဆုံးနိုင်ကြတော့ချေ။


“ရပါတယ်…”


ကျန့်ယွင်သည် ဒီကိစ္စပြေလည်သွားသည်ကို မြင်ပြီး သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေ၏။ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် သူ့အား လှမ်းခေါ်လိုက်လေ၏။


 🍒🍒