အခန်း(၉၀)《 ပူးပေါင်းတိုက်ခိုက်ခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ကျန့်ကျားဟယ်၏အသံကိုကြားသောအခါ သူတို့အလွန်၀မ်းသာသွားကြလေ၏။ သုန်သုန်သည်သည် အမှန်တကယ်ပင် အဆင့် လေးဖုတ်ကောင်ကို ရှာတွေ့ခဲ့သည်။
“ဘယ်နားမှာလဲ”
ကျန့်ကျားဟယ်သည် အလျင်အမြန်ပင် ကျန်းယောင်ဟွားအား အားကောင်းသောဓာတ်မီးတစ်လက်ကို တောင်းလိုက်၏။ သုန်သုန်၏ ညွှန်ကြားချက်အရ ဖုတ်ကောင်အုပ်စုထဲတွင် ပုန်းနေသော အဆင့်လေးဖုတ်ကောင်ကို ချိန်ထိုးလိုက်လေသည်။
ထိုအဆင့်လေးဖုတ်ကောင်တွင် ခြေထောက်များမရှိသည့်အပြင် အလွန်ပိန်လှီနေလေ၏။ အရိုးစုတစ်ဝက်နှင့်တူလေ၏။ ပုပ်နေသောအသားသည် ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေ၏။ ခြေသည်းများဖြင့် ရွေ့လျားနေကာ ၎င်း၏မျက်လုံးများသည် နီမြန်းနေသော်လည်း အနက်ရောင်အနည်းငယ်နှင့် ရောစပ်ထားလေသည်။ ၎င်းသည် အလွန်ပုပ်ပွနေပြီး လူသားတစ်ဦးနှင့်တူသည့်အရာ ဘာမှမတွေ့ရပေ။
ဖုတ်ကောင်သည် အားကောင်းသောဓာတ်မီးဖြင့် အလင်းထိုးပြခံထားရပြီး ၎င်း၏နီမြန်းသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေသည်။ ၎င်းသည် ၎င်း၏အနောက်ဘက်ရှိ ဖုတ်ကောင်အုပ်စုထဲသို့ လျင်မြန်စွာ ပုန်းအောင်းလိုက်လေ၏။ ခြေထောက်မရှိသောကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်လေသည်။ ၎င်းသည် ဖုတ်ကောင်ထောင်ပေါင်းများစွာကြားထဲတွင် ပုန်းနေသောအခါတွင် ၎င်း၏ခြေရာကို လုံး၀ရှာမတွေ့နိုင်ပေ။
ယွီသုန်သုန်သည် ဖုတ်ကောင်ပေါ်တွင် ဝိညာဉ်ရေးအမှတ်အသားတစ်ခုပြုလုပ်ထားလိုက်ပြီး ကျန့်ကျားဟယ်ကိုပြောပြီး ၎င်းအား အားကောင်းသောဓာတ်မီးဖြင့်ရှာခိုင်းသည့်အချိန်တွင် ၎င်း၏တည်နေရာကို အမြန်ရှာဖွေနိုင်သည်တောင် ၎င်းသည် အမြဲထွက်ပြေးနေလေ၏။
အဲ့ဒါကို သူတို့ ဘာလုပ်နိုင်ပါ့မလဲ။
ထိုအချိန်တွင် ဝူကျင်းသည် သူ့အနားတွင် ရပ်နေသည်ကို ရုတ်တရက်မြင်လိုက်ရ၏။ ဝူကျင်း၏ စွမ်းအားများသည် အလွန်ထူးခြားသည်။ သူမ၏ စွမ်းရည်သည် တိုက်ခိုက်မှုကိုအခြေခံခြင်းမဟုတ်သော်လည်း မမျှော်လင့်ထားသော အခန်းကဏ္ဍနေရာများစွာတွင် ပါဝင်နိုင်လေသည်။
ကျန့်ကျားဟယ်၏ ကြီးမားသောဦးနှောက်အပေါက်ကြီးသည် စတင်အလုပ်လုပ်လာကာ အလွန်ဖြစ်နိုင်ချေရှိသော နည်းလမ်းတစ်ခုကို ရသွားပြန်လေသည်။
“ကျင်းကျဲ၊ အခု ကျန့်ကော နဲ့ ရှောင်ကျယ်တို့ ဖြေရှင်းနိုင်ဖို့အတွက် အဆင့်လေးဖုတ်ကောင်ကို ပိတ်ခတ်ထားဖို့လုပ်ရမယ်။ ကျွန်တော်မှာ အတွေးတစ်ခုရှိပေမယ့် ကျဲရဲ့အကူအညီကို ကျွန်တော်လိုနေတယ်။ ကျဲ စမ်းကြည့်ဖို့ ဆန္ဒရှိလားမသိဘူး ”
ကျန့်ကျားဟယ်သည် ဝူကျင်းကိုမေးလိုက်၏။
“ငါကြိုးစားကြည့်ချင်တယ်”
ကျန့်ကျားဟယ်၏အစီအစဉ်၏ တိကျသည့် အကြောင်းအရာကို မကြားရသေးဘဲတောင် ဝူကျင်းသည် အကူအညီပေးဖို့ အခိုင်အမာ သဘောတူထားပြီးသားဖြစ်လေသည်။
သူတို့အားလုံးသည် ဖုတ်ကောင်များကို သတ်ဖြတ်နေကြစဉ် သူမ၏စွမ်းရည်သည် အခြားအဖွဲ့သားများကဲ့သို့ အသုံးမဝင်ချေ။ သူမသည် ဤနေရာတွင်သာ ရပ်ပြီးကြည့်နေနိုင်ရုံသာရှိလေသည်။ ၎င်းသည် အလွန်စိတ်ပျက်စရာကောင်းပြီး သူတို့ကို ကူညီပေးနိုင်မည်ဟု သူမမျှော်လင့်နေလေသည်။
“ကျွန်တော် ကျဲရှာတွေ့နိုင်အောင် ဓာတ်မီးကိုသုံးလိုက်မယ်။ ကျဲ ဖုတ်ကောင်ဆီ ပျံသွားလိုက်။ ပြီးရင် သူ့အနောက်ကိုလိုက်ဖို့ ဘယ်လိုပုံဖော်ရမလဲကိုကြိုးစားကြည့်၊ အဆင်ပြေလား ”
“ကိစ္စမရှိဘူး ”
ဝူကျင်း ချက်ချင်းပြန်ဖြေလိုက်၏။
၀ူကျင်းသည် ချက်ခြင်းခုန်လိုက်ပြီး မြို့တံတိုင်းမှ ခုန်ဆင်းသွားလေသည်။ မြေပေါ်သို့ခြေမချမီ သူမ၏ခန္ဓာကိုယ်သည် လုံးဝအက်တမ်မှုန်များဖြစ်သွားပြီး တောက်ပသောဓာတ်မီးရောင်ဖြင့် လင်းထိန်နေသော အနေအထားနားဆီသို့ လွင့်မျောသွားခဲ့လေသည်။
အဆင့်လေးဖုတ်ကောင်သည် မကြာမီတွင် လူသား၏အနံ့ကို အနံ့ခံရခဲ့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ၎င်းသည် သာမာန်ဖုတ်ကောင်များအား ၎င်းတို့၏ချွန်ထက်သောလက်သည်းများနှင့် ကုတ်ခြစ်ရန်လည်း အမိန့်ပေးခဲ့လေသည်။ ကံမကောင်းစွာဖြင့် ဝူကျင်း၏ ခန္ဓာကိုယ်သည် အက်တမ်မှုန်များဖြစ်နေခြင်းကြောင့် လုံး၀မနာကျင်စေနိုင်ပေ။ မည်သို့ပင် ချွန်ထက်သော၎င်းတို့၏လက်သည်းများနှင့်အတူ အစွမ်းထက်သော ဖုတ်ကောင်များဖြစ်နေပါစေ သူမကိုထိရန် နည်းလမ်းမရှိပေ။
ဝူကျင်းသည် အဆင့်လေးဖုတ်ကောင်ကို ရှာတွေ့ပြီးနောက် လေထဲသို့ လွင့်မျောသွားကာ အက်တမ်မှုန်ခန္ဓာကိုယ်ကို ရှည်လျားစေပြီး အားကောင်းသောမြူခိုးများအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းသည် အလွန်ထင်ရှားကာ ဖုတ်ကောင်၏ခေါင်းပေါ်တွင် အမှတ်အသားတစ်ခုကဲ့သို့ပင်။
ဖုတ်ကောင်များသည်လည်း အကျပ်အတည်းကို ခံစားခဲ့ရသည်။ ၎င်းသည် အခြားဖုတ်ကောင်များ၏ အကာအကွယ်အောက်တွင် လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း ဝူကျင်းသည် ဖုတ်ကောင်ထိပ်တည့်တည့်တွင် အမြဲလွင့်မျောပြီးပါနေခဲ့လေသည်။
ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့နှစ်ယောက်စလုံးသည် ဝူကျင်း၏အမှတ်အသားကို မြင်လိုက်ကြပြီး အဆင့် လေး ဖုတ်ကောင်ရှိရာဆီသို့ ပြေးလွှားသွားကြလေသည်။
ကျန့်ယွင် ရွေ့လျားလာသည့်အချိန်တွင် ဆွဲငင်အားအကွာအဝေးကို သူနှင့်အတူ ရွှေ့လျားတည်ဆောက်ပြီး ဘူဒိုဇာကြီးတစ်ခုကဲ့သို့ပင် သူ့လမ်းတလျှောက်ရှိ ဖုတ်ကောင်များအားလုံးကို အသားအနှစ်များအဖြစ်သို့ ကြိတ်ချေလိုက်လေသည်။
စုရွေ့ကျယ်သည် ခြွင်းချက်မရှိ။ သူပြေးလာနေရင်း ဖရုံသီးမီးတောက်သေနတ်များဖြင့် ဖုတ်ကောင်များကို ဆက်လက်မီးလောင်နေစေပြီး သူ့ပတ်ပတ်လည်သို့ ချယ်ရီဗုံးများ ပစ်ပေါက်နေလေသည်။ ဖုတ်ကောင်ပမာဏအများအပြားသည် တစ်ကောင်ပြီးတစ်ကောင်လဲကျသွားကုန်ကြလေသည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် အဆင့် လေးဖုတ်ကောင်ထံ နီးကပ်လာခဲ့ပြီးနောက် နောက်ဆုံး၌ အဆင့်လေးဖုတ်ကောင်သည် ပြေးနေခြင်းကိုရပ်တန့်လိုက်လေ၏။ ၎င်းသည် အရသာရှိသောအနံ့ကိုရရှိနေပြီး ၎င်း၏ဗီဇသည် သူတို့ကိုစားပြီးနောက် ၎င်း ပိုမိုအားကောင်းလာလိမ့်မည်ဟု ပြောနေလေသည်။
“ဂရား”
ထိုဖုတ်ကောင်သည် ဆူညံသောအော်ဟောက်သံကို ထုတ်ပေးလာ၏၊ သို့သော် သာမန်ဖုတ်ကောင်၏ အော်ဟောက်သံနှင့် ကွာခြားပြီး နားထောင်ရပိုခက်ခဲကာ၊ ဤဖုတ်ကောင်၏ အော်ဟောက်သံသည် အလွန်စူးရှပြီး ပို၍ပင် နားထောင်ရအလွန်ခက်သည်ဟုတောင် ဆိုနိုင်လေသည်။
၎င်း၏ အနီးတစ်ဝိုက်ရှိ ဖုတ်ကောင်အများအပြားသည် ၎င်း၏စူးရှသောအော်ဟောက်သံကြောင့် နှိုးဆွခံရပုံရပြီး အားလုံးသည် အလွန်စိတ်လှုပ်ရှားလာကြကာ ၎င်းတို့အားလုံး၏ပါးစပ်များမှ စူးရှဆူညံသော အော်ဟောက်သံတစ်ခုထွက်ပေါ်လာလေပြီး မျက်လုံးများသည် တောက်ပသောအနီရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏၊ အနီရောင်အလင်းသည် ဖုတ်ကောင်၏ခေါင်းကိုဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားခဲ့လေသည်။
“သတိထား ”
ပြင်းထန်သော စွမ်းအင်အတက်အကျကြောင့် စုရွေ့ကျယ်သည် ပြင်းထန်သောအကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။ အမြန်ဆုံးအရှိန်ဖြင့် သူသည် သူနှင့်ကျန့်ယွင်တို့ကို ပိတ်ဆို့ရန်အတွက် အခွံမာသီးနှစ်လုံးကို ဖောက်ခွဲမှုဒဏ်ခံနိုင်သော ဒိုင်းကာများကို ပြုလုပ်လိုက်သည်။
နောက်အခိုက်အတန့်တွင် အနီရောင်အလင်းဖြင့် ဖုံးအုပ်ထားခြင်းခံရသော ဖုတ်ကောင်များသည် ထိုအတိုင်းပင် ပေါက်ကွဲသွားလေသည်။
ပေါက်ကွဲမှုကြောင့် ဝူကျင်း၏ အက်တမ်အမှုန်ခန္ဓာကိုယ်ကို လေထဲတွင်ပြိုကွဲသွားစေရန် တွန်းအားပေးခဲ့ပြီး ၎င်းသည် အလွန်နာကျင်နိုင်သော်လည်း သူမကိုနာကျင်အောင်တော့ မလုပ်နိုင်ပေ။
သို့သော်လည်း ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ၎င်းကိုရင်ဆိုင်ခဲ့ရပြီး ကံသိပ်မကောင်းခဲ့ကြချေ။ သူတို့သည် ပေါက်ကွဲမှုကြောင့် အဝေးသို့လွင့်ထွက်သွားရုံသာမက သူတို့၏ပေါက်ကွဲမှုအကာအရံဒိုင်းကာများလည်း ကွဲအက်သွားလေသည်။ ဖုတ်ကောင်အများအပြားကိုလည်း သက်ရောက်စေခဲ့ပြီး အားလုံးကြေမွသွားခဲ့ကြသည်။ မြေကြီးပေါ်တွင် အပေါက်ကြီးတစ်ပေါက်သာ ကျန်ရှိခဲ့၏။ ထိုဖုတ်ကောင်များ၏ ပေါက်ကွဲခြင်းစွမ်းအားသည် အစွမ်းထက်ကြောင်း တွေ့မြင်နိုင်လေသည်။
စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့သည် သူတို့၏ရင်ဘတ်တွင် နာကျင်မှုကို ခံစားခဲ့ကြရပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ကြလေသည်။ သူတို့သည် ထိုဖုတ်ကောင်များ၏ မိမိကိုယ်ကိုဖောက်ခွဲခြင်းသည် သာမန်မဟုတ်ကြောင်း ချက်ချင်း သတိပြုမိလိုက်ကြသည်။
၎င်းသည် အဆင့်လေးဖုတ်ကောင်များ၏ အော်သံကြောင့် ၎င်းတို့၏ခေါင်းထဲရှိ အမြုတေပေါက်ကွဲခြင်း ဖြစ်သင့်သည်။ အမြုတေစွမ်းအင်ကို အသုံးပြုခြင်းဖြင့် ထွက်ပေါ်လာသော ပေါက်ကွဲမှုသည် အလွန်အားကြီး၏။ စုရွေ့ကျယ်သာ ပေါက်ကွဲဒဏ်ခံနိုင်သောဒိုင်းကာကို အချိန်မီ မထုတ်နိုင်ခဲ့ပါက ထိုဖုတ်ကောင်များကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ လွင့်စင်ပေါက်ကွဲသွားမည်ကို စိုးရိမ်မိ၏။
“ကျန့်ကော၊ ရှောင်ကျယ် ”
လူနှစ်ယောက် သွေးများအန်နေသည်ကို တွေ့လိုက်ရပြီး တံတိုင်းပေါ်ရှိ သူတို့အဖွဲ့သားအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျန်းရှို့လျန်သည် နောက်ထပ်တွေးမနေနိုင်တော့ဘဲ သူသည် ရိုးရိုးရှင်းရှင်းပင် စွမ်းရည်ဆေးကို ထုတ်ယူသောက်လိုက်ပြီး သူ့စွမ်းအားကို ရုတ်တရက်မြှင့်တင်ပေးလိုက်၏။ သူ့ခန္ဓာကိုယ်ကို ကျောက်ခဲအလွှာတစ်ခုနှင့် ဖုံးအုပ်ထားလိုက်လေသည်။ သူသည် တံတိုင်းပေါ်မှခုန်ဆင်းသွားကာ သူတို့ဆီသို့ လျှောက်သွားလေသည်။
ချန်းချီနှင့်ချန်းကျောင်းတို့သည် လမ်းစဉ်ကိုလိုက်ပြီး စွမ်းရည်ဆေးကို သောက်လိုက်ကြပြီးနောက် ခုန်ဆင်းသွားကြကာ သူတို့၏တစ်ကိုယ်လုံးကို ဖုံးအုပ်ထားရန် သူတို့၏စွမ်းရည်ကို အသုံးပြုလိုက်ကြသည်။ လူတိုင်းသည် လေဆင်နှာမောင်းတစ်ခုနှင့် လျင်မြန်စွာရွေ့လျားနေသော မိုးကြိုးဘောလုံးတစ်ခုကိုသာ မြင်နိုင်ကြလေသည်။
စုန့်ချန်ရှုနှင့်ကျန့်ကျားဟယ်တို့သည် နောက်ကွယ်တွင် ကျန်နေခဲ့ရန် ဆန္ဒမရှိကြချေ။ သူတို့သည် စွမ်းရည်ဆေးသောက်လိုက်ကြပြီး သူတို့နောက်သို့လိုက်သွားလေ၏။ စုန့်ချန်ရှု၏ တစ်ကိုယ်လုံးကို ရေခဲအလွှာဖြင့် ဖုံးအုပ်ကာ သူ့ကိုယ်သူထုပ်ပိုးထားလေသည်။
ကျန့်ကျားဟယ်သည် ယခုအချိန်တွင် ခွန်အားအမျိုးအစားစွမ်းအားရှင်တစ်ယောက်သာဖြစ်နေသော်လည်း သူသည် ဤအချိန်တွင် အလွန်အစွမ်းထက်လေ၏။ သူသည် ဂျင်းနှစ်ရာသုံးရာအလေးချိန်ရှိသော စတုဂံပုံကျောက်တုံးတစ်တုံးကို တံတိုင်းမှခွဲထုတ်ယူလိုက်ကာ ကျားတစ်ကောင်၏ဟောက်သံကဲ့သို့ ဝှေ့ယမ်းလိုက်ပြီး လေတိုးကာ ချဉ်းကပ်လာလိုသော ဖုတ်ကောင်အားလုံးကို အသားအနှစ်များအဖြစ်သို့ ရိုက်နှက်ပစ်ခဲ့လေသည်။
【ETN: သေစမ်း တစ်ဖွဲ့လုံးပဲဟေ့ XD】
ကျန့်ယွင်၏အဖွဲ့သားများသည် တံတိုင်းပေါ်မှတစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြသောအခါ အနောက်မြောက်အခြေစိုက်စခန်းမှလူများသည် အလွန်အံ့သြသွားကြလေ၏။ သို့သော်လည်း သူတို့၏စွမ်းအားများ အပြည့်အ၀အသက်ဝင်လာသည်ကိုတွေ့လိုက်ရသောအခါတွင်မူ သူတို့သည် ပိုအံ့သြသွားဖို့တောင် မတတ်နိုင်ကြတော့ချေ။
ဒီလူတွေက... လူသားတွေကောဟုတ်ရဲ့လား။
“ဂရား”
အဆင့်လေး ဖုတ်ကောင်သည် ဆက်လက်အော်ဟစ်နေပြီး စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့ဆီသို့ လျှောက်လာနေကြသော အချို့ဖုတ်ကောင်များသည် အနီရောင်အလင်းတန်းများ တောက်ပနေသည့် မျက်လုံးများရှိကြလေသည်။
စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့သည် အမြုတေ ပေါက်ကွဲမှုကြောင့် ထွက်လာသော စွမ်းအင်လှိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြ၏။ သူတို့ အချိန်တစ်ခဏတာမျှ မလှုပ်ရှားနိုင်ကြချေ။ ဖုတ်ကောင်များ ထပ်မံပေါက်ကွဲတော့မည်ကို မြင်လိုက်ရပြီး စုရွေ့ကျယ်သည် အခွံမာသီး ပေါက်ဒဏ်ခံကွဲဒိုင်းကာနှစ်ခုကို ထပ်မံပြုလုပ်လိုသော်လည်း သူ မူးနောက်နောက်ခံစားနေရပြီး သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ဝေးကွာနေသည့်ခံစားချက်တစ်ခု ဖုံးလွှမ်းနေလေ၏။ ၎င်းသည် စွမ်းရည်ဆေး၏ နောက်ဆက်တွဲ အားနည်းချက်ဖြစ်သည်မှာ သိသာလေ၏။
အချိန်ပြည့်နေပြီ။
ကျန့်ယွင်သည် စုရွေ့ကျယ်ထက်စောပြီး ဆေးကိုသောက်ခဲ့ကာ သူသည်လည်း ခွန်အားလုံး၀ပြတ်နေလေ၏။ အနီရောင်အလင်းတန်းများပြည့်နေသောမျက်လုံးများနှင့် ဖုတ်ကောင်များ သူတို့ဆီသို့ရောက်လာသည်ကိုမြင်လိုက်ရပြီး စုရွေ့ကျယ်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး စုရွေ့ကျယ်သည် သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ အချိန်မရွေး လွတ်မြောက်ရန် နေရာလွတ်အားအသုံးပြုရန်အသင့်ဖြစ်နေပြီဖြစ်လေ၏။
အသက်ဆုံးရှုံးတာထက် နေရာလွတ်ကို ဖော်ထုတ်သည်က ပိုကောင်းလေ၏။
သို့သော် မမျှော်လင့်ဘဲ ထူထဲသောတံတိုင်းကြီးသည် မြေပြင်မှ ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့ရှေ့တွင်ရပ်နေကာ သူတို့ပတ်လည်တွင် ရေကန့်လန့်ကာတစ်ခု ရစ်ပတ်ထားလေသည်။
ပေါက်ကွဲမှုကြောင့် မြေတံတိုင်းကြီးသည် အပိုင်းပိုင်းကွဲသွားကာ ကျန့်ယွင်နှင့်စုရွေ့ကျယ် တို့သည် ကျောက်တုံးအပျက်အစီးများဖြင့် ဖုံးလွှမ်းထားပြီး မျှော်လင့်ထားသည့် ထိခိုက်ပျက်စီးမှုမရှိခဲ့ချေ။ ထို့အပြင် ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများကို ထိန်းထားရန် ထိုရေကန့်လန့်ကာ ရှိနေခဲ့သည်။
သူတို့ မော့ကြည့်လိုက်ပြီး သူတို့၏အဖွဲ့သားများ ရောက်လာသည်ကို တွေ့လိုက်ကြရ၏။
“ကျန့်ကော၊ ရှောင်ကျယ်၊ မင်းတို့ နေကြာပန်းမီးအိမ်နဲ့ ကုသသင့်တယ်၊ ပြီးတော့ ဒါကို ငါတို့ကို ထားခဲ့လိုက်”
ကျန့်ကျားဟယ်သည် ပြုံးပြီး ပြောလိုက်၏။
သူတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြ၏။ ကျန့်ယွင်သည် အသံနက်နက်ဖြင့် သတိပေးလာသည်။
“သူ့ရဲ့အော်သံကို သတိထားကြ။ အဲဒါက အဆင့်နိမ့်ဖုတ်ကောင်တွေရဲ့ခေါင်းထဲက အမြုတေကို ပေါက်ကွဲအောင် လှုံ့ဆော်ပေးနိုင်တယ်။ ပေါက်ကွဲမသွားခင် သူတို့ကို သတ်ပစ်ရမယ် ”
သူ့လေ့လာတွေ့ရှိချက်အရ အဆင့်လေးဖုတ်ကောင်၏စွမ်းရည်မှာ အကန့်အသတ်ဖြင့်ဖြစ်၏။ တစ်ကြိမ်လျှင် ဖုတ်ကောင်သုံးကောင်မှ လေးကောင်သာ ပေါက်ကွဲနိုင်၏။ ၎င်း၏ခန္ဓာကိုယ်သည် အလွန်နုနယ်ပြီး ထိုဖုတ်ကောင်များကို ထိန်းချုပ်ရန် အသံကိုသာ အားကိုးနိုင်သည်။ ၎င်းကဲ့သို့ပင် ဖုတ်ကောင်များအားလုံး စွဲဆောင်ခံရသည်။ တစ်ကြိမ် တက်ကြွလှုပ်ရှားပြီးသည်နှင့် ပေါက်ကွဲသွားမည်ဖြစ်သည်။
အဆင့်ငါးသို့ အဆင့်မြှင့်သွားသည့်အချိန်တွင် ဤဖုတ်ကောင်သည် အခြေစိုက်စခန်းတစ်ခုလုံးကို တစ်ကြိမ်တည်းနှင့် ဖျက်ဆီးနိုင်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းသည် ၎င်းတို့ကိုယ်ပိုင်လုပ်ဆောင်နိုင်သည့် ထောင်သောင်းချီသော ဗုံးများဖြင့် လူသားများကို တိုက်ခိုက်နေပုံရသည်။
၎င်းတို့ မပေါက်ကွဲမီ ဖုတ်ကောင်များကို သတ်ခြင်းသည် ၎င်းတို့ကိုရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။
“ကောင်းပြီ၊ ကိစ္စမရှိဘူး”
ကျန်းရှို့လျန်သည် မြေကြီးနှင့်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် အမိုးအကာတစ်ခုကို တည်ဆောက်လိုက်ပြီး ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို ဖုံးအာပ်လိုက်ပြီး ၎င်းသည်သူတို့ကိုကာကွယ်ရုံသာမက အနောက်မြောက်အခြေစိုက်စခန်းရှိ လူများ၏အမြင်အာရုံကိုပါ တားဆီးကာကွယ်ပေးထားလေသည်။
“ဟမ်၊ မင်းက အော်ဟစ်နေတဲ့ အရူးတစ်ယောက်ပဲ၊ ငါ မင်းကို အော်မရအောင် တားဆီးလိုက်မယ်ကွ ”
စုန့်ချန်ရှု နှင့်ကျန့်ကျားဟယ်သည် အဆင့် လေးဖုတ်ကောင်ကို အတူတကွတိုက်ခိုက်လိုက်ကြပြီး ဖုတ်ကောင်အား စူးစူးဝါးဝါးအော်ဟစ်ကာ ထွက်ပြေးသွားစေခဲ့သည်။
သို့သော် နီရဲနေသောမျက်လုံးများနှင့် ဖုတ်ကောင်များရှိနေသရွေ့ ချန်းချီနှင့် ချန်းကျောင်းတို့သည် ၎င်းတို့ကို လျှပ်စစ်မြှားနှင့် လေဓါးနှင့်အတူ ချက်ချင်းသတ်ပစ်လိမ့်မည်ဖြစ်သည်။ ထိုဖုတ်ကောင်များ အဆုံးမသတ်ခင်မှာပင် ပေါက်ကွဲဖို့အချိန်မရှိတော့ပါချေ။
စတုတ္ထအဆင့် ဖုတ်ကောင်သည် နောက်ဆုံးတွင် ကြောက်ရွံ့မှုခံစားရပြီး ၎င်း၏အသံကို ချက်ချင်းပြောင်းလိုက်လေသည်။ ဖုတ်ကောင်များအားလုံးသည် ဒီရေကဲ့သို့ လူအနည်းငယ်၏ဦးတည်ရာဘက်သို့ လှည့်သွားကြကာ သေးငယ်သော စတုတ္ထအဆင့်ဖုတ်ကောင်သည် အခွင့်အရေးကို ရယူခဲ့လေ၏။ ၎င်းသည် ဖုတ်ကောင်များ၏ဒီရေလုံးထဲသို့ ဝင်ရောက်သွားခဲ့ပြီး ၎င်း၏တည်နေရာကို ရှာဖွေရန် ခက်ခဲစေရန်ဖြစ်သည်။