အခန်း(၉၂)
Viewers 12k

အခန်း(၉၂)《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク



ကျန်းယောင်ဟွားသည် သူ့စစ်သားများကို ကျန့်ယွင်တို့အဖွဲ့အတွက် သူတို့အလွယ်တကူ အနားယူနိုင်စေဖို့အတွက် ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသော အခန်းတစ်ခုကို ပြင်ဆင်ရန်ပြောလိုက်ပြီး သူတို့အတွက် အထူးဆေးတပ်ဖွဲ့ကို စေလွှတ်လိုက်လေသည်။


ထို့အပြင် ကျန်းယောင်ဟွားသည် မြို့တော်အပြင်ဘက်ရှိ ဖုတ်ကောင်များ၏အမြုတေများကို စုဆောင်းရန်အတွက်လည်း လူများကို စီစဉ်ပေးခဲ့သည်။ သောင်းနှင့်ချီသော အမြုတေများကို အနောက်ဘက်တွင် စွန့်ပစ်ထားခဲ့ကြ၏။ ယခင်က ၎င်းတို့ကို မည်သူမျှ စိတ်မဝင်စားခဲ့ကြသော်လည်း ယခုအခါ လူတိုင်းလိုအပ်နေသော ရတနာဖြစ်လာခဲ့သည်။


လူတော်တော်များများသည် အမြုတေတချို့ကို ကောက်ယူဖို့ မြို့ပြင်ကို ထွက်သွားကြချင်သော်လည်း ကျန်းယောင်ဟွားသည် စစ်သားအမြောက်အမြားနှင့်ဂိတ်ပေါက်၀ကို စောင့်ကြပ်နေပြီး စစ်သားများမှလွဲ၍ မည်သူမှ မြို့ထဲသို့၀င်ထွက်ခွင့်မပေးခဲ့ချေ။ ထောင်နှင့်ချီသည့် စစ်သားများသည် အမြုတေအားလုံးကိုစုဆောင်းရန် သုံးနာရီကြာခဲ့လေသည်။


ကျန်းယာင်ဟွားသည် အမြုတေများကို ထက်ဝက်ကို ခွဲခြမ်းပြီး တစ်၀က်ကို ကျန့်ယွင်အား ပေးဖို့ ရန်ရည်ရွယ်ထားသည်။ အဆုံးမှာတော့ ကျန့်ယွင်၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့အနေဖြင့် အဆင့်လေးဖုတ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ချေ။ ကျန်တစ်ဝက်ကိုတော့ အခြေစိုက်စခန်းကို ခုခံကာကွယ်ရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်များနှင့် စစ်သားများအားလုံးကို ဝေငှပေးမည်ဖြစ်သည်။ အဆုံးမှာတော့ သူတို့သည်လည်း ဤတိုက်ပွဲတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြလေသည်။


အဆင့်လေးဖုတ်ကောင်၏ အမြုတေကိုမူ ကျန်းယောင်ဟွားသည် သိမ်းခဲ့ပြီး ကျန့်ယွင်အားပေးရန်အတွက် ပြင်ဆင်ထားသည်။ သူတို့သည် ဖုတ်ကောင်ကိုသတ်ခဲ့ပြီး အမြုတေသည် သူတို့နှင့်သက်ဆိုင်လေ၏။ 


“အကြီးအကဲ၊ သူတို့အတွက် ဒီအမြုတေကို တကယ် ပေးချင်တာလား”


ကျန်းယောင်ဟွား၏ လက်ထောက်သည် အသံတိုးတိုးဖြင့် သူ့ဒုဗိုလ်မှူးအား ပြောလိုက်သည်။


“စုဆောင်းထားတဲ့ အမြုတေတစ်ဝက်ကို သူတို့ကိုပေးလိုက်ပြီးပြီ။ ဒီတစ်ခုကို မပေးဘူးဆိုရင်တော့ ဒါက သိပ်အဆင်မပြေဘူးလား။ ဒီအမြုတေက အဆင့်လေး ဖုတ်ကောင်ရဲ့ အမြုတေလေ။ လီယွင်က အဆင့်သုံးကို ရောက်ပြီးနေပြီ။ ကျွန်တော်တို့ အခြေစိုက်စခန်းရဲ့ တိုက်ခိုက်ရေးထိရောက်မှုကို မြှင့်တင်ဖို့အတွက် ဒီအမြုတေကို သူအဆင့်မြှင့်တင်ဖို့အတွက် သိမ်းထားပါလား ”


“မင်းဘာတွေပြောနေတာလဲ ”


ကျန်းယောင်ဟွားသည် သူ့တပ်သားကို အေးစက်စွာကြည့်လိုက်ရင်း “သူတို့က ငါတို့ရဲ့ ကြီးမြတ်တဲ့ ကျေးဇူးရှင်တွေပဲ။ တကယ်လို့ သူတို့သာဒီမှာမရှိရင် အခုငါတို့အတွက် ဘာတွေဖြစ်သွားမယ်လို့ မင်းထင်လဲ။ ဒီဖုတ်ကောင်ကို သူတို့မပါဘဲ ဒီမှာ ဘယ်သူက သတ်နိုင်မှာလဲ။ လီယွင်က အဲ့ဒါကို လုပ်နိုင်မှာလား ”


ကျန်းယောင်ဟွားထံမှ မေးခွန်းများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် လက်ထောက်သည် ပျာယာခတ်သွားလေ၏။ သူသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားလေသည်။ နောက်တစ်ကြိမ်ဖုတ်ကောင်ဒီရေကို ရင်ဆိုင်ရန် သူ့အခြေစိုက်စခန်းကို ချဲ့ထွင်ရန်စဉ်းစားခဲ့သော်လည်း ကျန့်ယွင်နှင့် သူ့အဖွဲ့ဒီမှာ မရှိနေခဲ့ပါက အနောက်မြောက်အခြေစိုက်စခန်းတည်ရှိမှု ရပ်တန့်သွားလိမ့်မည်ကို သူ့မေ့ထားမိခဲ့သည်။


ကျန်းယောင်ဟွားသည် သူ့လက်ထောက်ကို မနှိမ့်ချတော့ဘဲ ကျန့်ယွင်နှင့်သူ့ချစ်သူရှိသည့် အိမ်ဆီ သို့ လမ်းလျှောက်သွားခဲ့လေသည်။


“သူတို့ ဘယ်လိုနေလဲ။ သူတို့အားလုံး နေကောင်းကြရဲ့လား ”


ကျန်းယောင်ဟွားဟည် ဆေးတပ်ဖွဲ့ခေါင်းဆောင်ကို မေးလိုက်သည်။


ဆေးတပ်ဖွဲ့ခေါင်းဆောင်သည် သူ့အား အလွန်ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြပြီး အထဲသို့ဝင်သွားရန် အခန်းဆီသို့ ညွှန်ပြလိုက်ပြီး ထွက်သွားခဲ့လေသည်။


ကျန်းယောင်ဟွားသည် အခန်းထဲသို့ ၀င်သွားခဲ့ပြီး မှင်တက်သွားပြီး မမျှော်လင့်ထားသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။


လဲလျောင်းပြီး အနားယူနေသင့်သည်ဟု သူတို့ထင်ခဲ့ကြသည့် လူအားလုံးသည် တက်ကြွစွာ ထိုင်နေကြပြီး အနောက်မြောက်အခြေစိုက်စခန်းမှ သူတို့အတွက် ပြင်ဆင်ပေးထားသည့် အစားအစာများကို လောဘတကြီးစားသောက်နေကြဆဲဖြစ်လေ၏။


“မင်းတို့ အဆင်ပြေရဲ့လား..”


ကျန်းယောင်ဟွား အံ့သြစွာမေးလိုက်၏။


ဒီလူတွေတွေက လူသားတွေပဲ မဟုတ်ဘူးလား။ သူတို့အားလုံးကို မတိုင်ခင်က ပြန်သယ်လာခဲ့ကြရ၏။ သုံးနာရီကြာလေးပဲ ကြာပြီးသည့်နောက် ဘယ်လိုတောင် အရမ်းတက်ကြွလာနိုင်ကြတာလဲ။


“မင်္ဂလာပါ ဗိုလ်မှူးကျန်း။ ကိုယ့်ကိုကိုယ် သေသေချာချာ မ မိတ်ဆက်ရသေးခင် အရမ်းအလျင်စလိုဖြစ်နေခဲ့တယ်။ ကျွန်တော့်နာမည်က ကျန့်ယွင်ပါ။ ကျွန်တော်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပါပဲ”


ကျန့်ယွင်သည် ပြုံးကာထိုင်နေပြီး သူ့အဖွဲ့သားများကို ကျန်းယောင်ဟွားနှင့် မိတ်ဆက်ပေးပြီး မတိုင်ခင်က ပြိုလဲသွားရသည့် အခြေအနေသည် မည်သို့ဖြစ်ရသည်ဆိုသည့် အကြောင်းရင်းကို ရှင်းပြလိုက်၏။ တကယ်တမ်း သူတို့ ဒဏ်ရာ တစ်စုံတစ်ရာမရရှိခဲ့ပေ။ သူတို့ လဲကျသွားသွားရခြင်းမှာ စွမ်းရည်မြှင့်ဆေးသောက်ခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်ကြောင့်ဖြစ်လေသည်။


စွမ်းရည်မြှင့်ဆေး နှစ်ပုလင်းဆက်တိုက်သောက်ခဲ့ခြင်းကြောင့် သတိမေ့မြောနေဆဲ စုရွေ့ကျယ်မှလွဲ၍ ကျန်သူများမှာ အခြေခံအားဖြင့် ပြန်လည်ကောင်းမွန်လာကြပြီဖြစ်သည်။


“ခေါင်းဆောင်ကျန့်၊ ငါတို့အနောက်မြောက် အခြေစိုက်စခန်းက ဒီအကျပ်အတည်းကို ဒီအချိန်မှာ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ဒီအမြုတေတွေကို လက်ခံပါ”


ကျန်းယောင်ဟွားသည် အမြုတေများနှင့် ပြည့်နေသော အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ၎င်းတို့အနက်အများစုမှာ ကြည်လင်ပြီး အချို့မှာ အနီရောင်ရောစပ်နေကြသည်။ ၎င်းတို့အထဲတွင် မက်မွန်သီအနီရောင်အမြုတေသည် အထင်ရှားဆုံးဖြစ်သည်။


“ဒါက အဆင့်လေးဖုတ်ကောင်ရဲ့ အမြုတေလား ”


ကျန့်ယွင်သည် မက်မွန်သီးအနီရောင်အမြုတေကို သူ့လက်ထဲတွင် ကိုင်လိုက်သည်။


“ဟုတ်တယ်။ ဒီဖုတ်ကောင်ကိုချေမှုန်းဖို့ မင်းတို့သာအတူတူ မလုပ်ဆောင်ရင် ငါတို့အနောက်မြောက်အခြေစိုက်စခန်း ပျက်ဆီးသွားမှာကို ငါကြောက်မိတယ်”


ထိုအချိန်တွင် ဖုတ်ကောင်အားလုံးသည် အနီရောင်အလင်းဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ သူတို့ရှေ့တွင် ပြင်းထန်သောပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာတော့မည့်အချိန်တွင် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် အန္တရာယ်ရှိသောမီးတောက်ကို ချက်ချင်းငြိမ်းသတ်လိုက်ကြသည်။


သဘာဝအားဖြင့် ဤအဆင့်လေးအမြုတေသည် သူတို့ပိုင်လေသည်။


ကျန့်ယွင်သည် ကျန်းယောင်ဟွား၏ ရှေ့တက်လှမ်းလာခြင်းအတွက် အလွန်ကျေနပ်အားရနေသည်မှာ သိသာ၏။ သူသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး အမြုတေကို ယူလိုက်လေသည်။ ဤတစ်ကြိမ်တွင် သူတို့ အနောက်မြောက်အခြေစိုက်စခန်းသို့ ရောက်ရှိလာကြခြင်းသည် ယခင်ဘဝ၏အဖြစ်ဆိုးကို တားဆီးရန်ဖြစ်သည်သာမက ဤအမြုတေအတွက်လည်းဖြစ်သည်။ စုရွေ့ကျယ်သည် အဆင့်သုံး မှ အဆင့်လေးသို့ အဆင့်မြှင့်တင်ခြင်း၏ တစ်ဆို့နေသောကာလတွင် အချိန်အတော်ကြာပြီဖြစ်၏။ ဤစတုတ္ထအဆင့် အမြုတေသည် သူတို့အတွက် မရှိမဖြစ် လိုအပ်သည်။


“မင်းမှာ ဒီစွမ်းရည်မြှင့်ဆေးနဲ့ ဖြေဆေး ရှိသေးလားလို့ ငါသိချင်နေတယ် ”


ကျန့်ယွင် ပြုံးပြီး အမြုတေအူတိုင်ကို လက်ခံလိုက်သည်ကိုကြည့်ပြီး ကျန်းယောင်ဟွားသည် ရှက်ကိုးရှက်ကန်းဖြစ်စွာနှင့် သူ့အား မေးလိုက်၏။


တောင်ပိုင်းအခြေစိုက်စခန်းသည် ယခုအခါ တရုတ်နိုင်ငံ၏ အင်အားအကြီးဆုံး အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး သူတို့သည် စွမ်းရည်မြှင့်ဆေးနှင့် ဖြေဆေးအပြင် လက်နက်အသစ်များကို တီထွင်နိုင်ခဲ့ကြောင်း သူကြားသိခဲ့ရပြီး သူ့အဖွဲ့အား အကူအညီတောင်းရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဆေး၏ တိကျသောအခန်းကဏ္ဍကိုအလွန်ရှင်းလင်းစွာ သူမသိခဲ့ရပေ။ ယခု သူသည် ဆေး၏အစွမ်းကို မြင်လိုက်ရပြီး ၎င်းကြောင့် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။


“ဒါပေါ့၊ ကျွန်တော်တို့မှာ စွမ်းရည်မြှင့်ဆေး 20 နဲ့ ဖြေဆေး 40 ရှိတယ်”


“ငါသိချင်တာက.....မင်း အဲ့ဒါတွေကို ငါတို့ကို ရောင်းပေးလို့ရနိုင်မလား ”


“ဟုတ်ကဲ့”


ကျန့်ယွင်သည် ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်၏။ ဤတစ်ကြိမ်တွင် သူတို့သည် အဆင့်လေး ဖုတ်ကောင်အတွက်ရောက်လာခဲ့ကြသည်။ ယခု ဒီကိစ္စ ပြေလည်သွားပြီးဖြစ်ကာ သူတို့ပြန်သွားသင့်ပြီဖြစ်၏။ ကျန်နေသေးသည့် စွမ်းရည်ဆေးနှင့်ဖြေဆေးများကို သုံးကြတော့မည်မဟုတ်ချေ။ ပုံမှန်အတိုင်း ကျန်းယောင်းဟွားထံ ရောင်းပေးလို့ရလေသည်။


ကျန်းယောင်ဟွား၏ မျက်နှာသည် ရွှင်မြူး တောက်ပသွားပြီး “မင်း ငါ့ဆီက ဘာနဲ့များ လဲလှယ်ချင်လဲ ”


ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျန့်ယွင်သည် ပြောလိုက်၏။


“ဒီ စွမ်းရည်‌ဆေး နှစ်ဆယ်ကို အဆင့်သုံး အမြုတေသုံးခု နဲ့ ဖြေဆေးလေးဆယ်ကို အဆင့်နှစ်အမြုတေ ငါးခုနဲ့ လဲလှယ်ဖို့ ခင်‌ဗျားဘယ်လိုထင်လဲ ”


“ဟုတ်ပြီ၊ ဟုတ်ပြီ ”


အဆင့်သုံးအမြုတေသုံးခုနှင့် အဆင့်နှစ်အမြုတေ ငါးခုကို အနောက်မြောက်အခြေစိုက်စခန်းတွင် ရရှိနိုင်သေးသည်။ ဤစွမ်းရည်ဆေးနှင့်ဖြေဆေးသည် သူတို့၏အခြေစိုက်စခန်းအတွက် အလွန်အသုံးဝင်ပေသည်။


နှစ်ဦးနှစ်ဖက် မကြာမီပင် သဘောတူညီမှု ရရှိခဲ့ကြသည်။ ကျန်းယောင်ဟွားသည် ဆေးရရှိပြီးနောက် ဝမ်းသာအားရထွက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကျန့်ယွင်၏အခန်းသို့ မီးသွေးထပ်ယူလာပေးရန် သူ့လက်အောက်ရှိလူများကိုပြောရန် မမေ့ခဲ့ချေ။


ထမင်းစားသောက်ကြပြီးနောက် နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာရှိသောစောင်ကို ခြုံပြီး ကျန့်ယွင်နှင့်သူ့အဖွဲ့သည် နောက်ဆုံး၌ ကောင်းကောင်းအိပ်ပျော်သွားခဲ့ကြသည်။


စုရွေ့ကျယ်သည် နောက်တစ်နေ့နေ့လယ်တွင် နိုးလာခဲ့သည်။ သူနိုးလာပြီးနောက် သူ့ရင်ဘတ်များနှင့် သူ့ခန္ဓကိုယ်တွင် အဆက်မပြတ်နာကျင်မှုကို ရုတ်တရက်ခံစားရလိုက်ရ၏။ သူ မာရသွန်ပြိုင်ပွဲ ပြီးသွားခဲ့သလိုပင်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် သူ့လျှို့ဝှက်လက်နက် နေကြာပန်းမီးအိမ်ရှိ၏။ ၎င်းကို ခဏမျှအပြင်ယူထုတ်ပြီးနောက် သူ မြန်မြန်ပြန်ကောင်းလာခဲ့လေသည်။


သူနိုးလာသည်ကိုမြင်လိုက်ရသည်နှင့် ကျန့်ယွင်သည် လူတချို့ကို အစားအစာယူလာပေးရန် ချက်ချင်း ပြောလိုက်၏။ ကျန်းယောင်ဟွားသည် လူများကို သူတို့အခန်းများ၏အပြင်ဘက်တွင် စောင့်ဆိုင်းပြီး အနောက်မြောက်အခြေစိုက်စခန်းမှ အထူးခြားဆုံးဧည့်သည်များအဖြစ် ဧည့်ခံရန် အထူးစီစဉ်ပေးထားခဲ့သည်။


ခေါက်ဆွဲပူပူနွေးနွေးနှင့် စွပ်ပြုတ်များကို အလျင်အမြန် ပို့လာပေးလေ၏။ တနေကုန် ဗိုက်ဆာနေသောစုရွေ့ကျယ်သည် စားသောက်ရန် အလွန်ပျော်ရွှင်နေလေသည်။


ကျန့်ယွင်သည် သူ့အား အဆင့်လေးအမြုတေကို ပေးလိုက်ပြီး သူမူးလဲပြီးနောက် ဘာဖြစ်သွားခဲ့သည်ကို ပြောပြခဲ့သည်။


စုရွေ့ကျယ်သည် ဤခဲခဲယဉ်းယဉ်း ရရှိထားသော အဆင့်လေးအမြုတေအား ကိုင်ထားပြီး သံပူနေချိန်တွင် ရိုက်ရန် ဆုံးဖြတ်လိုက်ကာ သူ့စွမ်းရည်ကို အဆင့်လေး သို့ ချက်ချင်း အဆင့်မြှင့်လိုက်လေသည်။


ကျန့်ယွင်သည် လုံးဝမကန့်ကွက်ခဲ့ချေ။ ယခုအချိန်တွင် ဖုတ်ကောင်များမြို့ကိုဝိုင်းထားသည့် အကျပ်အတည်းကို ရုတ်သိမ်းလိုက်ပြီးဖြစ်ကာ ဤနေရာတွင် အဆင့်မြှင့်တင်ရန် အလွန်ဘေးကသ်လုံခြုံလေ၏။ စုရွေ့ကျယ်သည် သူညှစ်ထားသည့် အသီးအရွက်ဖျော်ရည်များကို နေရာလွတ်ထဲမှထုတ်ယူလိုက်ပြီး ကျန့်ယွင်ကို ပေးလိုက်၏။


ထို့နောက် အသက်ပြင်းပြင်းရှူကာ မက်မွန်သီးအနီရောင်အမြု‌တေကို ပါးစပ်ထဲသို့ထည့်လိုက်လေသည်။ ကြည်လင်သောအမြုတေသည် သူ့ပါးစပ်ထဲသို့ဝင်သွားသည်နှင့် မကြာမီ အရည်ပျော်သွားပြီး သန့်စင်သောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြေး၀င်သွားကြလေသည်။


ထို့နောက် သူ့အဆင့်မြှင့်တင်ခြင်းမတိုင်ခင် စုရွေ့ကျယ်သည် အလျင်အမြန်ပင် အဖျားကြီးစွာတက်လာလေသည်။ ဘေးနားရှိကျန့်ယွင်သည် သူ့ပါးစပ်ထဲသို့ သစ်သီးနှင့်ဟင်းရွက်ဖျော်ရည်များကို နည်းနည်းချင်း လောင်းထည့်ပေးလိုက်သည်။


စုရွေ့ကျယ်သည် တစ်နေလုံးနှင့်တစ်ညလုံး အိပ်ပျော်သွားခဲ့၏။ ယခုတစ်ကြိမ် သူပြန်နိုးလာသောအခါတွင် သူ့တစ်ကိုယ်လုံးသည် အသစ်တစ်ယောက်လိုဖြစ်နေပြီး သူ့စိတ်စွမ်းအားသည် ယခင်ကထက် ပိုကောင်းလာသည်ဟု ခံစားလိုက်ရသည်။ သူ့မျက်လုံးဖွင့်လိုက်သည်နှင့် ယွီသုန်သုန် သူအနားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။


“ကောကော၊ နိုးလာပြီ ”


ယွီသုန်သုန်သည် သူ့ပါးချိုင့်လေးများကို ပျော်ရွှင်စွာ ထုတ်ပြလာပြီး သူ့ကိုယ်သူ စုရွေ့ကျယ်ဆီပစ်၀င်လိုက်ပြီး သူ့လည်ပင်းကို သိုင်းဖက်ထားလေသည်။


စုရွေ့ကျယ်သည် သူ့အားထွေးပွေ့ထားရသည်ကို အလွန်ပျော်ရွှင်နေခဲ့ပြီး သုန်သုန်သည် ဤတိုက်ပွဲတွင် နောက်ဆုံးအောင်ပွဲရရှိခဲ့သော အကြီးမြတ်ဆုံးသူရဲကောင်းတစ်ဦးဖြစ်လေသည်။


ကျန့်ယွင်သည် ရေချိုးခန်းသွားရန် အပြင်ထွက်သွားခဲ့ပြီး သူ့ချစ်သူနိုးလာသည်ကို လွတ်သွားခဲ့လေသည်။ သူပြန်လာသည်နှင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည့် ပုံရိပ်ကို မြင်လိုက်ရလေသည်။


ကျန့်ယွင်: ....


စုရွေ့ကျယ်သည် ဆူညံသံတစ်သံကိုကြားလိုက်သောအခါတွင် ခေါင်းကို ထောင်လိုက်လေ၏။ သူ့ချစ်သူကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် တောက်တောက်ပပပြုံးပြလိုက်လေသည်။


“ရှောင်ကျယ်...မင်း....”


ကျန့်ယွင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေသည်။


“ကျွန်တော် ဘာဖြစ်နေလို့လဲ ”


စုရွေ့ကျယ် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။


“မင်းမျက်လုံးတွေ အစိမ်းရောင်ပြောင်းသွားတယ်...”


“အာ ”


စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ မှန်တစ်ချပ်ကို ချက်ခြင်းထုတ်လိုက်၏။ ထင်ထားသလိုပင် သူ့မျက်စံများသည် မြစိမ်းရောင် စိမ်းစိုလာခဲ့ပြီး လှပသော မျက်ကပ်မှန်များကို တပ်ထားသကဲ့သို့ပင်ဖြစ်လေ၏။ သူ၏ နုနယ်ဖြူစင်သော အသားအရေ၊ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်များနှင့် ပန်းနုရောင်နှုတ်ခမ်းများက သူ ပိုပြီး ဆွဲဆောင်မှုရှိသည့်ပုံပေါ်လာခဲ့သည်။


ကျန့်ယွင်သည် သူ့ကိုကြည့်သည့်အချိန်တွင် မျက်လုံးများကို အဝေးသို့ရှောင်လွှဲ၍ မရတော့ချေ။ သူမတတ်နိုင်စွာ ယွီသုန်သုန်ကို စုရွေ့ကျယ်၏ရင်ခွင်ထဲမှ ဘေးဖယ်ထုတ်လိုက်ပြီး သူဘေးသို့ချပေးလိုက်၏။ ယွီသုန်သုန်၏နေရာကို ယူလိုက်ပြီး သူ့ချစ်သူလေးကို သူ့လက်ထဲတွင် ပွေ့ချီလိုက်ကာ နှုတ်ခမ်းများကို နမ်းလိုက်လေ၏။


“ခဏနေပါဦး။ ဘေးမှာ ကလေးတစ်ယောက် ရှိသေးတယ်လေ”


စူရွေ့ကျယ်သည် ယွီသုန်သုန်ဘေး ဘေးကစောင့်ကြည့်နေမည်ကို စိုးရိမ်ပြီး သူ့အားရှက်ရွံ့စွာ တွန်းထုတ်လိုက်လေ၏။


“မဟုတ်ပါဘူးကွာ၊ သူသွားပါပြီ”


ကျန့်ယွင်ပြောပြီးနောက် သူ့ပါးစပ်ကို ပိတ်ဆို့လိုက်ပြန်သည်။


စုရွေ့ကျယ်သည် လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်ပြီး ကလေး တကယ်ထွက်သွားကြောင်း အတည်ပြုပြီးနောက် ကျန့်ယွင်၏ ရင်းနှီးမှုကို ဆက်လက်ငြင်းဆိုရန် အကြောင်းမရှိတော့ချေ။ ကျန့်ယွင်၏ နွေးထွေးသောအနမ်းကို ကျေကျေနပ်နပ် ခံစားလိုက်လေသည်။


ကျန့်ကျားဟယ်နှင့် တခြားသူများ အပြင်ကနေ ပြန်လာသည့်အချိန်တွင် ကုတ်အင်္ကျီ၀တ်ကာ သူ့လက်ထဲတွင် ရှောင်ဟေးကို ပွေ့ဖက်ထားသည့် ကလေးငယ်ကို တံခါးဝ၌ထိုင်နေသည် တွေ့လိုက်ရလေသည်။


“သုန်သုန် မင်းဘာလို့ အထဲမှာမနေတာလဲ။ အပြင်မှာမအေးဘူးလား ”


“အစ်ကိုကြီးတို့ အချင်းချင်း ဆော့နေလို့ သား အထဲကိုမဝင်နိုင်ဘူး” 


ကလေးလေးက လေးနက်စွာပြောလာလေ၏။


ယွီသုန်သုန်သည် ငယ်ရွယ်‌သော်လည်း သူ့မိဘများနမ်းနေကြသည်ကို မြင်ဖူး၏။ သူ့အမေသည် သူတို့နမ်းနေတုန်း သူချောင်းကြည့်လို့မရဟု ပြောခဲ့သောကြောင့် တံခါး၌ စောင့်နေခြင်းဖြစ်လေ၏။


“ဟားဟားဟားဟား...”



【လမ်းမပေါ်ကပြဇာတ်ငယ်လေး】


ရှောင်ဟေး : [ဧကရာဇ်၏မာန်မာန] ဟမ်၊ ဒီအခြေစိုက်စခန်းထဲကလူတွေက ငါ ရှောင်ဟေး နဲ့မယှဉ်နိုင်ဘူး။


သုန်သုန် : ငါ့ရှောင်မောင်းလေးက အကောင်းဆုံးပဲ။


အနောက်မြောက်အခြေစိုက်စခန်းမှလူများ : ဝေါင်း၊ ငါငိုနေပါပြီနော်။


ကျန့်ရှောင်ယွင် : နားထောင်ကြည့်ဇနီးလေး၊ ကိုယ်မင်းအတွက်မှုတ်ပေးတဲ့ သီချင်းကကောင်းရဲ့လား။


စုရှောင်ကျယ် : ကောင်းတယ်၊ ကောင်းတယ်။ ဒီအရူးကြီးကို မထိရင် ပိုကောင်းတယ်


ကျန့်ရှောင်ယွင် : အရမ်းကောင်းတယ်၊ ကိုယ့်ဇနီးလေး၊ ကိုယ်မင်းအတွက် နေ့တိုင်း မှုတ်ပေးမယ်။


စုရှောင်ကျယ် : မေ့လိုက်ပါတော့....


လူများ : ဖုတ်ကောင်တွေကိုပဲသတ်ပါဟ၊ အချစ်ဇာတ်တွေခင်းပြမနေကြပါနဲ့တော့။


🍒🍒