အခန်း(၉၈)
Viewers 12k

အခန်း(၉၈)《 ထူးဆန်းသည့်ဖုတ်ကောင် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ကားသည် R&D အခြေစိုက်စခန်းထဲသို့ ဖြည်းညှင်းစွာ မောင်း၀င်လာသောအခါ နေရာတိုင်း၌ မီးခိုးခေါင်းတိုင်များနှင့် စက်ရုံများ တန်းစီနေသည်မှာ အလွန်အံ့မခန်းဖွယ်ကောင်းလောက်သည်။ တောက်ပထွန်းလင်းနေရမည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းတွင် အလင်းရောင်တစ်စုံတစ်ရာမရှိဘဲ အနက်ရောင်ဆေးအပြည့်ခြယ်ထားခဲ့လေသည်။ ကွန်ကရစ်နံရံသည် ကျိုးပဲ့ဆွေးမြေ့နေပြီး စက်ရုံမှန်တံခါးများသည် ကွဲနေခဲ့ကာ အလွန်စိတ်ပျက်စရာကောင်းသော ခံစားချက်ကို ပေးနေသည်။


ဗိုလ်ချုပ်ကျန်း၏ ပေးလိုက်သောသဲလွန်စအရ အဆိုပါ နှင်းခရူဇာ ထုတ်လုပ်မှုအလုပ်ရုံသည် R&D အခြေစိုက်စခန်း၏ ဧရိယာ B ထဲတွင် လက်တွေ့စမ်းသပ် အဆောက်အဦးနောက်ရှိ အကြီးဆုံး အလုပ်ရုံဖြစ်လေသည်။


“ဒါနဲ့... ဧရိယာ Bက ဘယ်မှာလဲ”


စုန့်ချန်ရှုသည် ကားကို ရပ်လိုက်လေသည်။ နှင်းများထူထပ်နေသောကြောင့် နေရာတိုင်းတွင် အဖြူရောင် လွင်ပြင်ကျယ်ဖြစ်နေ၏။ လမ်းညွှန်ဆိုင်းဘုတ်များ အားလုံးသည် ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေခဲ့လေသည်။ ဧရိယာ B သည် မည်သည့်နေရာတွင်ရှိသလဲဆိုသည်နှင့် လက်တွေ့စမ်းသပ်မှုအဆောက်အအုံသည် မည်သည့်နေရာတွင်တည်ရှိသည်ကို မည်သူမှ မမြင်နိုင်ပေ။


“ပတ်မောင်းကြည့်လိုက်။ ချန်းကျောင်း နဲ့ ကျောက်ပင်းတို့ကို အဆောက်အဦးအပြင်ဘက်နံရံ‌တွေနဲ့ ဆိုင်းဘုတ်တွေက ဆီးနှင်းတွေကို သူတို့စွမ်းအားကိုသုံးပြီး ဖယ်ရှားခိုင်းလိုက် ” 


 ဟု ကျန့်ယွင် ပြောလိုက်သည်။


“ကောင်းပြီ”


သူတို့ ကားပေါ်မှ ဆင်းပြီးချင်းမှာပင် လေးအေးတစ်ချက်တိုက်သွားလေ၏။ ချန်းကျောင်းနှင့် ကျောက်ပင်းတို့သည် ကုတ်အင်္ကျီအထူကြီးများနှင့် မျက်နှာဖုံးများ၊ လက်အိတ်များ၊ လည်စည်းများနှင့် ထုပ်ပိုးထားကြသော်လည်း ကားထဲမှထွက်လာသည့်အချိန်မှာတော့ မတုန်ယင်သွားဘဲမနေနိုင်ကြချေ။ သူတို့သည် ဤကဲ့သို့သော အေးခဲ့သည့်ရာသီဥတု၊ အရေးပြားပေါ်လာရောက်ရိုက်ခတ်သည့် လေးသည် အရေပြားကို ဓားတစ်ချောင်းကဲ့သို့ လှီးဖြတ်ရန် ကြိုးစားနေသကဲ့သို့သောဒဏ်ကို ဘယ်တုန်းကမှ မခံစားခဲ့ကြဖူးချေ။


တစ်ယောက်သည် ဆိုင်းဘုတ်ပေါ်ရှိ ရေခဲနှင့် နှင်းများကို မီးဖြင့် အရည်ပျော်သွားစေပြီး နောက်တစ်ယောက်သည် ပြင်းထန်သောလေဖြင့် အဆောက်အဦးပေါ်ရှိ နှင်းများကို မှုတ်ထုတ်လိုက်ကာ ကွယ်နေသောဆိုင်းဘုတ်များ ပေါ်လာလေသည်။


သို့သော် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းထဲရှိ ဖုတ်ကောင်များသည် အစားအစာ၏အနံ့ကို အနံ့ခံကာ ဖြည်းညှင်းစွာ စတင်စုရုံးလာကြသည်။ နှင်းထုသည် ထူထဲကာ ထိုဖုတ်ကောင်များ၏လှုပ်ရှားမှုအပေါ်သက်ရောက်နေ၏။ 


ကျန့်ယွင်နှင့် တခြားသူများသည် မရှင်းမလင်းဖြစ်နေကြကာ သူတို့၏သေနတ်များကို ဆွဲထုတ်ပြီး စတင်ပစ်ခတ်ကြလေသည်။ ဤတိုက်ပွဲကာလကြီးပြီးနောက် ကမ္ဘာမပျက်ခင်က သေနတ်မကိုင်ဖူးခဲ့ကြသည့် ကျန်းရှို့လျန်၊ ဝူကျင်း၊ ကျန့်ကျားဟယ်နှင့်ဦးနှောက်တွင်းကြီးတို့ဟာလည်း အလွန်ကောင်းမွန်လာခဲ့ကြပြီး ထိုပြန့်ကျဲနေသည့် ဖုတ်ကောင်များသည် မကြာခင်မှာပဲ အသတ်ခံလိုက်ကြရလေသည်။


“ဒါက Area C ပြီးတော့ Area B က ဟိုဘက်မှာ”


တည်နေရာကိုရှာဖွေကြပြီးနောက် ချန်းကျောင်းနှင့်ကျောက်ပင်းတို့သည် ကားပေါ်သို့ ချက်ချင်းပြန်သွားကြပြီး Area B ဆီသို့ ဦးတည်သွားခဲ့ကြသည်။ 


သို့သော် ယွီသုန်သုန်၏ခန္ဓာကိုယ်သည် ပိုပို၍ တောင့်တင်းလာပြီး သူ့ပင်ကိုယ်ဗီဇက သူ့အား အန္တရာယ်ရှိသည်ဟု ခံစားရစေသော ဖုတ်ကောင်သည် ဤနေရာနှင့်နီးနေပြီဟု သူ့အားပြောပြနေလေသည်။


နယ်မြေဒေသနှင့် မရင်းနှီးကြသောကြောင့် သူတို့ကားသည် ဧရိယာ C နှင့် ဧရိယာ B ကြားတွင် နှစ်ကြိမ် လှည့်ပတ်နေခဲ့ကြကာ နောက်ဆုံး၌ ဧရိယာ B ရှိ လက်တွေ့စမ်းသပ်အဆောက်အအုံ၏ ဘေးတံခါးအပြင်ဘက်တွင် ရပ်တန့်သွားကြလေသည်။ သူတို့သည် စမ်းသပ်အဆောက်အအုံထဲသို့ ဝင်ရန် လိုအပ်ပြီး အနောက်ဘက်စက်ရုံသို့ရောက်ရန် ရှည်လျားသော စင်္ကြံကိုဖြတ်ကာ သွားခဲ့ကြရသည်။ 


မှောင်စပြုလာသည်ကိုမြင်ပြီး ကျန့်ယွင်သည် အချိန် ထပ်မဖြုန်းချင်တော့ချေ။ သူတို့သည် ကားပေါ်ကဆင်းပြီး George Patton နှစ်စီးကို နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် နှင်းခရူဇာများကိုရှာဖွေဖို့ အနောက်ဘက်တွင်ရှိသည့် စက်ရုံအဆောက်အဦးဆီသို့ လက်တွေ့စမ်းသပ်ခန်းမှဖြတ်သွားကြခဲ့သည်။ မည်သို့ပင်ဖြစ်နေပါစေ နေရာလွတ်စွမ်းအားရှင်တစ်ဦးဖြစ်သည့် စုရွေ့ကျယ်သည် သူတို့ရှာဖွေနေသည့်အရာကို ရှာဖွေတွေ့ရှိပြီးနောက် ကားကို အလွယ်တကူထုတ်ယူနိုင်လေသည်။


လက်ထဲတွင် ဓာတ်မီးများကိုင်ဆောင်ထားသော လူတိုင်းသည် လက်တွေ့စမ်းသပ်အဆောက်အအုံထဲသို့ ဂရုတစိုက်ဝင်ရောက်လာခဲ့ကြသည်။


အဖွဲ့သည် လက်တွေ့စမ်းသပ် အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် တံခါးဝတွင် လုံးဝပြိုကျပျက်စီးနေသောအရိုးများ အများအပြားသည် လဲကျနေကြကာ သွေးများခြောက်ကပ်နေပြီး ခြေလက်များကျိုးပဲ့နေသည်ကို တွေ့လိုက်ကြရသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။


“ကောကော၊ သတိထား.... ”


ယွီသုန်သုန်သည် စုရွေ့ကျယ်၏ အပေါ်ထပ်အင်္ကျီကို လှမ်းဆွဲလိုက်သည်။


“စိတ်မပူပါနဲ့၊ ငါတို့နောက်လိုက်ခဲ့နော်”


စုရွေ့ကျယ်သည် ကလေး၏ခေါင်းကိုထိပြီးနောက် ကျန့်ယွင်နောက်သို့ လက်တွေ့စမ်းသပ်ခန်း အဆောက်အဦးထဲသို့ လိုက်သွားလေသည်။ ကမ္ဘာပျက်ကပ်သည် ညအချိန်၌ ပေါက်ကွဲသွားခဲ့သော်လည်း R&D အခြေစိုက်စခန်းတွင် အချိန်ပိုအလုပ်လုပ်နေသူများစွာရှိနေသေးသည်။ ဤအဆောက်အဦထဲတွင် ပုန်းခိုနေသည့် ဖုတ်ကောင်တချို့ရှိနေမည်မှာ အံ့သြစရာမဟုတ်တော့ချေ။


အဆောက်အဦးသည် အလွန်တိတ်ဆိတ်နေပြီး သူတို့၏ခြေသံများကို ကြိမ်ဖန်များစွာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေပုံရလေကာ အသံသည် အလွန်ကျယ်လောင်လေ၏။ ဓာတ်မီးဖြင့်ထိုးလိုက်သည့် နေရာတိုင်းသည် ဖုန်မှုန့်များ သို့မဟုတ် သွေးအစွန်းအထင်းများဖြင့် လူများကို အထိတ်တလန့်ဖြစ်စေသည့် ခံစားချက်ပေးနေလေသည်။


အဆောက်အဦးကိုဖြတ်ကူးပြီး ရှည်လျားကျဉ်းမြောင်းသည့်စင်္ကြံထဲသို့ ၀င်ခါနီး၌ သူတို့သည် ဗြန်း ခနဲ အသံတစ်ခု ရုတ်တရက်ကြားလိုက်ကြရလေသည်။ ကောင်းကင်မှ တစ်ခုခုကျလာပြီး သူတို့နှင့် အနီးမဝေးကို တိုက်မိသွားလေသည်။


“အဲဒါ ဘာကြီးလဲ ”


လူတော်တော်များများ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး၊ ချန်းချီသည် အမည်မသိအရာဝတ္ထုကို ဓာတ်မီးလှမ်းထိုးလိုက်ပြီး ရွံရှာဖွယ်ကောင်းတဲ့ အူပုပ်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။


ကျန့်ကျားဟယ်သည် မသိစိတ်ကြောင့်ကြည့်လိုက်ပြီး နီမြန်းတောက်ပနေသော မျက်လုံးတစ်စုံနှင့် မျက်နှာချင်းဆိုင်လိုက်ရကာ သူ့အား ထိတ်လန့်သွားလေသည်။


“ဖုတ်ကောင် တစ်ကောင်ရှိတယ်....”


ကျန့်ကျားဟယ် သူ့အား သတိပေးရန်ပင်မလိုခဲ့ချေ။ ကျန့်ယွင်သည် ဆွဲငင်အားဖြင့် လူတိုင်းကို အဝေးသို့တွန်းထုတ်ရန် သူ့စွမ်းရည်ကို ချက်ချင်းထုတ်‌ဖော်လိုက်ပြီး ဒုတိယထပ်မှ ခုန်ဆင်းလာသော ဖုတ်ကောင်ကို ရှောင်ရှားလိုက်လေသည်။


ဖုတ်ကောင်၏အသွင်အပြင်သည် အလွန်စိတ်ဆင်းရဲစရာကောင်း၏။ ဘယ်ဘက်ပခုံးမှ ဝမ်းဗိုက်အထိ အသွေးအသားအားလုံးသည် သန့်ရှင်းသည်အထိ ကိုက်ဝါးမျိုခံထားရလေသည်။


သွားရာအမှတ်အသားများစွာရှိပြီး ဘယ်ဘက်လက်ဖဝါးမှာ ပျောက်နေ၏။ လက်အရိုးဗလာသာကျန်နေသော်လည်း ညာဘက်တစ်ခြမ်းသည် ယခင်အတိုင်းရှိနေလေ၏။ သူ မသေခင်မှာပင် ဖုတ်ကောင်များ၏ ဝိုင်းရံခံရပြီး အကိုက်ခံခဲ့ရကာ သေဆုံးခဲ့ပုံရသည်။


သို့သော်လည်း ဤဖုတ်ကောင်၏ဘယ်ဘက်လက်မောင်းရိုးသည် သာမန်မီးခိုးရောင်မဟုတ်ပေ။ သို့သော် ကျောက်စိမ်းနှင့်တူသောအရောင်ရှိ၏။ ၎င်းသည် ဓားထက်ထက်တစ်ချောင်းကဲ့သို့ မာကျောထက်ရှပုံရကာ လူများကို အလိုလိုပင် အန္တရာယ်ကိုခံစားရစေသည်။


“အားလုံးသတိထားကြ။ ဒီဖုတ်ကောင်က အဆင့်သုံး ဖုတ်ကောင်ပဲ”


ကျန့်ယွင်သည် လေးနက်နေသော လေသံနှင့် ပြောလိုက်၏။ အဆင့်သုံးသာဖြစ်သော်လည်း ဤဖုတ်ကောင်သယ်ဆောင်လာသောဖိအားကို ကျန့်ယွင် ခံစားရနိုင်လေသည်။ ဤဖုတ်ကောင်သည် လုံလောက်သောစွမ်းအင်ကို စုပ်ယူနိုင်ခဲ့ပါက မကြာခင် အဆင့်လေးအထိ တိုးလာမည်ဟု သူ ယုံကြည်နေသည်။


ကျန့်ယွင်သည် တိုက်ခိုက်သည့် အနေအထားကို ပြင်ပြီးနောက် ဖုတ်ကောင်သည် ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး ရုပ်ပုံသည် အမှောင်ထဲသို့ ပျောက်ကွယ်သွားလေသည်။


သူတို့သည် ချက်ချင်းပင် ဓာတ်မီးများကို အရပ်ရပ်သို့ ထိုးလိုက်ကြသော်လည်း ထွက်ပြေးလာသော ဖုတ်ကောင်ကို ရှာမတွေ့ခဲ့ပေ။


၎င်းသည် ဖုတ်ကောင်၏အမြန်နှုန်းသည် အလွန့်အလွန်ကိုလျင်မြန်ပြီး ရွေ့လျားမှုသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်ကို ပြသနေသည်။


“သုန်သုန် မင်း ဖုတ်ကောင်ကို ရှာတွေ့နိုင်မလား ”


ကျန့်ယွင်သည် သုန်သုန်ကို ကြည့်နေ၏။


“ကျွန်တော် ကြိုးစားမယ်”


ယွီသုန်သုန်သည် မျက်လုံးများကိုမှိတ်ထားပြီး သူ့စိတ်စွမ်းအားနှင့် သူတို့ပတ်ဝန်းကျင်ကို စတင်ရှာဖွေလေသည်။ သူ့စိတ်စွမ်းအားသည် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြည်းဖြည်းချင်းပြန့်နှံ့သွားလေသည်။


ရုတ်တရက် ယွီသုန်သုန်သည် မျက်လုံးများပွင့်လာလေ၏။ စကားမပြောနိုင်ဘဲ စုရွေ့ကျယ်ပေါ်သို့ခုန်တက်လိုက်လေ၏။ စုရွေ့ကျယ်သည် ပစ်၀င်လာသည့်ကလေးနှင့် တိုက်မိလိုက်ပြီး အပေါ်ထပ်အင်္ကျီအထူကို အလွှာပါးလေးတစ်ခုကဲ့သို့ဖြစ်သွားလေ၏။


ချွန်ထက်သောအရိုးဓားတစ်ချောင်းသည် နံရံမှထွက်လာပြီး စုရွေ့ကျယ်၏လည်ပင်းကို ပွတ်သွားလေ၏။ ယွီသုန်သုန်ကြောင့်သာ မတိုက်မိခဲ့ပါက စုရွေ့ကျယ် ချက်ချင်း သေဆုံးသွားနိုင်လေသည်။


ကျန်းရှို့လျန်သည် စွေပြီး ရှောင်လိုက်ကာ သူ့လက်ကို အရိုးဓားသွားဘက်သို့ လှမ်းလိုက်လေ၏။


သူ့မြေကြီးစွမ်းရည်ကို အသုံးပြုပြီး နံရံကို ချက်ချင်း ဖြိုဖျက်လိုက်သော်လည်း ဖုတ်ကောင်သည် ပျောက်ကွယ်သွားဆဲဖြစ်လေ၏။


သိသိသာသာပင် ဤဖုတ်ကောင်သည် သာမန်ဖုတ်ကောင်တစ်ကောင်မဟုတ်ပဲ အလွန်ထူးဆန်းသည့် စွမ်းအားများရှိလေသည်။


“အဲ့ဒါ...အဲ့ဒါက မြန်မြန်ရွေ့နေတယ်...”


ယွီသုန်သုန်၏မျက်နှာလေးသည် တင်းမာနေပြီး သူ့ခေါင်းသည် နေရာတိုင်းသို့ လှည့်ပတ်နေပြီး ဖုတ်ကောင်၏နေရာကို ကျောက်ချနိုင်ဖို့ အသည်းအသန်ကြိုးစားနေလေသည်။


လူအုပ်ကြီးသည်လည်း ကြောင်တက်တက်ဖြင့် ဝိုင်းကြည့်နေကြသော်လည်း ပတ်ပတ်လည်တွင် နံရံများသာရှိပြီး ဘာကိုမျှ မမြင်နိုင်ချေ။


“သတိထား ”


ယွီသုန်သုန်သည် သူ့ဘေးရှိ စုရွေ့ကျယ်ကို ထပ်တွန်းလိုက်ပြန်၏။ စုရွေ့ကျယ်သည် ပိုပိန်းပါး သောကြောင့်သာ ဒီကောင်လေးသည် သူ့ကို တွန်းထုတ်လို့ ရနိုင်လေသည်။


သူတို့သည် အဖြူရောင်အရိုးဓါးသည် တခဏချင်း ထိုးသွင်းလာသည်ကို တွေ့လိုက်ကြပြီး စုရွေ့ကျယ်၏ခြေထောက်ကို ပွတ်သွားခဲ့ကာ နောက်ပြန်ဆွဲသွားခဲ့လေသည်။


“ဘာတွေဖြစ်နေတာလဲ။ ဒီဖုတ်ကောင်က ရှောင်ကျယ်နောက်ကိုလိုက်နေတာလား ”


၎င်းသည် စုရွေ့ကျယ်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဖြစ်၍ သူတို့မတတ်နိုင်ကြသော်လည်း သူ့အားရည်ရွယ်ထားသည့် ဆက်တိုက်တိုက်ခိုက်မှုနှစ်ခုမှနေ မှန်းဆနိုင်လေသည်။


“ဖုတ်ကောင်တွေရဲ့ အမြုတေကို ငါတို့ အသုံးချနိုင်သလိုပဲ စွမ်းအားရှင်တွေရဲ့ အသွေးအသားတွေကို မျိုချခြင်းကလည်း သူတို့ကိုယ်သူတို့ အဆင့်မြှင့်ဖို့ ဖုတ်ကောင်တွေကိုကူညီပေးနိုင်တယ်။ ရှောင်ကျယ်က ငါတို့ကြားထဲမှာ အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒါကြောင့် ဖုတ်ကောင်က သူ့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်”


ကျန့်ယွင် လေးနက်စွာပြောလိုက်၏။


စုရွေ့ကျယ်သည်လည်း ကျန့်ယွင်၏ အတွေးကိုသဘောတူကာ ခုခံကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းမဟုတ်ချေ။ သူသည် နေရာလွတ်ထဲမှ အခွံများသီးတစ်ဆုပ်ကိုထုတ်ယူလိုက်ကာ ၎င်းတို့ကို အခွံမာသီး သံချပ်ကာတစ်ခုအဖြစ်ပြောင်းလဲရန် သူ့စွမ်းအားကို တိုက်ရိုက်သုံးလိုက်ပြီး ၎င်းသည် စုရွေ့ကျယ်၏တစ်ကိုယ်လုံးကိုဖုံးအုပ်ထားလေသည်။ ပုံစံသည် အနောက်တိုင်းသူရဲကောင်းများဝတ်ဆင်သည့် သံချပ်ကာနှင့် ဆင်တူပြီး သို့သော်လည်း အရောင်သည် အနည်းငယ်ရုပ်ဆိုး ကာ အခွံမာသီး၏ထူးခြားသောအဝါရောင်ဖြစ်လေသည်။


ထို့နောက် စုရွေ့ကျယ်သည် သေးငယ်သော ချပ်ဝတ်တန်ဆာတစ်ခုကို ပြောင်းလဲလိုက်ကာ ယွီသုန်သုန်ပေါ်၀တ်ပေးလိုက်၏။ ကျန်းရှို့လျန်သည် ဖုတ်ကောင်များ ၎င်းကို ဖြတ်ပြီးလမ်းမလျှောက်နိုင်စေရန် မျှော်လင့်ချက်ဖြင့် သူတို့၏ခြေထောက်အောက်ရှိ ကြမ်းပြင်ကို ပိုမိုမာကျောစေရန် သူ့စွမ်းရည်ကို ထပ်မံထုတ်သုံးလိုက်ပြန်သည်။


သို့သော် သူ့ပြင်ဆင်မှုသည် အလုပ်မဖြစ်ခဲ့ချေ။ ဖုတ်ကောင်သည် ကြမ်းပြင်အောက်မှနေ မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့သော်လည်း စုရွေ့ကျယ်၏သံချပ်ကာမှ ပိတ်ဆို့ထားခဲ့လေသည်။ သို့သော် စုရွေ့ကျယ်သည် သူ့သံချပ်ကာအောက်ခြေ၌ အက်ကွဲကြောင်းတချို့ ရှိနေပုံရသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် အဆင့်လေးစွမ်းရည်မှ ပြောင်းလဲထားသည့် သံချပ်ဝတ် ဖြစ်သော်လည်း အဆင့်သုံး ဖုတ်ကောင်၏ ထိုးနှက်မှုကြောင့် အက်ကွဲသွားခဲ့သည်။ ဖုတ်ကောင်၏ တိုက်ခိုက်ပျက်စီးမှုကို လျှော့တွက်၍မရနိုင်ကြောင်း မြင်သာလေသည်။


“သေစမ်း... အဲ့ ဖုတ်ကောင်က ထူရှင်ဆွင်းရဲ့မြေးလားဟ ”


နံရံများနှင့် မြေပြင်ကိုဖြတ်ပြီး သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်းခံခဲ့ရခြင်းသည် ကျန့်ကျားဟယ်ကိုဤစာကြောင်း ပြောမထွက်ဘဲမနေနိုင်ဆော့ချေ။


【TN : ထူရှင်ဆွင်း (Tǔ xíng sūn)ကတော့ တရုတ် မင်ခေတ်၀တ္တု Investiture of the Gods《封神演义》နဲ့ အဆက်အဆက်တွေအထဲမှာပါတဲ့ ဇာတ်ကောင်တစ်ခုပါတဲ့။ သူရဲ့ ဇာတ်ကောင်က မြေးကိုထားခဲ့ဖို့ ကြောက်တာပါတဲ့။ ပြီးတော့ သူ့ပါဝါက မြေကြီးမှော်ပညာလို့ဆိုပါတယ်။ သူက ဇာတ်ကားထဲမှာတော့ ပါလာသလားမသိပါဘူး မကြည့်ဘူးလို့။ မင်းသား Deng LUN တို့ သရုပ်ဆောင်ထားပါတယ်။ အဲ့အထဲက Deng JuiGong ရဲ့ သားမက်ပါတဲ့။ ထပ်သိချင်ရင်တော့ ဂူဂဲလင်းကြပါ ခညာ။ 】


“တိတ်တိတ်နေ ”


ချန်းကျောင်းသည် သူ့ကို ချက်ခြင်း စိုက်ကြည့်လိုက်ကာ ဒါက ဒီလို အန္တရာယ်များတဲ့ မြင်ကွင်းကို နောက်ပြောင်နေဖို့ အချိန်မျိုးရှိလား။ 


ကျန့်ကျားဟယ်သည် လည်ပင်းကို ပုလိုက်ကာ နောက်တစ်ခါ လှည့်ပတ်ကြည့်လိုက်သည်။


စုရွေ့ကျယ်ကို ကာကွယ်ရန် လူတိုင်းပြင်ဆင်နေကြစဉ် ကျန့်ယွင်သည် ရုတ်တရက် အန္တရာယ်အနည်းငယ်ကို ခံစားလိုက်ရလေသည်။ သူမသိစိတ်ကြောင့် ပျံတက်သွားရန် သူ့ဆွဲအားစွမ်းရည်ကိုသုံးလိုက်ပြီးနောက် သူတက်သွားသည့်နောက်သို့ မြေပြင်မှ အရိုးဓားတစ်ချောင်း ထွက်လာသည်ကို မြင်လိုက်ရလေသည်။


ဖုတ်ကောင်သည် စုရွေ့ကျယ်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ရန် မအောင်မြင်သောကြောင့် အဖွဲ့တွင် ဒုတိယအဆင့်အမြင့်ဆုံး ကျန့်ယွင်ကို တိုက်ခိုက်ရန် လှည့်လာခဲ့သည်။


ရုတ်ချည်းဆိုသလို ဖုတ်ကောင်၏တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ ကျန့်ယွင်သည် အချိန်မီ မပျံတက်နိုင်ခဲ့ပါက သူ ထိုးဖောက်ခံလိုက်ရလိမ့်မည်ဖြစ်နိုင်သည်။ ဖုတ်ကောင်သည်အခြားပစ်မှတ်ကို စတင်တိုက်ခိုက်လာပါက သူတို့ လွတ်မြောက်နိုင်ပါ့မလား။


ထိုအခိုက်အတန့်၌ အားလုံး၏ အမူအရာများ ရုပ်ဆိုးသွားကြလေတော့၏။


🍒🍒