အခန်း(၉၉)
Viewers 12k

အခန်း(၉၉)《 စွမ်းရည်နှစ်မျိုး 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ဤဖုတ်ကောင်သည် ကြမ်းပြင်နှင့် နံရံများကို ဖြတ်လျှောက်နိုင်သောကြောင့် စုရွေ့ကျယ်သည် ဤဖုတ်ကောင်သည် အမည်မသိစွမ်းရည်တစ်ခု ဖြစ်နိုင်ကြောင်းဆုံးဖြတ်လိုက်ပြီး နေရာလွတ်ထဲမှ သာမန်Off road ကားတစ်စီးကို ထုတ်လိုက်ပြီး လူတိုင်းအား ကားခေါင်မိုးပေါ် မတ်တပ်ရပ်နေခိုင်းလိုက်၏။ ကားသည် သံမဏိဖြင့် ပြုလုပ်ထားသောကြောင့် ဖုတ်ကောင်သည် သူတို့အား ထိခိုက်နာကျင်စေရန် စီးနင်းတိုက်ခိုက်ခြင်းကိုအသုံးပြုရန် မဖြစ်နိုင်တော့ချေ။


စုရွေ့ကျယ် မမျှော်လင့်ထားသည့်အရာကတော့ သူကားထိပ်ပေါ်သို့တွယ်တက်နေသည့်အချိန်မှာပဲ ယွီသုန်သုန်သည် သတိထားဖို့ လှမ်းအော်လိုက်သည်ကိုပင်။ သို့သော် သူ့တုံ့ပြန်မှုသည် နှေးကွေးနေခဲ့လေ၏။ သူ့ခြေထောက်ကို ဓားနှင့်ထိုးသွင်းခံလိုက်ရသည့် ဝေဒနာကို ခံစားလိုက်ရ၏။ အောက်ကို ငုံ့ကြည့်လိုက်ပြီး ဖုတ်ကောင်၏အရိုးဓားသည် သူ့ခြေထောက်နား၌ ထပ်ပေါ်လာပြီး သူ့အခွံမာသီးသံချပ်ကာကို ထိုးဖောက်သွားကာ သူ့ဖိနပ်များကို ဖြတ်ပြီး သူ့ခြေထောက်တွင် အရိုးပေါ်လောက်အောင်နက်သည့်ဒဏ်ရာကို ချန်ထားခဲ့လေသည်။


“ရှောင်ကျယ် ”


ကျန့်ယွင်၏မျက်လုံးများ နီရဲနေကာ သူသည် ဖုတ်ကောင်ကို မြေပြင်မှ ဆွဲထုတ်ချင်နေခဲ့‌လေသည်။ သို့သော် ဖုတ်ကောင်သည် အလွန်ပါးနပ်၏။ သူတို့သည် SUV ၏ထိပ်ပေါ်၌ ရှိနေကြဆဲတောင်မှ ဖုတ်ကောင်သည် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို လုပ်နိုင်နေဆဲဖြစ်လေသည်။


“ဒေါက်တာစုန့်၊ အမြန်....”



ထိုအခြင်းအရာကိုမြင်ပြီး ကျောက်ပင်းသည် စုန့်ချန်ရှုအား စုရွေ့ကျယ်ကို ပတ်တီးစီးပေးခိုင်းဖို့ အမြန်ခေါ်လိုက်သည်။ သို့သော် စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ နေကြာပန်းတစ်ပွင့်ကို ထုတ်ယူလိုက်ပြီး သူ့စွမ်းအားဖြင့် မီးအိမ်တစ်ခုအဖြစ်ပြောင်းလဲလိုက်၏။ ဒဏ်ရာပေါ်ကို ခဏတာအလင်းပေးပြီးနောက် ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းသွားလေသည်။


ကျောက်ပင်း : ???


ကျောက်ပင်းသည် အံ့သြသွားခဲ့သော်လည်း မကြာခင်မှာပင် တည်ငြိမ်သွားလေ၏။ စုရွေ့ကျယ်၏ အထူးစွမ်းရည်သည် တစ်ခုခုဖြစ်ကြောင်း သူ အချိန်အတော်ကြာကတည်းက သိထားခဲ့သည်။ စတုတ္ထအဆင့်သို့ တိုးမြှင့်လိုက်ပြီးနောက်တွင် နောက်ထပ် စွမ်းရည်တစ်ခု ထပ်မံရရှိလာခြင်းဖြစ်နိုင်သည်။ ယခုသည် ထိုအချက်များကို ဂရုစိုက်ရမည့်အချိန်မဟုတ်သေးပေ။ ထိုအစား သူတို့သည် ဒီဖုတ်ကောင်နှင့် ဖြေရှင်းဖို့ အာရုံစိုက်နေကြရလေသည်။


ဒဏ်ရာမှ သွေးထွက်ခြင်းရပ်သွားပြီးနောက် စုရွေ့ကျယ်သည် နေကြာပန်းမီးအိမ်ကို ချက်ချင်းသိမ်းလိုက်ပြီး ဓာတ်မီးတစ်ဒါဇင်ကို ထုတ်ယူလိုက်‌ကာ ၎င်းတို့အား ကြိုးများဖြင့် ချည်ပေးကာ ကျန့်ယွင်ထံသို့ ပစ်ချပေးလိုက်သည်။


“ဒါက နေရာကပြောင်းနိုင်တဲ့ ဖုတ်ကောင်မဖြစ်သင့်ဘူး။ ကျွန်တော်တို့ရဲ့ အရိပ်တွေဆီကနေ ထွက်လာတာလို့ ကျွန်တော်ထင်တယ်။ ကျန့်ကော ဒီဓာတ်မီးတွေကို မျက်နှာကျက်ပေါ်မှာ ကောရဲ့စွမ်းအားနဲ့ တပ်ထားလိုက်”


ကျန့်ယွင်သည် ထိုဓာတ်မီးများအစီအစဉ်ကို မြင်ပြီးသည်နှင့် စုရွေ့ကျယ်၏အကြံကို ချက်ချင်းနားလည်သွားလေ၏။ ရူပဗေဒတွင် အရိပ်မဲ့မီးအိမ်ဟုခေါ်သည့် အကျိုးသက်ရောက်မှုမျိုး ရှိလေသည်။


အလင်းရောင်ပြင်းအား မြင့်မားသော အလင်းရင်းမြစ်များကို မီးအိမ်ခွက်ကြီးတစ်ခုပေါ်တွင် စက်ဝိုင်းပုံစံ စီထားသောကြောင့် အလင်းရောင်သည် မတူညီသောထောင့်များမှ လင်းနေကာ မီးတစ်ခုစီမှ ဖြစ်ပေါ်လာသော အရိပ်ကိုမမြင်ရတော့ချေ။ ဆေးရုံ၏ခွဲစိတ်ခန်းအတွင်းရှိ အရိပ်မဲ့မီးအိမ်သည် ဤနည်းဥပဒေသဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။ 


【TN : ဒါကို မြင်သာအောင်ပြောရရင် သွားဆေးခန်းတို့ ခွဲစိတ်ခန်းတို့မှာ အပေါ်ကနေထိုးတဲ့ မီးအိမ်ကိုပြောတာပါ။ အပေါ်ကနေထိုးထားပေမယ့် ငုံ့ပြီး ခွဲစိတ်နေတဲ့အပေါ် အရိပ်မကျဘူးလေ။ သတိထားမိကြတယ်မလား။ အဲ့လို မီးအိမ်ပုံစံကိုပြောတာပါ။ 】


စုရွေ့ကျယ်၏ ဓာတ်မီးကိုကြိုးဖြင့်ချည်ထားသည့်နည်းသည် ကြမ်းတမ်းသော်လည်း အလွန်လက်တွေ့ကျသည်။


ကျန့်ယွင်သည် ဆွဲငင်အားဖြင့် မျက်နှာကျက်တွင် တပ်ဆင်ထားလိုက်ပြီးနောက် အပေါ်မှ တောက်ပသော အလင်းတန်းများ လင်းထိန်နေပြီး သူတို့ပတ်ဝန်းကျင်တွင် ချက်ချင်းပင် အရိပ်မရှိတော့ချေ။


“ဒါပေမယ့်... ဖုတ်ကောင်က ဓာတ်မီးကို တိုက်ခိုက်ရင် ဘာဖြစ်မလဲ”


စုန့်ချန်ရှုသည် ဖုတ်ကောင်များ မြို့ကိုဝိုင်းရံထားသည့်အချိန်က စတုတ္ထအဆင့်ဖုတ်ကောင်သည် အမြဲတမ်း ဖော်ထုတ်ခံရသည့်အကြောင်းရင်းကို ရှာတွေ့ပြီးနောက် ဓာတ်မီးကိုင်ထားသည့် ယွီသုန်သုန်ကို တိုက်ခိုက်ခဲ့သည်ကို မမေ့ခဲ့ချေ။


ယခု အစီစဉ်မကျသော "အရိပ်မဲ့မီးအိမ်" သည် သူတို့၏အရိပ်ကို ပျောက်ကွယ်သွားအောင် ပြုလုပ်ထားသော်လည်း "အရိပ်မဲ့မီးအိမ်" ၏အရိပ်သည် ရှိနေဆဲဖြစ်ကာ သူ့အား အမှန်တကယ်ပင် စိုးရိမ်ပူပန်ရစေသည်။


စုန့်ချန်ရှု၏ စိုးရိမ်ပူပန်မှုသည် အလွန်လိုအပ်ကြောင်း အချက်အလက်များမှ သက်သေပြခဲ့ပြီး နောက်အခိုက်အတန့်တွင် အရိုးဓားသွားသည် ထိုးဖောက်သွားသည့် မျက်နှာကျက်ပေါ်ရှိ "အရိပ်မဲ့မီးအိမ်" ၏အရိပ်ကို တွေ့လိုက်ကြရသောကြောင့်ဖြစ်လေသည်။


သို့သော် အခြားသူများ၏ စိုးရိမ်သောကအမူအရာနှင့်မတူဘဲ စုရွေ့ကျယ်၏ မျက်နှာသည် နက်နက်ရှိုင်းရှိုင်းမရှိသော အပြုံးကို ပြသနေခဲ့သည်။


ရုတ်ချည်းဆိုသလို အရိပ်တစ်ခုကဲ့သို့ နောက်ထပ်ဖဲကြိုးတစ်ချောင်းသည် အရိပ်မဲ့မီးအိမ်မှထွက်လာပြီး အရိုးဓားတစ်ဝိုက်ရှိအနာကိုဖြေးဖြေးချင်းပတ်သွားကာ တဖြည်းဖြည်းတင်းကျပ်သွားပြီး အရိပ်ထဲသို့ ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။


ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ဖဲကြိုးနက်သည် ဖုတ်ကောင်ကို အရိပ်ထဲမှ ဆွဲထုတ်လိုက်လေ၏။ ဖုတ်ကောင်၏ ချွန်ထက်သော အရိုးဓားသည် ၎င်းအား လုံးဝမဖြတ်နိုင်ပေ။


လူတိုင်း ရှုပ်ထွေးနေသည့်မျက်နှာများနှင့် : ...


“ဒါက Grimrose လား ”


လျှို့ဝှက်ဆန်းကြယ်သော ဖဲကြိုးနက်သည် ဖုတ်ကောင်ကို အရိပ်ထဲမှ ဖြေးဖြေးချင်းဆွဲထုတ်လိုက်သောအခါ ကျန့်ကျားဟယ်သည် တစ်ခုခုမှားနေကြောင်း ပထမဆုံးမြင်လိုက်ရသည်။


【TN: Grimrose က Plants vs Zombies ဂိမ်းထဲက အရိပ်အပင်တစ်ခုဖြစ်ပြီး သူ့လမ်းကြောထဲသို့ ရောက်ရှိလာတဲ့ ဖုတ်ကောင်တစ်ကောင်ကို ဆွဲချပြီး စွမ်းအားပြည့်သွားသောအခါ အဲ့ဒါက သက်တမ်းမကုန်မီ ဖုတ်ကောင်သုံးကောင်ကို ဖယ်ရှားပစ်နိုင်ပါတယ်တဲ့။ 】


ဖဲကြိုးအနက်သည် လုံးလုံး အနက်ရောင်မဟုတ်သလို ဖဲကြိုးလည်းမဟုတ်ခဲ့ချေ။ သို့သော် ခရမ်းရင့်ရောင်နှင့် ထိပ်ဖျားတွင်အစိမ်းရောင်အနည်းငယ်ရှိကာ ဂိမ်းအတွင်းရှိ Grim Primrose နှင့် ဆင်တူသည်ဟု ခံစားရသည်။


Grim Primrose သည် ဂိမ်းရှိအရိပ်လိုင်းအပင်ဖြစ်သည်။ ၎င်းသည် အရိပ်ထဲတွင်ဝှက်ထားသောလူသတ်သမားဖြစ်သည်။ ၎င်းသည်တည့်တည့်အကွာအဝေးတွင်ချဉ်းကပ်လာသောရန်သူကိုသတ်ပစ်နိုင်သည်။ တိုက်ခိုက်မှုနည်းလမ်းသည်ယခုပြသထားသည့်အတိုင်းဖြစ်ပြီး ၎င်းသည်ခရမ်းရောင်အမြစ်ကိုဆန့်ထုတ်၍ ရန်သူကို မသေမချင်းချည်နှောင်ထားသည်။ 


“ဟုတ်တယ်၊ ဒါက Grim Primrose ပဲ”


အခုအချိန်၌ စုရွေ့ကျယ်သည် မီးခွက်ကိုချည်ဖို့ ကြိုးကိုအသုံးပြုခဲ့ပြီး Grim Primrose ကို အံ့အားသင့်စရာကောင်းသည့် တိုက်ခိုက်မှုအတွက် အထူးထည့်သွင်းထားခဲ့လေသည်။ ဂိမ်းထဲတွင် Grim Primroseသည် တစ်ချက်ထိတာနှင့် သတ်နိုင်သော်လည်း ၎င်းသည် သာမာန်ဖုတ်ကောင်နှင့်သာ သက်ဆိုင်လေသည်။ ဤအစွမ်းထက်သည့် အဆင့်သုံး ဖုတ်ကောင်အတွက်မူ ၎င်းကို တစ်နေရာတည်းမှာသာ ချည်ထားနိုင်လေသည်။


စုရွေ့ကျယ်သည် အဆင့်လေးစွမ်းအားရှင်တစ်ဦးလည်းဖြစ်ပြီး၊ သူ့စွမ်းရည်နှင့်အတူ grim primrose သည် အလွန်ခံနိုင်ရည်ရှိလာကာ အဆင့်သုံးဖုတ်ကောင်များကို ၎င်း၏ချိတ်များမှ လွတ်မြောက်အောင် မချိုးဖျက်နိုင်အောင်လုပ်ထားလေသည်။ ၎င်းသည် သူ့စွမ်းရည်တွင် ဖုံးကွယ်ထားရန်အတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လေသည်။


သို့သော် စုရွေ့ကျယ်သည် စွမ်အားကိုထပ်တိုးမြှင့်ရန် မဆုံးဖြတ်ခဲ့ဘဲ grim primrose ကို အသုံးပြု၍ ဖုတ်ကောင်၏ခန္ဓာကိုယ်အများစုကို အရိပ်ထဲမှ ဆွဲထုတ်ခဲ့သည်။


“တိုက်ခိုက် ”


ကျန့်ယွင်သည် ထိုအချိန်တွင် ဖုတ်ကောင်ကို မတိုက်ခိုက်နိုင်ခဲ့ဘဲ 'အရိပ်မဲ့မီးအိမ်' ကို သူ့အစွမ်းဖြင့် ထိုနေရာတွင် ထိန်းထားရန် လိုအပ်သောကြောင့် ဖြစ်လေသည်။ သူ့အနေဖြင့် အခြားသူများကို တိုက်ခိုက်ရန်သာ သတိပေးနိုင်သည်။


သူတို့အားလုံး တုန့်ဆိုင်းမနေကြချေ။ မီးဘောလုံး၊ လေဓါး၊ မိုးကြိုးနှင့် ရေခဲမြှားတို့က ဖုတ်ကောင်ကို တိုက်ခိုက်ခဲ့သည်။ ဖုတ်ကောင်သည် Grimroseမှတင်းကျပ်စွာချည်နှောင်ထားခြင်းခံရပြီး အရိပ်ဆီသို့ ပြန်မလွတ်နိုင်ဘဲ ရိုက်နှက်မှုကိုသာ ခံရလေသည်။


သို့သော်လည်း ဖုတ်ကောင်အရိုးစုသည် အလွန်မာကျောပုံရလေသည်။ အဖွဲ့၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများအောက်တွင် အရိုးပေါ်၌ အက်ကြောင်းအနည်းငယ်သာ ပေါ်လာခဲ့ပြီး အထူးသဖြင့် ၎င်း၏ဦးခေါင်းသည် အလွန်မာကျောလေသည်။


အဖွဲ့တစ်ဖွဲ့လုံး၏ တိုက်ခိုက်မှုအောက်တွင် ဦးခေါင်းခွံသည် အနည်းငယ်သာကွဲသွားကာ ၎င်း၏ ဦးနှောက်ကို လုံးဝမထိခိုက်စေနိုင်ခဲ့ချေ။ ၎င်းသည် ရှားပါးသော စွမ်းရည်နှစ်မျိုးနှင့် ဖုတ်ကောင်ဖြစ်ပုံရပြီး ၎င်းသည် အရိပ်ကိုဖုံးကွယ်ထားနိုင်ရုံသာမက အရိုးများကို သန်မာစေနိုင်သောစွမ်းရည်လည်း ရှိလေသည်။


“ငါလုပ်ပါရစေ ”


ကျန့်ယွင်သည် သူ့စွမ်းရည်ကို ရုတ်တရက်ပြန်ယူလိုက်ပြီး မျက်နှာကျက်မှ အရိပ်မဲ့မီးခွက်ကို ပြန်ယူလိုက်လေသည်။ ထို့နောက် ဖုတ်ကောင်ကို Grem primroseမှ ဆွဲချလိုက်လေသည်။


အရိပ်မဲ့မီးအိမ်၏အလင်းရောင်မရှိဘဲ ဖုတ်ကောင်သည် မြေပြင်ကိုထိလိုက်သည်နှင့် ချက်ချင်းပင် အရိပ်ဆီသို့ ပြန်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း Grim primrose၏ အကွေ့အကောက်များသည် ၎င်း၏အရှိန်ကို နှောင့်နှေးစေခဲ့သည်။


Grim primroseနှင့် တိုက်ခိုက်နေချိန်၌ ကျန့်ယွင်သည် ဖုတ်ကောင်ရှေ့က ခြေလှမ်းနှစ်လှမ်း လှမ်းသွားလိုက်ပြီး ငုံ့ကာ ဖုတ်ကောင်ရဲ့ ဦးခေါင်းနောက်ကို ဆုပ်ကိုင်လိုက်၏။ လူများ မမြင်နိုင်သည့်ထောင့်မှ တိုက်စားခြင်းစွမ်းအားကို ထုတ်လိုက်လေသည် ။


【TN : ကိုကိုကျန့်ယွင်က စွမ်းရည်နှစ်မျိုးရှိတာ မေ့နေကြပြီလား။ တိုက်စားခြင်းစွမ်းရည်နဲ့ မြေဆွဲအားစွမ်းရည်နော်။ သူတို့ မြေဆွဲအားကိုပဲထုတ်ပြမယ်လို့ အစကတည်းက လျိုထားခဲ့ကြတာလေ။ 】


ဖုတ်ကောင်သည် သေခြင်းတရား၏အန္တရာယ်ကို ခံစားလိုက်ရပုံရကာ ပြင်းပြင်းထန်ထန် အော်ဟစ်ရုန်းကန်နေလေကာ Grim primrose သည် ၎င်းကိုချုပ်မထားနိုင်လုနီးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည် တစ်ချိန်တည်းမှာပင် သူတို့၏စွမ်းရည်ကို တိုးမြင့်လိုက်ကြပြီး ဤဖုတ်ကောင်ကို ထွက်ပြေးရန် ခွင့်မပြုခဲ့ချေ။


မပျက်စီးနိုင်သော ဖုတ်ကောင်များ၏ အရိုးစုသည် နောက်ဆုံး၌ ဆွေးမြေ့သွားပြီး ကျန့်ယွင်၏ တိုက်စားနိုင်စွမ်းကြောင့် ကြွပ်ဆတ်လာခဲ့ကာ ဦးခေါင်းခွံသည် ကျန့်ယွင်ထံမှ ကြိတ်ချေခံလိုက်ရလေသည်။


၎င်းကို မည်သူကမှ မအံ့ဩခဲ့ကြချေ။ ကျန့်ယွင်တွင် တိုက်စားနိုင်သည့် အစွမ်းရှိသည်ဆိုသည်ကို သိသည့်သူများသည် ဘာဖြစ်သွားသည်ကို သဘာ၀ အတိုင်းသိခဲ့ကြလေသည်။


မသိသည့်သူများလည်း ကျန့်ယွင်သည် ဆွဲငင်အားကိုသုံးခဲ့ခြင်းဟု တွေးခဲ့ကြကာ သိပ်စဉ်းစားမနေခဲ့ကြ‌ချေ။


ဖုတ်ကောင်၏ဦးနှောက်သည် ပုပ်သိုးနေသောအနံ့နှင့်အတူ ထွက်ကျလာပြီး အရောင်သည် အလွန်ရွံရှာဖွယ်ကောင်းလေသည်။ ကျန့်ယွင် ၎င်းကို အကြင်နာမဲ့စွာကြေမွသွားစေပြီး ဦးနှောက်ထဲတွင် ရစ်ပတ်ထားသော လိ‌မ္မော်ရောင်အမြုတေကို ဖော်ထုတ်ခဲ့သည်။


ကျန့်ယွင်သည် အမြုတေကိုကောက်ယူလိုက်ပြီး စုန့်ချန်ရှုအား ပေးလိုက်လေသည်။ စုန့်ချန်ရှု၏ စွမ်းအားသည် အဆင့်သုံးနှင့် နီးကပ်နေပြီ ဖြစ်သည်။ သူသည် ဤအမြုတေကို အသုံးပြုရန် သင့်တော်သည်။


နောက်ဆုံး၌ အန္တရာယ်ရှိသော ဖုတ်ကောင်ကို ဖြေရှင်းနိုင်ခဲ့သည်။ တစ်ချိန်တည်း၌ လူတိုင်း စိတ်သက်သာရာရသွားကြသည်။ စုရွေ့ကျယ်၏စွမ်းအားသည် အဆင့်လေးသို့မချိုးဖောက်ခဲ့ဘဲ Grim primroseကိုသာ မဖန်တီးနိုင်ခဲ့ပါက သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖုတ်ကောင်၏လက်များထဲတွင် သေဆုံးသွားနိုင်လေသည်။


စုရွေ့ကျယ်သည် ကြည်လင်သောအမြုတေနှစ်လုံးကို ထုတ်၍ မျိုချလိုက်သည်။ ထို့နောက် သူ၏ သုံးစွဲကုန်လုနီးပါး စွမ်းရည်များသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။ သူသည် တည်ငြိမ်သွားကာ ကားကို နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။ ထို့နောက် ကြိုးပြတ်နေသော ဘွတ်ဖိနပ်များကို လွှင့်ပစ်ကာ နှင်းဘွတ်ဖိနပ်တစ်ရံနှင့် အစားထိုးလိုက်သည်။ အဖွဲ့သည် နောက်တဖန် အနောက်ဘက်ရှိ စက်ရုံအဆောက်အဦးဆီသို့ လျှောက်သွားကြလေသည်။


“မင်း အဆင်ပြေရဲ့လား ”


ကျန့်ယွင်သည် စုရွေ့ကျယ်၏နံဘေးကို သွားပြီး သူ၏ဖြူဖျော့နေသည့်မျက်နှာကို စိုက်ကြည့်နေလေသည်။


“ကျွန်တော် အဆင်ပြေပါတယ်”


စုရွေ့ကျယ်သည် သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ ပြုံးပြလိုက်ပြီး လူအုပ်နောက်မှ ရှေ့သို့ဆက်လျှောက်သွားလေသည်။


ကျောက်ပင်းသည် လက်ချင်းချိတ်ထားသည့် လူနှစ်ယောက်ကို မတော်တဆတွေ့လိုက်ရပြီး သူ့မျက်လုံးများကို ချက်ခြင်းလွှဲလိုက်လေ၏။ သူသည် ရှက်ကိုးရှက်ကန်းနှင့် ပြောစရာစကားမဲ့သွားလေ၏။ သူတို့သည် သူတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ပြသဖို့ မမေ့ခဲ့ကြချေ။


စင်္ကြံသည် မီတာငါးခြောက်ရာခန့်ရှည်လျားပြီး မျက်နှာကျက်ကို ပလပ်စတစ်ဖြင့်ပြုလုပ်ထားသည်။ ဤအချိန်တွင် နေရာများစွာတွင် ရေခဲများနှင့် ဆီးနှင်းများကြောင့် ကျိုးကြေမွသွားခဲ့ကာ အေးစက်သောလေသည် ကျိုးပဲ့နေသည့်နေရာမှဖြတ်သန်းဝင်ရောက်လာကာ လူတိုင်းအား ထိုးဖောက်လာသည့်အအေးဒဏ်ကို ခံစားရစေသည်။


လူတိုင်းသည် အရှိန်မြှင့်လိုက်ကြပြီး စင်္ကြံလမ်းကိုဖြတ်ကာ နောက်ဆုံး၌ စက်ရုံနောက်ဘက်သို့ ရောက်လာကြလေသည်။


စက်ရုံတံခါးကို ပိတ်ထားပြီး ဓာတ်အားမရှိပါက မဖွင့်နိုင်ချေ။ သူတို့အနေဖြင့် ဟာကျူလီကျန့်ကျားဟယ်ကိုသာ ထွက်လာခိုင်းပြီး ပြင်းပြင်းထန်ထန် ချိုးဖျက်ခိုင်းရုံသာရှိတော့သည်။ 


တံခါးဝမှ ဝင်လိုက်သည်နှင့် အလောင်းအများအပြား မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။ တကယ်တမ်း သူတို့သည် အလောင်းအများအပြားကို တလမ်းလုံးတွေ့ခဲ့ရပြီး အံ့သြစရာမရှိချေ။ သို့သော်လည်း ထိုအလောင်းများမှာ ယခင်ကနှင့်မတူခဲ့ချေ။


အဘယ်ကြောင့်ဆိုသော် ဤအလောင်းများသည် ဖုတ်ကောင်များ၏ အလောင်းများဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းများကို နှစ်ပိုင်းခွဲခံထားရလေသည်။ ဒဏ်ရာများ၏ အစွန်းများသည် အလွန်သပ်ရပ်ပြီး ချွန်ထက်သော ကိရိယာများဖြင့် ခွဲသွားသည်မှာ သိသာထင်ရှားလှသည်။ ၎င်းတို့၏ ဦးနှောက်များအားလုံး ကြေမွသွားကာ ၎င်းတို့၏အမြုတေကို တူးထုတ်ထားပုံရလေသည်။


ကျန့်ယွင်သည် ယွီသုန်သုန်ကို သူ့စိတ်စွမ်းအားဖြင့် စက်ရုံကို ရှာဖွေရန် ချက်ချင်းပြောလိုက်လေသည်။ သူသည် မည်သည့်ဖုတ်ကောင်များနှင့် အသက်ရှင်သူများကို မခံစားခဲ့ရချေ။


မြေပြင်သည် ဖုန်မှုန့်များနှင့် ဖုံးလွှမ်းထားပြီး တံခါးကို ပိတ်ထားကာ ဘယ်သူမှ ဝင်လာသည့် အရိပ်အယောင်မရှိသောကြောင့် ဒီဖုတ်ကောင်တွေ ဘယ်လိုသေသွားတာလဲ။


ဤဖုတ်ကောင်များအားလုံးသည် နံရံပေါ်မှ ပြုတ်ကျပြီး ၎င်းတို့ ဝင်ရောက်စီးနင်းခံရပုံရသည်....


အရိပ်ကိုသုံးပြီး လွတ်လွတ်လပ်လပ် ပေါ်လာပြီး ပျောက်ကွယ်သွားနိုင်သည့် တတိယအဆင့် ဖုတ်ကောင်ကို တွေးလိုက်ပြီး လူတိုင်းသည် သူတို့၏နှလုံးသားထဲမှာ မှန်းဆချက်တချို့ရှိခဲ့ကြလေသည်။ ဤကဲ့သို့ကြီးမားသည့် စမ်းသပ်အဆောက်အဦးကြီးထဲတွင် အဆင့်သုံး ဖုတ်ကောင်တစ်ကောင်တည်းသာရှိသည်မှာ အံ့ဩစရာမဟုတ်ခဲ့ချေ။ ၎င်းတို့အားလုံးကို အတွင်း၌ပင် စားသုံးခံခဲ့ရလေသည်။


သို့သာ် R&D အခြေစိုက်စခန်းထဲတွင် သက်ရှိလူသားများ မရှိခြင်းအတွက် အံ့ဩစရာမဟုတ်ခဲ့ချေ။ ဤဖုတ်ကောင်များသည် ဗီဇကြောင့်တွန်းအားပေးခံရပြီး အချင်းချင်း သတ်ဖြတ်ကြသည်မှာ ပုံမှန်ပင်ဖြစ်လေသည်။


ဤနေရာတွင် ဖုတ်ကောင်များမရှိကာ သူတို့အား အလုပ်များစွာ သက်သာစေသည်။ သူတို့သည် နှင်းခရူဇာကို ရှာဖွေရန် အာရုံစိုက်နိုင်ကြလေသည်။



စာရေးသူမှာ ပြောစရာရှိပါတယ်။


~~ ဟေး ဟေး အဲဒါက စွမ်းရည်နှစ်ခုရှိတဲ့ ဖုတ်ကောင်ပဲ ~~ အရိပ်+အရိုးအကြော။ ဇာတ်ဆောင်ရှေ့မှာတော့ တကယ့်ကိုသနားစရာပဲ။ တကယ်ကို အားနည်းတယ်~~~


ကျန့်ယွင် : ငါ့မိန်းမကို ညှဉ်းဆဲဝံ့တယ်ပေါ့။ ငါ မင်းခေါင်းကို ကြိတ်ချေပစ်မယ်။


ရှောင်ကျယ် : ကော၊ ခင်ဗျား အရမ်းခန့်ငြားတာပဲ။


ကျန့်ယွင် : အချစ်လေး၊ မင်းအဆင်ပြေရဲ့လား။ 


ရှောင်ကျယ် : ကျွန်တော်အဆင်ပြေပါတယ် ( ရှက်ကိုးရှက်ကန်းနှင့်လက်များကို လိမ်နေ)


လူတိုင်း : ကန်းနေတဲ့ တစ်ကိုယ်တည်း ခွေးများ....


🍒🍒