အခန်း(၁၀၀)
Viewers 12k

အခန်း(၁၀၀)《 Snow Cruiser 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


နေရာ၏လုံခြုံရေးကို အတည်ပြုပြီးနောက် နှင်းခရူဇာကို စက်ရုံတစ်ဝိုက်သို့သွားကာရှာဖွေရန်အတွက် လူစုခွဲရန် စီစဉ်ထားခဲ့ကြသည်။ သူတို့ရှေ့သို့ဆက်သွားကြရုံသာရှိသေးစဉ် ကြီးမားသော ကားကြီးတစ်စီးကြောင့် အံ့သြသွားကြလေသည်။


ဧရာမကားကြီးသည် အဖြူရောင်နှင့် နှစ်မီတာခန့် မြင့်ပြီး၊ အနည်းဆုံး ကားသုံးစီးလောက်ရှည်ကာ သာမန်ကားထက် 1.5 ဆ ကျယ်ဝန်းလေသည်။ ၎င်းသည် ကြီးမားသောတာယာများပါရှိပြီး မျက်နှာပြင်ပေါ်တွင် လမ်းချော်ခြင်းကိုကာကွယ်ထားပြီး လမ်းကြောင်းများစွာကို လှည့်ပတ်နိုင်လေသည်။


“ဒါက နှင်းခရူဇာ မဟုတ်လား”


ကျန့်ကျားဟယ် အံ့သြစွာ မေးလိုက်သည်။


အမှန်ပင် နည်းပညာရှင်တစ်ယောက်ဖြစ်သည့်ဟန်လဲ့သည် စကားပြောပိုင်ခွင့်အရှိဆုံးဖြစ်သည်။ သူသည် သူ့ကျောပိုးအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ဂရုတစိုက်ထုတ်ကာ နှိုင်းယှဥ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။


“ဒါငါတို့ရှာနေတဲ့ကားပဲ“


ဤနှင်းခရူဇာသည် Mနိုင်ငံ မှပေးပို့သည့် အန္တာတိကသို့စေလွှတ်သော လေ့လာရေးခရီးတွင်အသုံးပြုခဲ့သည့် 1940ခုနှစ် နှောင်းပိုင်းမော်ဒယ်ကိုအခြေခံထားသော်လည်း ဤဗားရှင်းကိုမွမ်းမံထားခဲ့လေသည်။


မူလ အန္တာတိကနှင်းခရူဇာသည် ငါးမီတာအမြင့်၊ ခြောက်မီတာအနံ၊ ဆယ့်ခုနစ်မီတာရှည်လျားပြီး အလေးချိန် 3.4တန်ခန့်ရှိပြီး အမိုးပေါ်တွင်လောင်စာဆီတိုင်ကီတစ်ခု နှင့် လေယာဉ်ပျံဆင်းသက်ရန် နေရာတစ်ခုနှင့်ဖြစ်လေသည်။ ၎င်းသည် ထိုခေတ်၏ ကြီးမားသောတီထွင်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။


ထိုအချိန်တွင် Mနိုင်ငံ၏ လေ့လာရေးအဖွဲ့သည် ဘေးကင်းရေး၊ နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိသော လုပ်ဆောင်ချက်များကိုသာထည့်စဉ်းစားခဲ့ကြပြီး မူရင်းနှင်းခရူဇာကို ကြီးမားပြီး လှပစေရန် ဒီဇိုင်းထုတ်ခဲ့ကြသော်လည်း ၎င်း၏ ကြီးမားသောအရွယ်အစားနှင့် အလေးချိန်ကြောင့် အန္တာတိကတွင် ကြုံတွေ့ရနိုင်သည့် အဆင်မပြေမှုများကို လျစ်လျူရှုခဲ့ကြလေသည်။ ရလဒ်အနေဖြင့် M နိုင်ငံ၏ စူးစမ်းလေ့လာရေးအဖွဲ့သည် နှင်းထူထပ်စွာ ပိတ်မိနေသောကြောင့် နှင်းခရူဇာကြီးကို အန္တာတိကတွင် စွန့်ပစ်ထားခဲ့ကြလေသည်။


ဆယ်စုနှစ်များစွာကြာပြီးနောက် နိုင်ငံတကာသိပ္ပံသုတေသနအဖွဲ့မှ ၎င်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းကို ထပ်မံပြောင်းလဲခြင်းနှင့် ပြုပြင်ခြင်းအတွက် မြေတူးစက်တစ်ခုနှင့် တူးဖော်ဆယ်ယူခဲ့ကြလေသည်။ ထိုအချိန်က တရုတ်နိုင်ငံမှလည်း သိပ္ပံသုတေသနတွင် ပါဝင်ခဲ့ပြီး နှင်းခရူဇာ၏ ပုံဆွဲခြင်းကိုလည်း ရရှိခဲ့သည်။


Mနိုင်ငံသည် နည်းပညာစွမ်းအားဖြင့် ထိုက်တန်လေသည်။ မူလနှင်းခရူဇာတွင် အံ့သြဖွယ်ကောင်းပြီး ပညာသားပါသော ဒီဇိုင်းများစွာပါရှိခဲ့သည်။ ဥပမာအားဖြင့် အင်ဂျင်မှထုတ်ပေးသော အိတ်ဇောဓာတ်ငွေ့ကို ကားကိုအပူပေးရန်အတွက် အသုံးပြုနိုင်ပြီး၊ အင်ဂျင်အအေးပေးစနစ်ကိုလည်း အခန်းခန်းတစ်ခုစီတွင်အသုံးပြုထားပြီး စွမ်းအင်ချွေတာရန် နှင့် ၎င်းသည် အလွန်‌ အဆင်ပြေ သက်တောင့်သက်သာရှိစေသည်။ 


ကားကိုယ်ထည်သည် လုံလုံလောက်လောက် ရှည်လျားသောကြောင့် ခရူဇာကားသည် နှင်းထဲတွင် တွေ့ရလေ့ရှိသောအက်ကွဲကြောင်းအချို့ကို အလွယ်တကူဖြတ်ကျော်နိုင်လေသည်။ ဒီဇယ်-လျှပ်စစ် hybrid သည် လောင်စာဆီစားသုံးမှုကို လျှော့ချပေးနိုင်သည့် လျှပ်စစ်မော်တာအကူအညီဖြင့် လောင်စာလုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး မောင်းနှင်မှုစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေသည်ဟု ဆိုနိုင်သည်။


အင်ဂျင်အလုပ်မလုပ်သောအခါတွင် ကားတစ်စီးလုံးအတွက် ဓာတ်အားပေးစွမ်းနိုင်သော အပိုဓာတ်အားကို ဘက်ထရီထဲတွင်သိုလှောင်ထားသည်။


တရုတ်နည်းပညာအဖွဲ့အနေဖြင့် လုပ်ဆောင်ရမည့်အရာမှာ မူလနှင်းခရူဇာ၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၎င်း၏အားနည်းချက်များကို ဖယ်ရှားကာ တိုးတက်ကောင်းမွန်လာစေရန်ဖြစ်လေသည်။ နောက်ဆုံး၌ ခုနစ်နှစ်ကြာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးပြုလုပ်ပြီးနောက် တရုတ်နှင်းခရူဇာ၏ပထမမျိုးဆက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့လေသည်။


ကျန့်ယွင်၏ရှေ့ရှိ နှင်းခရူဇာသည် တတိယမျိုးဆက်ဖြစ်လေသည်။


နောက်ဆုံးထုတ် နှင်းခရူဇာသည် မူရင်းမော်ဒယ်၏ အရွယ်အစားထက် ထက်ဝက်မျှသာ ရှိပြီး ပိုမိုပေါ့ပါးလာသော်လည်း ၎င်း၏ စွမ်းဆောင်ရည်ကို အဆများစွာ မြှင့်တင်ထားပြီး မောင်းနှင်ခန်း၊ ရိုးရှင်းသောမီးဖိုချောင်၊ အိမ်သာ၊ သိုလှောင်ခန်း၊ စက်ခန်းနှင့် အနားယူခန်းပါဝင်လေသည်။


နှင်းမော်တော်ကား၏ ထိပ်တွင် လေးလံသော ကုန်ပစ္စည်းများ မနိုင်သည့်စက်နှင့် လေးလံသော သံမဏိပြားများ၊ လေး‌လံသောပစ္စည်းများသယ်နိုင်လေသည်။ နောက်ဆုံး၌ အန္တာတိကစူးစမ်းလေ့လာရေးတွင် ကိရိယာအများအပြားနှင့် ရိက္ခာပစ္စည်းအများအပြားလိုအပ်ကာ ဤယာဉ်ပေါ်တွင် တင်ဆောင်ရန် လိုအပ်လေသည်။


သူတို့စိတ်ကြိုက်လုပ်ထားသည့် နှင်းမော်တော်ကားကို သူတို့အလွန်ကျေနပ်ကြလေသည်။ သက်တောင့်သက်သာရှိပြီး ကြီးမားသည့်ကားကိုယ်ထည်သည် သူတို့ကို အလွယ်တကူတင်ဆောင်နိုင်ပြီး မာကြောပြီး ကြီးမားလှသည့်ကားကိုယ်ထည်သည် ထိုဖုတ်ကောင်များကို စိတ်ပူစရာမလိုဘဲ အလွယ်တကူ ကြိတ်ချေမှုန်းနိုင်ကာ၊ သန်မာသည့် စွမ်းအားနှင့် ပါးနပ်သည့်ဒီဇိုင်းကြောင့် သူတို့အား ရေခဲနဲ့ နှင်းများကြားတွင် အတားအဆီးမရှိနိုင်တော့ချေ။ ခေါင်မိုးရှိ ပစ္စည်းတင်နိုင်သည့် ဒီဇိုင်းသည် စုရွေ့ကျယ်၏ နေရာလွတ်စွမ်းရည်ကို ထုတ်ဖော်ပြသရန် စိတ်ပူစရာမလိုဘဲ အခြေစိုက်စခန်းတစ်ခုစီသို့ ပေးပို့ရန်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်နိုင်လေသည်။


ဗိုလ်ချုပ်ကြီးကျန်းသည် သူတို့ ကားကို အရင်ရဖို့ရန် ဒီနေရာသို့ လာခိုင်းခဲ့ခြင်းသည် အံ့သြစရာမရှိတော့ချေ။ သူသည် အမှန်တကယ်ကို အမြော်အမြင်ရှိလေသည်။


“ကျွန်တော် ဒီကားကို ပြုပြင်ဖို့ အချိန်နည်းနည်းလိုတယ်”


ဟန်လဲ့သည် နှင်းခရူဇာ၏စွမ်းဆောင်ရည်ကို စစ်ဆေးကြည့်လိုက်ပြီး အရာအားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးနောက် ကားပေါ်တွင် ပေါင်းစပ်ပြုပြင်မွမ်းမံရန် ဆုံးဖြတ်လိုက်ကြသည်။ ကားသည် ဟိုက်ဘရစ်ဖြစ်ပြီး လောင်စာများစွာ ချွေတာနိုင်သော်လည်း သူတို့သည် ဓါတ်ဆီများများစားစားမသယ်သွားခဲ့ကြချေ။ လမ်းတွင်ပြိုပျက်သွားနိုင်သည့် ဖြစ်နိုင်ခြေပြဿနာကို ရှောင်ရှားရန် ဟန်လဲ့သည် ဓာတ်အားစနစ်ကို ပြန်လည်ပြုပြင်ရန်နှင့် အရန်စွမ်းအင်အဖြစ် ဆိုလာမီးစက်နှစ်လုံးကို ထည့်ရန် ဆုံးဖြတ်ခဲ့သည်။


ဟန်လဲ့၏ ကိရိယာများအားလုံးကို စုရွေ့ကျယ်၏ နေရာလွတ်ထဲတွင်ထားခဲ့လေသည်။ ဗိုလ်ချုပ်ကြီးကျန်းသည် သူတို့နှစ်ဦးစလုံးကို သိကျွမ်းနေပြီဖြစ်ရာ စုရွေ့ကျယ်ကို သူထွက်မသွားခင် သုံးနိုင်သမျှ အရာအားလုံးကိုယူဆောင်သွားပေးရန် တောင်းဆိုခဲ့သည်။


“ပြဿနာမရှိပါဘူး။ အချိန်ယူပါ။ ငါတို့ ဟင်းချက်ဖို့ သွားလိုက်မယ်”

 

မည်သို့ပင်ဖြစ်စေ မှောင်နေပြီဖြစ်ကာ လမ်းပေါ်မတက်နိုင်ကြသဖြင့် ဒီနေရာတွင် တစ်ညတာနေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြသည်...


ဆောင်းရာသီတွင် ပူပူနွေးနွေးတစ်ခုခုကိုစားရန် ပိုကောင်းလေသည်။ စုရွေ့ကျယ်သည် ဟင်းချက်ပန်းကန်လုံးကြီးတစ်ခုကို နေရာလွတ်ထဲမှ ထုတ်ယူပြီး ဟော့ပေါ့တချို့ကို ချက်ပြုတ်ခဲ့သည်။


အခြေခံစွပ်ပြုတ်သည် အသင့်ရှိသောကြက်သားကို တိုက်ရိုက်သုံးထားပြီး ကြက်စွပ်ပြုတ်ကဲ့သို့ အရသာရှိစေ‌သည်။ အသင့်ပြုတ်ထားပြီးသော အသားနှင့်အသားလုံးများကို အစောပိုင်း၌ စူပါမားကတ်မှယူလာခဲ့ကြပြီး အာမခံနိုင်ရန်အတွက် ဂူထဲတွင် ထည့်ထားခဲ့သည်။ ယခုအခါ ၎င်းတို့သည် အေးခဲနေဆဲဖြစ်လေသည်။ စုန့်ချန်ရှုအား ၎င်းတို့ကို ရေနွေးထဲတွင် စိမ်ထား စေလိုက်သည်။


ဟင်းသီးဟင်းရွက်များကို နေရာလွတ်ထဲတွင် စိုက်ပျိုးထားသောကြောင့် ၎င်းတို့သည် အလွန်လတ်ဆတ်ပြီး အရာအားလုံးကို ဆေးကြောပြီးဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ အဖွဲ့ထဲတွင် ရွေ့လျားရေအရင်းအမြစ်ဖြစ်သည့် စုန့်ချန်ရှုလည်း ရှိနေသောကြောင့် စိတ်ပူစရာမလိုချေ။


သူတို့ချက်ပြုတ်ကြမည်ဟု မူလက ကြားလိုက်ပြီး ကျောက်ပင်းသည် သူအသုံးတည့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ.... သူစားသောက်ရန် ဘေးနားတွင်စောင့်ဆိုင်းနေရုံသာ ရှိသည့်ပုံရလေသည်။


သူတို့၏ ပန်းကန်လုံးများကိုကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဟော့ပေါ့နားတွင် စုဝိုင်းနေကြပြီး နွေးထွေးပြီး အရသာရှိသော ဟော့ပေါ့ကို စားသုံးကြ‌လေသည်။ ပြီးနောက်တွင် ကျန့်ကျားဟယ် နှင့် ကျန်းရှို့လျန်တို့သည် စောင့်ကြပ်ကြည့်ရှုနေခဲ့ကြပြီး အခြားသူများသည် အနားယူရန် ခရူဇာကားပေါ်သို့ တက်သွားခဲ့ကြသည်။


အနားယူအခန်း၏ပုံသဏ္ဍာန်သည် အမြန်ရထားလမ်း၏ဇလီဖားတုံးပုံသဏ္ဍာန်နှင့် အနည်းငယ်ဆင်တူ၏။ ၎င်းကို နှစ်ပိုင်းကန့်ထားကာ အပေါ်၊ အလယ်နှင့် အောက် အလွှာသုံးလွှာနှင့် လူခြောက်ဦးဆံ့လေသည်။ သိုလှောင်ခန်းသည် ယခုလောလောဆယ်တွင် ဘာမှမရှိဘဲ လွတ်နေလေသည်။ ကြမ်းပေါ်တွင် စောင်တစ်ထည်ခင်းပြီး လူလေးယောက် ကြမ်းပြင်ပေါ်တွင် လှဲအိပ်နိုင်လေသည်။


သူတို့တွင် စုစုပေါင်း 11 ယောက်သာရှိပြီး ယာဉ်မောင်းနှင့်တွဲဖက်ယာဉ်မောင်းများ၏ ထိုင်ခုံများနှင့်အတူ ကားထဲတွင် နေရာများစွာရှိလေသည်။


ဟန်လဲ့သည် ကားအပြင်ဘက်တွင် ပြေးလွှား‌နေကာ တက်လိုက်ဆင်းလိုက်ဖြင့် အလုပ်များနေလေသည်။ တစ်ညတာလုံးနီးပါး ဖြုန်းပြီးနောက် နောက်ဆုံးတွင် ကားကို ပြန်လည်ပြင်ဆင်ခဲ့လေသည်။ သူသည် ပါဝါစနစ်တွင် ဆိုလာစွမ်းအင်ထုတ်လုပ်သည့်ကိရိယာများကိုပါ ထည့်သွင်းခဲ့ရုံသာမက ကားကိုပိုမိုကျယ်ဝန်းပြီး သက်တောင့်သက်သာဖြစ်စေရန်အတွက် နူးညံ့သောအတွင်းခန်းအလှဆင်မှုအချို့ကိုလည်း ပြုလုပ်ခဲ့သည်။


အနီးနားရှိ ဖုတ်ကောင်များအားလုံးသည် တတိယအဆင့် ဖုတ်ကောင်၏ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ အဝေးမှ ဖုတ်ကောင်များသည် ချမ်းအေးပြီး လေထန်သော ရာသီဥတုကြောင့် သူတို့ကို အနံ့မခံနိုင်ချေ။ ဖုတ်ကောင်များ ပတ်ပတ်လည်တွင် လျှောက်သွားနေသော ဖုတ်ကောင်များ မရှိခဲ့ဘဲ သူတို့အား နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရစေခဲ့လေသည်။ 


နောက်နေ့ မနက်မိုးလင်းသည့်အခါ၌ ရိုးစင်းသည့်မနက်စာစားကြပြီးနောက် နှင်းခရူဇာကို စတင်မောင်းနှင်ကြကာ သုတေသနနှင့်ဖွံ့ဖြိုးရေးစခန်း၏ ဂိတ်ပေါက်မှ ထွက်လာခဲ့ကြလေသည်။


နောက်တစ်ခုကတော့ သူတို့အနေဖြင့် မြောက်ဘက်တလျှောက် မြေပုံအတိုင်းလိုက်သွားဖို့ပဲလိုတော့လေသည်။


နေ့ဘက်၌ လူတိုင်းလွတ်လပ်ကြသည့်အချိန်တွင် စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ သွားပြီး အစားအသောက်များစုပြီး အသီးအရွက်များသွားကောက်သိမ်းကြလေသည်။ သို့သော်လည်း သူတို့စုဆောင်းထားသည့်အရာများအားလုံးကို မဖယ်ထုတ်ကြနိုင်ကြချေ။ တလင်းပြင်နေရာမှာပင် စုထားကြရလေသည်။ ပစ္စည်းများ များပြားလွန်းသဖြင့် မလိုအပ်သောဒုက္ခများဖြစ်စေမည်ကို သူတို့ စိုးရိမ်ကြ၍ဖြစ်သည်။


ဗိုလ်ချုပ်ကြီးကျန်း ပြောကြားသည်မှာ အစားအစာ ပြတ်လပ်မှုကြောင့် ယခုအချိန်တွင် အပြင်ဘက်တွင် ပရမ်းပတာဖြစ်နေလေသည်။ အချို့လူများသည် သူတို့၏ကံကို စမ်းသပ်ရန်အတွက် လေများ နှင်းများထဲတွင် အခြေစိုက်စခန်းမှ ထွက်သွားကြလေသည်။ သူတို့သည် ပစ္စည်းများစုဆောင်းရုံသာမက လုယက်ရန်လည်း ထွက်သွားကြခြင်းဖြစ်လေသည်။ ထို့ကြောင့် သူတို့ သတိထားသင့်သည်။


နှင်းခရူဇာကားသည် အန္တာတိကလေ့လာရေးခရီးအတွက် အထူးထုတ်လုပ်ထားသည့်ကားဖြစ်လေသည်။ နှင်းထဲတွင်သွားလာရအလွန်လွယ်ကူပြီး ချောမွေ့ကောင်းမွန်လေ၏။ ကားအတွင်းပိုင်းအပူပေးစနစ်သည် အလွန်ကောင်းမွန်ကာ သူတို့သည် ပါးလွှာသောစောင်တစ်ခုနှင့်သာ အိပ်နိုင်လေသည်။


မီးဖိုချောင်ငယ်လေးသည် သူတို့ကို ရိုးရှင်းသော အစားအစာများ ချက်စားနိုင်စေပြီး အလွန်အဆင်ပြေသည်ဟု ဆိုနိုင်သည်။


နှင်းခရူဇာနှင့်အတူ သူတို့၏အရှိန်သည် အလွန်အရှိန်မြှင့်ခဲ့သည်။ S မြို့သည် မြို့တော်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး တောင်ပိုင်းအခြေစိုက်စခန်းသည် မြို့တော်၏အရှေ့တောင်ဘက်တွင် တည်ရှိသည်။ မြို့တော်အခြေစိုက်စခန်းသို့ အတတ်နိုင်ဆုံး အလျင်စလိုသွားရန် သူတို့သည် မျဉ်းဖြောင့်အတိုင်းသွားပါက သူတို့ပိုမြန်မြန်သွားနိုင်လေမည်။ ထို့ကြောင့် သူတို့သည် ဆန့်ကျင်ဘက်လမ်းကိုလိုက်ကာ သွားကြလေသည်။ ဦးတည်ရာလမ်းကိုကြည့်လိုက်ပြီး လင်းချန်အခြေစိုက်စခန်းကို ဖြတ်သွားပုံရလေသည်။


လင်းချန်အခြေစိုက်စခန်းသည် သေးငယ်သော စိုက်ပျိုးရေး ခရိုင်တစ်ခုဖြစ်ပြီး မြို့၏အရန်ဆန်စပါးများသည် ဤဆောင်းရာသီတွင် ရှင်သန်ရန် သူတို့အတွက် လုံလောက်သင့်သည်။ သို့သော်လည်း ဆန်စပါးအများစုကို ကင်းကောင်ရှစ်ယောက်ဟုခေါ်သည့်လူများမှ ထိန်းချုပ်ထားလေသည်။ သာမန်လူများကို ကျွေးမွေးမည်ဆိုသည်ကို မည်သူသိနိုင်ပါ့မလဲ...။


ယခု သူတို့ဖြတ်သွားပြီး အခြေအနေကို ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်ဆုံးအချိန်တွင် သူတို့သည် အလျင်လိုနေခဲ့ကြသည်။ ဤတစ်ကြိမ်တွင် လင်းရွေ့ကဲ့သို့သော ပျိုးပင်ကောင်းတစ်ပင်ကို ရှာတွေ့ပါက တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်ခေါ်သွားလျှင် ပိုကောင်းပေလိမ့်မည်။


ထိုအချိန်က ကျန့်ယွင်၏ အကြံအစည်သည် အမှန်တကယ် ရိုးရှင်းလှသည်။ လင်ချန်းသို့ သွားသောအခါတွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရမည်ဟု မထင်ခဲ့ကြပေ။


စာရေးသူတွင်ပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး】


ဖုတ်ကောင် : တချိန်လုံး ငါ့အရိပ်စွမ်းရည်နဲ့ ဖုတ်ကောင်တွေကို ခုတ်ထစ်ပြီးသတ်ခဲ့တာ။ အဓိကဇာတ်ဆောင်ကို မတွေ့မချင်း တစ်ခါမှ မလွဲဖူးဘူး...


စုရှောင်ကျယ် : ခွေးကောင်၊ မင်းငါ့ကိုနာကျင်စေတယ်။ ငါ့အရိပ်မဲ့မီးအိမ်နဲ့ grim primrose ကိုကြည့်လိုက်။


ဖုတ်ကောင် : ဖမ်းမိ၊ မကြောက်ဘူးကွ၊ ငါ့မှာ အစွမ်းနှစ်မျိုးရှိတယ်။


ကျန့်ရှောင်ယွင် : အိုး..တိုက်ဆိုင်လိုက်တာ။ ငါ့မှာလည်း အစွမ်းနှစ်မျိုးရှိတယ်။ ငါ့မိန်းမကို လုပ်ရဲတယ်ပေါ့။ မင်းကိုသတ်မှာမဟုတ်ဘူးလို့ တွေးကြည့်။


ကျန့်ကျားဟယ် : လောင်တ၊ အဲ့ဒါ သေသွားပြီလေ


ကျန့်ရှောင်ယွင် : ...အဲ့ဒါ တော်တော်လေး အထီးကျန်နေတယ်လို့ငါထင်တယ်၊ မင်းသူနဲ့အတူသွားနေလိုက် →_→


🍒🍒