အခန်း(၁၀၂)
Viewers 12k


အခန်း(၁၀၂)《 လင်းချန်အကျဉ်းထောင် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク



“အဓိပ္ပါယ်မရှိတဲ့ စကားမပြောနဲ့၊ မင်းတို့က လင်းချန်က ထွက်ပြေးလာတဲ့ တစ်ဖွဲ့တည်းလား။ ကျန်တဲ့သူတွေ ဘယ်ရောက်သွားလဲ ”


ကျန့်ယွင် အေးစက်စွာ မေးလိုက်၏။


ကျန့်ယွင်ထံမှ လည်ပင်းကို ဓားမြှောင်နှင့် ထောက်ခံထားရသည့်လူသည် ချက်ချင်း ရိုးရိုးသားသား ပြန်ဖြေလာလေ၏။


“မဟုတ်ဘူး...မဟုတ်ဘူး... တခြားသူတွေလည်း ရှိသေးတယ်.. သူတို့က အခြေစိုက်စခန်းခေါင်းဆောင်နောက် ထောင်ထဲကိုလိုက်သွားကြတယ်”


လင်းချန်အခြေစိုက်စခန်း၏ လောင်တသည် မူလက ထောင်မှထွက်ပြေးလာသော အကျဉ်းသားတစ်ဦးဖြစ်လေသည်။ မမျှော်လင့်ဘဲ လင်းချန်အခြေစိုက်စခန်း ပြိုကျပျက်စီးပြီးနောက် သူတို့သည် ပြန်ထွက်ပြေးခဲ့ကြလေသည်။ သို့သော်လည်း အချို့သော အတွေးတစ်ခုရှိလာခဲ့သည်။


နောက်ဆုံးမှာတော့ ထောင်သည် မြင့်မားသောအုတ်ရိုးများနှင့် သံဂိတ်တံခါးများရှိလေသည်။ ထောင်သည် အခြေစိုက်စခန်းထက် အများကြီး သေးငယ်ပြီး နေရာထိုင်ခင်းအခြေအနေသည် သိပ်မကောင်းသော်လည်း နောက်ဆုံး၌ ပုံ၍လုံခြုံပေသည်။


“ဒါဆို မင်းတို့က ဘာလို့မလိုက်သွားတာလဲ ”


ကျန့်ယွင် မျက်ခုံးပင့်ကာ မေးလိုက်သည်။


“ငါတို့...ငါတို့...”


ထိုလူသည် တုန်လှုပ်သွားလေ၏။


“ပြောစမ်း”


ကျန့်ယွင်သည် စိတ်မရှည်တော့‌ချေ။ အနည်းငယ် အားစိုက်ထုတ်လိုက်သည်နှင့် ဓားမြှောင်သည် ထိုလူ၏လည်ပင်းတွင် လှီးဖြတ်မိတာ သွေးထွက်လာ‌လေသည် ။


“အို့ အို့ ငါပြောပါ့မယ်။ ငါပြောပါ့မယ်” 


ထိုလူသည် နာကျင်စွာ အသက်ရှူထုတ်လိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြလာခဲ့လေသည်။


လွန်ခဲ့သော ရက်အနည်းငယ်က လင်းချန်အခြေစိုက်စခန်းသည် ရုတ်တရက် ဖုတ်ကောင်များ ဝိုင်းရံထားခြင်းခံခဲ့ရလေသည်။


ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်များ အများကြီးရှိခဲ့‌လေသည်။ လင်းချန်အခြေစိုက်စခန်း၏ လက်နက်များသည် မလုံလောက်ခဲ့ချေ။


စွမ်းအားရှင်အချို့ရှိသော်လည်း နောက်ဆုံး၌ သူတို့သည် သာမန်လူများနှင့်မတူကြချေ။ သူတို့သည် အခြေစိုက်စခန်းတွင် ရေပန်းစားပြီး ဂရုတစိုက်ဆက်ဆံခံကြရ၏သည်။


သူတို့၏ တိုက်ခိုက်ရေးထိရောက်မှုမှာ အလွန်အားနည်းပြီး မကြာမီမှာပင် တိုက်ခိုက်မှုကို ဆက်၍ တောင့်မခံနိုင်ဖြစ်ခဲ့ကြလေသည်။


အခြေစိုက်စခန်းခေါင်းဆောင်သည် အခြေအနေကို အချိန်အတော်ကြာ အကောင်းဘက်တွင်မရှိကြောင်း တွေ့သောအခါ ပစ္စည်းများကို သိမ်းဆည်းပြီး ပစ္စည်းရိက္ခာအများအပြားနှင့်အတူ အခြေစိုက်စခန်း၏မှ အလျင်အမြန်ထွက်ခွာသွားရန်နှင့် ခုခံနိုင်စွမ်းမရှိသော သက်ကြီးရွယ်အိုများ၊ အားနည်းသော အမျိုးသမီးများနှင့် ကလေးငယ်များအားလုံးကိုဖုတ်ကောင်များအား ဆွဲဆောင်ရန် ငါးစာအဖြစ် ထားခဲ့ကြရန် အမိန့်ပေးခဲ့လေသည်။


ဤရွာထဲ၌ ပုန်းနေသည့်လူများသည် သာမန်လူများဖြစ်ကြသော်လည်း သန်မာကြဆဲဖြစ်လေသည်။ သူတို့သည် ကင်းကောင်ရှစ်‌ယောက်နောက်သို့ လိုက်လေ့ရှိကြသည်။ အဆုံးမှာတော့ စွမ်းအားရှင်အားလုံးသည် သူတို့၏လူများကို လိုအပ်နေသေးဆဲဖြစ်လေသည်။ ထို့ကြောင့် ကင်းကောင်ရှစ်ယောက်သည် လူများနှင့်အတူထွက်ပြေးသွားကြသောအခါ သူတို့ကိုလည်း သူတို့နှင့်အတူ ခေါ်သွားခဲ့ပြီး ထရပ်ကားတစ်စီး ပေးခဲ့လေသည်။


ထိုအချိန်တုန်းက အခြေအနေသည် တော်တော်လေးကို ဖရိုဖရဲဖြစ်နေခဲ့လေသည်။ နေရာတကာ၌ ဖုတ်ကောင်များရှိပြီး လူများသည် အော်ဟစ်ပြေးလွှားနေကြလေသည်။ ထိုအချိန်က ဒီလူသည် ကားမောင်းရန်တာ၀န်ကျခဲ့လေသည်။ သူတို့ကားများသည် အခြေစိုက်စခန်းနှင့် တော်တော်ဝေးကွာပြီး ဖုတ်ကောင်များ အများအပြားသည် သူတို့နောက်သို့ လိုက်နေကြလေသည်။ သူသည် သူ့ရှေ့မှာပင် လူတချို့ကို ကားပေါ်မှ တွန်းချခံရသည်ကို သူ့မျက်လုံးများနှင့် မြင်တွေ့ခဲ့ရလေသည်။ စွမ်းအားရှင်များသည် လွတ်မြောက်ရန်အတွက် ကားပေါ်တွင်လိုက်လာသည့် သာမန်လူများကိုတောင် ငါးစာအဖြစ် တွန်းချခဲ့ကြလေသည်။


ကားထဲမှ တွန်းချခံရသည့်လူကို အစားအစာအဖြစ် ဝေငှဖို့ ဖုတ်ကောင်များ ဝိုင်းရံနေခြင်းကို သူ့မျက်လုံးများနှင့် မြင်တွေ့ခဲ့ရလေသည်။ ကားထဲရှိလူများ၏ ထိခိုက်မှုကို စိတ်ကူးကြည့်နိုင်သည်။ 


ကင်းကောင်ရှစ်ယောက်သည် လူကောင်းများမဟုတ်ကြောင်း သူတို့လည်းမြင်နိုင်လေသည်။ သူတို့သာ သူတို့နောက်သို့ ဆက်လိုက်မည်ဆိုပါက သူတို့သည် နောက်သားကောင်ဖြစ်သွားမလားဆိုသည်ကို မည်သူသိနိုင်ပါမည်နည်း။ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူတို့သည် စတီယာရင်ကို လှည့်ပြီး နောက်မကျသေးခင် ကားကို တစ်ဖက်ဦးတည်ရာဘက်သို့ မောင်းသွားခဲ့ကြလေသည်။


ရလဒ်အနေဖြင့် သူတို့ရှေ့တွင် ဖုတ်ကောင်များ အလွန်များလွန်းသောကြောင့် သူတို့ရှေ့ရှိကားများသည် အောင်မြင်စွာထွက်ပြေးနိုင်ခဲ့သော ကားတစ်စင်းကို ရှာတွေ့ဖို့ အလုပ်ရှုပ်လွန်းနေခဲ့လေသည်။


ကားပေါ်ရှိတချို့လူများသည် ဤရွာမှ သူတို့နှင့်လိုက်လာကြခြင်းဖြစ်လေသည်။ ရွာထဲတွင် မည်သူမှမရှိမှန်းသိကြပြီး သူတို့ဤနေရာသို့ရောက်လာခဲ့ကြလေသည်။ အေးခဲနေသော်လည်း အိမ်အောက်ခန်းသည် အပြင်ကထက် ပိုပူနွေးပေသည်။


နောက်ပိုင်း၌ ပြန့်ကျဲနေသော ဖုတ်ကောင်အချို့သည် ဤနေရာတွင် သူတို့၏အနံ့ကိုရှာဖွေရန် ရွာထဲသို့ရောက်လာကြသော်လည်း သူတို့သည် မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေကြသောကြောင့် ဖုတ်ကောင်များသည် ယင်ကောင်များကဲ့သို့ ရွာတစ်ဝိုက်တွင် လမ်းလျှောက်ရန်သာ ရွေးချယ်စရာရှိလေသည်။ သူတို့သည် အပြင်မထွက်ဝံ့ကြသောကြောင့် မြေအောက်ခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကားထဲတွင် စားစရာတချို့ရှိနေခဲ့သောကြောင့် ယခုချိန်ထိ အသက်ရှင်နေခဲ့ကြလေသည်။


သို့သော်လည်း အစားအသောက်များ စားကုန်ခါနီးနေပြီ‌ဖြစ်ကာ တယောက်ယောက် လာနေသည်ကို သူတို့ကြားလိုက်ကြသောအခါ သူတို့သည် အိမ်အောက်ခန်းထဲတွင် ပုန်းပြီး အပြင်ဘက် အခြေအနေကို တိတ်တဆိတ်ခိုးကြည့်နေခဲ့လေသည်။ သူတို့သည် နွေးထွေးသည့်ပုံနှင့် ကြည့်ကောင်းနေသည့် ကျန့်ယွင်ကို မြင်လိုက်ကြရသောအခါ ပထမဆုံးတစ်ချက်မှာပင် သူတို့သည် ဒုက္ခသိပ်မကြုံတွေ့ဖူးသည့် စွမ်းအားရှင်များဖြစ်ကြောင်း ပြောနိုင်လေကာ သူတို့အား လုယက်ချင်ခဲ့ကြလေသည်။


အဆုံးမှာတော့ သူတို့သည် ကင်းကောင်ရှစ်ယောက်၏လက်များအောက်တွင် အချိန်ကာလတစ်ခုကြာအောင် နေခဲ့ရလေသည်။ သူတို့လက်ထဲတွင် သေနတ်များစွာရှိသောကြောင့် သူတို့သည် ကြောက်ရွံ့ခြင်းလုံး၀မခံစားခဲ့ကြရချေ။ မည်မျှအစွမ်းထက်သည့် စွမ်းအားရှင်ဖြစ်နေပါစေ သူတို့သည် သေနတ်ကို မတားနိုင်ပေ။


သို့သော် ဘယ်သူသိမလဲ... ဤစွမ်းအားရှင်များသည်... အလွန်သဘာဝမကျချေ...။


ကျန့်ယွင်သည် ယခင်သူမြင်ခဲ့ဖူးသော မြေပုံကို ပြန်တွေးလိုက်သည်။ လင်းချန်အကျဉ်းထောင်၏ တည်နေရာသည် တစ်ဖက်သတ်လမ်းကြောင်းတစ်ခုဖြစ်ပြီး သူတို့သတ်မှတ်ထားသောလမ်းကြောင်းအရ သူတို့သည် ထိုနေရာသို့မဖြတ်သန်းနိုင်ချေ။


“သွားကြစို့”


ကျန့်ယွင်သည် ထိုလူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ပြန်လှည့်ပြီး နှင်းခရူဇာဆီသို့ လျှောက်သွားလေသည်။


ထိုလူသည် မြေပြင်ပေါ်သို့ ရက်စက်စွာ ပစ်လှဲချခံခဲ့ရသော်လည်း စကားတစ်ခွန်းမှ မပြောဝံ့ပေ။ သူနို့အတွက် လမ်းဖယ်ပေးရန် တစ်ဖက်သို့ လိမ့်လိုက်လေသည်။


“ကျန့်ကော၊ ငါတို့ ထွက်သွားတော့မှာလား ”


ကျန့်ကျားဟယ်သည် အသံတိုးတိုးဖြင့် မေးလိုက်သည်။


“ဟုတ်တယ်၊ ဘာလို့လဲ။ ဒီဓားပြတွေကို မင်းနဲ့အတူ ခေါ်သွားချင်တာလား ”


ကျန့်ယွင်သည် သူ့ကို စိုက်ကြည့်လိုက်၏။


ကျန့်ကျားဟယ်သည် ဤလူများ သူတို့အား ပြင်းထန်ရက်စက်စွာ ပစ်ခတ်ကြသည့်အချိန်ကို ပြန်သတိရပြီး သူ ချက်ချင်း ခေါင်းယမ်းလိုက်သည်။


ကျန့်ယွင်သည် သူ့စိတ်များ ပြန်ကြည်လင်လာသည်ကို မြင်သောအခါ သူသည် ရှေ့သို့ဆက်လျှောက်သွားကာ အခြားလူများသည် သူ့နောက်မှ ချက်ချင်း လိုက်သွားကြလေသည်။


သို့သော်လည်း ဤအချိန်တွင် ရုတ်တရက် သူတို့သည် အသံသေးသေးလေးတစ်ခု ဘယ်ကလာမှန်းမသိလိုက်ကြချေ။


“ကူညီပါ၊ ကူညီပါ....”


ကျန့်ယွင်၏အဖွဲ့မှလူများအားလုံးသည် ချက်ချင်း ရပ်တန့်သွားကြလေ၏။ အသံသည် အလွန်ပေါ့ပါးသော်လည်း သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ကြပြီး အာရုံငါးပါးသည် အနည်းငယ်မြှင့်တင်ထားသောကြောင့် အားလုံးသည် အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ကြရသည်။


သူတို့သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အော်သံ ဘယ်ကလာသလဲဆိုသည်ကို ရှာဖို့ကြိုးစားကြလေသည်။ ၎င်းသည် အမျိုးသမီးတစ်ယောက်၏ အသံနှင့်တူပြီး အားနည်းနေခဲ့လေသည်။


ထိုအချိန်တွင် ချန်းချီသည် ပျာယာခတ်နေသည့်အကြည့်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မျက်နှာကို တစ်ချက်ချင်း သတိပြုမိလိုက်လေသည်။ တစ်ခုခုမှားနေပြီဆိုသည်ကို ချက်ချင်းသိလိုက်သောကြောင့် ထိုလူကိုကန်ရန် ရှေ့သို့လှမ်းတက်လိုက်ပြီး တစ်ဖက်လူ၏ရင်ဘတ်ကို နင်းလိုက်ကာ မိုးကြိုးဖြင့် ခြိမ်းခြောက်လိုက်ပြီး


“ဒီအသံကဘာအသံလဲ ပြီးတော့ ဘယ်ကထွက်လာတာလဲ”


ထိုလူ၏မျက်နှာသည် ဖြူဖျော့သွားကာ ကြောက်လန့်တကြားဖြင့် ရွာအဝင်ဝတွင်ရှိသော ရွာတစ်အိမ်သို့ ညွှန်ပြလိုက်သည်။


ချန်းချီသည် ဗလာကျင်းနှင့် ယိုယွင်းနေသော ရွာအိမ်ဟောင်းဆီသို့ လျှောက်သွားလိုက်သည်။ သူ အံ့အားသင့်သွားပြီး ရွာအိမ်အပြင်ဘက် မြေအောက်ခန်းသို့ ချက်ချင်းသွားခဲ့လေသည်။


အိမ်မြေအောက်ခန်းအဖုံးကို မကြည့်လိုက်သောအခါ သစ်သားလှေကားထစ်တွင် ဝတ်လစ်စလစ်ဖြင့် လှဲလျောင်းနေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။ သူမသည် သူမရှေ့တွင်ရပ်နေသည့် အမျိုးသားကို လှမ်းကြည့်ရင်း အားနည်းစွာပြောလာလေ၏။


 “ကူညီပါ, ကျွန်မကို ကူညီပါဦး....” 


ထို့နောက် အမျိုးသမီးသည် နောက်တစ်ကြိမ် မူးလဲသွားလေသည်။ ချန်းချီသည် ခေါင်းကို လှည့်ကာ အော်လိုက်၏။


“ဝူကျင်း၊ ချန်းကျောင်း၊ ဒီကို မြန်မြန်လာ ”


အခေါ်ခံရသည် ဝူကျင်းနှင့် ချန်းကျောင်းတို့သည် သူတို့မျက်နှာတွင် သံသယများရှိနေသော်လည်း မကြာခင်မှာ တစ်ခုခုကို သဘောပေါက်သွားပြီး မြေအောက်ခန်းဆီ အမြန်လျှောက်သွားလိုက်သည်ကြသည်။


ထိုလူများသည် အခုရက်ပိုင်းအတွင်း အိမ်အောက်ခန်းထဲမှာပင် စားသောက်ပြီး အိပ်ကြသောကြောင့် အိမ်အောက်ခန်းသည် အလွန်ညစ်ပတ်နေပြီး ရွံစရာကောင်းသည့် အနံ့များထွက်နေလေသည်။


ကံအားလျော်စွာဖြင့် ချန်းကျောင်းသည် လေစွမ်းအားရှင်တစ်ယောက်ဖြစ်ကာ လေပြင်းတိုက်ခတ်ပြီး အနံ့အသက်ဆိုးများကို အဝေးသို့တိုက်ထုတ်လိုက်လေသည်။ သူတို့သည် အမျိုးသမီးကို တွေ့လိုက်ကြသောအခါတွင် ဒေါသအမျက်ထွက်သွားကြလေသည်။ အမျိုးသမီးသည် အသက်သုံးဆယ်ခန့်ရှိပြီး ယခုအခါ သူမသည်နီရဲနေပြီဖြစ်သည်။


အဝတ်မပါသော သူမသည် အပြာရောင်နှင့် ခရမ်းရောင် ပွန်းပဲ့နေပြီး သူမ၏အောက်ပိုင်း ခန္ဓာကိုယ်မှာ ရှုပ်ပွနေလေသည်။ သူမ ဘာဖြစ်သွားသည်ကို မြင်နိုင်လေသည်...


“လာပါ၊ ရေနွေးနဲ့ စောင်တွေ ယူလာ ”


စုန့်ချန်ရှုနှင့်စုရွေ့ကျယ်တို့ ရှိနေပြီး ဤအရာနှစ်ခုကို ပြုလုပ်ရန် အလွန်လွယ်ကူကာ သူတို့အတွက် ပြဿနာမရှိချေ။ စုရွေ့ကျယ်သည် သန့်ရှင်းသော စောင်တစ်ထည်၊ သဘက်တစ်ခုနှင့် ရေစည်တစ်ခုကို နေရာလွတ်မှ တိုက်ရိုက်ထုတ်ယူလိုက်ပြီး စုန့်ချန်ရှုသည် ရေစည်ကို ရေနွေးဖြည့်ရန် တာဝန်ယူလိုက်သည်။


စုရွေ့ကျယ်သည် ဤအရာများကို ပါးလွှာသောလေထုထဲမှ ထုတ်ယူလိုက်သည်ကို မြင်ပြီးနောက် မြေပြင်ပေါ်တွက် လဲကျနေသော လူများအားလုံးသည် လောဘကြီးသော မျက်လုံးများကို ပြသခဲ့ကြသော်လည်း မကြာမီ သူတို့ဖုံးအုပ်ခံလိုက်ကြရလေသည်။ ကျန့်ယွင်ထံမှ လည်ပင်းညှစ်ခံထားရသော လူတစ်ဦးတည်းကသာ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ကာ စိတ်ပျက်လက်ပျက်အကြည့်သာရှိတော့လေသည်။


သူသည် ထက်မြက်သော ယောက်ျားတစ်ယောက်ဖြစ်သည်။ ဤမျှလောက်များသော လူများရှေ့တွင် နေရာလွတ်စွမ်းအင်ကို မည်ကဲ့သို့ အလွယ်တကူ လိုချင်တပ်မက်နိုင်ပါသနည်း။ သူသည် ထိုအခိုက်အတန့်၌ စုရွေ့ကျယ်၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ပြီး ... ဒီတစ်ကြိမ်တော့ သူတို့အသက်ရှင်မနိုင်တော့မှာကို စိုးရိမ်မိလေ၏...။


ဝူကျင်းနှင့် ချန်းကျောင်းတို့သည် အခန်းတွင်းထဲမှ အမျိုးသမီးကို ဆွဲထုတ်လာခဲ့ကြကာ အမျိုးသမီးကို စောင်နှင့်ခြုံပြီး လွတ်နေသောရွာအိမ်ဟောင်းထဲသို့သယ်သွားကြလေသည်။ တံခါးကိုပိတ်ပြီးနောက် သူတို့သည် သူမ၏ခန္ဓာကိုယ်ကို တိုက်ချွတ်ဆေးကြောပေးကြလေသည်။ 


ချန်းချီတို့နှစ်ယောက်သည် အလုပ်လုပ်စရာမရှိကြတော့ချေ။ သူတို့သည် ကျန်အခန်းများ၏ မြေအောက်ခန်းများကို တစ်ခန်းပြီးတစ်ခန်း ရှာဖွေကြသည်။ ရလဒ်အနေဖြင့် အမျိုးသမီးခြောက်ဦးကို ရှာတွေ့ခဲ့ကြပြီး အသက်အကြီးဆုံးမှာ အသက်40 နှင့် အငယ်ဆုံးမှာ16 နှစ် သို့မဟုတ် 17 နှစ်သာရှိသေးကြောင်း သိရလေသည်။


သူတို့၏အသွင်အပြင်သည် ယခင်အမျိုးသမီးထက် များစွာသာလွန်ကောင်းမွန်ခြင်းမရှိခဲ့ဘဲ သူတို့အားလုံးသေလုမျောပါးဖြစ်ကာ ထိုအချိန်တွင် ရှုပ်ပွနေခဲ့လေသည်။


“တိရိစ္ဆာန်တွေ ”


စစ်သားတစ်ယောက်အနေနှင့် ကျောက်ပင်းသည် ဒီလိုအပြုအမူမျိုးကို အများဆုံး မထီမဲ့မြင်ပြုခဲ့လေသည်။ အခုအချိန်မှာတော့ သူသည် ဒေါသအရမ်းထွက်နေပြီး အံကြိတ်နေခဲ့သည်။


“လောင်ကျောက်၊ ကမ္ဘာမပျက်ခင်မှာ တစ်ယောက်ယောက်က ဓားပြတိုက်ပြီး မုဒိမ်းကျင့်ရင် သူတို့ကို ရာဇ၀တ်မှုတွေအတွက် အပြစ်ပေးရင် သေနတ်နဲ့ပစ်သတ်ဖို့ လုံလောက်ပါ့မလား ”


ကျန့်ယွင်သည် ကျောက်ပင်းကို ပုခုံးပုတ်လိုက်သည်။


“ဟုတ်တယ်၊ ဒီအကောင်တွေက တိရိစ္ဆာန်တွေ။ ဒီသောက်ကောင်တွေ ”


ကျောက်ပင်းသည် ကျန့်ယွင်၏အဓိပ္ပါယ်ကို နားလည်ပြီး ချက်ချင်းပြောလိုက်သည်။ စစ်သားများသည် အသက်ရှင်ကျန်ရစ်သူများကို ထိခိုက်နာကျင်အောင် မလုပ်နိုင်အောင် အခြေစိုက်စခန်းစည်းမျဉ်းများ ပြဌာန်းထားသော်လည်း လူအပေါ်ခွဲခြားသတ်မှတ်ထားလေသည်။ ဥပမာအားဖြင့် ဒီတိရိစ္ဆာန်များကို အခြေစိုက်စခန်း၏စည်းမျဥ်းစည်းကမ်းများသည် အကာအကွယ်မပေးချေ။


ကျန့်ယွင်သည် ခေါင်းညိတ်ကာ ချန်းချီကိုမျက်စပစ်လိုက်သည်။ ချန်းချီသည် တခစ်ခစ်ရယ်ကာ ထိုလူများဆီသို့ လျှောက်လှမ်းသွားလေသည်။ သူတို့သည် သင်ခန်းစာ ပြင်းပြင်းထန်ထန် သင်ကြားခံခဲ့ရသော်လည်း အများစုမှာ မလှုပ်နိုင်ကြချေ။


သူ့မျက်နှာမှာ မှုန်မှိုင်းသောအပြုံးနှင့် သူတို့ဆီလာနေသည်ကို မြင်ပြီး သနားခံဖို့တောင်းဆိုရမည်ကို ကြောက်ရွံ့နေကြလေသည်။ တချို့လူများသည် သေးထွက်ကျသည်အထိ ကြောက်ရွံ့နေကြသော်လည်း မကြာခင်မှာပင် လှုပ်ရှားမှုမရှိကြတော့ချေ။


ချန်းချီသည် စစ်တပ်မိသားစုတွင် မွေးဖွားခဲ့ပြီး စစ်စခန်းတစ်ခုတွင် ကြီးပြင်းလာသူဖြစ်သည်။ သူသည် စစ်တပ်တွင်လည်း အမှုထမ်းခဲ့သည်။ သူ့လက်များသည် သွေးများစွန်းနေပြီး ဤတိရိစ္ဆာန်မျိုးကို မည်သည့်အခါမျှ သနားလိမ့်မည်မဟုတ်ချေ။


“အားကျန့်၊ ဒီလူတွေကို... ငါတို့ဘာလုပ်ရမလဲ”


စုန့်ချန်ရှု မေးလာလေ၏။ အမျိုးသမီးခုနစ်ယောက်ကို ကယ်တင်ပြီး‌နောက် သူတို့ချည်း ထားခဲ့၍ရပါ့မလား။


“ရှောင်ကျယ်ကို ကားတစ်စီးထုတ်ခိုင်းလိုက်ကြစို့။ မင်းနဲ့ ကျန်းရှို့လျန်က ‌ကားမောင်းဖို့တာ၀န်ယူ။ လင်းချန်ထောင်ကို သွားရအောင်”


ကျန့်ယွင် ပြောလိုက်သည်။


ထိုအမျိုးသမီးများကို တစ်ယောက်တည်း ထားခဲ့ဖို့ မဖြစ်နိုင်ပါချေ။ သူတို့၏ လက်ရှိအခြေအနေတွင် သူတို့အား ကောင်းကောင်း ဂရုမစိုက်ပါက သူတို့အနာဂါတ်တွင် အသက်ရှင်သန်နိုင်ကြမည်မဟုတ်ချေ။


သူတို့လမ်းတွင်မဟုတ်သောကြောင့် ကျန့်ယွင်သည် မူလက သူတို့ပြန်လာသည့်အချိန်မှသာ လင်းချန်အကျဉ်းထောင်သို့ တစ်ချက်သွားကြည့်ဖို့ စီစဉ်ထားခဲ့လေသည်။ သို့သော် အထူးခရီးထွက်ဖို့ လိုအပ်နေပြီဟု ထင်ရလေသည်။


ကင်းကောင်ရှစ်ယောက် လက်အောက်ရှိ သာမန်လူများသည် မကွာခြားချေ။ ကင်းကောင်ရှစ်ယောက်နှင့် သူတို့အနိုင်ရခဲ့သည့် စွမ်းအားရှင်အုပ်စုသည် တခြားသူများထက် ပိုကောင်းကောင်းဆက်ဆံခံရမည် စိုးရိမ်မိသည်။ လင်းချန်အကျဉ်းထောင်ထဲရှိ အသက်ရှင်ကျန်ရစ်သူများသည် သေသည်ထက် ပိုဆိုးသည့်ဘဝတွင် နေထိုင်နေရနိုင်သည်။


🍒🍒