အခန်း(၁၀၄)
Viewers 12k


အခန်း(၁၀၄)《 ထောင်တွင်းထိတ်လန့်ဖွယ်ရာများ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လူအနည်းငယ်သည် အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ကြပြီး ထိုင်ချလိုက်ကြသည်။ ကျန့်ကျားဟယ်သည် ကျန့်ယွင်ဆီသို့ ရောက်လာပြီး တီးတိုးပြောလာလေ၏။


“ကျန့်ကော၊ ဒီမှာ ထူးဆန်းတာတစ်ခုခု သတိထားမိပြီလား”


ကျန့်ယွင်သည် သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ “ အို့ မင်းက ထက်မြက်တဲ့ တစ်ယောက်တည်းသောသူပဲမဟုတ်ဘူးလား ”


“လောင်တက လောင်တပါပဲ ဟီးဟီး....”


ကျန့်ကျားဟယ်သည် ချက်ချင်းပင် လည်ပင်းကိုပုလိုက်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်လေ၏။


“ချန်းချီ၊ ဝူကျင်းနဲ့သွား လူလဲပြီး ငါတို့ကားကိုစောင့်ကြည့်”


ဝူကျင်း၏ စွမ်းရည်သည် တိတ်တဆိတ် စူးစမ်းလေ့လာဖို့ အလွန်သင့်တော်လေသည်။ ချန်းချီ၊ စုန့်ချန်ရှုနှင့်။ ကျန်းရှို့လျန်တို့သည် ကားကိုစောင့်ကြည့်နေမည်ဖြစ်ကာ သူတို့ကား၏လုံခြုံရေးကို စိတ်ပူစရာမလိုချေ။


“ကောင်းပြီ”


ချန်းချီသည် သူ့အဝတ်များကို ပွတ်သပ်ပုတ်ခါပြီး အခန်းထဲမှ ချက်ခြင်းထွက်သွားလေ၏။


တံခါးဖွင့်လိုက်သည်နှင့် ထောင်အပြင်ဘက်တွင် နေထိုင်သူအားလုံးသည် သူတို့ဘက်သို့ကြည့်နေကြလေ၏။ အလင်းရောင်မှိန်မှိန်မှိန်ကြောင့် သူတို့မျက်နှာများကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း တစ်ခုခုထူးဆန်းနေကြောင်း သူတို့ ခံစားမိနေသေး၏။ 


ခဏအကြာတွင် ဝူကျင်း ရောက်လာပြီး တံခါးဝကို ဝင်လိုက်သည်နှင့် လူများသည် မျက်မှောင်တင်းတင်းကြုတ်ထားသော သူမကို မြင်နိုင်ကြလေသည်။ သူမသည် တည်ငြိမ်သည့်အကျင့်စရိုက်ရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့သောအမူအရာမျိုး ပြသသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည်။


“ရှောင်ကျင်း၊ ဘာကိစ္စရှိလို့လဲ ”


ချန်းကျောင်းနှင့် ဝူကျင်းတို့သည် အဖွဲ့ထဲရှိ နှစ်ဦးတည်းသောမိန်းကလေးများဖြစ်ကြကာ သဘာဝအတိုင်း နီးနီးကပ်ကပ်ရှိကြ၏။ ယခု သူမသည် သုမအား စိုးရိမ်စိတ်နှင့်မေးလိုက်လေသည်။


“ငါ သူတို့မျက်လုံးတွေကို မကြိုက်ဘူး”


သူတို့တွင် နောက်ကျောကို ထိုးဖောက်နေသလိုခံစားရသည့် စူးစမ်းသည့်မျက်လုံးမျိုးရှိကြကာ ၎င်းသည် အလွန်စိတ်မသက်မသာဖြစ်စေသည်။


“ဟေ့၊ နင်တို့ ဘာကြည့်နေတာလဲ ”


ချန်းကျောင်းသည် အမြဲတမ်း ဖြောင့်တန်းသောစိတ်ထားရှိလေသည်။


သူမသည် တံခါးအပြင်သို့ ချက်ချင်းထွက်သွားပြီး သူမ၏စွမ်းအားများ တိုးလာလေသည်။ ထောင်တစ်ခုလုံးသည် ပြင်းထန်သောလေနှင့်အတူ ထိုလူများဝန်းရံထားသည့် အပူပေးမီးဖိုများကို တိုက်ခတ်ကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လာကြ‌စေသည်။


ထိုအချိန်တွင် ကျန့်ယွင်သည် ကျောက်ပင်းကို စကားအနည်းငယ် တိုးတိုးပြောလိုက်ပြီး ကျောက်ပင်းသည် ချန်းကျောင်းကို အထဲပြန်၀င်ရန် ဖြောင့်ဖျစည်းရုံးရန် အပြင်ထွက်သွားလေသည်။ သူသည်အခန်းတိုင်းသို့သွားကာ ထိုလူများကို ပြုံးပြပြီး “ဟားဟား၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော့်ညီမက ဒေါသကြီးလို့ပါ”


သူတောင်းပန်နေရင်း သူ့လက်ဖဝါးထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ ကျောက်ပင်း၏စွမ်းအားအဆင့်သည် အဆင့်နှစ်အထွဋ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် သူထုတ်လွှတ်လိုက်‌သော မီးတောက်၏အပူချိန်သည် အလွန်မြင့်ပြီး ထိုလူများသည် မီးတောက်၏အပူကို အဝေးမှပင် ခံစားနိုင်ကြလေသည်။


ထိုမျက်နှာများပေါ်ရှိ ကြောက်ရွံ့‌‌သောအကြည့်ကို လျစ်လျူရှုကာ ကျောက်ပင်းသည် မီးလုံးအနည်းငယ်ကို လျင်မြန်စွာ ပစ်လွှတ်လိုက်ရာ ထိုလူများ၏ အနွေးမီးဖိုများကို ပြန်လည်လောင်ကျွမ်းသွားစေပြီး နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။


စွမ်းအားရှင်နှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် 'သူတို့၏စွမ်းအားကို ပြသခဲ့ခြင်းသည်' ထိုလူများကို ငုံးများကဲ့သို့ ကျုံ့သွားစေပြီး သူတို့အားနောက်တစ်ကြိမ် မကြည့်ဝံ့ကြတော့ချေ။


သိပ်မကြာခင်မှာပင် ဝူရယ်သည် သူတို့၏ညစာကိုယူလာရန် လူများကိုတွန်းလှည်းကို တွန်းပို့ရန် ခေါ်လာခဲ့လေသည်။ ၎င်းသည် ကန်တင်း၌အသုံးပြုသည့် ဟင်းရည်အိုးကြီးတစ်လုံးဖြစ်လေသည်။ ၎င်းသည် လူရာပေါင်းများစွာအတွက် ဟင်းချက်ဖို့ လုံလောက်သည့် လီတာ50ဆန့်သည့်ပုံရှိသည်။ 


ထိုအချိန်တွင် ဝူရယ်သည် ဟင်းအိုးအဖုံးကို သူကိုယ်တိုင်ဖွင့်လိုက်ပြီး အရသာရှိသောအသားအနံ့ အရသာထွက်လာလေသည်။ နျော့ခီ(Gnocchi)နှင့် ဂေါ်ဖီထုပ်အနည်းငယ်ပါသော လတ်လတ်ဆတ်ဆတ် အသားစွပ်ပြုတ် အိုးတစ်လုံးဖြစ်လေသည်။ ဝူရယ်သည် ကျန့်ယွင်တို့အဖွဲ့ရှိလူတိုင်းကို ခေါက်ဆွဲပြုတ်ပန်းကန်လုံးကြီး တစ်လုံးစီ ပေးရန် လူများကို ပြောလိုက်ပြီး ကျန်သည့်အရာများကို ထောင်အပြင်ဘက်သို့ တွန်းပို့လိုက်လေသည်။


【TN : Gnocchi က အီတလီအစားအစာတစ်မျိုးပါ။ ဂျုံ၊ ကြက်ဥ၊ဆား၊အာလူးတို့နဲ့လုပ်ထားတဲ့ အလုံးလေးတွေပါတဲ့။ 】

 

ထိုလူများသည် အစောကတည်းက မွှေးကြိုင်သော အသားရနံ့ကြောင့် စွဲဆောင်ခံလိုက်ကြရပြီး စွန်ပြုတ်အိုးကို အပြင်သို့တွန်းလာသည်ကို မြင်ကြသောအခါ ချက်ခြင်း ပြေးလွှားလာကြကာ မွှေ နှောက်လိုက်ကြလေသည်။


“လာ၊လာ၊ ယဉ်ကျေးမနေနဲ့၊ ပူတုန်းစားကြ ” 


ဝူရယ်သည် လူတိုင်းအား စားဖို့ခေါ်လိုက်၏။


ကျန့်ယွင်သည် သူ့လက်ထဲရှိ မွှေးကြိုင်သည့်ဟင်းချိုပန်းကန်ကို ကိုင်ထားပြီး တည်တည်ငြိမ်ငြိမ်မေးလိုက်၏။


“ဝူရယ် ဖြစ်ထိုက်ပါပေတယ်။ ဒီလိုအချိန်မှာတောင် ဒီလောက်လတ်ဆတ်တဲ့ အသားတွေ ရှိသေးတယ်”


“ဟားဟားဟား၊ မိုက်မဲတဲ့ သန္ဓေပြောင်းသမင်တစ်ကောင်ကို ဖမ်းမိတာ ကံကောင်းလို့ပါ။ အဲ့ဒါအရသာရှိတယ်။ မြန်မြန်လေး စမ်းကြည့်လိုက် ”


“ပူလွန်းသေးတယ်။ မစားခင် အအေးခံလိုက်အုန်းမယ်”


စကားပြောပြီးနောက် အပြင်ဘက်သို့စားဖို့ ပြေးလာကြသည့် လူများကို ကြုံသလို မျက်စိကစားလိုက်၏။


“ရပါတယ်၊ ကိစ္စမရှိပါဘူး၊ ငါ အပြင်ဘက်ကားပေါ်ကလူတွေကိုလည်း ထမင်းသွားပို့ပေးလိုက်မယ်လေ..”


“မလိုပါဘူး၊ ကားက လူနာတွေပြည့်နေလို့။ ပိုးဝင်တာဖြစ်ရင် ဆိုးလိမ့်မယ်။ သူတို့ဝေစုကို ထားခဲ့လိုက်ပါ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင် သူတို့ကို ပို့ပေးလိုက်မယ်”


“ကောင်းပါပြီ၊ မင်းတို့ စားကြ။ ငါနောက်မှ ပန်းကန်တွေ သိမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်”


ဝူရယ်သည် သူတို့အား သတိထားနေသည် တွေ့လိုက်ရသော်လည်း သူ့မျက်နှာသည် ပြုံးနေဆဲဖြစ်သည်။ သူသည် လုံးဝမပျော်မရွှင်ခြင်းကို မပြဘဲ သူ့လူများနှင့်ထွက်သွားခဲ့လေ၏။


တံခါးပိတ်ပြီးနောက် ကျန့်ယွင်သည် စုရွေ့ကျယ်ကို ပိုကြီးသည့် ခွက်တစ်လုံးကို ထုတ်ခိုင်းလိုက်ပြီး နျော့ခီဟင်းရည်အားလုံးကို လောင်းထည့်လိုက်ပြီးနောက် နေရာလွတ်ထဲသို့ ထည့်ခိုင်းလိုက်သည်။


မည်သူကမှ ဘာမှမပြောကြချေ။ ကျန့်ယွင်သည် ထိုလူများ သူတို့၏အစားအသောက်များနှင့် ရှုပ်ပွခြင်းကိုတားဆီးရန် ကြိုးစားနေသည်ဟု အားလုံးက ထင်နေကြသည်။ အသားသည် ရှားပါးသော်လည်း ဒီအဖွဲ့ထဲရှိ လူတိုင်းအတွက်မူ ဆွဲဆောင်မှုမရှိဘူးပါချေ။ အဆူံမှာတော့ သူတို့၌ ရွှေပေါင်လုံးကြီးတစ်ခုရှိလေသည်။


စုရွေ့ကျယ်သည် ပလပ်ပေါက်တစ်ခုနှင့်တူလေသည်။ နေရာလွတ်ထဲတွင် ကြက်၊ ဘဲနှင့် ငါး အမျိုးအစားအစုံရှိသည်။ အလိုရှိတိုင်း စားနိုင်လေသည်။ ဤ နျော့ခီဟင်းချိုအတွက် စိုးရိမ်နေစရာမလိုပါချေ။ ယွီသုန်သုန်သည် ကုတင်ပေါ်တွင် နာနာခံခံဖြင့် ကျုံ့‌နေသော်လည်း သူ့မျက်လုံးလေးများသည် စုရွေ့ကျယ်ဘက်သို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေသည်။ သူသည် အဆုံးမှာတော့ ကလေးသာရှိသေးသောကြောင့် ဗိုက်ဆာလွယ်လေသည်။


စုရွေ့ကျယ်သည် သူ၏ ချစ်စဖွယ်အသွင်အပြင်ကြောင့် ရယ်မောလိုက်လေသည်။ ပစ္စည်းများကို ဖယ်ထုတ်ပြီးနောက် သူသည် ပေါင်မုန့်ကိုထုတ်ကာ လူတိုင်းအားပေးလိုက်ပြီး အထူးသဖြင့် ယွီသုန်သုန်ကို ဝက်အူချောင်းနှစ်ချောင်းကိုပါ ပေးလိုက်လေသည်။


“ကျေးဇူးတင်ပါတယ် ကောကော”


ယွီသုန်သုန်၏ မျက်နှာငယ်လေးသည် ချစ်စရာကောင်းသော အပြုံးကို ချက်ချင်းပြသလိုက်လေသည်။ သူသည် ဝက်ပေါင်ခြောက်၀က်အူ‌ချောင်းအထုပ်ကို ဆုတ်ဖြဲကာ ကြွက်ငယ်လေးတစ်ကောင်ကဲ့သို့ ဝါးစားနေလေသည်။ အပိုင်းသေးသေးလေးများဖြတ်ကာ ရှောင်ဟေးကို ကျွေးရန်လည်းမမေ့ခဲ့ပေ။


စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့သည် ပန်းကန်လုံးများကိုသယ်ပြီး ကားပေါ်ရှိလူများကို အစာပို့ဟန်ဆောင်ပြီးနောက် ပန်းကန်အလွတ်များနှင့် ပြန်သွားခဲ့ကြလေသည်။ တကယ်တမ်း၌ သူတို့အား ပေါင်မုန့်အချို့သာ ပေးခဲ့လေသည်။


ပန်းကန်လုံးအလွတ်ကို မြေကြီးပေါ်ချပြီး လူတိုင်းသည် ဗိုက်ကိုပေါင်မုန့်နှင့် နှစ်သိမ့်လိုက်ပြီး အိပ်ယာပေါ်တွင်လှဲပြီး မျက်စိမှိတ်အနားယူကြလေသည်။


သိပ်မကြာခင် ဝူရယ်သည် ပန်းကန်များကိုသိမ်းရန် လူနှစ်ဦးကို စေလွှတ်လိုက်လေသည်။ သန့်ရှင်းပြီး အရိုးပင်မကျန်သော မြေပြင်ပေါ်ရှိ ပန်းကန်များကို တွေ့သောအခါ သူတို့၏ပါးစပ်ထောင့်တွင်လှောင်ပြောင်လိုမှုများ ထွက်ပေါ်လာလေသည်။ သို့စော် မကြာခင်မှာပင် သူတို့သည် ၎င်းကို ဖုံးကွယ်လိုက်ကြကာ သူတို့၏ခေါင်းများကိုငုံ့ပြီး အလျင်အမြန်ထွက်ခွာသွားကြလေသည်။ 


သူတို့ထွက်သွားပြီးနောက် ကျန့်ယွင်သည် ဝူကျင်းကို မျက်စိမှိတ်ပြလိုက်ပြီး ဝူကျင်းသည် ချက်ချင်း မြုခိုးငွေ့အဖြစ် တိတ်တိတ်ဆိတ်ဆိတ် ပြောင်းသွားပြီး သူတို့နောက်မှ လိုက်ထွက်သွားလေသည်။


ပန်းကန်လုံးကိုကိုင်ထားသည့် လူနှစ်ယောက်သည် လမ်းလျှောက်ရင်း အသံတိုးတိုးနှင့် စကားပြောနေကြလေ၏။


 “ဟက်၊ ဒီလူတွေက အရမ်းသန်မာသလို လုပ်နေပေမယ့် အရင်က အသားမစားဖူးသလိုလုပ်နေသေးတယ် ”


“ဟုတ်တယ်၊ အရိုးတွေတောင် မကျန်ခဲ့ဘူး၊ သူတို့ အရိုးကိုတောင် ဝါးစားပစ်တာဖြစ်ရမယ်”


“ဟားဟားဟား” 


ရယ်မောရင်း စကားပြောရင်း သူတို့သည် အရှေ့ အဆောက်အဦးဆီသို့ လျှောက်သွားကြလေသည်။


“ဘယ်လိုလဲ၊ သူတို့အားလုံး စားပြီးကြပြီလား ”


ဝူရယ်သည် တံခါးနားတွင် စောင့်နေလေသည်။


“ဟုတ်ကဲ့ ၊ဟုတ်ကဲ့”


သူတို့သည် လက်ထဲရှိ ပန်းကန်အလွတ်များကို မြှောက်ပြလိုက်ပြီး “အစားအသောက်တွေ သန့်ရှင်းသွားပြီး သူတို့ ဘာမှတောင် မကျန်ခဲ့ဘူး” 


“သူတို့ တစ်ခုခုပြောခဲ့သေးလား”


“ဘာမှ မပြောပါဘူး....”


“ဟမ် ” 


ဝူရယ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


“ကျွန်တော်တို့အဲဒီမှာရှိတုန်းက သူတို့အားလုံး လှဲအိပ်နေကြတာပဲ။ သူတို့ ပင်ပန်းနေတော့ ဒီဟင်းရည်ရဲ့ အာနိသင်ကို ကောင်းကောင်းနားမလည်ကြဘူး၊ ဟုတ်တယ်မလား ”


“အိပ်ပျော်နေတာလား ”


ဝူရယ်၏ မျက်ခုံးများသည် ရုတ်တရက် ပြေလျော့သွားလေသည်။ လူနှစ်ယောက်၏ ဗလာကျင်း‌ နေသောပုံသဏ္ဍာန် လျစ်လျူရှုလိုက်ကာ ချောင်ချီရှန်းကိုရှာရန် အပေါ်ထပ်သို့ တက်လာခဲ့လေသည်။


တံခါးကို ခဏလောက်ခေါက်လိုက်ပြီးနောက် ချောင်ချီရှန်းသည် ဖြည်းညှင်းစွာ တံခါးဖွင့်လာလေသည်။ ပြင်းထန်သော အနံ့အသက်ဆိုးတစ်ခု သူ့နှာခေါင်းဆီသို့ ရောက်လာလေသည်။ ဝူရယ်သည် အခန်း၏ကုတင်ပေါ်ရှိ အဖြူရောင်ခန္ဓာကိုယ်ကို ယောင်ဝါးဝါးမြင်လိုက်ရလေသည်။


“ဘာကိစ္စလဲ”


 ချောင်ချီရှန်းက မေးလာ၏။


“လောင်တ၊ သူတို့ စားလိုက်ကြတယ်” 


ဝူရယ်သည် အခြေအနေကို အတိုချုံးပြောပြလေသည်။


“ဟားဟား၊ အရမ်းကောင်းတယ်။ သူတို့စားလိုက်ပြီဆိုကတည်းက သူတို့မပြေးနိုင်တော့ဘူး”


ချောင်ချီရှန်းသည် အပြုံးညစ်ညစ်ကို ပြလာခဲ့လေသည်။ 


“ညီအစ်ကိုတွေကို ညကျရင် သတိရှိကြပါစေ ”


“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး”


ဝူရယ်သည်လည်း အလားတူ ညစ်တစ်ပြီး ဆိုးယုတ်သည့်အပြုံးကို ပြလာလေသည်။


ပြီးခဲ့တဲ့အကြိမ် လင်းရွေ့ပျောက်သွားတုန်းက သူတို့လုပ်တာလို့ ကျွန်တော် သံသယရှိခဲ့တာ။ သူတို့ မြန်မြန် ပြေးသွားကြတာ စိတ်မကောင်းစရာပါပဲ။ ဒီတစ်ကြိမ် သူတို့ ငါတို့ကိုဝင်တိုက်မိလို့ သူတို့အတွက်တော့ ကံဆိုးတာပဲ။


ဝူရယ် ထွက်သွားပြီးနောက် ဝူကျင်းသည် သူ့နောက်သို့ တချိန်လုံးလိုက်သွားလေသည်။ သူသည် လူဒါဇင်ပေါင်းများစွာကို ရှာပြီး အခန်းတစ်ခုထဲတွင် အသင့်လူစုထားလေ၏။ ထိုလူများ၏ အသွင်အပြင်အရ အများစုသည် စွမ်းအားရှင်များဖြစ်ကြ၏။


ညနက်လာသည်နှင့်အမျှ အဖွဲ့သားများသည် အခန်းထဲတွင် တိတ်တဆိတ်ထိုင်နေကြပြီး မီးပုံနားတွင် သူတို့ကိုယ်သူတို့ အနွေးဓာတ်ပေးနေကြကာ ထိတ်လန့်စရာရုပ်ရှင်ထဲမှ လူသတ်သမားများကဲ့သို့ ထောင်၏ ဦးတည်ရာဆီသို့ လောဘကြီးစွာနှင့် မှုန်မှုန်မှိုင်းမှိုင်း ငေးမောကာနေကြလေသည်။


“သူတို့အားလုံး အိပ်ပျော်ပြီး နောက်တစ်နာရီလောက်ကြာရင် အာ့ကော မင်း ကားကိုလုဖို့ လူတွေခေါ်သွားလိုက်။ ဒါပေမယ့် ကားထဲမှာ ဘယ်သူပါလဲတော့ ငါမသိဘူး အသားကို စားခဲ့ကြပေမယ့် သူတို့က စွမ်းအားရှင်များဖြစ်နေတုန်းပဲ။ သူတို့မှာ ထူးထူးခြားခြားအရည်အချင်းတချို့ရှိနေမှာကို ငါစိုးရိမ်တယ်။ မင်းသတိထားသင့်တယ်”


【TN : အာ့ကော = ဒုတိယအစ်ကို 】


“နားလည်ပြီ”


“တခြားသူတွေ ငါ့နောက်က လိုက်ခဲ့။ မင်းတို့အားလုံး ဘာလုပ်ရမယ်ဆိုတာသိကြလား ”


“ငါတို့ သိပါတယ် ”


“ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေပဲဟာ။ သူတို့ရဲ့ စွမ်းအင်အူတိုင်တွေကို အဆင့်မြှင့်ဖို့ သုံးနိုင်ရုံသာမကဘူး သူတို့ရဲ့အသားတွေကလည်း စွမ်းအင်ကို သယ်ဆောင်ပေးတယ်”


“အာ၊ သနားစရာပဲ။ ကောင်မလေးနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်....”


“နည်းနည်းလေး သနားပြီး သူတို့ရဲ့အသက်ကို မထိခိုက်စေဘဲ စွမ်းရည်အမြု‌တေကို တူးဖော်ဖို့ ဆရာဝန်ကို ခွဲစိတ်ခိုင်းလိုက်ရအောင်”


“ဟေ့၊ အဲ့ အကြံကောင်းတယ် ”


“လောင်တက အဲဒီကောင်ငယ်လေးကို အရမ်းစိတ်ဝင်စားနေပုံရတယ်။ အဲဒီအချိန်ကျရင် ဆရာဝန်ကို သူ့ကိုဂရုစိုက်ခိုင်းလိုက်စို့”


သူတို့ပြောသည်ကို နားထောင်ပြီး ဝူရယ်သည် ရုတ်တရက် ကြားဖြတ်လိုက်လေသည်။


“အဲ့ဒါ လောင်တကြိုက်တာပဲလေ။ သိမ်းထားသင့်တာပေါ့။ တခြားသူအားလုံးကို သတ်လိုက်ရင် ဟေး၊ စွမ်းအင်အူတိုင်ရှစ်ခုကျန်သေးတယ်။ အစ်ကိုအကြီးဆုံးရှစ်ယောက်က ကျန်တဲ့အသားတွေကို မင်းတို့နဲ့ ခွဲလိမ့်မယ်။ ပြီးရင် လူတိုင်း အဆင့်မြှင့်နိုင်လိမ့်မယ် ”


“ဟုတ်တယ်၊ ငါတို့ရဲ့စွမ်းအားက အဲဒီကောင်တွေလို အစွမ်းထက်ပြီးရင် ဖုတ်ကောင်တွေဝိုင်းရံခံရမှာကို နောက်ထပ် စိတ်ပူစရာ မလိုတော့ဘူး။ ဒါဆို ငါတို့ အခြေစိုက်စခန်းကို ပြန်တည်ဆောက်နိုင်ပြီး အဲဒီတောင်ပိုင်းအခြေစိုက်စခန်းကို သိမ်းပိုက်နိုင်မှာပါ” 


“ဟားဟားဟားဟား”


ဝူကျင်းသည် ဤလူအုပ်စု၏ ထူးဆန်းသောဆွေးနွေးမှုကို နားထောင်ရင်း သူမသာ သာမန်လူတစ်ယောက်ဖြစ်နေပါက သူမ၏ နောက်ကျောသည် အေးစက်နေပြီး သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထကာ တုန်လှုပ်ချောက်ချားနေလိမ့်မည်ဟု ခံစားရလေသည်။


စာရေးသူမှာ ပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】



ချောင်လောင်တ : ဒီကောင်လေးက အရမ်းချောတာပဲ။ သူ့ကို တစ်ချက်လောက်ကြည့်ရအောင်။


ဝူရယ် : ချောင်လောင်တ မင်း သူ့ကို မရနိုင်ဘူး။ ဒီလူနှစ်ယောက်က အရမ်းစွမ်းအားကြီးတယ်။ ငါတို့ နေ့ခင်းကြောင်တောင် တခြားသူတွေကို မက်မောလို့ မရဘူး။


ချောင်လောင်တ : အဲ့ဒါကြောင့် ဒီနည်းနဲ့ဆို မင်း သူတို့ကို ကောင်းကောင်း ဆက်ဆံနိုင်တယ်။ (ညကို စောင့်ရုံပဲ)


ကျန့်ရှောင်ယွင် : လာပါ၊ ဒုက္ခရောက်အောင်လုပ်ကြစို့။ ဘယ်သူလုပ်နိုင်မလဲ ကြည့်ရအောင်။


🍒🍒