အခန်း(၁၀၅)
Viewers 12k

အခန်း(၁၀၅)《 ထောင်တွင်းထိတ်လန့်ဖွယ်ရာများ-၂ 》


ဝူရယ်ပြောသည်ကို နားထောင်ပြီး ၀ူကျင်းရပ်တန့်သွားလေ၏။ သူမသည် ချက်ချင်းပြန်သွားခဲ့ပြီး ထိုအရှက်မဲ့သည့်ယောက်ျားများ၏ ဇာတ်ကြောင်းကို သူမ၏အဖွဲ့သားများအား ပြောပြလေသည်။ 


ဆောင်းရာသီ၌ မီးခိုးများ အများကြီးထွက်လာပြီး အခန်းထဲတွင် မြူခိုးလေးများရှိနေပုံသည် ပုံမှန်လိုပင်ဖြစ်၏။ ထို့ကြောင့် ဝူရယ်နှင့်တခြားသူများသည် မည်သည့်တစ်စုံတစ်ရာအမှားအယွင်း မတွေ့ခဲ့ကြဘဲ သူတို့၏ဇာတ်ကြောင်းကို လုံးလုံးလျားလျားဖော်ထုတ်ခံလိုက်ရပြီဆိုသည်ကို မမျှော်လင့်ထားခဲ့ကြချေ။ 


ကျန့်ယွင်နှင့် တခြားသူများသည် ထိုလူများ၏မကောင်းသည့် ရည်ရွယ်ချက်များအတွက် သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုလူများ၏ အောက်ခြေလိုင်းကင်းမဲ့မှုကြောင့် သူတို့အံ့ဩတုန်လှုပ်မိကြဆဲဖြစ်လေသည်။


သူတို့ လူတွေကို ဘယ်လိုစားနိုင်ကြဝာာတုန်း။ သူတို့က လူသားတွေကော ဟုတ်ကြရဲ့လား။


“ဒီည ဟင်းရည်...”


အနည်းငယ်လောက် စိတ်ကူးကြည့်ပြီးနောက် ကျန့်ကျားဟယ်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့လေသည်။ ဤကဲ့သို့သောရာသီဥတုနှင့် ဤပတ်ဝန်းကျင်မျိုးတွင် သူတို့အလွန်ကံကောင်း၍ အသားလတ်လတ်ဆတ်ဆတ်ရခြင်းဆိုသည်ကို သူမယုံကြည်ခဲ့ပေ။


ကံကောင်းထောက်မစွာဖြင့် ကျန့်ကောသည် သူတို့မဖမ်းမိနိုင်လောက်အောင် သတိရှိနေခဲ့သည်။


ဤအချိန်တွင် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးလာလေသည်။ သူတို့အားလုံးသည် စုရွေ့ကျယ်၏ အတိတ်ဘဝအကြောင်းကို တွေးတောနေခဲ့ကြပြီး သူလည်းပဲ စွမ်းအင်အူတိုင်ကို တူးထုတ်ခံခဲ့ရလေသည်။ ကျန့်ယွင်သည် သူ့ချစ်သူလေး၏ ယခင်ကကြေကွဲဖွယ်သေဆုံးမှုအကြောင်းနှင့် သူ့ခန္ဓာကိုယ်ကို အခြားသူများက မည်သို့ပင် စားသုံးခဲ့သနည်း ကိုတွေးမိလိုက်သောအခါ သူ့နှလုံးသားသည် မီးလုံးကြီးများ တဟုန်းဟုန်းတောက်လောင်နေလေသည်။ သူ ထိုယုတ်မာသော လူယုတ်မာများကို ချေမှုန်းပစ်ချင်နေလေသည်။


“အပြင်ကလူတွေ ဘယ်လိုနေလဲ ”


ကျန့်ယွင် မေးလိုက်သည်။


ထိုအချိန်တုန်းက အပြင်ဘက်တွင်ရှိသည့် အသက်ရှင်ကျန်သူများကို ကျန်သည့် နျော့ခီစွတ်ပြုတ်အိုးကြီးကို ပေးခဲ့လေသည်။ ထိုလူများသာ အစားအသောက်နှင့် ရှုပ်ချင်ပါက စွတ်ပြုတ်အိုးထဲတွင် လုပ်ရလိမ့်မည်ဖြစ်ပေသည်။


“ကျွန်မ ပြန်လာတော့ သူတို့အားလုံး အိပ်ပျော်နေကြတာကို မြင်လိုက်ရတယ်။ လှုပ်ရှားမှု မရှိဘူး ”


ဝူကျင်းသည်လည်း အစားအသောက်များတွင် အသုံးပြုသည့် ခြယ်လှယ်ခြင်းအမျိုးအစားကို မဆုံးဖြတ်နိုင်ချေ။ ထိုလူများ ယခင်က ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်းမရှိခဲ့ချေ။ သို့သော်လည်း အိပ်ဆေး သို့မဟုတ် တစ်ခုခုကို အထဲ၌ ထည့်ထားခဲ့သည်ဟု ခန့်မှန်းရလေသည်။


တစ်နာရီသည် လျှင်မြန်စွာကုန်လွန်သွားပြီး ဝူရယ်သည် လှုပ်ရှားရန် ဆုံးဖြန်လိုက်ကာ ချောင်ချီရှန်းသည်လည်း ဆံပင်ဖြူလူအိုကြီးတစ်ဦးနှင့်အတူ ရောက်လာခဲ့လေသည်။


“လောင်တ မင်းလိုအပ်တဲ့အချိန်တိုင်း လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အစားအသောက်တွေ အကုန်စားပြီးပြီ။ ဒီမှာ ဆရာဝန်နဲ့သာဆို ဒီလူတွေနဲ့ ဆက်ဆံရတာ တကယ်ကို လွယ်ပါတယ်။ မင်းဒီကို လူကိုယ်တိုင်လာဖို့ မလိုပါဘူးဗျာ”


ဝူရယ်သည် ရှေ့တိုးလာပြီး လေသံတိုးတိုးဖြင့်ပြောလာလေ၏။


“သတိထားတာက ပိုကောင်းပါတယ်”


ချောင်ချီရှန်းသည် လောင်တဖြစ်သည်ဆိုကတည်းက သူ့စိတ်သည် လက်အောက်ရှိလူများထက် ပိုလေးနက်လေသည်။ သူဘာကြောင့် နည်းနည်းစိတ်မသက်မသာဖြစ်နေလဲဆိုသည်ကို မသိသည့်အတွက် ဆရာဝန်နှင့် ရောက်လာခဲ့လေသည်။


ဆရာဝန်သည် ဆံပင်ဖြူလူအိုကြီး ဖြစ်သည်။ သူသည် ခါး‌အနည်းငယ်ကုန်းနေကာ၊ ကွဲအက်နေသည့် မျက်မှန်တစ်လက်နှင့် ခပ်တိုတို ချည်သားအင်္ကျီတစ်ထည်နှင့်ဖြစ်လေသည်။ သူ့မျက်နှာအသွင်အပြင်များသည် အလွန်လေးနက်ပြီး အရေပြားအရေးအကြောင်းများနှင့် စိတ်လှုပ်ရှားမှုနှင့် သားရဲ၏စိတ်ဆန္ဒနှင့် တလက်လက်တောက်ပနေသည့် တြိဂံပြောင်းပြန်ပုံမျက်လုံးများကြောင့် ဖြစ်လသည်။


ဆရာဝန်သည် သူ့အိတ်ကပ်ထဲမှ ထူးဆန်းသော အပြာနုရောင်ဆေးနှစ်လုံးကို ထုတ်လိုက်ကာ ဝူရယ်နှင့်အာ့ရယ်တို့အား ပေးလိုက်သည်။


“စကြစို့”


ဒါဇင်ပေါင်းများစွာသော လူများသည် အုပ်စုနှစ်စုခွဲကာ အခန်းထဲမှ အပြေးအလွှားထွက်လာကြပြီး လမ်းကြောင်းနှစ်ဖက်သို့ သွားကြလေသည်။


အာ့ရယ်သည် လူခုနစ်ယောက် ရှစ်ယောက်လောက်ကို နှင်းခရူဆာ‌ဆီသို့ ခေါ်ဆောင်သွားလေသည်။ ကားကိုစောင့်ကြည့်ရန် လူအနည်းငယ်သာ ကျန်ခဲ့သည်။ ထို့အပြင် သူတို့သည် ဟင်းရည်ကို စားခဲ့ကြပါက တိုက်ပွဲ၀င်ရန်စွမ်းအား ရှိကြလိမ့်မည်မဟုတ်ပါချေ။ သူတို့ကို ဂရုစိုက်ရန် လုံးဝကိုလွယ်ကူသွား ပြီဖြစ်သည်။ သူသည် ထိုကားကြီးကား အလွန်မျက်စိကျနေခဲ့သည်ဖြစ်ရာ ၎င်းသည်အလွန်ခိုင်ခံ့ပြီး နှင်းများပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာနိုင်လေသည်။ သူသာ ထိုကားကြီးထဲတွင် နေခဲ့မည်ဆိုပါက အေးခဲနေမည်ကို စိုးရိမ်နေစရာ လိုတော့မည်မဟုတ်ချေ။


ထို့အပြင် ဝူရယ်သည် ကျန်သည့်လူ 20 နီးပါးကို ထောင်အနောက်ဘက်သို့ တိုက်ရိုက် အပြေးအလွှားခေါ်သွားပြီး ကျန့်ယွင်နှင့်အခြားသူများ၏အခန်းတံခါးဆီသို့ တိတ်တဆိတ်ခြေလှမ်းကာ ခိုးဝင်လာကြလေသည်။ ထို့နောက် ပုလင်းထဲရှိ အပြာရောင်အရည်များကို မြေကြီးပေါ်သို့ လောင်းချလိုက်လေသည်။


အပြာရောင်အရည်သည် လေနှင့်ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ဖောက်ထွင်းမြင်ရသောဓာတ်ငွေ့တစ်မျိုးအဖြစ် ပြောင်းလဲသွားကာ အခန်းထဲသို့ ပျံ့လွင့်သွားလေသည်။


အခန်းတွင်း၌ လှုပ်ရှားမှုမရှိသည်ကို သေချာစေရန် နှစ်မိနစ် သုံးမိနစ်ခန့် စောင့်ပြီးနောက် ဝူရယ်သည် အခန်းတံခါးကို ကန်ထုတ်လိုက်ကာ လိပ်များကို အိုးတစ်လုံးထဲတွင် ဖမ်းရန် ပြင်ဆင်ခဲ့လေသည်။ သို့သော်လည်း.....


သူသည် အနက်ရောင်သေနတ်ပြောင်း၀များစွာနှင့် ရင်ဆိုင်လိုက်ရလေ၏။ ထိုသေနတ်များ၏ အရောင်များသည် အလွန်ထူးဆန်းသော်လည်း ထိုသေနတ်များ၏ မော်ဒယ်များကို အသိအမှတ်ပြုခြင်းမှ သူ့အားမတားဆီးနိုင်ခဲ့ချေ။ ၎င်းတို့သည် နိုင်ငံခြားရုပ်ရှင်ထဲမှသေနတ်များဖြစ်ကြလေသည်။ MP5 သည် စစ်ပွဲရုပ်ရှင်များတွင် တွေ့ရလေ့ရှိသော စွမ်းအား၊ တိကျမှုနှင့် သယ်ဆောင်ရလွယ်ကူသော လက်နက်တစ်ခုဖြစ်လေသည်။


“ခဏစောင့်....”


ဝူရယ်သည် တစ်ခုခုပြောချင်နေပုံရသော်လည်း ကျန့်ယွင်သည် သူတို့နှင့်လုံးဝအဓိပ္ပါယ်မရှိသည့် စကားများ မပြောချင်ခဲ့သောကြောင့် ကရုဏာမရှိဘဲ ပစ်သတ်လိုက်လေသည်။


အပင်ကျည်ဆံများသည် ဖုတ်ကောင်များကို အထူးထိခိုက်စေသော်လည်း လူသားများအတွက်မူ အကျိုးသက်ရောက်မှုသည် သာမန်ကျည်ဆန်များနှင့် အတူတူပင် ဖြစ်လေသည်။


“ဘန်း...”


ရှေ့ဆုံးမှလမ်းလျှောက်လာသည့် ဝူရယ်သည် သွေးတွေစီးကျလာကာ ပျားအုံကဲ့သို့ ပစ်ခတ်ခံလိုက်ရလေသည်။ သူ့နောက်မှပြေးလိုက်လာသည့် ညီအကိုများသည် အခန်းထဲ၌ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိလိုက်ကြချေ။ သူတို့သည် မပြင်ဆင်ထားဘဲ သေနတ်များနှင့် ဖမ်းမိလိုက်ကြရလေသည်။ MP5 ရှေ့တွင် သူတို့၏သေနတ်များသည် ကလေးအရုပ်သေနတ်များသာဖြစ်၏။ ခဏတာ၌ မြင်ကွင်းသည် ရှူရာ၏ငရဲကဲ့သို့ အော်သံများနှင့် သွေးများဖုံးလွှမ်းသွားခဲ့လေသည်။


ဤလူများသည် အပြင်ဘက်ကလူများကဲ့သို့ ဘာကြောင့် အိပ်ပျော်မနေကြသည်ကို သူတို့နားမလည်ခဲ့ကြချေ။ ထို့အပြင် သူတို့အထူးထုတ်ထားသည့် စိတ်ညှို့ဆေးသည် အလုပ်မလုပ်တော့ချေ.... ထို့အပြင် သူတို့လက်ထဲရှိ MP5 သည် ဘယ်ကလာမှန်း မသိကြချေ။


သူတို့ ဘာလက်နက်မှ ယူမလာခဲ့ပါဘူး။ သူတို့ယူလာလို့လား....။


အကျဉ်းထောင်တံခါးဝတွင် ရပ်နေသောသူတို့အနိုင်ရမည်ဟု ထင်နေကြသည့် ချောင်ချီရှန်းနှင့် ဆရာ၀န်တို့၏အမူအရာများသည် သေနတ်သံကြားလိုက်ကြသောအခါတွင် ပြောင်းလဲသွားလေသည်။


ချောင်ချီရှန်းသည် သူ့ခြေဖဝါးပေါ်၌ ဆီများရောက်နေသကဲ့သို့ ချက်ချင်းထွက်ပြေးသွားလေသည်။ အရှိန်မှာ အံ့ဩစရာကောင်းပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို သတ္တုခွံဖြင့် ဖုံးအုပ်ထားလိုက်လေသည်။ သူ့သတ္တုအမျိုးအစား စွမ်းရည်သည် တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းနှစ်မျိုးစလုံးဖြစ်‌သည်။ တချိန်တည်းမှာပင် သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ 


သို့သော် ဆရာဝန်သည် လွယ်လွယ်နှင့်ထွက်မပြေးနိုင်‌ချေ။ သူသည်ဘအသက်ကြီးပြီး စွမ်းရည်မရှိသူတစ်ယောက်သာဖြစ်လေသည်။ သူသည် ပြေးချင်သော်လည်း မပြေးနိုင်‌ခဲ့ချေ။


သူသည် ထိတ်လန့်တကြား ထွက်ပြေးသွားသည့် လူနှစ်ယောက်ကို သူ့ရှေ့၌ သွေးထွက်သံယို ဆန်ခါအဖြစ် ပစ်သတ်လိုက်သည်ကို စောင့်ကြည့်နေခဲ့ရလေသည်။ သူ့စိတ်ဝိညာဉ် ပြေးထွက်သွားလောက်အောသ် ကြောက်ရွံ့လွန်းနေခဲ့လေသည်။ သူသည် တုန်ယင်ကာ လှည့်ပတ်‌ပြေးသွားသော်လည်း ကျည်ဆန်သည် မျက်စိမပါသည်ဖြစ်ရာ သူ့ဒူးကို ထိမှန်သွားလေသည်။ သူမြေပြင်ပေါ်သို့ လဲကျသွားကာ သွေးများသည် ချက်ချင်းပင် နှင်းများပေါ်တွင်ပြန့်သွားကာ နီရဲနေပြီး ပြိုးပြိုးပျက်ပျက်ဖြစ်နေလေ၏။ 


နောက်ပြန်လှည့်ဖို့ ရုန်းကန်ရင်း တွားသွားသည့်ကိုယ်ဟန်အနေအထားနှင့် သူ့ဘဝအတွက် ဆက်ပြေးဖို့လုပ်ခဲ့သော်လည်း ရုတ်တရက် သူ့နောက်ကျောကို နင်းခံလိုက်ရပြီး ခေါင်းကို အေးစက်နေသည့် သေနတ်ပြောင်းသည် သူ့ထိပ်ကိုထိထားလေသည်။


ဆရာဝန်သည် လှည့်ကြည့်လိုက်သောအခါ သူ့အပေါ်ကို နင်းထားသူသည် သိမ်မွေ့သည့်မျက်နှာထားနှင့် လူငယ်လေးတစ်ယောက်ဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ သူသည် အသနားခံဖို့ ကြိုးစားနေသော်လည်း ထိုလူငယ်‌လေး၏ မျက်လုံးများသည် ပြင်းထန်သောအမုန်းတရာနှင့် သတ်ဖြတ်လိုစိတ်ပြင်းပြနေသည်ကို တွေ့လိုက်ရလေသည်။


“ငါ့အသက်ကို ချမ်းသာပေးပါ.... ငါ့အသက်ကို ချမ်းသာပေးပါ...” 


သူသည် စပါးဖျင်းကဲ့သို့ တုန်ခါနေပြီး သူ့ခြေထောက်များ စိုစွတ်နေခဲ့လေ၏။


“အိုး”


စုရွေ့ကျယ်သည် လှောင်ပြောင်လိုက်ပြီး သူ့ဒဏ်ရာကို လှမ်းနင်းလိုက်လေသည်။


ဆရာဝန်သည် အော်ဟစ်လိုက်ကာ သူ့မျက်လုံးများ ဖြူသွားပြီး မေ့သွားလေသည်။


သူ မေ့လဲသွားတာကိုမြင်ပြီး စုရွေ့ကျယ်သည် သူ့ခြေထောက်ကိုပြန်ရုတ်လိုက်ပြီး ကျန့်ကျားဟယ်ဘက်သို့လှည့်ပြီး ပြောလိုက်၏။


“သူ့ကို ကြိုးနဲ့ချည်ပေးပါလား။ သူ့ကို မသေပါစေနဲ့”


သူသာ် ဤလူကို ဤမျှလောက် လွယ်လွယ်ကူကူဖြင့် သေခွင့် ပြုနိုင်မည်မဟုတ်ချေ။ သူ့နောက်ဆုံးဘဝတွင် ခံစားခဲ့ရသောဝေဒနာ၏ အရသာကို ကောင်းကောင်းခံစားစေရမည်ဖြစ်သည်။


ထို့အပြင် အဲ့ဒိ ချောင်ချီရှန်း။ သူတို့ထဲက ဘယ်သူမျှ ပြေးနိုင်မည်မဟုတ်။


ချောင်ချီရှန်းသည် သူ့တစ်သက်လုံးစာ ရှေ့သို့သာ ပြေးလာလေသည်။ သူ့ရှေ့တွင် သေနတ်သံ မကြားခဲ့ရချေ။ သူ့ရှေ့ရှိလူများသည် သေနတ်တစ်လက်မှမရှိနိုင်ဟု သူယူဆခဲ့လေသည်။ ဆေးတိုက်ထားခြင်းကြောင့် လဲကျသွားခြင်းဖြစ်နိုင်လေကာ ထို့ကြောင့် သူတို့ ကားတစ်စီးကိုဆွဲယူပြီး ပြေးနိုင်သည်။


သနားစရာကတော့.... စိတ်ကူးယဉ်ခြင်းသည် လှပသည်၊ သို့သော် လက်တွေ့သည် ရက်စက်လေသည်။


ခြံရှေ့ရှိ တိုက်ပွဲအခြေအနေသည် ထောင်အခန်းထဲမှာထက် ပိုကောင်းသည်တော့ မဟုတ်ချေ။ တစ်သားတည်းဖြစ်လုနီးပါးပင်ဖြစ်၏။ ကွင်းပြင်ထိန်းချုပ်မှုတော်သည့် စုန့်ချန်ရှုကိုမဆိုထားနှင့် မိုးကြိုးစွမ်းအားရှင်တစ်ယောက်နှင့် မြေကြီးစွမ်းအားရှင်တစ်ယောက်ဖြစ်သည့် ချန်းချီနှင့် ကျန်းရှို့လျန်တို့သည် တိုက်စစ် ခံစစ်နှစ်ခုစလုံးအသုံးပြုနိုင်သည်ဟု ဆိုနိုင်သည်။ 


သူတို့လက်ထဲရှိ သေနတ်များသည် ကျန်းရှို့လျန်၏နံရံကို သက်ရောက်မှုမရှိချေ။ စုန့်ချန်ရှု၏ ရေခဲများဖြင့်လောင်းချခံရသည့် သူတို့မျက်နှာများသည် အေးခဲလွန်းသဖြင့် သူတို့သည် ရေခဲချောင်းများအဖြစ် အေးခဲသွားတော့မည်ဟု ခံစားရလေသည်။ ထနု့နောက် သူတို့သည် ချန်းချီ၏လျှပ်စီးကြောင်းကြောင့် ဓာတ်လိုက်သွားကြလေသည်။ အရမ်းချဉ်တယ်။


လူတစ်ဒါဇင် သို့မဟုတ် လူများသည် လူသုံးယာက်တည်းကိုတောင် အလောင်းအစားမလုပ်နိုင်ကြသောကြောင့် ချောင်ချီရှန်းအား အလွန်ဒေါသထွက်စေလေသည်။ သူသည် ကူညီချင်ခဲ့သော်လည်း အခုချိန်မှာတော့ အလွန်အန္တရာယ်များလွန်းပြီး မိုးကြိုးသည် သူ့ရန်သူဖြစ်လေ၏။


သတ္တုခွံသည် သူ့အား ဓားများနှင့် သေနတ်များကို ခုခံနိုင်စေသော်လည်း လက်ရှိအခြေအနေတွင် သူမရပ်တန်နိုင်ခဲ့ချေ၊ သူသည် ချက်ချင်းပင် တခြားဘက်ကို ပြေး‌သွားလေသည်။ သူသည် ထိုလူများသူ့အားရှာမတွေ့နိုင်သည့် ပုန်းအောင်းစရာနေရာတစ်ခုရှိသည်ကို သိခဲ့လေသည်။ သူတို့ထွက်သွားသ၍ သူဘေးကင်းလိမ့်မည်ဖြစ်သည်။


သူဂရုတစိုက်စီစဉ်ထားသည့် ထောင်ချောက်သည် သွေးထွက်သံယိုတိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့မည်ကို သူဘယ်တုန်းကမှ မတွေးထားခဲ့ဖူးချေ။ ကန့်ယွင်နှင့်တခြားသူများသည် သူတို့၏စွမ်းအားများကိုတောင် အသုံးမချသည့်အတွက် သူတို့သည် တိုက်ပွဲကို အမြန်ဆုံးဖြေရှင်းရန် သေနတ်များကို တိုက်ရိုက်ရွေးချယ်ခဲ့လေသည်။


အစကနေ အဆုံးအထိ မိနစ် 20 လောက်ကြာခဲ့‌လေသည်။


ကျန့်ယွင်သည် ဤအဖွဲ့၏ခေါင်းဆောင်ထွက်ပြေးသွားသည်ကို သဘာ၀အတိုင်းသိပြီးဖြစ်လေသည်။ ယခု သူထွက်လာသည့်အချိန်၌ ချောင်ချီရှန်း၏နောက်ကျောနှင့် သူ့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသည့်သတ္တုအလွှာကို တွေ့လိုက်ရသည်။ မမျှော်လင့်ဘဲ သူသည် ရှားပါးသတ္တုစွမ်းအားရှင်တစ်ဦးဖြစ်နေဆဲဖြစ်လေသည်။


အပြင်ဘက်၌ အေးခဲနေပြီး ဖုတ်ကောင်များဝန်းရံ‌နေကြသည်။ ကားမပါဘဲ လမ်းလျှောက်သွားဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ။ ထို့အပြင် တံခါးလည်းမဖွင့်ထားချေ။ ချောင်ချီရှန်း ထောင်ထဲ၌ ရှိနေဆဲဖြစ်သည်ဟု ကျန့်ယွင်ယုံကြည်လေသည်။


သူသည် ယွီသုန်သုန်ကို တိုက်ရိုက်ခေါ်လိုက်ပြီး ထောင်အတွင်းထဲသို့ ရှာဖွေမှုအပြည့်အဝလုပ်ဆောင်ရန် သူ့စွမ်းရည်ကို အသုံးပြုခိုင်းလိုက်သည်။


ထိုသို့ရှာဖွေပြီးနောက် သူတို့သည် လူများစွာကို တွေ့ရှိခဲ့ကြသော်လည်း လူဆိုးများသည် သူတို့၏မျက်နှာတွင် စကားလုံးများကို ရေးမထိုးထားခဲ့ကြချေ။ ခဏတာအတွင်း ကျန်ရှိနေသည့် ကင်းကောင်ရှစ်ယောက်၏ အဖွဲ့ဝင်များကို သာမာန်အသက်ရှင်ကျန်ရစ်သူများထဲမှ ခွဲခြား၍မရသဖြင့် သူတို့အားလုံးကို စုစည်းလိုက်လေသည်။ ချောင်ချီရှန်းကို ဖမ်းမိခဲ့ပြီးနောက် သူတို့အား ဖြည်းဖြည်းချင်း စစ်ဆေးမေးမြန်းလိမ့်မည်ဖြစ်သည်။


ယွီသုန်သုန်သည် လူသားရေဒါတစ်ခုနီးပါးဖြစ်၏။ သူသည် ချောင်ချီရှန်း၏ပုန်းအောင်းရာနေရာကို အလွယ်တကူရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် အကျဉ်းထောင်အတွင်းရှိ စွန့်ပစ်ထားသော မိလ္လာပိုက်တစ်ခုဖြစ်သည်။ လွန်ခဲ့သည့်အချိန်က အကျဉ်းထောင်ကို ပြန်လည်ပြုပြင်သည့်အချိန်တွင် ပိုက်အသစ်များချထားခဲ့ကာ ထိုမိလ္လာပိုက်ဟောင်း၏အစိတ်အပိုင်းကို စွန့်ပစ်ခဲ့သည်။


မိလ္လာပိုက်ဟောင်းနှင့် မိလ္လာပိုက်အသစ်၏ အဆုံကို သံပိုက်ကွန်တစ်ခုဖြင့်သာ ပိုင်းခြားထားပြီး ကျန်တစ်ဖက်ကို ထောင်အပြင်ဘက်သို့ တိုက်ရိုက်ချိတ်ဆက်နိုင်လေသည်။


သူသည် ရာဇ၀တ်မှုဖြင့် ဤအကျဉ်းထောင်တွင် အနှစ် ၂၀ ကျော် အကျဉ်းချခံခဲ့ရလေသည်။ ပိုက်များကို ပြန်လည်ပြုပြင်သောအခါတွင် သူလည်း အလုပ်လုပ်ရန် စီစဉ်ပေးခံခဲ့ရသည်။ ၎င်းကြောင့်ပင် သူ ယခုကဲ့သို့ နေရာကောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။


သူသည် နောင်အနာဂါတ်တွင် ထောင်မှထွက်ပြေးလွတ်မြောက်လာသောအခါတွင် ၎င်းကိုအသုံးပြုရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားမှုကြောင့် သူ့အား အလုပ်များစွာကို ချွေတာနိုင်ခဲ့လေသည်။


ယခု သူသည် မိလ္လာပိုက်မှ တိုက်ရိုက်လွတ်မြောက်နိုင်သော်လည်း ကျန့်ယွင်၏ ထင်မြင်ယူဆချက်အရ ဤကဲ့သို့သောရာသီဥတုတွင် ကားများနှင့် ရိက္ခာပစ္စည်းများမပါဘဲ ပြေးထွက်ရန်မှာ သူ့အတွက် မထူးခြားတော့ချေ။ သူ လုံလုံလောက်လောက် ပုန်းကွယ်နေနိုင်ပြီး လွယ်လွယ်ကူကူရှာတွေ့မခံရနိုင်ဟု ထင်နေလေသည်။ သူသည် လူအုပ်စု ထွက်သွားကြသည်အထိ လုံး၀ ပုန်းနေနိုင်သည်။ 


ကံမကောင်းစွာနှင့် သူ့စိတ်ကူးယဉ်မှုသည် ပျက်ကွက်ကျရှုံးသွားခဲ့လေသည်။


ပြင်းပြင်းထန်ထန် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသောအခါတွင် သူ့ဦးခေါင်းထက်ရှိပိုက်သည် တစ်ဝက်ခန့် ကွဲပြဲသွားခဲ့ကာ ဘာဖြစ်သွားသည်ကို မသိနိုင်သေးခင်မှာပင် သူတို့ထဲမှတစ်ယောက်သည် လည်ပင်းကိုဆွဲကိုင်ကာ သူ့အားသယ်ထုတ်သွားခဲ့လေသည်။


🍒🍒