အခန်း(၁၀၇)《 မြွေပွေးခါးပိုက် ပိုက်-၁ 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ယာဉ်တန်းသည် မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း နှင်းများထူထပ်စွာကျဆင်းသောနေ့တွင် Off road ကားသည် မောင်းနှင်ရန်မသင့်တော်ချေ။ ထို့အပြင် မကြာခင်မှာပင် ၎င်းသည် ပျက်သွားပြီး ရပ်သွားလေသည်။ အခြားရွေးချယ်စရာမရှိပဲ ကျန့်ယွင်နှင့်အခြားသူများသည် အားနည်းသောမိန်းကလေးခုနစ်ဦးအား နှင်းခရူဇာထဲသို့ လွှဲပြောင်းခဲ့ရသည်။
လူတိုင်းသည် သူတို့ကိုယ်တိုင် သိုလှောင်ခန်းထဲ၌ စုပြုံနေကြစဉ် အမျိုးသမီးများအတွက် အိပ်ခန်းများထဲရှိ ကုတင်များကို ဖယ်ပေးလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ မကြာခင်မှာပင် တောင်ဘက်သို့ခရီးထွက်လာသည့် ၀မ်ချန်းစစ်တပ်နှင့် ဆုံတွေ့ကြမည်ဖြစ်သည်မို့ ထိုမိန်းကလေးများကို သူတို့ဆီသို့ လွှဲပေးဖို့ပဲလိုတော့သည်ဖြစ်သည်။
ဤမိန်းကလေးများသည် ရက်ပေါင်းများစွာ ဗိုက်ဆာနေပြီး အလွန်အားနည်းနေကြသည်ကို ထည့်စဉ်းစားပြီး စုရွေ့ကျယ်သည် အစာကြေညက်လွယ်သော အဖြူရောင်ဂျုံယာဂုကို အထူးချက်ပြုတ်ခဲ့ပြီး ပဲငံပြာရည်အချို့နှင့် ဝက်သားမျှင်တို့ကို ထည့်ခဲ့လေသည်။ထို့နောက် ချန်းကျောင်းနှင့်အတူ အစားအစာများကို ပို့ဆောင်ပေးခဲ့သည်။
“စုရွေ့ကျယ်...”
မိန်းကလေးငယ်လေးတစ်ယောက်သည် သူ့အားသိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“မင်းက....”
စုရွေ့ကျယ် ပြန်လည်မွေးဖွားလာပြီးကတည်းက သူ့နှလုံးသားသည် ကျန့်ယွင်ကိုသာ အာရုံစိုက်ထားခဲ့လေသည်။ သူသည် မိန်းမများကို အမြဲတမ်းလိုလို အနည်းငယ်သာ အာရုံစိုက်ခဲ့သည့်အတွက် ဤကောင်မလေးအား အထင်အမြင်မရှိခဲ့ချေ။
“ငါ၊ ငါက ရွှီကျားနီ ပါ”
ကောင်မလေးသည် သနားစရာကောင်းသည့် အမူအရာကို ပြသနေလေ၏။
ဤအခိုက်အတန့်တွင် စုရွေ့ကျယ်သည် အမှန်တကယ်ပင် အနည်းငယ်ရင်းနှီးနေမှုကို ခံစားခဲ့ရသော်လည်း သူ ချက်ချင်းမမှတ်မိနိုင်ခဲ့ချေ။
“ဟေး ရှောင်ကျယ်၊ ဒါက မင်းကို အခြေစိုက်စခန်းမှာတုန်းက မှတ်မိလားလို့ လာမေးတဲ့အတန်းဖော်မိန်းကလေး မဟုတ်ဘူးလား ”
ချန်းကျောင်းသည် ကောင်းမွန်သောမှတ်ဉာဏ်တစ်ခုရှိပြီး သူမကို ချက်ချင်းမှတ်မိလိုက်သည်။
ဤမိန်းကလေးသည် "အတန်းဖော်" ဟုခေါ်သော စုရွေ့ကျယ် တောင်ပိုင်းအခြေစိုက်စခန်း၌ ဆုံခဲ့သည့်တစ်ယောက်ဖြစ်လေသည်။ ချန်းကျောင်းသည် သူမအပေါ် အထင်အမြင်ကောင်းမရှိခဲ့ချေ။ နောက်ပိုင်း သူမ ငိုယိုကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ သူမ လင်းချန်းအခြေစိုက်စခန်းကိုဘယ်လိုရောက်လာပြီး ဤကဲ့သို့ဖြစ်လာခဲ့သနည်း။
ချန်းကျောင်းပြောသည်ကို ကြားပြီး စုရွေ့ကျယ်လည်း မှတ်မိလိုက်သော်လည်း အတိတ်ဘ၀၌ ဤအတန်းဖော်မိန်းကလေးနှင့် ပိုကြီးမားသည့်အတွေ့အကြုံသည် တစ်ခုခုဖြစ်ခဲ့လေသည်။ ၎င်းသည် အလွန်ကြာနေပြီဖြစ်ပြီး ကောင်မလေးများကို အာရုံမစိုက်သည့်အတွက် ရွှီကျားနီအပေါ် အလွန် အားနည်းသည့် အထင်အမြင်သာရှိလေသည်။
သို့သော် နောက်ဆုံးမှာတော့ အတန်းဖော်တစ်ယောက်ဖြစ်သည့်အတွက် စုရွေ့ကျယ်သည် သူမကို ဂရုစိုက်ဖို့ ကြိုးစားရင်း စကားအနည်းငယ်ပြောပြီး သူ့အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ကာ သူမကိုပေးခဲ့ပြီး ချန်းကျောင်းနှင့်အတူ ထွက်သွားခဲ့လေသည်။
တခြားမိန်းကလေးများသည် ရွှီကျားနီ၏လက်ထဲရှိ နူးညံ့သည့်သကြားလုံးများကို မနာလိုစိတ်နှင့်ကြည့်နေကြလေသည်။ သူတို့ သကြားလုံးမမြည်းစမ်းရသည်မှာ ဘယ်လောက်ကြာပြီလဲပင် မသိတော့ချေ။ သို့သော်လည်း သူတို့သည် အနည်းငယ်သာ မနာလိုဖြစ်ခဲ့ပြီး မကြာခင်မှာပင် အဝေးကိုအကြည့်လွှဲကာ သူတို့၏ယာဂုကိုသာ ဆက်သောက်လိုက်ကြလေသည်။
ရွှီကျားနီသည် သကြားလုံးကို သေချာဖွင့်လိုက်ပြီး နူးညံ့သည့်သကြားလုံးလေးကို ပါးစပ်ထဲထည့်လိုက်လေသည်။ ချိုမြသည့်အရသာသည် သူမပါးစပ်ထဲမှာ ပွင့်ထွက်သွားပြီး သူမမျက်လုံးများအောက်မှ နက်မှောင်နေသည်ကို ဖုံးကွယ်ရန် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေသည်။
နေ့ခင်းဘက်၌ လမ်းပေါ်ထွက်ကာ ဆက်သွားကြပြီး ညဘက်တွေမှာတော့ အနားယူကြရန် ပွင့်လင်းသည့်နေရာတစ်ခုကို ရှာဖွေကြလေသည်။ ကျန့်ကျားဟယ်၊ ချန်းကျောင်းနှင့် စုရွေ့ကျယ်တို့သည် ကားမမောင်းတတ်ကြသူများဖြစ်ကာ ထုံးစံအတိုင်း နေ့ခင်းဘက်၌ အနားယူကြသူများဖြစ်ပြီး ည၌ စောင့်ကြပ်ရန်တာဝန်ရှိသည့်သူများဖြစ်ကြလေသည်။ ထို့ကြောင့် သူတို့သည် ညဘက်၌ ကားကို စောင့်ကြပ်ကြရမည်ဖြစ်လေသည်။
ချန်းကျောင်းနှင့် ကျန့်ကျားဟယ်တို့သည် ကားအရှေ့ခန်းခုံများတွင်ထိုင်နေကြစဉ် စုရွေ့ကျယ်သည် အလယ်တန်း၌ စောင့်ကြပ်နေလေသည်။ ကားထဲတွင် အပြင်လူများ ရှိနေသည်ဖြစ်ရာ အမြဲ သတိထား နေကြရမည်ဖြစ်လေသည်။
ချန်းကျောင်းသည် ကျန့်ကျားဟယ်နှင့် စကားစမြည်ပြောနေပြီး စုရွေ့ကျယ်သည် တစ်ယောက်တည်း အလယ်ခုံ၌ထိုင်နေရသော်လည်း လုံး၀မငြီးငွေ့နေခဲ့ချေ။ သူသည် ကျန့်ကျားဟယ်ဆီမှ ငှားထားသည့် ဆဲလ်ဖုန်းတစ်လုံးကို ကိုင်ပြီး အပင်ဂိမ်းကို ကစားနေရင်း အပင်များနှင့်တိုက်ခိုက်ဖို့ စိတ်ကူးစိတ်သန်းများကို ရှာဖွေနေလေသည်။ ထို့အပြင် ဤဂိမ်းသည် အလွန်စိတ်ဝင်စားဖို့ကောင်းလေကာ သူသည် ပါဝါဘန့်တစ်လုံးနှင့် အလွန်ကောင်းမွန်သည့် အချိန်ကောင်းတစ်ခုရနေလေသည်။
ညဉ့်သန်းခေါင်တွင် စုရွေ့ကျယ်သည် အလွန်ပေါ့ပါးသော ခြေသံများကိုကြားလိုက်ရပြီး ချက်ချင်း သတိကပ်လာခဲ့လေသည်။ သူလှမ်းကြည့်သောအခါတွင် ရွှီကျားနီသည် နံရံပေါ် မှီရပ်ကာ သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။
သူမသည် ကြိုးသိုင်းပါသော ည၀တ်အင်္ကျီကိုသာ ၀တ်ဆင်ထားပြီး သူမ၏ခြေထောက်တွင် ဟိုတယ်ရှိ တစ်ခါသုံး ချည်သားဖိနပ်တစ်ရံကိုသာ၀တ်ထားလေသည်။ ၎င်းတို့သည် ယခင်က စုရွေ့ကျယ် စူပါမားကတ်မှ စုဆောင်းလာခဲ့သည့်အရာများဖြစ်လေသည်။ ခုနစ်ရောင်တွဲသည် မိန်းကလေးခုနစ်ယောက်အတွက် လုံလောက်လေသည်။ မည်သို့ပင်ဖြစ်စေ နှင်းခရူဇာထဲရှိ အပူချိန်သည် လုံလောက်ပြီး ဤမိန်းကလေးများ ပါးလွှာသည့်အဝတ်အစားများဝတ်ထားလျှင်တောင် အအေးဓာတ်ကိုမခံစားရပါချေ။
စုရွေ့ကျယ်သည် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ကာ ထပြီး ရွှီကျားနီဆီသို့ လျှောက်သွားလိုက်ကာ နူးညံ့စွာ မေးလိုက်၏။
“ဘာဖြစ်နေလို့လဲ”
“ငါ အိမ်သာသွားပြီး ရေနည်းနည်းဆာလို့။ ဒီမှာ ရေနည်းနည်းလောက် ရှိလား”
ရွှီကျားနီသည် သူမ၏မျက်လုံးကြီးကြီးများနှင့် အားနည်းစွာ မေးလာလေသည်။
“အင်း၊ ခဏစောင့်”
စုရွေ့ကျယ် လှည့်ပြီး မီးဖိုချောင်ဘက်သို့သွားလိုက်သည်။ မီးဖိုချောင်သည် အလွန်သေးငယ်ပြီး လျှပ်စစ်သံလိုက်မီးဖိုတစ်ခုသာရှိပြီး ဗီဒိုငယ်လေးအချို့ပါရှိသည်။ သူသည် ဗီရိုအောက်ထဲမှ သတ္တုရေတစ်ပုလင်းကို ထုတ်ယူပြီးနောက် ၎င်းကိုစဉ်းစားလိုက်ပြီး နောက်ထပ် Wahaha ပုလင်းလေးတစ်ခုကို ယူလိုက်ကာ ရွှီကျားနီအား ကမ်းပေးလိုက်လေ၏။
နောက်ဆုံးမှာတော့ သူမသည် သူ့အတန်းဖော်တစ်ယောက်ဖြစ်ပြီး သူမကို နှစ်ကြိမ်တိုင်တိုင်မမှတ်မိခဲ့သဖြင့် အမှန်တကယ်ကို ရှက်ရွံ့မိ၍ဖြစ်လေသည်။ ထို့အပြင် သူသည် ဤကဲ့သို့သောအရာမျိုးကို ကြံတွေ့ခဲ့ရသည့်အတွက် စုရွေ့ကျယ်သည် သူမအား အနည်းငယ်ပိုပြီး ဂရုစိုက်ပေးရမည်ဖြစ်လေသည်။
“မထွက်ခင် ရေနည်းနည်းလောက်သောက်လိုက်လေ ”
စုရွေ့ကျယ်သည် ရွီကျားနီနှင့်အတူတူနေထိုင်သည့် တခြားမိန်းကလေးခြောက်ယောက်သည့် သူမကို အထူးဆက်ဆံပေးနေသည်ကို မြင်လျှင် မကောင်းဘူးဟု ယူဆသည့်အတွက် သူသည် ရွှီကျားနီအား ဤနေရာတွင်သာ သောက်ခွင့်ပေးပြီးမှ ပြန်သွားခိုင်းလေသည်။ မည်သို့ပင်ဖြစ်စေ ပုလင်းလေးတစ်ပုလင်းသာဖြစ်ပြီး အလုပ်အနည်းငယ်သာရှိကာ သူမသောက်ပြီးနိုင်ပါလေသည်။
“ကျေးဇူးတင်ပါတယ်...”
ရွှီကျားနီ၏ လှပသောမျက်နှာသည် ပန်းရောင်ဖျော့ဖျော့နှင့် ဖုံးလွှမ်းထားလေ၏။ စုရွေ့ကျယ်၏လက်ထဲမှ ရေကိုယူလိုက်ပြီး ပိုက်တစ်ခုထည့်ကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။
နှစ်ယောက်သားသည် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေပြီး ဘာတစ်ခုမှမပြောကြဘဲ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။
စုရွေ့ကျယ်သည် ရွှီကျားနီကို တောင်ပိုင်းအခြေစိုက်စခန်းမှ လင်ချန်းအခြေစိုက်စခန်းသို့ မည်သို့သွားခဲ့သလဲဟု မေးလိုက်သည်။
နောက်ပိုင်း ဘာဖြစ်သွားသလဲဆိုသည်ကို သူ မမေးခဲ့ချေ။ သို့သော် သူ ရွှီကျားနီအကြောင်းကို မေးလိုက်သည့်အချိန်မှာတော့ သူမသည် အသံတိုးတိုးလေးနှင့် စတင်ငိုပါလေတော့သည်။
ကမ္ဘာပျက်ပြီးနောက် ရွှီကျားနီနှင့်သူမ၏ဖခင်တို့သည် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားခဲ့ကြရသည်။ သူမ၏ဖခင်သည် အခြေစိုက်စခန်းတွင် အုတ်ရွှေ့ခြင်းလုပ်ငန်းအတွက် စာရင်းသွင်းခဲ့ကာ တစ်နေ့လျှင် အလုပ်မှတ်ငါးမှတ်ရလေသည်။
သို့သော်လည်း သူတို့သည် တည်းခိုနေထိုင်ရန်အတွက် အလုပ်မှတ်နှစ်မှတ်လိုအပ်ခဲ့ပြီး ကျန်သုံးမှတ်ကို အစားအစာနှင့်လဲလှယ်ခဲ့ရပြီး ၎င်းသည် လူနှစ်ဦးစားလိုက်လျှင် တစ်ဝက်လောက်သာဗိုက်ပြည့်ကြလေသည်။
သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းကို မရောက်ခင်၌ ကောင်းကောင်းမစားသောက်ခဲ့ကြရချေ။ ရွှီအဖေသည် သူ့သမီးကိုသနားပြီး သူမအား ထမင်းကိုအမြဲဝေမျှပေးသည့်အပြင် သူသည်အလုပ်လုပ်ရပြီး မကြာခင်မှာပင် ပင်ပန်းလာခဲ့လေသည်။
ရွှီအဖေသည် အလုပ်ဆက်လုပ်ရန် နည်းလမ်းမရှိသဖြင့် တဲနေရာကို ပြောင်းရွှေ့ခဲ့ရသည်။ သို့သော်လည်း တဲဧရိယာ၏ စီမံခန့်ခွဲမှုမှာ ရှုပ်ထွေးလွန်းလေသည်။ ညဘက်၌ တစ်ယောက်ယောက်သည် သူမ၏တဲကိုထိလာကာ သူမပါးစပ်ကိုအုပ်ပြီး သူမအားပေးလေ၏.....။
ထို့နောက်မှာတော့ အမျိုးသားသည် သူမအားဘီစကွတ်ထုပ်တစ်ထုပ်ကို ပစ်ချပေးခဲ့လေသည်။ သူမသည် ဖခင်ဖြစ်သူကို မပြောဝံ့သောကြောင့် တိတ်တိတ်လေးသာ ငိုခဲ့ရလေသည်။ နောက်ပိုင်း၌ ဖခင်ဖြစ်သူ၏ရောဂါသည် ပိုပြင်းထန်လာပြီးရင်း ပြင်းထန်လာခဲ့ကာ သူမသည် အသက်ဆက်ရှင်ဖို့ရန်အတွက် ညစ်ပတ်သည့်အလုပ်များကို လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
သို့သော်လည်း သူမသည် ကြည့်ကောင်းလေသည်။ သူမအား ပြုစုစောင့်ရှောက်လိုသော ယောက်ျားတစ်ယောက် ရှိခဲ့လေသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ဦးဖြစ်ပြီး အရပ်ရှည်ပြီး ရုပ်ရည်ပြေပြစ်သူဖြစ်လေသည်။ သူ့လက်အောက်တွင် ညီငယ်များစွာ ရှိသည်။ ထိုအကြောင်းကို တွေးတောပြီးနောက် ရွှီကျားနီသည် သူ့အမျိုးသမီးဖြစ်လာခဲ့လေသည်။
သို့သော်လည်း ထိုလူသည် တောင်ပိုင်းအခြေစိုက်စခန်းတွင် ပျင်းရိနေပြီး နေ့တိုင်းအလုပ်လုပ်ရန်ဆန္ဒမရှိခဲ့ချေ။ သူသည် လင်းချန်အခြေစိုက်စခန်းသည် စွမ်းအားရှင်များကို ကောင်းမွန်စွာဆက်ဆံသည်ဟုကြားခဲ့သောကြောင့် လင်ချန်းအခြေစိုက်စခန်းသို့ အတူတူသွားကြရန် သူ့ညီအစ်ကိုများနှင့် ဆွေးနွေးခဲ့သည်။
လင်းချန်အခြေစိုက်စခန်းသို့ သူမရောက်ရှိသောအခါတွင် ဤနေရာသည် သူမစိတ်ကူးထားသလောက် မကောင်းကြောင်း သဘောပေါက်ခဲ့လေသည်။ စွမ်းအားရှင်များနှင့် သာမန်လူများအကြား ခွဲခြားမှုသည် အလွန်ရှင်းလင်းပြတ်သားလေသည်။
သာမာန်ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ဦးအနေဖြင့် ထိုလူသည် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ဘဝကို ဆက်လက်ရှင်သန်နေလေသည်။ အခြေစိုက်စခန်းလောင်တ၏စကားကို နားထောင်နေသရွေ့ သူသည် အစားအသောက်ဖြစ်စေ၊ မိန်းမများဖြစ်စေ သူလိုချင်သမျှကို ရနိုင်လေသည်။
ရွှီကျားနီသည် သိမ်မွေ့သောစိတ်ထားရှိပြီး ဖျားနာသော ဖခင်တစ်ယောက်ရှိလေသည်။ မကြာမီမှာပင် ထိုအမျိုးသားသည် သူမကို ငြီးငွေ့လာခဲ့သည်။
သူမ စွန့်ပစ်ခံရပြီးနောက် အသက်မွေးဝမ်းကြောင်းပြုရန်အတွက် သူမသည် ထိုကဲ့သို့သောအလုပ်မျိုးကို နောက်တစ်ကြိမ်ထပ်၍ လုပ်ခဲ့ရလေသည်။ သူမသည် မျက်နှာပြင်ပေါ်တွင် စွဲမက်ဖွယ်ကောင်းပြီး လှပနေသော်လည်း တကယ်တမ်း သူမ၏ခန္ဓာကိုယ်သည် ပုပ်ပွနေခဲ့ပြီဖြစ်သည်။
ဒီလိုညစ်ပတ်တဲ့အတိတ်ကို သူမ ဘယ်လိုပြောပြနိုင်ပါမလဲ...။
“ဘာမှားလို့လဲ၊ မငိုနဲ့တော့...”
ရွှီကျားနီ မျက်ရည်များစီးကျလာသည်ကိုမြင်ပြီး စုရွေ့ကျယ် ရုတ်တရက် ပဟေဋိဖြစ်သွားရလေ၏။
ရွှီကျားနီသည် ငိုပြီး စုရွေ့ကျယ်၏ လက်များထဲသို့ သူမကိုယ်သူမပစ်၀င်ကာ သူမ၏လက်များကို စုရွေ့ကျယ်၏ခန္ဓာကိုယ်အား မြွေတစ်ကောင်ကဲ့သို့ရစ်ပတ်ထားလေသည်။
“ငါ့ကို ကယ်တင်ပေးလို့ကျေးဇူးပါ။ ငါကို အရမ်းကြင်နာပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ့မှာ ပေးစရာဘာမှမရှိပါဘူး၊ ငါ တတ်နိုင်တဲ့တစ်ခုတည်းပဲ...”
သူမသည် အသက်ပြင်းပြင်းရှူရင်း စကပြောလာကာ သူမခန္ဓာကိုယ်ပေါ်ရှိ ချည်သားစကတ်အား အစောကတည်းကချွတ်ထားလိုက်ပြီးဖြစ်လေကာ ယခုအခါတွင် သူမသည် ပိုးသားဖြင့်သာ ဖုံးအုပ်ထားလေသည်။ သူမသည် စုရွေ့ကျယ်၏လက်နှစ်ဖက်ကို ဗလာနီးပါးဖြစ်နေသည့် သူမ၏ရင်ဘတ်ပေါ်ဖိထားလိုက်လေသည်။
“မင်း၊ မင်း၊ လွှတ်လိုက်....”
စုရွေ့ကျယ်သည် သူမကိုတွန်းထုတ်ဖို့ လက်ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ဖဝါးအောက်က အသားအရည်ကြောင့် ထိတ်လန့်သွားလေသည်။ ယခု သူ့လက်ကို ဘယ်မှာထားရမှန်းတောင် မသိတော့ချေ။
“နင်က သဘာဝလွန် တစ်ယောက်ဖြစ်နေပြီဆိုတာ ငါသိပါတယ်။ နင် ငါ့လိုလူကို နှိမ့်ချနေတာဖြစ်သင့်ပါတယ်... ဒါပေမယ့် နင့်ကိုပြန်ဆပ်ဖို့ ငါ့မှာ တခြားဘာမှမရှိဘူး.....”
သူသည် ထိုသို့ပြောပြီး စုရွေ့ကျယ်၏နှုတ်ခမ်းမျကို နမ်းဖို့ ခေါင်းဆန့်လိုက်ပြီး လက်တစ်ဖက်သည် စုရွေ့ကျယ်၏ဘောင်းဘီကို ထိလိုက်လေသည်။
“ဒီလိုမလုပ်နဲ့”
စုရွေ့ကျယ်သည် သူ့မျက်လုံးများတွင် ဒေါသအမျက်ချောင်းချောင်းနှင့် ရွှီကျားနီ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
ဒီအချိန်၌ ကျယ်လောင်သောအော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ မင်းဘာလုပ်နေတာလဲ ”
🍒🍒
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
မုန်းစရာဇာတ်ကောင်လေးကတော့ နောက်တစ်ပိုင်းကျရင် ကန်ထုတ်ခံရတော့မှာပါ ဒေါသထွက်နေကြရင် စိတ်လျှော့ကြပါ။ ဟီးဟီး