အခန်း(၁၀၈)
Viewers 12k

အခန်း(၁၀၈)《 မြွေပွေးခါးပိုက် ပိုက်-၂ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ရောက်လာသူမှာ ကျန့်ယွင်ဖြစ်လေ၏။ သူအိပ်မပျော်သောကြောင့် သူ့ချစ်သူငယ်လေးနှင့် စကားစမြည်ပြောဖို့ ထွက်လာခဲ့ခြင်းဖြစ်လေသော်လည်း သူ့ကိုရှာမတွေ့ခဲ့ချေ။ မီးဖိုချောင်ထဲတွင် လှုပ်ရှားသံကြားလိုက်ချိန် သူလာကြည့်လိုက်လေသည်။ မထင်မှတ်ပဲ ဤမြင်ကွင်းမျိုးကို တွေ့လိုက်ရသည်။


သို့သော် သူ့နောက်ကွယ်တွင် စုရွေ့ကျယ် တစ်ခုခုလုပ်နေသည်ဟု မတွေးခဲ့ပါချေ။ သူ့ဒေါသသည် အကြောင်းပြချက်မရှိဘဲ စုရွေ့ကျယ်အား နှောင့်ယှက်နေသည့် ထိုအမျိုးသမီးကို ရည်ညွှန်းလေ၏။ ရှောင်ကျယ့်တစ်ကိုယ်လုံး အနောက်ဘက်ကိုယိုင်နေတာကို သူမ မမြင်ဘူးလား။


ကျန့်ယွင်၏အသွင်အပြင်ကိုမြင်ပြီး စုရွေ့ကျယ်သည် နူးညံ့သိမ်မွေ့မှုကို ဂရုမစိုက်တော့ဘဲ သူ့အားရစ်ပတ်နေသော အမျိုးသမီးကို ချက်ခြင်းဖယ်ထုတ်လိုက်လေသည်။ မီးဖိုချောင်သည် အလွန်သေးငယ်လွန်းသည်မဟုတ်ပါက သူသည် ပို၍ပင် ခုန်ထွက်သွားနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ သူ့နောက်သို့ ခြေလှမ်းသုံးလှမ်းကပင် ရွှီကျားနီကို အရှက်ရလောက်စေလေသည်။


“မင်းဘာလုပ်ချင်နေတာလဲကွ”


ကျန့်ယွင်သည် သူတို့နှစ်ယောက်ကြားသို့ ပြေးလာပြီး သူ့အရပ်မြင့်မြင့်နှင့် စုရွေ့ကျယ်ကို သူ့နောက်သို့ တိုက်ရိုက်ပိတ်ဆို့လိုက်လေသည်။


“ကျွန်မ...ကျွန်မ....”


ရွှီကျားနီသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ကာ စတင်ငိုယိုပါလေတော့သည်။


ထိုအချိန်တွင် အနောက်ဘက်ရှိ သိုလှောင်ခန်းတွင် အနားယူနေကြသော လူများသည်လည်း လှုပ်ရှားမှုကိုကြားပြီး တယောက်ပြီးတယောက် ထွက်လာကြလေသည်။ ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ကိုယ်လုံးတီးမိန်းကလေးနှင့် ထိပ်တိုက်တွေ့နေကြသည်ကို မြင်လိုက်ကြရသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။


နောက်ဆုံး၌ ရွှီကျားနီသည် ရှက်စိတ်အနည်းငယ်ရှိသွားပြီးနောက် ကြမ်းပြင်ပေါ်ရှိညအိပ်၀တ်အင်္ကျီကို အမြန်ကောက်လိုက်ပြီး သူမခန္ဓာကိုယ်အနောက်ဘက်သို့ ခြုံလိုက်ကာ ဒူးကိုလက်ဖြင့်ပိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ မျက်ရည်များပို၍ စီးကျလာလေသည်။ သူတို့နှစ်ဦးသည် သူမအား တစ်ခုခုလုပ်မိသွားသည်ဟုပင် ထင်လာကြလိမ့်မည်ဖြစ်သည်။


“ဒါ၊ ဒါက..ဘာဖြစ်တာလဲ ” 


ဟန်လဲ့သည် ကောင်မလေး၏ ကိုယ်လုံးတီးကိုယ်ထည်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသောအခါ ရှက်ရွံ့သောမျက်နှာဖြင့် မေးလိုက်သည်။


“လာ၊ ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောစမ်းပါဦး”


ကျန့်ယွင်သည် စုရွေ့ကျယ်ကို သူ့အနောက်မှဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်းလေးများကို ပြင်းပြင်းထန်ထန် ဖိညှစ်လိုက်လေသည်။


စုရွေ့ကျယ်၏မျက်နှာမှာလည်း အနည်းငယ်ရှက်ရွံ့နေပုံရပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရိုးရိုးရှင်းရှင်းပြောလိုက်သည်။


တကယ်တမ်း သူဤအကြောင်းကို အများကြီးမတွေးထားပါချေ။ ရွှီကျားနီ၏ ကမ္ဘာပျက်ကပ်အတောတွင်း အတွေ့အကြုံသည် သူမအားနှိုးဆွမှုများ အများကြီးယူဆောင်လာခြင်းဖြစ်နိုင်လိမ့်မည်ဟုသာ သူထင်ခဲ့သည်။ တစ်ချို့လူများကသာ သူမအား နည်းနည်းပိုကောင်းအောင် ဆက်ဆံခဲ့ပါက သူမအနည်းငယ် ရှုပ်ထွေးလိမ့်မည်ဖြစ်ကာ သူ့ကျေးဇူးကို ဘယ်လိုဖော်ပြရမလဲဆိုသည်ကို သူမမသိနိုင်ခဲ့ချေ။


သို့သော် စုန့်ချန်ရှုသည် ထိုသို့ မထင်ခဲ့ပါချေ။ သူသည် သိမ်မွေ့သည့်မျက်နှာနှင့် ရွှီကျားနီဆီသို့ လျှောက်သွားပြီး လေးနက်သောအသံဖြင့် မေးလာ၏။


“ရွှီမိန်းမကလေး၊ မင်းက ရှောင်ကျယ်နဲ့ ဆက်ဆံရေး တစ်ခုကို တကယ်လိုချင်တာလား ”


“ကျွန်မ...ကျွန်မ....”


ရွှီကျားနီ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာလေသည်။


“ဘာကိစ္စလဲ ”


ကျန့်ယွင်၏ ပြင်းထန်မှုသည် အဘယ်နည်း။ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ကို တွေ့ပြီး စုန့်ချန်ရှုကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။


စုန့်ချန်ရှုသည် သက်ပြင်းချလိုက်ပြီး “သူတို့ကို ရွာကနေ ကယ်ထုတ်ပြီးတဲ့နောက် ငါ သူတို့ တစ်ယောက်ချင်းစီကို စေ့စေ့စပ်စပ် ကုသမှု ပေးခဲ့တယ်။ ပြီးတော့ ရွှီမိန်းကလေးမှာ ပြန်ရည်အိတ်( lymph nodes)တွေရောင်ရမ်းတာ၊ အဖျားတချို့ရှိတာ၊ ပါးစပ်ထဲမှာ ထင်ရှားတဲ့ ပန်းရောင် အစက်အပြောက်ရှိတာနဲ့ သူမ လည်ချောင်းမှာ အဖြူအမြှေးပါးတွေ ရှိတာကိုတွေ့ခဲ့ရတယ်....”


“အဓိကအချက်ကိုပြောစမ်းပါ ”


ကျန့်ယွင်သည် စိတ်မရှည်စွာပြောလိုက်သည်။


“သူမရဲ့ အခြေအနေက AIDS ဖြစ်တဲ့ ပြင်းထန်တဲ့ HIV ကူးစက်မှုလက္ခဏာတွေနဲ့ ကိုက်ညီနေတယ်”


“ဘာ ”


လူတိုင်းသည် ထိတ်လန့်အံ့ဩသွားကြလေ၏။


“ဒေါက်တာစုန့်”


ရွှီကျားနီသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် သူ့အား အသနားခံသောမျက်လုံးများဖြင့် ကြည့်နေလေသည်။


“ဒီကိစ္စကို... ငါ ရွှီမိန်းကလေးကို ပြောထားခဲ့ပြီးသား”


စုန့်ချန်ရှုသည် ကြင်နာတတ်သည့်နှလုံးသားရှိသည့် ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူသည် မကောင်းသည့်လူတစ်ယောက်မဟုတ်ဟု ပြောနိုင်သော်လည်း သူသည် မဖော်ရွေခြင်းကြောင့် လူသိများခဲ့လေသည်။ ရွှီကျားနီသည် သူမတွင် AIDS ရောဂါရှိသည်ဆိုသည်ကို သိထားကြောင်း သူသိသည်။ ယခုလို အခြေအနေမျိုးတွင် သူမသည် စုရွေ့ကျယ်နှင့် အနီးကပ် ထိတွေ့ခွင့်ရရန် တက်ကြွစွာလိုချင်နေသဖြင့် ၎င်းသည် အလွန်လေးနက်လေကာ သူသည် သူမအတွက် ထိုအကြောင်းကို သူဘယ်တော့မှဖုံးကွယ်ထားပေးလိမ့်မည်မဟုတ်ပါချေ။


ထိုအကြောင်းကိုကြားပြီး စုရွေ့ကျယ်သည်လည်း မယုံနိုင်လောက်သည့် အမူအရာအပေါ်လာလေသည်။ ရွှီကျားနီသည် သူ့ကျေးဇူးကို ပြန်ပေးဆပ်ဖို့ ကြိုးစားနေသည်ဟု သူထင်ခဲ့သည်။ သို့သော် သူမတွင် တခြားရည်ရွယ်ချက်ရှိနေမည်ဟု မမျှော်လင့်ထားပါချေ....။


AIDS သည် ကမ္ဘာပျက်ကပ်မတိုင်မီကပင် ကုသ၍မရသောရောဂါဖြစ်ပြီး ကမ္ဘာပျက်ကပ်အတောအတွင်း ဆေးဝါးပြတ်လပ်ပြီးနောက်တွင် ပို၍ပင်သေဆုံးစေနိုင်လိမ့်ပေမည်။


ရွှီကျားနီလှုပ်ရှားမှုသည် အမှန်တကယ်ကို လူသတ်မှုနှင့်မခြားပါချေ။


ကျန့်ယွင်သည် ယခုလေးတင် စုရွေ့ကျယ်အား အတင်းအကျပ်နမ်းရန် ရွှီကျားနီ၏ကြိုးပမ်းမှုအားတွေးမိလိုက်သောအခါ လုံး၀အေးခဲသွားလေ၏။ နမ်းခြင်းသည် AIDSမကူးစက်ကြောင်း တီဗီတွင် ပြောခဲ့သော်လည်း ရွှီကျားနီ၏ပါးစပ်မှ သွေးထွက်လျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ 


“ခွေးမ၊ မင်းဘာလို့ဒီလိုလုပ်ရတာလဲကွ ”


ကျန့်ယွင်သည် ရွှီကျားနီ ထိတ်လန့်တကြားနှင့် ကြမ်းပေါ်မှ ဆွဲလိုက်ပြီး ဒေါသတကြီးပါးရိုက်လိုက်လေသည်။


ကျန့်ယွင်သည် ယနေ့ခေတ်နှင့်နေ့ရက်များတွင် အမျိုးသမီးတစ်ဦးကို ဘယ်တုန်းကမှ မရိုက်နှက်ဖူးခဲ့ပါချေ။ သို့သော် ယခုအချိန်တွင်မူ သူသည် အလွန်ဒေါသပုံထနေကာ သူ့နှလုံးသားထဲမှဒေါသကို လုံး၀သည်းမခံနိုင်တော့ချေ။ သူ့ချစ်သူလေးသည် ဆန့်ကျင်ရန်ကြံစည်ခြင်းခံခဲ့ရလေသည်။ သူသာ သည်းခံနိုင်မယ်ဆို သူယောက်ျားမဟုတ်တော့ဘူး။


မမျှော်လင့်စွာဖြင့် ရွှီကျားနီသည် အရိုက်ခံရပြီးနောက် သူမသည် ရူးသွပ်စွာ ရယ်မောလိုက်သည်။


“ဟားဟားဟား...ဘာလို့လဲ”


ရွှီကျားနီသည် ပြုံးလိုက်ပြီး ရုတ်တရက် မျက်နှာပျက်သွားကာ


“အဲ့ဒါ အားလုံး သူ့အမှားပဲ၊ သူ့ကြောင့်သာမဟုတ်ရင် ငါ အခုလိုဖြစ်နေမှာ မဟုတ်ဘူး။ သူ့ကြောင့်သာမဟုတ်ရင် ငါ့အဖေသာ သေမှာမဟုတ်ဘူး၊ ငါ တောင်ပိုင်းအခြေစိုက်စခန်းက ထွက်သွားရမှာမဟုတ်ဘဲ ငါ အခုလို‌နေရာမှာရောက်နေမှာ မဟုတ်ဘူး ”


“ငါဘာလုပ်လို့လဲ..”


စုရွေ့ကျယ်သည် စိတ်ရှုပ်သွားရ၏။ သူဘာတွေလုပ်ခဲ့သလဲဆိုသည်ကို သူမသိပါချေ။


အခြားသူများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ စုရွေ့ကျယ်သည် အခြားသူများကို ဒုက္ခပေးလိမ့်မည်ဟု သူတို့မယုံကြည်ခဲ့ကြချေ။ လတ်တလောတင်မှ အဖွဲ့တွင်ပါဝင်ခဲ့သော ကျောက်ပင်းနှင့်ဟန်လဲ့တို့ပင်လျှင် စုရွေ့ကျယ်သည် ပျော့ညံ့သောအမျိုးသမီးတစ်ဦးကို တိုက်ခိုက်လိမ့်မည့်လူအမျိုးအစားမဟုတ်ကြောင်း သေချာပေါက်သိလေသည်။ နားလည်မှုလွဲခြင်း တချို့ရှိကိုရှိရပေမည်။


“နင် ဘာလုပ်ခဲ့တာလဲ.... နင်ဘာလို့ မလုပ်ခဲ့တာလဲလို့မေးသင့်တယ်။ ငါ့ အဖေက ကျန်းမာရေးမကောင်းတဲ့အပြင် အုတ်ဖုတ်ခိုင်းဖို့အလုပ်လုပ်ရတယ်။ သူ ပင်ပန်းပြီး နေမကောင်းဖြစ်နေတယ်။ ငါ နေ့တိုင်းဆာလောင်နေခဲ့ရတယ် ဒါပေမယ့် နင်က ဒီလူတွေအဖွဲ့နဲ့ နေ့တိုင်းလိုက်သွားတယ်။ နင်က ကောင်းကောင်းမွန်မွန်နေနေရပြီး ငါ့ကိုဘာလို့မကူညီခဲ့တာလဲ။ နင် ငါ့ကိုဘာလို့မသိချင်ယောင်ဆောင်နေတာလဲ။ နင် အခြေစိုက်စခန်းကနေ တိုက်ရိုက်ထွက်သွားခဲ့တယ်။ ငါဒီနေ့လိုဖြစ်လာတာ အားလုံး နင့်အပြစ်ပဲ ”


【TN : ဒီ Bitch 🤬】


ဤအမျိုးသမီးသည် ဒီနေ့ သူမရောက်နေသည့် နေရာ ဘာကြောင့် ပြိုလဲသွားသည်ကိုညွှန်ပြနေသည်ကို နားလည်လိုက်ကြကြသည်နှင့် လူတိုင်း သဘောပေါက်နိုင်လေသည်။ ဒီလို ယုတ္တိမဲ့လွန်းတဲ့ ချို့ယွင်းချက်ကတော့ တကယ်ကိုစိတ်လှုပ်ရှားနေတာပဲ။


လူတိုင်းသည် ဤမိန်းမ၏ အဓိပ္ပါယ်မဲ့သောစကားကို ထပ်နားမထောင်ချင်တော့ချေ။ ကောင်းမွန်သောစိတ်ထားရှိသည့် ဝူကျင်းပင်လျှင် တိုက်ရိုက်သွားပြီး ရွှီကျားနီ၏မျက်နှာကို ပါးရိုက်ရန်ပင် သည်းမခံနိုင်တော့ချေ။ ရွှီကျားနီသည် လှည့်ပတ်ကြည့်လိုက်ရာ လူတိုင်းသည် သူမအား စာနာစိတ်အလျှင်းမရှိဘဲ အေးစက်စွာကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။


သူမ ပြောလိုက်သည်ကို ရုတ်တရက် သဘောပေါက်သွားပြီး ကုစားချင်သော်လည်း အလွန် နောက်ကျသွားပြီဖြစ်သည်။


“ကျန့်ကော၊ ငါတို့ သူမကို ဘာလုပ်ရမလဲ”


ကျန့်ယွင်သည် ရွှီကျားနီကို အေးစက်စွာကြည့်လိုက်ကာ ပြောလိုက်၏။


“သူမကို ဆင်းခိုင်းလိုက်”


“ကောင်းပြီ ”


ကျန့်ယွင်၏ ဆုံးဖြတ်ချက်ကို အမှန်တကယ်ပင် မည်သူမှကန့်ကွက်ခြင်း မရှိချေ။


ကျန့်ယွင်သည် ဘေးတံခါးကို တိုက်ရိုက်ဖွင့်လိုက်ပြီးနောက် ရွှီကျားနီအား ပြောလိုက်၏။


"မင်းကိုယ်တိုင် ဆင်းမှာလား ဒါမှမဟုတ် ငါမင်းကို အောက်ကို လိုက်ပို့ရမလား ”


“ရှင် ဒီလိုမလုပ်နိုင်ဘူး ”


ရွှီကျားနီ၏မျက်နှာသည် အေးစက်နေသည့်လေကြောင့် အေးခဲသွားပြီး သူမ၏မျက်နှာသည် ဖြူဖျော့သွားလေသည်။ အပြင်ဘက်၌ အေးခဲနေပြီး နှင်းများကျနေကာ ညအချိန်ကြီးဖြစ်နေ၏။ သူမ ကားပေါ်ကဆင်းလိုက်သည်နှင့် သူမ အသက်ရှင်ဖို့လမ်းမရှိတော့ချေ။


“ဘာလို့မလုပ်နိုင်ရမှာလဲ”


ကျန့်ယွင် လှောင်ပြောင်လိုက်၏။


“ ငါတို့က မင်းအဖေမဟုတ်ဘူး။ မင်းကို ကယ်တင်တာက ကြင်နာမှုတွေကြောင့်ပဲ။ ဒါပေမယ့် တာ၀န်ပျက်ကွက်တာမျိုးမရှိခဲ့ဘူး။မင်းက ကယ်တင်ဖို့ မထိုက်တန်ဘူးဆိုတာ သက်သေပြခဲ့တာပဲ”


“ဒါ လူသတ်မှုပဲ....”


“ဟဟ”


ကျန့်ယွင်သည် ဤအမျိုးသမီး၏ဦးနှောက်သည် ပုံမှန်မဟုတ်တော့ဘူးဟု တကယ်ထင်နေပြီး သူမနှင့် စကားမထပ်ပြောချင်တော့ချေ။ သူသည် သူမလက်မောင်းကို တိုက်ရိုက်ဆွဲကိုင်လိုက်ကာ ကားပေါ်မှဆွဲချလိုက်ပြီး နှင်းတောထဲသို့ ပစ်ချလိုက်လေသည်။


ရွှီကျားနီသည် နှင်းတောထဲလဲကျသွားပြီး အအေးဒဏ်ကြောင့် တုန်ယင်သွားလေသည်။ ယခု သူမတကယ်ကြောက်နေပြီဖြစ်သည်။ သူမသည် ထရပ်ရန် ရုန်းကန်ပြီး ကျန့်ယွင်၏ခြေသလုံးကို ပွေ့ဖက်ကာ ထပ်ခါတလဲလဲ တောင်းပန်‌လေ၏။


“တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်။ ကျွန်မ တစ္ဆေတစ်ကောင်လို ကိုယ့်ကိုယ်ကိုယ် ခဏလောက် မထိန်းနိုင်ခဲ့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မတောင်းပန်ပါတယ်...”


သို့သော် သူမ ဘယ်လောက်ပဲ တောင်းပန်ခဲ့ပါစေ ကျန့်ယွင်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲရန်နည်းလမ်းမရှိပါချေ။ သူသည် သူမကို အကြင်နာမဲ့စွာ ကန်ထုတ်လိုက်ပြီး ကားဆီကို တည့်တည့်လျှောက်သွားခဲ့‌လေသည်။


ရွှီကျားနီသည် တစ်ဖန်ပြန်ထကာ ခရုဇာကား၏ဘေးတံခါးနှင့် တိုက်မိပြီးလဲကျသွားကာ ကားထဲသို့ နောက်တစ်ကြိမ်ပြန်ဝင်ချင်ခဲ့လေသည်။ သို့သော်လည်း ချန်းချီသည် သူမရှေ့တွင်တိုက်ရိုက်ပေါ်လာပြီး တံခါးကိုပိတ်လိုက်သည်ကိုသာ မြင်လိုက်ရလေသည်။


“အား.... တံခါးဖွင့် တံခါးဖွင့်”


ရွှီကျားနီသည် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်လေသည်။


ထိုအချိန်တွင် ကျန့်ယွင်သည် ရှေ့ထိုင်ခုံသို့ ရောက်လာပြီး ကျန့်ကျားဟယ်ကို လမ်းမှထွက်ခွာရန် ပြောလိုက်ပြီး ခရူဇာကို တိုက်ရိုက်စတင်မောင်းထွက်ခဲ့လေသည်။


နှင်းခရူဇာသည် အမှောင်ထဲတွင် ခပ်တိုးတိုးအော်မြည်သံကို ထုတ်လိုက်ပြီး အဝတ်ပါးပါးလေးဖြင့် ငိုယိုပြီး နှင်းထဲတွင်လဲကျနေသည့် ရွှီကျားနီကို ချန်ထားရစ်ခဲ့လေသည်။


ကားထဲ၌ ထူးဆန်းသည့်တိတ်ဆိတ်မှုတစ်ခုရှိနေခဲ့သည်။ ရွှီကျားနီသည် သူမ၏လုပ်ရပ်အတွက် တာဝန်ရှိသည်ဟု လူတိုင်းခံစားမိသော်လည်း သူတို့ နှလုံးသားသည် လေးလံနေဆဲဖြစ်လေသည်။


၎င်းကို မြင်ပြီး စုန့်ချန်ရှုသည် စုရွေ့ကျယ်၏ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်၏။


“အဲ့ဒါကို စိတ်ထဲထားမနေပါနဲ့။ တောကကြီးမားတဲ့အခါ ငှက်အမျိုးအစားအားလုံးရှိနေလိမ့်မယ်။ မင်းအခု သူမကို ကောင်းကောင်းဆက်ဆံနိုင်လို့ သူမက အဲ့ဒါကိုသိတတ်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒါက အဲ့လိုပါပဲကွာ”


လူတိုင်းသည် ထိုသို့တွေးပြီး တစ်ယောက်ချင်းစီ စုရွေကျယ်ကို စကားအနည်းငယ်နှင့် နှစ်သိမ့်ပေးကြပြီး အနားယူဖို့ သိုလှောင်ခန်းဆီသို့ ပြန်သွားကြလေသည်။ ဦးနှောက်အနည်းငယ်ရှိသည့် မည်သူမဆို စုရွေ့ကျယ်သည် ရွှီကျားနီတွင်ဖြစ်ခဲ့ခြင်းအတွက် အပြစ်မရှိဘူးဆိုသည်ကို သိကြလေသည်။ စုရွေ့ကျယ်နှင့် ထိုကောင်မလေးသည် အတန်းဖော်များသာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်အပေါ် လေးလေးနက်နက် အထင်အမြင်မရှိခဲ့ကြချေ။ တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးခြင်းမျိုးမရှိဘဲ သူ့ကိုဘာကြောင့်ကူညီသင့်တာလဲ။ 


ထို့အပြင် တောင်ပိုင်းအခြေစိုက်စခန်း၏ အခြေအနေများနှင့်ဆို လက် သို့မဟုတ် ခြေထောက်များ ကင်းမဲ့ပြီး လှုပ်ရှားနိုင်စွမ်းမရှိသူမဟုတ်သည့် မည်သူမဆို သူတို့ကိုယ်သူတို့ ထောက်ပံ့ရန် နည်းလမ်းတစ်ခုအမြဲရှိလိမ့်မည်ဖြစ်သည်။ ရွှီကျားနီကဲ့သို့ ပစ္စည်းများကိုလွယ်လွယ်ရချင်ပြီး အလုပ်လုပ်ရန်မုန်းသည့် အမျိုးသမီးသည် မည်သူကမှ တလိုတလား ရွေးချယ်လိမ့်မည်မဟုတ်သည့်လမ်းကြောင်ူကိုရွေးချယ်ခဲ့ခြင်းဖ့စ်လေသည်။ ယနေ့ သူမရောက်နေသည့်နေရာကို သူမကျဆင်းသွားခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါချေ။


အထူးသဖြင့် သူမတွင် AIDS ရောဂါခံစားနေရကြောင်း သိလိုက်ရပြီးနောက် သူမတွင် အကြံဆိုးတစ်ခုရှိပြီး စုရွေ့ကျယ်အားဖမ်းဆီးချုပ်နှောင်ထားချင်နေသေးသည်။ ၎င်းသည် သူမ၏ခေါင်းထဲသို့ သေခြင်းတရားဆိုသည့် စာကြောင်းတစ်ခုထည့်သွင်းထားပြီးဖြစ်လေသည်။ ကျန့်ယွင်သည် ချက်ချင်း သေနတ်ကိုဆွဲထုတ်ပြီး သူမကို သတ်ပစ်လျှင်တောင် အခြားလူများသည် သူ့အား တားကြလိမ့်မည်မဟုတ်ချေ။


ကားသည် မရပ်တန့်ခင် ဆယ်ကီလိုမီတာအပြည့် မောင်းလာပြန်‌လေသည်။


“မင်းတို့နှစ်ယောက် အနောက်ဘက်ကိုသွားပြီး ရှောင်ကျယ်ကိုခေါ်လိုက်”


ကျန့်ယွင်သည် ချန်းကျောင်းနှင့် ကျန့်ကျားဟယ် ကိုပြောလိုက်၏။


“ကောင်းပြီ”


သူတို့သည် ဖြစ်ပျက်ခဲ့သည်ကို အတိအကျမသိသော်လည်း သူတို့နှစ်ယောက်စလုံးသည် ကျန့်ယွင်၏ ညှို့မှိုင်းမဲမှောင်နေသည့်အမူအရာကို မြင်လိုက်ကြပြီး ချက်ချင်း အရှေ့မှနာနာခံခံထွက်သွားကြပြီး စုရွေ့ကျယ်ကိုခေါ်ရန် အနောက်ဘက်သို့ သွားကြလေသည်။


စုရွေ့ကျယ်သည် ခေါင်းငုံ့ကာ ကားထဲသို့၀င်လာပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် ကျယ်ပြန့်ပြီး သန်မာသောရင်ခွင်ထဲသို့ အားကောင်းမောင်းသန်လက်တစ်ဖက်ဖြင့် ဆွဲယူခံလိုက်ရလေသည်။


“မင်း အဆင်ပြေရဲ့လား”


ကျန့်ယွင်သည် သူ့နဖူးကို နမ်းလိုက်ပြီး စိုးရိမ်တကြီးနှင့်မေးလိုက်၏။


“မင်းက အရမ်းသတိမဲ့လွန်းတယ်။ လူတွေက ကမ္ဘာပျက်ကပ်အတွင်းမှာ အန္တရာယ်များတယ်။ မင်းမသိဘူးလား။ အဲ့လိုမိန်းမမျိုးက မင်းကို ဘယ်လိုတောင် လွယ်လွယ်နဲ့ ချဉ်းကပ်နိုင်တာလဲ။ အနာဂတ်မှာ ဒီလိုလုပ်ဖို့ သတ္တိရှိသေးလား ”


“မလုပ်ရဲ....”


စုရွေ့ကျယ်သည် သူ့ပါးစပ်ကို ဖိကပ်ပိတ်လိုက်လေ၏။ တကယ်တမ်း သူသည်လည်း သူ့စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့သွားခဲ့လေသည်။ သူ ပြန်လည်မွေးဖွားလာပြီးနောက် ကိစ္စများသည် ချောမွေ့လွန်းသဖြင့် သူ့နိုးကြားမှုကို လျော့ပါးစေခဲ့လေသည်။ သူသည် လူများနှင့် သူတို့၏ မျက်နှာများကို သိသော်လည်း သူတို့နှလုံးသားထဲတွင် ဘာ‌တွေရှိမှန်း မသိခဲ့ပေ။


“အဲ့အကြောင်း မတွေးတော့နဲ့၊ အနာဂါတ်မှာသာ သတိထား”


“ကောင်းပါပြီ.....”


“ဒါပေမယ့် ကိုယ် မနာလိုဘူး၊ မင်း ဘာပြောချင်လဲ ”


“ကျွန်တော်...ကျွန်တော်....”


စုရွေ့ကျယ်သည် ရှက်‌သွေးဖြာသွားပြီး စကားမပြောနိုင်တော့ချေ။


“အရူးလေး”


ကျန့်ယွင်သည် နီရဲနေသည့်မျက်နှာကို ကြည့်လိုက်၏။ ၎င်းသည် အလွန် ရီချင်စရာလေးဖြစ်နေသဖြင့် ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းလေးကို မနမ်းဘဲ မနေနိုင်တော့ချေ။


“အွန်.....”


အပြင်ဘက်တွင်အေးခဲနေသော်လည်း ကားထဲမှာတော့ အချစ်၏အပူရှိန်များဖြင့်အပြည့်ဖြစ်နေခဲ့လေ၏။


တစ်ညတာသည် လျင်မြန်စွာ ကုန်လွန်သွားပြီး ကားသည် လမ်းပေါ်ပြန်တက်လာပြန်သည်။


ယမန်နေ့ညက ဆူညံသံသည် ကျယ်လောင်လွန်းသောကြောင့် ဧည့်ခန်းထဲရှိ မိန်းကလေးခြောက်ယောက်သည် အမှန်တကယ်ကြားခဲ့ရ၏။ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ ရွှီကျားနီကဲ့သို့ သူတို့အားကယ်တင်ခဲ့သည့်သူများအတွက် အန္တရာယ်မများခဲ့ကြသည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့တွင် စိတ်ကူးတချို့တော့ ရှိကောင်းရှိနိုင်လေသည်။ အဆုံး၌ သူတို့သည် ၎င်းတို့အားကယ်တင်ခဲ့အချိန်က သူတို့အား အကြာကြီးခေါ်ထားမည်မဟုတ်ကြောင်းပြောခဲ့လေသည်။ သူတို့ တခြားအဖွဲ့နှင့်တွေ့သည့်အခါတွင် သူတို့အား ထိုအဖွဲ့ကို လွှဲပေးလိုက်မည်ဖြစ်လေသည်။


သို့သော်လည်း သူတို့ ကယ်တင်ခြင်းခံရသည့် နှစ်ရက်သည် ဤအမျိုးသမီးများအတွက် ကမ္ဘာပျက်ကပ်အတွင်း အကောင်းဆုံးနေ့များဖြစ်သည်။ သူတို့သည် ဤအဖွဲ့၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားများနှင့် သူတို့ပြသခဲ့သော စေတနာကိုမြင်ခဲ့ကြရပြီးနောက် သူတို့အား ဤကဲ့သို့ ထွက်ခွာရန် ဆန္ဒမရှိဖြစ်စေခဲ့လေသည်။


သို့သော် မနေ့ညပြီးနောက် သူတို့အားလုံးသည် ထိုသတိထားသည့်အတွေးကို စိတ်နှလုံးအောက်ခြေသို့ ပြန်ထည့်လိုက်ကြပြီး မည်ကဲ့သို့ ကျေနပ်ရောင့်ရဲရမလဲဆိုသည်ကို သတိရလာခဲ့ကြလေသည်။


နောက်နှစ်ရက်အကြာတွင် ထိုမိန်းကလေးများသည် အလွန်သက်တောင့်သက်သာဖြစ်လာကြပြီး ကာယခွန်အားများ အနည်းငယ်ပြန်ကောင်းလာပြီးနောက် သူတို့သည် သန့်ရှင်းရန်၊ ဟင်းချက်ရာတွင် ကူညီပေးရန်နှင့် စသဖြင့်လုပ်ပေးချင်ခဲ့ကြသော်လည်း ကျန့်ယွင်ထံမှ ပြန်သွားဖို့ အကြံပေးခြင်း ခံလိုက်ကြရလေသည်။


သူတို့အား မည်သည့်တွန်းအားပေးခြင်းမျိုးမရှိခဲ့ချေ။ သူတို့သည် သူတို့အားအနားယူစေချင်သည်ဟု ပြောခဲ့သော်လည်း ရိုးရိုးတန်းတန်းပင် သူတို့အားမယုံနိုင်သေးခြင်းသာဖြစ်လေသည်။


နောက်တစ်ရက်ကြာပြီးနောက် သူတို့သည် ဝမ်ချန်းစစ်တပ်ကို အဝေးပြေးလမ်းမကြီးပေါ်တွင် တွေ့ဆုံခဲ့ကြသည်။ ဝမ်ချန်းစစ်တပ်သည် သူတို့နောက်သို့လိုက်လိုသော အသက်ရှင်ကျန်ရစ်သူများကို သူတို့နှင့်အတူ တောင်ပိုင်းအခြေစိုက်စခန်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူတို့တောင်ပိုင်းသို့သွားသည့်အချိန်တွင် လုမိသားစုအပါအ၀င် ထရပ်ကားအစီးရေ 30 ကျော်နှင့် ကိုယ်ပိုင်ကားအမြောက်အမြားနှင့် လူပေါင်း 1500 ကျော်ပါလေသည်။


၀မ်ချန်းအခြေစိုက်စခန်းကိုမူ ၀မ်မိသားစုနှင့် ဟုန်မိသားစုဆီ ထားခဲ့ကြလေသည်။ သူတို့ လိုချင်တာမှန်သမျှ လုပ်နိုင်လေသည်။


၀မ်ရွှီရုန်၏ ပံ့ပိုးကူညီမှုမရှိဘဲ ၀မ်မိသားစုသည် တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။ ထုံးစံအတိုင်း ဟုန်မိသားစုသည် လုမိသားစုနှင့် အခြေစိုက်စခန်း၏မြို့စောင့်တပ်ကို အနိုင်မယူနိုင်ချေ။ ထို့ကြောင့် သူတို့ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသောအခါတွင် သူတို့သည် သူတို့အားတားဆီးခြင်းမရှိခဲ့ပေ။


လွှဲပြောင်းပေးအပ်မှုသည် အလွန်ချောမွေ့လွန်းလှသည်။ ကျန့်ယွင်သည် ၀မ်ချန်းမြို့စောင့်တပ်ခေါင်းဆောင်များနှင့် စကားအနည်းငယ်ပြောပြီး မိန်းကလေးခြောက်ယောက်ကို သူတို့ထံပေးအပ်ခဲ့သည်။


ကျန့်ယွင်နှင့် အခြားသူတို့သည် လမ်းအတိုင်းဆက်သွားကြကာ မြို့တော်အခြေစိုက်စခန်းဆီသို့ အ‌ပြေးအလွှားခရီးဆက်ကြလေသည်။


ကားထဲတွင် အပြင်လူမရှိသဖြင့် နောက်ဆုံး၌ လူတိုင်း ပုန်းနေစရာမလိုတော့ချေ။ နေ့ခင်းဘက်တွင် လူတိုင်းသည် စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ အသုတ်လိုက်ဝင်သွားကြပြီး စိုက်ပျိုးထားသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး ဆန်အသစ်အဖြစ်သတ်မှတ်ကာ ဆန်အိတ်များထဲတွင် ထုပ်ပိုးထားကြလေသည်။ သူတို့သည် လမ်းပေါ်တွင် တစ်လခွဲပြည့်သွားပြီဖြစ်လေသည်။


သူတို့သည် ကီလိုဂရမ် တစ်သောင်းကျော် ပမာဏရှိသော ကောက်ပဲသီးနှံ နှင့် အသီးအနှံနှင့် သစ်သီး၀လံ နှစ်သုတ်စုဆောင်းထားခဲ့ကြ‌လေသည်။ ဝါဂွမ်း ကီလိုဂရမ်ပေါင်း 6,000ကိုလည်း ရရှိထားလေသည်။ ၎င်းသည် ဝါဂွမ်းခံချည်သားအ၀တ်အစားများ နှင့် ဘောင်းဘီများအဖြစ် ပြုလုပ်မည်ဆိုပါက အစုံပေါင်း 10000 ကျော် ရရှိသင့်သည်။


မြို့တော်အခြေစိုက်စခန်းတွင်လည်း ၎င်းတို့ကိုယ်ပိုင် မြေဆီလွှာမဲ့ စိုက်ပျိုးရေးစင်တာနှင့် ဖန်လုံအိမ်ရှိသော်လည်း စိုက်ပျိုးမှုအမြန်နှုန်းသည် စုရွေ့ကျယ်၏နေရာလွတ်လောက်မမြန်ပါချေ။ အဆိုပါပစ္စည်းများသည် ဤခက်ခဲသောကာလထဲတွင် မြို့တော်အခြေစိုက်အား ရှင်သန်ရန်အခွင့်ပေးမည်ဖြစ်သည်။


နောက်ဆုံး၌ 16ရက်မြောက်နံနက်တွင် သူတို့သည် အဝေးပြေးလမ်းမကြီးပေါ်တွင် မြို့တော်၏ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့လိုက်ကြပြီး စုရွေ့ကျယ်သည် နေရာလွတ်အတွင်းရှိ အဆင်သင့်ရှိသော ရိက္ခာပစ္စည်းများအားလုံးကို နှင်းခရူဇာ၏ ခေါင်မိုးပေါ်သို့ လွှဲပြောင်းခဲ့သည်။


နှင်းခရူဇာ၏ခေါင်မိုးသည် လေးလံသောဝန်များကိုသယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားလေသည်။ ၎င်းသည် လေးလံသောကုန်ပစ္စည်းများကိုသယ်ဆောင်နိုင်သည့် တင်ချသည့်စက်များနှင့် လေးလံသောသံမဏိပြားများတပ်ဆင်ထားပြီး လေးလံသောပစ္စည်းများကိုသယ်နိုင်လေသည်။ ၎င်းသည် ဤကယ်ဆယ်ရေးပစ္စည်းများအသုတ်ကိုနေရာချထားရန်သင့်‌လျော်ပြီး ထို့နောက် ၎င်းတို့အား ရေစိုခံအဝတ်ဖြင့်ဖုံးအုပ် ၎င်းတို့အားကာကွယ်ထားနိုင်လေသည်။


အဖွဲ့သည် မြို့တော်ထဲသို့ မကြာမီ ၀င်ရောက်လာခဲ့ကြသည်။ ပြန့်ကျဲနေသော ဖုတ်ကောင်များ လှိုင်းအနည်းငယ်သာ တွေ့ခဲ့ကြသည်။ ရံဖန်ရံခါ၌ လမ်းပေါ်တွင် အချို့သောဖုတ်ကောင်များကို တွေ့နိုင်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် အပြင်ဘက်တွင် ဖုတ်ကောင်များကို ရှင်းလင်းရေး လုပ်နေခြင်းဖြစ်သည်။


တောင်ပိုင်းအခြေစိုက်စခန်းတွင်လည်း အလားတူပင်။ နေ့တိုင်း အခြေစိုက်စခန်းတစ်ဝိုက်ရှိ ဖုတ်ကောင်များကို ရှင်းလင်းရန် မြို့စောင့်တပ်များကို စေလွှတ်လိုက်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဖုတ်ကောင်များ တစ်ကြိမ်စုဝေးပြီးသည်နှင့် ဖုတ်ကောင်ဒီရေတက်ရန် လွယ်ကူပြီး ၎င်းတို့အားဖယ်ရှားရန် အခက်အခဲရှိလာမည်ဖြစ်သည်။


သူတို့သည် မြေပုံအတိုင်း မြို့တော်အခြေစိုက်စခန်းဆီသို့ မောင်းနှင်လာခဲ့ကြသည်။ စီးပွားရေးလမ်းပေါ်မှဖြတ်လာကြစဉ် သူတို့သည် ဖုတ်ကောင်များ၏ အော်ဟောက်သံများနှင့် သေနတ်သံများကို ကြားလိုက်ကြရသည်။


ထို့နောက် ဖန်စီအဝတ်အစားများ ၀တ်ဆင်ထားသော လူငယ်တစ်တွဲသည် သူတို့၏ ဦးတည်ရာသို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို တွေ့လိုက်ကြရသည်။ သူတို့လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားကြသည်။


သူတို့ ထွက်ပြေးသွားကြခြင်းဖြစ်သော်လည်း သူတို့နောက်မှ ဖုတ်ကောင်များကို ပစ်ခတ်ရင်း၊ ပြေးလွှားရင်းနှင့် တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြလေသည်။


ဤသို့သောအခြေအနေမျိုးတွင် ရပ်တန့်၍မဖြစ်နိုင်ချေ။ နှင်းခရူဇာသည် ချက်ချင်းပင် အရှိန်မြှင့်စက်ကို အမြန်နင်းပြီး ဖုတ်ကောင်များအပေါ်ကို ပြေးတက်သွားကာ ကြိတ်ချေလှိမ့်လိုက်လေသည်။ မျပြားလှသောရိက္ခာပစ္စည်းများ၏ ၀န်ကိုမဆိုထားနှင့် နှင်းခရူဇာသည်အလွန်လေးလံကာ ဖုတ်ကောင်များကို အသားကိတ်များအဖြစ် တိုက်ရိုက်ဖိလုနီးပါး‌ဖြစ်သွားစေသည်။


“ကျေးဇူးတင်ပါတယ်...‌ ကျေးဇူးတင်ပါတယ်”


လူငယ်လေးများသည် အသက်ပြင်းပြင်းရှုလိုက်ကြကာ ကားတံခါးကို လာခေါက်ကြပြီး သူတို့အား ကျေးဇူးတင်ကြောင်း ဖော်ပြကြလေသည်။


“ကြိုဆိုပါတယ်”


ကျန့်ယွင်သည် ထိုလူများကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ သူတို့အား ကားပေါ်တက်ဖို့ ဖိတ်ခေါ်သင့်မသင့် တွေးတောနေသည့်ပုံရလေသည်။


“မင်္ဂလာပါ။ ကျွန်တော်တို့က မြို့တော်အခြေစိုက် စခန်းအမှတ် 7132 က တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ကားမှောက်သွားပြီး အဖွဲ့သားအများအပြား ဒဏ်ရာရခဲ့လို့ပါ။ ခင်ဗျားတို့မှာ ဆေးဝါးများ ရှိပါသလား ခင်ဗျား ” 


လူငယ်လေးသည် ခေါင်းကိုအလေးပြုကာ စိတ်အားထက်သန်စွာ မေးလာလေသည်။


ကျန့်ယွင်သည် မတိုင်ခင်က သူတို့ထွက်ပြေးကြသည်ကို တွေ့ကတည်းက သူတို့၏ ပူးပေါင်းတိုက်ပွဲဝင်သည့်အမူအကျင့်ကြောင့် သူတို့သည်လေ့ကျင့်ခံထားရသည်ကိုတွေ့နိုင်သည်။ လူငယ်လေးသည် အလေးပြုပြီး သူတို့၏အထောက်အထားကိုအတည်ပြုရန် အဖွဲ့အရေအတွက်ကိုအစီရင်ခံလာသည်ကို တွေ့လိုက်ရလေသည်။


“ဒါပေါ့၊ မင်းတို့ ကားပေါ်အရင်တက်ပြီး ငါတို့ မင်းတို့ရဲ့ကျန်နေတဲ့အဖွဲ့သားတွေဆီကို ကားကိုတိုက်ရိုက်မောင်းသွားမယ်”


ကျန့်ယွင်သည် သူ့အစောင့်အကြပ်ကိုချလိုက်ပြီး သူတို့အား ကားထဲသို့ခေါ်သွင်းလိုက်သည်။


လူများက ကားထဲသို့၀င်လာကြကာ လှည့်ပတ်ကြည့်ရှုခြင်းမရှိဘဲ သပ်သပ်ရပ်ရပ် ထိုင်နေကြရုံလေသည်။ ကျန့်ယွင်သည် လူငယ်လေးကို ရှေ့ထိုင်ခုံသို့ခေါ်ကာ ဒဏ်ရာရနေသောအဖွဲ့သားများကို သွားခေါ်ရန် သူ့လမ်းညွှန်သည့်အတိုင်းလိုက်သွားခဲ့လေသည်။ 


လူငယ်၏ပါးစပ်မှ လူငယ်၏အမည်မှာ ယန်ဖန် ဖြစ်ကြောင်းသူတို့သိခဲ့ရသည်။ သူသည် တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။ အေးခဲသောရာသီဥတုကြောင့် အခြေစိုက်စခန်းမှအသက်ရှင်ကျန်ရစ်သူများသည် နွေးထွေးသည့်အ၀တ်အထည်များအလွန်အမင်းပြတ်လပ်နေသဖြင့် ထိုပစ္စည်းများကိုစုဆောင်းရန် အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ခြင်းဖြစ်လေသည်။ သူတို့ဝတ်ထားသည်များမှာ ဆိုင်ထဲမှပေါ့ပေါ့ပါးပါးကောက်ယူထားကြခြင်းဖြစ်သည်မို့ ဤကဲ့သို့ ဝတ်ထားကြခြင်းဖြစ်လေသည်။


သူတို့လည်း ကံမကောင်းခဲ့ချေ။ သူတို့သည် ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်တစ်ကောင်ထံ ပြေးဝင်သွားပြီး သူတို့ကားကို တိုက်ရိုက်ထိသွားကြလေသည်။ သူတို့သည် တိုက်ခိုက်ကြပြီး နောက်ဆုံး၌ ဆင့်ကဲပြောင်းလဲလာသည့်ဖုတ်ကောင်ကို သတ်ပစ်ခဲ့ကြသည်။ သို့သော်လည်း ရှေ့တန်းမှာရှိသည့် ရဲဘော်နှစ်ဦးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ကြလေသည်။ သူတို့သည် အနီးနားတွင် ဆိုင်တစ်ဆိုင်ကိုရှာတွေ့ခဲ့ကြပြီး သူတို့အား ဂိုထောင်ထဲတွင်ဝှက်ထားခဲ့ပြီး သံဗီရိုများနှင့် ပိတ်ဆို့ပြီးနောက် သူတို့အားကယ်ဆယ်မည့်သူရှာဖို့ သို့မဟုတ် ကားအသစ်တစ်စီးကိုရှာဖို့ ထွက်လာခဲ့ကြလေသည်။


ရလဒ်အနေနှင့် ကားသာမက ကယ်ဆယ်ရေးအဖွဲ့ကို ပင် မတွေ့ခဲ့ရချေ။ ထိုအစား ဖုတ်ကောင်များ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရလေသည်။ ကံကောင်းထောက်မစွာနှင့် နောက်ဆုံးမှာတော့ သူတို့သည် ကျန့်ယွင်တို့နှင့် ဆုံခဲ့ကြရလေသည်.....


🍒🍒