အခန်း(၁၁၀)
Viewers 12k

အခန်း(၁၁၀)《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク



ဟင်းလျာများသည် ကျန့်ယွင်တို့အဖွဲ့ စားသောက်နေကျဟင်းပွဲများလောက် မကောင်းသော်လည်း သူတို့သည် ဇီဇာမကြောင်ကြချေ။ မစ္စတာရှဲ့နှင့် ဒါရိုက်တာပိုင်တို့နှင့် ထမင်းစားပြီး စကားပြောခဲ့ကြသည်။


ချန်းချီ နှင့်ချန်းကျောင်းတို့သည် ချန်းမိသားစုမှ ကလေးများဖြစ်ကြောင်း ဒါရိုက်တာပိုင်ပြောသည်ကိုကြားပြီးနောက် မစ္စတရှဲ့၏မျက်နှာသည် ပိုပို၍ ဖော်ရွေလာလေသည်။


“လူငယ်လေးတို့ အိမ်ပြန်ပြီး သူ့ကိုတွေ့ချင်ကြလား။ လောင်ချန်းက အသက်ကြီးလာပြီ။ ဒီဆောင်းရာသီမှာ သူ အများကြီးဒုက္ခရောက်မှာ ငါ စိုးရိမ်မိတယ်”


ချန်းချီနှင့် ချန်းကျောင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။


ညစာစားပြီးနောက် ဒါရိုက်တာပိုင်သည် သူတို့အတွက် နေရာထိုင်ခင်းစီစဉ်ပေးရန် လူတချို့ကိုပြောလိုက်၏။ မြို့တော်အခြေစိုက်စခန်းရှိ အိမ်များအားလုံးကို မြေကြီး၊သစ်သားနှင့်သတ္တုစွမ်းရည် စွမ်းအားရှင်များ၊ အကောင်းဆုံးနှင့်ထိပ်တန်းပါရမီရှင်များနှင့် နေရာပေါင်းစုံမှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှ ကမ္ဘာပျက်ကပ်အတွင်း၌ တည်ဆောက်ခဲ့ခြင်းဖြစ်လေသည်။ အိမ်တချို့ကို ဖြိုဖျက်ပြီး ပြန်တည်ဆောက်ဖို့ မခက်ခဲပါချေ။


ဒါရိုက်တာပိုင် သူတို့အတွက် စီစဉ်ပေးသည့်အိမ်သည် အသစ်ဆောက်ထားခြင်းဖြစ်သော်လည်း ဘယ်သူမှ မနေရသေးချေ။


အဆောက်အဦးတစ်ခုလုံး၏ အစီအစဉ်မှာ သူတို့အတွက်ဖြစ်လေသည်။ ဒါရိုက်တာပိုင်သည် သူတို့လုံခြုံရေးကို ကာကွယ်ရန်အတွက် စစ်သားအချို့ကို စီစဉ်ပေးလိုသော်လည်း သူတို့သည် ယဉ်ကျေးစွာငြင်းဆိုလိုက်သည်။ သူတို့တွင် စွမ်းရည်မရှိပါက မြို့တော်သို့ ရိက္ခာပစ္စည်းများပို့ပေးဖို့ လူအနည်းငယ်ကိုသာအားကိုးပြီး လာရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဒါရိုက်တာပိုင်သည်အရှုံးပေးလိုက်ပြီး လိုအပ်သည့်အခါ တစ်စုံတစ်ယောက်ကို ရှာနိုင်ရန် ယန်ဖန်ကိုသာထားခဲ့ပြီး ထွက်သွားခဲ့လေသည်။


“အားကျန့်၊ မင်းပြန်သွားကြည့်ချင်လား”


လူတိုင်းအနားယူဖို့ အခန်းထဲသို့ပြန်သွားကြပြီးနောက် ချန်းချီနှင့် ချန်းကျောင်းတို့သည် ကျန့်ယွင်နှင့် စုရွေ့ကျယ်ကိုရှာရန် လာကြလေသည်။


ကျန့်ယွင်သည် အေးဆေးတည်ငြိမ်ပြီး ပြန်မဖြေလာပေ။ သို့သော် စုရွေ့ကျယ်သည် သူ့တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ ကျန့်ယွင်နှင့် ချန်းညီအကိုမောင်နှမများသည် ငယ်ငယ်လေးကတည်းကရှိခဲ့ကြသည်ကို သူသိခဲ့ရပြီး မြို့တော်တွင်အတူတူကြီးပြင်းလာကြခြင်းဖြစ်ရမည်ဖြစ်ကာ ဆိုလိုသည်မှာ သူတို့မိသားစုများသည် ဒီမှာရှိနေကြခြင်းဖြစ်သည်။ ကျန့်ယွင်သည် သူနှင့်သူ့မိသားစု လုံးလုံးလျားလျား ပြိုကွဲသွားပြီဖြစ်ကြောင်း ကျန့်ယွင်ပြောခဲ့သည်ကို သူမှတ်မိကာ သူမပြန်သွားချင်ခဲ့ပေ။ သို့သော် သူ့အတိတ်ဘ၀၌ ကျန့်ယွင်သည် သူနှင့် ကွဲကွာသွားပြီးနောက် သူအမှန်တကယ် မြို့တော်သို့ပြန်သွားခဲ့လေသည်။


“ပြန်လာဖို့ဆိုတာ ရှားတယ်။ တစ်ချက်လောက်ကြည့်လိုက်ပါ”


စုရွေ့ကျယ်သည် တိုးတိုးလေးပြောပြီး အကြံဥာဏ်တစ်ခုပေးလိုက်၏။ ဤဘ၀တွင် သူ့အတွက်သာမဟုတ်ပါက ကျန့်ယွင်သည် မြို့တော်အခြေစိုက်စခန်းသို့ လာလိမ့်မည်ဖြစ်သည်။ နောင်အနာဂတ်တွင် ကျန့်ယွင်နောင်တရသည်ကို သူမလိုချင်ပေ။ ထို့ကြောင့် သူ သူ့ကို တစ်ချက်ပြန်ကြည့်ဖို့ အကြံပေးခဲ့၏။


ချန်းမောင်နှမများနှင့် စုရွေ့ကျယ်၏ ဆွဲဆောင်မှုအောက်တွင် ကျန့်ယွင် တွန့်ဆုတ်စွာ သဘောတူလိုက်သည်။


သူတို့လေးယောက်သည် ယန်ဖန်ကိုရှာပြီး သူတို့လူကြီးများ၏နာမည်များကို သတင်းပို့ပြီး သူတို့ဆီ သွလည်ချင်ကြောင်း ပြောလိုက်၏။ တကယ်ကို ယန်ဖန်သည် လုံး၀တုံ့ဆိုင်းမနေခဲ့ပါချေ။ သူသည် ချက်ချင်းပင် တစ်ယောက်ကိုသွားရှာခဲ့ပြီး မကြာခင်မှာပင် လိပ်စာနှင့်မှတ်စုတစ်ခုနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။


သူတို့လေးယောက်သည် သူတို့နှင့်အတူအဖော်လိုက်ပါရန် ယန်ဖန်၏တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး အတူတကွ ထွက်သွားခဲ့ကြသည်။ အပြင်ဘက်တွင် နှင်းများကျနေပြီး လေကလည်း တိုက်ခတ်နေလေသည်။


ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထူထဲသောဦးထုပ်များနှင့် နှင်းဖိနပ်ထူထူများကို ၀တ်ဆင်ထားသောကြောင့် သူတို့အတွက် လမ်းလျှောက်ရန် မခက်ခဲလှချေ။


သူတို့သည် ချန်းမိသားစုထံ အရင်ဦးစွာသွားခဲ့ကြသည်။ ချန်းမိသားစု၏ မျိုးဆက်သုံးဆက်မှာ စစ်သားများဖြစ်ကြသည်။ အဖေချန်းသည် သူ၏ စစ်ဘက်ဆိုင်ရာ အောင်မြင်မှုများကြောင့် ဗိုလ်ချုပ်ရာထူးကိုရခဲ့လေသည်။ သူသည် တစ်သက်တာလုံး တိုက်ပွဲဝင်ခဲ့ပြီး အသက် 46 နှစ်အထိ ဤသို့သောအဖိုးတန်အမြွှာတစ်စုံကို မရရှိခဲ့ချေ။ ထို့ကြောင့်ပင် သူသည် သူတို့အပေါ်အလွန်တင်းကြပ်လေ၏။ သူသည် သူတို့ငယ်ငယ်ကတည်းက စစ်သားများ၏စည်းမျဥ်းစည်းကမ်းများအတိုင်း သင်ကြားပေးရုံသာမက သူတို့အား အထက်တန်းကျောင်းပြီးသည်နှင့် စစ်တပ်သို့စေလွှတ်ခဲ့လေသည်။


သို့သော် တစ်နှစ်ပတ်လုံး ထိုကဲ့သို့သောဖိအားများအောက်တွင် နေထိုင်နေရသော ချန်းချီနှင့် ချန်းကျောင်းတို့သည် ပုန်ကန်မှုအချို့ကို မလွဲမသွေပေးလိမ့်မည်ဖြစ်သည်။


ထို့ကြောင့် သူတို့၏ကိုယ်ရည်ကိုယ်သွေးများသည် အလွန်ကွဲပြားကြ၏။ သူတို့သည် စစ်တပ်တွင် တူညီကြပြီး သီးသန့်အချိန်တွင်လည်း တူညီကြလေသည်။ သူတို့အတွက် မျှော်လင့်ချက်ကြီးမားသောအဖေချန်းကို အလွန်ဒေါသထွက်စေခဲ့လေသည်။


ဖေဖေချန်းသည် တစိုက်မတ်မတ်နှင့်တင်းကြပ်သော်လည်း မေမေချန်းသည် သူမ၏သားသမီးများကို ချစ်လေသည်။ ချန်းချီနှင့် ချန်းကျောင်းတို့သည် သူတို့၏ ကိုယ်ရည်ကိုယ်သွေးများဖွံ့ဖြိုးလာခဲ့ကြပြီး ၎င်းသည် အမေချန်း၏ဖူးဖူးမှုတ်အလိုလိုက်မှုနှင့် သဘာ၀အတိုင်းဆက်နွှယ်နေလေသည်။


ချန်းချီနှင့် ချန်းကျောင်းတို့သည် သူတို့အိမ်တံခါးတွင် ရပ်နေကြပြီး တံခါးမခေါက်ရဲကြချေ။


ကမ္ဘာပျက်ကပ်မဖြစ်ပွားမီတွင် သူတို့သည် ဖခင်၏နောက်ကွယ်မှ စစ်တပ်မှထွက်ခွာရန်အတွက် လျှို့ဝှက်လျှောက်လွှာတင်ခဲ့ကြလေသည်။ ထို့နောက် ဖခင်ဖြစ်သူထံမှ မြို့တော်မှနှင်ထုတ်ခြင်း ခံခဲ့ကြရသော်လည်း ကမ္ဘာပျက်ကပ်တစ်ခုနှင့်ကြုံပြီး ဤကဲ့သို့ အန္တရာယ်များသော အခြေအနေသို့ ကျရောက်ရန် မမျှော်လင့်ထားခဲ့ကြပေ။


“မင်းတို့ အခုထိမဝင်သွားသေးဘူးလား”


ကျန့်ယွင်သည် စိတ်အခြေအနေမကောင်းပေ။ သူတို့ အချိန်ဆွဲနေသည်ကိုမြင်ပြီး သဘာဝအတိုင်း ဆိုးရွားသည်လေသံရှိနေလေ၏။


ချန်းချီသည် သူ့အား ပြောစရာစကားမဲ့စွာ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် သတ္တိများစုဆောင်းပြီး တံခါးကို ခေါက်လိုက်၏။


“ဘယ်သူလဲ၊ ငါလာပြီ၊ ငါလာပြီ”


အမျိုးသမီးတစ်ဦး၏ နူးညံ့ကြင်နာသည့်အသံကိုကြားလိုက်ရ၏။ ၎င်းကို သူတို့ကြားလိုက်ကြရသောအခါတွင် ချန်းချီနှင့် ချန်းကျောင်းသည် မျက်လုံးများနီနေပြီဖြစ်၏။


တံခါးကို အမြန်ဖွင့်လိုက်သည်နှင့် ပြေပြစ်သော စိတ်နေစိတ်ထားရှိသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးသည် လျှော်ဖွပ်ထားသော အပြာရောင်ချည်သားခံ ဂျက်ကပ်အင်္ကျီတစ်ထည်နှင့် တံခါးနောက်တွင် ပေါ်လာလေ၏။ အပြင်ဘက်တွင် ရပ်နေသူများကို သူမ မြင်လိုက်သောအခါတွင် သူမမျက်လုံးများ ပြူးကျယ်သွားပြီး မျက်ရည်များသည် သူမပါးပြင်ပေါ်သို့ စီးကျလာလေသည်။


အခန်းတွင်းမှ ချောင်းဆိုးသံနှစ်ချက်ထွက်လာပြီး ဆံပင်ဖြူနေသော်လည်း တက်ကြွပြီး စိတ်ဓာတ်ခွန်အားများကျန်းကျန်းမာမာရှိနေသေးသည့် လူအိုကြီးတစ်ဦးသည် အခန်းထဲမှထွက်လာလေ၏။ သူသည် လုဟွာကြက်ကလေးတစ်ကောင်ကို ရင်ခွင်ထဲတွင်ပိုက်ထားကာ ရေရွတ်လာလေ၏။


“မိန်းမ၊ ငါတို့ကြက်ကို ကြည့်စမ်း.....”


တစ်ခဏလောက် စောင့်ဆိုင်းနေပြီး တုံ့ပြန်မှုမရှိခဲ့ချေ။ နောက်တစ်ကြိမ်တွင်တော့ သူ ကြက်သေ သေသွားခဲ့လေသည်။


“ရှောင်ချီ၊ ရှောင်ကျောင်း၊ မင်းတို့အသက်ရှင်နေသေးတယ် ”


မေမေချန်းသည် ငိုရင်း စကားပြောဖို့ခွန်အားကို စုဆောင်းခဲ့ရ၏။


သူတို့မိဘများ၏ အိုမင်းရင့်ရော်နေသည့်မျက်နှာကို မြင်ပြီး ချန်းချီနှင့်ချန်းကျောင်းတို့၏ နှလုံးသားများက ချဉ်တူးသွားသလိုခံစားရလေ၏။


“ပါး...မား...”


ဖေဖေချန်းသည် နှစ်တစ်၀က်ကြာအောင် သတင်းအစအနပျောက်သွားခဲ့သော သားနှင့်သမီး နောက်ဆုံးတွင် ဘေးကင်းစွာပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့လသည်။


ကာလကြာရှည်စွာ ကြုံတွေ့ခဲ့ရရသော ဆန့်ကျင်မှုကြီးများကို စွန့်လွှတ်ရမည့်အချိန်ဖြစ်လေသည်။


မိသားစုလေးယောက်သားသည် အတူတကွဖက်တွယ်ထားကြကာ အချိန်အတော်ကြာ ငိုယိုရယ်မောနေကြလေသည်။ ချန်းချီနှင် ချန်းကျောင်းတို့သည် သူတို့နှင့်အတူ လိုက်ပါလာသော ကျန့်ယွင်နှင့် စုရွေ့ကျယ်ကို သတိရသွားကြလေသည် ။


“ပါး၊ မား၊ ဒါက သားတို့ရပ်ကွက်မှာနေခဲ့ဖူးတဲ့ ကျန့်ယွင်လေ၊ မှတ်မိသေးလား”


အမေချန်းနှင့်အဖေချန်းတို့ ကြည့်လိုက်ပြီး သူတို့သားသမီးများ၏ သူငယ်ချင်းဟောင်းဖြစ်သည်ကို သတိပြုမိလိုက်ကြသည်။


“ရှောင်ကျန့်၊ မင်းလည်း ပြန်လာပြီပေါ့၊ အရမ်းကောင်းတယ် အရမ်းကောင်းတယ်”


အမေချန်းပြောလိုက်ပြီး ကျန့်ယွင်အနားတွင် ရပ်နေသည့် လူငယ်ချောချောလေးကို တွေ့လိုက်ပြီး


“ ဒီကလေးက...”


“ဒါက....အားကျန့်ရဲ့.....ချစ်သူကောင်လေးပါ....”


ချန်းချီသည် အသံတိုးတိုးဖြင့် ပြောလိုက်၏။


“မင်းဘာတွေပြောနေတာလဲ”


အမေချန်း မကြားလိုက်ချေ။


“အရှင်ဘုရား၊ အမေ၊ သူတို့စုံတွဲတွေပဲ”


ချန်းကျောင်းသည် ဘွင်းဘွင်းရှင်းရှင်းသမားဖြစ်ကာ ဒီကိစ္စကို ပြတ်ပြတ်သားသား မြန်မြန်ဆန်ဆန် ထုတ်ဖော်ပြောပြလိုက်လေ၏။


မေမေချန်းနှင့်ဖေဖေချန်းတို့သည် အနည်းငယ် အံ့အားသင့်သွားကြသော်လည်း မကြာခင်မှာပင် အသိပြန်ဝင်လာကြလေ၏။ ၎င်းသည် တခြားတစ်ယောက်၏ ကိစ္စဖြစ်သောကြောင့် သူတို့ မထိန်းချုပ်နိုင်သည့်အတွက် ထိုအကြောင်းကို သိပ်မပြောကြတော့ချေ။ သူတို့သည် ကလေးနှစ်ယောက်၏ကိစ္စများကိုသာ စိတ်ပူနေကြလေသည်။ ကလေးနှစ် ယောက်စလုံး အပြင်ဘက်တွင် အကြာကြီးနေခဲ့ရပြီး နှစ်ယောက်စလုံး ကြမ်းတမ်းသည့်စွမ်းရည်များနိုးထလာကြသည်ကို သိပြီး သူတို့အားလုံး ပျော်ရွှင်သည့်ပုံများပေါ်နေလေ၏။


“မင်း...ဘာလို့သွားချင်တာလဲ”


သို့သော်လည်း သူတို့သည် ယခုအခါ တောင်ပိုင်းအခြေစိုက်စခန်း၏ အစိတ်အပိိုင်းတစ်ခုဖြစ်ပြီး မြို့တော်သို့ပြန်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ရိက္ခာပစ္စည်းများသယ်ပို့ရန်ဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် အမေချန်းနှင့်အဖေချန်းတို့ နှစ်ယောက်စလုံးသည် သူတို့အားသွားခွင့်ပေးရန် တွန့်ဆုတ်နေကြလေသည်။


“ထွက်သွားစရာမလိုပါဘူး ပါးနဲ့မား။ ကျွန်တော်တို့ အားကျန့်နဲ့အိမ်ပြန်ပြီး နောက်မှပြန်လာခဲ့မယ် ”


အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ကျန့်ယွင်သည် ဤမိသားစုနှင့် ရင်းနှီလာလေ၏။ ရံဖန်ရံခါ သူသည် သူတို့နှင့် စကားပြောပြီး စုရွေ့ကျယ်သည် သူတို့စကားများကို နားထောင်နေလေသည်။ ချန်းချီနှင့်ချန်းကျောင်းတို့သည် တစ်ချိန်လုံး အခြားသူများကို ထိုင်ခွင့်ပေးရန် ရှက်ရွံ့နေကြပြီး ကျန့်ယွင်၏အိမ်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်ကြသည်။


“ကောင်းပြီ၊ နှစ်ပေါင်းများစွာကြာပြီးမှ ရှောင်ကျန့်ပြန်ရောက်လာပြီး တစ်ချက်သွားကြည့်ဖို့အချိန်ရောက်ပြီ”


ချန်းမိသားစုနှင့် ကျန့်မိသားစုတို့သည် တူညီသည့်ခြံထဲတွင် နေထိုင်ခဲ့ဖူးပြီး ကျန့်ယွင်သည် ကျန့်မိသားစုနှင့် ကွဲကွာသွားရသည့်အကြောင်းကို သူတို့သိခဲ့ကြသည်။


လေးယောက်သားသည် ချန်း ဖေဖေမေမေ တို့ကို အမြန်နှုတ်ဆက်လိုက်ပြီး ကျန့်အိမ်သို့ အတူတူ လျှောက်သွားကြလေသည်။


ကျန့်ယွင် ရှစ်နှစ်သားအရွယ်တွင် သူ့အမေကို ဆုံးရှုံးလိုက်ရပြီး သူ့အဖေသည် နောက်ပိုင်း ဇနီးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သူ့ထက်ဆယ်နှစ်ခန့်ငယ်သော ညီငယ်တစ်ဦးကို မွေးဖွားခဲ့သည်။ မိသားစုသုံးယောက်သားသည် အလွန်နီးကပ်ကြသောအခါတွင် ကျန့်ယွင်သည် ဤမိသားစုတွင် အပြင်ဘက်သို့ရောက်သွားခဲ့လေ၏။


ကလေးများသည် အများစုမှာ ပုန်ကန်တတ်ကြ၏။ထိုအချိန်တုန်းက ကျန့်မိသားစုတွင် သုံးရက်လောက်သည် အကြီးအကျယ်ရန်ဖြစ်လေ့ရှိပြီး နှစ်ရက်လောက်သည် အနည်းငယ်စကားများရန်ဖြစ်လေ့ရှိခဲ့လေသည်။ ဖေဖေကျန့်သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူအားဒေါသမထွက်စေရန် ကျန့်ယွင်ကို စစ်တပ်စခန်း၌ ပို့ထားခဲ့လေသည်။


မမျှော်လင့်ဘဲ ကျန့်ယွင်သည် သူ့လိင်စိတ်တိမ်းညွှတ်မှုအကြောင်း မတော်တဆ သိလိုက်ရလေသည်။ ၎င်းသည် ကိစ္စများပိုဆိုးလာစေပြီး အဖေကျန့်သည် ဒေါသူပုန်ထကာ ကျန့်ယွင်ကို အိမ်မှမောင်းထုတ်လိုက်ပြီး သူ့တွင် ဒီသားမရှိဘူဟု ပြောလိုက်လေသည်။ ကျန့်ယွင်လည်း စစ်တပ်မှနှုတ်ထွက်ကာ အခြားပြည်နယ်ရှိရဲအကယ်ဒမီတစ်ခုကို လျှောက်ထားခဲ့လေသည်။ ထိုအချိန်မှစ၍ သူသည် မြို့တော်နှင့် ဝေးကွာခဲ့လေသည်။


ကမ္ဘာပျက်ကပ်ကြောင့်သာမဟုတ်ပါက ကျန့်အိမ်ကို သွားကြည့်ဖို့ တွန့်ဆုတ်စွာ သဘောတူပြီး သူတို့ တံခါးသို့ ရောက်သွားလိမ့်မည်မဟုတ်ချေ။


ကျန့်မိသားစုသည် ချန်းမိသားစုကဲ့သို့ပင် အခြေစိုက်စခန်းမှတည်ဆောက်ထားသော အိမ်တစ်ခုတွင်နေထိုင်ကြသည်။ ကျန့်ယွင်သည် တံခါးရှေ့တွင် မတ်တပ်ရပ်ပြီး အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ကာ နောက်ဆုံး၌ တံခါးခေါက်လိုက်၏။


“ဘယ်သူလဲ ”


တံခါးတစ်ဖက်မှ စိတ်မရှည်သည့်အသံနှင့် အော်သံတစ်ခုထွက်လာပြီးနောက် တံခါးပွင့်လာလေ၏။ ကျန့်ယွင်၏ စျေးပေါသည့်ညီလေး ကျန့်ပေါ်သည် တံခါးဖွင့်ပေးဖို့လာခဲ့လေ၏။ အသက် ဆယ့်သုံးနှစ် ဆယ့်လေးနှစ်၌ သူသည် အရပ်ရှည်ရှည် ပိန်ပါးသည့်ပုံရ၏။


သူ့မျက်ခုံးနှင့် မျက်လုံးများသည် ကျန့်ယွင်ဆင်တူသော်လည်း ကျန့်ယွင်လောက်တော့ မချောမောပါချေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့အကြောင်းပြောစရာရှိမည်ဆိုပါက... ဆိုးသွမ်းသည့်လူငယ်တစ်ယောက်၏ပုံစံဖြစ်လိမ့်မည်....။


ကျန့်ပေါ်သည် တံခါးဖွင့်လိုက်သောအခါ သူသည်စိတ်မရှည်ဖြစ်နေပြီး အပြင်ဘက်ရှိ သူစိမ်းလေးယောက်ကို မျက်လုံးမှေးကာ ကြည့်လိုက်၏။ သူတို့၏သန့်ရှင်းပြီး နွေးထွေးသည့် အ၀တ်အစားများကို မြင်လိုက်ရပြီးနောက် သူ့စိတ်ခံစားချက်များသည် နည်းနည်းပြောင်းသွားလေ၏။


“ဘယ်သူ့ကို ရှာနေတာလဲ”


ဤ မရင်းနှီးသောညီဖြစ်သူကိုကြည့်ပြီး ကျန့်ယွင် ခဏတာ ဘယ်လိုပြောရမှန်းကို မသိတော့ချေ “ညီငယ်လေး မင်းမိဘတွေရှိလား ”


စုရွေ့ကျယ် အရင်ပြောလိုက်၏။


“ကျွန်တော့် အမေလား ”


ကျန့်ပေါ်၏မျက်နှာသည် အနည်းငယ်အထင်အမြင်သေးမှုတစ်ခုပေါ်လာပြီး သူတို့ရှေ့မှ တံခါးကို ပိတ်လိုက်လေ၏။


လေးယောက်စလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကြောင်အသွားကြလေ၏။


သိပ်မကြာခင်မှာပင်၊ နောက်တစ်ကြိမ် တံခါးပြန်ပွင့်လာပြီး ရှုပ်ပွနေသောဆံပင်နှင့် အမျိုးသမီးတစ်ယောက် ထွက်လာပြီး သူမသည် စစ်အင်္ကျီထူထူနှင့်ပတ်ထားသော်လည်း ပါးလွှာတင်းကျပ်လွန်းသည့် ဂါဝန်ကို ၀တ်ဆင်ထားကာ သူမ၏လှပသည့်ရုပ်သွင်ကို ပြသနေလေ၏။


တစ်ချက်ကြည့်လိုက်သည်နှင့် သူမသည် သူ့အပေါစားမိထွေးဖြစ်ကြောင်း ကျန့်ယွင်မှတ်မိလိုက်ပြီး သူမ၏အသွင်အပြင်မှာ နုနယ်ပြီးလှပနေသေးလေသည်။ သူမသည် အနည်းငယ်အသက်ပိုကြီးလာသော်လည်း ဂရုတစိုက်ကြည့်လိုက်ပါက သူမကိုယ်သူမထိန်းသိမ်းထားသောကြောင့် သူမသည် ချစ်စရာကောင်းနေဆဲဖြစ်သည်။


ကျန့်ယွင်သည် သူမကို မှတ်မိသော်လည်း သူမသည် ကျန့်ယွင်ကို မမှတ်မိခဲ့ချေ။ ကျန့်ယွင်သည် နှစ်အတော်ကြာ ဝေးကွာသွားပြီးနောက်မှာ သူမ၏ လင်ပါသားကျန့်ယွင်ကို သိပ်ဂရုမစိုက်ခဲ့သောကြောင့် သူ့ကိုအနည်းငယ်ရင်းနှီးကြောင်းသာ သူမခံစားခဲ့ရ၏။ ပန်လီဟွားသည် ဆံပင်ရှည်များကို စုပြီး စုကိုင်လိုက်ပြီး သူမ၏အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်လေ၏။ သူမ၏ ဖြူဖွေးသောပေါင်နှင့် ရင်ဘတ်တို့သည် အလွန်မျက်လုံးဖမ်းစားနေသည့်ပုံရလေသည်။


သူမသည် နူးနူးညံ့ညံ့အသံလေးဖြင့် မေးလာကာ ပြုံးပြလာလေ၏။


“လေးယောက်က ဘယ်လိုရောက်လာတာလဲ။ ငါ လူတစ်ယောက်ပဲ တတ်နိုင်တယ်၊ လေးယောက်တောင် တစ်ပြိုင်နက်တည်း ပြုစုလို့မရဘူး....”


သူတို့ကြားလိုက်ရသည့် ထိုစကားများသည် မူမမှန်သဖြင့် လူလေးယောက်၏မျက်နှာအမူအရာများသည် ရုတ်တရက် ထူးဆန်းသွားလေ၏။


ပန်လီဟွားသည် စူးစမ်းနိုင်စွမ်းအရှိဆုံးဖြစ်၏။ ယခု သူမသည် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားလာရသောကြောင့် သူမသည် ပြုံးနေခြင်း တဖြည်းဖြည်း ရပ်သွား၏။


ထူးဆန်းစွာ တိတ်ဆိတ်သွားပြီးနောက် ကျန့်ယွင်ပြောလိုက်၏


“ကျန့်ချန်ဖုန်း အိမ်မှာရှိလား”


ပန်လီဟွားသည် သူတို့ ကျန့်ချန်းဖုန်းကိုလိုက်ရှာနေသည်ကို မမျှော်လင့်ထားခဲ့ဘဲ သူမ၏အမူအရာသည် ရုပ်ဆိုးသွားလေ၏။


“အဲဒီအဘိုးကြီးနဲ့ ဘာပြဿနာရှိလို့လဲ။ သူဒီမှာမနေဘူး။ အောက်ထပ်ကိုဆင်းပြီး သူ့ကိုရှာလိုက် ”


ထို့နောက် သူမသည် တံခါးကို ပြန်ပိတ်လိုက်လေ၏။


🍒🍒