Chapter 156
မကြာမီ 168 ဦးဆောင်သော ပင်မအာကာသယာဉ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်ဆင်းလာသည်။ 168 နှင့်အတူ ဧရာမ အာကာသယာဉ်ကြီး ပိုးပေါက်စုပ်ဝဲ ထဲမှ ပေါ်လာသည်နှင့် တပြိုင်နက် ပင်မအာကာသယာဉ်၏ ဆင်းသက်ဇုန်မှာ အလင်းရောင်များ ဖြိုးဖြိုးဖျက်ဖျက် လင်းလာကြ၏။
ထိုအခိုက်ဝယ်၊လင်းရွှမ် ၏ ကင်းလှည့်အာကာသယာဉ်သည် ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မ အာကာသယာဉ်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်ခဲ့သော်လည်း ပိုင်ရွှင်း ပိုင်ဆိုင်သော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ငယ်များသည် နောက်ပြန်ဆုတ်သွားခဲ့သည်။ ထိုအခါ ပင်မ အာကာသယာဥ်က ကင်းလှည့်အာကာသယာဥ်ကို အလင်းရောင်ဖြင့် ဖုံးအုပ်ထားပြီး ညသိမ်းငှက်တပ်ဖွဲ့ ပင်မအာကာသယာဉ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ထိုအချိန်တွင်၊ ပိုင်ရွှင်း ၏အသေးစားအာကာသယာဥ်များနှင့် တိုက်လေယာဉ်များသည် အခွင့်ကောင်းယူကာ ကင်းလှည့်အာကာသယာဉ်ကိုပစ်ခတ်ခဲ့သော်လည်း တိုက်ခိုက်မှုအားလုံးကို ခံစစ်အားကောင်းသဖြင့် ဖယ်ရှားပစ်နိုင်ခဲ့သည်။ လင်းရွှမ် သည်လည်း သူ၏ SSS+ အဆင့် စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးအဖုံးကို ဖယ်ရှား၍ ပင်မအာကာသယာဉ်ထဲသို့ ဝင်ပြီးနောက်၊ ပိုင်ရွှင်း ကို ကိရိယာမှတစ်ဆင့် ချိတ်ဆက်၍ ပြောဆိုလိုက်သည်။
"တိုက်ချင်သလား…အဆုံးထိ တိုက်ခိုက်ကြရအောင်"
ပိုင်ရွှင်း မတုံ့ပြန်ခင်မှာ ဝေ့လင်း က ဖုန်းချလိုက်သည်။ ဝေ့လင်း ၏ နည်းပညာဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုကြောင့် ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်မှ ဉာဏ်ရည်ထက်မြက်သောစနစ်သည် တာဇာ မဟာမိတ်ရှိ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အာကာသယာဉ်များကဲ့သို့ ကောင်းမွန်ခြင်းမရှိသော်လည်း အရင်ကထက်စာလျှင် များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ပေသည်။
မက်မွန်သီးရောင်ဇာ့ခ် 168 သည် အာကာသယာဉ်အထက်တွင် နေပြီး လင်းရွှမ်၏ အမိန့်ကို လုံးဝမလိုအပ်ပေ။သူမသည် ထောင်ပေါင်းများစွာသော ဇာ့ခ် ပိုးမျှင်များကို ထုတ်လွှတ်လိုက်သည်။
168 ၏ပိုးမျှင်နှင့် အခွံများသည် သာမန်လက်နက်များ မပျက်စီးစေနိုင်သော အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သည်။ 168 သည် နေ့တိုင်း စား၊ သောက်၊ ဆော့ကစားပြီး နေရ၍ ခွန်အားတွေ တဟုန်ထိုး တက်လာသော်လည်း ပိုးမျှင်တွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေး မရှိခဲ့ပေ။ ယခု နောက်ဆုံးမှ ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် 168 အလွန်စိတ်လှုပ်ရှားနေရသည်။
168 ၏ အဖြူရောင် အကြမ်းခံပြီး ထက်မြက်သော ဇာ့ခ် ပိုးမျှင်သည် မောင်းသူမဲ့ တိုက်လေယာဉ်ကို ဖျက်ဆီးပြီးနောက် အဆိုပါ အာကာသယာဉ်ငယ်များကို တစ်ခုချင်း လှိမ့်ကာ အချင်းချင်း တိုက်ပေးလိုက်သည်။သူမ၏ တစ်ကိုယ်လုံးမှာ တုန်ခါနေသော်လည်း 168 သည် ပင်မအာကာသယာဉ်ရှိ လင်းယောင်ယောင် နှင့် ဆက်သွယ်ရန် စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။
"အင်း... မျှော်စင်ထဲမှာ တာဇာ ပိုးကောင်သေးသေးလေးတွေရှိတယ်... သူတို့အသားတွေက အရသာရှိမရှိ ဆိုတာာကလေး မသိဘူး"
အလွန်စိတ်လှုပ်ရှားပြီး အံ့အားသင့်နေဆဲဖြစ်သော လင်းယောင်ယောင် သည် ရုတ်တရက် ချွေးများပင် ထွက်သွားရသည်။
"...သူတို့က အရသာမရှိဘူး...မင်း စားလိုက်ရင် တစ်ခါပြန်ပြီး ဝလာလိမ့်မယ်… မင်းအရင်ကအတိုင်း ပြန်ပြောင်းသွားလိမ့်မယ်... 168 က အရမ်းတော်တယ်မလား...စကားနားထောင်နော်"
168သည် လင်းယောင်ယောင် က လူသားတစ်ဦးဖြစ်သည်ကို နားလည်ထားပြီးဖြစ်၍ သူမနှင့် ဆင်တူသည့် လူမျိုးကိုစား၍မဖြစ်မှန်းသိပေသည်။ထို့အပြင် အပြင်မှာ အရသာရှိသည့် အစားအစာတွေ အများကြီးရှိသဖြင့် 168 လူသားစားဖို့လည်း မလိုအပ်ပေ။ လူသားများသည် အညစ်အကြေးပိုများပြီး အသားနည်းလှသည်။ ထိုမျှမကသေး၊ယခုက လူများနေသော်လည်း တစ်ယောက်ကို စားသုံးပါက ကလဲ့စားချေရန် သောင်းနှင့်ချီသော လူများ ရောက်လာလိမ့်မည်ဖြစ်သည်။
168 'ဒီကလေးက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဗုံးကြဲတာကိုတော့ငါ မခံနိုင်ဘူး'
'မတတ်နိုင်ဘူး...မတတ်နိုင်ဘူး...မစားဘဲ တောင့်ခံရမှာပဲ'
ထိုအာကာသယာဥ်ငယ်များသည် လက်နက်များဖြင့် ပစ်ခတ်ခဲ့လျှင်ပင် 168 နှင့် ညသိမ်းငှက်တပ်ဖွဲ့၏ အာကာသယာဉ်ကို မထိမှန်နိုင်ပေ။ သူတို့ချင်းသူတို့တောင် ထိခိုက်မိသွားနိုင်သည်။
မကြာမီ အမြောက်များသည် ပြိုင်ဘက်၏ ခံစစ်အဖုံးနှင့် 168 ၏ ဇာ့ခ် ကျည်ကာကို မချိုးဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သို့သော် 168 သည် တာဇာပိုးကောင်များကို တုန်လှုပ်စေရန်အတွက် နာကျင်မှုကိုတောင့်ခံပြီး ဇာ့ခ်ပိုးမျှင်ကိုသုံး၍ အာကာသယာဉ်များကို တိုက်နေသေးသည်။
ပိုင်ရွှင်း ၏ သေးငယ်သော အာကာသယာဉ်များ၏ ဖွဲ့စည်းပုံသည် ဟယ်လင်တွင် အကောင်းဆုံးဖြစ်သည်။ ကာကွယ်ရေးစနစ်ကလည်း သာမန်အာကာသယာဉ်များထက် အနည်းငယ် ပိုအားကောင်းသည်။ သို့သော်... ပိုင်ရွှင်း သည် သူ့ရှေ့ကမြင်ကွင်းကို နောင်တရစွာဖြင့် ကြည့်နေမိသည်။သူ၏ တစ်ကိုယ်ကောင်းဆန်ခြင်းသာ မဟုတ်ပါက၊ သူသည်လင်းရွှမ် ဘက်မှ ပူးပေါင်းဆောင်ရွက်သူ ဖြစ်လာနိုင်သည်။ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို ဖြုတ်ချရန် လင်းရွှမ် ၏ အာဏာကိုပင် အခွင့်ကောင်းယူနိုင်သည်။
မနီးမဝေးနေရာတွင် ပုန်းအောင်းနေပြီး တိုက်ပွဲကို စောင့်ကြည့်နေသည့် ဂျက်စတင်ဘရမ် သည် လင်းရွှမ် ကိုကူညီသည့်အနေဖြင့် ပိုင်မိသားစုကို သွားရောက်တိုက်ပေး၍မဖြစ်ပေ။အားလုံးရှုပ်သွားနိုင်၏။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
လင်းရွှမ်သည် ပိုးပေါက်စုပ်ဝဲ ကို အသုံးပြု၍ လင်းရွှမ် သည် တာဇာကြယ်ပွင့်နယ်မြေသို့ ရောက်လာကြောင်း ပိုင်ရွှင်း နှင့် ဂျက်စတင် တို့ခန့်မှန်းနိုင်သည်။ တာဇာကြယ်ပွင့်မဟာမိတ် သည် အရှင်သခင် အင်ပါယာကို တက်ကြွစွာ တိုက်ခိုက်နေကြသည်။တာဇာမျိုးနွယ်ဘက်မှ အချိန်တိုင်းလိုလို ဦးတည်ချက်ရှိသော ပိုးပေါက်စုပ်ဝဲ ကိုဖွင့်၍ ဇာ့ခ်မျိုးပေါင်းများစွာကို လူသားကြားထဲသို့ အရောက်ပို့လျက်ရှိ၏။
လင်းရွှမ် သည် 168၏ကိုယ်ပိုင် ပိုးပေါက်စုပ်ဝဲ ကိုအသုံးပြု၍ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရက သူ့ကို စောင့်ကြည့်နေခြင်းအား လုံးဝရှောင်လွှဲနိုင်မှန်း သူတို့ မသိကြပေ။ထို့အပြင်၊လင်းရွှမ်မှာ တာဇာပိုးပေါက်စုပ်ဝဲ ကို လုံးဝအသုံးမပြုဘဲ ကိုယ်ပိုင် ပိုးပေါက်စုပ်ဝဲ ရှိမှန်းလည်း သဘောမပေါက်သေး။ထို့အပြင် အရွယ်မရောက်သေးသည့် အင်းဆက်နှင့်တူသော အမဲသားမက်မွန်ပိုးကောင်လည်း ပါရှိသည်။
ပိုထိတ်လန့်စရာကောင်းသည်က တာဇာကြယ်ပွင့်မဟာမိတ် အရာရှိတွေကတောင် မက်မွန်သီးရောင်ဇာ့ခ်အား ညွှန်ကြားချက်များကိုသာ ပေးနိုင်ပြီး ထိန်းချုပ်၍မရခြင်းပင်။ ယခုမူ၊ ဤမက်မွန်သီးရောင်ဇာ့ခ်သည် လူသားစားတတ်သည့် သဘာဝကို ချိုးဖောက်ပြီး လူသားမျိုးနွယ်နှင့် ဆက်စပ်နေကာ လူသားတွေကို ကာကွယ်ပေးခဲ့သည်။ ပိုင်ရွှင်း ၏တာဇာသွေးစပ်သူများကို တာဇာသွေးပါသူ အင်းဆက်က သနားခြင်းမရှိဘဲ တိုက်ခိုက်နေခြင်းဖြစ်သည်။ ဤအားနည်းချက်ကြောင့် ပိုင်ရွှင်း သည် ဆုံးဖြတ်ချက် အမြန်ချကာ ဆုတ်ခွာပြီး လက်နက်ချရန် အချက်ပြစနစ်တစ်ခု ပေးပို့ခဲ့သည်။
သို့သော် 168 သည် သူလက်နက်ချသည်ဖြစ်စေ၊ မချသည် ဖြစ်စေ၊ ဂရုမစိုက်ပေ။ ကလေးစိတ်ထဲမှာ ဆော့နေသလို သဘောထားပြီး တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ ပိုင်ရွှင်း ဦးဆောင်သော အာကာသယာဉ် အသေး၁၀ စင်းနှင့် မောင်းသူမဲ့ တိုက်လေယာဉ် အစီး100တို့ ပျက်ဆီးသွားကြသည်။ 168 ၏ခြေသည်းများသည် သနားညှာတာမှုမရှိသောကြောင့်၊လူများတောင် အနိုင်နိုင် အသက်ရှင်ဖို့ ရုန်းကန်ရလေ၏။
ထိုအခါမှပိုင်ရွှင်း သည် လင်းရွှမ် က သူနှင့် ဘာကြောင့် စာချုပ်ချုပ်လိုကြောင်းကို နားမလည်နိုင်ခဲ့ချေ။ သူပေးရမည့်စာချုပ်ပါ လက်နက်၊ယာဉ်များသည် လင်းရွှမ်အတွက် မပြောပလောက်သလို လုံးဝမလိုအပ်သည့်အရာများပင်။ယခုတော့ သူ၏ခပ်တုံးတုံးအကြံကြောင့် သူ့ကိုယ်ပိုင် အာကာသယာဉ်ငယ်၁၀ စင်းနှင့် မောင်းသူမဲ့ တိုက်လေယာဉ် အစင်း100ကို ဆုံးရှုံးခဲ့ရရုံသာမကဘဲ၊ အရင်က သူ့လက်ထဲမှာ ရှိခဲ့သည့် အဖိုးတန် ဖြည့်စွက်အစားအစာ တန်ချိန် နှစ်ထောင်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ထိုမျှမကသေး၊ယခုဆိုလျှင် သူ့မှာ အလွန်ကြောက်စရာကောင်းသော ရန်သူပါ ရှိလာပြီဖြစ်သည်။
နောက်ဆုံးတွင်၊ မက်မွန်သီးရောင်ဇာ့ခ်သည် SSS+ အဆင့်သို့ ရောက်ရှိသွားေပပြီ။ သူမတွင် ဇာ့ခ်ပုံဆောင်ခဲ နှင့် စွမ်းအင် အလုံအလောက်ရှိသရွေ့၊ ဇာ့ခ် စစ်တပ်ကိုလည်း မွေးထုတ်နိုင်သည်။ ထို့အပြင်၊ အလင်းနှစ်100အချင်းဝက်ရှိသည့် အကွာအဝေးက ဇာ့ခ်များကိုလည်း သူမဆီသို့ စုဝေးစေနိုင်သည်။သူမ ကြီးမားသော စွမ်းအားကို ပထမဆုံးအကြိမ် ပြသခဲ့ခြင်းက ပျော်စရာကောင်းရုံသာမက၊ လင်းရွှမ် ထံမှ လင်းယောင်ယောင် ကို သိမ်းပိုက်လိုသော ပြိုင်ဘက်ကိုလည်း လုံးဝ ထိတ်လန့်စေသည်။
လင်းရွှမ် သည် ထိပ်တန်း SSS+ အဆင့်ဖြစ်၍ သူ့ခန္ဓာကိုယ်အရွယ်အစားက အခြေအနေတို့အတွက် အခက်အခဲရှိလျှင်တောင် တိုက်ခိုက်ရေးစွမ်းအားက 168 လောက်နီးပါး အစွမ်းထက်သည်။သို့ပါသော်လည်း၊ 168က လက်ဦးမှုရယူသွားသည့်အတွက် နှမြောစရာကောင်းလှသည်။ သူ၏ကြွက်သားများကိုပင် လေ့ကျင့်ခန်းမလုပ်လိုက်ရပေ။ ဤကိစ္စနှင့် ပတ်သက်၍လည်း သူ့စိတ်ထဲမှာ အဆင်မပြေမှု တစ်စုံတစ်ရာ မခံစားရပေ။ မသိနိုင်သည့် ဘေးဆိုးကြီးတစ်ခုထဲကို လင်းယောင်ယောင် မကျရောက်စေဖို့ သူမအား ကာကွယ်ရတာကိုသာ နှစ်သက်မိသည်။
လင်းယောင်ယောင် သည် တိုက်ပွဲအခြေအနေကို အပြင်ဘက်တွင် စောင့်ကြည့်နေသည့် လင်းရွှမ် အား ကြည့်လိုက်သည်။ သူက သူမလက်ကို ယခုထိ ဆုပ်ကိုင်ထားဆဲပင်။
"အခု ညီမလေးက SSS စိတ်စွမ်းအားနဲ့ နီးစပ်နေပြီဆိုတာ မေ့သွားပြီလား... အန္တရာယ်ရှိတဲ့အခါ ညီမလေးလည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်"
လင်းရွှမ် သည် မိန်းကလေး၏ ပျော့ပျောင်းသော လက်ဖဝါးများကို ပွတ်သပ်ကာ ဖြည်းညှင်းစွာပြောလာသည်။
" မင်းကို ကာကွယ်ပေးချင်တာပါ"
ပိုင်ရွှင်း သည် လူတစ်ဦးတည်းသာ နေနိုင်သော ကယ်ဆယ်ရေးခန်းငယ်တစ်ခုအတွင်းတွင် စိတ်မကောင်းဖြစ်စွာ လင်းရွှမ်၏ ဆက်သွယ်ရေးကိရိယာကို ခေါ်ဆိုလိုက်သည်။ သူ၏ စိတ်စွမ်းအားမှာ 168 ကြောင့် စိတ်ကြွရူးသွပ်မှုအခြေအနေနှင့် ဝိညာဉ်စွမ်းအား ကျဆင်းမှုတို့ ဖြစ်နေလျက်ရှိသည်။
"ငါရှုံးသွားပြီ..... ငါ့ လက်အောက်ငယ်သားတွေရဲ့ အသက်ကို မသတ်ခဲ့တဲ့ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ"
လင်းရွှမ်: "မင်းဘက်က သဘောတူစာချုပ်ကို တစ်ဖက်သက်ဖျက်လိုက်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်တယ်… ငါတို့ရဲ့နစ်နာမှုတွေကို ချက်ချင်းပြန်ဆပ်လိုက်ပါပြီ... ဒါကအဆုံးသတ်ပဲ…မင်းကို ဆက်ဒုက္ခပေးဖို့ အစပြုဖို့ ငါ့အချိန်နဲ့ အင်အားတွေကို ဖြုန်းတီးမှာမဟုတ်ဘူး… မင်းနဲ့ထပ်မတွေ့ရတော့ဖို့ ငါမျှော်လင့်တယ်…မင်းမကျေနပ်ရင် နောက်ကနေ မင်းကိုထောက်ပံ့မယ့်လူကို ပြန်ရှာပြီး ထပ်တိုက်ခိုက်ချင်သေးရင် ငါမင်းကို စောင့်နေမယ်"
ပြောပြီးနောက် လင်းရွှမ် သည် ဆက်သွယ်ရေးကို ပိတ်လိုက်ပြီး ညသိမ်းငှက်တပ်ဖွဲ့များကို စတင်ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ညသိမ်းငှက်တပ်ဖွဲ့ ပင်မအာကာသယာဥ်သည် ကြယ်များထူထပ်သော ကောင်းကင်သို့ ဖြည်းညှင်းစွာ တက်သွားသော်လည်း အခြား ပိုးပေါက်စုပ်ဝဲ ကို မဖွင့်ခဲ့ပေ။
လင်းယောင်ယောင် က ပြောသည်။
"အဲ့ဒီပိုင်နှစ်ယောက်က တစ်ကယ်ကို မုန်းစရာကောင်းတယ်…ညီမလေးဖြည့်စွက်စာလုပ်ဖို့ ရက်အတော်ကြာ ကြိုးစားခဲ့ရတာ...အခုတော့ လက်ဗလာနဲ့ ပြန်ရတော့မယ်"
လင်းရွှမ် က "ဟင့်အင်း၊အလကားမဖြစ်ပါဘူး… ဘရမ် မိသားစုရဲ့ အာကာသယာဉ်က ကိုယ်တို့နောက်မှာ ရှိတယ်...မကြာခင် သူတို့က ကိုယ်တို့နောက်ကို လိုက်လာနိုင်တယ်"
ထို့ကြောင့်၊ ပင်မအာကာသယာဥ်ကို ပိုးပေါက်သုံး၍ အမြန်ပြန်မထွက်ခြင်းပင်။တတ်နိုင်သမျှ အချိန်ဆွဲနေခြင်းသာ။
168 သည် ဦးနှောက်စွမ်းအားများစွာကို ဖြုန်းလိုက်ရတာကြောင့် နောက်ထပ် ပိုးပေါက်စုပ်ဝဲ ကို ထပ်မံဖန်တီးရန် တောင်းဆိုပါက ပိုခက်ခဲသွားမည်ဖြစ်သည်။ ယခုဆိုလျှင် 168သည် နောက်ထပ်ရက်အနည်းငယ် အနားယူရန် လိုအပ်မည်ဖြစ်သည်။
လင်းယောင်ယောင် က အံ့သြစွာနှင့် "အို... ဘရမ်တွေလည်း ဒီကိုရောက်နေပြီလား"
တစ်ကယ်တမ်းလည်း၊ ပင်မအာကာသယာဉ် ကြယ်ကောင်းကင်ထဲကိုထွက်လာခဲ့ပြီး ဆယ်မိနစ်မပြည့်မီ အလယ်အလတ်တန်းစား အာကာသယာဉ်တစ်စင်းက သူတို့နောက်ကို လိုက်သွားခဲ့သည်။ ထို့နောက် သူတို့ဘက်မှနေ၍ ၎င်းတို့သည် ညသိမ်းငှက်တပ်ဖွဲ့ အာကာသယာဉ်ထံသို့ အချက်ပြမှုတစ်ခုနှင့် ဆက်သွယ်မှုတောင်းဆိုချက်ကို ပေးပို့ခဲ့သည်။
ဆက်သွယ်ရေးတောင်းဆိုမှုကို မချိတ်ဆက်မီ၊ လင်းရွှမ် သည် လင်းယောင်ယောင် ကို အရင်အပြင်ထွက်ခိုင်းလိုက်သည်။သူ ယခုဆို အတွေ့အကြုံ အနည်းငယ်ရနေပြီဖြစ်သည်။ မြင်သမျှလူစိမ်းတိုင်းကို သူ၏ အချစ်ပြိုင်ဘက်အဖြစ်မြင်ပြီး သတိထားနေမိတော့သည်။
သို့သော်လည်း၊ထိုသို့အကဲပါနေမှုက သူမကို တန်ဖိုးထားတာကြောင့် နောက်ထပ် မတော်တဆမှုတွေ မဖြစ်စေချင်၍ဖြစ်သည်။
တိုက်ပွဲပြီးသွားသော်လည်း ကံကောင်းထောက်မစွာနှင့် ဖြစ်စဉ်က အံ့သြစရာတွေ ပြည့်နှက်နေရသည်။ လင်းရွှမ် နှင့် ဝေ့လင်း တို့သည် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူမည်ဖြစ်သည်။ လင်းယောင်ယောင် သည် မိခင်ဖြစ်သူ ချမ့်ယောင် နှင့် 012 တို့ကို တွေ့ဆုံရန် စီစဉ်ပြီး ကွပ်ကဲရေးအခန်းမှ ထွက်ခွာသွားခဲ့သည်။ ထို့အပြင် 168ကို ခန္ဓာကိုယ်အား ဖြည့်တင်းရန်အတွက် ဟင်းများစွာလည်း ချက်ရပေဦးမည်။
လင်းယောင်ယောင် ထွက်သွားပြီးနောက် လင်းရွှမ် သည် ဗီဒီယိုခေါ်ဆိုမှုကို ချိတ်ဆက်ခဲ့သည်။ တစ်ဖက်က မနက်မှ တွေ့ခဲ့သည့် ဂျက်စတင်ဘရမ် ဖြစ်နေသည်။
" မစ္စတာလင်း ရဲ့ လက်ထဲက ဖြည့်စွက်စာတွေကို ဘရမ် မိသားစုနဲ့ လဲလှယ်ပေးနိုင်မလားလို့ တွေးမိပါတယ်… ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့နဲ့ အပြည့်အဝ ပူးပေါင်းရင် နောင်တဘယ်တော့မှ မရနိုင်ပါဘူး"
လင်းရွှမ် ကလည်း " ဘရမ် မိသားစုဟာ ယုံကြည်စိတ်ချရတဲ့ ပူးပေါင်းဆောင်ရွက်သူလို့ ကျွန်တော်လည်း ထင်တယ်…မစ္စတာ ဘရမ် ကို အာကာသယာဉ်ပေါ်တက်ဖို့ ဖိတ်ခေါ်ပါတယ်…မျက်နှာချင်းဆိုင် ညှိနှိုင်းကြတာပေါ့"
လင်းရွှမ် အား တိုက်ခိုက်နေသော ပိုင်ရွှင်း သည် သူ၏ လူသားမိန်းကလေး ဇနီးလောင်း(စေ့စပ်ထားသူ)ကို ချစ်မိသွားသောကြောင့် ဖြည့်စွက်စာနှင့် ရိက္ခာများစွာကို စွန့်လွှတ်ခဲ့ရကြောင်း ဂျက်စတင် သိရှိခဲ့ရသည်။ထို့ကြာင့်၊ သူက ကျေးဇူးတင်စွာဖြင့် သူ၏ ရိုးသားမှုကို ပြရန်အတွက်
" နောက်ထပ် တစ်နာရီလောက် စောင့်ပေးမလား... အရင်းအနှီးတွေ ပြင်ဆင်ပြီး ကျွန်တော့်ရဲ့ ဇနီးလောင်းကိုလည်း ခေါ်လာဖို့ ပြောရဦးမှာမို့ပါ"
ထိုအခါ ဂျက်စတင် အပေါ် လင်းရွှမ် ၏ စိတ်ထားများသည် ပိုမိုရင်းနှီးလာကာ
"ရတာပေါ့"
ဤတစ်ကြိမ် သယံဇာတဖလှယ်ပြီးနောက်၊ ညသိမ်းငှက်တပ်ဖွဲ့ များသည် မကြာမီတွင် ထပ်မံစစ်ပွဲဖြစ်နိုင်သော်လည်း ရန်သူမှာ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရဖြစ်လိမ့်မည်။ တိုက်ခိုက်ရေးစွမ်းအားမလုံလောက်ပါက 168 အားကိုး၍ ဇာ့ခ် များကို လှုံ့ဆော်နိုင်သော်လည်း နည်းပညာပိုင်းဆိုင်ရာမှာတော့ နောက်ကျကျန်နေသေးသည်။
cxxxxx