အခန်း၁၆၂
Viewers 12k

Chapter 162


လင်းရွှမ် တစ်ယောက်တည်းသာ ဝင်သွားဖို့ သူမ ခွင့်မပြုသော်လည်း  168 အတူတူရှိနေသဖြင့် သူမ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။  သူမ အခုလုပ်ရမှာက ညသိမ်းငှက်တပ်ဖွဲ့သားများကို ဤပင်မဂြိုလ်ပေါ်ရှိ အရာအားလုံးကို သုံး၍ အဆင့်မြှင့်စေပြီး လင်းရွှမ် ပြန်လာဖို့ စောင့်နေခြင်းပင်။


လင်းရွှမ် နှင့် 168 တို့သည် မက်ရှဲ ထက် သန်မာသော်လည်း ပိုးပေါက်စုပ်ဝဲ၏ အာကာသအင်အားကြောင့် အလွန် ဝရုန်းသုန်းကား ဖြစ်နေရသည်။ အာကာသလမ်းကြောင်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ လောလောဆယ် တိုက်ခိုက်ရန် မဖြစ်နိုင်သေး‌ေပ။သို့မဟုတ်ပါက အာကာသလမ်းကြောင်းတွင် အားလုံး အတူတူ သေဆုံးနိုင်ဖွယ်ရှိသည်။


သူတို့ အာကာသချန်နယ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မက်ရှဲ အချိန်အတော်ကြာ စီစဉ်ပြင်ဆင်ထားသည့် အခြားသော သိပ္ပံသုတေသနအဖွဲ့နှင့် စွမ်းအင်ဘဏ်ကို တွေ့လိုက်ရသည်။  ဤနေရာတွင် မွေးမြူထားသည့် S-အတန်းစား ဖန်ပြွန်သန္ဓေသား တာဇာ ယောက်ျားတပ်ဖွဲ့ဝင်တို့ကလည်း ထောင်ပေါင်းများစွာပင် ရှိသည်။အရင်က မက်ရှဲ မှာ A-အဆင့် ကိုယ်လုပ်တော် 500 ကျော်နှင့် S-အဆင့် အစောင့်တစ်ဒါဇင်ခန့် ရှိခဲ့သော်လည်း လင်းရွှမ် ဂရုမစိုက်ပေ။ သူ့အတွက် ဘာမှ မထူးခြားသလိုပင် အသာလေး အနိုင်ယူပစ်ခဲ့၏။


ထို့နောက် ရာနှင့်ချီသော S-အဆင့်နှင့် SS အဆင့် တိုက်ခိုက်ရေးစက်ရုပ် ဆယ်ဦးတို့သည်လည်း 168 အတွက် မပြောပလောက်ပေ။ နောက်ဆုံးတွင်၊ တိုက်ခိုက်ရေးစက်ရုပ်များသည် 168 ၏ ပိုးချည်မျှင်ထဲမှာသာ ပျက်စီးခဲ့ရတော့သည်။သို့သော် ထောင်ပေါင်းများစွာသော ကြမ်းတမ်းပြီး သွေးဆာနေသော ဖန်ပြွန်သန္ဓေသားနည်းဖြင့်မွေးထားသော တာဇာများတွင် မက်ရှဲ ကိုသာ လုံးဝနာခံရသည့် ထိန်းချုပ်ချစ်ပ်များပါရှိသည်။သူတို့သည် တိုက်ခိုက်ရေးစက်ရုပ်များထက် များစွာပို၍ လိုက်လျောညီထွေမှုရှိပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်း လုံးဝကွဲပြားသည်။


လင်းယောင်ယောင် သည် ညလူသားအာကာသယာဉ်သို့ ပြန်လာခဲ့ပြီးနောက် ချန်ပင်း ဦးဆောင်သော လူငါးဆယ်ကျော် လက်ရွေးစင်အဖွဲ့ကလည်း ပြန်လာခဲ့သည်။ထို့နောက် လင်းရွှမ် နှင့် 168 တို့သည် မက်ရှဲ နှင့်အတူ ပိုးပေါက်စုပ်ဝဲ သို့ ဝင်ရောက်ခဲ့ကြောင်း သူမက အတိုချုံးပြောခဲ့သည်။ ချန်ပင်း သည် သူမကို ပင်မအာကာသယာဉ်သို့ ပြန်ပို့လိုသော်လည်း သူမ သဘောမတူခဲ့ပေ။ သူမသည် ပင်မဂြိုလ်ပေါ်တွင် ကျန်ရှိသော တာဇာများကို လိုက်လံရှာဖွေရန် ညလူသား အဖွဲ့နောက်ကိုသာ လိုက်ချင်မိသည်။


ချန်ပင်း ခဏလောက်စဉ်းစားလိုက်သည်။ လင်းယောင်ယောင်သည် စောစောက ဘော့စ်နှင့်အတူတိုက်နေသောအခါ၊သူမမှာ ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားရှိသည်ဟု သူထင်မိသည်။ ထက်မြက်သော သူမသည် ဖြည့်စွက်စာချက်ရန် မီးဖိုချောင်တွင်သာ နေခဲ့ပါက အရည်အချင်းများ ဖြုန်းတီးသွားသလိုဖြစ်ကြောင်း သူခံစားလိုက်ရသည်။


လင်းယောင်ယောင် သည် ယခု SS အဆင့် သွေးစပျစ်နွယ်ပင် 012 ကိုလွှတ်ခဲ့သည်။ 012 သည် SS အဆင့်သို့ တိုးလာပြီးနောက် ၎င်း၏ အရွယ်ရောက် ခန္ဓာကိုယ်သည် ဆယ်မီတာအထိ မြင့်လာနိုင်သည်။ စပျစ်နွယ်ပင်များသည် လည်း တစ်ပြိုင်နက် ရာဂဏန်းမှနေ၍ 500,600အထိ ထုတ်လွှတ်နိုင်ခဲ့၏။   ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း ထူးထူးခြားခြားဖြစ်လျက်ရှိသည်။


သို့နှင့်၊ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အားပေးရင်း 


"ကြိုးစားကြရအောင်"


 သူတို့နောက်လုပ်ရမည့်အရာက လင်းရွှမ် နှင့် 168 တို့လုပ်ရမည့်အလုပ်ထက် အများကြီးမရိုးရှင်းချေ။ သူတို့သည် ဘော့စ်ရာထူးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်သော မက်မွန်သီးရောင်ဇာ့ခ်သုံးကောင်ကို သွေးချေဖျက်ဆေးနှင့် ဖြည့်စွက်အစာတွေ ကျွေးရဦးမည်ဖြစ်၏။


လက်ရွေးစင်အသင်းများသည် လင်းရွှမ် နှင့် (၅)ကြိမ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီးဖြစ်သောကြောင့် အတွေ့အကြုံရှိသူဟု ယူဆနိုင်သည်။ သို့သော် ယခင်က မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်စလုံးသည် အရွယ်မရောက်သေးသူများဖြစ်ပြီး အလွန်အားနည်းကြပြီး မတူညီသောနေရာများတွင်သာ ရှိနေကြခြင်းဖြစ်သည်။


သို့ပေမယ့်၊ ယခု မက်မွန်သီးရောင်ဇာ့ခ် သုံးကောင်တို့မှာ တစ်ကယ်ကြီးလွန်းတာကြောင့် စိတ်ကူးထားသလောက် မလွယ်ကူပေ။ အသက်အန္တရာယ်ကိုသာ မထိခိုက်လာနိုင်ပါက၊သူတို့လည်း တိုက်ဖို့ မစဉ်းစားချင်ပေ။ 


ညလူသား အာကာသယာဉ်သည် ပြင်းထန်သော အစွမ်းရှိပြီး အလွန်လျင်မြန်သည်။ သူတို့လုပ်ရမှာက တိုက်ခိုက်နေသည့် မက်မွန်သီးရောင်ဇာ့ခ် ၃ကောင်ကို  အဆင့်နိမ့်ဇာ့ခ်အသားနှင့် ပင်လယ်သားရဲ ဖြည့်စွက်စာ အမြောက်အမြားကို ပစ်ချပြီး မြန်မြန် ထွက်ပြေးဖို့ပင် ဖြစ်ပေသည်။မက်မွန်သီးရောင်ဇာ့ခ်၏ သဘောသဘာဝမှာ စားချင်စိတ်များလွန်းခြင်း ဖြစ်သည်။ သူတို့ပတ်ဝန်းကျင်က စစ်ပွဲဖြစ်နေချိန်မှာတောင် အရသာရှိသည့် သရေစာတွေကို  လက်မလွတ်နိုင်သေးပေ။


လင်းယောင်ယောင် နှင့် 012 တို့သည် ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ပိုးချည်မျှင်များထံမှ အောင်အောင်မြင်မြင် ထွက်ပြေးရန်သာ လုပ်ရမည်ဖြစ်၏။ ဤနည်းဖြင့် သူတို့သည် မက်မွန်သီးရောင်ဇာ့ခ် အချို့ကို အစာကျွေးနိုင်မည်ဖြစ်သည်။


မောင်းသူမဲ့ တိုက်လေယာဉ် ဒရုန်းများကို အသုံးမပြုရခြင်းမှာ မောင်းသူမဲ့ တိုက်လေယာဉ်များသည် တွက်ခြေမကိုက်သောကြောင့် ဖြစ်သည်။ ထိုတိုက်လေယာဉ်များဖြင့်ဆိုလျှင် ကြိုတင်သတ်မှတ်ထားသော ပစ်မှတ်နေရာကို မပျံသန်းနိုင်ဘဲ ပိုးကောင်များ၏ သုတ်သင်ခြင်းကိုပင် ခံရနိုင်ဖွယ်ရှိသည်။


မကြာမီတွင်၊ ညလူသား သည် ပထမဆုံး မက်မွန်သီးရောင်ဇာ့ခ်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာပြီး ပစ္စည်းပို့ဆောင်မှုလမ်းကြောင်းကို ဖွင့်လိုက်သည်။ဤဖြည့်စွက် အစားအစာများကို သပ်သပ်ရပ်ရပ် လုပ်ထားခြင်းမဟုတ်ပေ။ အနံ့ကောင်းစေရန် ဟင်းခတ်အမွှေးအကြိုင်များစွာ ထည့်ထားပြီး တာဇာသွေးကို သန့်စင်စေသော ဆေးများစွာကို ပေါင်းထည့်လိုက်ခြင်း ဖြစ်သည်။ သို့သော် ချက်ပြုတ်ထားသော အသားကို မစားဖူးသော မက်မွန်သီးရောင်ဇာ့ခ် များအတွက်၊အရသာက ပြဿနာမဟုတ်ချေ။


မက်မွန်သီးရောင်ဇာ့ခ်သည် အစားအသောက်အနံ့ကို ခံစားရပြီးနောက် တိုက်ပွဲဖြစ်နေရာမှ အာရုံပြောင်းသွား၏။ထို့နောက် ပါးစပ်ကြီးဟပြီး ကောင်းကင်ကကျလာသည့် အသားတွေကို မျိုချလိုက်သည်။ အစားအစာအချို့က ဘေးကိုချော်ကျသွားသဖြင့် သူ၏ပိုးချည်များဖြင့်ပြန်ဆွဲယူလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ဒါဇင်ပေါင်းများစွာသော ပိုးချည်မျှင်များသည် အကန့်အသတ်မရှိ ပျံ့နှံ့သွားပြီး အစားအသောက်ရှိရာကို ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။


လင်းပိုနှင့် ညလူသား အနီးတဝိုက်တွင် ရပ်နေသော အခြား ထိပ်တန်း စစ်သည်များသည် ချွန်ထက်သော လေဆာဓားကို အသုံးပြု၍ ထိုပိုးချည်မျှင်များကို ခုတ်ထစ်လိုက်ကြသည်။ မက်ခါ လေဆာဓားဖြင့် SSS+ အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ်များ၏ ပိုးချည်မျှင်များကို ဖြတ်ရန် ခက်ခဲသော်လည်း ဓားကို ပိုးမျှင်များ အရည်ပျော်စေပြီး မက်မွန်သီးရောင်ဇာ့ခ်များ မုန်းသည့် ဆေးဖြင့် ဖုံးအုပ်ထားသည်။


ထို့နောက် ညလူသား အထက်တွင်နေခဲ့သော  012 သည် သူ၏စပျစ်နွယ်ပင်များထဲမှ တစ်ခုကို မီတာတစ်ရာနီးပါးအထိ ဆန့်ထုတ်ခဲ့ပြီး ဖြည့်စွက်အစာများကို အခြားတစ်နေရာသို့ ဆက်ပစ်ချခဲ့ရာ မက်မွန်သီးရောင်ဇာ့ခ်သည် ပစ်မှတ်တစ်ခု ပြောင်းသွားရလေသည်။ ထို့နောက် 012 သည် သူ၏စပျစ်နွယ်ပင်များကို ပြန်ဆွဲယူကာ နောက်တစ်နေရာမှ ပြန်ပစ်ပြန်သည်။


လင်းယောင်ယောင် နှင့် အခြားသော တိုက်ခိုက်ရေးသမား အများအပြားသည် ညလူသားကို ကာကွယ်ရန်အတွက် စိတ်စွမ်းအားကို မြှင့်တင်ပေးသည့် ဆေးဟင်းချိုကို အသုံးပြုကာ  စိတ်စွမ်းအားကို SS အဆင့်ဆီသို့ မြှင့်တင်ခဲ့ကြသည်။ ဤနည်းဖြင့် ညလူသားအာကာသယာဉ်သည် အန္တရာယ်မဖြစ်ဘဲ ပထမဆုံးမစ်ရှင်ကို ပြီးမြောက်ခဲ့သည်။


ထို့နောက် ကျန်ရှိသော မက်မွန်သီးရောင်ဇာ့ခ် နှစ်ကောင်ကိုလည်း ထိုနည်းအတိုင်း ကုသခဲ့သည်။


တတိယမြောက် မက်မွန်သီးရောင်ဇာ့ခ်သို့ ရောက်သောအခါ လင်းယောင်ယောင် သည် မက်မွန်သီးရောင်ဇာ့ခ်၏ ပိုးချည်မျှင်မှာ အဖမ်းခံလိုက်ရ၏။ သို့သော် လင်းပိုကို စွန့်လွှတ်ရန် တွန့်ဆုတ်သဖြင့် အတင်းထွက်ပြေးခဲ့သည်။လင်းပိုသည် ချစ်သူ လင်းရွှမ် ထံမှ လက်ဆောင်တစ်ခုဖြစ်တာကြောင့်ပင်။ပိုးချည်မျှင်သည် လင်းယောင်ယောင် ကို ဖမ်းမိသည်နှင့် တပြိုင်နက် သူမသည် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ဆေးနှစ်မျိုးကို တစ်ခုပြီးတစ်ခု သောက်လိုက်ရာ သူမ၏ စိတ်စွမ်းအားသည် SSS အဆင့်မှ SSS+ အဆင့်သို့ ရုတ်တရက် ပြောင်းလဲသွားရသည်။


 ဤတိုးတက်မှုသည် သုံးမိနစ်သာ ကြာနိုင်သော်လည်း လုံလောက်သည်။  သူမ၏ ထက်မြက်သော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် ချွန်ထက်သော ဓါးအလက်တစ်ထောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းပိုကို ချည်နှောင်ထားသည့် ပိုးချည်များအား တိုက်ခိုက်လိုက်ကြသည်။


မက်မွန်သီးရောင်ဇာ့ခ်၏ ပိုးချည်မျှင်သည် အချိန်အကြာကြီး ဆန့်သောအခါ၊ ခုခံအား အနည်းငယ် လျော့သွားလိမ့်မည်။ ပိုးချည်တို့သည် SSS အဆင့်ရှိသော်လည်း သူမ SSS+ စိတ်စွမ်းအား တိုက်ခိုက်မှုကို မတွန်းလှန်ရန် နိုင်ဘဲ ဖြတ်တောက်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း လင်းပိုသည် ပိုးချည်များဖြင့် ရစ်တွယ်နေရသေးသည်။  အထက်သို့ ပျံသန်းရန် ဦးတည်ရာကို ကောင်းစွာ မထိန်းနိုင်ပေ။ ကံကောင်းစွာနှင့်၊ 012 က သူမကို ကာကွယ်ပေးခဲ့သည်။012 သည် လင်းပိုကို စပျစ်နွယ်ပင်ဖြင့် လျင်မြန်စွာ ကုပ်ယူပြီး ‌ပိုးချည်များအား ပြေလျော့စေကာ  ညလူသားသို့ လုံခြုံစွာ အတူတူပြန်လာခဲ့သည်။


တာဇာ မျိုးနွယ်၏သွေးများအား သန့်စင်ထားသော မက်မွန်သီးရောင်ဇာ့ခ်များသည် တာဇာတို့၏ ညွှန်ကြားချက်များကို မလိုက်နာတော့‌ေပ။ သို့သော် ၎င်းတို့သည် ဉာဏ်ရည်မြင့်မားသော 168 နှင့် ကွဲပြားသည်။ အသွေးအသားအားလုံးကို တောင့်တလျက် အစာစားချင်စိတ်ဖြစ်ပြီး ဇာ့ခ်ဥများနှင့် သားပေါက်များကို ဆက်လက်ထုတ်လုပ်ဖို့အတွက် အရင်းအမြစ်များကို လုယူချင်စိတ် ရှိနေ‌သေးသည်။


 ထို့ကြောင့်၊ပင်မဂြိုလ်ပေါ်ရှိ တာဇာ လူမျိုးများသည် မကြုံစဖူးသော ဘေးအန္တရာယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဇာ့ခ် ကို ပြုစုပျိုးထောင်သူများအနေဖြင့် ဇာ့ခ်များကို အစားအစာအဖြစ် ကာလကြာရှည်စွာ မှတ်ယူခဲ့ကြသည်။ ထို့ကြောင့်၊ဇာ့ခ်များသည် တာဇာတို့အား ကြောက်လန့်ကြသည်။  အသေအပျောက်က မများသော်လည်း ညသိမ်းငှက်တပ်ဖွဲ့ဝင်များကို ကိုင်တွယ်ရန် စွမ်းအင်အလုံအလောက် မရှိပေ။သို့နှင့်၊ တာဇာပင်မဂြိုလ်ပေါ်ရှိ ချမ်းသာကြွယ်ဝမှုသည်


ရက်အနည်းငယ်အတွင်း ပျက်စီးသွားခဲ့သည်။  


ဤမြင်ကွင်းသည် ရက်စက်ပုံရသော်လည်း စာနာရန်မထိုက်တန်ချေ။ တာဇာများသည် လူသားအရင်းအမြစ်များကို လုယူရန်အတွက် ဇာ့ခ်များကို လူသားကြယ်ပွင့်နယ်မြေသို့ နှစ်ပေါင်းများစွာ ပေးပို့ခြင်း၏ အကျိုးကျေးဇူးများကို ယခုမူ သူတို့ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ခဲ့ပြီ။ကိုယ်တိုင်တွေ့ကြုံဖူးမှသာလျှင် ကိုယ့်လုပ်ရပ်က မှားကြောင်း သိနိုင်ပေလိမ့်မည်။


လင်းယောင်ယောင် သည် နူးညံ့ပြီး ချစ်စရာကောင်းသော်လည်း သူမသည် ရန်သူအပေါ် ဘယ်တော့မှ ကြင်နာမည်မဟုတ်ပေ။ ရန်သူကို ကြင်နာတတ်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်။


ယခု သူမတို့ လုပ်ရမည်မှာ လင်းရွှမ် နှင့် 168 ပြန်လာရန်စောင့်ဆိုင်းနေခြင်းဖြစ်သည်။


 ---


တစ်ဖက်တွင်၊ လင်းရွှမ် နှင့် 168 တို့သည် တာဇာ၏ အဓိကဂြိုလ်နှင့် မဝေးသော ကြယ်တစ်ပွင့်ဆီသို့ အာကာသခုန်ပျံကျော်လွှားခြင်းစနစ်ဖြင့် မက်ရှဲ နောက်သို့ လိုက်သွားခဲ့သည်။


မက်ရှဲ သည် နောက်က လိုက်လာသူများကြောင့် အတော်လေး  အထိတ်တလန့် ဖြစ်ခဲ့ရသည်၊ ထို့ကြောင့် သူက လင်းရွှမ် ကို စေ့စပ်ညှိနှိုင်းရန်၊ လက်နက်ချရန်နှင့် အကျိုးခံစားခွင့်အမျိုးမျိုး ပေးလိုကြောင်း အသံချဲ့စက်ကို သုံး၍ ပြောခဲ့၏။


လင်းရွှမ် က သူ့ကို လျစ်လျူရှုပြီး 168 အား 


"ဒီလူကို သတ်ပစ်ရမယ်"


168 သည် မက်ရှဲ ၏ ဒေါသကို ခံစားနိုင်၍ ထိုသို့သောလူအတွက် စိတ်သဘောထား ပျော့ပျောင်းမနေသင့်ကြောင်း သိသည်။ ထို့ကြောင့်၊‌ တွေဝေမနေဘဲ ထောင်ပေါင်းများစွာသော ပိုးချည်မျှင်များကို ချက်ချင်းထုတ်လွှတ်လိုက်သည်။


မက်ရှဲ ၏မျက်လုံးများသည် နာကျည်းမှုများဖြင့် ပြည့်နှက်သွားရသည်။ သူ၏ မြေအောက် သိပ္ပံသုတေသနဌာနမှ တာဇာ စစ်တပ်ကို ပိုမိုပြည့်စုံစွာ ပြင်ဆင်နိုင်စေရန် အချိန်ကို ဆွဲထားချင်မိသော်လည်း လင်းရွှမ် သည် အချိန်ဆွဲခွင့်မပေးခဲ့ချေ။ 


လင်းရွှမ် နှင့် 168 တို့တိုက်ခိုက်မှုအောက်တွင်၊ မက်ရှဲ သည် SSS အဆင့်မြှင့်တင်ထားသော မက်ခါဖြင့်ပင် အလွန်ခက်ခဲနေရသည်။ကံကောင်းထောက်မစွာ၊ သူ၏ S-အတန်းစား တာဇာ စစ်တပ်သည် အကြာကြီးပြင်ဆင်ရန် မလိုအပ်ပေ။အရေးပေါ် ညွှန်ကြားချက်ကို ရရှိပြီးနောက် သူတို့သည် မြေအောက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ ခဏအကြာတွင် သူ့နောက်တွင် လက်ထောက် ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။


 168 အံ့သြလွန်းသဖြင့် သူမ၏ မျက်လုံးကိုးလုံးမှာ ပြူးကျယ်သွားပြီး


 "လင်းရွှမ် ဒီကောင်က တော်တော် အရှက်မရှိတာပဲ… ကံကောင်းတာက ငါ့ခန္ဓာကိုယ်ထဲမှာ မျိုးပွားရည်နည်းနည်းကျန်သေးတယ်...အစက နောက်မှဥပြီး ဇာ့ခ်ဥစားဖို့စိတ်ကူးထားခဲ့တာ"


ထိ့နောက် 168၏ ပိုးချည်မျှင်များပေါ်တွင် အဖြူရောင်အမှုန်လေးများ ပေါ်လာတော့သည်။ ဤအမှုန်များသည် မြေပြင်ပေါ်သို့ ကျလာပြီး ကြီးမားသော ဇာ့ခ် ဥများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။  ထို့နောက် ဇာ့ခ်တစ်ကောင်စီသည် ၎င်းတို့၏ ဥခွံများမှ ခွဲထွက်ပြီး မြေဆီလွှာကို အဆက်မပြတ်စားကာ ဆက်လက်ကြီးထွားလာခဲ့သည်။


 168 ၏ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံထားသောကြောင့် သူမသည် အခြားအရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ်များထက် သုံးဆပိုမိုသန်စွမ်းသည်။ သူမ၏ သားပေါက်ကလေးများ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း ထူးထူးခြားခြားပင်။ အားလုံးက မွေးစကတည်းက SS အဆင့်ဖြစ်ကြလေသည်။အရေအတွက်က အများကြီးမဟုတ်သော်လည်း SS အဆင့် ဇာ့ခ် တစ်ထောင်ရှိသဖြင့် S-အဆင့် တာဇာ ဆယ်ယောက်ကို အလွယ်တကူ တန်ပြန်နိုင်သည်။ ထို့နောက် တာဇာများကို စားသုံးပြီးနောက်၊၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အားကောင်းစေနိုင်သည်။


လင်းရွှမ် က ရှားရှားပါးပါး 168 ကို ချီးကျူးလိုက်လေ၏။


"168 က အရမ်းမိုက်တာပဲ"


168 သာမရှိလျှင် သူတစ်ယောက်တည်း ဤနေရာမှာ ရှုံးသွားနိုင်သည်။သို့သော်လည်း၊ အခုချိန်မှာတော့ နှစ်ဖက်စလုံးက လက်ရည်ညီညီညာညာ ဖြစ်နေ၍ ဘယ်သူသေမည် ဆိုသည်ကို မသိရသေးပေ။


လင်းယောင်ယောင် သည် သူတို့ကို စောင့်မျှော်နေသေးသည်။ သူမဆီပြန်လာမည်ဟု ပြောတိုင်း အမြဲပြန်လာခဲ့၍ သူမအား စိတ်ပျက်စေမည်မဟုတ်ပေ။ 


အနိုင်ရပြီဟု အပိုင်တွက်ထားသော မက်ရှဲ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။ သူက သွားများကို တင်းတင်းစေ့ထားပြီး ပြောလိုက်သည်။


 'ငါ့ကို ဘယ်တော့မှ မနိုင်စေရဘူး...ငါသေရင်လည်း မင်းတို့ကိုပါ ဆွဲခေါ်သွားမယ်' 


အကြောင်းမှာ၊ ဤ S-အဆင့် အယောက်တစ်သောင်းရှိ တာဇာ စစ်တပ်အပြင်၊ သူသည် ဤကမ္ဘာမြေတစ်ခုလုံးပေါ်တွင် မရေမတွက်နိုင်သော ချိန်ကိုက်ဗုံးများကို မြှုပ်နှံထားပြီး ဖြစ်လေသည်။



xxxxx