Chapter 163
(စစ်ပွဲ၏အဆုံး)
168၊ လင်းရွှမ် နှင့် မက်ရှဲ တို့ကြားက တိုက်ပွဲသည် နောက်တစ်နေ့နံနက် နေထွက်ခါနီးအထိ တစ်ညလုံး ကြာမြင့်ခဲ့သည်။
မက်ရှဲ နှင့် သူ၏ S-အတန်းစား တပ်ဖွဲ့များသည် အလွန်အားကောင်းသော်လည်း လင်းရွှမ် နှင့်168မှာ ကောင်းကင်ကိုပင် အံတုနိုင်သည့် တိုက်ခိုက်ရေးစွမ်းအား ရှိကြသည်။
ထို့ကြောင့်၊ အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်၊ မက်ရှဲ သည် တဖြည်းဖြည်း အခြေအနေမဟန်သည့် လက္ခဏာများ ပြလာသည်။ မြေပြင်ပေါ်ရှိ SS အဆင့် ဇာ့ခ်ထောင်ပေါင်းများစွာနှင့် S-အဆင့် တာဇာထောင်ပေါင်းများစွာတို့သည်လည်း သေဆုံးခြင်းနှင့် ဒဏ်ရာအများအပြားခံစားခဲ့ရသည်။သွေးများသည် မြစ်ချောင်းတစ်ခုလို နေရာတိုင်းတွင် စီးဆင်းနေသော်လည်း ဆက်လက်ပြီး အဆုံးမရှိစွာ တိုက်ပွဲဖြစ်ဆဲ၊သေနေကြဆဲဖြစ်၏။
မက်ရှဲ မသေချင်သေးပေ။ သူ ထွက်ပြေးဖို့ တွေးထားသော်လည်း 168ကို အတော်ထိတ်လန့်မိသည်။
သူသည် အလွန်အမင်း စိတ်ဓာတ်ကျပြီး သူ ဤနေရာတွင် အဆုံးသတ်ရမည်ဟုလည်း သိသည်။
'မဟုတ်ဘူး....ဒီလို မဖြစ်သင့်ဘူး'
အိပ်မက်ထဲတွင် သူသည် အရှင်သခင်အင်ပါယာကို အောင်မြင်စွာ သိမ်းပိုက်နိုင်သည်ဟု ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အလွန်ထုံထိုင်းသော သူ့ မအေတူ၊ဖအေကွဲ ညီဖြစ်သူကို သတ်ပြီးနောက်၊ အရှင်သခင် အင်ပါယာသည် သူ့အပိုင်ဖြစ်လာတော့မည်။
လက်တွေ့ဘဝက ဘာလို့ မတူနေတာလဲ…
မက်ရှဲ ကို ဘယ်သူမှ အဖြေမပေးနိုင်သလို၊သူလည်း ဆက်တွေးချင်စိတ်မရှိတော့ဘဲ လင်းရွှမ် နှင့် 168 တို့၏ တိုက်ခိုက်မှုကြောင့် မောပန်းနွမ်းနယ်စွာ ပြာယာခတ်နေခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်သည်လည်း စိတ်ကြွရူးသွပ်သည့် အခြေအနေသို့ စတင်ရောက်ရှိနေပြီဖြစ်သည်။သူ့မျက်လုံးထဲတွင် နက်ရှိုင်းသောမနာလိုမှုများ ထွက်ပေါ်လာသည်။ သူသည် သေခြင်းတရားကို မရှောင်နိုင်တော့သည်ဖြစ်၍ အားလုံး အတူတူသေကြဖို့တွေးလိုက်သည်။သူ ငရဲကို သွားရလျှင်တောင် လင်းရွှမ် ၏ အကြံအစည်အားလုံးကို ဖျက်ဆီးပစ်မှာဖြစ်သည်။
လင်းယောင်ယောင် ကတော့ လင်းရွှမ် သေသွားပါက၊သူမ တစ်သက်လုံး ပျော်မှာမဟုတ်ပေ။ လူသားမျိုးနွယ်စုများသည် နက်နဲသော ချစ်ခင်ရင်းနှီးမှုမျိုးကို အမြဲအာရုံစိုက်ထားပုံက ရယ်ချင်စရာပင်။
မက်ရှဲ ရူးသွပ်ခါနီးနေပြီဖြစ်၍ လင်းရွှမ် နှင့် 168 တို့၏ တိုက်ခိုက်မှုများကို မခုခံတော့ပေ။ဤဂြိုလ်ပေါ်ရှိ ချိန်ကိုက်ဗုံးအားလုံးအတွက် ကောင့်ဒေါင်းစတင်ရန် သူ၏ လက်ကျန်ဘဝ အားလပ်ချိန် အားလုံးကို ကုန်ဆုံးရမည် ဖြစ်သည်။ထို့နောက် သူက အသံချဲ့စက်ဖြင့် အော်ပြောလိုက်သည်။
"ဟားဟား... မင်းတို့လည်း ငါနဲ့အတူတူ သွားကြရအောင်"
ထိုစဉ်၊ လင်းရွှမ် သည် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ ကမ္ဘာမြေကြီးတစ်ခုလုံး ဆိုးရွားသော ခံစားချက်ကို စတင်ခံစားလာရသည်။
မကြာမီတွင်၊ လင်းယွင် သည် ဂြိုလ်အောက်ရှိ ပုံမှန်မဟုတ်သော ဓာတ်ရောင်ခြည် အတက်အကျများကို စကင်န်ဖတ်ကြည့်ခဲ့သည်။ ဤသည်မှာ နျူကလီးယား ပေါက်ကွဲခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်သည်။
ဤသည်မှာ တာဇာကြယ်ကွင်းပြင်တွင်ကျန်ရှိသော တစ်ခုတည်းသော အရင်းအမြစ်ဂြိုလ်ဖြစ်သည်။ တစ်ကယ့်ကို မက်ရှဲ က အရူးတစ်ယောက်ပင်။ ဤအရေးကြီးသော အချိန်ကာလတွင် လင်းရွှမ် စဉ်းစားရန်အချိန်မရှိတော့၍ 168 နှင့် စိတ်ပိုင်းဆိုင်ရာအတွေးဖြင့် အမြန်ဆက်သွယ်လိုက်သည်။
"ဒီကမ္ဘာကြီးက ပေါက်ကွဲတော့မယ်.... ငါတို့ ဒီနေရာကနေ ခုန်ပြီး ချက်ချင်း ထွက်သွားရမယ်"
168 ကလည်း သဘောပေါက်ပြီး ပိုးပေါက်စုပ်ဝဲကိုဖွင့်ရန် ချက်ချင်းပြင်ဆင်ခဲ့သည်။ သို့သော် မက်ရှဲ သည် လက်မလျှော့ခဲ့ပေ။ 168 ပိုးပေါက်စုပ်ဝဲ ကိုဖွင့်ရာတွင် အာကာသအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်စေဖို့ သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုအားလုံးကို အသုံးပြုခဲ့သည်။
ပိုးပေါက်စုပ်ဝဲကို ဖွင့်သောအခါ အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပအား တစ်ခုမှ မရှိစေရချေ။သို့မဟုတ်ပါက၊ အာကာသချန်နယ်သည် မတည်မငြိမ်ဖြစ်ကာ ဝင်၍မရဖြစ်တတ်သည်။ အာကာသချန်နယ်၏ မတည်ငြိမ်မှုသည် မူလပစ်မှတ် နေရာကို မရောက်ဘဲ အာကာသတွင်းနက်ကြီးထဲသို့ ဝင်သွားနိုင်ပြီး နောက်ပြန်ထွက်လာ၍မရနိုင်တော့ပေ။လင်းရွှမ် ကလည်း ကောင်းကောင်းသိထား၍ သူ၏တိုက်ခိုက်မှုကို တိုးမြှင့်ကာ ကျန် 40 စက္ကန့်အတွင်း မက်ရှဲ ကို အပြီးချေမှုန်းရန် ကြိုးပမ်းရမည်ဖြစ်သည်။
မက်ရှဲ သည် ဘဝအဆုံးသတ်တွင်ရှိနေပြီဖြစ်သော်လည်း၊ သူသည် လင်းရွှမ် နှင့် 168 ကို သူနှင့်အတူ ဆွဲထားရန် ဆုံးဖြတ်ခဲ့၍ မက်ခါလင်းယွင်နှင့် အကြိတ်အနယ် တိုက်ခိုက်နေစဉ် 168 ကို လျစ်လျူရှုလိုက်သည်။
ထိုစဥ် လင်းယွင် က ချက်ချင်းပဲ လင်းရွှမ်ကို ပြောလာ၏။
"သခင် ကျေးဇူးပြုပြီး လွတ်မြောက်အခန်းထဲကို အမြန်ဝင်ပါ...168 က သခင့်ကို ခေါ်သွားပေးပါလိမ့်မယ်.."
လင်းရွှမ် သည် သူ့ဘေးနားတွင်ရှိပြီး နှစ်ပေါင်းများစွာ အတူတိုက်ခိုက်ခဲ့သော မက်ခါကို စွန့်လွှတ်ဖို့ ဘယ်လိုမှ ဆန္ဒမရှိနိုင်ပေ။သို့သော်၊အခုအချိန်က အရေးကြီးနေသဖြင့် သင့်တော်မည့် ကိစ္စကိုရွေးချယ်၍ အမြန်ဆုံး ဆုံးဖြတ်ချက်ချရေပမည်။
လင်းယွင်: "သခင်... ညီမ လင်းယောင်ယောင် က သခင့်ကို ပင်မအာကာသယာဉ်ပေါ်မှာ စောင့်နေတယ်... မြန်မြန်သွား"
လင်းရွှမ် ပြင်းပြင်းထန်ထန် အံကြိတ်ပြီး 168အား ပြောလိုက်သည်။
"ငါ သူ့ကို တိုက်ထားလိုက်မယ်.. မင်း ပိုးပေါက်စုပ်ဝဲကိုဖွင့်စမ်း…မင်းတစ်ယောက်တည်း သွားတော့… ငါ့အတွက် စိတ်မပူနဲ့"
168 သည် လင်းရွှမ် အတွက် လေးနက်သောခံစားချက်မရှိခဲ့ဖူးပေ။ လင်းရွှမ် ဘက်ကလည်း 168 ကို အမှန်တစ်ကယ် မကြိုက်ခဲ့ဘဲ အမြဲတမ်း သတိထားဆက်ဆံခဲ့သည်။သို့သော် ယခုတစ်ကြိမ်တွင် လူတစ်ဦးနှင့် ဇာ့ခ်တစ်ကောင်သည် ဘေးချင်းယှဉ်တိုက်ခိုက်ပြီးနောက် 168 သည် ထိုကဲ့သို့ မတွေးတော့ပေ။ထို့ကြောင့် သူမ တစ်ယောက်တည်း ထွက်သွားဖို့ ငြင်းဆန်ခဲ့၏။
"ငါတစ်ယောက်တည်း မပြန်နိုင်ဘူး... မင်းမရှိရင် ငါ့သူငယ်ချင်း လင်းယောင်ယောင် လည်း ဝမ်းနည်းလိမ့်မယ်"
လင်းရွှမ် သက်ပြင်းချလိုက်သည်။ သူလည်း ဘယ်လိုလုပ် မသွားချင်ဘဲနေမှာလဲ…
သူ အခုထွက်သွားဖို့ ကြိုးစားခဲ့မည်ဆိုလျှင် နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံး ထွက်သွားဖို့ မဖြစ်နိုင်လောက်ပေ။ တစ်ယောက်သည် အရူး မက်ရှဲ ကို တည်ငြိမ်ဖို့ ထိန်းထားရမည်။
"168 ငါလည်း မင်းနဲ့လိုက်ချင်တယ်...အဲ့ဒါကြောင့် မင်းက ပိုးပေါက်ထဲကို အရင်ဝင်ပြီး ငါ့ကို မင်းရဲ့ ပိုးချည်တွေနဲ့ ချည်ထုပ်ပြီး ဆွဲခေါ်ရမှာ"
168 လည်း သူတို့သည် ကြာကြာနေ၍မရမှန်းသိထားသည်။သို့မဟုတ်လျှင် သူတို့ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ပေ။ထို့နောက် သူမသည် ပိုးပေါက်စုပ်ဝဲကို အတင်းအကျပ်ဖွင့်ရန် စိတ်စွမ်းအားအနည်းငယ်ကို အသုံးပြုခဲ့သည်။
မကြာမီ၊ 168 ၏ကိုယ်ထည်တစ်ခုလုံးသည် အာကာသချန်နယ်ထဲသို့ ဝင်ရောက်စပြုလာသောအခါတွင် ကမ္ဘာမြေပေါ်တွင် မြှုပ်နှံထားသော နျူကလီးယားဗုံးသည်လည်း အဝေးတစ်နေရာမှ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှု၏ အရှိန်သည် လင်းရွှမ် နှင့် မက်ရှဲ ရှိသည့်နေရာကို ရောက်ရှိရန် စက္ကန့်အနည်းငယ်သာ ကြာမည်ဖြစ်သည်။
ထိုအခါ၊ လင်းရွှမ် သည် သူ၏ SSS မြှင့်တင်ထားသော စိတ်စွမ်းအားကို မက်ရှဲ ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။ထိုအခါ မက်ရှဲမှာ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏မက်ခါကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူသည် လင်းယွင်၏ ခန္ဓာကိုယ်ကို အတင်းတွယ်ကပ်ထားသည်။
ထိုအခါ၊ 168 သည် လင်းယွင် ကို အတင်းအကြပ် ခေါ်ယူသွားပါက၊ မက်ရှဲ ကိုလည်း မလွဲမသွေ ခေါ်သွားမည်ဖြစ်သည်။
သို့ဖြစ်၍၊ လင်းယွင် သည် လင်းရွှမ် ကို လွတ်မြောက်ခန်းထဲသို့ အတင်းအကြပ်ထည့်ကာ 168 ရှိရာဘက်သို့ တွန်းထုတ်လိုက်သည်။ထို့ကြောင့်၊ ပိုးပေါက်စုပ်ဝဲ မပိတ်ခင်လေးမှာ လင်းရွမ်၏ လွတ်မြောက်ခန်းမှာ 168နှင့်အတူ တစ်ပါတည်း ပါသွားလေသည်။
ထို့နောက် အာကာသချန်နယ်ကို လုံးဝ မပိတ်မီ တစ်စက္ကန့်အလိုတွင် မြေကြီးကွဲအက် ပေါက်ကွဲသံများ ဖြစ်ပေါ်ခဲ့သည်။ သို့နှင့်၊လင်းရွှမ် နှင့် ဆယ်နှစ်နီးပါး လက်တွဲခဲ့သည့် မက်ခါလင်းယွင်၏ ရုပ်အလောင်းကို အမည်မဲ့ အရင်းအမြစ်ဂြိုလ်ပေါ်တွင် မြှုပ်နှံလိုက်လေတော့သည်။
ပေါက်ကွဲမှုကြောင့် ထိုကမ္ဘာတစ်ခုလုံး ပျက်ပြယ်သွားခဲ့ရပြီး အာကာသလမ်းကြောင်းတွင်လည်း ပြင်းထန်သော လှိုင်းလုံးကြီးများ ပေါ်လာသည်။ထို့ကြောင့်၊ အခွံအလွန်မာကျောသော 168 ပင်လျှင် နာကျင်မှုကို ခံစားရသည်။ ဦးတည်ချက်နှင့် ထွက်လမ်းကို ခွဲခြားရန် ခက်ခဲသွားရသည်။
168 သူသည် ပိုးထည်တွင် တွယ်ကပ်နေသော လွတ်မြောက်ခန်းထဲမှ လင်းရွှမ်ကို အနည်းငယ် စိုးရိမ်နေပြီး အားနည်းသော လူသားက ထိန်းထားနိုင်ပါ့မလားဟု တွေးနေမိသည်။
သို့သော် 168 သည် အာကာသ လှိုင်းထန်မှုကြောင့် သူမ၏ ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်ကိုပင် ပြင်းထန်စွာ တိုက်ခိုက်ခံရသောကြောင့် မကြာမီ စဉ်းစားရန် အချိန်မရှိတော့ပေ။ အလွန်နာကျင်စွာ ခံစားလာရသည်။
168 ၏ ပိုးချည်မျှင်တွင် တွယ်ကပ်နေသော လွတ်မြောက်ခန်းထဲမှ လင်းရွှမ်မှာလည်း သူ့ကိုယ်တွင်းအင်္ဂါတွေ ပြောင်းပြန်ဖြစ်သွားသလို ခံစားရသည်။
သူသည် လင်းယွင်၏ သခင်ချစ်ပ်ကို သူ့လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။သူ့နှလုံးသားက နာကျင်နေသော်လည်း အိမ်ပြန်ဖို့ ပိုစိတ်ပိုင်းဖြတ်ထားသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။သူ အံကိုတင်းတင်းကြိတ်ကာ စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ချို့ယွင်းမှုသို့ မကျရောက်စေရန် သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို ငြိမ်သက်နေစေရန် အတတ်နိုင်ဆုံး ကြိုးစားမိသည်။
ဤပိုးပေါက်စုပ်ဝဲသည် ဗုံးပေါက်ကွဲ၍ တုန်လှုပ်သွားမှုကြောင့် ပတ်လမ်းထဲမှ လွဲနေပြီဖြစ်သည်။ 168မှာ အစွမ်းမရှိလျှင် ဤကွက်လပ်ထဲတွင်ပင် ထာဝစဉ် ပျောက်ဆုံးရဖွယ်ရှိသည်။168 ၏ စိတ်စွမ်းအင်များ အတက်အကျများ အားနည်းလာသည်ကို သူမြင်သောအခါ 168 မထိန်းနိုင်တော့ကြောင်း သိလိုက်သည်။ ကျဉ်းမြောင်းသော လွတ်မြောက်ရေး အခန်းထဲတွင် သူသည် လင်းယောင်ယောင် ပြင်ဆင်ပေးထားသည့် စိတ်စွမ်းအားပြန်လည်ကောင်းမွန်လာစေရန်နှင့် မြှင့်တင်ပေးသော ဆေးကို အာကာသခလုတ်ထဲမှ ထုတ်ယူကာ ဆေးပုလင်းလေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင် သူ၏ စိတ်စွမ်းအားဖြင့်၊ အာကာသအတွင်း အခက်အခဲမျိုးစုံကြုံတွေ့နေရသော လွတ်နေသော လမ်းကြောင်းရှိ အာကာသအဖွင့်အပိတ်ကို အတင်းဆွဲထုတ်ခဲ့သည်။ ထို့နောက် ကြီးမားသော 168 ကို ပတ်ထားရန် သူ၏ စိတ်စွမ်းအား စက်ဝန်းများကို ဆန့်ထုတ်ကာ အာကာသလမ်းကြောင်းမှ ထုတ်ယူလိုက်သည်။
လင်းရွှမ် ၏ နောက်ဆုံးသိစိတ်ဖြစ်သော၊ သူ့ကိုယ်သူ နှင့် 168 တို့ စွန့်ပစ်ဂြိုလ်တစ်ခုဆီသို့ ရောက်သွားပြီးနောက် ချက်ချင်းပင် သတိမေ့မြောသွားခဲ့သည်။
အခြားတစ်ဖက်တွင်၊ တာဇာ၏ အဓိကဂြိုလ်အပြင်ဘက်။
ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ပွင့်မဟာမိတ်အား အောင်နိုင်ခဲ့သည်မှာ ကြီးကျယ်သော အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သော်လည်း ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်တစ်ခုလုံးသည် မကြုံစဖူး ဝမ်းနည်းဖွယ်အဖြစ်ကို ကြုံခဲ့သည်။
မရေမတွက်နိုင်သော နျူကလီးယားဗုံးများသည် လင်းရွှမ် နောက်ဆုံးရှိရာ အရင်းအမြစ်ဂြိုလ်ကို ပျက်ဆီးစေခဲ့ပြီး ချက်ချင်းပင် အဏုမြူရောင်ခြည်များ အပြည့်ရှိသော စွန့်ပစ်ဂြိုလ်တစ်ခု ဖြစ်လာသည်။
ယခင်က အဆုံးမရှိ တိုက်ခိုက်ခဲ့သော SS-အဆင့် ဇာ့ခ်များနှင့် S-အတန်းစားတာဇာတပ်ဖွဲ့များပင်လျှင် သဲလွန်စ မကျန်တော့ဘဲ သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ ထို့အပြင် လင်းရွှမ် နှင့် မက်ရှဲ တို့၏ မက်ခါများ၏ ခြေရာအချို့ကိုလည်း တွေ့ရှိရသည်။အနီးတဝိုက်တွင် ပိုးပေါက်စုပ်ဝဲကို အတင်းဖွင့်လိုက်သည့် လက္ခဏာများ ရှိသော်လည်း လေထုအပြောင်းအလဲမှာ အလွန် ဖရိုဖရဲဖြစ်လို့နေပြီး ထိုနေရာမှ ပိုးပေါက်စုပ်ဝဲထဲသို့ ဝင်ရောက်သွားသူများသည် မတော်တဆမှုတစ်ခု ကြုံတွေ့နိုင်၍ ထွက်လာနိုင်မည်မဟုတ်ကြောင်း ညွှန်ပြလျက်ရှိသည်။
ဤသတင်းကို လင်းယောင်ယောင် ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားကာ သူမ မယုံနိုင်လောက်အောင် ဖြစ်သွားရ၏။
"ဟင့်အင်း…သူသေမှာ မဟုတ်ဘူး..."
သူမသည် လင်းမိသားစုနှင့် လင်းရွှမ် တို့၏ ကံကြမ္မာကို ပြောင်းလဲရန် ဤကမ္ဘာသို့ လာခဲ့ခြင်းဖြစ်သော်လည်း အဆုံးတွင် အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သည်ကို သူမ လက်မခံနိုင်တော့ေပ။သူမ ဝမ်းနည်းနေရကာ လက်သီးကို လက်ဖဝါးထဲနစ်ဝင်မတတ် အတင်းအကျပ် ဆုပ်ကိုင်ထားရင်း....
"သူ ငါ့ကို ကတိပေးထားတယ်...သူ ငါ့ကို ဘယ်တော့မှ ထားမသွားဘူးလို့ ယုံတယ်....သူတို့ မကြာခင် ပြန်လာမှာပါ"
လင်းရွှမ် မပြန်လာမီတွင် သူမသည် သူ၏ အလိုဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပြီး ညသိမ်းငှက်တပ်ဖွဲ့ကိုလည်း ကောင်းစွာ ဂရုစိုက်မည်ဖြစ်သည်။
နောက်တိုက်ပွဲတွင် လူအင်အားနည်းသွားသော ညသိမ်းငှက်တပ်ဖွဲ့ကို အဓိက အင်အားစုအဖြစ် မသုံးတော့ပေ။ ပိုင်မိသားစုနောက်ကွယ်ရှိ anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၊ ဘရမ်မိသားစုနောက်ကွယ်ရှိ လူမျိုးရေးတန်းတူညီမျှရေးအုပ်စုနှင့် ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့တို့ပင်လျှင် တာဇာကြယ်ပွင့်မဟာမိတ်ထံမှ ရသမျှ အကျိုးအမြတ်များကို ယူချင်နေကြ၏။
ဧကရာဇ် မက်ရှဲ ကွယ်လွန်သွားပြီဖြစ်၍ နန်းတော်ကို ဖျက်သိမ်းခဲ့ကာ တာဇာကြယ်ပွင့်မဟာမိတ်၏ တပ်ဖွဲ့ခေါင်းဆောင်များလည်း သေဆုံး၊ ဒဏ်ရာအပြင်းအထန်ရကာ ခုခံနိုင်စွမ်းမရှိကြပေ။သို့သော် အပြင်ဂြိုလ်များတွင် တာဇာကြယ်ပွင့်မဟာမိတ်မှ ထွက်ခွာသွားသော ဇာ့ခ်ဘီလီယံပေါင်းများစွာ ရှိသေးသည်။ထိုအရာတွေအားလုံးက အသားများ၊စားနပ်ရိက္ခာများဖြစ်ပေသည်။သို့သော် ထိုဇာ့ခ်များကို မည်သို့ရပ်တန့်ရမည် ဆိုသောကိစ္စမှာ ပြဿနာတစ်ခုဖြစ်သည်။
အထူးသဖြင့် ညသိမ်းငှက်တပ်ဖွဲ့ အောက်ရှိ အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်နှင့် ပင်မဂြိုလ်တွင် သောင်းကျန်းနေသော အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် ၃ ကောင်၊တို့မှာ အတော်ကိုင်တွယ်ရခက်ခဲနိုင်၏။
လင်းရွှမ် သည် မက်မွန်သီးရောင်ဇာ့ခ်ကို သိမ်းသွင်းခဲ့ခြင်း၏ အကျိုးကို မြင်ပြီးနောက်၊ ဤအဓိကအင်အားစုများစွာသည်လည်း မက်မွန်သီးရောင်ဇာ့ခ် တစ်ကောင်၊နှစ်ကောင်ကို သူတို့အပိုင်အဖြစ်လိုချင်ကြသည်။သို့သော်၊ယခုမက်မွန်သီးရောင်ဇာ့ခ်များသည် 168 လောက် တုံးအ,ပြီး ချစ်စရာမကောင်းကြပေ။သူတို့သည် လူ့အသွေးအသားကိုပင် စားဖူးကြသဖြင့် သူတို့ အနိုင်ယူဖို့ လွယ်နိုင်မည် မထင်ပေ။
ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ပွင့်မဟာမိတ်ရှိ ဇာ့ခ်မွေးမြူရေး အခြေစိုက်စခန်းကို ပထမဆုံး ကျူးကျော်ဝင်ရောက်ခဲ့၍ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်ကို လှုံ့ဆော်ပေးသည့်အပြင်၊ အခြားကိစ္စတစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းမှာ မက်မွန်သီးရောင်ဇာ့ခ်များကို မွေးမြူထားသည့် နည်းပညာရှင်အားလုံးကို ပြန်ပေးဆွဲခဲ့ခြင်းပင်။သူတို့အထဲတွင် အန္တရာယ်အရှိဆုံးအလုပ်များကို လုပ်ခဲ့သော မွေးမြူသူများသည် ထက်မြက်လွန်းသော အရည်အချင်းရှိသည့် လူသားများဖြစ်သည်။ သူတို့ကိုယ်တိုင်က တာဇာတို့အတွက် ကလေးမွေးပေးရသည့် ကိရိယာများ မဖြစ်ချင်ခဲ့၍ အာခံကြသောကြောင့် သူတို့၏လက်များနှင့် ခြေကျင်းဝတ်များတွင် သံကြိုးဖြင့်ချည်နှောင်ခံရကာ တာဇာမျိုးနွယ်စု၏ ကျွန်များဖြစ်ခဲ့ကြပြီးနောက် မက်မွန်သီးရောင်ဇာ့ခ် မွေးမြူသူများ ဖြစ်လာခဲ့သည်။
မက်မွန်သီးရောင်ဇာ့ခ်များ မွေးမြူရန် လိုအပ်သည့်အရာမှာ စွမ်းအင်အားလုံးဖြစ်သည်။ အကောင်းဆုံးမှာ လူသားမျိုးနွယ်၏ အသွေးအသားဖြစ်သည်။ သို့သော် လူသားတို့၏ အသွေးအသားကို ယူရန်မှာ မလွယ်ကူပေ။ ထိုလူသားများထဲမှ အရည်အချင်းနည်းနည်းရှိသူများကို "ကလေးမွေးစက်" များအဖြစ် ထားကြသည်။ထို့ကြောင့်၊ မက်မွန်သီးရောင်ဇာ့ခ်တို့အား သားလောင်း ကာလတွင်၊ လူ့အသွေးအသားဖြင့် မွေးမြူမည်မဟုတ်ပေ။ ယင်းအစား၊ တာဇာတို့ တိုက်ရိုက်မစားသုံးနိုင်သော အဖျက်စွမ်းအင်ရှိ အမျိုးမျိုးသော ဂြိုလ်သားရဲများ၏ အသွေးအသားကို
ကျွေးမွေးခဲ့သည်။ကြောက်မက်ဖွယ်ကောင်းသော မက်မွန်သီးရောင်ဇာ့ခ်များအား အချိန်ကြာမြင့်စွာ ထိုအသားများ ကျွေးမွေးပြီးသည့်နောက် အရင်လို ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပေ။ ဇာ့ခ်မွေးမြူသူများသည် ညသိမ်းငှက်တပ်ဖွဲ့က သူတို့အား ကယ်တင်ခဲ့သည်ကို ကျေးဇူးတင်သော်လည်း နောင်တစ်ချိန်မှာ မည်သည့်နေရာသို့ သွားရမည်ဆိုသည်ကို မသိပေ။ သူတို့မွေးရပ်မြေကို ပြန်နိုင်လျှင်တောင် သူတို့မိသားစုမှာ သူတို့အား လက်မခံပေးမှာကို စိုးရိမ်နေကြ၏။
လင်းယောင်ယောင် သည် အရွယ်မရောက်သေးသော အကောင်များနှင့်၊ အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ်များ၏ အလေ့အထကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် ဤပညာရှင်များအား တွေ့ဆုံမေးမြန်းဖို့ လူတစ်ယောက်လွှတ်ရန် ချန်ပင်း အားပြောလိုက်သည်။ထိုအခါ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်သည် လူ့အသားနှင့်သွေးကို မစားခဲ့ကြောင်း သူမ လျင်မြန်စွာ သိရှိလာရသည်။ ထို့ကြောင့် ၎င်း(ဇာ့ခ်)တို့ကို ဖြည်းဖြည်းချင်း ပုံသွင်းပြီး တခြားအစားအစာမျာအား ကြိုက်နှစ်သက်လာအောင် ဖြားယောင်း ပေးသင့်သည်။
သို့သော်လည်း နယ်စပ်မှ ပြန်လာသော အခြား မက်မွန်သီးရောင်ဇာ့ခ် သုံးကောင်မှာ အရွယ်ရောက်နေပြီဖြစ်သည်။ ဤမျှကြီးမားသော အရွယ်အစားအထိ မကြီးထွားမီ လူသားမျိုးနွယ်များ မည်မျှစားခဲ့သည်ကို ဘယ်သူမှမသိနိုင်ပေ။
တာဇာသွေးအပြင် မက်မွန်သီးရောင်ဇာ့ခ် များကို ထိန်းချုပ်ရန် တစ်ခုတည်းသော အရာမှာ ဇာ့ခ်ပုံဆောင်ခဲ ဖြစ်သည်။အကယ်၍ လူ့သွေးကို ဇာ့ခ်ပုံဆောင်ခဲထဲမှာ ထည့်လိုက်ပါက၊အလိုအလျောက် ထိုဇာ့ခ်များသည် လူသားကို စားလာကြမည်ဖြစ်သည်။
တာဇာတို့က ၎င်းတို့ကို မလိုအပ်တော့သည့်အခါ ပုံဆောင်ခဲထဲမှ မျိုးပွားမှုကို အားပေးသည့် ပါဝင်ပစ္စည်းတွေကို တိုးမြှင့်ပေးနိုင်သည်။ ဤသို့ဖြင့်၊ မက်မွန်သီးရောင်ဇာ့ခ်များသည် စွမ်းအင်မကုန်မချင်း ဇာ့ခ်မျိုးဥများကို မြန်မြန်ဆန်ဆန် ပေါက်ဖွားပေးနိုင်ကြ၏။
လင်းယောင်ယောင် သည် မက်မွန်သီးရောင်ဇာ့ခ်များကို ခွဲထုတ်ရန် အမြန်ဆုံးဖြတ်လိုက်သည်။အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ် ၃ ကောင်ကို မဖမ်းဆီးဘဲ မျိုးပွားမှုကို မြှင့်တင်ရန်အတွက် ၎င်းတို့အား ဇာ့ခ်ပုံဆောင်ခဲ များကိုသာ ကျွေးပြီး မသေမချင်း အကန့်အသတ်မရှိ ဇာ့ခ်များပေါက်ဖွားပေးနိုင်ရန် ဖြစ်သည်။
အရွယ်မရောက်သေးသည့် မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်ထဲမှ အခြား၃ ကောင်ကို တပ်ဖွဲ့သုံးဖွဲ့အား တာဝန်ပေးအပ်နိုင်သော်လည်း ၂ ကောင်ကို 168အတွက် ကစားဖော်လေးများနှင့် အပိုအစားအသောက်အဖြစ် ထားရှိမည်ဖြစ်သည်။ထိုသို့ထားရှိနိုင်ရန် ဇာ့ခ်ပုံဆောင်ခဲ၏ ပါဝင်ပစ္စည်းများကို ထိန်းချုပ်ခြင်း သို့မဟုတ် လူများကို စားသုံးသည့် အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ်၏ အလေ့အထကို ချိန်ညှိနိုင်ပြီး ဖြည်းဖြည်းချင်း သင်ကြားနိုင်သည်။
၎င်းတို့၏လက်ရှိအဆင့်များသည် SSS အဆင့်နှင့်နီးစပ်သောကြောင့် ထိန်းချုပ်ရန်ခက်ခဲသည်။ နောင်တစ်ချိန် SSS အဆင့်ကိုရောက်သည့်အခါ ၎င်းတို့ကိုသတ်ဖို့ အတော်ပင် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ဥပမာအားဖြင့်၊ ဤမက်မွန်သီးရောင်ဇာ့ခ်များ အဆင့်မြင့်လာသည့်အခါတိုင်း၊ ၎င်းတို့ မျိုးပွားနိုင်စွမ်းကို လျှော့ချရန် ဇာ့ခ်ပုံဆောင်ခဲများထဲတွင် မျိုးပွားမှုမြှင့်တင်သည့် ပါဝင်ပစ္စည်းများကို သင့်လျော်စွာ တိုးမြှင့်နိုင်သည်။
တစ်နေ့တွင်၊ ဤမက်မွန်သီးရောင်ဇာ့ခ်များသည် 168၏ ဖိနှိပ်မှုနှင့် စည်းကမ်းများ သေချာကြပ်မတ်မှုတို့ကြောင့် လူသားစားဖြစ်တော့မည်မဟုတ်ကြောင်း သေချာသည်ဆိုပါစို့။ ထိုအခြေအနေမျိုးတွင်၊ ၎င်းတို့နှစ်သက်ရာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုနိုင်သည်။
လင်းယောင်ယောင် တွင် အစီအစဉ်ကောင်းတစ်ခုရှိသော်လည်း အကောင်အထည်ဖော်ရန် ခက်ခဲလှသည်။ ပထမဦးစွာ ဇာ့ခ်ပုံဆောင်ခဲများ ထုတ်လုပ်ရန်အတွက် မရေမတွက်နိုင်သော ရှားပါးပစ္စည်းများ လိုအပ်သည်။ ထိုပစ္စည်းအများအပြားသည် တာဇာကြယ်ကွင်းပြင်တွင် ရှားပါးပြီး သူမတို့လက်ထဲမှာလည်း အနည်းငယ်သာရှိသည်။များများစုချင်လျှင် တခြားအဖွဲ့များအား ကူညီခိုင်းမှရပေမည်။
168 မရှိခြင်းကြောင့် တာဇာကြယ်ပွင့်မဟာမိတ်ရှိ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်သည် တောရိုင်းမြင်းများကဲ့သို့ ရိုင်းရိုင်းစိုင်းနေကြပြီး အမိန့်ကိုမျှမနာခံကြချေ။ သူတို့သည် တာဇာများနှင့် လူသားများကို မခွဲခြားဘဲ တိုက်ခိုက်ကြသည်။၎င်းတို့သည် အာကာသကို မဖြတ်သန်းနိုင်ကြသေးသည့်အတွက် ဘယ်သူမှမရှိတော့သော စစ်တပ်ကြယ်တွေပေါ်မှာသာ ဟိုဒီကူးနေကြသေး၏။ ဇာ့ခ်ကြီးများသည် ဇာ့ခ်ငယ်ကိုစားကြပြီး ဇာ့ခ်ငယ်လေးများသည် အညစ်အကြေးများကို စားကြသည်။
အကောင်အကြီးသုံးကောင်က ကိုင်တွယ်ရ ပိုခက်သည်။ ၎င်းတို့သည် တာဇာတို့၏ ပင်မဂြိုလ်ပေါ်တွင် ဥပဒေမဲ့စွာ ရိုင်းစိုင်းလျက်ရှိကာ သူတို့သည် တစ်နေ့တာလုံး ဇာ့ခ်စစ်တပ်တစ်ခုစာမျှရှိသည့် ဇာ့ခ်များကို မွေးထုတ်နေကြသည်။ထို့ကြောင့်၊ ပင်မဂြိုလ်တွင် မူလနေထိုင်သူများသည် ၎င်းတို့၏ စားနပ်ရိက္ခာမဖြစ်လာစေရန် ထွက်ခွာသွားရမည်ဖြစ်သည်။
xxxxx