Chapter 164
ထို့အပြင် ထိုအင်အားစုသုံးမျိုးသည်လည်း မက်မွန်သီးရောင်ဇာ့ခ်များကို စောင့်ကြည့်နေသည်။ ကံကောင်းထောက်မစွာ၊ ဝေ့လင်း သည် ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့များ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဘရမ် မိသားစုမှာလည်း လီလစ် နှင့် လင်းယောင်ယောင် တို့၏ ဆက်ဆံရေးကြောင့် ခင်မင်ရင်းစွဲရှိ၏။ ပိုင်ရွှင်းသည် လင်းရွှမ် ၏ လက်ချက်ကြောင့် ခံထားရသလို၊ anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၏ ကျန်တပ်ဖွဲ့များသည် ပြန့်ကျဲကာ အင်အားပြိုကွဲနေပြီ ဖြစ်သောကြောင့် ညသိမ်းငှက်တပ်ဖွဲ့သည် ယခုအချိန်တွင် ဘေးကင်းနေရသည်။
သို့သော် ရေရှည်တွင်၊ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၏ ကျန်ရှိသော တပ်ဖွဲ့များသည် အင်အားစုဆောင်းပြီး တစ်ကျော့ပြန်ဖြစ်လာနိုင်သည်။
ထိုအချိန်တွင် တပ်ဖွဲ့သုံးခုဖြစ်သော ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့၊ Anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရတပ်ဖွဲ့များနှင့် လူမျိုးရေးတန်းတူညီမျှရေးအဖွဲ့တို့၏ ခေါင်းဆောင်များသည် ညသိမ်းငှက်တပ်ဖွဲ့ ထံသို့ ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။ ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ကွင်းပြင်ကို မည်ကဲ့သို့ စီစဉ်မည်ဆိုသည်ကို ညှိနှိုင်းရန် ကိုယ်စားလှယ်တစ်ဦးစေလွှတ်ဖို့ ပြောကြားထားသည်။အချိန်ကို နောက်သုံးရက်ကြာမှ ဆွေးနွေးဖို့သတ်မှတ်လိုက်သည်။
လင်းယောင်ယောင် စိုးရိမ်နေမိသည်။ယခုတော့ လင်းရွှမ် နှင့် 168 တို့သည် ညသိမ်းငှက်တပ်ဖွဲ့ အတွက် အဓိက အားကိုးအားထားပြုစရာဖြစ်သော်လည်း သူတို့နှစ်ဦးလုံး ဤနေရာတွင် မရှိကြပေ။
သုံးရက်ကြာပြီးနောက် နံနက်စောစောတွင် စေ့စပ်ညှိနှိုင်းရေးနေရာသို့ သွားသောအခါတွင်လည်း လင်းရွှမ်နှင့် 168တို့ကို ခြေရာပင်မတွေ့ရှိရသေးပေ။
ဝေ့လင်း သည် စိတ်ဖိစီးနေသော သမီးကိုကြည့်ကာ သက်ပြင်းချလိုက်ရင်း
"ဒီညှိနှိုင်းပွဲကို အဖေ ချန်ပင်းနဲ့ သွားလိုက်မယ်"
လင်းယောင်ယောင် က ပြန်ပြောသည်။
"သမီး အဖေနဲ့အတူ လိုက်ချင်တယ်"
လွန်ခဲ့သည့်သုံးရက်အတွင်း၊ သူမသည် 168 ၏ အသားဖြင့် ပြုလုပ်ထားသော ဆေးဟင်းချိုကို သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အမြင့်ဆုံးကန့်သတ်ချက်အထိ မြှင့်တင်ရန် သောက်သုံးခဲ့သည်။ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ကုသရန်အတွက် လည်း ဝေစုတစ်ခု ချန်ထားခဲ့၏။ အမဲသားမက်မွန်ပိုးကောင်ငါးကောင်မှ တစ်ကောင်၊နှစ်ကောင်ကို ရထားသရွေ့ မလုံလောက်ပါက၊ နောက်ဆိုလျှင် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်စရာမလိုအပ်ချေ။
သူမ၏ စိတ်စွမ်းအားသည် SSS အဆင့်နှင့် နီးစပ်လာသည်။ စိတ်အားထက်သန်စွာဖြင့် ဆေးဟင်းချိုများ သောက်သုံးသည့်အတွက် သူမသည် ဤစေ့စပ်ညှိနှိုင်းရေးနေ့တွင် SSS အဆင့်သို့ ရောက်ရှိခဲ့ပြီး သူမ၏ ကိုယ်လုံးကိုယ်ထည်မှာလည်း S-အဆင့်အထိ တိုးတက်လာခဲ့သည်။
သေသွားသူ မက်ရှဲ မှလွဲ၍ တာဇာကြယ်ပွင့်မဟာမိတ် တွင် SSS အဆင့်ရှိသူ မရှိပေ။
သူမက ဆက်ပြောလိုက်သည်။
"အဖေ... အစ်ကိုရွှမ်က ဒီမှာမရှိရင်တောင် သမီးက သူတို့အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာကို သက်သေပြမယ်...သူ့အတွက် ညသိမ်းငှက်တပ်ဖွဲ့ကို ငါကာကွယ်ပေးမယ်… အစ်ကိုရွှမ်နဲ့ 168 တို့ရဲ့အသက်တွေနဲ့ လဲလှယ်ထားတဲ့ ပစ္စည်းတွေကို သူတို့ကို ဘယ်တော့မှ လုယက်ခွင့်မပေးဘူး"
သူမ၏ရုပ်ရည်နှင့် မျက်နှာသည် အလွန်ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးလို ဖြစ်နေသော်လည်း သူမ၏ အသွင်အပြင်သည် အဆင့်မြင့် ဒုဗိုလ်ချုပ်ကြီးနှင့် ကြယ်ပင်လယ်ဓားပြတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဝေ့လင်းထက် ပျော့ညံ့ခြင်းမရှိပေ။
ဝေ့လင်း က သူမ ပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်၏။
"အဲ့ဒီကလေး အရမ်းကံကောင်းတာပဲ"
သူမ မျက်လုံးများက အနည်းငယ် ဝမ်းနည်းသွားသည်။
"သူ့ကြောင့် ဒီနေ့လိုမျိုး သမီးဆိုတာ ဖြစ်လာတာပါ …တစ်ကယ်ကံကောင်းတဲ့သူက သမီးပဲ"
စေ့စပ်ညှိနှိုင်းရေးနေရာသည် ဟယ်လင်မြို့ဖြစ်သည်။
ညသိမ်းငှက်တပ်ဖွဲ့၏ အာကာသယာဉ်သည် ဟယ်လင်အပြင်ဘက်တွင် စောင့်ဆိုင်းနေမည်ဖြစ်သည်။ အကယ်၍ လင်းယောင်ယောင် နှင့် အခြားသူများသည် သဘောတူညီထားသည့်အချိန်ကျသော်လည်း ပြန်မလာဘဲ လုံခြုံရေးအချက်ပြမှုများကိုပါ ပြန်မပို့လျှင် ညသိမ်းငှက်တပ်ဖွဲ့သည် ဟယ်လင်ကို စတင်တိုက်ခိုက်မည်ဖြစ်သည်။
ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့လည်း အတူတူ ရှိနေကြမည်ဖြစ်ကာ သူတို့ အာကာသယာဉ်သည် ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်ထက် ဆယ်ဆပိုကြီးသည်။သို့သော်၊ ယခုမူ ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့ သည် ဤလက်နက်ကိရိယာနည်းပါးပြီး ခေတ်နောက်ကျသော အာကာသယာဉ်ရှိသည့် အဖွဲ့ကို ဘယ်သောအခါမှ လျှော့တွက်ဝံ့မည်မဟုတ်ပေ။ ထို့အပြင် နှစ်ဖက်စလုံးသည် လူသားမျိုးနွယ်ဖြစ်ပြီး ဝေ့လင်းက အလယ်တွင်ရှိသဖြင့် တိတ်တဆိတ် မဟာမိတ်ဖွဲ့ပြီးသားပင်။
ဤအရာသည် ဟယ်လင်ရှိ ဘီလူးကြီးနှစ်ကောင်ဘက်က အတင်အချ စကားများကို အတူတူနှစ်ဖွဲ့ပေါင်း၍ ဖြေရှင်းခါမှသာ အသုံးဝင်မည်ဖြစ်သည်။အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ချိန်ရောက်သောအခါ၊ ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့သည် သနားညှာတာမှုကို ဘယ်တော့မှ ပြသမည်မဟုတ်ပေ။
ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့သည် မက်မွန်သီးရောင်ဇာ့ခ် တစ်ကောင်ကို အနိုင်ယူပြီး မွေးမြူထားနိုင်ပါက၊ လူသားကြယ်ပွင့်နယ်မြေသို့ ပြန်သွားနိုင်ရန် ညသိမ်းငှက်တပ်ဖွဲ့အား တောင်းဆိုရန်မလိုအပ်တော့ေပ။နောက်ဆုံးတွင်၊ ညသိမ်းငှက်တပ်ဖွဲ့၏ မူရင်း မက်မွန်သီးရောင်ဇာ့ခ်နှင့် ကပ္ပတိန် လင်းရွှမ် တို့သည် အသက်ရှင်သလား၊ သေသလား ဆိုသည်ကို မသိရသေးပေ။
လင်းယောင်ယောင် နှင့် ဝေ့လင်း တို့သည် ရှေ့တွင် ဘေးချင်းကပ် လျှောက်သွားခဲ့ကြပြီး ချန်ပင်း သည် လုလင်း၊ လီနန် တို့နှင့်အတူ နောက်မှ လိုက်သွားခဲ့သည်။သူတို့ စေ့စပ်ညှိနှိုင်းရေးခန်းမတွင် ပေါ်လာသောအခါတွင် အခြားတပ်ဖွဲ့သုံးဖွဲ့မှ တပ်သားများ ရောက်လာပြီးဖြစ်သည်။
anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၏ ဘော့စ်မှာ ပိုင်ရွှင်း၏ ဦးလေး ဟုန်ကျဲယု ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ ပိုင်ရွှင်း က ဒုတိယ ကွပ်ကဲသူလည်းဖြစ်ကာ ဆက်ခံသူလည်းဖြစ်၍ သူလည်း လိုက်ပါလာသည်။
ဟုန်ကျဲယုသည် သူ့တူဖြစ်သူမှာ လင်းမိသားစုလက်ထဲတွင် ဆုံးရှုံးနစ်နာခဲ့ရသည်ကို သိပြီး ဒေါသကို မမျိုသိပ်နိုင်ခဲ့ပေ။ သူက ချက်ချင်းပင် ဆိုလာ၏။
"တာဇာကြယ်ပွင့်မဟာမိတ် ရဲ့တရားဝင်စစ်တပ်ကို အနိုင်ယူခဲ့တဲ့ ညသိမ်းငှက်တပ်ဖွဲ့က အခုကျတော့ စေ့စပ်ညှိနှိုင်းဖို့ မိန်းကလေးတစ်ယောက်ကို လွှတ်ရတယ်လို့....မင်းတို့က ဒီအခြေအနေအထိ လူပြတ်နေတာလား…မင်းလို မိန်းကလေးက အကျိုးအမြတ်အတွက် တိုက်ပွဲဝင်တာထက် အားကိုးစရာမရှိတဲ့သူကို လွှတ်ချပြီး ယုံကြည်ရမဲ့လူတစ်ယောက်ကိုရှာ၊လက်ထပ်ပြီး ကလေးမွေးတာက ပိုကောင်းလိမ့်မယ်"
စကားလုံးများသည် ဆဲဆိုခြင်းများဖြင့် ပြည့်နှက်နေပြီး လင်းယောင်ယောင် ကို အထင်အမြင်သေးလျက်ရှိသည်။ သူသည်လင်းရွှမ် အား "အားကိုးစရာမရှိသူ" ဟုလည်း သရော်ထားသည်။
လင်းယောင်ယောင် ၏ လှပသော မက်မွန်သီး မျက်လုံးများသည် ဟုန်ကျဲယု ဆီသို့ အေးစက်စွာ စိုက်ကြည့်၍ SSS အဆင့် စိတ်စွမ်းအင် အကျပ်ကိုင်မှုကို ထုတ်လွှတ်လိုက်သည်။
ထိုအခါ ဟုန်ကျဲယု သည် သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် ရုတ်တရက် အဖျက်စွမ်းအင်များက ပြင်းထန်စွာ ဝင်ရောက်လာသောအခါ တုန်လှုပ်သွားခဲ့သည်။
လင်းယောင်ယောင် က ညင်ညင်သာသာ ပြုံးပြသော်လည်း သူမပြောသော စကားလုံးများသည် ရေခဲကဲ့သို့ အေးစက်နေပေသည်။
"မစ္စတာဟောင်…ရှင် ဆက်ပြီး ဒီလို စကားတွေကို ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့"
မူလက အင်အားသုံးစုသည် လင်းယောင်ယောင်အား လင်းရွှမ်နှင့် ဆက်စပ်နေသော အမျိုးသမီးအဖြစ်သာ မှတ်ယူခဲ့သည်။ သို့သော်လည်း ဤကိစ္စအပြီးတွင် သူတို့၏မျက်နှာ သို့မဟုတ် စိတ်ထဲရှိ အနည်းငယ်သော မထီမဲ့မြင်ပြုလိုမှုအားလုံးမှာ ပျောက်ရှသွားရတော့သည်။သူမ ပြသခဲ့သည့်အရာမှာ SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားတိုက်ခိုက်မှုတစ်ခုဖြစ်၍ ပရိသတ်ကို လွှမ်းမိုးထားလျက်ရှိပေ၏။
လင်းယောင်ယောင်၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကြောင့် လက်ရှိ ညီအစ်ကို သုံးယောက်အား ညသိမ်းငှက်တပ်ဖွဲ့ကို မထီမဲ့မြင် မပြုဝံ့တော့ပေ။
ညသိမ်းငှက်တပ်ဖွဲ့သည် အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်ထဲမှ 2ကောင်နှင့် သာမန်ဇာ့ခ်များ၏ သုံးပုံတစ်ပုံကို ယူဆောင်သွားမည်ဖြစ်သည်။ ကျန်သည့်အကောင်များကို အင်အားစု သုံးခုမှ ခွဲဝေယူရမည်ဖြစ်သည်။ ဇာ့ခ်ပုံဆောင်ခဲ အသစ်များကို ထပ်ပြုလုပ်ရန် အခြားသုံးဖွဲ့အား လုံလောက်သော ပစ္စည်းပြင်ဆင်ပေးရန်လည်း သူမက တောင်းဆိုခဲ့သည်။
ထို့အပြင်၊ အရှင်သခင် အင်ပါယာကိုယ်စားလှယ်အဖြစ် ညသိမ်းငှက်တပ်ဖွဲ့သည် နောက်ဆက်တွဲ ဇာ့ခ် မွေးမြူရေးအတွက် တာဇာကြယ်ကွင်းပြင်ရှိ ဂြိုလ်များ၏ ဆယ်ပုံတစ်ပုံကို ရရှိမည်ဖြစ်ကာ လိုအပ်သော ဧရိယာများကိုလည်း ရွေးချယ်မည်ဖြစ်သည်။
ဤလိုအပ်ချက်များသည် အခြားသုံးဖွဲ့အတွက် လက်ခံရန် အနည်းငယ်ခက်ခဲသည်။
လင်းရွှမ် နှင့် 168 တို့သည် ဤနေရာတွင် ရှိနေပါက ဤလိုအပ်ချက်များသည် အလွန်စေတနာထားပေးခြင်းဟု မှတ်ယူနိုင်သည်။ တစ်ကယ်တော့၊ တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို ဖြုတ်ချနိုင်ရသည့် အကြောင်းရင်းမှာ ညသိမ်းငှက်တပ်ဖွဲ့ ကြောင့်ပဲ ဖြစ်၏။ထို့ကြောင့်၊ဤကမ်းလှမ်းချက်များက သိပ်အလွန်အကျွံမဟုတ်ပေ။
ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့သည် ပင်မကြယ်ဧရိယာ၏ နောက်ကျောတွင်သာ ကူညီပေးခဲ့သည်။ သို့သော်လည်း ခေါင်းဆောင် ဝါ့ဒ်မိန်း သည် Narai ဖက်ဒရေးရှင်းမှ ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထုံးစံအတိုင်း၊ အရှင်သခင် အင်ပါယာတွင် လက်ထဲတွင် မက်မွန်သီးရောင်ဇာ့ခ် အများအပြားရှိနေသည့်အတွက် သူစိတ်မချမ်းသာပေ။ အနာဂတ်မှာ နှစ်နိုင်ငံ စစ်ဖြစ်လျှင် Narai ဖက်ဒရေးရှင်းဘက်က နစ်နာလာနိုင်လေသည်။
ထို့အပြင်၊ ပိုင်ရွှင်း နှင့် လင်းရွှမ် အကြား သဘောထားကွဲလွဲမှုလည်း ဖြစ်ထားသည့် anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရသည် အမြတ်အစွန်းများစွာကို ပြင်ပလူ အရှင်သခင်အင်ပါယာထံ မပေးလိုကြပေ။
ဘရမ် နှင့်သူတို့နောက်ကွယ်ရှိ အဖွဲ့အစည်းသည် လက်နက်နှင့် လူအင်အားနည်းပါးသည်။သူတို့သည် အဆင့်မြင့်နည်းပညာနှင့် ငွေကြေးအရင်းအမြစ်များတွင်သာ ကောင်းမွန်သော်လည်း စစ်ရေးအရမှာ ကိရိယာ နည်းပါးလှသည်။ထို့ကြောင့် သူတို့မှာ ပြောပိုင်ခွင့် မရှိဘဲ ကိုယ့်အလုပ်ကို တာဝန်ကျေပြွန်အောင်လုပ်၍ ကာကွယ်ရမည်ဖြစ်တော့သည်။
ဂျက်စတင်သည် အဘိုးဖြစ်သူ ဘရမ်မိသားစု၏ အကြီးအကဲဘေးတွင် ထိုင်နေရင်း လင်းယောင်ယောင်ကို အားကိုးရာမဲ့ မျက်လုံးများသာ စိုက်ကြည့်နိုင်ခဲ့သည်။
ဟုန်ကျဲယု က "မစ္စလင်း၊ ငါက ညသိမ်းငှက်တပ်ဖွဲ့ကို နှိမ့်ချတာ မဟုတ်ဘူး…ငါ အမှန်အတိုင်းပြောတာ..မင်းအတွက် အရင်းအမြစ်တွေ အများကြီး ခွဲဝေပေးဖို့ ဆန္ဒရှိရင်တောင် မင်း မယူနိုင်ဘူး....တာဇာကြယ်ပွင့်မဟာမိတ် အစိုးရအားလုံး မသေသေးဘူး.… သူတို့ရဲ့ သေဆုံးမှုနှုန်းက တစ်ကယ်တော့ သိပ်မမြင့်ပါဘူး"
လင်းယောင်ယောင် ၏ ခွန်အားကို ယခုပင် ပြသပြီးနောက်၊ ဟုန်ကျဲယု ၏ စိတ်နေသဘောထားနှင့် လေသံသည် ပို၍ ယဉ်ကျေးလာခဲ့သည်။ သို့သော်လည်း ညသိမ်းငှက်တပ်ဖွဲ့ကို မထီမဲ့မြင်ပြုသည့် အရိပ်အမြွက် ရှိနေဆဲဖြစ်သည်။
SSS အဆင့်သည် အံ့သြဖွယ်ဖြစ်ေသာ်လည်း ပြင်ပအကူအညီဖြင့် လူတိုင်းကို SSS အဆင့်သို့ ခေတ္တအဆင့်မြှင့်နိုင်သည်။ ပိုမိုကြွယ်ဝသော တိုက်ပွဲအသိနှင့် အတွေ့အကြုံများရှိသည့် ဘယ်သူမဆို ပြင်ပအကူအညီကို သုံးလိုက်ပါက လင်းယောင်ယောင် ထက် အားနည်းမည်မဟုတ်ပေ။
လင်းရွှမ် နှင့် 168 တို့သည် ဤနေရာတွင် မရှိတော့ဘဲ ညသိမ်းငှက်တပ်ဖွဲ့ တွင်လည်း လူ ၁၀,၀၀၀ ကျော်သာကျန်တော့သည်။
အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ်ကို သတ်၍၊ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ်နှစ်ကောင်ကို ယဉ်ပါးစေကာ ကျန်နေသည့်တာဇာများကို သူတို့ ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မည်နည်း...
ဝါ့ဒ်မိန်း သည် ညသိမ်းငှက်တပ်ဖွဲ့နှင့် ပူးပေါင်းသည်က နောက်ကျနေမှန်း သိ၏။ ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့ သည် ယခုတစ်ကြိမ် စစ်ပွဲတွင် များစွာပါဝင်ခြင်းမရှိပေ။သို့သော် အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် တစ်ကောင်၊နှစ်ကောင်ကိုတော့ အရယူနိုင်လျှင် ကောင်းပေလိမ့်မည်။ ထို့ကြောင့် သူက လောဘတက်စွာ ပြောမိခြင်းပင်။
"အခုအချိန် ညသိမ်းငှက်တပ်ဖွဲ့ အတွက် အရေးကြီးဆုံးက လူသားကြယ်ပွင့်နယ်မြေကိုဘေးကင်းကင်း ပြန်သွားဖို့ပါ....ဒါကြောင့် အရွယ်မရောက်သေးတဲ့ မက်မွန်သီးရောင်ဇာ့ခ်လေးကိုပဲ ယူသွားလေ.... တာဇာကြယ်ပွင့်နယ်မြေရဲ့ အကျိုးအမြတ်တွေက သိပ်အရေးကြီးစရာမလိုပါဘူး"
လင်းယောင်ယောင် က နောက်မဆုတ်ဘဲ အေးစက်သောလေသံဖြင့်
"ရှင် ဒီကိစ္စကို စိတ်ပူနေစရာမလိုပါဘူး....ရှင်သဘောမတူရင်လည်း ကိစ္စမရှိပါဘူး၊ အဲဒီအချိန်ကျရင် ကိုယ့်အစွမ်းအစကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်"
အဖွဲ့ကြီးလေးခုကြား စေ့စပ်ညှိနှိုင်းရေးသည် အရေးကြီးသောကာလတစ်ခုသို့ ရောက်သောအခါတွင် တာဇာ၏ အဓိကဂြိုလ်ကြီးထံမှ ကြောက်မက်ဖွယ်သတင်းကို ရုတ်တရက် ရရှိခဲ့သည်။ တာဇာပင်မဂြိုလ်အပြင်ဘက်လေပိုင်နက်သည် ပိုးပေါက်စုပ်ဝဲတစ်ခုကိုရုတ်တရက် လက်ခံရရှိခဲ့သည် ဆိုသော ကိစ္စပင်ဖြစ်သည်။ ထိုပိုးပေါက်စုပ်ဝဲမှတစ်ဆင့် အရှင်သခင် အင်ပါယာ၏ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ နှင့် ဆူးတပ်ဖွဲ့တို့ရောက်ရှိလာခဲ့ပြီး တာဇာပင်မဂြိုလ်ဧရိယာတစ်ခုလုံးကို တပ်ဖွဲ့ဝင်တစ်သန်းက ဝန်းရံထားသည်။
အဖွဲ့ကို ဦးဆောင်သူသည် အရွယ်မရောက်သေးသူနှင့် တူသော်လည်း အာကာသထဲတွင် ခုန်ပျံနိုင်စွမ်းရှိသော မက်မွန်သီးရောင်ဇာ့ခ်ဖြစ်ပြီး သူမက ညသိမ်းငှက်တပ်ဖွဲ့-II အမှတ်အသားပြုထားသော အဓိကအာကာသယာဉ်ကို စောင့်ကြပ်ထားသည်။ မက်မွန်သီးရောင်ဇာ့ခ်သည် လွန်ခဲ့သည့်သုံးရက်က ပျောက်ကွယ်သွားသော 168 ဖြစ်ရမည်။ ညသိမ်းငှက်တပ်ဖွဲ့-II ကို ဦးဆောင်သူမှာ လင်းရွှမ် ဖြစ်ရေပမည်။
မထင်မှတ်ပဲ၊ လင်းရွှမ် နှင့် 168 တို့သည် ဒဏ်ရာကင်းမဲ့စွာနှင့် နောက်သုံးရက်အကြာမှာ ပြန်ရောက်လာခဲ့၏။ သူတို့သည် တာဇာကြယ်ပွင့်နယ်မြေ တစ်ခုလုံးကို ချေမှုန်းနိုင်သည့် သန်းပေါင်းများစွာသော အရှင်သခင် အင်ပါယာစစ်တပ်နှင့် အတူပြန်လာခြင်း ဖြစ်ပေသည်။ တာဇာကြယ်ပွင့်နယ်မြေရှိ ဇာ့ခ်များသည် 168 ၏အမိန့်ကို လုံးဝနာခံမည်ဖြစ်သည်။ 168 ကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ တာဇာပင်မဂြိုလ်ရှိ အခြားအရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ်သုံးကောင်ဖြစ်သည်။
စောစောက ယုံကြည်မှုလွန်ကဲနေသော ဟုန်ကျဲယု၏ မျက်နှာသည် ရုတ်တရက် အလွန်ရုပ်ဆိုးလာသည်။ထို့အပြင်၊ ဟုန်ကျဲယု ဘက်က လိုက်ပြောပေးခဲ့သည့် ဝါ့ဒ်မိန်း ကလည်း မျက်နှာပျက်နေသည်။ သူက ချက်ချင်းပဲ
"မစ္စလင်း...စောစောက ဘာမှ မပြောခဲ့ဘူးလို့ ယူဆလိုက်ပါ"
Narai ဖက်ဒရေးရှင်းသည် နောင်နှစ်ပေါင်းရာဂဏန်းအထိ ဟွမ်ယူအင်ပါယာနှင့် မယှဉ်သာဟု မှန်းဆထားပုံရသည်။ ထို့ကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် ဘာမှဝင်စွက်ဖက်ခြင်းမရှိပေ။
ညသိမ်းငှက်တပ်ဖွဲ့ကို စိတ်ရင်းမှန်ဖြင့် ထောက်ခံသည့် တစ်ခုတည်းသော ဘရမ် မိသားစုသည် သူတို့၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအကြည့်ဖြင့် "ဗိုလ်ချုပ်လင်း မသေလို့တော်သေးတာပေါ့"
လင်းယောင်ယောင် သည် ထိုသတင်းကိုကြားသောအခါ ဝမ်းသာလွန်း၍ ငိုချင်လာရသည်။ သူတစ်ကယ်ပြန်လာခဲ့ပြီး သူမတို့အတွက် လုံလောက်သော အထောက်အပံ့ကိုပင် ယူဆောင်လာခဲ့သည်။ ယခုဆို သူမတို့ကို ဘယ်သူမှ မနှိမ့်ချရဲတော့ေပ။
တစ်ချိန်တည်းမှာပင် ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်အနီး ဟယ်လင်၏ အပြင်ဘက်လေပိုင်နက်တွင် ပိုးပေါက်စုပ်ဝဲ ပေါ်လာသည်။ ထွက်လာသည့်အရာမှာ အလွန်သေးငယ်သော မက်မွန်သီးရောင်ဇာ့ခ်နှင့် တာဇာပင်မဂြိုလ်ပေါ်တွင် စခန်းချထားသည့် အာကာသယာဉ် "ညလူသား" ဖြစ်သည်။
လင်းရွှမ် က 168 ကို တိုးတိုးလေးပြောလိုက်သည်။
"မင်း ပင်မအာကာသယာဉ်ပေါ်မှာပဲနေ"
168က မျက်လုံးကြီး ကိုးလုံးကို ပြူး၍သနားစဖွယ်ဖြင့် ပြောလေသည်။
"ဘာလို့ ငါက မလိုက်နိုင်ရတာလဲ...ငါ အခု နှစ်မီတာပဲရှိတဲ့ဟာ အိတ်ကပ်ထဲမှာ ထည့်သွားလို့ရတယ်လေ...လင်းယောင်ယောင် နဲ့ 012 ကို တွေ့ချင်သေးတယ်"
"ဒါပေမယ့် မင်းရဲ့ဝိတ်က ပေါ့မသွားဘူးလေ... မင်းကို ညှိနှိုင်းတဲ့နေရာကို ငါခေါ်သွားလိုက်ရင် အဆောက်အအုံကြီး ပြိုကျသွားလိမ့်မယ်"
ယခု လင်းရွှမ် သည် 168 ၏အကူအညီမပါဘဲပင် တာတိုအာကာသခုန်ခြင်း များကိုပြုလုပ်နိုင်ပြီဖြစ်သည်။ ထိုမျှတင်မကဘဲ သူ၏ ကြောက်စရာကောင်းသည့် စိတ်စွမ်းအားကလည်း 4S အဆင့်ကို ရောက်နေပြီဖြစ်သည်။168 ဒဏ်ရာရနေသဖြင့် သူ တမင်သက်သက် မခေါ်သွားခြင်းဖြစ်သည်။
ထို့နောက် သူသည် ပင်မအာကာသယာဉ်၏ ကွပ်ကဲရေးအခန်းရှိ သူ၏လူယုံနှင့် ဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်ကို အတိုချုံးရှင်းပြခဲ့သည်။
နောက်မကြာမီတွင်၊ ညလူသား ပတ်၀န်းကျင်ရှိ အာကာသသည် အနည်းငယ်ကွဲလွဲကာ ပြောင်းလဲသွားပြီး ညလူသားသည် ပျောက်ကွယ်သွားချိန်အထိ လျင်မြန်စွာ မှုန်ဝါးလာသည်။
လင်းရွှမ် ရုတ်တရက်ပြန်လာေသာကြောင့် မူလသဘောတူထားသည့် စေ့စပ်ညှိနှိုင်းမှုမှာ ဆက်လက်မလုပ်ဆောင်နိုင်တော့ေပ။ anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရသည် အလွန်စိတ်မကောင်းဖြစ်ကာ လင်းယောင်ယောင် ကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။ လင်းယောင်ယောင် မှာသာ SSS အဆင့်မရှိနေပါက၊ မာနကြီးသည့် မိန်းကလေးကို ပြန်ပေးဆွဲပြီး လင်းရွှမ် နှင့် စေ့စပ်ဆွေးနွေးဖို့ အသုံးချချင်ကြသည်။
တောင်းပန်ခဲ့ရသူ ဝါ့ဒ်မိန်း မှာ အတော် မကျေမနပ်ဖြစ်နေလေသည်။အင်အားမလုံလောက်ဘဲ ညသိမ်းငှက်တပ်ဖွဲ့ ကို မှီခိုအားထားရသော ဘရမ် မိသားစု၏ မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာတို့ ရှိနေကြသည်။ သူတို့သည် ညသိမ်းငှက်တပ်ဖွဲ့ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သေချသွားလေပြီ။
လင်းယောင်ယောင် သည် သူတို့ကိုဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
"အားလုံးပဲ ကျွန်မတို့ ညသိမ်းငှက်တပ်ဖွဲ့ မှာ အလုပ်တွေများနေပြီဆိုတော့၊ နောက်နေ့ မှပဲ ညှိနှိုင်းကြမယ်....ကျွန်မ အရင်ပြန်ရမယ်"
ဝေ့လင်း သည် သူ၏ပျော့ညံ့ပုံရသော သမီးလေးသည် အဘိုးကြီးများရှေ့တွင် ဤမျှလောက် ငြိမ်သက်နေရသည်ကို အံ့အားသင့်ခဲ့ရသည်။ သို့သော် လင်းရွှမ် ဘေးကင်းစွာ ပြန်ရောက်လာသောအခါ၊ ဆူးတပ်ဖွဲ့ အပါအဝင် ခိုင်မာသော အထောက်အပံ့ကို ယူဆောင်လာခဲ့၍ သူလည်း ဝမ်းသာပီတိဖြစ်ရသည်။
သို့သော်၊ ဝေ့လင်း နှင့် ချန်ပင်း က လင်းယောင်ယောင် ကို ခေါ်ထုတ်ပြီး ထွက်သွားဖို့ ကြံစည်ချိန်မှာ စေ့စပ်ညှိနှိုင်းရေးခန်းမတံခါးက ရုတ်တရက် ပိတ်သွားသည်။ စေ့စပ်ညှိနှိုင်းရေးခန်းမသည် ဟုန်ကျဲယု နှင့် ဘရမ် မိသားစုတို့ အတူတကွ ရွေးချယ်ထားသော နေရာဖြစ်သည်။
xxxxx