အခန်း၁၆၅
Viewers 12k

Chapter 165



ဂျက်စတင် သည် ချက်ချင်းပင် သူ့အဘိုးကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ဘရမ်၏ အဘိုးဖြစ်သူသည် မည်သည့် ညွှန်ကြားချက်မှ မပေးဘဲ ဟုန်ကျဲယု အား တည်ငြိမ်သော မျက်နှာထားဖြင့် "ဘော့စ်ဟုန် မင်းက ဘာကိုဆိုလိုတာလဲ...မင်း ငါတို့ကို တိုက်ချင်တာလား"


ဝါ့ဒ်မိန်း ၏ မျက်လုံးများက မှုန်ကုပ်နေသော်လည်း စကားတစ်ခွန်းမှ ဝင်မပြောပေ။


ဝေ့လင်း သည် သူ့လက်ထဲရှိ လေဆာဓားကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။


"ဘော့စ်ဟုန် ဘာကို ဆိုလိုတာလဲ"


ဟုန်ကျဲယု : "မစ္စလင်းနဲ့ မစ္စတာလင်းတို့ဟာ လက်မထပ်ရသေးတဲ့ စုံတွဲတွေဖြစ်ပြီး နှစ်ယောက်စလုံးဟာ SSS အဆင့် စွမ်းအားရှင်တွေဖြစ်တာကြောင့် မစ္စ ဟာ ညသိမ်းငှက်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့  စွမ်းဆောင်နိုင်စွမ်းရှိပါတယ်... ဒီနေ့ ညှိနှိုင်းမှုတွေက မပြီးသေးပါဘဲနဲ့ တစ်ဝက်တစ်ပျက်ကြီး မထွက်သွားသင့်ဘူးမလား… အဲဒါကို အရင်ရှင်းလိုက်ရအောင်…မစ္စလင်း က အခုလေးတင် တောင်းဆိုထားတဲ့ ကိစ္စကို ငါတို့ရဲ့ တာဇာအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းက  ပထမဆုံးမဲပေးမှာ ဖြစ်ပါတယ်... ဝါ့ဒ်မိန်း နဲ့ ဘရမ်တို့ကရော ဘယ်လိုလဲ"


နောက်တစ်ကြိမ် စေ့စပ်ညှိနှိုင်းရေးကို စောင့်ဆိုင်းပြီး၍ ညှိနှိုင်းသူမှာ လင်းရွှမ်ဖြစ်လာပါက ညသိမ်းငှက်တပ်ဖွဲ့သည် လင်းယောင်ယောင် ထက်ပင် ပိုမိုတောင်းဆိုလာမည်ကို ဟုန်ကျဲယု ကောင်းကောင်းသိသည်။ တစ်ကယ်တော့၊ လက်ရှိတပ်များအရ၊ အရှင်သခင် အင်ပါယာသည် တာဇာကြယ်ပွင့်မဟာမိတ်၏ကျန်တပ်များကို ကိုင်တွယ်နိုင်ပြီး ဇာ့ခ်အားလုံးကို အားစိုက်ထုတ် ထိန်းချုပ်နိုင်ခဲ့သည်။  တာဇာ ပင်မဂြိုလ်ပေါ်ရှိ အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် ၃ ကောင်သည် ကိုင်တွယ်ရန် ပိုမိုလွယ်ကူသည်။ သူတို့နှင့် ညှိနှိုင်းစရာတောင် မလိုပေ။ထို့ကြောင့် ညသိမ်းငှက်တပ်ဖွဲ့မှ စေ့စပ်ညှိနှိုင်းရေးဟုပြောခြင်းက အဓိပ္ပါယ်မရှိပေ။နဂိုကတည်းက သူတို့အတွက်သာ ဖြစ်လေသည်။ 


ဒါနဲ့များ ဘာလို့ဝေစုခွဲနေသေးတာလဲ... 


လင်းယောင်ယောင် ပြောဆိုထားသည့် အခြေအနေတွေကို သူတို့ သဘောတူလျှင် လင်းရွှမ် က နောက်ဆုတ်နိုင်မှာ မဟုတ်ဘူး....


 လေထုသည် ချက်ချင်းပင် တင်းမာလာသည်။


လင်းယောင်ယောင် သည် ယခုလို အရှက်မဲ့သည့် စေ့စပ်ညှိနှိုင်းရေးသမားကို သူမ မမြင်ဖူးသဖြင့် ဒေါသထွက်နေကာ ဘာလုပ်ရမှန်းပင်မသိတော့‌ေပ။ သူမတွင် SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိသော်လည်း ဤနေရာသည် တခြားသူ၏ နယ်မြေဖြစ်သည်။ ထို့ကြောင့် ဤနေရာမှာတိုက်လျှင် သူမတို့ဘက်မှ ရှုံးမှာသေချာသည်။


ထိုအချိန်တွင် ပိတ်ထားသော လုံခြုံရေးတံခါးကို ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ တွန်းအားတစ်ခုက ရုတ်တရက် ထိမှန်သွားသည်။မကြာမီ လေးလံသော အီလက်ထရွန်းနစ်သော့ခလောက်များ သည် ချက်ချင်းပင် ကြေးနီအတုံးအခဲနှင့် သံပုပ်များအဖြစ်သို့ ပြောင်းလဲသွားကာ တံခါးကိုလည်း အပြင်ဘက်မှ အလွယ်တကူ တွန်းဖွင့်နိုင်ခဲ့သည်။ထိုစဉ်၊ အရပ်ရှည်ရှည် နှင့် သွယ်လျသော အသွင်အပြင်ရှိသူ လင်းရွှမ် ရုတ်တရက် ပေါ်လာသည်။


လင်းရွှမ် သည် စေ့စပ်ညှိနှိုင်းရေးခန်းမကို အေးစက်စွာကြည့်ကာ နောက်ဆုံးတွင် လင်းယောင်ယောင် ကို စိုက်ကြည့်လိုက်သည်။


 "ကျွန်တော်က ကျွန်တော့်ဇနီးလောင်းကို အရမ်းလွမ်းလို့ သူမကို အခုချက်ချင်း လာတွေ့တာ… ဒါပေမယ့် အပြင်လူတချို့က ဝင်မရအောင် တားထားတာပါလား"


သူ့စကားသည် အလွန်ယဉ်ကျေးသော်လည်း 4S အဆင့် စိတ်ပိုင်းဆိုင်ရာ အကျပ်ကိုင်မှုကို တစ်ချိန်တည်းတွင် လွှတ်ပေးခဲ့သည်။


 4S ဆိုသည်မှာ ကြယ်ကမ္ဘာတစ်ခုလုံး၏ မကြုံစဖူးအဆင့်မျိုး ဖြစ်သည်။ ဤအဆင့်သည် ဖြည့်စွက်ဆေးဝါးနှင့် ဖြည့်စွက်အစားအစာများဖြင့် ဘယ်သောအခါမျှ မရောက်နိုင်သော အဆင့်ဖြစ်သည်။


လင်းရွှမ် ၏တစ်ကိုယ်လုံးမှာ အလွန်အစွမ်းထက်သော ရောင်ဝါများထွန်းလင်းလျက်ရှိသော်လည်း လင်းယောင်ယောင် ကိုကြည့်နေသော သူ့မျက်လုံးများသည် အလွန်နူးညံ့လျက်ရှိသည်။


လင်းယောင်ယောင် သည် သူမ၏ ယခင်စိုးရိမ်မှုအားလုံးမှာ ချက်ချင်း ပြေလျော့သွားသည်ဟု ခံစားမိသည်။ အပြင်လူများစွာနှင့် ဆက်ဆံရန် သူမ ပြင်ဆင်ထားခဲ့သော"သန်မာသောမိန်းမ" ဆိုသည့် ပုံရိပ်ကို လျစ်လျူရှုပြီး လင်းရွှမ်ဆီသို့ ပြေးသွားခဲ့သည်။


လင်းရွှမ် က သူ့လက်နှစ်ဖက်ကို ကားထားလိုက်ရင်း ကောင်မလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်၏။


"ကလေး ကိုယ် ပြန်လာပြီ…ကိုယ် ကြည့်လုပ်လိုက်မယ်"


ယခင်က လင်းယောင်ယောင် ကို အကြိမ်ကြိမ် အရှက်ရခဲ့ဖူးသော ဟုန်ကျဲယုသည် ယခုအခိုက်တွင် ချွေးအေးများ ဒီးဒီးကျလျက်ရှိနေသည်။ လင်းရွှမ်သည် ဤမျှအစွမ်းထက်သည်ဟု အစကတည်းက သိပါက၊ ထိုမိုက်မဲသော စကားများကို သူ ပြောမှာမဟုတ်ပေ။ ဘရမ် မိသားစုလိုမျိုး  ညသိမ်းငှက်တပ်ဖွဲ့ ထဲဝင်ပြီး ဟင်းလျာကောင်းများ စားဖို့တောင် တွေးမိနိုင်သည်။


ဝါ့ဒ်မိန်း သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ တော်သေးသည်က လင်းယောင်ယောင်အား အခုပဲ အချိန်မီ တောင်းပန်လိုက်၍သာ တော်သေးသည်။သို့မဟုတ်ပါက၊ Narai ဖက်ဒရေးရှင်း နှင့် အရှင်သခင် အင်ပါယာတို့မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဆိုသည်က မလွယ်ကူနိုင်ပေ။


တစ်ဖက်တွင်၊ ဘရမ် မိသားစုသည်  အံ့သြပျော်ရွှင်နေလျက်ရှိသည်။


လင်းရွှမ် သည် လင်းယောင်ယောင် ကိုစေ့စပ်ညှိနှိုင်းရေး အခန်းထဲတွင်ပင် နေခွင့်မပြုခဲ့ပေ။ မြင်ကွင်းက သူမအတွက် အတော်ရက်စက်သွားနိုင်သည်။သူ့ကောင်မလေးကို သူ၏ ရက်စက်သောဘက်ခြမ်းအား အတတ်နိုင်ဆုံးမမြင်စေချင်ပေ။ ထို့ကြောင့် သူမကိုပြန်လွှတ်ဖို့ ပြောလိုက်သည်။


 "168 က မင်းကိုလွမ်းနေတယ်…မင်းသူမကို တွေ့ချင်လား…သူမက ဟယ်လင်အပြင်ဘက်မှာ ပင်မအာကာသယာဉ်ပေါ်မှာ စောင့်နေတယ်"


ယင်းစကားကို အခြားသော ခေါင်းဆောင် သုံးဦးအား ရိုသေစွာ သတိပေးခြင်းဟု ယူဆနိုင်သည်။


လင်းယောင်ယောင် သည် လင်းရွှမ် နှင့် ခွဲခွာရန် အလွန်ဝန်လေးနေသော်လည်း၊ စောစောက သူ့ကို ပြေးဖက်လိုက်သည့်အတွက် ဟန်ဆောင်ထားသော သူမ၏ စရိုက်မှာ ကွာကျသွားသည့်တွက် အနည်းငယ် ရှက်ရွံ့မိသည်။  ထို့အပြင် သူမသည် 168 ကိုလည်း လွမ်းနေသောကြောင့် ခေါင်းညိတ်ကာ ပြောလိုက်၏။


 "ဒါဆို သွားကြည့်လိုက်ဦးမယ်...အစ်ကိုကြီးကို စောင့်နေမယ်နော်"


လင်းရွှမ် သည် သူ့၏ 4S စိတ်စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်၍၊  SSS အဆင့် ကိုယ်လုံးကိုယ်ပေါက်လည်း ရှိသောကြောင့် သူမ ဘာမှ စိုးရိမ်စရာမရှိပေ။ သူမကိုယ်တိုင်ကလည်း မဖြစ်သာ၍ လာရခြင်းဖြစ်ကာ ယခုလို အငြင်းပွားမှုမြင်ကွင်းမျိုးမှာ ပါဝင်ရသည်ကို သူမ တစ်ကယ်မကြိုက်ချေ။


လင်းရွှမ် က လီနန်ကို လင်းယောင်ယောင်အား ခေါ်သွားခိုင်းပြီး ပင်မအာကာသယာဉ်ကို ပြန်ရောက်သည့်အခါ သူ့ကို မက်ဆေ့ခ်ျပို့ခိုင်းလိုက်၏။ လင်းယောင်ယောင် သည် SSS အဆင့်တွင်ရှိပြီး ထူးခြားသော တိုက်ခိုက်ရေးအစွမ်းရှိသော ဂြိုလ်သားအပင် 012 ကို သယ်ဆောင်ထား၍ သူမသည် ပေါ့ပေါ့တန်တန် အနိုင်ကျင့်မခံရသည်မှာ သေချာသည်။ ထို့ကြောင့် လင်းရွှမ် သည် သူမ လုံခြုံရေးအတွက် အလွန်စိုးရိမ်မနေပေ။ ထို့အပြင် ယခုတစ်ကြိမ် ညှိနှိုင်းမှုသည် ကြာမြင့်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။ ယခု သူသည် အကွာအဝေး အနည်းငယ်မျှကို တယ်လီပို့နိုင်စွမ်းရှိပြီး၊ လင်းယောင်ယောင် ကဲ့သို့ပင် ပင်မအာကာသယာဉ်ဆီသို့ တယ်လီပို့၍ ခဏချင်း ပြန်သွားနိုင်ပေမည်။


လင်းယောင်ယောင် ထွက်သွားပြီးသည်နှင့် သူက အလွန်အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။


 "မက်မွန်သီးရောင်ဇာ့ခ်အားလုံးက အရှင်သခင် အင်ပါယာပိုင်တယ်...ကျွန်တော်တို့ ဇာ့ခ်မျိုးပွားရာနေရာအဖြစ် သုံးရအောင်လို့ တာဇာကြယ်ပွင့်နယ်မြေ ရဲ့ ဆယ်ပုံတစ်ပုံကို ယူမယ်… သာမန် ဇာ့ခ် တွေကလည်း အရှင်သခင် အင်ပါယာနဲ့ပဲ သက်ဆိုင်တယ်…အဲ့တော့ ဒီကလူကြီးမင်းတို့အနေနဲ့ မက်မွန်သီးရောင်ဇာ့ခ်တွေနဲ့ သာမန် ဇာ့ခ် တွေ မရနိုင်ဘူး... အခြားအရင်းအမြစ်တွေကိုတော့ လဲဖို့ ရတယ်...ကျွန်တော့်ကို ဆန့်ကျင်သူတွေ ဆို သေမယ်...  မယုံရင် စမ်းကြည့်လို့ရတယ်"


လင်းရွှမ် က စကားပြောနေစဉ်တွင် သူ၏ 4S အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ထပ်မံ ထုတ်ဖော်ခဲ့သည်။  သူ့ခြိမ်းခြောက်မှု၏ အဓိကပစ်မှတ်မှာ anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရနှင့် ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့ တို့ဖြစ်သည်။


Anti- တာဇာကြယ်ပွင့်မဟာမိတ်အစိုးရသည် ပုန်းအောင်း၍ နှစ်ပေါင်းများစွာ စီစဉ်ခဲ့ခြင်းဖြစ်သည်။


 ဒီလို ဝေစုလေးကို သူတို့ဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မလဲ…


ညသိမ်းငှက်တပ်ဖွဲ့က အကောင်းဆုံးများကို ယူသွားပြီး သူတို့အတွက် အကြွင်းအကျန် အနည်းငယ်သာ ကျန်သည်။သူတို့လက်ထဲတွင် တပ်ဖွဲ့ဝင် 100,000 အပြင် ပိုမိုအဆင့်မြင့်သော အာကာသယာဉ်များနှင့် ခဲယမ်းမီးကျောက်များ ရှိသည်။  


ဟုန်ကျဲယု ၏တတိယတပ်မှူးသည် ဟုန်ကျဲယု ၏မျက်လုံးများမှအရိပ်အမြွက်ကိုရရှိခဲ့ရာ  သူက အံကြိတ်ပြီး ထပြောလိုက်၏။


"မင်းတို့ဘက်က သိပ်အနိုင်ကျင့်လွန်းတယ်…ငါတို့ သဘောမတူဘူး"


လင်းရွှမ် ၏ မျက်လုံးများသည် ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း၊ သူ၏ စိတ်စွမ်းအား စက်ဝန်းများသည် ကရုဏာမဲ့သော ထိုလူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။


 ထိုလူက ချက်ချင်းပင် ခေါင်းကိုက်နေဟန်ဖြင့် သူ့ခေါင်းကို ကိုင်ကာ နာကျင်စွာအော်လိုက်သည်။


"အာ ငါ့စိတ်စွမ်းအားနယ်ပယ်တွေ ကွဲကြေနေပြီ..."


စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ကွဲကြေသွားပါက လူသည် တက်ကြွမှု ဆုံးရှုံးရုံသာ မဟုတ်ဘဲ စိတ်စွမ်းအားအသစ်ကိုလည်း မထုတ်လုပ်နိုင်တော့ပေ။ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုလဲပျက်စီးသွားခြင်းထက် ပိုပြင်းထန်သည်။ ဆေးဝါး သို့မဟုတ် အစားအစာဖြင့် ဖြည့်စွက်ကုသသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ဘဲ ထိုလူသည် နေ့ရောညပါ အလွန်နာကျင်နေလိမ့်မည်။


ထို့နောက်  လင်းရွှမ် သည် အေးစက်သော မျက်လုံးများဖြင့် ဟုန်ကျဲယု ကို စိုက်ကြည့်ကာ အနည်းငယ် ပြုံးရင်း "ဘော့စ်မှာ တစ်ခုခု ပြောစရာ ရှိလို့လား....ကျွန်တော် အဝေးကိုရောက်နေတုန်းက ကျွန်တော့်ဇနီးလောင်းနဲ့ ပတ်သက်ပြီး ဘော့စ်က တော်တော်လေး ပြောခဲ့တယ်ဆို....အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဘော့စ်ရဲ့ ထင်မြင်ချက် တွေကို ဆက်ပြီး ပြောပြ နိုင်တယ် "


ဟုန်ကျဲယု ၏နောက်က လိုက်လာသော ပိုင်ရွှင်း သည် နဖူးပေါ်မှာချွေးအေးများဖြင့် ဖျော့တော့လျက်ရှိသည်။  သူကလည်း လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေရခြင်းဖြစ်သည်။ လင်းရွှမ် ပျောက်သွားသည့် သတင်းကို သူသိလိုက်သောအခါ သူ ဝမ်းသာသွားပြီး ကံကောင်းသည်ဟု ခံစားမိသည်။ ဘုရားသခင်က သူ့ကိုစောင့်ရှောက်နေပြီး


လင်းယောင်ယောင် အားလိုက်ဖို့ အခွင့်အရေးပေးထားသည်ဟုတောင် လျှို့ဝှက်စွာ ခံစားခဲ့ရ၏။


 သို့သော်လည်း လင်းယောင်ယောင်၏ SSS အဆင့် စိတ်စွမ်းအားကြောင့် သူ အတော်လန့်ဖျပ်သွားခဲ့ရ၍ စိတ်ဓာတ်တောင် ကျမိလေသည်။သူမ၏ အလွန် စွမ်းနေသော စိတ်စွမ်းအားကြောင့် သူက သူမနှင့် မထိုက်တန်ဘူးဟုတောင် ခံစားရတော့သည်။ ယခုမူ လင်းရွှမ် ရောက်လာသောအခါ၊သူ့တစ်ကိုယ်လုံးကို ဖုန်မှုန့်အဖြစ်သို့ ဘာမှအရေးမပါအောင် ဖြစ်သွားရလေတော့သည်။ 


 သူ သို့မဟုတ် သူ့ညီမ ပိုင်ရွှယ်သည် လင်းမိသားစု၏ မောင်နှမများအား ကြိုက်နှစ်သက်သည့် အမူအရာကို ပြသမိပါက၊ သူတို့၏ ကံကြမ္မာသည်  သနားစရာ ကောင်းသွားမည်မှာ သေချာသည်။ သူ့ဦးလေးကလည်း  သူ့အတွေးအမြင်ကို သတ္တိရှိရှိ ပြောရဲလျှင် ဦးလေးတစ်ယောက် သူ့အဆုံးသတ်သွားမည်ကို ပိုင်ရွှင်း ကြောက်နေမိလေသည်။


ဝါ့ဒ်မိန်း သည် ဤအခြေအနေကိုမကြိုက်သော်လည်း မတတ်သာ၍ ရွေးချယ်ခဲ့ရသည်။ ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြများထဲမှအနက် လူအနည်းငယ်သည် အရှင်သခင်အင်ပါယာမှဖြစ်၍ ညသိမ်းငှက်တပ်ဖွဲ့ ကို တွန်းလှန်ဖို့ သူတို့အတွက် မဖြစ်နိုင်ပေ။Narai ဖက်ဒရေးရှင်းမှ သူ၏ဓားပြအဖွဲ့သားများသည်လည်း အနာဂတ်တွင်  လူသားကြယ်ပွင့်နယ်မြေ သို့ ပြန်လိုကြပြီး လင်းရွှမ်ကို အားကိုးကြသည်။


မက်မွန်သီးရောင်ဇာ့ခ်နှင့် လဲလှယ်ရန် အရင်းအမြစ်များကို အသုံးပြုနိုင်ကြောင်း ဘရမ် များသည် လင်းရွှမ် ထံမှ ကြားသိရသောအခါတွင် သူတို့သည် အလွန်ကျေနပ်နေပြီဖြစ်သည်။ အကြွင်းမဲ့ ခွန်အား ဖိနှိပ်မှုအောက်မှာ သူတို့လည်း လုံးဝ ပြောပိုင်ခွင့် မရှိကြပေ။ အကြောင်းမှာ၊သူတို့တွင် အဆင့်မြင့်နည်းပညာသုံး ခဲယမ်းမီးကျောက်များ ရှိသော်လည်း လင်းရွှမ် သည် ပိုမိုကြောက်စရာကောင်းသော ဇာ့ခ်ဘီလီယံပေါင်းများစွာရှိသော တပ်ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။


လင်းရွှမ်သည် သူ၏ စိတ်စွမ်းအားကြောင့် ဖိအားပေးခံနေရသော လူများ၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်လုနီးပါး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ မည်သူကမျှ ကန့်ကွက်မှုတစ်စုံတစ်ရာ မပြုလုပ်သည့်အတွက် သူ အလွန်ကျေနပ်မိသည်။


"ကန့်ကွက်စရာမရှိလို့ ပြေလည်သွားပြီ"


လင်းရွှမ် သည် မျောက်များကို ကြောက်လန့်စေရန် ကြက်တစ်ကောင်ကိုသာ အစမ်းသတ်ပစ်လိုက်ခြင်းဖြစ်သည်။ နေရာတိုင်းတွင် ညသိမ်းငှက်တပ်ဖွဲ့ ကိုဆန့်ကျင်လိုသော anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို တိုက်ရိုက်မဖျက်ဆီးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်  ဘရမ် မိသားစုမှရရှိသော ကျည်ဆန်များမှာ ပိုင်မိသားစုမှ ဖြစ်သည်ကို  ထည့်သွင်းစဉ်းစားလိုက်၍ ဖြစ်သည်။ အကယ်၍ သူသည် အလွန်အကျွံ ဖိနှိပ်မှု ပြုလုပ်ခဲ့ပါက၊သူတို့သည် တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်၏ ကျန်ရှိသော တပ်ဖွဲ့များနှင့် ပေါင်းစည်း၍ ထိုးစစ်ဆင်လာကာ ရှည်လျားသော တိုက်ပွဲ ထပ်ဖြစ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် သူပိုင်သော ဇာ့ခ်များလည်း အလကားနေရင်း သက်သက်မဲ့ ဖြုန်းတီးရာကျပေမည်။အားလုံးက အသားများ ဖြစ်နေပေသည်။


လင်းယောင်ယောင် သည် ပင်မအာကာသယာဉ်သို့ ပြန်သွားသောအခါတွင် 168 ကို ပင်မအာကာသယာဉ်အပြင်ဘက်တွင် မတွေ့ခဲ့ရပေ။


သူ ခုန်ပြီး တစ်ခြားနေရာကို သွားခဲ့တာလား...


အာကာသယာဉ်ထဲတွင် စားသောက်နေသော 168 သည် လင်းယောင်ယောင် နှင့် 012 ၏ စိတ်စွမ်းအားအတက်အကျများကို ခံစားသိရှိထားပြီးဖြစ်သည်။ထို့ကြောင့် သူမက စိတ်ချင်းဆက်သွယ်လိုက်ပြီး 


 "သူငယ်ချင်းလေးတို့ ငါဒီမှာ အရသာရှိတဲ့ အစားအစာတွေစားနေတာ... မြန်မြန်လာ" 


ကံကောင်းထောက်မစွာ၊ ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မအာကာသယာဉ်ကို အကြိမ်များစွာ အဆင့်မြှင့်တင်ထားခဲ့သည်။ မဟုတ်လျှင်၊ 168၏ အလေးချိန်ကို မခံနိုင်လောက်ပေ။ 012 သည် လင်းယောင်ယောင် ၏လက်ကောက်ဝတ်တွင် လက်ပတ်တစ်ခုအဖြစ် ပုံစံပြာင်းထားရာမှ...


 "ဟမ်... 168၊ မင်းလည်း Mini ဖြစ်သွားတာလား…ယေးယေး"


လင်းယောင်ယောင် လည်း နည်းနည်းဝမ်းသာမိသည်။ ပန်းနုရောင်ပါးပြင်၊ မျက်လုံးကြီးကိုးလုံးနှင့် ဖြူစင် နူးညံ့သိမ်မွေ့သော 168 သည် ချစ်စရာကောင်းပေမည်။သူမ ပင်မအာကာသယာဉ်သို့ ပြန်ရောက်သောအခါ အရပ် 2 မီတာရှိသော 168 သည် သူမ ထင်ထားသည်ထက်ပင် ချစ်စရာကောင်းသည်။ သူမ စိတ်ထိန်းမရတော့ဘဲ 168 ထံသို့အတင်းလာပြီး ဖက်ထားလိုက်၏။ 168၏အသားအရေသည် နူးညံ့ကာ ချောမွေ့သဖြင့် ထိတွေ့ရတာ အတော်ကောင်းသည်။ 012 သည် လက်ပတ်ဖြစ်နေရာမှ အနည်းငယ်ပိုကြီးပြီး 1.5 မီတာခန့် တစ်ဖက်သို့ ခုန်တက်ကာ 168ထဲမှာ ဘုန်းကနဲ သူမလည်း ပြေးဝင်ဖက်ထားလိုက်သည်။ 168မျက်နှာက ကြီးနေ၍သာ တော်သေးသည်။သူတို့နှစ်ယောက်မှာ 168ကိုယ်ပေါ်မှာ ဖိအိပ်ရင်း နှင်းတောထဲမှာ အိပ်နေရသလို ခံစားရလေသည်။ 168 သည် အရသာရှိသောမုန့်ကို သူမ၏ပိုးချည်ဖြင့်ထုပ်ပြီး ပါးစပ်ကြီးထဲသို့ ဆွဲခွံ့နေသေးသည်။သူမ၏ ခန္ဓာကိုယ်သည် သေးငယ်လာသောကြောင့် နောက်ဆုံးတွင် ပိုမိုနူးညံ့ပြီး သေးငယ်သော အရသာများကို မြည်းစမ်းနိုင်မည်ဖြစ်သည်။ 


လင်းရွှမ်သည် စီးပွားရေးကိစ္စအကြောင်းပြောပြီးနောက်တွင် ပင်မအာကာသယာဉ်ပေါ်သို့ ပြန်ခုန်ဆင်းလာသောအခါတွင် ဤမြင်ကွင်းကို သူမြင်လိုက်ရသည်။ သူသည် မျက်ခုံးပင့်ကာ လင်းယောင်ယောင်ကို ဆွဲ ခေါ်လိုက်သည်။ 


"168 ကို ငါးစက္ကန့်လောက် ဖက်ထားလည်း ရပါတယ်...ကိုယ် ဒီမှာ မနာလိုဖြစ်လာပြီ"


လင်းယောင်ယောင် အံ့အားသင့်သွားသည်။


"အာ အခုမှ ခဏလေးပဲရှိသေးတာကို...ဘယ်လိုလုပ်ပြီး ပြန်လာတာလဲ"


လင်းရွှမ် သည် ကောင်မလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး အတော်ကြာ‌ေအာင်စောင့်မျှော်နေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။ 


"ကိုယ် မင်းကို ဘယ်တော့မှမတွေ့ရတော့ဘူးဆိုတာ လက်မခံနိုင်လို့... အာကာသကူးပြောင်းနိုင်တဲ့ စွမ်းရည်ကို သင်ယူခဲ့တာ"


xxxxx