အပိုင်း ၃၇
Viewers 25k

Chapter 37




“ဒါ့ကြောင့် ရှုရှု ရှောင်ယွီ့ကို ပိုပြီးသဘောကျတာက ပုံမှန်ပါပဲ … .”


သူေပြာပြီးနောက် လင်းလော့ချင်းကိုကြည့်ရင်း အနားကပ်လာသည်။


လင်းလော့ချင်းက လင်းဖေးထိုသို့ စကားမျိုးပြောလာမည် ထင်မထားခဲ့ချေ။ သူက ရှုပ်ထွေးသွားသဖြင့် ကိုယ်ကို ကိုင်းလိုက်မိ၏။ 


လင်းဖေးက ခြေဖျားထောက်၍ လက်ကလေးမြှောက်ကာ လင်းလော့ချင်း၏ ဆံစများကို ထိလိုက်သည်။ သူ့အသံက ရှားရှားပါးပါး နူးညံ့နေ၏။


 “စိတ်မဆိုးနဲ့နော် … လိမ္မာတယ် ...”


သူ လင်းလော့ချင်းအား ရိုးသားနူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


လင်းလော့ချင်း စိတ်ဆိုးသည်ကို သူ မလိုချင်သလို မည်ကဲ့သို့ စိတ်မဆိုးအောင် ချော့ရမည်မှန်းလည်း မသိချေ။ ထို့ကြောင့် လင်းလော့ချင်း၏ နည်းလမ်းကိုသုံး၍ တစ်ဖက်လူအား ချော့လိုက်ခြင်းဖြစ်၏။ 


လင်းလော့ချင်းသူ့ကိုကြည့်ကာ အကဲခတ်လိုက်သည်။ 


လင်းလော့ချင်း ထိုကဲ့သို့ ကိစ္စမျိုးကို မမျှော်လင့်ထားခဲ့ချေ။ လင်းဖေး၏ နှုတ်ဖျားမှ လိမ္မာနော် ဟူသည့် စကားထွက်လာမည်ကိုလည်း သူ မထင်ထားခဲ့။ 


သူက လင်းဖေးကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ထိုကလေးသည် သူထင်ထားသည်ထက် ပို၍နူးညံ့ပြီး သန်မာကြောင်း တွေ့ရှိသွား၏။



လင်းလော့ချင်းသည် လင်းဖေးအား ပို၍နီးကပ်စေရန် ဆွဲယူလိုက်၏။ လင်းဖေး၏လက်ကို လက်ဖ၀ါးထဲ၌ ဆုပ်ကိုင်လိုက်မိသည်။ လင်းလော့ချင်း နားမလည်နိုင်ပါချေ။

"သားဘာလို့ ဒီလိုပြောရတာလဲ?"


"သားက သဘောကျစရာမကောင်းဘူးလို့ ဘာလို့တွေးရတာလဲ"


လင်းဖေးမှ သူ့အားစိတ်ရှည်လက်ရှည် ရှင်းပြလာ၏


"ကျွန်တော်က စကားပြောရတာမကြိုက်ဘူး သိပ်မပြုံးပြတတ်ဘူး ဘယ်လိုစကားပြောရမလဲဆိုတာလည်း မသိဘူးလေ။ဒီအကျင့်တွေနဲ့ဆိုရင် ကျွန်တော်က သဘောကျစရာကောင်းလာမှာ မဟုတ်ဘူးလို့ မားမားကပြောတယ်။ဒါပေမယ့် ရှောင်ယွီက စကားဘယ်လိုပြောရမလဲသိပြီးတော့ သူပြုံးလိုက်ပြီဆိုရင် အရမ်းလှတယ်။လူတွေက ဒီလိုကလေးမျိုးကို သဘောကျကြတာ သာမန်ပါပဲ..."


"ဒါက ဘယ်လိုလုပ်ပြီး သာမန်ဖြစ်ရမှာလဲ" လင်းဖေးပြောပြီးသည်နှင့် လင်းလော့ချင်းက ချက်ချင်းပြန်ပြောလိုက်သည်။ 


"လူတိုင်းမှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စရိုက်တွေရှိတယ်။တစ်ယောက်ယောက်က စကားကောင်းကောင်းပြောတတ်ပြီး ပြုံးပြနေရုံနဲ့ပဲ သူတို့ကချစ်ဖို့ကောင်းတယ် အမူအကျင့်ကောင်းပြီး သဘောကျစရာကောင်းတယ်လို့မဆိုလိုဘူးလေ။

ရှုရှုကတော့ သားက သိပ်ချစ်ဖို့ကောင်းပြီး အမူအကျင့်အရမ်းကောင်းတယ်လို့ပဲ မြင်တယ်။

ဒါကြောင့်လည်း ရှုရှုက သားလိုကလေးမျိုးကို သဘောကျတယ်..."


လင်းဖေးသည် ကြောင်အနေလျက် "ဒါပေမယ့် မားမားပြောတာက ..."


"သားရဲ့မားမားပြောတာ မှားတယ်"


လင်းလော့ချင်းက လင်းလော့ရှီ၏စကားများထဲမှ အဓိပ္ပာယ်နှင့် သူမ၏ရည်ရွယ်ချက်တို့ကို ခန်မှန်းမိပေသည်။

လင်းလော့ချင်း ကူးပြောင်းလာပြီးကတည်းကနေ ယခုအချိန်မတိုင်မီအထိ လင်းဖေးမှ သူ၏အတန်းဖော်တွေ၊သူငယ်ချင်းတွေအကြောင်းပြောတာမကြားဖူးပေ။


လင်းဖေးက တစ်ယောက်တည်းသမားလေးဖြစ်ပြီး ကိစ္စအများစု၌ စိတ်ပါ၀င်စားမှုမရှိပေ။ သူသည် သူ၏ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပင် တိတ်ဆိတ်လွတ်လပ်စွာ နေလေ့ရှိခဲ့သည်။


သို့သော်လည်း လင်းလော့ရှီကမူ တစ်ခြားကလေးများကဲ့သို့ လင်းဖေးထံတွင် သူငယ်ချင်းအပေါင်းအဖော်များရှိရန် မျှော်လင့်နေပေလိမ့်မည်။သူမသည် အခြားကလေးများက သူ့အပေါ်ကောင်းပြီး ကြင်နာပေးကြလိမ့်မည်ဟု မျှော်လင့်ပြီး ဤကဲ့သို့သောစကားမျိုးကို သားဖြစ်သူအားပြောဆိုခဲ့ခြင်း ဖြစ်ရပေမည်။


သူမက သူပိုပြီး ပျော်ပျော်နေတတ်စေရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ လင်းဖေးသည် အခြားသူများအတွက် ဘယ်လိုပြောင်းလဲမှာတဲ့လဲ။

သူက အခြားမည်သည့်အရာအတွက်နဲ့မျှ သူ့ကိုယ်သူ ဘယ်တော့မှ ပြောင်းလဲပစ်မည်မဟုတ်ချေ။

သူက သဘောကျစရာမကောင်း၍ဟုသာ တွေးလိမ့်မည်ဖြစ်ပြီး မိမိအားသဘောကျလာစေရန် တွန်းအားပေးလိမ့်မည်မဟုတ်ပေ။


"လူတိုင်းမှာ နှစ်သက်သဘောကျတဲ့အရာတွေက မတူညီကြဘူး။ တခြားသူတွေက ငှက်ပျောသီးကြိုက်ကြတဲ့အချိိန် တချို့ကျတော့ ပန်းသီးကိုပိုကြိုက်ကြသလိုမျိုးပေါ့။

သားက ငှက်ပျောသီးဖြစ်ဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီးကြိုက်တဲ့သူတွေလည်း ရှိနိုင်သေးတာပဲ။ အဲ့ဒါကြောင့်မို့လို့ သားက သားကိုယ်တိုင်ရဲ့ အကောင်းဆုံးဖြစ်နေပြီး ပျော်ရွှင်ရဖို့ပဲလိုတယ်။ သားအတွက် နောင်တရစရာတွေ မချန်ခဲ့သရွေ့ အရာအားလုံးက အဆင်ပြေပါတယ်"


လင်းဖေးသည် ကိစ္စတွေက ထိုသို့ဖြစ်သွားလိမ့်မည်ဟု မထင်ပုံရပြီး လင်းလော့ချင်းအား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ငေးကြည့်လိုက်မိ၏။


လင်းလော့ချင်းလည်း အနားကပ်ပြီး သူ၏ကျန်လက်တစ်ဖက်ကိုမြှောက်၍ ကလေးငယ်၏ပါးကို ပွတ်သပ်နေလျက်"ရှောင်ယွီက တကယ် အမူအကျင့်ကောင်းပြီး သဘောကျစရာကောင်းပေမယ့် သားကလည်း အတူတူပါပဲ။ နှစ်ယောက်စလုံးရဲ့ အမူအကျင့်ကောင်းပုံလေးတွေက မတူညီကြရုံလေးပါ။ပြီးတော့ ရှုရှုက သားရဲ့ပုံစံလေးကို ပိုသဘောကျတယ်။ သဘာ၀ကျကျကို သားဘက်လိုက်ချင်တာလည်းပါတာပေါ့..."


"သားက အရမ်းကောင်းတယ်။ဘာပြဿနာမှလည်းမရှိဘူး။ပြီးတော့ သားမေမေရဲ့စကားတွေက သူမရဲ့အမြင်ကို ပြပေးရုံပဲရှိတယ်။အဲ့ဒါတွေက ရှုရှုရဲ့အတွေးတွေကို မသက်ရောက်နိုင်သလို လူတိုင်းရဲ့အတွေးတွေဆို ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။ အရွယ်ရောက်ပြီးပြီဆိုတဲ့ လူကြီးတွေရဲ့ စကားတိုင်းကလည်း အမြဲမှန်နေတာ မဟုတ်ဘူး။ ဒီကိစ္စမှာ မားမားကမှားတာဖြစ်လို့ သားမှာပြဿနာရှိတယ်ဆိုပြီး မတွေးစေချင်ဘူး။"


"သားလိုချင်ပြီး သားကိုပျော်ရွှင်စေမယ့် လမ်းအတိုင်းနေရင်း ကြီးပျင်းလာရင် ရပါပြီ။

ဘာကြောင့်လဲဆိုရင် သားဘယ်လိုလူမျိုးဖြစ်နေပါစေ သားဖြစ်နေလို့ပဲ သဘောကျတဲ့လူတွေက ရှိလာဦးမှာမလို့ပဲ"


"ကမ္ဘာကြီးမှာ ပန်းသီး၊ငှက်ပျောသီး၊သစ်တော်သီး၊စပျစ်သီးနဲ့ ကျွဲကောသီးတွေရှိနေသလိုမျိုးပေါ့။ သူတို့အားလုံးမှာ မတူညီတဲ့အရသာတွေ ရှိနေပေမဲ့ လူတွေကလည်း သူတို့ရဲ့ပါးစပ်အရသာကိုလိုက်ပြီး သူတို့ကိုကြိုက်ကြဦးမှာပဲ။သားအခု သိပြီလား"


လင်းဖေးက သူ့အား တိတ်ဆိတ်စွာ ငေးစိုက်ကြည့်လာ၏။


အချိန်တချို့ကြာပြီးနောက် သူ၏ခေါင်းကို အသာညိတ်လိုက်ရင်း "ကျွန်တော် သိပါပြီ"


"ဒါဆို ရှုရှုကရှောင်ယွီကို ပိုသဘောကျသင့်တယ်ဆိုတာမျိုး ထပ်မပြောရတော့ဘူးနော်။ ရှုရှုက သားကိုသဘောအကျဆုံးလို့ ပြောထားပြီးသားပဲ။ဘာလို့ တခြားသူတွေကို သဘောကျနေရမှာလဲ?

နောက်ကျရင် တစ်ယောက်ယောက်က သားကို 'မင်းရှုရှုက ဘယ်သူ့ကို သဘောအကျဆုံးလဲလို့မေးလာရင် 'ရှုရှုက ငါ့ကိုသဘောအကျဆုံးပဲ၊ ငါစကားပြောတာပဲဖြစ်ဖြစ် မပြောတာပဲဖြစ်ဖြစ်၊ငါပြုံးတာဖြစ်ဖြစ် မပြုံးတာဖြစ်ဖြစ်၊ငါကဘယ်လိုကလေးမျိုးပဲဖြစ်ဖြစ် သူက အမြဲတမ်း ငါ့ကိုသဘောအကျဆုံးပဲ'လို့ ယုံကြည်မှုရှိရှိပြန်ပြောလိုက်"


လင်းဖေး၏မျက်နှာ၌ ထိန်းချုပ်မရသော ပျော်ရွှင်မှုလေး ဖြစ်တည်နေခဲ့၏။သူ၏အပြုံးမှာ သိပ်မသိသာလှသော်လည်း ပိုင်ရှင်ကိုယ်တိုင်ပင် သတိမထားမိဘဲ ပေါ်ထွက်လာဟန်ရသည်။


သူ၏မျက်လုံးများသည် မိုးရွာပြီးစ ကန်ရေပြင်ကဲ့သို့ ဖြစ်နေ၏။၎င်းတို့မှာ တလက်လက်တောက်ပနေပြီး သန့်စင်လှပနေပေသည်။


သူက အသံနိမ့်နိမ့်လေးဖြင့် တုံ့ပြန်လိုက်၏ "En"


လင်းလော့ချင်းက သူ၏ပါးကို သာသာလေးညှစ်လိုက်ပြီးနောက် လင်းဖေးအားဆွဲ၍ လမ်းဆက်လျှောက်ခဲ့ကြသည်။


လင်းဖေးက ခေါင်းကိုငုံ့လိုက်၍ သူ၏ခြေဖ၀ါးအောက်ရှိအရိပ်များအား စိုက်ကြည့်နေမိသည်။


သူသည် လမ်းမြန်မြန်လျှောက်လေ့ရှိ၏။သူငယ်ငယ်တုန်းက အလွန်အေးဆေးသော ကလေးတစ်ယောက်ဖြစ်ခဲ့၏။သူ၏ လမ်းလျှောက်နှုန်းက တစ်ခြားယောက်ျားလေးများကဲ့သို့ အလျင်စလိုတက်တက်ကြွကြွမရှိဘဲ အေးချမ်းတိတ်ဆိတ်လေသည်။


သူသည် အစက်အပြောက်ကွက်များဖြစ်နေသော သစ်ပင်အရိပ်များပေါ်သို့ လှမ်းလျှောက်လိုက်သည်မှာ အရိပ်များနှင့် ကစားနေသလိုပင်။သူလျှောက်ခဲ့သော ခြေလှမ်းများမှာ အရိပ်ကွက်လေးများပေါ်တွင်သာ ဖြစ်နေ၏။


လင်းလော့ချင်းက လင်းဖေး၏လှုပ်ရှားမှုကို သတိပြုမိပြီး လှည့်ကြည့်လိုက်၏။လင်းဖေးက နေရောင်ကိုရှောင်၍ သစ်ပင်ရိပ်များပေါ်တွင် လမ်းလျှောက်နေသည်အား တွေ့လိုက်ရ၏။သူ၏ ကိုယ်ပိုင်အရိပ်လေးသည်ပင် နောက်မှလိုက်၍ သစ်ပင်ရိပ်ထဲ၌ ပုန်းအောင်းနေခဲ့၏။


လင်းလော့ချင်းသည် ထိုကလေးသဘာ၀အပြုအမူများကို မြင်တွေ့ရပြီးနောက် မည်သို့ပင်ဖြစ်စေ လင်းဖေးက ကလေးဖြစ်နေတုန်းပဲဟု စိတ်ထဲ၌ခံစားလိုက်ရ၏။


ရင့်ကျက်လာပြီးသော လူကြီးလေးလင်းဖေးက ဤကိစ္စကို ဂရုစိုက်မှာမဟုတ်သလို လူတွေသူ့အပေါ်သဘောကျမှုရှိခြင်း မရှိခြင်းအတွက်လည်း ၀မ်းသာလိမ့်မည်မဟုတ်ပေ။


သူဟာ တစ်ယောက်တည်းအထီးကျန်နေပြီး နှစ်ထောင်ချီအရည်မပျော်နိုင်သည့် ရေခဲတုံးကဲ့သို့ အေးစက်နေတတ်ပြီဖြစ်၏။သူသည် အခြားသူများ၏ အဖော်ပြုမှုကို မလိုအပ်သလို သူကိုယ်တိုင်ကလည်း တစ်ပါးသူအား အဖော်ပြုပေးရန် လိုလားမည်မဟုတ်ပေ။


ဘယ်လိုပင်ဖြစ်စေ ငယ်ရွယ်သေးသည့် လင်းဖေးကတော့ ထိုကိစ္စများကို ဂရုစိုက်နေလိမ့်မည်ဖြစ်သည်။အခြားကလေးများကဲ့သို့ အရေးမထားခဲ့လျှင်တောင်မှ သူ၏စိတ်နှလုံးထဲ၌ မတည်ငြိမ်မှုများဖြစ်ပွားနေမည်ပင်။


သူက ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့နေဆဲဖြစ်သည်။သူ၏ နှလုံးသားကလည်း လူ့အသိုင်းအ၀ိုင်းနှင့် ကမ္ဘာကြီးအတွက် ဖွင့်ထားဆဲဖြစ်၏။အကယ်၍ နွေဦးရောင်ခြည်မလာခဲ့လျှင် သူသည်၀မ်းနည်းလိမ့်မည်မဟုတ်သော်လည်း နွေဦးမှသူ့အပေါ် အလင်းရောင်ကျရောက်စေလျှင် သူ၏လက်ကို ဖွင့်ဟ၍ နွေဦးလေညင်းကို ကြိုဆိုနေမည်ဖြစ်သည်။


လင်းလော့ချင်းက ကိုယ်ကိုကိုင်း၍ အရိပ်များနှင့် လိုက်ပြေးတမ်းကစားနေသော လင်းဖေးအားပွေ့ချီလိုက်၏။


လင်းဖေးမှ သူ၏တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးပြီဖြစ်ရာ

လင်းလော့ချင်းအားကြည့်ချိန်၌ ၃၀% ရှုပ်ထွေးမှု၊၃၀% ထိတ်လန့်မှုနှင့် ၄၀%အကူအညီမဲ့မှုတို့သာ ရှိတော့၏။


"ဘာဖြစ်လို့လဲ?"


"ဘာမှမဟုတ်ပါဘူး၊ ရှုရှုက သားကို ဖက်ချင်လာလို့"လင်းလော့ချင်းက ပြန်ဖြေလိုက်၏"ရှုရှု သားကိုမဖက်ရတာ တော်တော်ကြာနေပြီ"


လင်းဖေး၏အကြည့်က အထင်သေးမှုအဖြစ်ပြောင်းလဲသွား၏။"ရှုရှု မနေ့က သေချာပေါက် ကျွန်တော့်ကိုဖက်ပြီးသွားပြီလေ"


"တကယ်လား"လင်းလော့ချင်းမှ ၀န်ခံရန် ငြင်းဆန်နေခဲ့၏ "ရှုရှုကတော့ မမှတ်မိပါဘူး"


လင်းဖေးလည်း ရှုရှုရဲ့မှတ်ဉာဏ်စွမ်းရည်က တော်တော်ဆိုးတာပဲဟုတွေးရင်း သက်ပြင်းချလိုက်၏။


မည်သို့ပင်တွေးနေစေကာမူ သူသည် လင်းလော့ချင်း၏ပွေ့ဖက်မှုအား တွန်းဖယ်ငြင်းဆန်ခြင်း မပြုခဲ့ချေ။'မေ့လိုက်တော့ ငါလည်းကျင့်သားရနေပြီပဲ သူလုပ်ချင်တာလုပ်ပါစေလေ'


သူသည် လင်းလော့ချင်းအား ပညာသားပါပါ ကျေနပ်နှစ်သိမ့်ပေးနိုင်ခဲ့ပြီး သူနှင့်အတိုက်အခံလုပ်ရန် အနှောင့်အယှက်အဖြစ်ခံမည်မဟုတ်ချေ။


နှစ်ဦးသားpastries၀ယ်ရန် တန်းစီလိုက်ကြပြီး mochi,cream puffs နှင့် short-crust pastryတို့ပါသောအိတ်ကြီးဖြင့် အိမ်သို့ပြန်လာခဲ့ကြ၏။


ကျိလဲ့ယွီက အိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီး TVကြည့်နေချိန်၌ ကျိယွီရှောင်၏လက်မောင်းတွင် မှီနေခဲ့ခြင်းဖြစ်သည်။လင်းလော့ချင်းနှင့် လင်းဖေးတို့ ပြန်လာသည်အားမြင်လျှင် သူ၏လက်ကိုမြှောက်၍ နှုတ်ဆက်လိုက်၏။


"သား စားဦးမလား"လင်းလော့ချင်းက လက်ထဲမှအိတ်ကိုဖွင့်၍ ကျိလဲ့ယွီအားမေးလိုက်သည်။


ကျိလဲ့ယွီက ငုံ့ကြည့်လိုက်ပြီး cream puff အနည်းငယ် ထုတ်ယူလိုက်သည်။သူကိုယ်တိုင်အတွက် တစ်ခုစားပြီး ကျိယွီရှောင်အားကျွေးရန်လည်း မမေ့ခဲ့ချေ။


"ဒါက မင်းရှောင်လီကို အရင်ပြန်ပို့ရတဲ့

အကြောင်းရင်းလား" ကျိယွီရှောင်က လင်းလော့ချင်းအားမေးလိုက်သည်။


လင်းလော့ချင်း ခေါင်းညိတ်လိုက်၏ "အင်း"


ကျိယွီရှောင်ကတော့ သူရှောင်လီအား ထိုမုန့်လေး၀ယ်ရန်ရည်ရွယ်၍ အိမ်သို့အရင်ပြန်ပို့ခဲ့သည်ကို သေချာပေါက်မယုံကြည်ပေ။သို့သော်လည်း ထပ်မမေးတော့ဘဲ ပြောလာခဲ့၏"သွားဆေးကြောလိုက်ဦး ညစာစားရမဲ့အချိန် ရောက်နေပြီ"


"ကောင်းပြီ" လင်းလော့ချင်းထိုသူကို အပြုံးတစ်ချက်ပေးလိုက်ပြီး လင်းဖေးအား ပထမထပ်ရေချိုးခန်းသို့ ဆွဲခေါ်သွား၏။


စားသောက်ပြီးချိန်၌ ကျိမူရောက်လာခဲ့ပြီး တံခါးဘဲလ်ကို တီးလိုက်၏။


အန်တီကျန်းလည်း မည်သူဖြစ်ကြောင်း တစ်ချက်သွားကြည့်လိုက်ပြီး ထိုသူကိုတွေ့လျှင် ကျိယွီရှောင်အားတင်ပြရန် အိမ်ထဲသို့ပြန်၀င်သွား၍ "မစ္စတာကျိက အရှေ့တံခါးအပြင်ဘက်မှာ ရှိပါတယ်။သူက ဂုဏ်ပြုလက်ဆောင်လာပို့တာလို့လည်း ပြောပါတယ်"


ကျိယွီရှောင်က မနှစ်မြို့စွာ ရယ်မောလိုက်ပြီး"သူ့ကို ကျွန်တော့်အခန်းထဲလာဖို့ ပြောလိုက်ပါ"


"ကောင်းပါပြီ"


သူမပြန်လည်ဖြေကြားပြီးနောက် ကျိယွီရှောင်က wheelchairကို ကိုင်၍တွန်းသွားလိုက်၏။


လင်းလော့ချင်းက သူ၏အမူအရာများကို သတိထားမိလိုက်ပြီး သူ၏စာအုပ်ကိုပိတ်၍ မေးလိုက်သည် "ဘာတွေဖြစ်နေတာလဲ ဘယ်သူရောက်နေလို့လဲ"


"ကျိဟွိုက်ရဲ့ အစ်ကို"ကျိယွီရှောင်က ပြန်ဖြေရင်းနဲ့ သူ့အား ကြည့်လာခဲ့သည်။"သွားကြစို့၊ အခု မင်းရဲ့မဂႅလာလက်ဖွဲ့ကို လက်ခံရမဲ့အချိန်ပဲ"


လင်းလော့ချင်း ချက်ချင်းထရပ်လိုက်ပြီး ကျိယွီရှောင်ကို အိပ်ခန်းဆီသို့ အပြုံးလေးနှင့် တွန်းသွားပေးလိုက်၏။


ကျိမူ အိမ်ထဲ၀င်လိုက်ပြီးနောက် အတွင်းမှ ဓာတ်လှေကားတံခါးအား တွေ့လိုက်၏။


သူပြုံးတော့မလိုဖြစ်သွားပြီး စိတ်ထဲ၌မူ လျှို့၀ှက်စွာတွေးနေခဲ့၏။

'အဲ့ဒါပဲလေ ၊သူ့ခြေထောက်တွေက ဒီလိုတောင်ဖြစ်သွားပြီပဲ

သူဘယ်လိုလုပ် လှေကားတက်နိုင်ပါ့မလဲ'


သူလမ်းလျှောက်သွားပြီး ဓာတ်လှေကားထဲသို့ ၀င်၍

မြေညီထပ်ခလုတ်ကို နှိပ်လိုက်၏။


သူသည် ကျိယွီရှောင်၏အိမ်သို့ လာလေ့မရှိပေ။သူတို့၏ ဆက်ဆံရေးကလည်း သာမန်ဖြစ်ပြီး သူတို့လမ်းမှာတွေ့လျှင်ပင် ၀တ္တရားအရ 

နှုတ်ဆက်စကားပြောကြရုံသာဖြစ်၏။

တစ်ကယ်တမ်းဆိုလျှင် သူသည် ကျိယွီရှောင်ထက် ကျိယွီလင်နှင့်ပြောဆိုဆက်ဆံရန် ပိုနှစ်သက်လေသည်။


ကျိယွီလင်က နူးညံ့သိမ်မွေ့ပြီး အတိုးအလျော့လုပ်ပေးတတ်၏။သူက လူတွေရဲ့မျက်နှာကိုလည်း ထောက်ထားပေး၏။


သို့သော်လည်း ကျိယွီရှောင်ကမူ ကွဲပြား၏။ သူက မာနကြီးပြီးမောက်မာ၏။အကယ်၍ ထိုသူမကြိုက်သည့်တစ်စုံတစ်ရာကိုတွေ့ခဲ့လျှင် စကားအနည်းငယ်ပြောဖို့တောင်မှ အလုပ်ရှုပ်ခံမည်မဟုတ်ပေ။


ကျိမူဟာ တစ်ချိန်တုန်းက ကျိယွီရှောင်၏ သူတော်ကောင်းယောင်ဆောင်သော အပြုံးနှင့် အကြည့်တို့ကို တွေးမိ၍ မသက်မသာဖြစ်လာ၏။သို့သော် သိပ်မကြာခင်မှာပင် ပြန်လည်တက်ကြွလာခဲ့၏။


'သူ့ဘ၀သက်တမ်းတစ်၀က်လောက် မောက်မာခဲ့တော့ရော ဘာဖြစ်လဲ။နောက်ဆုံးတော့လည်း ဖုန်မှုန့်လို နိမ့်ကျသွားတာပဲ မဟုတ်လား'


'ခြေကျိုးက အရည်အချင်းမရှိတဲ့သူကို ဇနီးတော်ထားရတာ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ'


'မေ့လိုက်တော့ ဘယ်သူကဒီလို အနာဂတ်မရှိတဲ့သူကို ဂရုစိုက်လို့လဲ'ကျိမူက သူ၏အ၀တ်များကို ဆွဲဆန့်၍ ဓာတ်လှေကားမှ ထွက်လာခဲ့၏။


ကျိယွီရှောင်က သူ့ကို ၀ရန်တာ(လသာဆောင်)မှ စောင့်နေခဲ့ပြီး သူနှင့် အတူရှိနေသူမှာ လင်းလော့ချင်းဖြစ်၏။


သူက ပန်းများပြည့်နေသော ခြံ၀င်းသို့ငေးကြည့်နေရင်း

 မေးလိုက်သည်"ကျွန်တော်တို့ ဖေးဖေးနဲ့ ရှောင်ယွီအတွက် ပန်းခြံလေး လုပ်ပေးကြမလား"


ကျိယွီရှောင်မှာ မည်သည့်အမြင်မှ မရှိရာ"တကယ်လို့ မင်းတစ်ခုလုပ်ချင်ရင် လုပ်ပေးလိုက်ပါ၊ကလေးနှစ်ယောက်လည်း အတူတူကစားလို့ရတာပေါ့"


"ဒါဆို ကျွန်တော် သူတို့ကို ခဏနေကျရင် သွားမေးလိုက်မယ်နော်"


သူပြောပြီးရုံပဲရှိသေးချိန်မှာ သူတို့အနောက်၌ တံခါးခေါက်သံ ပေါ်ထွက်လာ၏။ ကျိမူ ၀င်လာခဲ့သည်။


လင်းလော့ချင်း လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် ယဥ်ကျေးရည်မွန်ပုံရသော အသွင်အပြင်နှင့်အမျိုးသားကို တွေ့လိုက်ရ၏။ထိုသူ၏ မျက်နှာသွင်ပြင်သည် ကျိဟွိုက်နှင့် ဆင်တူပေသည်။ထိုအမျိုးသားသည် ကျိဟွိုက်၏အကို ကျိမူပဲဖြစ်ရမည်။


လင်းလော့ချင်း ထိုလူအား တစ်ချက်ပြုံးပြလိုက်ပြီး ယဥ်ကျေးစွာ စကားဆိုလိုက်၏


"မဂႅလာပါ"


ကျိမူက သူ့အား တိတ်ဆိတ်စွာ စူးစမ်းနေခဲ့၏။ထိုလင်းလော့ချင်း၏ ရုပ်ရည်သည် အမှန်တကယ် ကြည့်ကောင်းလှပေသည်။ကျိယွီရှောင်တစ်ယောက် လူများစွာကို စိတ်၀င်စားမှုမရှိဘဲ သူ့အားလက်ထပ်ခဲ့တာလည်း အံ့သြစရာမရှိတော့ပါချေ။


ဒီလိုမျက်နှာမျိုးနဲ့ အပြောအဆိုချိုသာပုံတို့ကြောင့် လင်းချင်းလော့က မတော်တဆမှု၏ နောက်ဆက်တွဲဆိုးကျိုးများထံ၌ နစ်မြှုပ်နေဆဲဖြစ်သော ကျိယွီရှောင်အတွက်တော့ ဖက်တွယ်ထားရန်လိုအပ်သည့် ရေမျောသစ်တုံးလည်း ဖြစ်နိုင်ပေသည်။


"မဂႅလာပါ" သူပြုံး၍ပြောလိုက်၏ "ရှောင်ဟွိုက်က မရင့်ကျက်သေးဘဲ သူမဘာပြောနေလဲဆိုတာ သတိမထားမိလိုက်လို့ပါ။ လူကြီးမင်းလင်းအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ သူမမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိသလို လူကြီးမင်းကို ပြဿနာဖြစ်စေဖို့လည်း မရည်ရွယ်ပါဘူး"


ကျိယွီရှောင်က လှောင်ပြောင်ပြုံးလိုက်၏ "သူမက ၂၂နှစ်ရှိနေပြီကို မရင့်ကျက်သေးဘူးပေါ့။ ကျွန်တော်ထင်တာတော့ သူမက သူမပြောမိတာကို နားမလည်နိုင်တာမဟုတ်ပဲ ဦးနှောက်မရှိတာပဲ ဖြစ်ရမယ်။"


ကျိမူ :"....."


ကျိမူက wheelchair ပေါ်၌ ပျင်းရိနေဟန်ဖြင့် ထိုင်နေသောအမျိုးသားအား ငုံ့ကြည့်လိုက်သည်။

ထိုသူ၏လှပသော ဖီးနစ်မျက်လုံးများက အနည်းငယ်မြင့်တက်နေပြီး လှောင်ပြောင်သရော်မှုနှင့်ပြည့်နေခဲ့၏။


သူ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး ဤအရာကပဲ ထိုသူအား အားနည်းနိမ့်ကျနေစေသည်။


မတော်တဆမှုဖြစ်ပြီးသည်မှစ၍ ထိုသူဟာ အမြဲတစေ ဤသို့ပင် ဖြစ်နေခဲ့၏။ သူ၏ဒေါသကဆိုးရွားပြီး စိတ်အခြအနေကလည်း ခန့်မှန်း၍မရပေ။


သူသည် စကားကောင်းစွာပြောလေ့ရှိသော်လည်း ယခုအချိန်၌ တစ်စုံတစ်ယောက်အား လှောင်ပြောင်ပြောဆိုခြင်း မပြုဘဲမနေနိုင်ပုံရ၏။


ကောင်းကင်ကတိမ်အမြင့်ပေါ်မှ ဤအခြေအနေသို့ ပြုတ်ကျလာသော မည်သူမဆို ထိုသို့ယုံမှားသံသယလွန်ကဲကြပေလိမ့်မည်။


ကျိယွီရှောင်ကို လွှတ်ပေးလိုက်ပါ့မယ်လေ။


ထိုသူ

သည် လူများအား အမြဲတစေ ငုံ့ကြည့်လေ့ရှိခဲ့သည်မှာ မည်သူကိုမျှ ဂရုမစိုက်သလိုပင်။ ယခု၌ ထိုသူသည် wheelchairတွင်ထိုင်၍ အခြားသူများအား မော့ကြည့်နေရပေသည်။


သူကား မျက်နှာချင်းဆိုင်တောင်မကြည့်နိုင်ဘဲ မော့ကြည့်နေရုံပဲ တတ်နိုင်လေ၏။