အပိုင်း ၄၆
Viewers 25k

Chapter 46




အဖေကျိ၏မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားလေသည်။


သူ ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။


"ရှောင်၀မ် အစည်းအဝေးခန်းထဲကို ထိုင်ခုံတစ်လုံးလာပို့ပေး..."


“မလိုပါဘူး...” 


ကျိယွီရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။


“ဒီလိုလေးလည်း ကောင်းတာပဲကို...”


အဖေကျိ သူ့သားကို ကြည့်လိုက်ပြီး ဘာမှ မပြောပေ။‌


အချိန်အတော်ကြာပြီးနောက် အဖေကျိက ရုတ်တရက် ရယ်မောလိုက်ပြီး လင်းလော့ချင်းကို ကြည့်လိုက်သည်။


"မင်းရော အဲ့လိုထင်လား..."


အခြားတစ်ယောက်သာဆိုလျှင် ထိုင်ခုံ ထပ်‌ထည့်ရန် ပြောမည်ဖြစ်သော်လည်း လင်းလော့ချင်းက ကျိယွီရှောင် အပေါ်မတက်နိုင်မှန်း သိလျက်နှင့်တတိယထပ်တွင် တွေ့ဆုံပွဲလုပ်သည့် အဖေကျိကို မကျေနပ်ပေ။ ဤသို့ဖြစ်နေသည်မှာ နှစ်ကြိမ်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ လိမ္မာပါးနပ်သည့်သူ မဖြစ်ချင်ပေ။


သူ ပြုံးလိုက်ပြီး လက်ဖက်စိမ်းပုံစံဖြင့် ပြောလိုက်သည်။


"နောက်ထပ်ထိုင်ခုံတစ်ခုံ ထပ်ထည့်ရင် အဆင်မပြေဖြစ်လိမ့်မယ်...ကျွန်တော်ကတော့ ဒါက အတော်ကောင်းနေပြီထင်တယ်...အဖေ မစိုးရိမ်ပါနဲ့...အဖေ့ရဲ့စေတနာတွေကို ကျွန်တော် ခံစားမိပါတယ်...ရေးကြီးခွင့်ကျယ် လုပ်စရာ မလိုပါဘူး...ကျွန်တော်တောင် အ‌‌ဖေ့စေတနာတွေကို ခံစားမိတာ...တခြားလူတွေလည်း ခံစားမိမှာပဲ...ဘာပဲပြောပြော ဒီလူနဲ့ဒီလူပဲလေ...ယဉ်ကျေးနေဖို့ မလိုပါဘူး..."


သူ ပြောပြီးနောက် ကျိယွီရှောင်က ထပ်ပြောလိုက်သည်။


"ငါတို့အဖေကိုကြည့်...အရမ်း ဧည့်၀တ်ကျေလွန်းတယ်..."


ထို့နောက် အဖေကျိကို ပြန်ကြည့်လိုက်သည်။


"အဖေ ယဉ်ကျေးနေဖို့ မလိုပါဘူး...ဘာပဲပြော‌ပြော ဒါက ကိုယ့်အိမ်ကိုယ်ယာပဲလေ..."


'ဒါက သူ့အိမ်ပဲ...'


အဖေကျိ တွေးလိုက်သည်။


အဖေကျိ သူ့ကို ကြည့်လိုက်ပြီး အပြုံးတု ပြုံးပြလိုက်သည်။


ကျိယွီရှောင် ရယ်လိုက်ပြီး လင်းလော့ချင်းလက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ လင်းလော့ချင်းလက်ကို ညှစ်လိုက်ပြီး အဖေကျိကို ကြည့်လိုက်သည်။


"အဖေ ဘာဆွေးနွေးစရာရှိလဲ...အဓိကအချက်ကို အမြန်သွားကြရအောင်...နွေဦးညက ယွမ်ထောင်ချီတန်တယ်လေ...ကျွန်တော့်အချိန်ကို မနှောင့်နှေးစေပါနဲ့..."


အဖေကျိ:"!!!"


အဖေကျိ အလွန်ဒေါသထွက်သွားပြီး အံကြိတ်လုနီးပါး ဖြစ်နေလေသည်။


ဒါမျိုးကို စားပွဲဝိုင်းမှာ ပြောတယ်...


ဒီမြေခွေးကောင်က သူ့သားကို ဘာလုပ်လိုက်တာလဲ...


သို့‌သော် ကျိမူ၏အဖေ ကျိကျန်းယန်က ထိုစကားကို ကြားသောအခါ ထပ်မစောင့်နိုင်တော့သည့်အတွက် တိုက်တွန်းလိုက်သည်။


"အစ်ကိုကြီး အလုပ်ကိစ္စ အရင်ပြောကြရအောင်..."


"ဟုတ်တယ် ဦးလေး...အလုပ်ကိစ္စ အရင်ပြောကြရအောင်လေ..."


ကျိဟွိုက်လည်း တိုက်တွန်းလိုက်သည်။


အဖေကျိက အင်တင်တင်နှင့် လင်းလော့ချင်းကို ကြည့်နေသော သူ့အကြည့်ကို နေရာပြောင်းလိုက်သည်။


သူ အသက်ပြင်းပြင်း ရှုလိုက်ပြီး ‌သူ့‌ဆွေမျိုးများကို ပြောလိုက်သည်။


"ငါက ရှောင်ရှောင်ရဲ့နှုတ်ထွက်စာကို လက်ခံလိုက်ပြီး ကုမ္ပဏီကလည်း အဲ့ဒါကို အတည်ပြုလိုက်ပြီ...အခု အထွေထွေမန်နေဂျာရာထူး နေရာလွတ်နေပြီ...ပရော်ဖက်ရှင်နယ် ‌မန်နေဂျာတစ်‌ယောက်ကို ငှားလိုက်ရင် အဆင်ပြေမလား...ဒါမှမဟုတ် သင့်တော်တဲ့ တစ်ယောက်ယောက်ရှိလား..."


ဒုတိယအစ်ကိုနှင့် သဘောတူပြီးသားဖြစ်သည့် ကျိကျန်းချိုက်က ချက်ချင်း ‌၀င်ပြောလိုက်သည်။


"ရှောင်မူက ကုမ္ပဏီမှာ အလုပ်လုပ်နေတာ အတော်ကြာနေပြီမလား...ညီမကတော့ ရှောင်မူက‌ သင့်တော်မယ်ထင်တာပဲ..."


သူ့ချွေးမကလည်း ချက်ချင်း သဘောတူလိုက်သည်။


"ဟုတ်တယ်...အစ်ကို‌မူက သင့်တော်မယ်ထင်တယ်..."


တတိယညီကျိကျန်းကောင်းက ယင်းကို မကျေနပ်ပေ။


"ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်ငှားတာ ပို‌ကောင်းမယ်လို့ ထင်တာပဲ...ပရော်ဖက်ရှင်နယ်ကျတဲ့လူက အလုပ်ကို ပိုကောင်းကောင်းလုပ်နိုင်လောက်တယ်..."


“‌ရှောင်ကောင်း မင်းက ရှောင်မူက အလုပ်ကို ကောင်းကောင်းမလုပ်ဘူးလို့ ပြောချင်တာလား..."


ကျိကျန်းယန်က ကျိကျန်းကောင်းဘက် လှည့်ကာ ပြောလိုက်သည်။


ကျိကျန်းကောင်း ပြုံးလိုက်၏။


"ကျွန်တော်က အဲ့လိုသဘောပြောချင်တာ မဟုတ်ပါဘူး...ကုမ္ပဏီအတွက် တွေးပေးရုံပါ...


"ဘယ်သူက ကုမ္ပဏီအတွက် မတွေးပေးလို့လဲ...ကုမ္ပဏီအတွက် ရှောင်မူက အသင့်တော်ဆုံးပဲ...မိသားစု၀င်တွေထက် ဘယ်သူက ကုမ္ပဏီအတွက် ပိုတွေးပေးမှာလဲ..."


ဒုတိယညီနှင့်တတိယညီ၏ငြင်းခုံမှုကြားတွင် ကျိဟွိုက်နှင့်ကျိကျန်းချိုက်၏အသံလည်း ရောနှောပါ၀င်နေပြီး အလွန်သက်၀င်လှုပ်ရှားနေလေသည်။


လင်းလော့ချင်းက ယင်းမြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်နေလေသည်။


သူက အတော်ကြီးတဲ့ဖရဲသီး စားနေရတာပဲ...


သူ ဖရဲသီးစားနေစဉ် ကျိယွီရှောင်က သူ့လက်ကို ဆိတ်လာလေသည်။


လင်းလော့ချင်း နောက်လှည့်ကြည့်လိုက်သောအခါ ကျိယွီရှောင် ပြုံးနေသည်ကို မြင်လိုက်ရသည်။


"ကြည့်ရတာ ပျော်ဖို့ကောင်းလား..."


"ကောင်းတယ်..."


လင်းလော့ချင်း မှတ်ချက်ပေးလိုက်သည်။


ထို့နောက် ကျိယွီရှောင်က ဤနေရာမှ ထွက်သွားချင်သကဲ့သို့ ပြုံးပြလာလေသည်။


"ရှောင်ရှောင် မင်းဘယ်လိုထင်လဲ..."


ကျိကျန်းကောင်းက ကျိယွီရှောင်ကို ရုတ်တရက် အော်မေးလိုက်လေသည်။


"ငါ့ကိုပြော...ကျိမူက သင့်တော်မယ်ထင်လား..."


ကျိယွီရှောင်က သူ့တတိယဦးလေးကို ကြည့်လိုက်သည်။ ထို့နောက် အလွန်စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်နေယောင်ဆောင်နေသည့် ကျိမူကို ကြည့်လိုက်သည်။


"ကျွန်တော် ဂရုမစိုက်ဘူး..."


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


"အားလုံး အဆင်ပြေတယ်..."


ကျိကျန်းကောင်းက ကျိယွီရှောင်၏တုံ့ပြန်ချက်ကို မကြိုက်ပေ။


"ဘယ်လိုပြောလိုက်တာလဲ...မင်းအစ်ကိုက မင်းကို ကုမ္ပဏီကို စောင့်ရှောက်ပေးစေချင်တာ...အခု မင်း မသန်စွမ်းဖြစ်နေပေမဲ့ မင်းကိုယ်မင်း ဒီလို အရှုံးမပေးသင့်ဘူး..."


ကျိယွီရှောင်က ကျိကျန်းကောင်းကို သရော်လိုက်လေသည်။


"ဒီလိုဆို တတိယဦးလေးက အခု မတ်တပ်ရပ်နေနိုင်တယ်မလား...ကျွန်တော် ဦးလေးခြေထောက်တွေကို ကူချိုးပေးမယ်လေ...ပြီးရင် ဦးလေးကတိုက်ခိုက်ပြီး ချိုးနေတဲ့ခြေထောက်နှစ်ချောင်းနဲ့ မသန်စွမ်းဖြစ်နေရတာ ဘာမှပြဿနာမရှိဘူးလို့ ပြောပြလေ..."


ကျိကျန်းကောင်း : “……”


ထို့နောက် သူ့ရှေ့မှ လူများကို ကြည့်လိုက်ပြီး ရယ်သွေးသွေးကာ ပြောလိုက်သည်။


"အာလုံးက ဒါက ခြေထောက်နှစ်ချောင်းလောက်ပဲလို့ပြောတယ်...ဒါဆို ဘာလို့မတ်တပ်ရပ်နေကြသေးလဲ...ကျွန်တော်က ခင်ဗျားတို့ ပိုမြင့်တဲ့နေရာ မတက်ခင် အားလုံးရဲ့ခြေထောက်တွေကို ချိုးပေးမယ်လေ...ဘာပဲပြောပြော ခြေထောက်နှစ်ချောင်းပဲလေ...ခင်ဗျားတို့အတွက် အရမ်းလွယ်တယ်မလား..." 


အားလုံး တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ထားကြလေသည်။


ကျိယွီရှောင်က သူ့၏တိုက်ခိုက်လိုစိတ် ဆုံးရှုံးသွားပြီး ကုမ္ပဏီကို တကယ် မလိုချင်တော့ကြောင်းကိုကျိမူမြင်သောအခါ လူကောင်းဟန်ဆောင်ကာ ပြောလိုက်သည်။


"ရှောင်ရှောင် မှန်တယ်...တချို့လူတွေက သူတို့ရဲ့ပါးစပ်တွေကို ဘယ်လိုသုံးရမလဲမသိကြဘူး...ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ နာကျင်နေရတဲ့ တစ်ဖက်လူကို ထည့်စဉ်းစားပေးရမဲ့ရိုးရိုးရှင်းရှင်းကိစ္စကိုတောင် သူတို့ မသိကြဘူး...ဒါကြောင့် ကိုယ့်ကိုကိုယ်သာ အာရုံစိုက်သင့်တယ်...တခြားလူတွေအကြောင်း မပြောသင့်ဘူး..."


ကျိကျန်းကောင်း နှာ‌မှုတ်လိုက်သည်။


"ရှောင်မူ မင်း ငါ့ကို တိုက်ရိုက်သာ ပြောလိုက်...တခြားလူတွေလို့ ထည့်ပြော‌မနေနဲ့..."


"ကောင်းပြီ..."


အဖေကျိ အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။


"မဲပေးကြရအောင်...ရှောင်မူက အထွေထွေမန်နေဂျာဖြစ်လာမှာကို ဘဘောတူရင် လက်ထောင်လိုက်ကြ..."


လူဦးရေတစ်၀က်ကျော်ကျော်က လက်‌ထောင်လိုက်ကြလေသည်။ 


အဖေကျိ ခေါင်းငြိမ့်လိုက်သည်။


"ဒီလိုဆို ‌ရှောင်မူကိုပဲ ခက်ခဲစေရတော့မယ်..."


"ရပါတယ်..."


ကျိမူ ပြုံးလိုက်သည်။


"အားလုံးက ကုမ္ပဏီအတွက်ပဲဟာ..."


ကျိကျန်းကောင်း လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ထွက်သွားတော့မည်ဖြစ်သော်လည်း အဖေကျိက တားလိုက်လေသည်။


"ငါ့အတွက် ဆက်ထိုင်နေ..."


ကျိကျန်းကောင်းက တုံ့ဆိုင်းစွာ ပြန်ထိုင်လိုက်သည်။


"နောက်တစ်ခုရှိနေတယ်..."


အဖေကျိက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူ့အသံက အလွန်နူးညံ့နေသော်လည်း စကားလုံးများက မနူးညံ့ပေ။


"ရှောင်ရှောင် မင်း ကုမ္ပဏီကို ဂရုမစိုက်တော့ဘူး၊ မပံ့ပိုးပေးတော့ဘူးဆိုရင် မင်းလက်ထဲမှာ ရှယ်ယာတွေ အခု အရမ်းများနေတယ်...မင်းအစ်ကိုရဲ့ရှယ်ယာတွေ ငါ့ကို ပြန်ပေး..."


ကျိယွီရှောင်၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားလေသည်။ သူ့အဖေက ဤသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပုံပေါ်သည်။ သူ့မျက်နှာတစ်ခုလုံး အုပ်မှိုင်းသွားခဲ့သည်။


လင်းလော့ချင်းက ကျိယွီရှောင်၏စိတ်ခံစားချက်ပြောင်းလဲသွားမှုကို ချက်ချင်း သတိထားမိသောကြောင့် နောက်လှည့်ကြည့်လိုက်ပြီး ကျိယွီရှောင်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။


"ယွီရှောင်..."


ကျိယွီရှောင် သတိပြန်၀င်လာပြီး သူ့မျက်နှာအမူအရာက ပိုကောင်းလာလေသည်။


သူက ဝှီးချဲလ်ကို မှီလိုက်ပြီး ရေခဲသဖွယ် အေးစက်သောအသံဖြင့် ပြောလိုက်သည်။


"အဲ့ဒါကို မစဉ်းစားနဲ့..."


"ရှောင်ရှောင် အဲ့ဒါတွေက အရင်က..."


ထိုစဉ် တံခါးက 'ဝုန်းခနဲ'ပွင့်လာပြီး အဖေကျိ၏စကားကို အဆက်ဖြတ်လိုက်လေသည်။


"ထွက်သွား...” 


အဖေကျိက သူ့စကားစ ပြတ်တောက်သွားသောကြောင့် ပြင်းထန်စွာ အော်ပြောလိုက်သည်။


ကြောက်ရွံ့တကြားငိုကြွေးနေသည့် ကျိရှင်းက ထိုအသံကြောင့် ပိုမို‌ကြောက်ရွံ့သွားပြီး ပိုမိုကျယ်လောင်စွာ ငိုကြွေးလိုက်သည်။။ သူက သူ့အဖေကို အဆက်မပြတ် အော်ခေါ်နေကာ ကျိကျန်းချိုက်၏သား ကျိဟွမ်ဆီ ပြေးသွားလေသည်။


သူ့နောက်တွင် ကျိကျုံး၊ ကျိလဲ့ယွီ၊ လင်းဖေးနှင့်အခြားကလေးများ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြလေသည်။


လင်းလော့ချင်း မတ်တပ်ရပ်လိုက်ပြီး ဘာဖြစ်သွားသလဲကို သံသယဖြစ်စွာ လျှို့ဝှက်တွေးတောနေလေသည်။


“ဘာဖြစ်လို့လဲ...” 


ကျိဟွမ်က အော်ငိုနေ‌သော သူ့သားကို ကြည့်ကာ သောကရောက်နေလေသည်။


"မင်းကို ဘယ်သူ အနိုင်ကျင့်တာလဲ..."


ကျိရှင်းက ကျိလဲ့ယွီကို ညွှန်ပြလိုက်သည်။


"သူက သားကို အနိုင်ကျင့်တာ...သူ သားကို ရေထဲ တွန်းချပြီး ရေနှစ်သတ်ချင်နေတာ..."


ထိုအခါမှ ကျိဟွမ်က ကျိရှင်း၏အ၀တ်အစားများ စိုစွတ်နေကြောင်း သတိထားမိသွားသည်။


လင်းလော့ချင်း အံ့ဩသွားပြီး ကျိလဲ့ယွီကို ကြည့်လိုက်လေသည်။


ကျိလဲ့ယွီက တံခါး၀တွင် ရပ်နေပြီး သူ့မျက်လုံးထဲ၌ နာကျည်းမှုများ ပြည့်နေလေသည်။ သူ့၏လှပ‌သောမျက်နှာက တင်းမာနေပြီး နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားလေသည်။


ကျိလဲ့ယွီ၏အ၀တ်အစားများကလည်း စိုစွတ်နေသည်ကို လင်းလော့ချင်း သတိထားမိလိုက်သည် 


"သား မတွန်းချဘူး..."


ကျိလဲ့ယွီ ရှင်းပြလိုက်သည်။


"သားက သူ့ကို ကယ်ခဲ့ဝာာ...သူက ရေထဲ သူ့ဖာသာ ပြုတ်ကျသွားလို့ သူ့ကို ရေထဲက ဆယ်ပေးခဲ့တာ...ဒါပေမဲ့ သူက လူကြီးတွေ သူ့ကို ဆူမှာကို ကြောက်ပြီး သူ့ကို တွန်းချတယ်‌လို့ ပြောနေတာ...သား သူ့ကို ကယ်ပေးခဲ့တဲ့ဟာကို..."


ပြောပြီးနောက် မျက်နှာထက်တွင် မျက်ရည်များ ကျလာသောကြောင့် ကျိလဲ့ယွီ ခေါင်းငုံ့လိုက်ပြီးမျက်ရည်များကို သုတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ အလွန်၀မ်းနည်းနေပုံပေါ်လေသည်။


ကျိရှင်းက မိသားစုထဲတွင် ရိုင်းစိုင်းသည့်ကလေးအဖြစ် လူသိများလေသည်။ ကျိရှင်းက လူများကို နေ့တိုင်း ပြဿနာရှာသောကြောင့် ကျိဟွမ်ကအမြဲလိုက်ရှင်းပေးရသည်။


အဖေကျိက ထိုစကားကို ကြားသောအခါ ကျိရှင်းကို ဒေါသထွက်စွာ ကြိမ်းမောင်းလိုက်သည်။


"မင်း အမှားလုပ်ခဲ့ဝာာကို ဘာလို့ မင်းညီကို လွှဲချနေတာလဲ...မင်းက ဘယ်လိုလဲ...ရှောင်ယွီက ဘယ်လိုလဲဆိုတာကို လူတိုင်းသိတယ်...ပြီးတော့ ရှောင်ယွီက အသက်ဘယ်လောက်ရှိပြီမို့လို့ မင်းကိုတွန်းချနိုင်ရမှာလဲ..."


“ကျိဟွမ် မင်းသားကို ခေါ်သွား...မင်း သူ့ကို ကောင်းကောင်း မဆုံးမပေးနိုင်ရင် ဒီကို ထပ်မလာနဲ့တော့..."


ကျိရှင်းက အဆူခံရမည်ဟု မမျှော်လင့်ထားသောကြောင့် ထပ်မံအော်ငိုလာလေသည်။


ကျိဟွမ် မတ်တပ်ရပ်လိုက်ပြီး ကျိရှင်းကို ခေါ်သွားလိုက်သည်။ ကျိမူက သူတို့၏ထွက်သွားသည့် ပုံရိပ်များကို ကြည့်နေပြီး တစ်ခုခု တွေးမိသွားကာ မေးလိုက်သည် 


"ရှောင်ကျုံးက အောက်ထပ်မှာ မဟုတ်ဘူးလား...မင်း အဲ့ဒါကို မြင်လား..."


“ဘာကို ဆိုလိုချင်တာလဲ...”


ကျိယွီရှောင် အေးစက်စွာ ပြောလိုက်သည်။


"ရှောင်ယွီက သူ့ကို တွန်းချလိုက်တယ်လို့ ထင်နေတာလား..."


"အဲ့လို မထင်ပါဘူး..."


ကျိမူ အလောတကြီး ပြောလိုက်သည်။


"ငါ တွေးမိတာက..."


"ဘာမှမထင်တာ ပိုကောင်းတယ်..."


ကျိယွီရှောင် ဖြတ်ပြောလိုက်သည်။


"မင်း အဲ့လိုထပ်‌တွေးရင် ငါလည်း ထပ်တွေးရမှာပေါ့...ပရော်ဖက်ရှင်နယ်မန်နေဂျာတစ်ယောက်က ပိုကောင်းတယ်လို့ ငါထင်တယ်...မင်းရော ဘယ်လိုထင်လဲ..."


ကျိမူ : “……”


သူ ပါးစပ်ပိတ်ထားလိုက်သည်။


“ရှောင်ရှောင်.. ရှောင်မူက…”


“ဒုတိယဦး‌လေး... ပရော်ဖက်ရှင်နယ်မန်နေဂျာ တစ်ယောက်က တော်ရမယ်မလား..."


ကျိယွီရှောင် ရယ်မောလိုက်သည်။


"ဒီနေရာမှာ ဒုတိယဦးလေးနဲ့တတိယဦးလေးက အမြင်ချင်းတူမယ်ထင်တယ်..."


ကျိကျန်းကောင်း ရယ်မောလိုက်သည်။


ကျိကျန်းယန် ခေါင်းလှည့်လိုက်ပြီး စကားစ ရပ်လိုက်သည်။


ကျိယွီရှောင်၏နှလုံးသားထဲမှ ဒေါသများ ပျောက်ကွယ်သွားချိန် သူ့အဖေ၏အသံကို ကြားလိုက်ရလေသည်။


"ရှောင်ကျုံး ဘာဖြစ်သွားတာလဲ ငါ့ကို ပြောပြ..."


ကျိယွီရှောင် အဖေကျိကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများပြည့်နေလေသည်။


သူ့အဖေက ထိုမေးခွန်းကို မေးလာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ခဲ့ချေ။


..........



မိသားစု၀င်များ---


အဖေကျိ -သားအကြီးဆုံး။ ကျိယွီလင်နှင့် ကျိယွီရှောင်ဆိုသော သားနှစ်ယောက်ရှိ။


ကျိကျန်းယန် :ဒုတိယသား။ သား ကျိယွမ်နှင့်သမီးကျိဟွိုက်ရှိ။


ကျိကျန်းချိုက် : မောင်နှမလေးယောက်ထဲတွင် တစ်ဦးတည်းသော သမီး။ ခင်ပွန်းနှင့် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိ။ သားက ကျိဟွမ်၊ မြေးက ကျိရှင်း(ကျိဟွမ်၏သား)


ကျိကျန်းကောင်း : တတိယသား