အပိုင်း ၄၁
Viewers 12k

"ငါ အမှန်တိုင်းပြောမယ်..."
"ကောင်းပြီ..."
မုကျိအန်း ကသက်ပြင်းချပြီးပြောလိုက်သည်။
"မင်းယောကျာ်းလေးတွေကိုသဘောကျတယ်မဟုတ်ဘူးလား..."
"မင်းသိရဲ့သားနဲ့မေးနေသေးတယ်..."
စစ်ကျွင်းတောက်ကအေးအေးဆေးဆေးပြန်ပြော၏။
"ဝမ်မင်ယီလည်းယောကျာ်းလေးတစ်ယောက်ပဲလို့မင်းတွေးဖူးလား တကယ်တမ်းမင်းသူ့ကိုသဘောကျနေတယ်လို့များခံစားရဖူးလား..."
စစ်ကျွင်းတောက်က မုကျိအန်း တစ်ခုခု ပြောမယ်လို့ထင်ပေမဲ့ ဒီလိုစကားမျိူးထွက်လာသောကြောင့် သူ မုကျိအန်း ကိုကြည့်၍ခပ်တည်တည် ပြန်ပြော လိုက် သည်။
"ဒါပေါ့...ငါသူ့ကိုသဘောကျတယ်လေ...ငါကသူ့အကို ငါသူကို့ဘယ်လိုများသဘောမကျပဲနေမှာလဲ..."
" မင်းတကယ်ပဲတုံးအနေတာလား တုံးချင်ယောင်ဆောင်နေတာလား.....ငါပြောနေတာ မင်းတို့နှစ်ယောက်ကြားကအချစ်ကိုမဟုတ်ဘူး.....ချစ်သူတွေကြားက အချစ်ကိုပြောနေတာကွ...မင်းကယောကျာ်းလေးတွေကို ကြိုက်တယ်.... ဝမ်မင်ယီကယောကျာ်းလေး.... အဲတော့မင်းသူ့ကို ကြိုက်နေတာ..."
"ဒါ ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုပညာကို မင်း သင်ထားတဲ့ပုံစံလား..."
စစ်ကျွင်းတောက်က မျက်ခုံးပင့်လိုက်ပြီးဆက်ပြောသည်။
"အကြောင်းပြချက်သေးသေးလေးကနေ အကြီးကြီးချဲ့ မပြောလို့မရဘူးလား...ငါယောကျာ်းလေးတွေကို ကြိုက်တာနဲ့ ပဲ ငါမင်းကိုကြိုက်တယ် လို့ ကောက်ချက်ချမှာလား..."
မုကျိအန်း : "..."သူ ဒီလို ပုပ်ပွနေတဲ့သစ်သားတုံးကြီးကို စကားဆက်မပြောချင်တော့ဘူးးးး ! ဒါကအဓိကအချက်မဟုတ်ဘူးလေ... ! သူ့ကိုကူညီရတာ ကျောက်တုံးကိုဆီညစ်နေရသလိုပဲ။ ကံမကောင်းစွာနဲ့ ကျောက်တုံးထဲကနေ ဆီတော့ထွက်မလာခဲ့ဘူးပေါ့ ။ ဒါကို စစ်ကျွင်းတောက်က သူ့ရဲ့ အကူအညီကို လှောင်တယ်ပေါ့လေ...
မုကျိအန်း သူ့ကိုဆက်ပြီးဂရုစိုက်မနေချင်တော့ဘူးးး! ပုပ်နေတဲ့သစ်သားကို ထွင်းထုလို့ရမှာမဟုတ်ဘူးးးး! နွားချေးနဲ့ နံရံဆောက်လို့မရဘူးးး! Chaoတွေကိုသာ အပေါက်ခုနှစ်ပေါက်ဖြစ်အောင်
တူးထုတ်လို့ရချင်ရမယ် စစ်ကျွင်းတောက် ခေါင်းထဲကနေတော့ဘာမှတူးထုတ်လို့ရမှာမဟုတ်ဘူး... ဘိုင့်ဘိုင်ပဲ...
မုကျိအန်း သူ့ရဲ့ထိုင်ခုံပေါ် မှီရင်းလိုက်ရင်း ဒေါသတကြီးပြောသည်။
"မောင်းတော့.. ငါမင်းနဲ့စကားမပြောချင်ဘူး..."
စစ်ကျွင်းတောက်သူ့ရဲ့အမွှေးထူတဲ့မျက်နှာ ကို တစ်ချက် ကြည့်လိုက်ပြီးကားပြန်စမောင်းလိုက်သည်။
မုကျိအန်း ဘာကိုဆိုလိုချင်မှန်းသူသိပါ၏။ ဒါပေမဲ့ သူသိတော့ရော ဘာလုပ်နိုင်မှာလဲ....
ဝမ်မင်ယီကသူနဲ့မတူပေ.... ဝမ်မင်ယီက မိန်းကလေးတွေကိုပဲ သဘောကျသည်...
သူကhomosexualတွေကို ခွဲခြားမဆက်ဆံသော်ငြား gayလည်းမဟုတ်ချေ။ သူက ယောကျာ်း လေးတွေအပေါ်နည်းနည်းလေးမျှ စိတ်ဝင်စားမှုမရှိပေ။
ထို့ကြောင့် သူဝမ်မင်ယီကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ် အရေးမပါတော့ပေ။အဘယ်ကြောင့်ဆိုသော် သည်အတွက်ရလဒ်ကား လုံးဝရှိမနေသောကြောင့်ပင်.....။ သူမည်သို့ပင်ဝမ်မင်ယီကို သဘောကျနေပါစေ ဝမ်မင်းယီရဲ့ဘေးတွင် အစ်ကိုတစ်ယောက်နေရာဖြင့်သာနေရင်း ဂရုစိုက်ပေးရုံသာ တတ်နိုင်၏။
ဒီနေရာသည်သာလျှင် လက်ရှိတွင် သူ့အတွက်
အလုံခြုံဆုံးနဲ့ အသင့်တော်ဆုံးအနေအထားဖြစ်လေသည်။
မုကျိအန်းနောက်ကြည့်မှန်ကို မော့ကြည့်လိုက်ပြီး
မှန်ထဲရှိ စစ်ကျွင်းတောက်ရဲ့ တည်ငြိမ်ပြီးအမူအရာကင်းမဲ့နေသော ပုံစံကိုကြည့်ကာ မေးလိုက်သည်။
"မင်း ငါပြောချင်တဲ့အဓိပ္ပါယ်ကို တကယ်တော့သိနေတယ်မလား...မင်းကတုံး,အ,မနေဘူး.... ငါဒီလောက်ရှင်းရှင်းလင်းလင်းပြောနေတာတောင် ငါဘာပြောနေမှန်း မင်းနားမလည်သေးတာလား..."
စစ်ကျွင်းတောက် ကသက်ပြင်းချကာပြောလာသည်။
"ငါဘယ်လိုလူမျိူးနဲ့မဆို ချစ်ကြိုက်လို့ရတယ်...ဒါပေမဲ့... အဲ့ထဲမှာ....မင်မင်တော့မပါဘူး..."
မုကျိအန်း နားမလည်နိုင်စွာမေးလိုက်သည်။
"ဘာလို့လဲ... "
"ငါသူ့ကို မပြောပြချင်လို့..."
စစ်ကျွင်းတောက်က အကျိူးအကြောင်းသင့်စွာဆက်ပြောပြန်သည်။
" သူကငါနဲ့မတူဘူး...သူကမိန်းကလေးတွေကိုပဲသဘောကျတယ်....အဲ့ဒါကြောင့် သူ... မိန်းကလေးတစ်ယောက်ကိုရှာတွေ့ ပြီးလက်ထပ်နိုင်ဖို့...၊ ပြီးရင် ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံနေသွားနိုင်ဖို့ပဲ... ငါမျှော်လင့်တယ်...ဒီလောက်ဆိုလုံလောက်ပါပြီ..."
မုကျိအန်း မျက်မှောင်ကြုတ်ကာမေးလိုက်၏။
"မင်းသူ့ကို သဘောကျနေရင်တောင်မှလား..."
"ငါသူ့ အပေါ်ထားတဲ့မြတ်နိုးမှု က...အစ်ကိုတစ်ယောက်ရဲ့သူညီလေးအပေါ်ထားတဲ့...အချစ်လိုမျိုးပဲ... "
"မင်းကအဲ့လို့မျိုး...ဟုတ်ကိုမဟုတ်တာ..."
မုကျိအန်းတစ်ယောက် ဒီလူပြောရခက်လွန်းတယ်လို့ ခံစားနေရသည်။
"မင်းတို့နှစ်ယောက်က ညီအကိုအချစ် လုံးဝကို ဟုတ်မနေဘူး...မင်းတို့ကဒီအတိုင်းချစ်နေကြတဲ့ဆိုရှယ်လစ်ညီအကိုတွေပဲ..."
(T/Nတရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဆိုရှယ်လစ်ဝါဒကျင့်သုံးသော နိုင်ငံဖြစ်သောကြောင့် ဆိုရှယ်လစ်ညီအကိုဟုဆိုလိုခြင်းဖြစ်သည်)
"မင်း..တွေးလွန်းနေပြီ..."
" မင်းကသာ..လျော့တွေးနေတာ..."
"ဖြစ်နိုင်တယ်...ဖြစ်နိုင်တယ်..."
စစ်ကျွင်းတောက် ဆက်ပြီးငြင်းခုံဖို့အတွက် စိတ်မပါတော့ချေ။
"ရှင်းရှင်းပြောရရင် အခုငါဒီအကြောင်းကို ဆက်မစဉ်းစားချင်တော့ဘူး...ဒီခေါင်းစဉ်ကိုဒီမှာပဲရပ်လိုက်တော့...မင်းကို မင်မင်နဲ့ပတ်သတ်ပြီး ဆက်ပြောခွင့်မပြုတော့ဘူး...အိုခေလား..!"
တစ်ဖက်လူကဤသို့ပြောလာသည်တွင်.. မုကျိအန်း အနေနှင့် ကူရာမဲ့စွာဖြင့်"အင်း..ငါသိပါပြီ"ဟုသာပြောရုံရှိသည်။
စစ်ကျွင်းတောက်သည် မုကျိအန်း ကိုအိမ်ပြန်ပို့ပြီး ကားပြန်လှည့်ကာကုမ္ပဏီကို မောင်းလာခဲ့သည်။
မုကျိအန်း လည်း ကားထွက်သွားသည်ကိုကြည့် ပြီးသည်နှင့် ခေါင်းကိုငုံ့ကာ ကျိုးရန်ဆီသို့ Wechat ကနေစာတစ်စောင် ပို့လိုက်သည်။ သူ့ညီအကိုကောင်း ရဲ့ ခေါင်းမာပြီးအစာမစားဘဲနေမှကြောင့်သက်ပြင်းချမိလေသည်။ သူကသူ့ရဲ့အစားအစာတွေကိုငါကိုပေးပြီး ခေါင်းမာမာနှင့် ပြောလိုက်သေး၏။ မစားနဲ့နော် ...ငါဗိုက်မဆာဘူး....!ဟူ၍ပင်။
(နေဦးဟ...!သူအခုမစားဘူးဆိုရင်... နည်နည်းကြာတာနဲ့ အနံ့ကောင်းကောင်းေ ရသွားပြီဆိုရင် သူကသူများတွေထက်ပိုပြီး မြန်မြန်စားနိုင်မှာ...)
(အမလေး..သူ အစားနံ့ရတဲ့ အချိန်မှာ ထမင်းကုန်သွားမှာစိုးရတယ်...အဲ့လိုဆ်ိုရင် သူတော်တော်လေးကြေကွဲ နေမှာပဲ.. )
ကျိူးယန် သူရဲ့Wechatကိုကြည့်ရင်း သူအများကြီးတွေးပူမိနေသည်ဟုခံစားလိုက်ရ၏။
......
ဝမ်မင်ယီ သည်စစ်ကျွင်းတောက်ကို နှုတ်ဆက်ပြီး မိတ်ကပ်လိမ်းရန် အဝတ်လဲခန်းထဲဝင်သွားလိုက်သည်။ မိတ်ကပ်လိမ်းပြီးသောအခါ ချန်လု ၊ သူရဲ့ လက်ထောက်တို့နှင့် အတူ အဝတ်အစားရွေးရန် အဝတ်လဲခန်းသို့ ထပ်သွားရာတွင် ရှုကျင်းကျဲ ကိုပါ တွေ့လိုက်ရ၏။
သူဝင်လာတာကိုမြင်သည်နှင့် ရှူကျင်းကျဲက စပြောလာသည်။
" ငါမင်းနဲ့ ..နှစ်ယောက်တည်း စကားပြောချင်တယ်..."
သူတို့ကိုအဝတ်အစားရွေးချယ်သည့်နေရာတွင် တာဝန်ယူကူညီပေးသော အဝတ်အစားဒီဇိုင်နာ ကဒီမှာရှိမနေမှန်း ဝမ်မင်ယီသတိထားမိလိုက်၏။
သူဝင်မလာခင် ဒိအခန်းထဲမှာ ရှုကျင်းကျဲတစ်ယောက်ထဲရှိနေသည်ပင်။
ထို့ကြောင့် ရှူကျင်းကျဲက သူ့ကိုစောင့်နေမှန်းသိသာသည်။
သူ ချန်လုတို့ဘက်လှည့်ပြီးပြောလိုက်၏။
"အရင်ဆုံးထွက်လိုက်ကြဦး.."
ချန်လုက အနည်းငယ်စိတ်ပူနေပြီး ပူပန်မှုများပြည့်နေ သောမျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ထို့နောက် ရှူကျင်းကျဲကိုကြည့်လိုက်ကာ မေးလိုက်သည်။
" ဘာလို့ ငါတို့ရော နားထောင်လို့ မရတာလဲ..."
ရှုကျင်းကျဲက ပြန်မဖြေချေ ။
ဝမ်မင်ယီ လှည့်လိုက်ပြီး ချန်လုပုခုံးကိုဖိ ကာအပြင်ကို အသာအယာတွန်းလိုက်သည်။
"အဆင်ပြေပါတယ် အစ်မချန် ....စိတ်မပူနဲ့.. ရတယ်"
ချန်လုက ဝမ်မင်ယီကို ရှူကျင်းကျဲနဲ့ နှစ်ယောက်ထဲနေခိုင်းဖို့စိတ်မချနိုင်ပေ ။ ဝမ်မင်ယီသူမကို တံခါးအပြင်တွန်းထုတ် လိုက်သည်နှင့် သူမ ဖုန်းထဲကအသံဖမ်းစက်ကို တိတ်တိတ်လေး ဖွင့်ကာ သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲကို တံခါးအရိပ်ကွယ်ပြီးထည့် ပေးလိုက်သည်။
"တစ်ခုခုဆိုရင် အစ်မကိုသာလှမ်းခေါ်လိုက်နော်...အစ်မအပြင်မှာရှိနေမယ်"
ဝမ်မင်ယီ လည်းသူမရဲ့လှုပ်ရှားမှုသေးသေးလေးကို သတိထားမိပြီးပြီး တော်လိုက်တဲ့အစ်မချန်လို့ပြောလိုက်၏။ သူ ခေါင်းငြိမ့်ပြပြီး...'စိတ်မပူနဲ့ " လို့ပြောကာ တံခါးကိုပိတ်လိုက်သည်။
ယခု သူနဲ့ ရှူကျင်းကျဲ နှစ်ယောက်ထဲပဲ အဝတ်လဲခန်းကြီးထဲမှာရှိတော့သည်။
ဝမ်မင်ယီ လမ်းလျှောက်လာပြီး အဝတ်ချိတ်တဲ့စင်ကို မှီကာပြောလိုက်သည်။
"အခု မင်းပြောလို့ရပြီ..."
ရှူကျင်းကျဲ ညကကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ မုကျိအန်း နှင့် ဝမ်မင်ယီ့အစ်ကိုတို့ရဲ့ရုတ်တရတ်ပေါ်လာမှုက သူ့ရဲ့အစီအစဉ်ကို လုံးဝပျက်စီးသွားစေပြီး သူကို့တုန်လှုပ်သွားစေသည်။သူတစ်ညလုံး စဉ်းစားပြီး ဝမ်မင်ယီ နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်၏။
"မင်းအဖွဲ့ထဲကို စဝင်တုန်းကအချိန်တွေတုန်းက ငါမင်းကို အားမနာခဲ့ဘူး... "
ရှုကျင်းကျဲ ကပွင့်ပွင့်လင်းလင်းပြောလာသည်။
ဝမ်မင်ယီက ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။
"အင်း"
"မင်းနဲ့ငါက အတိတ်တုန်းက အာဃာတတွေမရှိခဲ့ဖူးဘူး....ခုလတ်တလောမှာလည်း မရှိဘူး....မင်းရဲ့ကျော်ကြားမှုနဲ့ အနေအထားကလည်း ငါ့လောက်မကောင်းဘူး....မင်းကိုဖိနှိပ်ဖို့က ငါ့အတွက်မလိုအပ်ဘူး..."
"အဲတော့ မင်းကဘာပြောချင်တာလဲ..."
ဝမ်မင်ယီကမေးလိုက်တယ်
"တခြားလူတွေကို အဝေးပို့ပြီး... ငါ့ကိုတစ်ယောက်တည်း ချန်ထားခိုင်းတာက ..ဒါပြောဖို့အတွက်တင်လား..."
ရှုကျင်းကျဲက တရားမှတ်နေ သလိုမျိူး မျက်လုံးကို အောက်သို့နှိမ့်ကြည့်လိုက်ရင်း တုန့်ဆိုင်းနေချေ၏ ။ ခဏအကြာမှ သူရဲ့မျက်လုံးတွေကိုတဖန်ပင်ကြည့်လိုက်ရင်း ကူရာမဲ့နေတဲ့လေသံဖြင့် ဒီစကားဝိုင်းရဲ့ အဓိကအချက်ကိုပြောလာသည်။
"မင်း ဝမ်ပေါ်ကို ဆန့်ကျင့်မိသေးလား..."
ဝမ်မင်ယီအံ့အားသင့်သွား၏။ ဒါသူမျှော်လင့်ထားသလိုမျိူး မဟုတ်ပေ။သူ ရှူကျင်းကျဲ ကသူ့ကိုဘာပြောလာမလဲဆိုတာ စဉ်းစားဖူးသည်။ သူအဲ့လို့ရည်ရွယ်တာမျိူး မဟုတ်ပါဘူးလို့ပြောလာမည်...သူမှားပါတယ်လို့ပြောမည်....ဒီလိုမျိူးနောက်တစ်ကြိမ်ဆိုတာ မရှိစေရပါဘူးလိုပြောမည်...ထိုသို့ဖြစ်နိုင်ချေတွေအများကြီးတွေးခဲ့သော်လည်း ရှုကျင်းကျဲက သူ့ကိုဝမ်ပေါ်နဲ့ပတ်သတ်ပြီး ပြောလာလိမ့်မည်လို့တော့ သူမထင်ထားခဲ့ချေ။
ဖျော်ဖြေရေးလောကဆိုသည်ကား နာမည်ကျော်ကြားမှုနဲ့အကျိူးအမြတ်နောက်ကို လိုက်ကြသည့်နေရာတစ်ခုဖြစ်၏။ ရေပန်းစားမှုနောက်ကိုလိုက်ပြီး အနိမ့်အမြင့်တို့ကို ကိုးကွယ်ခြင်းသည်ကား ဤနေရာတွင် ပုံမှန်လိုပဲဖြစ်သည်။ ထို့ကြောင့် ရှုကျင်းကျဲ သူ့ဒုက္ခသူရှာခြင်းမှာ အသက်ငယ်ငယ်နှင့်သူရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုစတင်ခါစဖြစ်၍ မှားယွင်းလုပ်ဆောင်မိခြင်း ဟုအမြဲလိုလို ထင်မိခဲ့၏။ ယခုမူ ထိုသို့ဖြစ်ပုံမရပေ။
ဝမ်မင်ယီရဲ့အမူအရာကိုကြည့်ကာ ရှူကျင်းကျဲ ကသူမှန်သွားမှန်းသိလိုက်သည်။
"ငါပြောသလိုပဲ...ငါ့မှာမင်းနဲ့ အတိတ်တုန်းကလည်း အာဃာတတွေမရှိခဲ့ဖူးဘူး...လတ်တလောကာလမှာလည်း မရှိဘူး....မင်းကိုအရှက်ရစေဖို့က ငါ့ အတွက်မလိုအပ်ဘူးလေ... ဒိါပေမဲ့..တခြားတစ်ယောက်ကငါ့ကို မင်းကိုအရှက်ရစေချင်တယ်ဆိုရင်တော့ ...ဒါကတခြားကိစ္စတစ်ခုဖြစ်သွားပြီ..."
"မင်းက ဝမ်ပေါ်ကိုသိတာလား.."
"ငါသူ့ကို ပါတီတစ်ခုမှာတွေ့ခဲ့တယ် ....ခွက်ရေတော်တော်များများသောက်ပြီးတော့...ငါသူ့ကိုဆက်သွယ်ဖို့အချက်အလက်တွေပေးခဲ့လိုက်တယ်..."
"အဲ့တော့...ငါကမင်းနဲ့တစ်ဖွဲ့တည်းမှန်း သူသိပြီး..
ငါ့ကိုသင်ခန်းစာပေးဖို့ မင်းကိုဆက်သွယ်ပြီးပြောတယ်ပေါ့.."
ရှုကျင်းကျဲ ခေါင်းငြိမ့်ပြ သည်။
ဝမ်မင်ယီက ကိုယ်ကိုမတ်မတ်ရပ်ပြီး ပြောလိုက်သည်။
"မင်းသူ့အတွက်လုပ်ပေးဖို့ဆန္ဒရှိတယ်ဆိုကတည်းက....မင်းကို သူတောင်းဆိုလို့လို့ဒါမှမဟုတ်သူ့ကိုကြောက်နေလို့ဆိုတာ သေချာတယ်လေ....
ဒါဆို မင်းသူ့ကို သစ္စာမဖောက်သင့်ဘူးမလား..."
ရှူကျင်းကျဲ ကသူ့ကိုယ်သူ ရယ်လိုက်ရင်းပြောလာခဲ့ပါ၏။
"သူကငါ့ကို တောင်းဆိုခဲ့တာ..ပြီးတော့
ငါ့မှာသူ့ကိုငြင်းပယ်နိုင်စွမ်းမရှိဘူး ...ဒါပေမဲ့ ငါမင်းကိုလည်း မထိပါးနိုင်ခဲ့ဘူးမလား.."
သူက ဝမ်မင်ယီ ကိုကြည့်ရင်းစကားဆက်လာသည်။
"မင်း..မုကျိအန်း နဲ့သိမှန်းလည်း ငါမသိခဲ့ဘူး....ငါသာသိရင်...အစောကတည်းက ငါသူ့ကိုသဘောတူမှာမဟုတ်ဘူး....မနေ့ကမုကျိအန်း အလုပ်ကိုလာလည်တော့ မင်းအစ်ကိုက မင်းကို စိတ်မချဖြစ်နေ လို့ သူ့ကိုခေါ် ပြီးတစ်ချက်လောက်လာကြည့်တာလို့ပြောတယ်...အဲ့ဒါကြောင့် မုကျိအန်းက မင်းထက်မင်းရဲ့အစ်ကိုနဲ့ ပိုရင်းနှီးမှန်းသိသာတယ်...မင်း ကျောက်ယန်နဲ့ လက်မှတ်ထိုးနိုင်ခဲ့တာလည်း အဲ့ဒါကြောင့်ပဲ....မင်းအစ်ကိုက ရိုးရှင်းပုံမရဘူး....မုကျိအန်းကလည်း လွယ်ကူတဲ့လူမဟုတ်ဘူး...ဝမ်ပေါ်တစ်ယောက်အတွက်နဲ့တော့ ငါလက်လှမ်းမမှီတဲ့လူနှစ်ယောက်ကို မဆန့်ကျင်နိုင်ဘူး....ဒါကတွက်ချေမကိုက်ဘူးလေ.."
"ဒါကြောင့်မို့ မင်းကသတင်းလာပေးဖို့ဆုံးဖြတ်လိုက်တယ်ပေါ့လေ..."
"ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်တော့ဘူး...မင်းရဲ့အရှုပ်အထွေးတွေထဲမှာ ငါရောမပါချင်ဘူး...
ငါမင်းကို အကြောင်းအရင်းအမှန်ကိုပြောပြပြီးပြီလေ...ငါတို့ကြားမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားရင်တောင်... ငါမင်းကို ထပ်ပြီးအရှက်ခွဲတော့မှာမဟုတ်ဘူး....အဲ့လိုမျိူးပဲ...မုကျိအန်း နဲ့မင်းအစ်ကိုကိုလည်း ဘာမှမလုပ်စေချင်ဘူး "
"ဝမ်ပေါ်အတွက်ကတော့... မင်းကထက်မြတ်တဲ့လူတစ်ယောက်ပါ...ငါ့သူကိုသစ္စာဖောက်သွားတယ်ဆိုတာ သူ့ကိုသိခွင့်ပေးမယ် လို့ငါမထင်ဘူး..."
ဝမ်မင်ယီက သူရှေ့ရှိလူကိုအကြာကြီးကြည့်နေပြီးမှ နောက်ဆုံးတွင် ပြုံးပြလာကာပြော၏။
"ကောင်းပြီလေ... "
သူတင်သာမက ရှုကျင်းကျဲ ကလည်းထက်မြက်တဲ့လူတစ်ယောက်ပင်။ တစ်နည်းအားဖြင့်ဆိုရသော် ရှုကျင်းကျဲ သည်လူမှုရေးအတွေအကြုံကြွယ်ဝသည့် အတ္တသမား တစ်ဦးဖြစ်ချေ၏။
အစပိုင်း သူအဖွဲ့ထဲ ပထမဦးဆုံးဝင်လာသည့်အချိန်တွင် ရှုကျင်းကျဲ ကသူ့ကိုအရေးတယူမဆက်ဆံသလို ပုံမှန်အတိုင်း အရှက်ရစေခြင်းလဲမရှိပေ။နောက်ပိုင်းတွင် ဝမ်ပေါ်ကအပေါ်ယံသကြားဖြူးကာသူ့ကိုသင်ခန်းစာပေးရန်တောင်းဆိုလိုက်သည်နှင့် ရှု ကျင်းကျဲ သည် အရှုံး အမြတ်များကိုတွက်ဆ ကာ ဝမ်ပေါ်ကိုကူညီရန်ရွေးချယ် ခဲ့သည်။
အခုလည်းပဲ အရှုံးအမြတ်တွက်ချက်ပြီးတော့ ဘက်ပြောင်းရန် ရွေးချယ်ပြီးလေပြီ။
သူဘာလို့ ဝမ်ပေါ်ကိုသစ္စာဖောက်ခဲ့လဲဆိုသည်ကတော့ အရမ်းကိုရိုးရှင်းပါသည်။ ဝမ်မင်ယီကတော့ အချက်သုံးချက်ပဲရှိတယ်လို့ထင်ပေသည် ။
ပထမအချက်သည်သူ့ကိုလက်စားပြန်ချေမှာကြောက်လို့ဖြစ်၏။ သူ့ကိုယ်ပိုင်ကိစ္စတစ်ခုအတွက်မဟုတ်ဘဲနဲ့ လက်စားအချေမခံချင်ပေ ။
သူက လူသတ်ဓားသာဖြစ်ပြီး လူသတ်သမားအစစ်မဟုတ်ပေ။
(T/N_သူကတရားခံအစစ်မဟုတ်ဘဲ လက်ကိုင်တုတ်သက်သက်လို့ပြောတာဖြစ်ကြောင်း)
ဒုတိယအချက်သည် သူဝမ်ပေါ်၏ တောင်းဆိုမှုကိုလက်ခံခဲ့သော်လည်း မုကျိအန်းနဲ့စစ်ကျွင်းတောက်တို့ကြောင့် ရပ်လိုက်ရသည်။ သူဝမ်ပေါ်ကိုဆန့်ကျင်နိုင်ခြင်း မရှိပေ။ ဝမ်ပေါ်ကသူ့ကိုအပြစ်တင်လာမှာနှင့် သူ့ရဲ့မကျေနပ်မှူတွေကို သူ့အပေါ်ပုံချမှာ ကြောက်နေ၏။
ထို့ကြောင့်
ဝမ်မင်ယီ ဝမ်ပေါ်ကိုတိုက်ခိုက်စေရန် ဝမ်မင်ယီအားသူ့ဘာသူ ပြောပြရန်ရွေးချယ်ပြီး ဝမ်ပေါ်သူ့အား အာရုံစိုက်ဖို့အချိန်မရှိရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တတိယအချက်သည် ရှူကျင်းကျဲ သာ သူ့ကိုဖိနှိပ်နေခြင်းအား ရပ်သည့်အကြောင်းကို ဝမ်ပေါ်ကိုမပြောခဲ့ပါလျှင် သူက ထိုအကြောင်းကို ဝမ်ပေါ်ဆီသို့ပြောပြရန် သူကိုယ်တိုင် ဝမ်ပေါ်ကိုသင်ခန်းစာပေးပြီးသည်ထိစောင့်ရမည်ဖြစ်သည်။ဒီနည်းအတိုင်းသာဆို ဝမ်ပေါ်သည် သူကဖြေရှင်းရန်ခက်လွန်းကြောင်း ခံစားမိပြီး ရှူကျင်းကျဲ ကိုထပ်ပြီး ခက်ခဲအောင်လုပ်တော့မည်မဟုတ်ပေ။ ထိုသို့ဖြင့် ရှူကျင်းကျဲသည် ဆုံးရှုံးမှုအနည်းဆုံးဖြင့်ဤကစားပွဲထဲမှ ထွက်သွားနိုင်မည်ဖြစ်သည်။ဒါကအကျိုးအမြတ်အများဆုံးရဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။
ဤကိစ္စတွင် သူသည် ရှုကျင်းကျဲ သူ့ကိုသစ္စာဖောက်သွားကြောင်း ဝမ်ပေါ်ကို မပြောပါဟူသော အာမခံချက်တစ်ခုကိုသာ လိုအပ်လေသည်။
သို့မဟုတ် ရှုကျင်းကျဲဆီတွင်ဝမ်မင်ယီကိုလာမတွေ့မီ ဝမ်ပေါ်ကိုအရူးလုပ်ရန်တခြားစကားလုံးများစဉ်းစားပြီးဖြစ်ရမည်။ ထို့ကြောင့် သူဝမ်ပေါ်ကိုပြောပြလိုက်လျှင်ပင် သူ့မှားတခြားတန်ပြန် အစီအစဉ်များရှိနေပေလိမ့်မည်။
ရှုကျင်းကျဲ ကရှန့်ချန်ဇီထက်ပိုပြီးပါးနပ်သည်ဟုဝမ်မင်ယီထင်သည်။သူကယခုခေတ်စားနေတဲ့ ချာတိတ်လေးဖြစ်ပြီး ရှန့်ချန်ဇီ ကဒုတိယအဆင့်မှာပဲရှိနေသည်က အံဩစရာတော့ မဟုတ်ချေ။
ရှုကျင်းကျဲ ကို အမှန်တကယ် အလျော့ပေးလိုက်ဖို့တော့ သူစိတ်ကူးမရှိပေ ။ထိုသို့လုပ်လိုက်လျှင် သူ့အတွက်အဆင်ပြေမှာမဟုတ်သည်ပင်။ သူ့ကိုထိန်းထားရင်း လိုလိုမယ်မယ် ဝမ်ပေါ်ကိုသိတဲ့ သူလျှိုတစ်ယောက်ပါ ထိန်းပြီးသားရပေသည်။
"ကောင်းပြီလေ... သူ့ကိုငါပြော မှာမဟုတ်ဘူး"
ဝမ်မင်ယီ ကဆက်ပြောလိုက်သည်။
"ငါကတုံးအ,မနေဘူး...မင်းကိုရောင်းစားလိုက်ရင်ရော..င့ါအတွက်ဘာအကျိူးကျေးဇူးရမှာမို့လဲ...မနေ့ကမင်းလုပ်ခဲ့တာတွေကိုတော့ ငါသောက်ဂရုစိုက်မနေဘူး..."