ဝမ်မင်ယီ ရှုကျင်းကျဲကိုကြည့်ရင်း ယဉ်ယဉ် ကျေးကျေး ပြောလိုက်သည်။
" မင်းက ငါ့ကိုသတင်းတချိူ့လာပြောတော့....ငါလည်းမင်းကိုတစ်ခုတော့ပြန်ပြောပြလိုက်မယ်.....မင်းမှန်းလိုက်တာမှန်တယ်....ငါ့အစ်ကိုမှာ အရည်အချင်းတချို့တော့ရှိတယ်....
ပြီးတော့ မနေ့ကမင်းလုပ်ခဲ့တာကို သူတကယ်သဘောမကျဘူး....အဲ့တော့..သူမင်းကိုသင်ခန်းစာ တစ်ခုလောက်ပေးချင်နေတယ်....
ဒါပေမဲ့အခုတော့...ကျေသွားပြီလေ....
ဆိုတော့...မင်းရဲ့လူကြီးလူကောင်းပုံစံကိုဆက်သရုပ်ဆောင်နေလို့ရပြီ... မင်းငါ့ကိုလာမနှောက်ယှက်ဘဲနေသရွေ...ငါမင်းကိုဘာမှလုပ်မှာမဟုတ်ဘူး.."
ရှု ကျင်းကျဲ စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။တစ်ညလုံးခြောက်ခြားနေတဲ့ သူ့နှလုံးသားလေးနောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပြီ။
ရှု ကျင်းကျဲ သူ့လက်ထဲက အဝတ်ချိတ်ကိုမြှောက်ပြပြီးပြောလာ၏။
" ဒီအဝတ်အစားတွေကအစက လဲ့ချီ အတွက်စီစဉ်ထားတဲ့ဟာတွေပါ...ငါမင်းကို အခုပြန်ပေးလိုက်မယ်...ဒါဆိုမင်းနဲ့ငါကြားမှာ ဘာမှမရှိတော့ဘူးနော်..."
ဝမ်မင်ယီက ခေါင်းငြိမ့်ပြကာဖြေလိုက်သည်
" အင်း"
"ဒါဆို..ငါအရင်ထွက်နှင့်ပြီနော်"
.
ရှုကျင်းကျဲ သူ့ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့ကနေထွက်သွား ခဲ့၏။
ဤစကားပြောခန်းက ရူကျင်းကျဲ မျှော်လင့်ထားသည်ထက်ပင် ပို၍ချောချောမွေ့မွေ့ပြီးသွား ခဲ့ချေသည်။ ဝမ်မင်ယီက သူစိတ်ကူးထားတာထက် ပိုပြီးရင့်ကျက်နေ၏။ အစကနေအဆုံးအထိ တည်တည်ငြိမ်ငြိမ်နှင့် ပြုံး၍ပင်နေသေးသည်။ သို့ပေမဲ့ ရှူကျင်းကျဲ သည် ထိုသူကမြင်နေရသလိုမျိူး ရိုးရှင်းပြီးအတွေ့အကြုံမရှိတဲ့ပုံစံ မဟုတ်ကြောင်း ခံစားမိပါ၏။
သူ ဝမ်ပေါ်နဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့နည်းလမ်းကိုစဉ်းစားပြီးသည်မှန်သော်လည်း ဤကဲ့သို့ တစ်စုံတစ်ယောက်ဆီမှ ချူပ်ကိုင်ထားခံခြင်းက သူ့ကိုစိတ်မသက်မသာဖြစ်စေတုန်းပင်။
ရှူကျင်းကျဲ တံခါးဆီသို့လမ်းလျှောက်နေရာမှ နောက်သို့ပြန်လှည့်ကာ ဝမ်မင်ယီ ကိုမေးလိုက်သည်။
"မင်း ငါရဲ့အကူအညီလိုသေးလား..."
ဝမ်မင်ယီ ကခေါင်းယမ်းကာပြန်ပြောလာသည်။
"အခုတော့မလိုသေးဘူး "
"ဒါပေမဲ့ နောက်ကျရင်...မင်းလိုလာနိုင်တယ်လေ"
"မလိုပါဘူး"
ဝမ်မင်ယီကပြန်ဖြေလိုက်သည်။
"ငါက အမြဲတမ်းလိုလို ကိုယ့်ရဲ့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းရတာပဲကြိုက်တယ်"
"ငါ့ဆီကနေ အကူအညီတစ်စုံတစ်ရာလိုလာရင်
Wechatကနေလာဆက်သွယ်လို့ရတယ်နော်...
မင်းမှာ ငါ့Wechat အကောင့်ရှိတယ်မလား..."
ဝမ်မင်ယီက ခေါင်းငြိမ့်ပြီး ပြောလာခဲ့သည်။
"ကျေးဇူးပဲ...စိတ်မပူပါနဲ့....ငါကအငြိုးကြီးတဲ့လူ မဟုတ်ပါဘူး....
ငါသာအဲ့လိုလူဆိုရင်.. ရှန့်ချန်ဇီ ဒီဒရာမာအဖွဲ့ ထဲမှာဆက်ရှိနေမှာတောင် မဟုတ်ဘူး..."
ရှူကျင်းကျဲ သူရဲ့စကားကိုကြားသည်နှင့် ရှန့်ချန်ဇီရဲ့ ဖုန်းကွယ်ထားတဲ့ရန်စမှု ကိုတွေးမိလိုက်သည်။ ဝမ်မင်ယီ၏ဒေါသက တကယ်ကောင်းမွန်ပုံရ သည် ဟုရှူကျင်းကျဲ ခံစားမိသည်။
"ကျေးဇူးတင်ပါတယ်။
"သူပြောပြီးသည်နှင့် တံခါးဖွင့်ကာ ထွက်လာခဲ့၏။
ချန်လုနှင့် ဝမ်မင်ယီ၏လက်ထောက်ဖြစ်သူ ရှောင်ကျိူး သည် ရှုကျင်းကျဲထွက်သွားသည်ကိုမြင်လိုက်သည်နှင့် လျင်မြန်စွာ ပြေးဝင်လာကြပြီး ဝမ်မင်ယီကိုမေးသည်။
"သူ မင်းကို ဘာပြောခဲ့တာလဲ....အဆင်ပြေရဲ့လား..."
ဝမ်မင်ယီကပြန်ဖြေ လိုက်သည်။
" ဘာမှမဟုတ်ပါဘူး... "
သူ ချန်လု၏ဖုန်းကိုထုတ်ကာ 'ရပ်ရန်' ကိုနှိပ်လိုက်ပြီး ဤအသံဖိုင်ကို သူ့ရဲ့ WeChat သို့ ပို့လိုက်၏။ ထို့နောက် ချန်လု ၏ ဖုန်းထဲရှိ အသံဖိုင်နှင့် WeChat တွင် ပို့ထားသည်တို့ကို ဖျက်လိုက်သည်။
"အစ်မ ဖုန်းကို ပြန်ပေးမယ်နော်” ဟုဆိုကာ ဝမ်မင်ယီ ဖုန်းကို ပြန်ပေးလိုက်၏။
ချန်လုက သူနဲ့ ရှူကျင်းကျဲသည် လျှို့ဝှက်ကိစ္စတစ်ခုကိုပြောခဲ့သည်ပဲဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။ထို့ကြောင့် သူမကို မသိစေချင်တာပဲဖြစ်မည် ။ သူမ အများကြီးမေးမနေတော့ပဲ အဝတ်တန်းဆီသို့သွားကာ အဝတ်အစားတစ်စုံကို ကောက်ယူပြီး ပြောလိုက်သည်။
"ဒီနေ့ဒါလေးဝတ်နော်..အစ်မ အခုပဲ ဒီဇိုင်နာဆီကနေမေးပြီးသွားပြီ"
“ အိုခေ” ဝမ်မင်ယီ သူမလက်ထဲက အဝတ်တွေကို ယူလိုက်ရင်း သူနဲ့ရှုကျင်းကျဲတို့ကြားက စကားပြောခန်းရဲ့ ရလဒ်ကို ပြောပြလိုက်သည်။
"ရှုကျင်းကျဲက ကျွန်တော့်ကို ဒုက္ခပေးတော့မှာမဟုတ်ဘူး...မနေ့ကသူယူထားတဲ့အဝတ်အစားတွေ အကုန်ပြန်ရသွားပြီ..."
ချန်လုက သူ့ ကြည့်နေသည့်နေရာကို လိုက်ကြည့် ရာတွင် အမှန်ပင် ယခင်က ဝမ်မင်ယီပျောက်နေသောအဝတ်အစားများပင်။
"ဒါဆို သူက ညှိနှိုင်းဖို့ လာတာလား..."
"ကောင်းတာပေါ့" ချန်လုကပြောလာ၏။ ဤသည်ကား တိုက်ဆိုင်မှုမဟုတ်ပါချေ ။ မနေ့က မုကျိအန်း နှင့် ဘော့(စ်)စစ်တို့လာလည်အပြီးမှာ လူတော်တော်များများ၏ ဝမ်မင်ယီပေါ်ထားသည့်အမြင်များပြောင်းလဲသွားမည် မှန်း သူမ ခန့်မှန်းထားပြီးသားပင်။ ဤအသိုင်းအဝိုင်းက အမှန်တွင်ဤသို့ ဂုဏ်မက်ကြသူများပင်ဖြစ်ချေ၏။
ချန်လုသည် သူမရှေ့ရှိကောင်ငယ်လေးကိုကြည့်ရင်း သူ့မျက်ခုံးကြားရှိ ငယ်ရွယ်နုနယ်သော စိတ်ဝိညာဉ်လေးကိုကြည့်ပြီး သူမ၏ နှလုံးသားသည်ရှိ အနည်းငယ် ချဉ်တူးသွားသည်။ သူမ၏ စီမံမှုအောက်တွင်ရှိသောလူက သိပ်မများလှချေ ၊ ထိုလူများထဲတွင် ဝမ်မင်ယီအငယ်ဆုံးဖြစ်သော်လည်း သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ အကောင်းဆုံးဖြစ်သည်။ သူသည် ထိုသို့သော အရာများနှင့် ကြုံတွေ့ရသည့်အခါတိုင်းပင် ယုံကြည်မှုအပြည့်ရှိပြီး ထက်မြက်တက်ကြွသောပုံစံ ရှိလေသည် ။ ရံဖန်ရံခါ ကလေးဆန်ဆန်ပြုမူတတ်ပြီး ရိုးစင်းသော အကျင့်စရိုက်ရှိသော်လည်း၊ ထို့အကြောင်းများကြောင့်ပင် သူသည်ပို၍နှစ်သက်ချင်စဖွယ်ကောင်း၏။
ချန်လုသည် တစ်ခါတစ်ရံတွင် သူ့ကို ကောင်းကောင်းမွန်မွန် ဦးမဆောင်နိုင်မှာစိုးရိမ်မိ၏။ ၊သူအနိုင်ကျင့်ခံရမှာ ၊သူမသည် မန်နေဂျာကောင်းတစ်ဦးမဟုတ်သောကြောင့် သူပိုမြင့်သည့် နေရာတစ်ခုသို့ မရောက်နိုင်တော့မှာတို့ကို ကြောက် သည်။ဖျော်ဖြေရေးအသိုင်းအဝိုင်း သည် စွဲမက်ဖွယ်ကောင်းပုံသော်လည်း အတွင်းပိုင်းတွင် လူကောင်းရော လူဆိုးရော ရောနှောနေ၏။ ဆယ်ကျော်သက်အရွယ်တွင်ဤအသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်လာသော ဝမ်မင်ယီသည် ဖျော်ဖြေရေးလောက၏ ညစ်ပတ်ယုတ်မာမှုမျာဖြင့်ခြေကုန်လက်ပန်းကျပြီး ထွက်ခွာသွားမှာသူမစိုးမိခဲ့သည်။
“ဒါက အစ်မနှစ်ယောက်တွဲလုပ်ရတဲ့ ပထမဆုံးအတွေ့အကြုံလေ.... နောက်ကျရင် အစ်မတို့ တခြားအလုပ်တွေလုပ်ရင်လည်း ဒီလိုအတွေ့အကြုံတွေ ရလာဦးမှာ... အစ်မလည်း ကိုယ့်ကိုကိုယ် ပိုကောင်းတဲ့ အေးဂျင့်တစ်ယောက်ဖြစ်အောင် ကြိုစားမယ်..မင်းလည်း ပိုကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစား...."
ချန်လု က ဝမ်မင်ယီကိုကြည့်ပြီးပြောသည်။ "ကြိုးစားလိုက်ကြစို့...!"
ဝမ်မင်ယီက ပြုံးလိုက်ကာပြော သည်။
“ကောင်းပြီ။”
"ကျွန်တော့်ကိုပါထည့်လိုက်.."
ရှောင်ကျိုးက သဘောတူစွာ သူ့လက်ကို မြှောက်လိုက်သည်။
ဝမ်မင်ယီ၏အပြုံးတွေက ပို၍တောက်ပလာပြန်ဖြေလိုက်သည် ။
"အင်း"
သူ့ရဲ့အဝတ်အစားတွေကို ကောက်ယူပြီး ဒီနေ့အတွက် အဝတ်အစားလဲဖို့ အဝတ်လဲခန်းကို သွားခဲ့သည်။ ဒီလိုမျိူးက...ကောင်းလိုက်တာ၊ဟုဝမ်မင်ယီ တွေးမိသည်။ သူအဆင်ပြေသလို ချန်လု လည်း အဆင်ပြေပေမယ့် သူတို့အားလုံးမှာ ချို့ယွင်းချက်များရှိကြပေ သည်။ သို့ပေမယ့် သူဤကဲ့သို အခြေအနေမျိုးကို သဘောကျ၏၊.
ဒီလိုမျိုး နေရတာ ကောင်းလိုက်တာ.....
ဒါပေါ့.. ဝမ်ပေါ်သာရှိမနေဘူးဆိုရင်ပိုတောင်ကောင်းနေဦးမှာ..!!
နေ့လယ်စာစားချိန်တွင် ဝမ်မင်ယီက သူ့ရဲ့ဖုန်းကို ဖွင့်ပြီး သူနဲ့ ရှုကျင်းကျဲတို့ရဲ့ အသံသွင်းတာကို နားထောင်ခဲ့သည်။ အသံအရည်အသွေးသည် ကြည်လင်ပြတ်သားပြီး အသံသွင်းထားမှုကား ပြည့်စုံ သည်။ သူက ဤအသံဖိုင်ကို စစ်ကျွင်းတောက်အား ညရောက်လျှင် ပို့ပေးရန်စီစဉ်ထားသော်လည်း ဝမ်မင်ယီ သည် ၎င်းကို ဖြန့်ဝေရန် သို့မဟုတ် ဝမ်ပေါ်ကို ဆန်ကျင်ရန် သက်သေအဖြစ် အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။
ဤအသံဖိုင်သည် သူ့ရဲ့ လူခြုံမှုအတွက်သာ ဖြစ်သည်။ ဝမ်ပေါ်ကလူကောင်းမဟုတ်ကြောင်း စစ်ကျွင်းတောက်နားလည်အောင် အသုံး
ပြုနိုင်သည်နှင့်ပင် ၎င်း၏တန်ဖိုးကို အပြည့်အဝနားလည်နိုင်နေပြီ ဖြစ်သည်။ သူ့အတွက် မလိုအပ်ပါဘဲနှင့် အခြားသူများထံ ပို့လိုက်မည်ဆိုပါက ရှုကျင်းကျဲကား ဖော်ထုတ်ခံလိုက်ရမည်ဖြစ်ချေ၏။ ဤကား သူဖြစ်စေချင်မျိူးမဟုတ်ပေ။
ဝမ်ပေါ်အားသိခွင့်မပေးပါဟု သူရှုကျင်းကျဲ ကို ကတိပေးပြီးဖြစ်၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူ့စကားကို တည်မည်ဖြစ်သည်။
ဝမ်မင်ယီ ဒါကို စဉ်းစားပြီး သူ့စိတ်တွေညှိုးငယ်သွားပြန်၏။
သူ့ရဲ့ အရင်ဘဝတွင် ဝမ်ပေါ် သည် စစ်ကျွင်းတောက်ကို သတ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒီဘဝတွင် သူ ထိုအဖြစ်အပျက်များကို တစ်ခုလေးတောင် ဖြစ်ခွင့်မပြုနိုင်ပေ။ သူသည် စစ်ကျွင်းတောက်နှင့် အလွန်ရင်းနှီးပေသည် ။ အကယ်၍ ဝမ်ပေါ် သည် သူ့ရဲညီငယ်လေးကို ပစ်မှတ်ထားနေကြောင်း စစ်ကျွင်းတောက်သိသွားပါက ဝမ်ပေါ်ပင်ဖြစ်စေ၊ ကျန်းဇီမော့ပင်ဖြစ်စေ အရေးမပါတော့ဘဲ သူနဲ့စစ်ကျွင်းတောက်တို့ ၏ကမ္ဘာမှ လုံးဝဖယ်ထုတ်ခြင်းခံရ မည်ဖြစ်သည်။
စစ်ကျွင်းတောက်သည် ဤကဲ့သို့သော အန္တရာယ်မျိုးကို သူ့ဘေးတွင် ရှိနေခွင့်ပေးလိမ့်မည်မဟုတ်ပေ။ (T/N-ဟုတ်ပါပြီ
)
ဝမ်မင်ကျီသည် ဤအရာက ယခင်ဘဝက သူ့ကို အမှောင်ဖုံးသွားစေသည့် အကြောင်းရင်းဖြစ်သည်ကို သေချာပေါက်သိသည်။ ယခုဘဝ၌လည်း ထိုဖြစ်ရပ်တွင် ဝမ်ပေါ်၏ ရည်ရွယ်ချက်များကိုဖုံးကွယ်၍မကောင်းသောလုပ်ရပ်များလုပ်ခြင်းကို သူခွင့်လွှတ်မည် မဟုတ်ပေ။
ဝမ်မင်ယီ ၏ နှုတ်ခမ်းများ တွန့်ကွေးလာခဲ့သည်
။ စစ်ကျွင်းတောက် နှင့်ဝမ်ပေါ် တို့ကြားရှိ အတုအယောင် ခင်မင်ရင်းနှီးမှုသည် ယနေ့ညတွင် လုံးဝ ရပ်စဲသွားရမည်ပင်။ စစ်ကျွင်းတောက် နှင့် ဝမ်ပေါ် တို့ကြား ရှိအယောင်ဆောင်ခင်မင်ရင်းနှီးမှု ပြီးဆုံးသွားသည်နှင့်၊ ဝမ်ပေါ် ၏ အချစ်ဆုံးသူငယ်ချင်း ကျန်းဇီမော့သည်လည်းသေချာပေါက် တစ်နွယ်တည်းပါသွားမည်ဖြစ်သည်။
တစ်စုံတစ်ဦးကို သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့လျှင် ထိုလူကခွင့်လွှတ်နိုင်သည်။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏လုပ်ဆောင်မှုကြောင့်ဖြစ်လာခဲ့လျှင်ကား ထိုလူအားအပြစ်ပေးရန်ထိုက်သင့်ပေ၏။
ယခင်က သူ့တွင် ဝမ်ပေါ် နှင့်ပတ်သတ်ရန် အချိန်မရှိခဲ့သော်ငြား ယခုတွင်ဝမ်ပေါ် က သူ့ကိုယ်သူ ဝမ်မင်ယီရဲ့အိမ်တံခါးဝသို့ တကယ်ပင်အရောက်ပို့လာခဲ့သည်။ ဝမ်မင်ယီ က သူ့စိတ်ခံစားချက်တွေ တပြန် ပိုကောင်းလာသည်ကို ခံစားမိပါ၏။ ရှုကျင်းကျဲ ၏နောက်ကွယ်တွင် ပုန်းနေသော ဝမ်ပေါ် ကို ချီးကျူးချင်လာသည်။ ...တော်လိုက်တာနော်...တကယ်ကိုကောင်းကောင်းလုပ်နိုင်တာပဲ....!
နေ့လည်ခင်းတွင် စစ်ကျွင်းတောက် ရောက်ရှိလာသောအခါ ဝမ်မင်ယီက ရိုက်ကူးနေဆဲဖြစ်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ယန်ဖေးဖေးနဲ့ ဖြစ်သည်။ ကင်မရာကို နောက်ကျောပေးနေရင်း ဝမ်မင်ကျီက သူ့ကိုမြင်သောအခါ အမြန်ပြုံးပြလာခဲ့သည်။ စစ်ကျွင်းတောက်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး ဘေးနားမှာ ငြိမ်ငြိမ်လေး ရပ်နေလိုက်၏။
ချန်လုသည်ဝမ်မင်ယီ ၏ ထိုင်ခုံဆီသို့ ညွှန်ပြပြီး ပြောလိုက်သည်။
" ဘော့(စ်)စစ် ကျေးဇူးပြုပြီး ထိုင်ပါဦး... မင်မင် ရိုက်ကူးရေးပြီးဖို့က ကြာဦးမှာ...."
စစ်ကျွင်းတောက်က သဘောပေါက်ပြီး ထိုင်ခါနီးတွင် လက်ထောက်ဒါရိုက်တာနှင့် စကားပြောရင်းလာနေသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူသည် ရွှေကိုင်းမျက်မှန်တစ်လက်နှင့် suitတစ်စုံကို ၀တ်ဆင်ထား၏။ လက်ထောက်ဒါရိုက်တာနှင့် စကားပြောနေစဉ်တွင် ဇာတ်ဝင်ခန်းတစ်ချိူ့ကိုကြည့်နေပြီး ရုပ်ရှင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုနေပုံပေါ်သည်။
စစ်ကျွင်းတောက်က ထိုသူ့မျက်နှာကို ကြည့်ပြီး ချန်လု ကို “ဒီဒရာမာရဲ့ ထုတ်လုပ်သူ လား” ဟု မေးလိုက်၏။
ချန်လုက ခေါင်းငြိမ့်ပြသည်။ “ဟုတ်ကဲ့ ”
ထို့နောက်တွင် စစ်ကျွင်းတောက် ထိုသူ့ဆီသို့ လမ်းလျှောက်သွားသည်ကို သူမတွေ့လိုက်ရသည်။
ကျောက်ဟန်ယန် နှင့် လက်ထောက်ဒါရိုက်တာ တို့အသေးစိတ်အပြင်အဆင်နှင့်ပတ်သတ်ပြီးပြောနေစဉ်တွင် တစ်စုံတစ်ယောက် သူ့ဘေးသို့ လျှောက်လာနေသည်ကို အာရုံခံမိလိုက်သည်။သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ ရှည်သွယ်သည့်အသွင်အပြင်၊ ချောမောသော မျက်နှာနှင့်ငယ်ရွယ် နုပျိုသည့် အရှိန်အဝါရှိသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
(T/N–ဒီနေရာမှာ slender figureလို့သုံးထားပါတယ် ပိန်တာမျိုးမဟုတ်ဘဲ အရပ်ရှည်ရှည်နဲ့သွယ်ပြီး အချိူးကျကျနဲ့ ကြည်ကောင်းတဲ့ပုံစံမျိူးပါတဲ့)
တစ်ဖက်လူကလည်း သူကိုပြန်ကြည့်လာပြီး တည်ငြိမ်အေးဆေးနေသောအမူအရာဖြင့်ရှိနေကာ သူရဲ့နှူးညံ့သိမ်မွေ့ သည့်မျက်ခုံးတွေနဲ့ မျက်လုံးတွေက အခြေအနေကို ဗျူဟာကျကျ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ် ....ကျွန်တော်ကဝမ်မင်ယီရဲ့အစ်ကိုပါ.."
ဤသို့ပြောရင်းဖြင့် ထိုအမျိုးသားက သူ့ရဲ့အိတ်ကပ်ထဲက နာမည်ကတ်တစ်ခုကို ထုတ်ယူလိုက်ကာပေးလာခဲ့၏။
ကျောက်ဟန်ယန် နာမည်ကတ်ယူလိုက်ပြီးနောက်တစ်စက္ကန့် အကြာတွင် သူ အေးခဲသွားသည်။
စစ်ကျွင်းတောက်သည်ကား မပြောင်းမလဲ ခပ်အေးအေး အမူအရာ ရှိနေဆဲပင်။ “ ဒီဒရာမာရဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်ပါတယ် ”
ကျောက်ဟန်ယန်က သူ့ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ဝမ်မင်ယီ ကိုမနေနိုင်ဘဲ တစ်ချက်လှမ်းကြည့်မိလိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့်ကြိုဆိုသည့်ဟန်လက်အမူအရာပြ လိုက်သည်
"ကျေးဇူးပြုပြီး...လမ်းကနေသွားပါ...တခြားတစ်နေရာမှာ သီးသန့်စကားပြောရအောင်။”
လက်ထောက်ဒါရိုက်တာသည် သူ့ရဲ့ရှိုးပရိုဂျူဆာကအခြားလူနောက်သို့ လိုက်သွားကာ ထွက်သွားသည်ကို ကြည့်နေရသည်။ သူ့စိတ်ထဲတွင် အော့အန်နေမိသည်- ငါစကားတောင် မဆုံးသေးဘူးလေ....!! ဒါပေမဲ့...စီးပွားရေးကသာပထမဆိုတော့..ငါ့ရဲ့စကားတွေကသိပ်ပြီးအရေးမကြီးပါဘူးလေ....
ဒါကိုတွေးပြီး သူခေါင်းကိုလှည့်ကာ ယန်ဖေဖေးနဲ့ ရိုက်ကူနေဆဲဖြစ်သည့် ဝမ်မင်ကျီကို လှည့်ကြည့်လိုက်သည်။ ပြီးခါနီးမှ ကျောက်ဟန်ယန် ထည့်ပေးခဲ့သော ဤအသစ်လေးသည် သာမန်ကြောင်လေး ၊ခွေးလေးမဟုတ်ပဲ တကယ်တော့ ကျားသစ်ပေါက် တစ်ကောင်ဖြစ်နေသည်ပင်...! အံ့ဩဖို့ကောင်းလိုက်တာနော်..!!
စစ်ကျွင်းတောက် နှင့်ကျောက်ဟန်ယန် စကားပြောသောအခါတွင် တစ်ယောက်ကိုတစ်ယောက်ရှက်နေခြင်းမရှိပေ။ ထို့ကြောင့် ရုတ်တရက်ပေါ်လာသောဝမ်မင်ယီရဲ့အစ်ကိုက
နှုတ်ခမ်း နားရွက်ကိုချိတ်မတတ်ပြုံးနေသော
ပရိုဂျူဆာနှင့် စကားပြောနေခဲ့ပြီးပရိုဂျူဆာကိုယ်တိုင်က တခြားတစ်နေရာသို့စကားပြောရန်ဖိတ်ခေါ်သွားသည်ကို အဖွဲ့ထဲရှိလူအများအပြား မြင်လိုက်ကြသည်။ ချက်ချင်းပင် အားလုံးကဝမ်မင်ယီကို မတူညီသောအမြင်ဖြင့် ကြည့်လာကြသည်။
ပထဆုံးက မုကျိအန်း.... အခုကျတော့ပရိုဂျူဆာ... ဒီသခင်ငယ်လေးရဲ့ နောက်ခံက ဘယ်လိုများလဲ...။ သူ့အစ်ကိုကို ကျောထောက်နောက်ခံအနေနဲ့ ခေါ်ထုတ်လာတယ်.... ဒါက ရုပ်ရှင်ရိုက်ဖို့ မဟုတ်ဘဲ ဘဝအတွေ့အကြုံကို ခံစားရဖို့ပဲ ဖြစ်ရမယ်...ဟမ့်...
ဘယ်သူမှ ဒါကိုနားမလည်နိုင်သလို နားလည်နိုင်အောင်လည်း မကြိုးစားကြပေ ။ ဝမ်မင်ကျီကို သွားပြီးမစွမိစေရန်သာ သူတို့ကိုယ်သူတို့ ကြိုတင်သတိပေးနိုင်ကြပြီး ဤသခင်ငယ်လေး ကို စိတ်ဆိုးအောင် မလုပ်ဝံ့ကြချေ ။
ဝမ်မင်ယီ က သူ့ရိုက်ရမည့်အခန်းတွေကို ပြီးသွားပြီဖြစ်သည်။စစ်ကျွင်းတောက် သည်လည်း ကျောက်ဟန်ယန်နှင့် ဆွေးနွေးလို့ပြီးသွားလေပြီ ။ ဤပူးပေါင်းဆောင်ရွက်မှုကို ကျောက်ဟန်ယန် အလွန်ကျေနပ်ခဲ့သည်။ သူဝမ်မင်ယီအလုပ်ပြီးသွားသည် ကို ကြည့်ပြီး နှစ်ယောက်လုံးကို ညစာစားဖို့ ဖိတ်လိုက်၏။
စစ်ကျွင်းတောက်က စိတ်မဝင်စားချေ။ "မလိုက်တော့ဘူး ...မင်မင်တက်ဖို့ အွန်လိုင်းသင်တန်းတွေ ရှိသေးတယ်...သူ့ရိုက်ရမယ့်အခန်းတွေပြီးသွားပြီဆိုတော့.... ကျွန်တော်သူ့ကိုပြန်ခေါ်သွားမယ်..."
ကျောက်ဟန်ယန်က နားထောင်နေ ပြီး အတင်းအကြပ်မလုပ်ခဲ့ပေ။ ပြုံးနေရင်းနဲ့ပင် သူက ထောက်ခံစကားဆိုလိုက်သည်။
"မှန်တာပေါ့....မှန်တာပေါ့... မင်မင်က ကျောင်းတက်နေတုန်းဆိုတော့ သင်ခန်းစာတွေလွတ်သွားလို့မရဘူး... မင်မင်က စည်းကမ်းကောင်းတာပဲ... ရိုက်ကူးရေးတွေ အရမ်းမြန်နေတာ မဆန်းတော့ပါဘူး... သူလိုမျိူးစေ့ကောင်းလေးတွေ ဖျော်ဖြေရေးလောကထဲမှာမတွေ့တာ နှစ်တွေတော်တော်ကြာပြီတဲ့ ဒါရိုက်တာဝမ်က မနေ့တုန်းက ငါ့ကိုပြောတယ်..."
မျိုးစေ့ကောင်းလေး ဝမ်မင်ယီ: ...
နားမလည်နိုင်စွာ ဆွဲသွင်းခြင်းခံလိုက်တဲ့ဒါရိုက်တာဝမ် : ...
စစ်ကျွင်းတောက်ကတော့ မတုန်မလှုပ်ပင်။
"ဒါရိုက်တာကိုပဲ များများသင်ပေးဖို့ဒုက္ခပေးရတော့မယ်..."
"စိတ်လက်ချနေပါ ဘော့(စ်)စစ်...သင်ပေးမှာပါ”ကျောက်ဟန်ယန်က ပြုံးပြီး ပြောသည်။
"ကောင်းပါပြီ.. ဖြည်းဖြည်း သွားကြပါ... အချိန်ရရင် ထမင်းတစ်နပ်လောက်အတူတူ စားရအောင်"
စစ်ကျွင်းတောက် ၏ စကားကို ဆက်၍ ဝမ်မင်ယီ သည် ဒါရိုက်တာအား ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်သွားသည်။
ရိုက်ကူးနေရာက လူများသည် တယောက်ကိုတယောက် သူ့ကိုငါကြည့် ငါ့ကို့သူကြည့် ဖြစ်နေ ကြသည်။ မျက်လုံး၊နှာခေါင်း ၊မျက်နှာ...စသည်အပေါ်ယံတွင် တိတ်ဆိတ်နေသော်လည်း နှလုံးသားထဲမှာ ခံစားချက်များရောထွေးနေကြ၏။ တကယ်ကိုသခင်ငယ်လေးတစ်ယောက်ပဲ...!!
ရှန့်ချန်ဇီသည် ယခုအချိန်တွင် တကယ်ကို ရှုပ်ထွေးနေလေပြီ ။ ဝမ်မင်ယီ ရဲ့ အဆင့်အတန်းအစစ်အမှန်က ဘာလဲ...ပရိုဂျူဆာကဘာလို့ သူ့ကိုဒီလောက် ယဉ်ကျေးနေတာလဲ... ။ ဘော့(စ်)စစ်..ဟုတ်လား....သူ့အစ်ကိုက ဥက္ကဋ္ဌ တစ်ယောက်လား..။ သေရော...ဥက္ကဋ္ဌကြီးရဲ့ညီလေး... ဒါဆို သူဘာလို့ ရုပ်ရှင်ရိုက်နေသေးတာ လဲ ah! ဒါက ငါးဖမ်းနေ တာမဟုတ်ဘူးလား....
အဆီခေါင်းငါးလေး ရှန့်ချန်ဇီ စိတ်ဓာတ်ကျသွားသည်။ သူသခင်ငယ်လေးရဲ့ နာမည်ပျက်စာရင်းထဲမှာမပါလောက်ဘူးမလား ....!
တစ်ဖက်တွင်မူရှုကျင်းကျဲက စိတ်အေးလက်အေးရှိနေ သည်။ သူထင်တာမှန်တယ်...။ ဝမ်မင်ယီ ရဲ့အစ်ကိုက မရိုးရှင်းဘူးပဲ...၊ သူ့ရဲ့ညီငယ်လေးကို ပစ်ထားမှာမဟုတ်ဘူး...။ ဒီမနက် ဝမ်မင်ယီကိုရှာဖို့ အစပျိုးမှု မလုပ်ခဲ့ဘူးဆိုရင် နောက်ထပ်ဒုက္ခရောက်မဲ့လူက သူဖြစ်နေမှာပဲ...။ ကံကောင်းထောက်မစွာပဲ သူ ဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းနိုင်ခဲ့တယ်...။ အခုဆို ဘယ်သူက ပိုအစွမ်းထက်လဲ ဆိုတာသူမြင်ရတော့မယ်...ဝမ်မင်ယီလား..ဒါမှမဟုတ်.. ဝမ်ပေါ်လား...!
ဝမ်မင်ယီ က ချန်လု ကို ဟိုတယ်ဝင်ပေါက်မှာ နှုတ်ဆက်ပြီး စစ်ကျွင်းတောက် ရဲ့ ကားထဲသို့ဝင်သွားခဲ့သည်။
"ရင်းနှီးမြုပ်နှံနေတာလား"
ဝမ်မင်ယီကထိုင်ခုံခါးပတ်ကို ပတ်နေရင်း မေးလိုက်၏။
“အမ်း... ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို မြှင့်တင်ဖို့ နည်းလမ်းကောင်းပဲလေ”
ဝမ်မင်ယီ ခေါင်းငြိမ့် သည်။
“တခြားအဖွဲ့သားတွေကိုပါ သတိပေးလိုက်သလိုဖြစ်သွားမယ်ထင်တယ်..."
"အဲ့ဒါက မကောင်းဘူးလား.."
စစ်ကျွင်းတောက် က သူ့ကို မေးခွန်းထုတ်သည်။
ဝမ်မင်ယီ က ဤဟာသည်သူအစကတွေး ထားသည်နှင့်မတူကြောင်း ခံစားရသည်။ တစ်ချိန်တည်းမှာပင် စစ်ကျွင်းတောက် သူ့ကိစ္စများကို ဝင်ရောက်မစွက်ဖက်ပဲ သူ့ကိုတစ်ယောက်တည်း လွှတ်ထားရန် မဖြစ်နိုင်ကြောင်းကိုလည်း သူနားလည်ခဲ့သည်။ စစ်ကျွင်းတောက်က သူ့မျက်နှာကြောင့်ကတိပေးခဲ့ရင်တောင်မှ သူ သူရဲ့နေလည်စာထမင်းဘူးထဲက ဘာစားခဲ့လဲဆိုတာကို တိတိကျကျဆုံးစမ်းပြီးတော့ အမှောင်ထဲကနေပဲထိုသို့ဆက်လက်စွက်ဖက်နေဦးမှာပင်။
အိုင်း...ဝမ်မင်ယီက သူ့နှလုံးသားထဲမှာပဲ သက်ပြင်းချလိုက်မိသည်။ သူ့အစ်ကိုက သူနဲ့ပတ်သတ်ပြီး အရမ်းရူးလွန်းတယ်လို့ ခံစားမိပေမယ့် သူ ဘာလုပ်နိုင်မလဲ..။ သူ့ကိုယ်ပိုင်ငွေကို သုံးချင်တယ်လို့ ပြောရင် စစ်ကျွင်းတောက်က သူ့ကိုယ်သူအရှုံးသမားတစ်ယောက်လို့ ခံစားရလိမ့်မယ်...။ဒါကသူမဖြစ်စေချင်တဲ့ဟာပဲ...
လူတွေက.. ကြီးပျင်းလာဖို့ ကိုယ်တိုင်ပဲ သင်ယူရမယ်...ဟုစစ်ကျွင်းတောက်ကိုပြောလျှင်လည်း သူကစိတ်ဓာတ်ကျပြီး အော်တစ်ဇင်ဖြစ်သွားလိမ့်မယ်...
ဝမ်မင်ယီသည် ဤလွန်ကဲသောစွဲလမ်းမှုကို လက်ခံရုံ သာရှိလေ သည်။
ဒါပေမယ့် ဒါကရော မကောင်းဘူးလား... စစ်ကျွင်းတောက်သာ ပျော်နေ
တယ်ဆိုရင် ဒါကလည်းကောင်းတာပါပဲလေ...
နှစ်ယောက်သား ညစာစားပြီးနောက် ဟိုတယ်ခန်းသို့ ပြန်ခဲ့ကြသည်။
စစ်ကျွင်းတောက် သည် ကွန်ပျူတာနဲ့ အလုပ်လုပ်ရန် ပြင်ဆင်နေစဉ်တွင် ဝမ်မင်ယီကတားလိုက်သည်။
"ကျွန်တော် ကောကို တစ်ခုပြောစရာရှိတယ်..."
"မနေ့က ကျွန်တော့်အဝတ်တွေကို လုယူပြီး.... ရိုက်ကူးရေးမှာ ကျွန်တော့်ကို ခက်ခဲအောင်လုပ် တဲ့ ....မင်းသား ရှုကျင်းကျဲက ဘာကြောင့် ဒီလိုလုပ်ရပ်တွေ လုပ်တာလဲဆိုတာ...ကော သိလား"
စစ်ကျွင်းတောက် ဒီစကားတွေက ပုံမှန်မဟုတ်ဘူးဟု ခံစားရသည်။
ဝမ်မင်ယီက သူ့ရဲ့မျက်လုံးတွေကို ကြည့်ပြီး တစ်လုံးချင်း အသည်းအသန်ရှင်းပြလာသည်။
“ဝမ်ပေါ် က ကျွန်တော့်ကို သင်ခန်းစာပေး ချင်လို့ ရှုကျင်းကျဲရဲ့လက်ကိုသုံးပြီး ရုပ်ရှင်ရိုက်နေတုန်းမှာ ကျွန်တော့်ကို ခက်ခဲအောင်လုပ်ခဲ့တာ..."
စစ်ကျွင်းတောက်၏ မျက်လုံးများ နက်မှောင်သွားခဲ့၏။