အပိုင်း ၇၃
Viewers 28k

Chapter 73



ပိုင်ရဲ့ လှည့်ကာ သူ့ဂျာကင်အကျီကို ယူပြီး သူ့ဟူဒီအပေါ်မှ ဝတ်လိုက်သည်။


ချီရှင်းချန်က လုံခြုံရေး တဲနားသို့ ဦးစွာ လျှောက်သွားပြီး မှန်ကို ခေါက်ကာပြောလိုက်သည်။


"ဦးလေး... ကျွန်တော့်အတွက် ဘေးတံခါးကို ဖွင့်ပေးပါ"



ငှက်ဥယျာဥ်ရှိ ကြက်တူရွေး အဖြစ်အပျက်ကစ၍လုံခြုံရေး အစောင့်က "ဘော့စ်ကို မသိဘူး" ဆိုသည့် သံမဏိစည်းမျဥ်းကို အမြဲ စိတ်ထဲစွဲနေခဲ့သည်။သူက ရုပ်တည်ကြီးဖြင့်ငြင်းလိုက်၏။ 


"အလုပ်ဆင်းချိန်ရောက်ပြီ...မနက်ဖြန်မှပြန်လာခဲ့"


ပိုင်ရဲ့: "... ဖူးးး"


ပိုင်ရဲ့နဲ့ အတူရှိတိုင်း သူဘာလို့ အမြဲအရှက်ကွဲနေရတာလဲ...


ချီရှင်းချန် အကြိမ် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး ငိုချင်နေသည့်အသံဖြင့်ပြောလိုက်သည်။

"ဦးလေး...အခု ကျွန်တော့်ကို သိလို့ပါပြီ... ကျွန်တော် သူငယ်ချင်းကို လည်ဖို့ ဒီကို ခေါ်လာတယ်...ကျွန်တော်တို့အတွက် တံခါးဖွင့်ပေး"


လုံခြုံရေးအစောင့်က သံသယရှိသော်လည်း တံခါးကိုဖွင့်ပေးလိုက်ဆဲဖြစ်သည်။


သူတို့ဝင်သွားပြီးနောက် ချီရှင်းချန် နေရာအသီးသီးက သော့များကို လုံခြုံရေးအစောင့်ဆီကတောင်းလိုက်သည်။ 


"ဘယ်ကိုအရင်သွားမလဲ"


"တိရိစ္ဆာန်အများစုက အခုအချိန်မှာ အိပ်ပျော်နေလောက်တယ်" 

ပိုင်ရဲ့က ခဏလောက်စဉ်းစားပြီးဆို၏။

"ပြပွဲခန်းမနဲ့ တခြားအရာတွေကို လျှောက်ကြည့်ရအောင်"


သူပြောသည်က အဓိပ္ပာယ်ရှိသည်။ချီရှင်းချန် တိရစ္ဆာန်များ၏ အနားယူမှုကို မနှောင့်ယှက်လိုပေ။သူတို့ နှစ်ဦးသဘောတူ သဘောတူညီမှု ရရှိခဲ့သည်။ချီရှင်းချန် သူ့ကို အဏ္ဏဝါပြတိုက်ကို အရင်ခေါ်သွားလိုက်၏။


သို့သော် သူဝင်လာသည်နှင့် တပြိုင်နက် နောင်တရမိသွားသည်။


ညဘက်တွင် ဗလာကျင်းနေသော အဏ္ဏဝါပြတိုက်၌ အဏ္ဏဝါကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အရိုးနမူနာများ ပြည့်နေသော အခန်းက ၎င်းတို့ကို စိုက်ကြည့်နေသည်။


အကျိုးသက်ရောက်မှုက ထိတ်လန့်ခြောက်ခြားစရာရုပ်ရှင်တစ်ခုနှင့် ဆင်တူသည်။


ချီရှင်းချန်၏လက်မောင်းပေါ်ရှိအမွှေးများ ချက်ချင်းထောင်သွားသည်။ပိုင်ရှာဆိပ်ကမ်းတွင် ရေနေသတ္တဝါများနှင့် အပင်များ၏ ရုပ်ကြွင်းနမူနာ ၂၀၀ ကျော်ရှိသည်။ ၎င်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းကို ဤပြတိုက်တွင် ပြသထားသည်။


"ဘယ်ဘက် စင်မှာ သန္တာကျောက်တန်းတွေ ရှိတယ်...ညာဘက်မှာ အပူပိုင်းဒေသ ငါးလေးတွေ ရှိတယ်... အထဲကို ဝင်သွားရင် ဒီအခန်းက အလတ်စား ငါးနမူနာတွေနဲ့ ပြည့်နေတယ်... အတွင်းဆုံး အခန်းက..."


ချီရှင်းချန်က ပိုင်ရဲ့ကို ပြတိုက်၏အထဲကို လမ်းပြပို့ဆောင်ရင်း အစဥ်အတိုင်း ရှင်းပြသည့။ အတွင်းဆုံးခန်းသို့ရောက်သောအခါ သူခေါင်းကိုလှည့်လိုက်သည်–


ငါးမန်းတစ်ကောင်၏ အရိုးနမူနာသည် အရှေ့တောင်ထောင့်တွင် ရှိနေသည်။ ကြီးမားပြီး ချွန်ထက်သော သွားများရှိသည်။


အနက်ရောင် မျက်လုံးအခေါင်းပေါက်နှစ်ခုက သူ့ကို မျက်နှာမူထားသည်။ သာမန်ငါးများထက် များစွာပိုရှည်သော ၎င်း၏ ဆူးတောင်များသည် ဓားကြီးနှစ်ချောင်းကဲ့သို့ ပြန့်ကားနေသည်။


'ဘုရားရေ ဒါ ဘာကြီးလဲ' 

ချီရှင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ နောက်ပြန်မဆုတ်ဘဲမနေနိုင်ပေ။ သူ့နောက်ကျောက တောင့်တင်းသောရင်အုပ်တစ်ခုနှင့် တိုက်မိသွားသည်။


ညဘက်မှာ ဖောက်ထွင်းသူခိုးတွေကို တိုက်ခိုက်ပြီး ဒါရိုက်တာကို အတင်းတောင်းပန်ခိုင်းခဲ့သည် ဂန်းစတားလေးရှောင်ချီ သူ့ကိုယ်ပိုင်ပိုင်ဆိုင်မှုကြောင့် ထိတ်လန့်လိမ့်မည်ဟု သူမထင်ထားခဲ့ပါချေ။


ပိုင်ရဲ့ ရယ်ရမလား ငိုရမှန်းမသိ။ပိုင်ရဲ့ သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်နှင့် အုပ်ကိုင်ပြီး ကျန်တစ်ဖက်နှင့် မျက်လုံးများကို အုပ်ကာ "မကြောက်နဲ့...ငါဒီမှာရှိတယ်"ဟု တိုးညှင်းသောအသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။


အမှန်တွင် ချီရှင်းချန်က အရမ်းကြီးကြောက်တတ်သူမဟုတ်ပေ။ ရုတ်တရက် ပေါ်လာသဖြင့် စိတ်ပိုင်းဆိုင်ရာ မပြင်ထားမိရုံဖြစ်သည်။


သို့သော် နောက်အခိုက်အတန့်တွင် သူ့အဝတ်အစားများကိုဖြတ်လာသည့်ကျောပေါ်ရှိ နွေးထွေးမှုနှင့် မျက်လုံးများပေါ်ရှိ နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသောအခါတွင် သူ့ဂုဏ်သိက္ခါအတွက် တိုက်ခိုက်ရန်ကို ဆယ်စက္ကန့်ကျော်ကြာအောင် တမင်တကာ ခေတ္တရပ်ဆိုင်းလိုက်သည်။


"ကျွန်တော်မကြောက်ပါဘူး"


"ကောင်းပြီ မင်းမကြောက်ဘူး" 

ပိုင်ရဲ့က အတော်လေး ပူးပေါင်းဆောင်ရွက်ခဲ့သည်။ 

"ဒါဆို ငါ့လက်ကို အခု ဖယ်ရမလား"


"... ကောက သိပ်လေရှည်တာပဲ...ကျွန်တော်က ကြောက်နေတာ မဟုတ်ဘူး...စတားလုံးသာ ဒီလိုအဖြစ်ကို မြင်ရင် သူလည်း ဒီလိုလန့်သွားလိမ့်မယ်"

(T/N–ဆီဗက်စတာ စတားလုံး=ဟောလိဝုဒ်အက်ရှင်မင်းသား)


ပိုင်ရဲ့က သူ့လက်ကို ချလိုက်ပြီး ချီရှင်စချန် ညင်သာစွာ လွတ်မြောက်သွားသည်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုဖြင့် သူ ငါးမန်းကို ပြန်ကြည့်သောအခါ အမှန်တကယ်ပင် တည်ငြိမ်သွားခဲ့သည်။


သူ့နောက်ကျောကို ထိလိုက်သည်နှင့် မပျောက်ကွယ်သေးသော နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ အစ်ကိုကြီးငါးမန်းကိုပင် ကျေးဇူးတင်မိခဲ့သည်။


နက်ဖြန်ထိစောင့်ဗျာ...ကျွန်တော်ခင်ဗျားကို ငါးခြောက်နဲ့ပူဇော်ပသပေးမယ်...


အဏ္ဏဝါသက်ရှိ ပြပွဲခန်းမကို လည်ပတ်ပြီးနောက် သူ ပိုင်ရဲ့ ကို ကျောက်ဖြစ်ရုပ်ကြွင်းခန်းမသို့ ခေါ်သွားသည်။


ပိုင်ရှာဆိပ်ကမ်းတွင် ဤခန်းမနှစ်ခုသာ လူကြီးများ လာရောက်လည်ပတ်ရန် သင့်လျော်သည်။ ကျန်သည်အားလုံးက ကလေးတွေအတွက်ဖြစ်၏။ပိုင်ရဲ့ကို သူ့နေရာ ခေါ်လာရန်က မလွယ်ပေ။ချီရှင်းချန် အလျင်စလို မထွက်ခွာချင်ပေ။ သူ့မှာ အကြံတစ်ခုရှိလာ၏။ 


"ရေခူ သွားကြည့်ရအောင်... ရေခူက ညဆိုမအိပ်ဘူး"


ပိုင်ရဲ့ သံသယဖြစ်သွားသည်။

"တကယ်လား"


"သူတို့တကယ်မအိပ်ဘူး" 

ချီရှင်းချန်က အတည်ပြုပေးခဲ့သည်။


ဘာပဲပြောပြော ရေခူမှာ မျက်လုံးမပါပေ။ အိပ်လားမအိပ်လား မပြောနိုင်ပေ။


သူစကားပြောရင်း ပိုင်ရဲ့ကို ငါးပြတိုက်အဝင်ပေါက်ဆီ ခေါ်သွားခဲ့သည်။ တံခါးအပြင်ဘက်အရောက်မှာ ပိုင်ရဲ့ ချီရှင်းချန်က သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲမှာ ထည့်ထားသည်ကို တွေ့လိုက်ရသည်။


သူက ယခုလိုလမ်းလျှောက်လေ့လျှောက်ထမရှိပေ။လေတိုက်နေ၍ဖြစ်မည်ဟု သူထင်သည်။ပိုင်ရဲ့က သူ့ဂျာကင်အင်္ကျီကို ချွတ်ပြီး သူ့ဆီ ပစ်ပေးလိုက်သည်။


ချီရှင်းချန်က အလျင်အမြန် ငြင်းလိုက်သည်။ "ကျွန်တော် မအေးဘူး ...ကောပဲဝတ်ထားလိုက်ပါ"


"အဆင်ပြေပါတယ်... ငါ မင်းအတွက် ယူလာခဲ့တာ"


"ဪ အဲဒီလိုလား..."


ချီရှင်းချန် အင်္ကျီကို ဝတ်လိုက်သည်။ခေါင်းငုံ့၍ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးချင်စိတ်ကို ထိန်းကာ ခေါင်းကို ပြန်မော့လိုက်သည်။ 

"ကောက အဲဒါကိုအမြဲဝတ်ထားတော့...အေးနေလို့လို့ ကျွန်တော်ထင်ခဲ့တာ"


"ငါက ပိုထူအောင်ဝတ်ထားတာ"

ပိုင်ရဲ့က ခဏရပ်လိုက်သည်။ 

"ငါ့ဝတ်ထားတဲ့အင်္ကျီကို ချွတ်ပြီး မင်းကိုပေးတော့...ပိုနွေးမလားလို့လေ"


၎င်းကိုကြားသောအခါ ချီရှင်းချန် အမှန်တကယ်ကို ချက်ချင်းနွေးလာမှန်း သတိထားမိလိုက်၏။


အကြောင်းအရင်းမှာ အင်္ကျီကို တစ်ဖက်လူက နွေးအောင်လုပ်ပြီးသားဖြစ်နေသည့်အတွက်ပင်။


"ကျေးဇူး ...ကျေးဇူးတင်ပါတယ်...ကျွန်တော် ငါးပြတိုက်တံခါးကို အရင်ဖွင့်လိုက်မယ်"


သူ့စကားမဆုံးခင်မှာ သူထွက်ပြေးသွားခဲ့၏။ သူ့နောက်ကို ဘယ်သူမှ လိုက်မနေသည်ကို တွေ့လိုက်ရသောအခါ သူက မျက်နှာကို အုပ်ပြီး နှစ်မိနစ်လောက် ရူးတူးတူးပေါကြောင်ကြောင် သွားအဖြီးသားပြုံးလိုက်မိသည်။



ရုတ်တရတ် သူ့အပြုံးက အေးခဲသွားသည်။ပိုင်ရဲ့က သူ့နောက် နီးနီးလေးမှာရပ်နေသည်။ထုံကျင်နေသည့် ပါးပြင်တွေကို ပွတ်ပြီး တံခါးကို သော့ဖွင့်လိုက်သည်။


ရေခူစခန်းက ဝင်ပေါက်နှင့် မဝေးသော ရှည်လျားသော စင်္ကြံတွင် တည်ရှိသည်။ချီရှင်းချန် အလင်းထိန်းချုပ်သည့်ခလုတ်ကိုဖွင့်လိုက်ပြီး ဒါဇင်ပေါင်းများစွာသော ဖောက်ထွင်းမြင်ရသည့် ဖန်ဆလင်ဒါများက ခရမ်းပြာရောင်ရောင်စဥ်ဖြာတို့ဖြင့် တောက်ပသွားသည်။


တိုင်အတိုအရှင်၊ အထူအပါး များစွာရှိသည်။ အထူဆုံးတစ်ခုက အထူကြီးဖြစ်သဖြင့် လူနှစ်ယောက်ဖက်စာမကပေ။တိုင်အတွင်းတွင် ရေခူကြီးကြီးငယ်ငယ်များသည် အလင်းရောင်တစ်လျှောက် ကူးခတ်နေကြသည်။ မအိပ်ခြင်းပဲလား သို့ မဟုတ် အိပ်နေရင်းကနေ နိုးနေသလားမသိ။ ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ယောက်ကို စပ်စပ်စုစုကြည့်နေကြသည်။


နေ့စဥ်လာရောက်လည်ပတ်သော ခရီးသွားအရေအတွက် အများအပြားနှင့် မတူဘဲ၊ လွတ်နေသော စင်္ကြံသည် ၎င်းတို့အတွက်သီးသန့်သာ ဖွင့်ထားသည့် ရုပ်စုံမှန်းပြောင်းတစ်ခုဟု ထင်ရသည်။ မှုန်ဝါးနေသောရောင်စဥ်များမှတစ်ဆင့် ရေခူများသည် ၎င်းတို့၏ နူးညံ့သောအလှနှင့် သန်စွမ်းတက်ကြွမှုကို ပြသနေခဲ့သည်။


နှစ်ယောက်သား ခေတ္တခဏမျှ ကြည့်နေလိုက်ကြသည်။


ဘေးချင်းကပ်လျက် စင်္ကြံတစ်ခုလုံးကို ဖြတ်မလျှောက်ပြီးနောက်မှသာ ချီရှင်းချန်ကနံရံကိုမှီပြီး အကြံဉာဏ်တောင်းသည်။ 

"ခဏနေဦးမလား ဒါမှမဟုတ် နောက်တစ်နေရာကို သွားမလား"


"ခဏနေဦးမယ်"


ပိုင်ရဲ့ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "တုန်ချန်က မင်းကို ဆက်သွယ်ခဲ့လား"


ချီရှင်းချန် အံ့အားသင့်သွားပြီး တုံ့ပြန်လိုက်သည်။ပိုင်ရဲ့က နည်းပြချုပ်နှင့် ဆင်တူသော "My Time" ၏ပရိုမိုတာနေရာ၌ရှိနေပြီး ရသစုံရှိုးပွဲတစ်ခုလုံး၏ အဓိကနေရာဖြစ်သည်ကို သူသတိရသွား၏။ ပရိုဂရမ်အဖွဲ့၏ တခြားအဖွဲ့ဝင်တွေက ဘယ်သူလဲဆိုသည်ကို ထုံးစံအတိုင်း သူသိသည်။


"ဟုတ်တယ်...အစ်မအန်းရန်က မနေ့က ကျွန်တော့်ကိုပြောတယ်"


ပိုင်ရဲ့က ဆိုသည်။

"ဟုတ်တယ်" 


"ကြယ်အလင်းတန်းအကဲဖြတ်သူ... အန္တရာယ်နဲ့ အကျိုးကျေးဇူးတွေရှိတယ်... မင်းဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားပါ"


တုန်ချန်၏ လက်ထောက်မန်နေဂျာထံမှ ထိုအကြောင်း ကြားသောအခါ၊ ကြယ်အလင်းတန်းအကဲဖြတ်သူ ဖြစ်ရန် မလွယ်ကူကြောင်း သူသိသည်။


ဖန်လေးကို အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ရာ ကူညီရန် ဖန်လေးကို သူ အကြံပြုခဲ့သည်။ နောက်ဆုံးမှာ သွားမလား မသွားဘူးလားဆိုသည်က ဖန်လေး အပေါ်မှာ မူတည်၏။


ချီရှင်းချန်: "ဆုံးဖြတ်ပြီးသွားပြီ...ကျွန်တော် သွားမယ်"


ပိုင်ရဲ့ မျက်ခုံးပင့်လိုက်သည်။ချီရှင်းချန်က ဆက်လက်ပြီးဆိုသည်။


"အစ်မ အန်းရန် နဲ့ ကျွန်တော် ရှိုးမှာပါဝင်မဲ့ အန္တရာယ်တွေကို ခွဲခြမ်းစိတ်ဖြာပြီးပါပြီ... အင်တာနက်တစ်ခုလုံးက လှောင်ရယ်ခံရတာထက် ဘာမှမပိုပါဘူး...ဒါပေမဲ့ -"


သူက နှင်းဖြူရောင်မေးစေ့လေးကို မော့လိုက်ပြီး နှုတ်ခမ်းထောင့်များကို အနည်းငယ် မြှင့်ထားသည်။သူ့မျက်လုံးများက မျက်တောင်များကြားမှထင်းထွက်နေပြီး ခေါင်းမာခြင်း သုံးပိုင်းနှင့် မောက်မာခြင်း ခုနစ်ပိုင်း ထွက်လာသည်။


"ဒါပေမဲ့ ကျွန်တော်သေချာပေါက် ကျရှုံးမယ်လို့ ဘယ်သူပြောလဲ...ကျွန်တော်မလုံလောက်သေးမှန်း ဝန်ခံပါတယ်...ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် သွေးပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ်"



ကျွန်တော် ပရိသတ်နဲ့တွေ့ဆုံဖို့ ကျွန်တော့်ရဲ့ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းကိုယူဆောင်လာပေးပါ့မယ်...


"ကောင်းပြီ" 


ပိုင်ရဲ့၏ မျက်လုံးများသည် သူ့မျက်လုံးထောင့်များရှိ ခပ်မှိန်မှိန်းအရေးအကြောင်းလေးများပေါ်တွင် ကျရောက်နေသည်။ ခဏအကြာတွင် သူက ပြုံးပြီး ပြောလိုက်သည်။


"မင်းရဲ့ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းကို တွေ့ရဖို့ မျှော်လင့်နေပါတယ်" 


.


နှစ်ယောက်သား ကမ်းခြေမှာ လှည့်ပတ်သွားကြပြန်သည်။ တံခါးဝသို့ ပြန်ရောက်သောအခါ၊ ချီရှင်းချန် ဝမ်းနည်းပူဆွေးမှုကို မခံစားရဘဲမနေနိုင်ပေ။ 


"ကျွန်တော်က ကောကို ပျော်ရအောင်လုပ်ပေးမလို့... ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကို မသွားခဲ့ရဘူး"


"အဆင်ပြေပါတယ်" 


ပိုင်ရဲ့က သူ့ကို နှစ်သိမ့်လိုက်သည်။ 

"အခွင့်အရေးရရင် ငါမင်းကိုထပ်လာရှာမယ်လေ"


ချီရှင်းချန် ပိုင်ရဲ့ပြောသည့် "နောက်တစ်ခါကျ မင်းငါ့ကို ဒကာခံပေါ့" နှင့်"အခွင့်အရေးရရင် ငါမင်းကို ထပ်ရှာမယ်" ဆိုသည့် စကားတွေကို နားထောင်ရသည်အား သဘောကျသည်။ သူ မတတ်နိုင်ဘဲ ပြုံးနေမိသည်။


ကံကောင်းထောက်မစွာ၊ သူပြန်ထိန်းထားခဲ့သည်။ အောက်နှုတ်ခမ်းကို ကိုက်ပြီး အကြွေးတောင်းရန် သတိရသွား၏။ 

"အဲ... တစ်ခုခု မေ့နေပြီလားလို့"


ဥပမာ- ကျွန်တော့်ကို ကတိပေးခဲ့တဲ့လက်ဆောင်။


"မမေ့ပါဘူးကွာ...သွားယူဖို့ ကားပေါ်ကို လိုက်ခဲ့"


ပါပါရာဇီတွေကို တားဆီးရန်အတွက် ပိုင်ရဲ့၏ ဒရိုင်ဘာက ကားကို သူဌေး၏သီးသန့်ကားဂိုဒေါင်မှာ ရပ်ထားသည်။


ချီရှင်းချန် ပိုင်ရဲ့၏နောက်သို့ လိုက်သွားပြီး ပိုင်ရဲ့က သူ့အား ဘာပေးမည်ကို ဆက်တွေးနေခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှအရေးတကြီးမျှော်လင့်ချက်နှင့် လောကီဥစ္စာတစ်စံတစ်ရာကို လိုချင်စိတိ မည်သည့်အခါမျှ မရှိခဲ့ဖူးပေ။


ပိုင်ရဲ့က ကားဂိုဒေါင်ထဲသို့ လှမ်းဝင်ကာ တံခါးကိုဖွင့်၍ ရိုးရှင်းသော ဈေးဝယ်အိတ်ကို နောက်ထိုင်ခုံမှ ထုတ်ယူလိုက်သည်။ချီရှင်းချန်ု သူအသားအရေထိန်းပစ္စည်း သို့မဟုတ် အသုံးအဆောင်ပစ္စည်းများကို ဝယ်ခဲ့သည်ဟု ထင်ခဲ့သည်။


အိတ်ကိုဖွင့်ကြည့်လိုက်ပြီး ပစ္စည်းတွေကိုမြင်သောအခါ သူနှလုံးသားက သူ့လည်ချောင်းထဲကနေ ခုန်ထွက်လုမတတ်ဖြစ်သွား၏။


၎င်းသည် အယ်လ်ဘမ်တစ်ခုနှင့် အချောသပ်ပိုစတာနှစ်ခုဖြစ်သည်။


"မင်းက ငါ့အယ်လ်ဘမ်သစ်ကို ကမ္ဘာပေါ်မှာ ပထမဆုံးရခဲ့တဲ့ ဖန်ပဲကောင်လေး"


ပိုင်ရဲ့က အရွှန်းဖောက်ခဲ့သည်။ 

"ငါ့ဘာငါတောင် တစ်ခု မရှိဘူး"


ချီရှင်းချန် ပိုစတာကို ဖြည်ကြည့်ရန် မစောင့်နိုင်တော့ပေ။ ထိုလူ၏ ထက်ရှသောမျက်နှာဘေးတိုက်ပုံက သူ့ရှေ့တွင် ချက်ချင်းပေါ်လာသည်။


ပိုင်ရှင်၏ ရှေ့တွင် သေသေချာချာကြည့်ရန် ရှက်လွန်းလှသည်။ သူက ထောင့်တွေကို ဖြည်းဖြည်းချင်း ပွတ်သပ်ပြီး ဂရုတစိုက် လှိမ့်လိုက်သည့်။ ထို့နောက် အယ်လ်ဘမ်ကို ထုတ်ကာ သူ့လက်ဖဝါးပေါ်တင် ကြည့်လိုက်သည်။ထို့နောက်သူ လက်ပေါ်ကမချနိုင်ဖြစ်သွား၏။


အိုးမိုင်ဂေါ့... သူက တကယ်ကို သူ့idol ရဲ့ အယ်လ်ဘမ်ကို ကမ္ဘာပေါ်မှာ ပထမဆုံးရရှိတဲ့သူပဲ...


ကံကောင်းခြင်းနတ်ဘုရားကများ သူ့ကိုမြှားနဲ့ ပစ်ခဲ့တာလား... ဘုရားသခင်ရဲ့ အချစ်တော်ဖြစ်လာဖို့ သူဘာလုပ်မိခဲ့သလဲ...


"… ကောင်းပြီ" 

သူ၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။ 

"နောက်ကျနေပြီ... ပြန်သွား အနားယူ"



"အိုကေ...ကောလည်းစောစောအနားယူသင့်တယ်" 

ချီရှင်းချန် လက်ဆောင်ကို တွန့်ဆုတ်စွာ ပြန်ထည့်ထားလိုက်ပြီး ပိုင်ရဲ့ကို နှုတ်ဆက်လိုက်သည်။


ချီမိသားစုကို ပြန်ရောက်သည့်အခါ ချီရှင်းချန်ပထမဆုံးလုပ်သည့်အရာက "My Time" မှာပါဝင်ရန်ဆုံးဖြတ်လိုက်ကြောင်း အန်းရန်ကိုပြောပြခြင်းပင်။ထို့နောက် ချန်နော်ရာကို ဆက်သွယ်ပြီး ကုမ္ပဏီ၏ အကောင်းဆုံး အကဆရာ၊ အဆိုပိုင်း ဂီတဆရာနှင့် ဖျော်ဖြေရေးသရုပ်ပြဆရာတို့ကို သူ့ကို သင်ကြားပေးရန် စီစဉ်ခိုင်းခဲ့သည်။


ဒုတိယအချက်မှာ အယ်လ်ဘမ်နှင့် ပိုစတာများကို ထုတ်ယူပြီး ၎င်းတို့ကို အချိန်အကြာကြီး ထပ်ခါတလဲလဲ ကြည့်ရှုခြင်းဖြစ်သည်။ ထို့နောက် အယ်လ်ဘမ်ကို သိမ်းဆည်းရန် ဖုန်းရွှေကောင်းသည့် နေရာကို ရှင်းလင်းရန် စာအုပ်စင်ဆီသို့ သွားခဲ့သည်။


ဟုတ်တယ်...idolရဲ့ အယ်လ်ဘမ်က စုဆောင်းဖို့အတွက်ပဲ... ဘယ်သူက ဖွင့်ပြီး နားထောင်ချင်မှာလဲ...


......


ထိုညတွင် ချီရှင်းချန် ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။


နောက်နေ့မနက် ရှစ်နာရီမှာ အန်းရန် သမ်းဝေရင်း နော်ရာ၏ လေ့ကျင့်ရေးအခန်းထဲကို ၀င်လာခဲ့သည်။ထိုအချိန်တွင် သူက မြေပြင်ပေါ်မှာ လဲလျောင်းရင်း ပုံစံတစ်မျိုးကို ဆွဲနေသည်။


"ရှင်းရှင်း အစောကြီးရောက်နေတာလား... ဘာလုပ်နေတာလဲ"


ချီရှင်းချန် ထထိုင်လိုက်ပြီး သူ့လက်ထဲက စာရွက်ကို ခါလိုက်သည်။ 

"အချိန်ဇယားဆွဲနေတာ"


အန်းရန်က ခေါင်းညိတ်ပြီး ဖတ်ကြည့်လိုက်သည်။

"ပထမ အဆိုအတန်းက မနက် ခုနစ်နာရီမှ မနက် ဆယ့်တစ်နာရီအထိ၊ ဒုတိယ ဖျော်ဖြေရေး အတန်းက နေ့လည် တစ်နာရီမှ ငါးနာရီအထိ ... နေ့ခင်းပိုင်း အကသင်တန်းက ညနေငါးနာရီခွဲကနေ ညဆယ်နာရီသုံးဆယ်အထိ…ရှင်းရှင်း နင့်ရဲ့အတန်းချိန်ဇယားက နည်းနည်းတော့ ယုတ္တိမတန်ဘူး"


"ဆရာ့ဘဝကို ထိခိုက်စေတာလား"


"အဲဒါတော့ မဟုတ်ဘူး…"


အန်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ 

"မနေ့က ဆရာတွေနဲ့ ဆွေးနွေးခဲ့တယ်...သူတို့အားလုံးက မင်းရဲ့အချိန်ဇယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြတယ်... အတန်းတစ်ခုစီက လေးငါးနာရီပဲကြာတယ်... ဆရာတွေ သိပ်ပင်ပန်းမှာ မဟုတ်ဘူး… ဒါပေမဲ့ နင်ပင်ပန်းတယ်လေ"


အန်းရန်က အမြုပ်ထွက်အောင်ပြောနေသည်။


 "မနက် ခုနစ်နာရီကနေ ညနေ ဆယ်နာရီခွဲအထိ နင်တစ်နာရီခွဲလောက် အနားယူရင်တောင် ဆယ့်လေးနာရီကြာအောင် ပြင်းပြင်းထန်ထန် သင်ဖို့ ကျန်နေသေးတယ်လေ...နင်ခံနိုင်ပါ့မလား"


"ကျွန်တော် သည်းမခံနိုင်တာဘာမှမရှိဘူး... ဆရာတွေကို မထိခိုက်စေသရွေ့ပေါ့"


ချီရှင်းချန်က အန်းရန်၏အော်သံကို လျစ်လျူရှုခဲ့သည်။ သူ့စိတ်ထဲတွင် အလုပ်ကို ကြိုးစား၍ ဖြေရှင်းနိုင်သော ပြဿနာသည် ပြဿနာမဟုတ်ပေ။


သူ အတန်းချိန်ဇယားကို ပြန်ယူကာ နောက်ထပ် အပိုင်းနှစ်ပိုင်း ထပ်ထည့်သည်– မနက် ၆း၀၀ မှ ၇း၀၀၊ ညနေ ၂၂း၃၀ မှ ၂၃း၃၀ အထိ။


အန်းရန်၏ သူ့ကို ကြည့်နေသောမျက်လုံးတွေက စိတ်ဆင်းရဲမှုကနေ ထိတ်လန့်တကြားဖြစ်မှုဖြစ်သွား၏။


အတန်းချိန်ဇယားက အခုမှထွက်သဖြင့် ဆရာတွေကို ကြိုအကြောင်းမကြားခဲ့ရပေ။ ပထမအကြိမ် အဆိုသင်တန်းကို ကိုးခွဲသို့ ရွှေ့ဆိုင်းခဲ့သည်။ ကိုးနာရီတွင် ချီရှင်းချန်အက နှစ်ခု ပြီးသွားပြီးနောက် ရင်းနှီးသော မျက်နှာကို မတော်တဆ တွေ့လိုက်ရသည်။


ကုမ္ပဏီရှိ မူလပိုင်ရှင်၏ တစ်ဦးတည်းသော သူငယ်ချင်းနှင့် သူ ည၏မက်မွန်ထဲသို့ ကူးပြောင်းပြီးနောက် သူ၏ပထမဆုံး သူငယ်ချင်းဖြစ်သူ ဟန်ချင်းက သူ၏ အိတ်ကို ကိုင်ကာ လေ့ကျင့်ခန်းကို ဖြတ်သွားခဲ့သည်။


"ရှောင်ချင်း"


သူ အမြန်ထွက်သွားပြီး ဟန်ချင်းကို ခေါ်လိုက်သည်။


ဟန်ချင်းက သူ့ကိုတွေ့သောအခါ အံ့သြသွား၏။ "ရှင်းရှင်း မင်းပြန်လာပြီလား"


"ပြန်ရောက်ပြီ... လာ မင်းကို ရှာနေတာ"


ချီရှင်းချန်၏အတန်းများသည် အလွန်ပြင်းထန်သောကြောင့် ချန်နော်ရာက သူ့အတွက် ဘက်စုံသုံးလေ့ကျင့်ရေးအခန်းကို အထူးပြင်ဆင်ခဲ့သည်။ ၎င်းကိုကြားသောအခါ ဟန်ချင်းက လက်နှစ်ဖက်ကိုရှေ့ချကာ ခြေစုံရပ်၍ တစ်မီတာအကွာမှာ ရပ်လိုက်သည်။


ဖျော်ဖြေရေး နယ်ပယ်မှာ လူတွေ လာရောက် လည်ပတ်ကြသည်က ပုံမှန်ပါပင်။ သူတို့၏သူငယ်ချင်း တစ်ယောက်က တစ်နေ့မှာ နာမည်ကြီးလာနိုင်သည်။


အချိန်ကြာလာသည်နှင့်အမျှ လူနှစ်ဦး၏ အခြေအနေနှင့် အသိပညာက ကွာခြားသွားမည်ဖြစ်သည်။ သူငယ်ချင်းအဖြစ် ဆက်ရှိနေရန်က သူတို့အတွက် ခက်ခဲပေလိမ့်မည်။


ထို့ကြောင့် ချီရှင်းချန်က လူကြိုက်များသော ရှာဖွေရေးစာရင်းတွင် မကြာခဏ ဧည့်သည်တစ်ဦးဖြစ်လာပြီး ဟန်ချင်းက နောက်ဆုံးတွင် သူအရှက်မရစေရန် သူ၏လူမှုအသိုင်းအဝိုင်းမှ နုတ်ထွက်ရန် အစပြုခဲ့သည်။


ယနေ့ ချီရှင်းချန် သူ့ကို တားလာမည်ဟု သူ မမျှော်လင့်ထားပေ။ဟန်ချင်းကမေးလိုက်၏။


"ရှင်းရှင်း...မင်း ဘယ်တုန်းက ကုမ္ပဏီကို ပြန်ရောက်တာလဲ"


"ငါ ဒီမနက်မှ ပြန်ရောက်တာ"


ချီရှင်းချန်က သူဘာတွေတွေးနေလဲ ခန့်မှန်းမိသာည်။ဝေ့ဝိုက်မနေဘဲ သူကတိုက်ရိုက်မေးလိုက်၏။ "ရှောင်ချင်း... My Time က နော်ရာကို ပြိုင်ပွဲမှာ ပါဝင်ဖို့ နေရာတွေ အများကြီးပေးခဲ့တယ်ဆိုတာ မင်းသိလား"


"ဟုတ်တယ် ..ငါးနေရာပေးခဲ့တယ်"


"မင်းအဲဒီထဲမှာပါလား"


"ငါ အချက်အလက်တွေကို တင်ပြပြီးပြီ" 

ဟန်ချင်က သူ့ကို အကုန်ပြောပြသည်။ 


"ဒါပေမဲ့ နောက်ဆုံးမှာ ကုမ္ပဏီက ဘယ်သူကို ရွေးမယ်ဆိုတာ ခန့်မှန်းလို့ မရဘူး"


ဟန်ချင်း၏ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများက ကောင်းမွန်ပြီး ကြင်နာတတ်သော သဘောထားရှိသည်။ချီရှင်းချန် သူ့ကို အမြဲကူညီချင်ခဲ့၏။


သူကူးပြောင်းလာပြီးအရှုပ်အထွေးဆုံးကာလတွင်၊ ဟန်ချင်းက သူနှင့်အတူ လေ့ကျင့်ခဲ့ပြီး နောက်ပြောင်ပေးခဲ့သည်။ဟန်ချင်းက ဘယ်လိုပဲတွေးနေပါစေ၊သူက သူ့အတွက် အရေးကြီးသည့် သူငယ်ချင်းတစ်ယောက်ဖြစ်နေတုန်းပါပင်။


ချီရှင်းချန်က သေချာစွာပြောလိုက်သည်။

"ကုမ္ပဏီက မင်းကို သေချာပေါက်ရွေးချယ်မှာပါ...ပထမဆုံးအသံသွင်းဖို့က 5 ပတ်လောက်လိုသေးတယ်...မင်း ကောင်းကောင်းလေ့ကျင့်ရမယ်"


"... ငါက ကော

င်းကောင်း လေ့ကျင့်ရမယ်"

ဟန်ချင် နားမလည်။


"ငါလည်း အသံမသွင်းခင် ဒီအခန်းထဲမှာ သင်နေမှာ.. အားလပ်ချိန်မှာ လာနားထောင်လို့ရတယ်"


"တကယ်လား"


တန်ဖိုးထားမခံရသော သင်တန်းသားများအတွက် ဆရာကောင်းများနှင့် တွေ့ဆုံရန် ခက်ခဲလေသည်။ဟန်ချင်း အတော်လေးစိတ်လှုပ်ရှားနေသည်။ 


"ကောင်းလိုက်တာ...ကျေးဇူးတင်ပါတယ် ရှင်းရှင်း"