အပိုင်း ၇၄
Viewers 26k

Chapter 74




ချီရှင်းချန်၏ အတန်းချိန်ဇယားကို သူမပထမဆုံးမြင်သောအခါ ဟန်ချင်း သင်တန်းသားတစ်ယောက်အနေဖြင့် မအံ့သြခဲ့ပေ။ သို့သော်လည်း အတန်းတွေပြည့်နေသော အချိန်ဇယားနှင့် အိပ်ချိန်ကလွဲ၍ သူ့အတွက် အချိန်မရှိသလောက် ဖြစ်နေသည့်အတွက် အနည်းငယ် အံ့သြမိသည်။


အတန်းစတက်သည့်နေ့မှာ ဟန်ချင်းနှင့်ချီရှင်းချန် အတူတူ ကြမ်းပြင်ပေါ် ပုံကျသွားခဲ့သည်။ 


"ရှင်းရှင်း ဘယ်နှစ်ရက်နေနိုင်မလဲဆိုတာ ကြည့်ရအောင်"


အတန်းသုံးရက်မြောက်ပြီးနောက်၊ ဟန်ချင်းနှင့် ချီရှင်းချန်တို့ အတူတူ ကြမ်းပြင်ပေါ် ပုံကျသွားပြန်ကာ "ရှင်းရှင်းက အရင်ကထက် ပိုပင်ပန်းနေပြီ" ဟုဟန်ချင်း တွေးလိုက်မိသည်။


အတန်းငါးရက်မြောက်ပြီးနောက်တွင် ဟန်ချင်းနှင့် ချီရှင်းချန်တို့သည် ဘာမှမစဉ်းစားနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။


ထို့နောက် "Siren" ကြော်ငြာရိုက်ကူးရန် အချိန်ကျရောက်လာခဲ့သည်။


ပြင်းထန်သော လေ့ကျင့်ရေးမှာ ငါးရက်ကြာပြီးနောက်၊ချီရှင်းချန် အနည်းငယ် ကိုယ်အလေးချိန်ကျသွားသည်။ချွေးတွေပိုထွက်ပြီး အသားအရေအခြေအနေက ပိုကောင်းလာသည်။ Après ၏ ထုတ်ကုန်မန်နေဂျာ Camilleက သူ့ကိုတွေ့သောအခါ၊ audition တုန်းကထက် ပို၍ပင် အံ့သြသွားခဲ့သည်။ မှန်ကန်သည့်လူကို ရွေးချယ်ခဲ့အတွက် သူမကိုယ်သူမ ချီးမွမ်းခဲ့၏။


အပြင်ဘက်ရှုတင်မှာ ရေစိုခံရိုက်ကူးရမည်ဖြစ်သောကြောင့် ဓာတ်ပုံအဖွဲ့က အတွင်းရှုတင် ပထမဆုံးရိုက်ကူးရန် ပြင်ဆင်ခဲ့သည်။စတူဒီယိုတွင်းရိုင်ကူးမှုမှာ ကြော်ငြာအတွက် အဓိကဖြစ်ပြီး ပရောဂျက်၏ ဆောင်ပုဒ်မှာ "ပင်လယ်သမုဒ္ဒရာအောက်" ဖြစ်သည်။


အပြင်အဆင်နှင့် လိုက်ဖက်ရန်အတွက် အတွင်းခန်းကို အပြာနုရောင်နှင့် နက်ပြာရောင် မှန်များကို အသုံးပြုကာ တောက်ပပြီးအိပ်မက်ဆန်သော နန်းတော်တစ်ခု တည်ဆောက်ခဲ့သည်။ချီရှင်းချန် ယခုလိုအနေအထားမျိုး တစ်ခါမှ မမြင်ဖူးပေ။ထို့ကြောင့် သူ့အတွက် အတော်လေး ဆန်းကြယ်နေသည်။


သူ၎င်းကို သေချာလေ့လာနေစဉ်မှာ စတိုင်လစ်ကပြေးလာခဲ့သည်။ 

"အချစ်ကလေး...တို့နဲ့ မိတ်ကပ်လိမ်းဖို့လိုက်ခဲ့"


လေသံက ချစ်းရာကောင်းပေမဲ့ ယောက်ျားတစ်ယောက်၏ ကြမ်းတမ်းသည့်အသံကို ပိုင်ဆိုင်ထား၏။ချီရှင်းချန် ကြောင်သွားသည်။


စတိုင်လစ်က နှုတ်ခမ်းသပ်လိုက်ပြီး ပြုံးလိုက်သည်။

"ကြောင်မနေနဲ့လေကွာ အချစ်ကလေး... အခုမိတ်ကပ်မလိမ်းရင် အရမ်းနောက်ကျသွားလိမ့်မယ်"


သူမကစကားပြောနေရင်းး ချီရှင်းချန်ကို မှန်တင်ခုံပေါ်သို့ ဆွဲတင်လိုက်သည်။


မှန်ပေါ်မှ မီးဖွင့်လိုက်သောအခါ စတိုင်လစ်ကတအံ့တဩဆိုသည်။

 "ဝိုး...ယူ့ရဲ့ အသားအရေကို ကြည့်လိုက်စမ်း... ချွေးပေါက်တစ်ပေါက်တောင် မရှိဘူး...ယူ ဘယ်လို skincare ပစ္စည်းတွေ သုံးလေ့ရှိလဲ...ယူ့မျက်နှာကို ထိလိုက်တာနဲ့ အဖုအထစ်မှမရှိဘူး... အလှအပခွဲစိတ်မှု လုပ်ဖူးလား"


"…မလုပ်ဖူးဘူး" 


ချီရှင်းချန်က သူ့ကိုယ်သူ အားတင်းပြီးပြန်ပြောလိုက်သည်။

"အခုတလော ကောင်းကောင်းအနားယူနိုင်ခဲ့လို့"


"ယူက မွေးကတည်းက လှတယ်လို့ပဲ ပြောလိုက်ပါတော့... ရပါတယ်နော် တို့စိတ်မဆိုးပါဘူး... ဒါဆို တို့ ယူ့ကို အောက်ခံလိမ်းမပေးတော့ဘူး...အဲဒါက ယူ့အသားအရေရဲ့ ကြည်တောက်နေတာလေးနဲ့နဂိုပုံစံကို ထိခိုက်စေလိမ့်မယ်"


"ကောင်းပြီ ကျေးဇူးပါ"


စတိုင်လစ်က သူ့အတွက် မိတ်ကပ်လိမ်းပေးပြီး ချီးကျူးခဲ့သည်။ မိတ်ကပ်လိမ်းရသည်က ရိုးရှင်း၏။ သူမက သူ၏ မျက်ခုံးပုံသဏ္ဍာန်ကို ချိန်ညှိကာ သူ့မျက်နှာပုံစံကို နက်ရှိုင်းစေခဲ့သည်။



မျက်ခွံတစ်ခုတည်းလိမ်းသည်က အလွယ်တကူ ညစ်ပတ်သွားမှာဖြစ်သဖြင့်စတိုင်လစ်က ယူနီကွန်းရောင်အစွန်းနှစ်ဖက်ကွဲထွက်နေသောအိုင်းရှဲဒိုးကို ရိုးရိုးရှင်းရှင်းပဲ သုံးခဲ့သည်။ယင်းကို မျက်လုံးအိမ်၏ သေးငယ်သော ဧရိယာနှင့် မျက်ခွံ၏ နောက်ဘက်တစ်ဝက်မှာတင်လိုက်ကာ မှုန်ဝါးနေပြီး စိုစွတ်နေသော ခံစားချက်ကို အလေးပေးထားသည်။ ထို့နောက် သူမက နက်ပြာရောင် အိုင်းလိုင်နာကို ကောက်ကိုင်လိုက်ပြီး မျက်လုံး၏အဆုံးတွင် ချိတ်သေးသေးလေးဆွဲလိုက်သည်။


အနက်ရောင်ဆံပင်အနည်းငယ်က သူ၏မျက်ခုံးကြားတွင် ပြုတ်ကျသွားသည်။ သူ၏ အသွင်အပြင်ကို ပေါ်လွင်စေရန် သူ၏ဆံပင်ပုံစံကို မသုံးခဲ့ပေ။ ထိုအစား သူမ၏အာရုံစူးစိုက်မှုနှင့် အမူအရာအားလုံးကို သူ့မျက်နှာပေါ်မှာ ထားခဲ့သည်။


ပြီးသွားသည့်အခါ စတိုင်လစ်က လက်ခုပ်တီးပြီး ဂရုတစိုက်ဆိုသည်။


"အိုးမိုင်ဂေါ့...အချစ်ကလေး ယူ့ကို တို့ပေးခဲ့တဲ့ပုံစံက အရမ်းအန္တရာယ်များပေမဲ့ ယူ့ရဲ့မျက်နှာလေးက အံ့သြစရာကောင်းတယ်... အကြောင်းအရာနဲ့ လုံးဝကိုက်ညီတယ် ...ကျစ် ကျစ် ကျစ် ...ယူက ဒီတစ်ပတ်မှာ တို့ရဲ့ အပြည့်စုံဆုံး ဖန်တီးမှုပဲ"


ချီရှင်းချန် ယခင်က ထိုကဲ့သို့ မိတ်ကပ်မလိမ်းဖူးသောကြောင့် သူမစကားကြောင့် အံ့ဩသွားခဲ့သည်။ သူက လှည့်ပြီး အန်းရန်ကိုမေးလေသည်။


"တကယ်ကြည့်ကောင်းလား"


အန်းရန်ု အားတက်သရော ခေါင်းညိတ်သည်။


"... ကျေးဇူးပြုပြီး မိနစ်အနည်းငယ်လောက် စောင့်ပေးပါ"

ချီရှင်းချန်မှာ အကြံတစ်ခုရလာသည်။ 

"ကျွန်တော် ရေချိုးခန်းသွားဖို့လိုတယ်"


ထို့နောက် စတိုင်လစ်၏ အဖြေကို မစောင့်ဘဲ ဖုန်းကို ကောက်ကိုင်ကာ ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။မှန်ရှေ့မှာရပ်ပြီး သူ့မျက်နှာကို ဘယ်မှညာကြည့်သည်။


အမ်းးး.... ကြည့်ရတာ တကယ်ကောင်းတယ်...


ထို့နောက် အတွင်းဆုံးခန်းထဲသို့ ပြေးဝင်ကာ တံခါးကို သော့ခတ်၍ ရှေ့ကင်မရာကို ဖွင့်ပြီး ဖုန်းကို သူ့ကိုယ်သူချိန်လိုက်သည်။


"ချပ်-"


သူ ဓာတ်ပုံရိုက်လိုက်သည်။


ထို့နောက် ပိုင်ရဲ့၏ပရိုဖိုင်ပုံကိုရှာပြီး ပေးပို့သည်ကိုနှိပ်လိုက်သည်။


ပေကျင်းမှာ ပွဲတစ်ခုကျင်းပခဲ့သည်။ပိုင်ရဲ့ အခုမှ လေယာဉ်ပေါ်ကဆင်းလာခြင်းဖြစ်သည်။ သူ့ဖုန်းတုန်ခါသွားသလို ခံစားလိုက်ရသဖြင့် ခရီးဆောင်အိတ်ကို အားလွင်ထံ ပေးလိုက်ပြီး မက်ဆေ့ချ်ကို ဖွင့်လိုက်သည်။


ရှင်းရှင်: [ရုပ်ပုံ]


ရှင်းရှင်း: [Après စတိုင်...မထူးဆန်းဘူးလား]


ပိုင်ရဲ့ ပုံကို ဖွင့်ကြည့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည်က လူငယ်လေး၏ ကြည်လင်သည့်မျက်နှာ။ နောက်အခိုက်အတန့်တွင် လူငယ်၏နောက်ကျောနောက်တွင် ပုံစံတူကြွေပြားအကြီးကြီးအပြင် ရေသန့်ဘူးနှင့် တစ်ရှူးဘူးကို သူတွေ့လိုက်ရသည်။


ရှောင်မန်က ပိုင်ရဲ့အနားတွင် ရှိနေသောကြောင့် သူမ ပုံကို မမြင်ရဘဲမနေပေ။ သူမက နှုတ်ခမ်းကို ကိုက်လိုက်သည်။ 


"အိုး...ရှင်းရှင်းက ဘော့စ်အတွက် ဓါတ်ပုံရိုက်ဖို့ ရေချိုးခန်းကို အထူးတလည်သွားခဲ့တာပဲ"


"အထူးတလည်..." 


ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။ 

"သူ ရေချိုးခန်းထဲဝင်လို့ အဲဒီမှာရှိနေတုန်းရိုက်ထားဖြစ်မယ်ထင်တယ်"


"ရှုးပေါက်ပြီး ဘယ်သူက ဓာတ်ပုံရိုက်မှာလဲ" 

ရှောင်မန်က အလွန်ကြီးယဉ်ကျေးခြင်းမရှိပေ။ 


"ဘော့စ်အတွက် ခွဲခြမ်းစိတ်ဖြာပါရစေ.."


သူမက လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ပိုင်ရဲ့၏ ဖန်သားပြင်မှာ ပုံကို ချဲ့လိုက်သည်။ 


"ကြည့်...သူ့ခြေထောက်က သန့်စင်ခန်းရဲ့နှစ်ဖက်လုံးမှာ ရပ်နေတာမဟုတ်ဘူး တစ်ဖက်တည်းမှာ... ဆိုလိုတာက သူက သန့်စင်ခန်းထဲကို ဝင်ထားတာမဟုတ်ဘူး... တစ်ရှူးဘူးမှာ ထိထားတဲ့ သဲလွန်စတစ်ခုမှ မရှိဘူး... ဆိုလိုတာက သူ ဘာတစ်ရှူးကိုမှ မသုံးခဲ့ဘူး... အမှိုက်ပုံးထဲမှာ ဘာမှမရှိဘူး..…"



"ကောင်းပြီ...တော်တော့" 


ပိုင်ရဲ့ သူများနှင့်သန့်စင်ခန်းသွားသည့်အကြောင်း မဆွေးနွေးချင်သောကြောင့် သူမကို အမြန်ရပ်ခိုင်းလိုက်သည်။


သို့ပေမဲ့ ရှောင်မန်ရဲ့ အဆိုအရ ဖန်လေးက သူ့အတွက် ဓာတ်ပုံရိုက်ရန် ရေချိုးခန်းကို သွားခဲ့သည်။


သူဘာမှပြန်မပြောလျှင် ဖန်လေးစိတ်မကောင်းဖြစ်လိမ့်မည်။


ပိုင်ရဲ့ ကြယ်ရောင်စုံကောင်းကင်ပုံစံဖြင့် AirPods ကိုထုတ်ကာ နားကြပ်ကို ပလပ်ထိုးလိုက်သည်။


ချီရှင်စချန် စတူဒီယိုသို့ အလျင်အမြန် ပြေးသွားရင်း ရုတ်တရက် ဖုန်းမြည်သံကြောင့် လန့်သွားသည်။


"ဟေ့ အလုပ်ရှုပ်နေတာမဟုတ်ဘူးလား" 

သူဖုန်းကို အလျင်စလိုဖြေလိုက်၏။


"ငါ အခုမှ လေယာဉ်ပေါ်က ဆင်းတာ" 

ပိုင်ရဲ့က ပြောသည်။ 

"ရှုတင် မစသေးပါဘူး"


"ဖန်တွေ အားပေးသံကို ကျွန်တော့် ဘာကြောင့်ကြားရတာလဲဆိုတာ အံ့သြနေတာ...ဒီမှာ ရိုက်ကွင်းက စတော့မယ်"


"အပြင်ရှုတင်ရှိလား"


"ဟုတ်ကဲ့...ကျွန်တော်က အခု အတွင်းခန်း ရှုတင်တွေရိုက်နေတာ... မှောင်တဲ့အချိန်မှ အပြင်ရှုတင်တွေကို ရိုက်မှာ"


"ရေအောက်မှာရိုက်မှာရင် သတိထားဖို့အမှတ်ရ"

ပိုင်ရဲ့ ခေတ္တရပ်ပြီး လိုရင်းသွားရန် ဆုံးဖြတ်လိုက်သည်။ 

"မင်းရဲ့ပုံစံကို ငါမြင်လိုက်ရတယ်"


"အိုးအချစ်ကလေး... နောက်ဆုံးတော့ ပြန်လာပြီ... အရမ်းလွမ်းနေတာနော်ဒီက"


လမ်းတစ်ဝက်မှာ လူစိမ်းတစ်ယောက်၏ အသံက ဖုန်း၏တစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာသည်။ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။


"သူက ဘယ်သူလဲ"


ချီရှင်းချန်: "!!!"


ချီရှင်းချန် စိုးရိမ်သွားသည်။ ဖုန်းကို အုပ်ပြီး စတိုင်လစ်ဘက်သို့ လှည့်လိုက်သည်။ 


"ဘရားသား...နောက်ထပ်နှစ်မိနစ်လောက်စောင့်ပေးပါ"


ထို့နောက် စတူဒီယို၏ ထောင့်သို့ လျှောက်သွားကာ ပိုင်ရဲ့ကိုရှင်းပြလိုက်သည်။


"ခုနက ပြောတဲ့သူက စတိုင်လစ်အစ်ကိုပါ...ဘာလို့ ကျွန်တော့်ကို အချစ်ကလေးလို့ခေါ်မှန်း မသိဘူး...ကျွန်တော်တို့ကြားမှာ ဘာမှ မရှိဘူး... တကယ် ဘာမှ မရှိဘူး"


သူ့လေသံက ပျာယာခတ်နေသည်။ သူ့မကျေနပ်မှုကြောင့် သူ့အသံက အနည်းငယ် နိမ့်သွားပြီး အနည်းငယ်ခွတီးခွကျဖြစ်နေပုံပင်။


ပိုင်ရဲ့ မထိန်းနိုင်ဘဲ ခပ်ဟဟရယ်မောလိုက်သည်။


သူ့ကို လာကြိုသည့် ညဥ့်ကောင်းကင်များ: "အား... ငါ့ယောက်ျားကို ဘယ်သူက မြူဆွယ်နေတာလဲ..."


........


တစ်နေ့တာလုံး ပိုင်ရဲ့၏ လေဆိပ်ဓာတ်ပုံများ နာမည်ကြီးနေသည်။


အထူးသဖြင့် ဖုန်းပြောရင်း ပြုံးနေသည့်ပိုင်ရဲ့၏ဓာတ်ပုံက ထိပ်ဆုံးမှာ ရောက်နေသည်။


မှတ်ချက်ကဏ္ဍတွင် ကောင်မလေးဖန်များ၊ ဇနီးဖန်များ၊ မားမားဖန်များနှင့် မေ့မေ့ဖန်များက အပြည့်အ၀ ဆွေးနွေးခဲ့ကြသည်။


[အေး... ငါ သူ့ကို တစ်နေကုန် လျှာနဲ့ လျက်နေတာ...သူ ပြုံးပြရင် ဘာလို့ အရမ်းကြည့်ကောင်းနေတာလဲ]



[ကိုယ်ရောပဲ...ဖုန်းစခရင်ကို လျှာနဲ့လျက်လုနီးပါးပါပဲ]


[ဒါက ကောဆီကနေ အပြုံးချိုချိုလေးရတာ ပထမဆုံးအကြိမ်ပဲ... ငါ့နှလုံးသားကို ထိုးနှက်လိုက်တာလေ သူက]


[ ရိုးရိုးသားသားပြောရရင် ကောရဲ့ရင်ထဲကလာတဲ့ အပြုံးကို နောက်ဆုံးမြင်ခဲ့ရတာက တုန်ချန်ဂီတပွဲတော်မှာ]


တုန်ချန်ဂီတပွဲတော်အကြောင်းရောက်လာသောအခါ လူတိုင်းက ဓာတ်ပုံများကို တင်ခဲ့ကြသည်။


နောက်ပိုင်းမှာ ညဥ့်ကောင်းကင်တစ်ယောက်ကဆိုသည်။

[အယ်...ရဲ့တက ရှေ့တန်းမှာရှိတဲ့ ယောကျာ်းလေးဖန်တွေကို ပြုံးပြနေတာ သတိထားမိတယ်... ယောက်ျားလေးဖန်တွေက ပိုသန်မာတာလား]


[ငါက သူနဲ့အတန်းအတူတူပဲ...ယောင်္ကျားလေးဖန်တွေရဲ့ဘေးတိုက်မျက်နှာကို မြင်လိုက်ရတယ်.. သူတို့က တကယ် သန်မာတယ်...တချို့က ပွဲဦးထွက်ပြီးတာတောင် ဖြစ်နိုင်တယ်]


[ဘာမဟုတ်တာတွေပြောနေတာလဲ... သူက ပွဲဦးထွက်ခါစ အနုပညာရှင်...သွားတော့မယ်ဘိုင်]


[အဲဒါက ချီရှင်းချန်... လှည့်ကြည့်လိုက်တော့ သူ့ကိုတွေ့လိုက်တယ်... အဲဒီတုန်းက ဘယ်သူလဲဆိုတာ မမှတ်မိခဲ့ဘူး...အရမ်းနောင်တရတယ်]


နေ့တိုင်းအချိုများအတွက် ချောင်းမြောင်းနေသော ကျိုရဲ့ရှင်းချန်CPဖန်များသည် ၎င်းကိုမြင်သောအခါ သတိလက်လွတ်ဖြစ်ကုန်သည်။ ဂီတပွဲတော်နေ့တွင် ရိုက်ကူးထားသော ဓာတ်ပုံများကို ကမန်းကတန်း ရှာဖွေခဲ့ကြသည်။


ချီရှင်းချန်ကို သီးသန့်ရိုက်ထားသည့်ဓာတ်ပုံများမပါရှိသော်လည်း ပရိသတ်က ရိုက်ကူးထားသော ဆယ်ဖီတွင် အထင်ကရ မျက်ခွံတစ်ဖက်ကို မြင်တွေ့ခဲ့ရသည်။


... သူက မစ်ကီမောက်ဆံကုပ်ကိုတောင် ၀တ်ထားတာ...


၀တ်စားပြင်ဆင်ထားတာက ရင်ခုန်စရာကောင်းလွန်းတယ်...


CPဖန်တွေ ဝမ်းသာအားရ မျက်ရည်ကျခဲ့ကြသည်။သူတို့ ညဥ့်ကောင်းကင်များနှင့် စကားမပြောရဲကြပေ။လူ ၅,၀၀၀ ကန့်သတ်ချက်ထက် ကျော်လွန်နေသည့် အဖွဲ့ဆီသို့ ပြန်ပြေးလာပြီး အော်ဟစ်ကြသည်။


"လောင်ကုန်းရှိရာကို တောက်လျှောက်လိုက်နေတော့ တာပဲဟေး"


"ကျိုရဲ့ရှင်းချန် SZD!"


"ကျိုရဲ့ရှင်းချန် SZD1!"


ထို့အပြင် မစ်ကီမောက်ဆံကုပ်က စာပေအသိုင်းအဝိုင်းရှိ အမျိုးသမီးတစ်စု၏ ဖန်တီးမှုဆန္ဒကို နှိုးဆွပေးခဲ့သည်။ *အဝါရောင်ခြင်လေးများကို စုဝေးကွင်းမှာတန်းစီသကဲ့သို့ အဆက်မပြတ်ထုတ်လုပ်ခဲ့သည်...

(T/N–1.SZD=shìn zhēn de=it is real.

2.အပြာစာနှင့်တူ)


ထိုညမှာ ဖန်တွေ အားလုံး အိပ်မပျော်ကြပေ။


.


သို့ပေမဲ့ ချီရှင်းချန်က ထိုအကြောင်းကို မသိခဲ့ပါချေ။ "Siren" ကြော်ငြာကို ရိုက်ကူးပြီးနောက်တွင် သူက နတ်ဆိုးလေ့ကျင့်ရေးသို့ ပြန်ဝင်ခဲ့သည်။


ဆယ်ရက်အကြာတွင် Après ၏တရားဝင် Weiboက ၎င်းတို့၏ နွေရာသီထုတ်ကုန်သစ်အတွက် ပရိုမိုးရှင်းဓာတ်ပုံလေးပုံကို ထုတ်ပြန်ခဲ့သည်။ ပိုစတာရှိ အာရှမျက်နှာပေါက်၏ ပထမဆုံး အသွင်အပြင်က Après ၏ သစ္စာရှိ ပရိသတ်များ စိတ်ရှုပ်ထွေးစေခဲ့သည်။


[ဒါဘယ်သူလဲ]


[Après က နောက်ဆုံးမှာ တရုတ်ဈေးကွက်ထဲကို ဝင်ရောက်တော့မှာလား]


[ပြောရေးဆိုခွင့်ရှိသူက အရမ်းကြည့်ကောင်းတယ်...ငါအကြိုက်ဆုံးရေမွှေးဘရန်းကိုကြည့်စမ်း... ပြောရေးဆိုခွင့်ရှိသူရဲ့အကြိုက်ကတောင် အဆင့်အတန်းမြင့်လွန်းတယ်(အရောင်) (အရောင်)]



[အဖိုးတန်မြေတစ်ကွက်ကိုငှားလို့အက်ပရေ့စ်သုံ့ပြီး ရှောင်ချီလေးကိုစမ်းမယ်: သူက ရယ်စရာကောင်းတယ်... ချစ်စရာလည်းကောင်တယ်...ပိုင်ရှာဆိပ်ကမ်းတစ်ခုလုံးကို ပိုင်တယ်... သူက လမ်းတွေပေါ်မှာ ဆက်ကပ်လည်း ဖျော်ဖြေနိုင်ပြီး သတင်းတွေပေါ်မှာလည်း ပေါ်လာနိုင်တယ်... ဒီလိုလူဆီကနေ သွေးဆောင်ဖြားယောင်းမခံရဘဲနေမလား... သူ့အတွက် ရင်းနှီးမြုပ်နှံတာက ရှုံးမှာမဟုတ်ဘူး]


ရက်ပေါင်း နှစ်ဆယ်ကြာပြီးနောက်၊ Après ၏ ထုတ်ကုန်အသစ်များ အားလုံး ထွက်ရှိလာခဲ့သည်။ ဤရာသီ၏ "Siren" အတွက် ကြော်ငြာကို ဖြန့်ချိခဲ့သည်။


မှောင်မိုက်ပြီး အကန့်အသတ်မရှိသော ပင်လယ်ပြင်တွင် လရောင်က လှိုင်းလုံးများနှင့်အတူ ဖြည်းညှင်းစွာ စီးဆင်းနေသည်။ ရုတ်တရက် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က ရေထဲမှ ထွက်လာသည်။သူက တစ်စုံတစ်ခုကြောင့် စွဲဆောင်ခံလိုက်ရသလိုမျိုးလှိုင်းတံပိုးတွေပေါ်တက်ပြီး ကမ်းစပ်ကိုလျှောက်ရန်ကြိုးစားသည်။


သူ နီးကပ်လာသောအခါမှ သူ့ခြေဗလာကို တောက်ပြောင်သော အကြေးခွံအလွှာများဖြင့် ဖုံးအုပ်ထားကြောင်း သိလိုက်ရသည်။ သူက လှိုင်းပေါ်ကနေ ခုန်ချပြီး ခရီးသွားတွေ ကမ်းခြေမှာ မတော်တဆ ပြုတ်ကျခဲ့သည့် ရေမွှေးကို ကောက်ယူလိုက်၏။


ခဏလောက် ပဟေဠိဖြစ်နေသည့်အမူအရာနှင့် ကြည့်နေပြီးနောက် လက်ကိုမြှောက်ပြီး နှာတံအောက်မှာ ရေမွှေးကိုကပ်ကြည့်လိုက်သည်။


ထို့နောက် ခေါင်းငုံ့ကာ မျက်လုံးမှိတ်လိုက်သည်။ နီရဲသော နှုတ်ခမ်းများက ဆိုးယုတ်သောအပြုံးတစ်ခုကိုဖော်ဆောင်လိုက်သည်။


တည်းဖြတ်ထားသော ကြော်ငြာက နှစ်ဆယ့်ငါးစက္ကန့်မျှသာဖြစ်သော်လည်း Après က တရုတ်ဈေးကွက်တွင် အမြစ်စွဲနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ သူတို့သည် ရှုခင်းအလှကို ချဲ့ထွင်ပြီး မော်ဒယ်လ်ကို စတိုင်ကျကျနှင့် ဓာတ်ပုံရိုက်ရန်အတွက် နိုင်ငံတကာထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့သည်။


ထို့အပြင် သူတို့သည် Weibo တွင် ကြော်ငြာနေရာများ ဝယ်ယူရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ Aprèsဖန်များ၊Aprèsဖန်မဟုတ်သူများ၊ ချီရှင်းချန်ကို သိသူများ၊ ချီရှင်းချန်ကို မသိသူများ ... သူတို့ ရေမွှေးသုံးကြသရွေ့ သူတို့အားလုံးဆွဲဆောင်ခံခဲ့ရသည်။


အမှန်တွင် အများဆုံးပါဝင်သူများမှာ ကြယ်အလင်းတန်းများဖြစ်သည်။


အမှတ်တံဆိပ်တစ်ခုအတွက် အရေးကြီးဆုံး

အရာမှာ အရောင်းမြှင့်တင်ရန်ဖြစ်သည်ကို သူတို့သိသည်။ ငွေရေးကြေးရေး ချမ်းသာသည့်သူတွေက ဆယ်ပုလင်းမှာ ရှစ်ပုလင်းဝယ်ကြကာ အဆင်မပြေသူတွေက အားလုံး သူတို့idol၏ ရနံ့ကိုမွှေးကြူနိုင်ရန် သုံးလေးယောက် တစ်ပုလင်းစုဝယ်ပြီး လက်ထဲရောက်သည့်အခါ ခွဲယူကြသည်။