အပိုင်း ၇၅
Viewers 26k

Chapter 75




နာမည်ကြီး ဘလော့ဂါများစွာကလည်း ပြန်တင်ပြီး ထောက်ခံခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ "ရွာသွန်းမိုးပြီးပထမဆုံးရောင်နီ"ဟု အမည်ပေးထားသည့် လူမှုရေးသမားဘလော့ဂါတစ်ဦးနှင့် သူမ၏ ဖန်များက ပုလင်းပေါင်း တစ်သောင်းနီးပါး ပါဝင်ဝယ်ယူခဲ့သည်။


ဒုတိယနေ့၏မွန်းလွဲပိုင်းတွင် တရားဝင်ဝဘ်ဆိုဒ်မှ အရေးပေါ်အခြေအနေ သတိပေးခဲ့သည်။


"သေစမ်း...ဘာလို့ ဒီလောက်နောက်ကျနေရတာလဲ...ငါ့အော်ဒါကို တင်လို့မရဘူး...ငါဘာလုပ်ရမလဲ... မနေ့ညက အစောကြီးမအိပ်သင့်ဘူး...ငါက ဝက်တစ်ကောင်ပါ..."


အားလပ်ချိန်အတွင်း အန်းရန် သူမ၏ဖုန်း စာမျက်နှာကို ဆက်တိုက်ပွတ်ကာ ပြန်လည်စတင်နေခဲ့သည်။


ထို့နောက် ဝင်းဒိုးတစ်ခု ပေါ်လာသည်- [သင်ရွေးချယ်ထားသော ထုတ်ကုန်တွင် စာရင်း [0] ရှိသည်။]


"F*ck..." 

အန်းရန် မနေနိုင်ဘဲ ဆဲလိုက်မိသည်။ 

"နောက်ဆုံးတော့ မဝယ်နိုင်ခဲ့ဘူး... F*ck F*ck F*ck F*ck"


"ရပါတယ်...ကျွန်တော့်ကျဲက ပုလင်းထောင်ဂဏန်းလောက်ဝယ်ထားတာ...မနက်ဖြန် နှစ်ပုလင်းပေးမယ်" 

ချီရှင်းချန်က သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းလိုက်သည်။


"…"

သူမ အာဏာရှင်သူဌေးကြီးနှင့် အထူးပင်စကားမပြောချင်သော်လည်း သူမပြောလိုက်ရသည်။ 

"ငါရေမွှေးမလိုချင်ဘူး...ငါက နင့်ကိုအားပေးချင်တာ"


"ကျဲရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်.. ကျဲကို ကျေးဇူးလည်း တင်ပါတယ်...ဝယ်မရရင် မဝယ်နဲ့ ဘာမှမဖြစ်ဘူး... အိုး ဟုတ်တယ် Camilleက တစ်ခုခုပြောခဲ့သေးလား"


"သူတို့က ဘာပြောနိုင်မှာလဲ..." 


အန်းရန်က ပြုံးလိုက်သည်။ 

"ဒါက ငါတို့ အတူတူ လက်တွဲတာပထမဆုံး အကြိမ်ကို ဒီလောက် အောင်မြင်ခဲ့တာ... နင့်ရဲ့စွမ်းဆောင်နိုင်မှု အတွက် ချီးကျူးမကုန်ဖြစ်နေတာ... Après မှာ နင့်ရဲ့ ပထမဆုံး အောင်ပွဲ ကို ဂုဏ်ပြုဖို့ ပွဲတစ်ခု ကျင်းပမယ်လို့တောင် ပြောခဲ့သေးတယ်"


၎င်းကိုကြားသောအခါ ချီရှင်းချန် အတော်လေး စိတ်အေးသွား၏။ ဘရန်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ကောင်းစွာမလုပ်ဆောင်ပါက ရှက်စရာဖြစ်လိမ့်မည်။ နောင်တွင် သူနှင့်တွဲလုပ်ရန် အခြားမည်သည့်ဘရန်းမှ သတ္တိရှိမည်မဟုတ်ပါချေ။


"ရှင်းရှင်း" 

အန်းရန်က ရပ်လိုက်သည်။ 

"Après မှာ ပွဲတက်ရမယ်...အချိန်သတ်မှတ်ပြီးရင် ဖိတ်စာပို့လိုက်မယ်တဲ့"


"... ငြင်းလို့ရမလား... 'My Time' ရိုက်ကူးရေး စတော့မယ်"


အန်းရန်က သူငြင်းမည်ဟု ခန့်မှန်းထားပြီးသားဖြစ်၏။ သူမက ခေါင်းယမ်းလိုက်ပြီးဆိုလိုက်သည်။


"ရှင်းရှင်း...ပထမဆုံးအနေနဲ့ နင်က ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ပွဲရဲ့အဓိကဇာတ်ကောင်တစ်ယောက်လေ...နင်မတက်ရင် မမှန်ဘူး... ဒုတိယအနေနဲ့ Camilleက တရုတ်နိုင်ငံမှာ ငါးနှစ်ကြာနေခဲ့ပြီး အနုပညာရှင်တွေနဲ့ နာမည်ကြီးတွေနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ကြားခဲ့ရတယ်...ဒီပွဲက နင့်ရဲ့အဆက်အသွယ်ကွန်ရက်ကို ချဲ့ထွင်ဖို့ အခွင့်အရေးတစ်ခုပဲ... အဲ့ဒါကြောင့် ဝေချင်က audition သွားခဲ့တာဖြစ်မယ်ထင်တယ်"


အန်းရန်ပြောသည်က အဓိပ္ပါယ်ရှိသည်။အိမ်မှာဆိုလျှင် သူ့မိသားစုကိုအားကိုးရပြီး အပြင်မှာရှိသည့်အခါ သူ့မိတ်ဆွေသူငယ်ချင်းတွေကို အားကိုးရမည်ဆိုသည်ကို ချီရှင်းချန် သိသည်။ အဆုံးတွင် သူ အလျှော့ပေးခဲ့သည်။ 


"ကောင်းပြီ...ဖိတ်စာရောက်တဲ့အခါ ကျွန်တော့်ကို အကြောင်းကြားပေးပါ...ရက်တိုက်မနေသရွေ့ ကျွန်တော်သွားလိုက်မယ်"


"စိတ်မပူပါနဲ့...အဲဒါက တိုက်မှာမဟုတ်ပါဘူး...ဝေချင်လည်း ဖိတ်ကြားချက်စာရင်းမှာပါတယ်...Camilleက အဲဒီနှစ်ရက်ကို သေချာပေါက်ရှောင်မှာ"


ထိုသို့ဖြစ်နေရာ ချီရှင်းချန် အခြားဘာမျှ မပြောတော့ပေ။ လက်ကျန်အချိန်တွေကို အပြည့်အဝအသုံးချပြီး သင်ယူခဲ့သည်။


သြဂုတ်လလယ်တွင် ပိုင်ရဲ့၏အယ်လ်ဘမ်အသစ်ထွက်ရှိခဲ့သည်။ ၎င်းသည် Weibo တွင် ငါးမိနစ်ကြာ နံပါတ်တစ် ရေပန်းစားသော အကြောင်းအရာဖြစ်ခဲ့သည်။ ၎င်းသည် တရုတ်ဝက်ဘ်ဆိုက်များနှင့် YouTube တွင် ဆယ်နာရီကြာ နံပါတ်တစ်လူကြည့်အများဆုံး ဗီဒီယိုဖြစ်ခဲ့သည်။ ၎င်းသည် iTunes တွင် 24 နာရီအတွင်း နံပါတ်တစ်ဖြစ်ခဲ့သည်။ Billboard ၏ ပေါ့ပ်ဇယားတွင် တစ်ပတ်တာ နံပါတ်တစ်ဖြစ်ခဲ့သည်။


ခေတ်စားနေသော ရှာဖွေမှုစာရင်းကို ဆယ်ရက်ကြာ လွှမ်းမိုးထားခဲ့သည်။


ပရိုမိုတာ၏ မကြုံစဖူးရေပန်းစားမှုကို အခြေပြုပြီး 'My Time' ၏ ပထမဆုံးအပိုင်းကို တရားဝင်စတင်ခဲ့သည်။


"My Time"က ယောကျာ်းလေး idolအဖွဲ့များအတွက် talentရှိုး(စွမ်းရည်စစ်ရှိုး)တစ်ခုဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်မှာ လက်ရှိမျိုးဆက်၏ စွယ်စုံရနှင့် အပြောင်မြောက်ဆုံး idolကို ရှာဖွေရန်ဖြစ်သည်။ အဓိကစီမံခန့်ခွဲမှုကုမ္ပဏီကြီးများမှ ရွေးချယ်ပြီး တစ်ဦးချင်း မှတ်ပုံတင်ထားသည့် သင်တန်းသား ၈၈ ဦးအနက် ခြောက်ဦးသာ ပရိသတ်မဲဖြင့် ပွဲဦးထွက်နိုင်သည်။


ရိုက်ကူးရေးက သုံးလကြာရန် စီစဉ်ထားပြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ တံခါးပိတ်လေ့ကျင့်မှုဖြစ်သည်။ ပြိုင်ပွဲ ၇ ကြိမ်ရှိပြီး အပိုင်း ၁၀ ပိုင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ၂ ပိုင်း ခွဲမည်ဖြစ်သည်။တုန်ချန်တီဗွီ၏ အဓိကအချိန်တွင် ထုတ်လွှင့်မည်ဖြစ်သည်။


ရိုက်ကူးရေးမစခင်ညမှာ ဒါရိုက်တာက နည်းပြဆရာငါးဦးနှင့် တွေ့ဆုံခဲ့သည်။


"အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဒါရိုက်တာက ပြောသည်။ 

"မနက်ဖြန်ကစပြီး ငါ မင်းတို့ကို ဒုက္ခပေးရတော့မယ်...အခု မနက်ဖြန်အတွက် လုပ်ငန်းစဉ်ကို ငါရှင်းပြမယ်"


ဆွေးနွေးပွဲစားပွဲတွင် ဒါရိုက်တာ၊ပိုင်ရဲ့နှင့် ဖျော်ဖြေရေးနည်းပြ ချန်ကျားရီက တစ်ဖက်တွင် ထိုင်နေသည်။အသံနည်းပြကျန့်ယွီယန် ၊အကနည်းပြဝေချင်နှင့် ချီရှင်းချန်တို့က တစ်ဖက်တွင် ထိုင်ကြသည်။


ထိုင်ခုံအစီအစဥ်အရ နည်းပြတစ်ဦးချင်းစီ၏ အနေအထားနှင့် ဆက်ဆံခံရပုံကို ပြောပြနိုင်သည်။


ချန်ကျားရီက အသက်လေးဆယ်ကျော်အရွယ်ဖြစ်သည်။ သူမက လှပပြီး စိတ်ထားကောင်းသူဖြစ်သည်။ပြဇာတ်ကျောင်း၏ ဆရာမဖြစ်ခဲ့ပြီး ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့်တင်ဆက်မှုဆိုင်ရာ လမ်းညွှန်မှုများအတွက် အဓိက တာဝန်ယူခဲ့သည်။


ကျန့်ယွီယန်က အသက် 32 နှစ်ဖြစ်၏။ သူက အမျိုးသားအဆိုတော်နှင့် တေးရေးဆရာဖြစ်သည်။ သူက ကျောင်းသားများ၏ အသံနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လမ်းညွှန်မှုအတွက် အဓိက တာဝန်ရှိသည်။


ဝေချင်က အသက် 22 နှစ်ဖြစ်၏။ သူက ချီရှင်းချန်ထက် တစ်နှစ်သာ ကြီးသည်။ သူက လွန်ခဲ့သော နှစ်နှစ်ခန့်က "My Time" တွင် ပါဝင်ခဲ့သည်။ သူသည် A-list မှ နာမည်ကြီးတစ်ဦးဖြစ်ပြီး ကျောင်းသားများ၏ အကလမ်းညွှန်မှုကို တာဝန်ယူခဲ့သည်။


ပိုင်ရဲ့က စတင်လုပ်ဆောင်သူဖြစ်ပြီး တင်ဆက်သူလည်းဖြစ်သည်။ အခြေအနေတစ်ခုလုံးအတွက် သူတာဝန်ယူထားရသည်။ချီရှင်းချန်က သည် ဓမ္မဓိဌာန်ကျကျအကဲဖြတ်မှုအတွက် အဓိက တာဝန်ရှိသည်။


ဒါရိုက်တာက စည်းကမ်းချက်တွေကို ဆက်လက်ရှင်းပြ၏။ 

"မနက်ဖြန်က ပထမအဆင့် အကဲဖြတ်မှာဖြစ်တယ်... ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီတွေအလိုက် အဖွဲ့လိုက် ဖျော်ဖြေမယ်... ဆရာတွေ လုပ်ရမှာက A ကနေ F အဆင့် ပေးရမယ်...A က အမြင့်ဆုံးဖြစ်ပြီး F က အနိမ့်ဆုံးဖြစ်တယ်... အဆင့်အကဲဖြတ်ပြီးတံနောက် ပြိုင်ပွဲဝင်တွေက သက်ဆိုင်ရာ အတန်းအလိုက် လေ့ကျင့်ရေးထဲကို ဝင်ရောက်မှာဖြစ်တယ်"


ထိုအချိန်တွင် ချီရှင်းချန် "My Time" ၏ ပထမရာသီနှစ်ခုကို ကြည့်ရှုခဲ့ပြီး စည်းမျဉ်းများကို ယေဘုယျနားလည်ခဲ့သည်။ သူက ခေါင်းညိတ်လိုက်သည်။


"ဒီသုံးယောက်" 

ဒါရိုက်တာက စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ 


"မနက်ဖြန် အဆင့်အကဲဖြတ်ချိန်အတွင်း ကျေးဇူးပြုပြီး ညှာတာပေး..."


… ညှာတာရမှာလား...


ချီရှင်းချန် ရင်ဆောင့်ခုန်သွားသည်။


ဒါက အတွင်းပိုင်းအလုပ်လား...


အန်းရန် သူ့ကို မလာခင် <My Time> အတွက် ဇာတ်ညွှန်းရှိမှာ သေချာသည်ဟုဆိုခဲ့၏။သို့ပေမဲ့ ဇာတ်ညွှန်းက ဟန်ပြသက်သက်ဟု သူထင်ခဲ့သည်။


မမျှော်လင့်ဘဲ ပထမအချီကတည်းက ထုတ်လုပ်ရေးအဖွဲ့က ပြိုင်ပွဲဝင်များ၏ ရလဒ်များနှင့်ဖလင်ကွက်ကို ချိန်ညှိနေပြီဖြစ်သည်။


အမှန်တွင်၊အဆင့်မြင့်မြင့်ရသူတွေဟာ ပိုနိမ့်သူတွေထက် ပိုပြီး အာရုံစိုက်ခံရမှာ သေချာ၏။ အဆင့်သတ်မှတ်ချက်များက သင်တန်းသားများအပေါ် ပရိသတ်၏ ပထမဦးဆုံးအမြင်အပေါ် သက်ရောက်မှုရှိနိုင်ပြီး ယင်းက လူကြိုက်များမှုကို စုဆောင်းရန်အတွက် အလွန်အကျိုးရှိသည်။


စာရွက်စာတမ်းငါးစုံကို ဖြန့်ဝေပြီးနောက် နည်းပြများက ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကြည့်ရှုကြသည်။ချီရှင်းချန်က သူတို့ကို ဖွင့်ကြည့်ပြီး တစ်ချက်ကြည့်လိုက်သည်။


အချက်အလက်သုံးစုံအနက် သီးသန့်သင်တန်းသားတစ်ဦးနှင့်သင်တန်းသားလေ့ကျင့်ရေးကုမ္ပဏီများမှ အကြံပြုထားသော သင်တန်းသားနှစ်ဦး ပါဝင်သည်။


တုန်ချန်က သီးသန့်သင်တန်းသားကို လက်မှတ်ရေးထိုးချင်နေပေလိမ့်မည်။ ကျန်သည့် နှစ်ယောက်က ကုမ္ပဏီက သူတို့ကို ပိုက်ဆံပေးပြီး လာဘ်ထိုးထားခြင်းဖြစ်သည်။


ယခုအတိုင်းဆိုလျှင် သုံးနေရာပဲကျန်တော့သည်။ အခွင့်အရေးက 14 ယောက်မှာ 1 ယောက်မဟုတ်ဘဲ 28ယောက် မှာ 1 ယောက်ဖြစ်၏။


လောကကြီးက တရားမမျှတပေ။ အတွင်းဇာတ်လမ်းများနှင့် စကားဖြင့်မပြောနိုင်သော စည်းမျဉ်းများသည် ရှောင်လွှဲ၍မရပေ။ လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာခဲ့သည့် အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့်၊ချီရှင်းချန် ထုတ်လုပ်ရေးအဖွဲ့က သူ့ကို ပွဲဦးထွက်နေရာတစ်ခုပြုလုပ်စေလိုပါက နားလည်ပေးပြီးထုတ်လုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်လေသည်။


ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့ထဲက တစ်ဝက်လောက်က ဆုံးဖြတ်ပြီးသွားပြီ…


နည်းနည်းလွန်သွားတယ်မဟုတ်လား...


၎င်းကိုတွေးပြီး ချီရှင်းချန် မျက်မှောင်ကြုတ်ပြီး စာရွက်စာတမ်းတွေကို ပိတ်လိုက်သည်။ အသံသွင်းခြင်းတရားဝင်စတင်ချိန်တွင် သူအလိုရှိသည့်အတိုင်း ပြန်လည်သုံးသပ်နိုင်ရန် ဤလူများ၏အမည်များကို သူတမင်တကာ မှတ်မထားခဲ့ပေ။


ထိုအချိန်မှာ သူ့ဖုန်းက အသံမြည်လာသည်။


ပိုင်ရဲ့က WeChat မက်ဆေ့ခ်ျပို့လိုက်သည်။ [စာရွက်စာတမ်းတွေကို သေချာဖတ်ပါ]


ချီရှင်းချန် ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ရဲ့က ဇာတ်ညွှန်းကို သဘောတူခဲ့တာလား...


တကယ်တော့...သူမှာ စည်းမျဥ်းစည်းကမ်း မရှိဘူးလား...


ချီရှင်းချန် ပိုင်ရဲ့ကို မော့ကြည့်လိုက်သည်။


ပိုင်ရဲ့က သူ့ဖုန်းကို ချထားပြီး ချီရှင်းချန်ကို လျစ်လျူရှုလိုက်၏။ထိုအစား စာရွက်စာတမ်းတွေကို ဒါရိုက်တာဆီ ပြန်ပို့လိုက်သည်။


"ကိုယ့်စံနှုန်းအတိုင်းပဲ ကျွန်တော်အကဲဖြတ်မယ်..."


ချီရှင်းရှန်၏ ကျုံ့နေသာမျက်မှောင်က ချက်ခြင်းပင် ပြေလျော့သွားသည်။


ဒါရိုက်တာက ပိုင်ရဲ့၏စရိုက်ကို ကောင်းကောင်းသိ၍ ဖြစ်နိုင်၏။ သူနှင့် ငြင်းခုံခြင်းမပြုဘဲ ကိစ္စများကို ချောမွေ့စေလိုသည့်ဟန်ဖြင့် ပြုံးပြသည်။ 


"ငါကလည်း ဒီလိုပဲပြောတာပါ... သူတို့ သုံးယောက်က တော်တော်လေးတော်တယ်...ငါ အများကြီး မပြောပါဘူး...ပိုင်လောင်ရှီးက သူတို့ကို သေချာပေါက် လက်ခံမှာပါ"


ပိုင်ရဲ့က မှတ်ချက်မပေးဘဲ ပြုံးရုံမျှသာပြုသည်။သူက ဤကိစ္စကို ဘေးဖယ်ထားလိုက်၏။


ထို့နောက် ဒါရိုက်တာမှ သတိထားရမည့်အချက်အချို့ကို ဆွေးနွေးသည်။ အစည်းအဝေးအပြီးမှာ ပိုင်ရဲ့က ချီရှင်းချန်ကို ခေါ်လိုက်သည်။


"ရှင်းရှင်း ငါနဲ့လိုက်ခဲ့"


ဒါရိုက်တာက သူ့ခြေလှမ်းတွေကို ရပ်လိုက်သည့။



သူ့ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းပြီးသွားသည့် ကျန့်ယွီယန်က ၎င်းကိုကြားသောအခါ အံ့သြတကြီးနှင့်မေးသည်။

"မင်းတို့ အချင်းချင်း သိကြတာလား"


"သူတို့က ရသစုံရှိုးတွေ အတူတူရိုက်ဖူးတယ်...ငါတောင် ကြည့်ဖူးတယ်" 

ချန်ကျားရီ နောက်ပြောင်လိုက်သည်။ 

"ယွီယန်...နင့် အချိန်တွေအကုန်လုံး သီချင်းတွေပဲရေးနေတာမဟုတ်လား"


ကျန့်ယွီယန်က ဤနှစ်မှာ အလွန်အလုပ်များနေပြီး ရသစုံရှိုးတွေကြည့်ရန် အချိန်မရှိဘူးဟု အမြန်ပြောခဲ့သည်။သူက မသိနားမလညမပြီး အတွေ့အကြုံမရှိသူဖြသ်နေသည်က ရှက်စရာပင်။ဝေချင်က သူတို့ပြောနေသည်ကို နားထောင်ရင်း ဘာမှမထူးခြားသည့်အမူအရာနှင့် ဘေးမှာ ရပ်လိုက်၏။


ပိုင်ရဲ့က လူတိုင်းနှင့် ပျော်ရွှင်စရာများကို ဖလှယ်ပြီး ချီရှင်းချန်နှင့် ထွက်ခွာသွားခဲ့သည်။


ချီရှင်းချန် ပိုင်ရဲ့၏နောက်သို့ လိုက်ကာ သူအဆူခံရနိုင်ခြေအရှိဆုံးဖြစ်ကြောင်း သိလိုက်သည်။


ကားပေါ်ရောက်သောအခါ ပိုင်ရဲ့က မျက်နှာတည်တည်နှင့်ဆိုသည်။

 "ထိုင်"


ချီရှင်းချန် သူ့ကိုယ်သူ အားတင်းကာ ထိုင်ချလိုက်၏။


"အခုနက အစည်းအဝေးမှာ မင်း သိပ်သိသာလွန်းတယ်"


"သူတို့က အရမ်းလွန်တယ်...ကျွန်တော်လည်းမတတ်နိုင်ဘူး" 

ချီရှင်းချန်က အသံနိမ့်နိမ့်နှင့် ရှင်းပြ၏။


ပိုင်ရဲ့က သူ့နဖူးကို ဖိလိုက်သည်။ 


"မင်းဘာတွေတွေးနေလဲဆိုတာ ငါနားလည်ပါတယ်...ဒါပေမဲ့ မင်းက မင်းကိုယ့်ကိုကိုယ် အခြေခိုင်အောင်မလုပ်ရသေးဘူး... လူတွေကို ပေါ့ပေါ့ဆဆ မစော်ကားနဲ့...ပြီးတော့-"


"ပြီးတော့ မင်းမှာငါ့ရှိသေးတယ်မဟုတ်ဘူးလား" 

ပိုင်ရဲ့က သက်ပြင်းချလိုက်သည်။


"နောင်မှာ ပြဿနာတစ်ခုခု ကြုံလာရရင် မင်းငါ့ကို အရင်ဆွေးနွေးလို့ရတယ်...ဖြစ်ကတတ်ဆန်း မလုပ်နဲ့...အဲဒါကို မင်းလုပ်နိုင်မလား"


ချီရှင်သချန် သူ့အထက်တွင် တစ်စုံတစ်ယောက်ရှိနေသလို ရုတ်တရက် ထင်ယောင်ထင်မှားဖြစ်မိခဲ့သည်။ သူက ခေါင်းငုံ့ပြီး "ကောင်းပြီ...ကျွန်တော် လုပ်နိုင်တယ်" ဟု နာခံစွာပြောလိုက်သည်။


ပိုင်ရဲ့က သူ၏အယ်လ်ဘမ်ကို ယခုလေးတင်မှထွက်ရှိထားပြီး သူ၏အချိန်ဇယားမှာ အလုပ်များနေသည်။အဆူခံရပြီးနောက်၊ ချီရှင်းချန် သူ့ဘက်ကနေသနှုတ်ဆက်ကာ ထွက်လာခဲ့သည်။


ကားတံခါးကိုဖွင့်ပြီး ခုန်ထွက်လာလိုက်၏။ တိုက်ဆိုင်စွာပင် ကားပေါ်တက်ခါနီး ဝေချင်ကို တိုက်မိသွားသည်။


"တိုက်ဆိုင်လိုက်တာ" 

ချီရှင်းချန်က သူ့ကို နှုတ်ဆက်လိုက်သည်။


ဝေချင်က ခေါင်းညိတ်ပြပြီး ပိုင်ရဲ့ကိုမေး၏။ 

"ရဲ့ကော...ပြီးရင် ချိန်းထားတာရှိလား" 


ပိုင်ရဲ့: "အင်း"


"ဒါဆိုလည်း ထားလိုက်ပါတော့... ကျွန်တော်က ကောနဲ့ညစာသွားစားချင်လို့" 

ဝေချင် စိတ်မကောင်းဟန်နှင့်ပြောသည်။


ဝေချင်က အရည်အချင်းရှိပြီး မိသားစုနောက်ခံရှိသည်။ သူ၏အသက်မွေးဝမ်းကြောင်းသည် ချောမွေ့စွာ ရွက်လွှင့်ခဲ့ပြီး ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။


ချီရှင်းချန် သူ့လိုလူများကို နားလည်နိုင်သည်။ သူ့အပေါ် အေးစက်နေသည့်အတွက် သူ့ကို အပြစ်မတင်နိုင်ပါချေ။ သူ သူ့နာနီကားဆီသို့ ပြန်သွားခဲ့သည်။


အန်းရန်က ရှေ့လေကာမှန်ကို မှီကာ အပြင်သို့ကြည့်ရန် လည်ပင်းကိုဆန့်ထားသည်။ချီရှင်းချန်က စပ်စုသည်။ 

"ဘာကိုရှာနေတာလဲ"


"ရန်သူကို စောင့်ကြည့်နေတာ"


"ရန်သူ..." 

ချီရှင်းချန် နားမလည်။


"မတွေ့ဘူးလား" 

အန်းရန်က သူမ၏ နှုတ်ခမ်းကို စူလိုက်သည်။ "ဝေချင်က ရဲ့ကောနဲ့ ရင်းနှီးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်"


ဝေချင်က ပိုင်ရဲ့ကို လာရှာနေတာက သူ့နဲ့ ဘာပတ်သက်လို့လဲ...

ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။


အန်းရန်က မတ်မတ်ထိုင်ပြီး သူ့ကို ရှင်းပြသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့ရဲ့ပွဲဦးထွက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က သူ့ရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ခြင်းအကြောင်း မေးမြန်းခဲ့တယ်...သူဘာဖြေမလဲ ခန့်မှန်းကြည့်လိုက်"


"သူက အကနဲ့ သီချင်းဆိုရတာ ကြိုက်လို့လား"


"မှားတယ်" 


အန်းရန်က လက်ဖြင့် "X"အကြီးကြီးတစ်ခုပြုလုပ်ခဲ့သည်။ 

"ပိုင်ရဲ့အတွက် နိုင်ငံခြားမှာ ပညာသင်ကြားခွင့်ကို စွန့်လွှတ်ပြီး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာ ထရိန်နင်လုပ်ဖို့ ရွေးချယ်ခဲ့တာတဲ့...ပိုင်ရဲ့က သူ့idolပဲ"


ဒါဆို ဝေချင်က ပိုင်ရဲ့ရဲ့ အမာခံပရိသတ်တစ်ယောက်လား...

ချီရှင်းချန် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။


ဝေချင်က အလွန်ထူးချွန်သည်။ပိုင်ရဲ့၏ ဖန်တွေအပေါ်အလိုလိုက်တတ်သည့် ပင်ကိုယ်စရိုက်အရ ဝေချင်ကို သူ့ထက်ပိုပြီး သဘောကျမှာ ဖြစ်၏။


"ဒါကြောင့် ငါသူ့ကို စောင့်ကြည့်ရမယ်...သူ့ကို ဖျက်စီးခွင့် မပေးနိုင်… အမ် …"

အန်းရန် သူမ၏ အနုပညာရှင်က CPအကြောင်းပြောခြင်းကို တားမြစ်ထားကြောင်း ရုတ်တရက် သတိရမိသောကြောင့် သူမ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။


ချီရှင်းချန်က သူမစကားနားထောင်မနေပေ။ ဂီတပွဲတော်နေ့က ဝေချင်၏ ဖျော်ဖြေမှုကို သူ့စိတ်ထဲတွင် ပြန်မြင်နေခဲ့သည်။


မသိစဥ်တုန်းက သူသတိမထားမိခဲ့သော်လည်း ဝေချင်၏idolကပိုင်ရဲ့ ဖြစ်ကြောင်းသိပြီးနောက် စင်မြင့်ထက်တွင်တင်ဆက်ရာ၌ ဝေချင်နှင့်ပိုင်ရဲ့မှာ အမှန်တကယ်ကိုဆင်တူမှုများစွားကြောင်း သတိထားမိလိုက်သည်။


ယင်းက ပိုင်ရဲ့ကို သူ သဘောကျသည့်ပမာဏ ဖြစ်ကောင်းဖြစ်နိုင်၏။


ပရိုဂရမ်အဖွဲ့က တစ်ရက်အတွင်း သင်တန်းသား ၈၈ ဦးကို အကဲဖြတ်ရန် လိုအပ်သောကြောင့် ချီရှင်းချန်၏ နာနီကားက နံနက်ခြောက်နာရီတွင် တုန်ချနိ တံခါးဝတွင် ရပ်သွားသည်။


နော်ရာက ယခင်က ထိုက်တောင်ကို မသိသောကြောင့် ချီရှင်းချန်ကို အနိမ့်ဆုံးအဆင့် လုပ်ငန်းသုံးကားကို ပေးခဲ့သည်။ယခု သူတို့ ချီရှင်းချန်ကို လျစ်လျူမရှုဝံ့တော့ပေ။ သူ့ကို ကုမ္ပဏီ၏ အဆင့်အမြင့်ဆုံး RV ပေးခဲ့ပြီး ကိုယ်ပိုင်စတိုင်လစ်ပင် စေလွှတ်ခဲ့၏။


စတိုင်လစ်၏အမည်မှာ ကျန်းကျန်းဖြစ်သည်။ သူမနာမည်က နူးညံ့ပေမဲ့ စကားလုံးနည်းနည်းနှင့် ရက်စက်သည့် မိန်းမတစ်

ယောက်ဖြစ်၏။


တုန်ချန်က စင်နောက်မှာ အလွန်အလုပ်ရှုပ်နေသောကြောင့် ကျန်းကျန့်က သူ့ကို RVပေါ်မှာပဲ တိုက်ရိုက်ပြင်ပေးသည်။ခပ်အုပ်အုပ်ဆံပင်ရှေ့ချပုံစံ နှင့် စစ်စိမ်းရောင် အလုပ်အင်္ကျီ။ 


ဘေးအိမ်က ကောင်လေးကနေ ခပ်မိုက်မိုက်ကောင်လေး ဖြစ်သွား၏။