အပိုင်း ၈၀
Viewers 26k

Chapter 80




လွန်ခဲ့သည့်ရက်အနည်းငယ်က သူက အင်တာဗျူးတွင် ချီရှင်းချန်၏နိမ့်ကျသောပညာရေးအဆင့်ကို လှောင်ပြောင်ခဲ့သည်။ယခုကြည့်ရသည်မှာ…


Kevin၏ မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ သူက ကင်မရာရှေ့တွင် တည်ငြိမ်ဟန်ဆောင်နေရုံသာတတ်နိုင်သည်။ သူ့လည်ပင်းတွင် သွေးကြောများက ပေါက်ထွက်မတတ်ထောင်နေသည်။


ချီရှင်းချန်က စင်မြင့်ကြီးကြပ်ရေးမှူးကို စာရွက်ကို Kevin ကို ပေးခိုင်းသည်။၎င်းနောက်ဝေချင်ဘက်သို့ သူလှည့်လိုက်သည်။ 


"ဝေလောင်ရှီ Kevinရဲ့အမှားကို ထည့်မတွက်ရင် တခြားသင်တန်းသားတွေကကော"


ဝေချင် နင်သွားသည်။


စက္ကန့်သုံးဆယ်ကြာပြီးနောက် သူက "Kevin B-grade" ဟု ဆိုလိုက်သည်။


ယခုလိုအခြေအနေမျိုး ဖြစ်လာမည်ဟု ဘယ်သူမှ မမျှော်လင့်ထားပါချေ။


Kevin စင်ပေါ်မှဆင်းကာ စင်နောက် ပြန်လာခဲ့သည်။ သူ့ကို နှစ်သိမ့်မပေးချင်သော သင်တန်းသားများက အိမ်သာဆီသို့ တန်းတန်းမတ်မတ်သွားကြသည်။


ယနေ့ B-grade ဆိုလျှင် နောက်သုံးလလောက်အထိ သူက အမြဲတမ်း B-grade ဖြစ်မှာပင်။ အဝတ်အစားပေါ်တွင် ကပ်ထားသည့် "B" လိုဂိုသည် အရှက်တရားတံဆိပ်ကို ကိုယ်စားပြုပုံရသည်။


"ဘန်း ဒုန်း"


Kevin၏မျက်လုံးတွေက သွေးတွေပေါက်ထွက်မတတ်နီရဲနေ၏။ လက်သီးကို မြှောက်ပြီး တံခါးကို နှစ်ကြိမ်ဆင့်ထိုးလိုက်သည်။


ထိုစဥ် သူ့ဖုန်းက တုန်ခါသွားသည်။ခေါ်သူက သူ့အေးဂျင့်ဖြစ်သည်။ Kevin အသက်ပြင်းပြင်းရှူပြီး ကောက်ကိုင်လိုက်သည်။


"မင်း B-grade ရတယ်လို့ကြားတယ်... ဘယ်လိုဖြစ်တာလဲ၊ မင်း ညံ့လို့လား"


Kevin သူ့အနာကိုတုတ်နှင့်ထိုးခံရသောကြောင့် ပို၍ပင် တရှူးရှူးဖြစ်လာသည်။


သူ့အေးဂျင့်က ဖုန်း၏အခြားတစ်ဖက်က ဖားဖိုအိုကြီးလိုလှိုက်သံကိုကြားသောအခါ သူအတော်လေးဒေါသထွက်နေမှန်းသိလိုက်သည်။


Kevin က ကုမ္ပဏီမှ ပြုစုပျိုးထောင်ရန် အာရုံစိုက်ထားသည့် ပျိုးပင်ဖြစ်သည်။ မဟုတ်လျှင် သူ့ကိုစီမံပေးရန် တုန်ချန်ကို ပိုက်ဆံအများကြီးသုံးပြီး လာဘ်ထိုးမှာ မဟုတ်ပေ။ သူ့အေးဂျင့်က သူ့ကို ဆက်ပြီးဆူရန် စိတ်ကူးမရှိတော့ပေ။ 

"ထားလိုက်ပါ...ကောင်းကောင်းကစားပြီး screen time ပိုယူလိုက်ပါ...အထက်ကလူတွေနဲ့ ငါစကားပြောပြီး မင်းအတွက် ဇာတ်ညွှန်း ပြောင်းပေးနိုင်မလားဆိုတာ ကြည့်ကြည့်မယ်"



စင်မြင့်နောက်မှာ စကားပြောနေစဥ်၊ စင်မြင့်ရှေတွင် စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


လေးနာရီအကြာတွင် သင်တန်းသား ရှစ်ဆယ့်ရှစ်ဦးစလုံး ဖျော်ဖြေမှုများ ပြီးဆုံးသွားခဲ့သည်။ အချို့က အတန်းနိမ့်မှ အတန်းမြင့်သို့ အဆင့်တက်လာကြပြီး အချို့က အတန်းမြင့်မှ အတန်းနိမ့်သို့ ကျဆင်းသွားကြသည်။ တစ်ချို့က ပျော်ရွှင်ကြပြီး တချို့က ဝမ်းနည်းကြ၏။


စင်ပေါ်မှဆင်းပြီးနောက်၊ ချီရှင်းချန် ပထမဆုံးလုပ်သောအရာမှာ ဝူချန် နှင့် အခြားသူများကိုရှာဖွေရန် F-အတန်း လေ့ကျင့်ရေးအခန်းသို့သွားခြင်းဖြစ်သည်။


F အတန်းသည် လူနှစ်ဆယ့်ကိုးယောက်မှ နှစ်ဆယ့်လေးယောက်ဖြစ်သွားသည်။ ခုနစ်ယောက်အဆင့်တက်သွားပြီး C-အတန်းမှ တစ်ယောက်နှင့် Dအတန်းမှ တစ်ယောက်ပြုတ်ကျလာသည်။ ခြုံပြီးပြောရလျှင် ဤသည်က သတင်းကောင်းပါပင်။


သူက တံခါးကိုဖွင့်လိုက်သာ်။ သူဘာမှမပြောခင် ဝူချန်က ရုတ်တရတ်ထအော်သည်။

"ချီလောင်ရှီး...လောင်ရှီး ခုနက အရမ်းမိုက်တယ်ဗျာ"


ချီရှင်းချန်: "???"


"ကျွန်တော်တို့က အမှိုက်ဖြစ်နေပေမဲ့ မျှမျှတတ ပြိုင်ချင်တယ်" 

ဝူချန်က ပြုံးလိုက်သည်။


… ဒီအရူးက ဘယ်လိုများဒီလိုစကားမျိုးပြောရဲတာလဲ...



ချီရှင်းချန် ခေါင်းကိုက်သွားသည်။ သူက ကင်မရာရှေ့မှာ လက်ခုပ်တီးပြီးပြောလိုက်သည်။ 

"အယ်ဒီတာကျဲကျဲ...ကျွန်တော်တို့အတန်းက ကျောင်းသားတွေ သူတို့ကိုယ်သူတို့ဘာတွေပြောနေမှန်း မသိကြဘူး...ကျေးဇူးပြုပြီး ဖျက်ပေးပါခဗျ"


ကင်မရာမင်းက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ၎င်းတို့နှင့် ရင်းနှီးလာခဲ့သည်။ သူက အယ်ဒီတာမ၏ အမျိုးသမီးအသံကို တုပ၍ အမြင့်အသံဖြင့် ပြောသည်။ 

"ကောင်းပြီ~"


"ဟားဟားဟား..." 

လေ့ကျင့်ရေးခန်းထဲက လူတိုင်းက သူ့ကို ရယ်နေကြလေသည်။


ခဏလောက် ရယ်မောပြီးနောက် ဝူချန်က သူ့ဗိုက်ကို ပွတ်လိုက်သည်။ နောက်အကျော့မှာ ဖယ်ထုတ်ခံရမည်ဆိုသည်ကို သူသိနေသဖြင့် သူ ပေါ့ပေါ့ပါးပါးပဲ လုပ်ခဲ့သည်။ သူက ချီရှင်းချန်ကို မျက်လုံးမှိတ်ပြပြီးပြော၏။

"ချီလောင်ရှီး...ကျွန်တော်တို့ကို ချီးကျူးမလို့ မဟုတ်ဘူးလား"


ချီရှင်းချန်က မျက်နှာတည်တည်နှင့် ပြောလိုင်သည်။

"တော်ရုံပဲရှိတယ်... ဆက်ကြိုးစားပါ"


"... ဟေး လောင်ရှီးကအမှန်တိုင်းမပြောဘူး... လောင်ရှီးသာမပျော်ရင် ကျွန်တော်တို့ဆီ ဒီလောက်မြန်မြန် တန်းရောက်လာပါ့မလား"


ချီရှင်းချန်: "…"


ဝူချန်က အရမ်းစိတ်တိုစရာကောင်းတာပဲ...


Fအတန်း နှင့် အချိန်အတော်ကြာ လုံးထွေးပြီးနောက်၊ချီရှင်းချန် နောက်ဆုံးတွင် ဟိုတယ်သို့ ပြန်လာခဲ့လိုက်သည်။


ထို့နောက် သင်တန်းသားများက ပဓာနတေးနှင့် အကများကို ဆက်လက်လေ့ကျင့်ကြပြီး ပဓာနတေး ဗီဒီယိုကို မှတ်တမ်းတင်ကြသည်။


ဤလုပ်ငန်းစဉ်သည် ပရိုမိုတာ၏ ပူးပေါင်းပါဝင်မှုသာ လိုအပ်ပြီး၊ နည်းပြများ မလိုအပ်ပါချေ။လေးရက်အကြာတွင် နောက်ထပ်ရိုက်ကူးရေးရှိသဖြင့် ကျန့်ယွီယန်က အလုပ်အကြွေးဆပ်ရန် ထွက်သွားသည်။ချန်ကျားရီက အနားယူရန် အိမ်ပြန်သွား၏။


ချီရှင်းချန်လည်း အိမ်ပြန်ချင်ပေမဲ့ သူထပ်စဉ်းစားလိုက်သည်။ပိုင်ရဲ တစ်ယောက်တည်း သည်မှာကျန်နေသည်... အနည်းငယ် အထီးကျန်မည့်ပုံပင်။


သူအိမ်ပြန်သွားလျှင် ငါးဆားနူဖြစ်သွားလိမ့်မည်။ သည်မှာ သင်တန်းသားတွေနှင့် လေ့ကျင့်ပါက သည်ထက်ပိုပြီး တိုးတက်လာနိုင်သဖြင့် ဆက်နေရန် ဆုံးဖြတ်လိုက်၏။


အဆင့်သတ်မှတ်ပြီး နှစ်ရက်အကြာတွင် My Time ၏ ပထမအပိုင်းကို သောကြာနေ့ည ရှစ်နာရီတွင် တရားဝင်ထုတ်လွှင့်ခဲ့သည်။


၎င်းသည် ပဓာနတေးသင်ယူမှုကိုသာ ဖြတ်တောက်ခဲ့ပြီး ဒုတိယအဆင့်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အကြောင်းအရာမရှိခဲ့ပါချေ။ သူ့မှာ ဘာမှလုပ်စရာမရှိသောကြောင့် ချီရှင်းချန် လဲလျောင်းရာကနေ မှောက်လျက်အနေအထားပြောင်းပြီး တုန်ချန်တီဗွီ၏အက်ပ်ကိုဖွင့်လိုက်သည်။


… အွန်လိုင်းကြည့်ရှုသူ များလွန်းသောကြောင့် ဝင်ရန် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။


ထုတ်လွှင့်မှုက နည်းပြများကိုယ်ကိုယ့် မိတ်ဆက်ရမည့်အချိန်ကိုရောက်နေသည်။


ပိုင်ရဲ့ရှိသည့်နေရာမှာ ညဥ့်ကောင်းကင်ရှိ၏။ဖန်သားပြင်သည် [ပိုင်ရဲ့မိန်းမ ရှိတယ်]၊ [ညဥ့်ကောင်းကင် x80 မှာရှိတယ်]၊ [ရဲ့ကောက အမြဲတမ်းရုပ်တည်ကြီးနဲ့] စသည်တို့ဖြင့် ပြည့်နှက်နေသည်။


အခြားအကြောင်းအရာအချို့ ရောနှောပါဝင်ခဲ့သည်-


[နည်းပြချန်ကျားရီက အရမ်းလှတယ်နော်... သူကတကယ်ကို CICC ရဲ့ ဆရာမပီသပါတယ်]


[ဝေချင်... ဝေချင်... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်လို့ရတယ်နော်]


[အား... ရှင်းရှင်းက လုံးဝAပဲ... ငန်ပြီး ချိုတယ်... ကောင်းလိုက်တာ!]


[ရှင်းရှင်းကို ပါဝင်ခွင့် ပေးတဲ့အတွက် တုန်ချန်တီဗွီကို ကျေးဇူးတင်ပါတယ်နော်]


[ညဥ့်ကောင်းကင်ညီအစ်မများ၊ ကျေးဇူးပြု၍ မစပမ်းပါနှင့်...မစပမ်းပါနှင့်... မစပမ်းပါနှင့်...ဖြတ်သွားဖြတ်လာတွေရဲ့ သဘောထားကို ထိခိုက်စေတယ်... ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်]


သေချာပေသည်၊ ညဥ့်ကောင်းကင်က ဘယ်ကိုရောက်နေပါစေ စည်းကမ်းရှိလွန်းသည်။ချီရှင်းချန် ဝမ်းသာအားရ ဆက်ဆွဲလိုက်သည်။


[ချင်ချင်က အဖြူရောင်ရှပ်အင်္ကျီဝတ်ထားပြီး၊ ရဲ့ကောက အနက်ရောင်ရှပ်အင်္ကျီကို ၀တ်ထားတယ်...မယုံနိုင်စရာ တစ်ခုခုကို ငါ ရှာဖွေတွေ့ရှိခဲ့ပုံရတယ်…]


[တွဲဝတ်ဖို့ ဆွေးနွေးခဲ့ကြတာလား 

...ဟဟ ငါ ကျင်းကျန်းရဲ့ ဖြူစင်တဲ့ အချစ်ဇာတ်လမ်းကို စိတ်ကူးကြည့်နိုင်နေပြီ!]


[ဟီးဟီး...ငါ့မိသားစုက သွေးစုပ်ဖုတ်ကောင်တွေလက်ထဲက ဘယ်တော့ လွတ်မှာလဲ...ငါ ဒီပို့စ်တင်ပြီးလာခဲ့တယ်... ပို့စ်တင်ရတာ မပင်ပန်းဘူးလား]


[ချင်ချင်က ပိုင်ရဲ့ရဲ့ဖန်ဖြစ်ပြီး ပိုင်ရဲ့ရဲ့ သူငယ်ချင်းကောင်းလည်းဖြစ်တယ်...သူတို့က သူငယ်ချင်းသက်သက်ပါ... ကျေးဇူးပြုပြီး ဖြတ်သွားဖြတ်လာတွေကို မလှည့်စားပါနဲ့...ကျေးဇူးအများကြီးတင်ပါတယ်]


"သူငယ်ချင်းကောင်း" ဆိုသည့် စကားလုံးကို မြင်လိုက်ရသောအခါ ချီရှင်းချန်၏အပြုံးက ခဏတာ မှိန်သွားခဲ့သည်။ သူထပြီး အယ်လ်ကာလိုင်းရေရှာရန် ရေခဲသေတ္တာဆီ သွားလိုက်၏။


သူပြန်လာသောအခါ နည်းပြများက နည်းပြစင်မြင့်ပေါ်တွင် ထိုင်နေကြသည်။ သင်တန်းသားနှင့်ဖန်တွေက သူတို့၏အရည်အချင်းတွေကို ပြသရန် အချိန်တန်ပါပြီ။


နာမည်ကြီး သင်တန်းသားတစ်ယောက် စင်ပေါ်တက်တိုင်း ဖန်တွေက သူတို့၏ သားလေးကို အားပေးရန် နည်းဗျူဟာတွေ ပြောင်းလဲလိုက်ကြ၏။


ဟန်ချင်းအလှည့်သို့ရောက်သောအခါ မှတ်ချက်များ တိတ်ဆိတ်သွားသည်။ စကားလုံးအနည်းငယ်သာ လွင့်ပျံသွားသည်-


[ ဟန်ကော မဆိုးပါဘူး...မဲပေးခဲ့တယ်]


[ ကြယ်အလင်းတန်းအကဲဖြတ်သူနဲ့ တစ်ကုမ္ပဏီထဲက...သူတို့ငါးဦးမှာ သေချာပေါက် A အဆင့်တစ်ယောက်ပါလိမ့်မယ်]


[ကျိမိန်နတ်ဘုရားရဲ့ခန့်မှန်းချက်...ကြယ်အလင်းတန်းအကဲဖြတ်သူက သူ့ကို ကာကွယ်ဖို့ကြိုးစားနေတယ်2333]


[ရှေ့က နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်လိုက်... သွေးတွေထွက်တော့မလိုပဲ... သူ့စွမ်းရည်က A အဆင့်မဟုတ်ဘူးလား...မင်းရဲ့သူဌေးက F အတန်းကိုသွားတယ်...အဲဒါ စိတ်ဆိုးသွားတာလား]


ချီရှင်းချန်က ဟန်ချင်းအတွက် ပြောပေးစဥ်က၊ သူသည် ဤကိစ္စကို စဉ်းစားထားပြီးဖြစ်သည်။ ကောင်းပြီ၊ သူ မတ်မတ်ထိုင်လိုက်၏။ သူ လိပ်ပြာလုံသည်။


Kevin စင်ပေါ်တက်ချိန်မှာ မြင်ကွင်းက တော်တော်အသက်ဝင်၏။ချီရှင်းချန် တစ်ချက်ကြည့်လိုက်သည်။ Kevin က ယခုအွန်လိုင်းမဲပေးမှုတွင် တတိယအဆင့်ရှိနေသည်။


ပြိုင်ပွဲပထမအကျော့သို့ ဝင်ရောက်ပြီးနောက်၊ သင်တန်းသားများ၏ အဆင့်သတ်မှတ်ချက်များကို ပြိုင်ပွဲတွင် ၎င်းတို့၏ရမှတ်များ၏ အလေးချိန်နှင့် အွန်လိုင်းမဲပေးခြင်းတို့ဖြင့် တွက်ချက်ခဲ့သည်။ ယခု သူက တတိယ အဆင့် ရောက်နေပြီဖြစ်သဖြင့် Kevinအတွက် ထိပ်တန်း ခြောက်ယောက်ထဲက ဆင်းရန် ခက်ခဲပေလိမ့်မည်။


ထို့အပြင် စင်မြင့်ပေါ်တွင် ပြသခဲ့သည့် အသွင်အပြင်နှင့် သန်မာမှုမှာလည်း ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး မဲအရေအတွက် လျင်မြန်စွာ တိုးများလာခဲ့သည်။


Kevin ၏ ဖျော်ဖြေမှု ပြီးဆုံးသွားသည်။ မှတ်ချက်အချို့သည် [အား] နှင့် [သူက ငါ့ရဲ့နံရံ အသစ်လို့ ငါကြေညာတယ်]တို့ဖြစ်၏။


မှတ်ချက်အများစုမှာ [A] တစ်လုံးတည်းဖြစ်သည်။ သူတို့က များပြားထူပိန်းလွန်း၍ Kevin ၏မျက်နှာကိုပင် ဖုံးလွှမ်းသွားသည်။


ချီရှင်းချန် သက်ပြင်းကို မချနိုင်ဘဲ မနေနိုင်။ သေချာပေါက် အကြိမ်းမောင်းခံရလိမ့်မည်ဟု သူထင်သည်။


မျှော်လင့်ထားသည့်အတိုင်း ပိုင်ရဲ့က B အဆင့်ကိုကြေငြာလိုက်သောအခါ မှတ်ချက်များက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။


[မင်းငါ့ကိုနောက်နေတာလား...ဟန်ချင်းကိုကျ A ပေးလို့ရတယ်ပေါ့... A မပေးရင် နော်ရာက သူ့ကို ဘယ်လောက် လာဘ်ထိုးခဲ့လဲ]


[အကဲဖြတ်သူကဲ့မျက်နှာကို ကြည့်...သူ့ညီအစ်ကိုအတွက် လမ်းခင်းနေတယ်]


[မင်းဘာသိလို့လဲ...ဒါ မိသားစုအတွင်း စောင့်ရှောက်ခြင်းလို့ ခေါ်တယ်...ဟီးဟီး]


[ဒါပေမဲ့ ချီရှင်းချန်ပြောတာ မှန်တယ်လို့ထင်တယ်...စွမ်းရည်စစ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ငါတို့နိုင်ငံကို လာခဲ့တယ်... သီချင်းတစ်ပုဒ်ကို ကြိုပြီးပြင်ဆင်ထားရမယ််မလား...တစ်ခုလောက်တော့ အလွတ်ကျက်နိုင်ရမယ် မဟုတ်လား]


ထိုကြယ်အလင်းတန်းက ငြင်းခုံရာတွင် မတော်ပေ။ သူ့အတွက် ပြောလိုက်သော မှတ်ချက်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ချီရှင်းချန် နောက်ပိုင်းတွင် ပရိသတ်များကို ကျေနပ်စေရန် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။ မဟုတ်လျှင် ကြယ်အလင်းတန်းလေး အတော်လေးမတရားခံရသလို ခံစားရလိမ့်မည်။


ပထမအဆင့်သတ်မှတ်ချက် ပြီးသွားလေပြီ။ပဓာနတေး သင်ယူခြင်းအဆင့်သို့ တိုးတက်မှုဘားကို ဆွဲထုတ်ခဲ့သည်။ နောက်ပိုင်းထုတ်လုပ်ရေးအဖွဲ့က သူ F အတန်းကကျောင်းသားတွေကို လေ့ကျင့်ပေးပြီး ညဘက်မှာ ကျူရှင်ပြသည့် မြင်ကွင်းတွေကို တကယ်တည်းဖြတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါချေ။


ထပ်ပြီး ကြိမ်းမောင်းခံရမည်ဟု သူထင်ခဲ့သည်။ အံ့အားသင့်စရာကောင်းစွာပင် မှတ်ချက်တွေက တကယ်ကို ကောင်းမွန်ခဲ့သည်။


[QXC က အရမ်းတော်တာပဲ... ငါ သူ ကတာ ဘာလို့ မမြင်ဖူးတာလဲ...သူက လုံးဝ ဘက်စုံကျွမ်းတာပဲ]


[ချီတိတိက ဒေါသထွက်တဲ့အခါ နည်းနည်းချောတယ်]


[F*ck၊ F အတန်းတစ်ခုလုံး ဆက်နေနေတာကို မြင်လိုက်ရတော့ တကယ်ငိုမိတယ်...ယုံနိုင်မလား]


[ယုံတယ်...ငါလည်း ငိုတယ်...QXC က ထင်ထားတာထက် ပိုတာဝန်ယူတတ်တယ်...ဆောရီးပါ]


ချီရှင်းချန် ချီးကျူးစကားများ ပြည့်နေသော ဖန်သားပြင်ကို မြင်သောအခါ အနည်းငယ် ရှက်သွားမိသည်။


ထို့နောက်တွင် သူ၏ပါးပြင်များသည် အနည်းငယ်နီမြန်းရာမှ ပေါက်ကွဲမတတ် နီမြန်းသည့်အရောင်သို့ တိုးလာလေသည်။


ပိုင်ရဲ့က သူ့အတွက် ပုစွန်ခွာပေးသည့် မြင်ကွင်းကို ဗီဒီယိုထဲမှာ အမှန်တကယ် ထည့်သွင်းထား၏။


နှစ်နာရီကျော် တိတ်ဆိတ်ငြိမ်သက်နေသော CP ပရိသတ်များ ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပါချေ။


[နှိပ်...နှိပ်... ကြည့်ကြ... ပိုင် သ ခင် လေး ပု ဇွန် အ ခွံ ခွာ နေ တယ်]


[ရဲ့ကောရဲ့ဘဝစွမ်းရည်တွေက အားနည်းပေမဲ့ သူ့ဇနီးအတွက် ပုစွန်တွေကို အခွံခွာဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်...ကျိုရဲ့ရှင်းချန် SZD တစ်ယောက်ယောက်က မယုံဘူးလား]


[သူနဲ့ သူ့ကျောင်းသားတွေက ထမင်းဘူးအတူတူစားတယ်...ပိုင်ရဲ့ရဲ့ ညစာကိုကျ အဆင့်မြှင့်လိုက်တယ်...ချီရှင်းချန်က အရမ်းချိုမြိန်တာပဲ... ဟင့်...ဟင့်]


[ဟာ...ရဲ့ကော အရမ်းရက်စက်တယ်...Fအတန်းက ခွေး ၂၉ ကောင်ကို သတ်လို့မဝလို့ Dအခန်းကနေ နောက်ထပ်အကောင်၂၀ ခေါ်လာခဲ့တယ်... ဒါကို ခွေးသတ်ရုံကြီးအဖြစ် ပြောင်းလဲလိုက်မှ သူပျော်မှာလား]


[HD ဗီဒီယိုကို ကြည့်ကြည့်...အစားအသောက်ထုတ်ဖို့ B ဂလူးကို သွားချင်တယ်]


ဖန်တွေက ကျိုရဲ့ရှင်းချန်CPဖန်တွေရဲ့ အကျိုးကျေးဇူးတွေကို မေးခဲ့ရင်...


အဖြေကဖြစ်လိမ့်မည်မှာ: ခွေး စာ ဝ ဝ စားရတယ်ဟေ့...


CP ဖန်များ၏ စကားလုံးများသည် ချီရှင်းချန်၏ စိတ်ထဲကို ဂါထာတစ်ပုဒ်လိုစိမ့်ဝင်နေသည်။ချီရှင်းချန် ဖတ်လေလေ သူ့မျက်နှာနီရဲလာလေလေ၊ များများဖတ်လေ ခေါင်းမူးလေလေဖြစ်၏...


ရုတ်တရက်၊ ရသစုံရှိုး၏မျက်နှာပြင်က ခေါ်ဆိုသူ ID သို့ပြောင်းသွားသည်။ ချီယွမ်ရှောင်ဟူသော စကားလုံးကြီးကြီး နှစ်လုံးရှိသည်။


ချီရှင်းချန်: "!!!"


သူ့အစ်ကိုကြီး က သူ့ကို အိမ်ပြန်ခိုင်းမှာလား...


ချီရှင်းချန် ချက်ခြင်း နိုးကြားလာသည်။ သူ့မျက်နှာကို ပွတ်သပ်ပြီး ဖုန်းကိုင်လိုက်သည်။ချီယွမ်ရှောင်၏ နက်နဲသော သံလိုက်လိုအသံဟာ ဖုန်း၏အခြားတစ်ဖက်ကနေ ထွက်ပေါ်လာသည်။


"အင်တာနက်မှာ ဆိုးတဲ့ မှတ်ချက်တချို့ကို တွေ့ခဲ့တယ်...နောက်ကွယ်မှာ ဘယ်သူရှိလဲ"


… ကံကောင်းထောက်မစွာနဲ့ သူက သူ့ကို အိမ်မပြန်ခိုင်းဘူး...


ချီယွမ်ရှောင်က သူ့စကားတွေမှာ အမြဲတမ်းထိန်းထိန်းသိမ်းသိမ်းရှိခဲ့သည်။ "ဆိုးတဲ့မှတ်ချက်တွေ"ဆိုသည်ကWeibo မှာတစ်ယောက်ယောက်က သူ့ကိုဆဲထားခြင်းဖြစ်ကောင်းဖြစ်နိုင်၏။ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ "သင်တန်းသားတစ်ယောက်ရဲ့ဖန်ဖြစ်မယ်"


"မင်း အခုပါဝင်နေတဲ့ ရစုံရှိုးက...တုန်ချန်တီဗွီက ဟုတ်လား "

ချီယွမ်ရှောင်က မေးသည်။


ချီရှင်းချန်: "ဟုတ်ကဲ့"


"ကောင်းပြီ ငါနားလည်ပါတယ်..."

ချီယွမ်ရှောင်က ခဏရပ်လိုက်သည်။ 

"မင်းရဲ့အချိန်ဇယားကို ငါတွေ့ တယ်...ဒီရက်ပိုင်း မင်းမှာရိုက်စရာမရှိဘူး... မင်းဘာလို့အိမ်မပြန်တာလဲ"


ချီရှင်းချန်: "…"


အဆုံးတွင် သူ မလွတ်မြောက်နိုင်ခဲ့။


"သင်တန်းသားတွေနဲ့ အတူတူသင်ယူပြီး တိုးတက်အောင် လုပ်ချင်လို့... ကျွန်တော်က တခြားသူတွေကို အကဲဖြတ်ဖို့ အရည်အချင်းမပြည့်မီဘူး" 

ချီရှင်းချန် သူပြင်ဆင်ထားသည့်အကြောင်းပြချက်ကိုပြောလိုက်သည်။


ချီယွမ်ရှောင် သူ့ဆီကနေ အလွယ်တကူ လှည့်စားခံလိုက်ရပြီးပြော၏။

 "အလုပ်နဲ့ အနားယူချိန်ကို အာရုံစိုက်ပါ...မင်းရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲ... အိမ်ပြန်ချင်ရင် အကြောင်းကြားလိုက်...ငါ မင်းကို လာခေါ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်"


"သိပါပြီ ကော... ကျေးဇူးတင်ပါတယ် ...ကော၊အဖေနဲ့ ကျဲတို့လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"


ဖုန်းချပြီးနောက်၊ ချီရှင်းချန် သူ့နှလုံးသားထဲတွင် နွေးထွေးသွားခဲ့သည်။ချီယွမ်ရှောင်က "My Time" လွှင့်ပြီးပြီးချင် သူ့ကို ဖုန်းဆက်မေးလာသည်။ ဆိုလိုသည်က နေ့တိုင်း အလုပ်ရှုပ်နေပေမဲ့ ချီယွမ်ရှောင်က သူ့အခြေအနေကို အာရုံစိုက်ရန် အချိန်ကုန်ခံခဲ့သည်ပင်။


ဆန့်ကျင်ဘက်အားဖြင့် သူက လိမ်ညာပြီး အိမ်မပြန်ခဲ့ပေ။ချီရှင်းချန် ရှက်စိတ်မဖြစ်ဘဲ မနေနိုင်။ နောက်တစ်ကြိမ် နားရက်ရလျှင် သူ့အဖေနှင့်အစ်ကိုကို ပြန်တွေ့ရန် တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။


ထိုအချိ

န်မှာပဲ ပထမပိုင်း ထုတ်လွှင့်မှု ပြီးဆုံးသွားခဲ့သည်။ချီရှင်းချန် သူ့အစ်ကိုဂရုစိုက်ရသည်အထိ သူ့ကို လူဘယ်နှစ်ယောက် ကြိမ်းမောင်းနေလဲဆိုသည်ကို သိချင်၍ Weibo ကို ဖွင့်ကြည့်လိုက်၏။ 


သူရှာဖွေမှုစာရင်းကို နှိပ်လိုက်သည် ...အမလေး တကယ်ဆိုးတာပဲ...