အပိုင်း ၈၁
Viewers 26k

Chapter 81



တရုတ်နိုင်ငံရှိ ထိပ်တန်းရသစုံရှိုးပွဲ သုံးခုအနက်မှ တစ်ခုအနေဖြင့် "My Time" သည် ထိပ်တန်းရှာဖွေရေးစာရင်းတွင် ပါဝင်သည်ကထုံးစံဖြစ်၏။ လူကြိုက်များသော ရှာဖွေမှုစာရင်းတွင် "My Time"ကထိပ်ဆုံးမှာရှိနေသည့်အပြင် လူကြိုက်များသော သင်တန်းသားများ၏ အမည်မှာလည်း စာရင်းတွင် ပါဝင်ခဲ့သည်။


ရုပ်ရည်ချောမောသော ပြိုင်ပွဲဝင်များထဲမှ တစ်ဦးသည် ထိပ်တန်းရှာဖွေမှုစာရင်းတွင် နံပါတ် ၁၂ တွင် ပါဝင်ခဲ့သည်။ သူ့အောက်တွင် စာလုံးကြီးကြီးဖြင့် "Kevin B-Class" ဟူသော စကားလုံးများရှိသည်။


ချီရှင်းချန် ၎င်းကို နှိပ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ Kevin ၏ဖန်များသည် လမ်းမများပေါ်တွင် တစ်နာရီကျော်ကြာအောင် ကျိန်ဆဲနေကြပြီဖြစ်သည်။


'My Time' ၏ဖန်အချို့ကလည်း သူ၏ အဆင့်သတ်မှတ်ချက်များတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။ သူတို့စကားတွေက ဆဲဆိုကြိမ်းမောင်းသည်ဟု မယူဆနိုင်ပေမဲ့ လေသံတွေက မကောင်းပါချေ။


ဖြတ်သွားဖြတ်လာများ Kevin ၏ပရိသတ်များထံမှ လွှမ်းမိုးခံရမည်ကို စိုးရိမ်သောကြောင့် ကြယ်အလင်းတန်းများ၏ အသရေဖျက်မှုဆန့်ကျင်ရေးအဖွဲ့သည် မှတ်ချက်များကို ထိန်းချုပ်ရန် ထွက်လာခဲ့သည်။ မားကတ်တင်းအကောင့်တိုင်း၏ Weibo အောက်တွင်၊ ကြယ်အလင်းတန်းများ၏ လူထုသိပ္ပံနှင့် ရှင်းပြချက်များအပြင် သူ့တွင် အကြောင်းပြချက်နှင့် အထောက်အထားများရှိကြောင်း မျက်စိစုံမှိတ်မှတ်ချက်ပေးခြင်းမဟုတ်ကြောင်း သက်သေပြရန် သူ့မှတ်စုစာအုပ်၏စခရင်ရှော့များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။


ကံမကောင်းစွာပဲ၊ "My Time" နှင့် နှိုင်းယှဉ်ပါက ကြယ်အလင်းတန်းများ၏ လွှမ်းမိုးမှုမှာ အားနည်းသွားပြီး သူ့ကို ဆဲဆိုကြိမ်းမောင်းသည့် မှတ်ချက်များ ဆက်လက်ထွက်ပေါ်လာခဲ့သည်။


သို့သော်လည်း ချီယွမ်ရှောင်က ယခုအချိန်တွင် တစ်ခုလုပ်လိုက်မှန်း မြင်နိုင်သည်။ လူကြိုက်များမှု မည်မျှပင် တိုးလာပါစေ၊ ဤရေပန်းစားနေသော ခေါင်းစဉ်၏ အနေအထားသည် အတူတူပင် ဖြစ်သည်။ လျော့ကျသွားသည့် လက္ခဏာများပင် ပြသခဲ့သည်။


ချီရှင်းချန် ကြယ်အလင်းတန်းများအတွက် နာကျင်နေမိသည်။ သူ ၎င်းတို့အား မှတ်ချက်များကို ဆက်လက်ထိန်းချုပ်ထားရန် မလိုလားဘဲ ၎င်းတို့၏အာရုံကို အခြားနေရာသို့ လွှဲပစ်လိုခဲ့သည်။


အိပ်ယာမှထကာ ဖုန်းတက်ထောက်တိုင်နှင့် နားကြပ်ကိုရှာပြီး စားပွဲရှေ့တွင်ထိုင်၍ တိုက်ရိုက်ထုတ်လွှင့်သည့်အက်ပ်ကိုဖွင့်လိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုသတိပေးချက်ကို Weibo တွင် လွှင့်တင်ခဲ့ပြီး ငါးမိနစ်အတွင်း ပရိသတ်ထောင်ပေါင်းများစွာသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိလာခဲ့သည်။


[ငါ အသက်ရှင်နေတာ ကြာပါပြီ...ငါ့ကလေးက တကယ်ကြီး တိုက်ရိုက်လွှင့်ဖို့ အမှတ်ရတယ်လား]


[အဘွား...အဘွားလိုက်နေတဲ့idolက တိုက်ရိုက်ထုတ်လွှင့်နေပါတယ်...အေးအေးဆေးဆေး အနားယူလို့ရပါပြီ]


[F * ck f * ck f * ck ပေါင်ပေ့ရဲ့မျက်နှာပြောင်လးက အတိုက်အခိုက်အရမ်းတော်]


[F*ck ဒါက အချစ်ဦးရဲ့ ဒဏ္ဍာရီဆန်တဲ့ မျက်နှာဖြစ်ရမယ်...အား ငါ့ အချစ်ဦးပြန်ရနေပြီ]


ချီရှင်းချန် အဆုံးမရှိသော ချီးမွမ်းသံများကို ကြည့်ရင်း မရယ်ဘဲမနေနိုင်ပေ။ 

"ကြွားလုံးထုတ်တာကို ရပ်လိုက်ပါ... မင်းတို့ ဆက်ပြီး ကြွားလုံးထုတ်ရင် ကျွန်တော် ထွက်သွားတော့မယ်"


[အဆင်ပြေပါတယ် ရှင်းရှင်း... သတ္တိရှိရှိ ပျံသန်းလိုက်ပါ...ကြယ်အလင်းတန်းတွေက မင်းနဲ့အတူ အမြဲရှိနေမှာ]


ချီရှင်းချန်: "ဖူးး..."


ဤဖန်တစ်စုက အတော်လေး ဉာဏ်များသည်။ချီရှင်းချန် ၎င်းတို့ကို အနိုင်မယူနိုင်ပေ။ အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူအရေအတွက်သည် 500,000 ကျော်သွားခဲ့သည်။ချီရှင်းချန် တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။ရသစုံရှိုးများကို ဆင်ခြင်တုံတရားဖြင့် ကြည့်ရှုကြရန်နှင့် ၎င်းတို့၏ဘဝများကို မထိခိုက်စေရန် လူတိုင်းအား ပြောကြားခဲ့သည်။


Kevin နှင့် ပတ်သတ်ပြီး သူ ဘာမှထည့်ပြော၍မရပေ။လွန်လွန်ကဲကဲ အဓိပ္ပါယ်ဖော်လိုသော စိတ်ဆန္ဒရှိသူများကို သူ မလိုလားပါချေ။ ကံကောင်းထောက်မစွာ ကြယ်အလင်းတန်းများက အလွန်စမတ်ကျသည်။ သူဆိုလိုရင်းကို ချက်ချင်းသဘောပေါက်ကြပြီး မှတ်ချက်ပေးကြသည်-


[ငါတို့ အကောင်းဆုံးလုပ်မယ်...တတ်နိုင်သလောက် ရှင်းပြမှာ... မင်းရဲ့စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်]


[QAQ...ငါ့မှာ ခန့်မှန်းချက်တစ်ခုရှိတယ်...ကောက ဒါကိုပြောဖို့ တိုက်ရိုက်လွှင့်တာမဟုတ်ဘူးလား]


[ဝူး...ဝူး...ဝူး.. မင်းက အရမ်းကောင်းတာပဲ... ဒီနေ့က မင်းအတွက် သွေးသွန်းဖို့ ဆန္ဒရှိတဲ့ နေ့တစ်နေ့ပါ]


[နှစ်ကြိမ်စလုံး ရှောင်ချီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုနဲ့တိုးတာ... ငါက ဘုရားသခင်ရဲ့အရွေးချယ်ခံရသူဖြစ်မယ်... အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် အရင်တစ်ခေါက်က ရဲ့ကောက လက်ဆောင်ပေးဖို့ ရောက်လာတယ်...ဒီတစ်ခါရော ငါတို့ ရဲ့ကောကို ဖမ်းနိုင်မလားမသိ]


ပိုင်ရဲ့ကိုထည့်ပြောသည့်အခါ CPဖန်တွေ၏ စကားလုံးတွေက သူစိတ်ထဲမှာ ချက်ချင်း လင်းလက်သွားသည်။ချီရှင်းချန် နီရဲနေသော ပါးပြင်များကို ဖုံးကွယ်ရန် သူ့ပါးပြင်ပေါ် လက်ကို အမြန်တင်လိုက်သည်။


"ဒင်းဒေါင်-ဒင်ဒေါင်-"


ရုတ်တရက် တံခါးခေါက်သံ မြည်လာသည်။ "အားလုံး ခဏစောင့်ပေးကြပါ... ဘယ်သူလဲဆိုတာ ကျွန်တော်သွားကြည့်လိုက်ဦးမယ်"


ထို့နောက် နားကြပ်ကို ချွတ်ကာ တံခါးကို ပြေးဖွင့်လိုက်သည်။


ပိုင်ရဲ့က တံခါးနားမှာ ရပ်နေပြီး သူ့လက်ထဲက နို့ပုလင်းကို ယမ်းလိုက်၏။ 


"ဝင်လို့ရမလား"


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ဖန်များ: [… f*ck ဘာကြီး...ညီအစ်မရေ ရှင့်ပါးစပ်က ကောင်းချီးပေးခံထားရတာလား]


[ရက်စ်!!! ရက်စ်!!!]


ဖုန်းတင်ထားသော စားပွဲက တံခါးကို မျက်နှာမူထားသည်။ပိုင်ရဲ့ကို သူမြင်လိုက်ရသည့်အချိန်၊ ချီရှင်းချန် သူ့ဘဝမှာ ဒုတိယအကြိမ် ကျရှုံးသွားပြီကို သိလိုက်ရသည်။


သူက သူ့ကိုယ်သူ အားတင်းပြီးပြောလိုင်သည်။

 "... အမ်းး...ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်ရင်းတန်းလန်းကြီး"


"ဟုတ်လား" 

ပိုင်ရဲ့က စိတ်မ၀င်စားပေ။

"မင်းကိုများ နှောက်အယှက်ပေးနေမိသလား"


"မဟုတ်ပါဘူး..." 

ချီရှင်းချန် ဘေးဘက်လှည့်လိုက်သည်။


"အထဲဝင်ပါ"


ပိုင်ရဲ့က နို့ပုလင်းကို ချီရှင်းချန်၏လက်ထဲကို ထိုးထည့်လိုက်၏။ အခန်းထဲဝင်လာပြီး အခန်းထဲကို မသိမသာ စကင်န်ဖတ်လိုက်သည်။ မမြင်သင့်သော ကိုယ်ပိုင်ပစ္စည်းများ မရှိကြောင်း သေချာပြီးနောက်၊ စားပွဲရှေ့ရှိ အခြားထိုင်ခုံပေါ်တွင် သဘာဝအတိုင်း ဝင်ထိုင်နေလိုက်သည်။


ချီရှင်းချန် သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ နှစ်မိနစ် သို့မဟုတ် သုံးမိနစ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူဦးရေ 200,000 ထပ်တိုးလာခဲ့ပြီး ၎င်းသည် ဆက်လက်တိုးလာနေခဲ့သည်။ညဥ့်ကောင်းကင်များ ဤသတင်းကိုကြားပြီး အပြေးအလွှားလာနေကြခြင်းဖြစ်မည်။


မက်ဆေ့ချ်တွေက မြန်လွန်းသောကြောင့် နောက်ဆက်တွဲ ပုံရိပ်တွေကို မြင်ရန် မဖြစ်နိုင်သလောက်ပါပင်။


[ညဥ့်ကောင်းကင်တွေက မင်းတို့ရဲ့ အဖိုးတန်နေရာကို ငှားလိုက်ပါပြီ...ကျေးဇူးတင်ပါတယ် ကြယ်အလင်းတန်းညီအစ်မတွေ]


[2020 မှာ ငါ့ယောကျာ်းရဲ့ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုက ရှောင်ချီရဲ့အခန်းမှာဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ]


[နောက်ဆုံးစာကြောင်းမှ ငါဘာကြောင့် ကြေကွဲဝမ်းနည်းမိတာလဲ (ရယ်ရင်း ငို) (ရယ်ရင်း ငို) (ရယ်ရင်း ငို) (ရယ်ရင်း ငို)?]


[F * ck ဒီကျိုရဲ့ရှင်းချန် CPဖန်လေး ပေါက်ကွဲပြီး ကောင်းကင်ကို လွင့်သွားတော့မယ်... ရဲ့ကောရဲ့ စကားတွေက အရမ်းချိုမြိန်တာပဲအား... နို့တွေရော... ချိုလွန်းလို့သေတော့မယ် အားးး!!!]


ချီရှင်းချန် CPဖန်၏နောက်ဆုံးမှတ်ချက်ကိုမြင်သောအခါ၊ သူ့လက်ထဲရှိ နို့ပုလင်းကိုလွတ်ကျလုနီးပါးဖြစ်သွားသည်။ပိုင်ရဲ့ကို သေသေချာချာ ကြည့်လိုက်ပြီး ပိုင်ရဲက ဖန်သားပြင်ကို သူ့ထောင့်ကနေ မမြင်ရဘူးဆိုသည် သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွား၏။


[ရဲ့ကော... ငါတို့ နှိမ့်ကျတဲ့ညဥ့်ကောင်းကင်တွေက ရဲ့ကောရဲ့ အသံကို ကြားချင်နေကြတယ်...သူ့ကို တစ်ခုခုပြောခိုင်းလို့ရမလား]


ညဥ့်ကောင်းကင်များ၏ တောင်းဆိုမှုကို ကျေနပ်စေပြီး အဆင်မပြေမှုတွေကို ဖြေလျှော့ရန်အတွက် ချီရှင်းချန် သူ့ခေါင်းကို လှည့်ပြီးတောင်းဆိုလိုက်သည်။


"ရဲ့ကော...တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ကျွန်တော့်ရဲ့ဖန်တွေကို ကျေးဇူးပြုပြီး ဟဲလိုလို့နှုတ်ဆက်ပေးပါဦး" 


"ဟဲလို ငါက ပိုင်ရဲ့ပါ" 

ပိုင်ရဲ့က တောင်းဆိုချက်အားလုံးကို သဘောတူလိုက်သည်။


ချီရှင်းချန် ပြောစရာစကားမဲ့သွား၏။


[ရဲ့ကော... ငါတို့ နှိမ့်ကျတဲ့ညဥ့်ကောင်းကင်တွေက ရဲ့ကောရဲ့မျက်နှာကို မြင်ချင်ပါတယ်]


ဤတစ်ကြိမ်မှာ ချီရှင်းချန် ပြောသည်ကို မစောင့်ဘဲ ပိုင်ရဲ့က ခွေးခြေကို ဆွဲယူပြီး ချီရှင်းချန် ဘေးမှာ တိုက်ရိုက်ထိုင်လိုက်သည်။


ဖုန်းစခရင်က ကျဉ်း၏။ သူ့မျက်နှာတစ်ခုလုံးကို မမြင်ရမှာကို စိုးသောကြောင့် ပိုင်ရဲ့က ချီရှင်းချန်နှင့် အလွန်နီးကပ်စွာ ထိုင်နေခဲ့သည်။


သူတို့သည် အလွန်နီးကပ်နေသောကြောင့် သူတို့၏အင်္ကျီလက်များက အချင်းချင်းပွတ်တိုက်သွားကြကာ တစ်ယောက်၏၏အပူငွေ့ကိုတစ်ယောက်က ထင်ရှားစွာခံစားရသည်။ချီရှင်းချန် သူ့နှာခေါင်းဖျားကို ပွတ်လိုက်ပြီး တစ်ဖက်လူ၏ ကိုယ်ကရနံ့က သူနှင့်အတော်လေးရင်းနှီးနေမှန်း ရုတ်တရက် သိလိုက်ရသည်။


ပြောစရာအကြောင်းအရာမရှိမှာ စိတ်ပူပြီး မေးလိုက်၏။

 "ရဲ့ကော... ဘယ်အချိန်က ပြန်ရောက်တာလဲ" 


ပိုင်ရဲ့: "အခုမှ ဟိုတယ်ကို ပြန်ရောက်တာ"


[အိုးမိုင်...ဟိုတယ်ပြန်ရောက်တာနဲ့ နွားနို့ပို့ဖို့ တန်းရောက်လာတာလား]


ပိုင်ရဲ့: "ဟုတ်တယ်...သူ့အတွက်နောက်ကျမှအိပ်ရတာ အဆင်မပြေမှာစိုးလို့"


မှတ်ချက်များသည် ချက်ချင်းပင် "အိုး၊ အိုး၊ အိုး၊ အိုး" နှင့် ပြည့်သွားသည်။ချီရှင်းချန် ယခုလိုမျိုး ဆက်မလုပ်နိုင်တော့သည့်အတွက် ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်၏။ 


"ရဲ့ကော... ဘာရေမွှေးသုံးနေတာလဲ... ကျွန်တော် အရင်က အနံ့ခံဖူးသလို ခံစားရတယ်"


"မင်းအရင်က အနံ့ခံဖူးမှာပေါ့" 

ပိုင်ရဲ့က ပြုံးလိုက်သည်။ 

"ဒီနေ့ စတိုင်လစ်က ငါ့ကို Siren ပေးတာလေ"


[Siren... ငါဘာလို့ မကြားဖူးရတာလဲ...ဘယ်ကုမ္ပဏီကလဲ။]


[F*ck...ဒါက တကယ်ကို Sirenပဲ... WSL... WSL!]

(T/N–Wo Si Le=I'm dead=သေပါပြီ)



[Ye Sky JJ ကို အကြောင်းပြန်ခြင်း ...Sirenက ရှင်းရှင်း ထောက်ခံပေးထားတဲ့ Aprèsရဲ့ နွေရာသီထုတ်ကုန်အသစ်ပါ]


["ငါ့ကိုယ်ပေါ်မှာ မင်းရဲ့ရနံ့ရှိတယ်" ရှင်တို့နှစ်ယောက် ကျွန်မကိုသတ်ကြတော့မလို့လား... အားးး!]


ပိုင်ရဲ့က သုံးတယ်... သူထောက်ခံတဲ့ ရေမွှေးကို...


ချီရှင်းချန် ဖန်များပြောသည်ကို ဖတ်ရန် စိတ်မ၀င်စားနိုင်တော့ပေ။ သူ့နှလုံးသားက တုန်ယင်နေသည်။ သူ သည်ထက်ပိုပြီး ငါးပါးမမှောက်ချင်တော့သည့်အတွက် ပိုင်ရဲ့နှင့် သင်တန်းသားတွေကိုသင်ကြားမှုနှင့်ပတ်သတ်ပြီးဆွေးနွေးချင်သည်ဟူသော အကြောင်းပြချက်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ပိတ်လိုက်၏။


ဖုန်းစခရင်က မည်းသွားသည်။ပိုင်ရဲ့က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်ဟု ထင်သည့်အတွက် တောင်းပန်၏။

"တောင်းပန်ပါတယ်... ငါမလာခင် မင်းကို မေးသင့်တာ"


"မဟုတ်ဘူး...အဆင်ပြေပါတယ်...ကျွန်တော် အချိန်အကြာကြီး တိုက်ရိုက်လွှင့်ဖို့ မစီစဉ်ထားဘူး" 

ချီရှင်းချန်က မတ်တပ်ထိရပ်ပြီး ကယောင်ကတမ်း စကားတွေပြောနေခဲ့သည်။


ဆယ့်နှစ်နာရီထိုးခါနီးနေပြီဖြစ်သဖြင့် ပိုင်ရဲ့ သူအိပ်စက်မှုကိုအနှောင့်အယှက်မပေးချင်ပေ။ 


"ဒါဆို ငါအရင်သွားလိုက်ဦးမယ်...စောစောအနားယူ...စကားမစပ် Weibo က အသုံးမကျတဲ့ မှတ်ချက်တွေကို မကြည့်နဲ့...Kevinကိုအကဲဖြတ်ရာမှာ မင်း ကောင်းကောင်းလုပ်ခဲ့တယ်"


"ဟုတ်ကဲ့... ကျွန်တော် ဆက်ပြီးကြိုးစားပါ့မယ်"


ပိုင်ရဲ့ကို ဆန့်ကျင်ဘက်အခန်းကို လိုက်ပို့ပြီးနောက်၊ ချီရှင်းချန် ရေချိုးပြီး ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ အိမ်မှထွက်ပြေးသွားသော သူ၏ဝိညာဉ်သည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


မီးများပိတ်ပြီးနောက်တွင် ပိုင်ရဲ့က သူထွက်ခွာမသွားမီ ထိုစကားများပြောရန် လာရှာသည်ကို သူသိလိုက်ရသည်။


လူထုအမြင်ကြောင့် ဝမ်းနည်းမှာ စိုးသည့်အတွက် အလုပ်ပြီးပြီးချင် သူ့ကို နို့လာတိုက်ပြီး နှစ်သိမ့်ပေး၊ချီးမွမ်းပေးခဲ့၏။


ချီရှင်းချန် ငှက်မွေးကဲ့သို့ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူအိပ်နေသည့်အချိန်မှာပင် တိမ်တွေပေါ်မှာ လဲလျောင်းနေရသလိုပါပင်။


နောက်တစ်နေ့တွင် ဟိုတယ်မှ ဖုန်းခေါ်ဆိုမှုကြောင့် သူ နိုးလာခဲ့သည်။


မနက်ပိုင်းဖုန်းခေါ်သည်လို့ သူထင်ပေမဲ့ အချိန်ကိုကြည့်လိုက်ရာ မနက်ဆယ်နာရီခွဲပြီဖြစ် ယ၏။ စိတ်ရှုပ်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။


"ဟယ်လို လူကြီးမင်းချီ...ကျွန်မက ဟိုတယ်မန်နေဂျာ နီနီပါ...အရှေ့ကောင်တာမှာ လူကြီးမင်းလျန် လူကြီးမင်းကိုလာရှာနေပါတယ်...ဆင်းတွေ့ဖို့အဆင်ပြေရဲ့လားရှင်"


မျိုးရိုးနာမည်လျန်... စစ်ရှန်းဖန်ဖြစ်နိုင်သလား ဒါမှမဟုတ် တစ်ခုခုဖြစ်နိုင်လား...

ချီရှင်းချန် ခဏတာ စိတ်ရှုပ်ထွေးသွားသည်။ တစ်ခုခု တကယ်ဖြစ်နေမှာကို စိုးသဖြင့် အိပ်ရာပေါ်ကနေ ဆင်းပြီး အဝတ်အစားတွေ ဝတ်၊သွားတိုက်ပြီး မျက်နှာသစ်လိုက်သည်။


သူထွက်လာပြီး ဓာတ်လှေကားထဲကို ဝင်လိုက်၏။ သူ့ခေါင်းပေါ်က ဆံပင်တွေကို လက်နှင့် ဖြီးလိုက်သည်။ သုံးမိနစ်လောက်ကြာသောအခါ ပထမထပ်ကို ရောက်သွား။။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည့် အမျိုးသားကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။


…အရှေ့ကောင်တာက လူကြီးမင်းလျန်က အမှန်တကယ်တွင် မူလပိုင်ရှင်၏ငယ်သူငယ်ချင်း လျန်ကျင်းပါပင်။


ချီရှင်းချန် အရင်တစ်ခေါက်က သူ့ကို "Luminous Body" ပေးပြီးနောက်ကတည်းက အဆင်မပြေမှုများကို ရှောင်ရှားရန် လျန်မိသားစုနှင့် ပတ်သက်သည့် စုဝေးပွဲများအားလုံးကို ငြင်းဆိုခဲ့သည်။သူတို့ မတွေ့သည်က တစ်လခွဲနီးပါးရှိပြီဖြစ်၏။


လျန်ကျင်း S City သို့ ရောက်လာလိမ့်မည်ဟု ချီရှင်းချန် မထင်ထားခဲ့ပေ။ သူ့ကို ရှောင်ရန် အကြောင်းပြချက် ရှာမတွေ့သောကြောင့် ဆိုဖာဆီကို ဖြည်းညှင်းစွာ လျှောက်သွားပြီး အံ့သြဟန်ဆောင်လိုက်၏။


"ဘာလို့ဒီကိုရောက်နေတာလဲ"


လျန်ကျင်းက ခေါင်းမော့လာသည်။

 "အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း မင်းကိုတွေ့ချင်လို့"


လတ်စသတ်တော့ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာကိုးး...

ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။


သူက သူ့အတွက် ဤနေရာ၌ ရှိနေသောကြောင့် သူ့ကို မနှင်ထုတ်နိုင်ခဲ့ပါချေ။ချီရှင်းချန် ယဉ်ယဉ်ကျေးကျေးပြောလိုက်၏။


 "ဒါဆို မိနစ်အနည်းငယ်လောက်စောင့်...ငါ ကားသော့ပြန်ယူလိုက်ဦးမယ်"


"မလိုပါဘူး" 

လျန်ကျင်းက ထရပ်သည်။ 

"ကားမောင်းလာတာ...ငါ့နောက်ကလိုက်ခဲ့

"


ထို့နောက် ကားပါကင်ဆီသို့ လျှောက်သွားသည်။ချီရှင်းချန် သူ့နောက်ကို လိုက်သွားပြီး ကားထဲဝင်ရန်ကလွဲ၍ ရွေးစရာမရှိတော့ပေ။


ယခုက နေ့လည်စာစားချိန်ဖြစ်သည်။ချီရှင်းချန် အဝေးကြီးသွားလျှင် ပါပါရာဇီ များ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ကို စိုးရိမ်သောကြောင့် လျန်ကျင်းကို နေ့လယ်စာကျွေးရန် အနီးနားရှိ စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။


လျန်ကျင်းက မည်သည့်ကန့်ကွက်မှုမှ မရှိပါချေ။ချီရှင်းချန် လျန်ကျင်း၏ လတ်တလော အခြေအနေကို မေးလိုက်သည်။


"ပြီးခဲ့တဲ့ ပရောဂျက်ရဲ့ ရလဒ်တွေက ကောင်းတယ်... ဆွစ်ဇာလန်ကို ပြန်သွားသွား မသွားသွားကိစ္စမရှိဘူး" 

လျန်ကျင်းက ပြောသည်။ 


"ဒါကြောင့် ငါ့ရဲ့ နည်းပြက ငါ့ကို တရုတ်ပြည်မှာ ဆက်နေပြီးသူ့ပရောဂျက်မှာလုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်...နောက်ကျရင် ငါဘယ်မှသွားတော့မှာမဟုတ်ဘူး"


သူ ဘယ်မှ ထွက်ခွာမသွားတော့ပါက အနာဂတ်တွင် သူတို့ တွေ့ဆုံရန်အခွင့်အရေးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ချီရှင်းချန်ကမေးလိုက်၏။ 


"နည်းပြရဲ့ ပရောဂျက်က ဘယ်အဆင့်မှာလဲ"


"လက်တွေ့ကုသမှုအဆင့်...ကျင်းအန်ဆေးရုံ"


ကျင်းအန်ဆေးရုံ...ထောင်ထောင်ရဲ့မောင်ထောင်ရွှမ် နေတဲ့ ဆေးရုံမဟုတ်ဘူးလား...


ချီရှင်းချန်၏နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု တိုးဝင်လာသည်။


အခုတလော သူအတော်လေးပျော်နေသောကြောင့် သူ "ည၏မက်မွန်"၏ဇာတ်ကြောင်းပါဝင်နေဆဲဖြစ်သည်ကို မေ့လုနီးပါးဖြစ်နေသည်။ဇာတ်ကြောင်း တိုးတက်မှုအရ လျန်ကျင်းက ထောင်ရွှမ်ကိုကုသရာကနေတဆင့် ထောင်ထောင်ကိုတွေ့ပြီး မြင်မြင်ချင်းပင် ထောင်ထောင်ကို ချစ်မိသွားသည်။


ထို့နောက် ထောင်ရွှမ်ကို ကယ်တင်ရန် သူ၏ ဘယ်ဘက်ကျောက်ကပ်ကို လှူဒါန်းခဲ့သည်။ဖွင့်ပြောမှု ကျရှုံးပြီးနောက် သူသည် အလွန်ဝမ်းနည်းသွားပြီး အေးစက်နေသော ဆေးရုံခန်းထဲတွင် တစ်ယောက်တည်း သေဆုံးသွားခဲ့သည်။


ချီရှင်းချန်၏နှလုံး ရုတ်တရက် တင်းကျပ်လာသည်။ အမှန်တွင် ဤလူက မူလချီရှင်းချန် နှစ်သက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့အတွက် ဘာခံစားချက်မှ မရှိခဲ့ဘူးဆိုလျှင်ပင် လျန်ကျင်းက ထောင်ထောင်အတွက် နှလုံးနှင့် ကျောက်ကပ်ကို စွန့်လွှတ်ပြီး ထိုသို့ သနားစရာကောင်းသည့်အခြေအနေမှာ အချိန်ကုန်ဆုံးနေသည်ကို ကြည့်မနေနိုင်ပါချေ။



လက်ရှိအခြေအနေမှာ  

အစီအစဉ်၏နောက်တစ်ဆင့်ကို မစဉ်းစားခင်တွင် လျန်ကျင်းနှင့် သူ၏ဆက်ဆံရေးကို အရင်စဉ်းစားရမည်။


သူက မြန်မြန်စဉ်းစားပြီး ပြောလိုက်၏။

 "လျန်ကျင်း ငါစဉ်းစားပြီးပြီ"


လျန်ကျင်း၏လက် ရပ်တန့်သွားသည်။


"ခံစားချက်တွေကို အတင်းအကြပ်လုပ်လို့ မရဘူး...ဒါကြောင့် ငါမင်းကို လွှတ်ပေးပြီး မင်းနဲ့ထပ်ပြီး သူငယ်ချင်းဖြစ်ဖို့ ငါဆုံးဖြတ်လိုက်ပြီ"


လျန်ကျင်းက ငါးတစ်တုံးကို ကောက်ယူပြီး အရိုးထွင်ကာ ချီရှင်းချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


သူတိတ်ဆိတ်နေသည်ကိုမြင်သောအခါ ချီရှင်းချန် အံကြိတ်ပြီးပြောလိုက်၏။


"ဒီရင်းနှီးမှုကို ငါမဆုံးရှုံးချင်ဘူး... ဖွင့်ပြောတာကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်လိုက်ရအောင်... ငါကမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်နေတုန်းပဲ အိုကေလား..."


'...အိုကေလား'


အကြောင်းတစ်ခုခုကြောင့် လျန်ကျင်း ဤမေးခွန်းကို မဖြေချင်ပေ။


သူ နိုင်ငံခြားမသွားခင်က ချီရှင်းချန်ကို သူ့ညီလေးတစ်ယောက်အဖြစ်ရော အချစ်ဆုံးသူငယ်ချင်းအဖြစ်ပါ အမြဲမှတ်ယူခဲ့သည်။ သူတို့နှစ်ယောက်က ရင်းနှီးလွန်းသောကြောင့် အရာအားလုံးကို မျှဝေခံစားနိုင်ခဲ့၏။


ထို့နောက် ချီရှင်းချန်က ရုတ်တရက် သူ့ကို ဖွင့်ပြောခဲ့သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ ထိုအချိန်တွင် ကြောက်လန့်သွားခဲ့သည်။ သူ ချီရှင်းချန်ကို မကြိုက်ဘဲ ခင်ရုံခင်ဖြင်းဖြစ်ကြောင်း သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်းသိသည်။


ထို့ကြောင့် ချီရှင်းချန်ကိုငြင်းပယ်ပြီးနောက်၊ သူ ဆွစ်ဇာလန်ပရောဂျက်ကိုလုပ်ဆောင်ရန် ရွေးချယ်ခဲ့ပြီး သူ့ကိုယ်သူနှင့် ချီရှင်းချန်ကို အကူးအပြောင်းကာလတစ်ခုပေးရန် နိုင်ငံတွင်းမှ အမြန်ထွက်ခွာခဲ့သည်။


သို့ပေမဲ့ သူ တရုတ်ပြည်ကို ပြန်ရောက်သည့်အခါ ရှင်းရှင်းက ပြောင်းလဲသွားပုံရ၏။


သူက… ပိုတောက်ပလာပြီး ပိုလင်းလက်လာသည်။


အထူးသဖြင့် မနေ့က ရသစုံရှိုးမှာ အေးစက်စက်မျက်နှာနှင့် သင်တန်းသားတွေကို ဆူသည့်အခါနှင့် သင်တန်းသားတွေနှင့်အတူတူနေသည့်အချိန်များတွင် ရှင်းရှင်းမျက်လုံးတွေက တောက်ပနေခဲ့သည်။


ဤသည်က ချီရှင်းချန်မှာ ယခင်တုန်းက မရှိခဲ့ဖုးသည့် အရာဖြစ်၏။


ထို့အတွက်ကြောင့် သူ တစ်ညလုံး အိပ်မပျော်ခဲ့။ အရူးအမူးဖန်တစ်ယောက်ကဲ့သို့ ချီရှင်းချန်၏ ရသစုံရှိုးများနှင့် ကြော်ငြာများကို ကြည့်ရှုခဲ့သည်။


ယနေ့နံနက်တွင် သူ စိတ်၏တွန်းအားပေးမှုကို မခံနိုင်ဘဲ ဤနေရာသို့ ရောက်ရန် သုံးနာရီကြာ ကားမောင်းခဲ့သည်။


လျန်ကျင်း နောက်ထပ်ငါးတစ်တုံးကို ဖြည်းညှင်းစွာကောက်ယူပြီး အရိုးများကို ဂရုတစိုက်ထွင်လိုက်သည်။

ငါးမိနစ်လောက်ကြာသောအခါ သူက ချီရှင်းချန်၏ပန်းကန်ထဲကို ငါးထည့်ပေးလိုက်သည်။


တစ်ဖက်လူက နှတ်ခမ်းများတင်းတင်းစေ့ကာ သူ့ကို ကြည့်နေဆဲ။ သူ့အကြည့်တွေက ခိုင်မာပြီး ရှောင်ဖယ်၍မရပေ။


သူ့ဆီက အဖြေရကိုရရမည့်ပုံစံနှင့်။


ခဏအကြာတွင် လျန်ကျင်း ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။


"အိုကေ"