အခန်း၁၆၇
Viewers 12k

Chapter 167

(လင်းယောင်ယောင်၏ လျို့ဝှက်ချစ်သူ)



မည်သို့ပင် ဖြစ်စေ၊လင်းရွှမ် ပြန်လာသည့်အခါ သူမအတွက် ပိုယူလာပေလိမ့်မည်။သူမမှာ ကောင်းသည့်အရာများရှိလာတိုင်း သူမကို စိတ်ရင်းမှန်နှင့် ကြင်ကြင်နာနာဆက်ဆံသည့် သက်ကြီးရွယ်အို၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် ဝေမျှဖို့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ချေ။


ဂရန်းမာစတာအဆင့် အရန်ကုထုံးဆရာ၏အထက်တွင်၊ သတ္တမအဆင့်  အရန်ကုထုံးပညာရှင် အစားအစာကို ဖန်တီးနိုင်သူတစ်ဦးကိုသာ ပေးအပ်ရသည့် ဒဏ္ဍာရီအဆင့်တစ်ခုလည်း ရှိသည်။


ချိုက်ယူဟုန် သည် လေ့ကျင့်ရန် SSS အဆင့်ပါဝင်ပစ္စည်းများမရှိသောကြောင့် ဤအဆင့်သို့မရောက်နိုင်ခဲ့ပေ။  ယခု အသားများစုံလာပြီ ဖြစ်သဖြင့် လင်းယောင်ယောင် အား လွဲမှားနေသော ဗဟုသုတအချို့ကို ထောက်ပြပြီးနောက် အစားအသောက်ကုထုံးဆိုင်ရာ သုတေသနခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့သည်။ အချိန်ယူ လေ့ကျင့်ပြီးပါက၊သူ အဆင့်တက်ဖို့ ကြိုးစားရပေမည်။


 လင်းမိသားစုနှင့် ဝေ့မိသားစုတို့၏ ညစာစားပွဲကို လင်းယောင်ယောင် တာဝန်ယူထား၏။သူမ၏မိသားစုအတွက် လူကိုယ်တိုင်ချက်ပြုတ်ပြီး အကောင်းဆုံးပါဝင်ပစ္စည်းများကို အသုံးပြုသည်။ သူမသည် ပါဝင်ပစ္စည်းများအများအပြားကို စီမံဆောင်ရွက်ပြီး အဘိုးလင်း၊ အဘိုးဝေ့နှင့် အဘွားဝေ့တို့လို လူကြီးများအတွက် သီးသန့်ဟင်းများ ပြုလုပ်ရသည်။


တာဇာကြယ်ပွင့်နယ်မြေ ၏ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ထိပ်တန်း အရသာများသည် စားဖူးသူတိုင်းကို ထိတ်လန့်စေသည်။ 


လင်းယောင်ယောင် စိတ်သက်သာရာရစေသောအရာမှာ ဝေ့မိသားစုနှင့် လင်းမိသားစုတို့သည် လင်းရွှမ် နှင့် သူမ၏ဆက်ဆံရေးကို ကန့်ကွက်ခြင်းမပြုဘဲ တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုရှိပြီး မောင်နှမများအဖြစ်သာ ဆက်ဆံဆဲဖြစ်သည်။


 အခြေအနေကို အပြည့်အ၀နားလည်သော ဝေ့လင်းနှင့် ချမ့်ယောင်တို့ပင်လျှင် လင်းယောင်ယောင် ကို ဒဲ့မပြောလာခဲ့ပေ။


"သမီး တစ်ယောက်ယောက်ကို သဘောကျရင် အဖေရော အမေရော သူ့ကို သဘောကျမှာပါ"


 သို့သော်လည်း ဝေ့မိသားစုသည် အပြင်ပန်းက ဘာမှ မပြော‌ေလ့ရှိသော်လည်း လုပ်ဆောင်သင့်သည့်အရာများကို လက်လွတ်မခံခဲ့ပေ။


လင်းယောင်ယောင် သည် အနာဂတ်တွင် လင်းမိသားစုဝင်နှင့် လက်ထပ်ရာမှာ လွယ်ကူစေရန်အတွက် အဘွားဝေ့ သည် သူမ၏ဘိုးဘေးများကို လက်ခံအသိအမှတ်ပြုပြီး သူမ၏ ဝေ့မျိုးရိုးသို့ ပြန်သွားရန်ရှိမရှိ လင်းယောင်ယောင် အား စတင်မေးမြန်းခဲ့သည်။


လင်းယောင်ယောင် သည် ဆန္ဒရှိသော်လည်း သူမ၏မျိုးရိုးအမည်ကိုသာ တစ်သက်လုံး အသုံးပြုထားသောကြောင့် ပြောင်းလဲရန် ဆန္ဒမရှိခဲ့ပေ။  ကံကောင်းထောက်မစွာ၊ ဝေ့မိသားစုသည် ဝေ့မိသားစုကို တရားဝင်အသိအမှတ်ပြုရန် ဆန္ဒရှိနေသရွေ့၊ မျိုးရိုးအမည်ကို စိတ်မ၀င်စားပေ။


 နောက်လအစတွင် အဘိုးဝေ့၏ မွေးနေ့ဖြစ်သည်။ ဆယ်ဂဏန်းတိ ပြည့်ခြင်း မဟုတ်သော်လည်း အဘိုးဝေ့က ပွဲကြီးတစ်ခုကျင်းပဖို့ ဆုံးဖြတ်ပြီး အင်ပါယာမြို့တော် တန်ခိုးကြီးသူအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။


 ပထမဦးစွာ ဝေ့လင်းသည် ဇနီးနှင့် သားသမီးများနှင့်အတူ ပြန်လာပြီဖြစ်ကြောင်း မြို့တော်ရှိ မြင့်မြတ်သော အသိုင်းအဝိုင်းတစ်ခုလုံးအား ကြေညာရန်ဖြစ်သည်။ထိုအခါ  သူသည် ဆူးတပ်ဖွဲ့ကိုလည်း ပြန်လည်အုပ်ချုပ်တော့မည်ဖြစ်ကြောင်း ကြေငြာရန် ရရှိမည်ဖြစ်သည်။  ဒုတိယမှာ လင်းယောင်ယောင် သည် ဝေ့မိသားစု၏သမီးဖြစ်ကြောင်း ကြေငြာရန်အတွက်ဖြစ်သည်။ ဆိုလိုသည်က 18 နှစ်ကြာ နိမ့်ကျခဲ့သည့် ဝေ့ မိသားစုဟာ ပြန်ထလာတော့မည်ဟု သတိပေးလိုက်ခြင်းပင်။


လင်းယောင်ယောင် သည် ထိုအချိန်မတိုင်မီ လင်းရွှမ် ပြန်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။သူမဘဝ၏ အရေးကြီးသည့် အခိုက်အတန့်တိုင်းကို ရှိနေပေးဖို့ မျှော်လင့်မိ၏။


လင်းယောင်ယောင်  လျစ်လျူမရှုနိုင်သော အခြားလူတစ်ဦး ရှိသေးသည်- ရှောင်မင်...


မက်ရှဲ ကွယ်လွန်သည့်သတင်းကို သူသိရှိခဲ့ပြီးနောက် စိတ်ပျက်သွားခဲ့သည်။


စစ်ပညာရေးအကယ်ဒမီတွင် ထူးချွန်သောကြယ်ပွင့်ဖြစ်သည့် ရှောင်မင် သည် အဘယ်ကြောင့် စိတ်ပျက်ကာ ငေးငိုင်ငိုင်ဖြစ်နေသည်ကို လူတိုင်းနားမလည်နိုင်ပေ။အကြောင်းမှာ၊မက်ရှဲ ကွယ်လွန်သွားသည့်အတွက် ရှောင်မင် ၏ ဧကရာဇ်မင်းမြတ်ဖြစ်ချင်သည့် အိပ်မက်ဟာ လုံးဝပြီးသွားပြီဖြစ်၏။


ပြိုင်ဘက်ဖြစ်သော အကြီးဆုံးမင်းသား ရှောင်ရု ကတောင် လှုပ်ရှားလိုက်သော်လည်း သူကတော့ ခပ်ဆိတ်ဆိတ်သာ နေဖြစ်လေ၏။ထို့ကြောင့် တစ်ချို့ကြံစည်ထားသည့်ကိစ္စများကို အဓိကလုပ်သူက ရှောင်ရုဖြစ်ပြီး သိပ်ဝင်မပါသူက ရှောင်မင် ဖြစ်လာသည်။ 


လင်းယောင်ယောင် ကို ပို၍ပင် အံအားသင့်စေသည်မှာ၊ ထိုရာထူးအတွက် တိုက်ပွဲမ၀င်ဖူးသော တတိယမင်းသား ရှောင်ကျန်း သည် အမှန်တစ်ကယ် စတင်တိုက်ခိုက်လာခြင်းပင်ဖြစ်သည်။  ဤဇာ့ခ် တိုက်ခိုက်မှုမှာ သူ့စွမ်းဆောင်မှုက အထင်ကြီးစရာကောင်းသည့်  သူသည် ယခင်ကကဲ့သို့ ရိုးရိုးသားသားမဟုတ်တော့ဘဲ ပူးပေါင်းကြံစည်မှုများလည်း ဝင်ပါထားပုံရသည်။


ထီးနန်းရရန်အတွက် တိုက်ပွဲသည် ပို၍ပို၍ အပြောင်းအလဲမြန်လာသည်။


 ဤတိုက်ပွဲ၏ရလဒ်ကြောင့် လင်းရွှမ် သည် ယခုအခါတွင် အလွန်အားကောင်းနေပြီဖြစ်သောကြောင့် တော်ဝင်မိသားစုပင်လျှင် သူ့ကို မတုန်လှုပ်စေနိုင်ပေ။  ပြောစရာမလိုအောင်၊ သူသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့အား ပြန်လည်ပေါ်ထွက်လာသော ဆူးတပ်ဖွဲ့နှင့် မဟာမိတ်အဖြစ် ပေါင်းစည်းခဲ့သည်။


လင်းယောင်ယောင် သည် သူမ၏ လက်တွေ့ဘဝကိစ္စများ ပြီးဆုံးပြီးနောက် သူမသည် ကာလရှည်ကြာ မသွားဖြစ်သော Star Network သို့ သွားခဲ့သည်။ သူမကို အချိန်အကြာကြီး လွမ်းဆွတ်နေခဲ့သော ပရိတ်သတ်များနှင့် သစ္စာရှိဖောက်သည်များအတွက် ဆုလာဘ်တစ်ခုအဖြစ် မှတ်ယူနိုင်သည့် "ရှေးတရုတ်စားဖွယ်အိမ်" တွင် ဖြည့်စွက်အစားအစာများကို အမြန်ထုတ်လုပ်ပြီး မွမ်းမံပြင်ဆင်ခဲ့သည်။  ဘယ်လောက်ပဲ လုပ်လုပ်၊ မလုံလောက်သည်ကတော့ သေချာ၏။


ထို့နောက် Star Network တွင် သူမသည် အမည်မသိ မက်ဆေ့ချ် နှစ်ခုကို လက်ခံရရှိခဲ့သည်။တစ်ခုက ရှောင်မင် မှ


 "မင်းက "ပဲနီ အုန်းနို့" မလား...လင်းရွှမ် ကို ဘာလို့ ရွေးခဲ့တာလဲ၊ အစားအသောက် ကုထုံးဌာနကို ဘာလို့ ရွေးခဲ့တာလဲ... မင်းက ဘာလို့ ငါ့ဘက်မှာ မရပ်တည်တာလဲ၊ မင်း ငါ့အတွက် အရာအားလုံးကို ပျက်စီးစေခဲ့တယ်...ပိုကြောက်စရာကောင်းတာက...  ငါမင်းကိုမမုန်းနိုင်သေးဘူး…မင်းလုပ်ခဲ့တာတွေကမှန်တယ်လို့လည်း ထင်မိတယ်....ဒါဟာ အရင်ဘဝကမင်းကိုအကြွေးတင်ခဲ့တာဖြစ်နိုင်တယ်—ကမ္ဘာကျော်"


 တစ်ယောက်က ရှောင်ကျန်း မှ ဖြစ်သည်။


 "နောက်ဆုံးတော့ မင်းကိုယ့်ကို လက်မခံချင်ခဲ့တာ ဘာကြောင့်လဲဆိုတာ ကိုယ်နားလည်သွားပြီ... ကိုယ့်အနေအထားအရ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တယ်..…ကိုယ်က မင်းကို လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး  အိပ်မက်တစ်ခုရှိတယ်... ဒါပေမယ့် မင်းကို လုံးဝကာကွယ်မပေးနိုင်ခဲ့ဘူး...  ဒါကို နားလည်ဖို့ အရမ်းနောက်ကျနေပြီလား...မင်းကို ကာကွယ်နိုင်တဲ့ အတိုင်းအတာအထိ ကိုယ်က စွမ်းအား ကြီးလာရင် မင်းကိုယ့်ကို နောက်ထပ်အခွင့်အရေး ပေးနိုင်မလား...ကိုယ်မင်းကို ချစ်နေတုန်းပဲ—မင်းရဲ့ ကျန်း"


လင်းယောင်ယောင် အနည်းငယ်ရှက်သွားသည်။  


ဒီညီအကိုနှစ်ယောက်လုံးက Star Network မှာ ဘာလို့စာလာပို့တာလဲ။


တစ်ကယ့်လက်တွေ့ကမ္ဘာမှာ ဒီလူနှစ်ယောက်နဲ့ သူမနဲ့ဘာမှမဆိုင်ကြလို့များလား...


 သူမ ဒီညီအကိုနှစ်ယောက်ကို အပြင်မှာ သိပ်မဆုံဖူးပါဘဲ ဘာလို့ လာပြောနေကြတာလဲ...


 ထို့အပြင်၊ သူတို့အားလုံးသည် ပြောင်းလဲနေသောကြောင့်  သူမ ကြောက်ရွံ့ထိတ်လန့်မိသည်။


ရှောင်မင် ၏မက်ဆေ့ချ်က အဆင်ပြေသေးသည်။ သူ၏ လက်ရှိ စိတ်ပျက်အားငယ်မှုကိုသာ ဖော်ပြထား၏။ သူသည်အင်အားအဖြစ် မက်ရှဲ ကို ဆုံးရှုံးလိုက်ရပြီး သူ့တွင် နောက်ခံလည်း အများကြီးမရှိပေ။ စုချင်းဟယ်ကိုလည်း ဆုံးရှုံးလိုက်ရသည့်အတွက် သူ့ကို လုံးဝမကြောက်ရပေ။ဆန့်ကျင်ဘက်အနေနှင့် ရှောင်ကျန်း ၏ စကားကို သတိဖြင့် တွေးဆရမည်ဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် အလွန် ကြောက်စရာကောင်းသည်ဟု သူမ မြင်မိသည်။


တာဇာကြယ်ပွင့်နယ်မြေ တွင်ဝေးကွာနေသော လင်းရွှမ် သည် တစ်နေ့လုံးနှာချေနေရ၏။အကြောင်းမှာ သူ့နေရာကိုဝင်လုချင်နေသူတွေကြောင့်ဆိုသည်ကို သူ မသိပါချေ။ သေချာသည်က သူ အရှင်သခင် အင်ပါယာကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်သွားရမည်ထင်သည်။


ရှောင်မင် ကျဆင်းလာမှုကြောင့် ရှောင်ကျန်း သည် မြင့်တက်လာရန် အခွင့်အရေးကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ထိုအဖြစ်ကို မူရင်းဇာတ်ကွက် ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော လိပ်ပြာအကျိုးသက်ရောက်မှုများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။


လူတိုင်းမှာ ကိုယ့်ဘဝအတွက် အစီအစဉ်ရှိကြသည်။ "ကံကြမ္မာ" သည် မူရင်းဇာတ်လမ်းမှ လုံးဝသွေဖည်သွားပါက၊ အဓိကဇာတ်ကောင်များသည်လည်း အလိုအလျောက်ချိန်ညှိနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။ ဤကမ္ဘာသည် မူလက ဝတ္ထုဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးဖြစ်သောကြောင့် သိပ္ပံပညာက ထိုအဖြစ်တို့ကို ရှင်းပြ၍မရပေ။


ကိစ္စများစွာ၏ လမ်းကြောင်းကို ပြောင်းလဲစေခဲ့သော ပြင်ပလူတစ်ဦးအနေဖြင့် လင်းယောင်ယောင်သည် တိုက်ပွဲပြီးဆုံးသည်နှင့် ဤကမ္ဘာပေါ်ရှိ သူမ၏ဘဝသည် လုံးလုံးလျားလျား ပြန်လည် အသစ်ဖြစ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သူမ၏ဘဝနှင့် မူရင်းဝတ္ထုရှိဘဝ၊ ရှောင်မင် နှင့် ရှောင်ကျန်း တို့၏ ကွာခြားမှုသည် ရှင်းလင်းပြတ်သားစွာ မျဉ်းဆွဲသားပြီးဖြစ်ကာ မူရင်းဇာတ်ကြောင်းနှင့် လုံးဝမသက်ဆိုင်တော့ပေ။


လက်ရှိအရ ရှောင်မင် သည် သူ့နောက်တွင် အင်အားမရှိသောကြောင့်သာ ထီးနန်းသိမ်းပိုက်ရန် မျှော်လင့်ချက်မရှိပေ။သူ့အမေ မေလင်း သည် အကြီးဆုံးမင်းသား ရှောင်ရု ၏ မိခင်ကို ထောင်ချထား၍ ရှောင်ရု သည် ရှောင်မင် ကို အမြဲတမ်းမုန်းတီးနေခဲ့သည်။ သဲလွန်စမရှိသော်လည်း လက်ရှိဧကရာဇ်မင်း၏ ခန္ဓာကိုယ်ကိုလည်း မေလင်းက ဖျက်ဆီးခဲ့သည်ဟု ဆိုကြသည်။ ဤအကြောင်းကြောင့် ဧကရာဇ်မင်းသည် ဒုတိယမင်းသား ရှောင်မင် ကို မကြိုက်နှစ်သက်ပေ။


မကြာသေးမီက ရှောင်မင် သည် တာဇာကြယ်ပွင့်နယ်မြေ၏ ဧကရာဇ်မက်ရှဲ နှင့် ပူးပေါင်းခဲ့ပြီး ဧကရာဇ်မြို့တော်တွင် ဇာ့ခ်အကြိမ်ပေါင်းများစွာ ကျရောက်စေခဲ့ကာ အင်ပါယာအတွက် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။


ထို့ကြောင့်၊ လင်းရွှမ် သည် မက်ရှဲ နှင့် ရှောင်မင်တို့ ဆက်သွယ်နေကြောင်းကို ဦးစွာ သိရှိခဲ့သူဖြစ်၏။ လုလင်း သည် တာဇာကြယ်ပွင့်မဟာမိတ်၏ နည်းပညာမြင့်လုပ်ဆောင်မှုအကြောင်း သိရှိလာသောကြောင့် ရှောင်မင် ၏ အလင်းပြဦးနှောက်ကို စောင့်ကြည့်ရန် အစီအစဉ်တစ်ခုကို ထားရှိခဲ့သည်။တခြားဘာမှ မဖြစ်ခဲ့လျှင် ရှောင်မင် သည် ဘယ်လိုနည်းနှင့်မှ အဆုံးသတ်ကောင်းမှာမဟုတ်ပေ။


သို့သော်၊ ရှောင်ကျန်း ကတော့ မတူပေ။ သူ့နောက်မှာ သူ့အမေ၏ မျိုးနွယ်စုပိုင် ဘုရင့်တပ်ဖွဲ့ရှိသည်။ ရှောင်ရု နောက်ကွယ်တွင် သူ့မိခင်မျိုးနွယ်၏ မြင့်မြတ်သော တပ်မဟာလည်းရှိသည်။


အဆုံးမှာ ဘယ်သူက အာဏာရနိုင်မလဲ ဆိုသည်ကို သူတို့ နောက်ကွယ်က အင်အားစုများက ဘယ်လို လည်ပတ်နေသလဲ ဆိုသည့်အပေါ်မှာ မူတည်၏။ 


ရှောင်ရု သည် ကောက်ကျစ် ရက်စက်ပြီး သူ့ပန်းတိုင်ရောက်ရန် နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။ မူရင်းဝတ္ထုတွင် ရှောင်မင် သည် လင်းရွှမ် ကို ဖယ်ရှားရန် နည်းလမ်းများ သေချာစီစဉ်ခဲ့သည်။ ရှောင်ရု သည်လည်း သူ့အကျိုးစီးပွားအတွက် သူ့ပြိုင်ဘက် ရှောင်မင် နှင့် ပူးပေါင်းရန် တွန့်ဆုတ်မနေခဲ့ပေ။


မက်မွန်သီးရောင်ဇာ့ခ် 168 သည် ယိလန်တွင် ပေါ်လာပြီး လူဦးရေ တစ်ဘီလီယံရှိသော မိုလန်တွင် ဇာ့ခ်ပုံဆောင်ခဲ များကို ဖြန့်ကျက်ထားဆဲဖြစ်သည်။ရှောင်မင် သည် ဤအရာအားလုံးကို သူကိုယ်တိုင်ပြုလုပ်ရန် လုံလောက်သော စွမ်းအားမရှိပေ။ ဤအဆင့်အောင်မြင်ဖို့အတွက် ရှောင်ရု လည်း ပါဝင်ရမည်ဖြစ်၏။


ရှောင်ကျန်း သည် ရှောင်မိသားစု၏ ညီအကိုသုံးယောက်အနက် အရိုးသားဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ သို့သော် သူသည် သူမကို မျက်စိကျလျက်ရှိနေသည်။


လင်းယောင်ယောင် သည် ရှောင်မင် နှင့် ရှောင်ကျန်း ၏ မက်ဆေ့ချ်များကို လုံးဝမဖြေကြားခဲ့ပေ။ အဆိုပါလူနှစ်ဦးထံမှ စာများအပြင် တရားဝင် Weibo ပလက်ဖောင်းမှလည်း VIP မက်ဆေ့ခ်ျများစွာကို ရရှိခဲ့သည်။


ဝေ့ယွမ်၊ချောင်းမင်ယောင် နှင့် ပဲနီအုန်းနို့ တို့သည် တစ်ဖွဲ့တည်း အတူတူ ပူးပေါင်း၍ တိုက်ပွဲများစွာကစားခဲ့ကြသည်။ ထို့ကြောင့် ပဲနီအုန်းနို့က လင်းယောင်ယောင် ဆိုသည်ကို သိလာကြသည်။ သူတို့က တမင် ဖုံးကွယ်ထားသော်လည်း လူတော်တော်များများ သိကြသည်။ လူတိုင်းကို ဖုံးကွယ်ထားလို့မရချေ။


လင်းယောင်ယောင် ၏ သူငယ်ချင်း ဆက်တင်များသည် သူစိမ်းများကို စကားလာ‌ပြော၍မရရန် ဆက်တင်သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း အခွင့်ထူးခံ လူတန်းစားများစွာသည် အများအားဖြင့် ပိုးပန်းခြင်းနှင့် ဖွင့်ပြောခြင်းတို့ ပြုလုပ်ရန်အတွက် သူမဆီသို့ မက်ဆေ့ချ် ပို့နေကြဆဲဖြစ်သည်။


 လူတစ်ယောက်ချင်းစီမှာ တစ်မျိုးစီတော်ကြသည် ဟူသော ဆိုရိုးစကားကိုပင် ကျော်လွန်၍ လင်းယောင်ယောင် သည် မီးဖိုချောင်နှင့် စစ်မြေပြင်သို့  ဝင်ရောက်နိုင်သူဖြစ်သည်။ သူမသည် ပြီးပြည့်စုံသူဖြစ်သည်။ အပေါ်ယံကြည့်ပါကလည်း သူမသည် single အဖြစ်သာ ရှိသေးသဖြင့် သူမအား ချစ်ကြိုက်သူမှာ များပြားလျက်ရှိသည်။


သို့သော်၊သူမသည် လာပိုးပန်းသူများကို  စိတ်အနှောင့်အယှက်ဖြစ်မိသည်။  လင်းရွှမ် သာ ထိုအကြောင်းကိုသိလျှင် သူမက တမင်သက်သက် ပျားများနှင့် လိပ်ပြာများကို စွဲဆောင်သည်ဟု သူ သေချာပေါက် ပြောလိမ့်မည်။ပြီးလျှင် သူက မနာလိုဘူးဟုဆိုကာ သူမအား အပြစ်ပေးမည်ကို ဘယ်သူမှသိကြမည်မဟုတ်ပေ။


မူလက သူမ၏ Weibo တွင် မက်ဆေ့ချ်များ လာပို့ခြင်းကို ပိတ်ဆို့ချင်သော်လည်း ဤလုပ်ဆောင်ချက်ကို ပိတ်ဆို့ပါက စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ထိခိုက်မှုများကြောင့် အရေးပေါ်အကူအညီလိုအပ်သော အချို့သူများသည် သူမအား ဆက်သွယ်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် သူမသည် သေချာ စဉ်းစားပြီး သူမ၏ Weibo ပရိုဖိုင်တွင် "single" မှ "in love" သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ထိုအခါ လူတိုင်းက သူမအား နောက်ထပ် ချစ်ကြိုက်ကြောင်းလာပြောမှာမဟုတ်တော့ပေ။ 


ထို့နောက် Weibo တွင် သူမကို ဂရုစိုက်သော ပရိသတ်အများအပြားက မကြာမီ ဟင်းပွဲအသစ်များ မိတ်ဆက်မည်လားဟု မေးမြန်းခဲ့သည်။  


"ကျွန်မ ပြန်လာပါပြီ... ကျေးဇူးတင်ပါတယ်…အစားအသောက် သင်ကြားရေး ဗီဒီယိုတွေ မကြာခင် ထွက်လာတော့မှာ ဖြစ်ပါတယ်"


ထို့နောက် ပင်လယ်သားရဲ ကိုးမျိုးစားဖွယ်ဟင်းလျာ ပုံများကို တင်ခဲ့သည်။


လင်းရွှမ် သည် ဟွမ်ဟိုင်ဂြိုလ်ကို သိမ်းပိုက်ခဲ့သဖြင့် ပင်လယ်သားရဲသားများမှာ ရရှိမှုမှာ အလွန်အကျွံမဟုတ်သော်လည်း သိပ်လည်း မနည်းပါးပေ။ ဦးစားပေးသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ အတွက်ဖြစ်ရမည်၊ သို့သော် မည်သည့်အပိုပစ္စည်းမဆို သင့်လျော်သလို ရောင်းချသည်။ ဤပါဝင်ပစ္စည်းများ၊အမျိုးအစားအသစ်များ၏ ဒေတာကို အပ်လုဒ်လုပ်ပြီးနောက် Star Network တွင်လည်း ရောင်းချသည်။


လင်းယောင်ယောင် သည် ဤပုံများကို အကြိုစျေးကွက်ရှာဖွေရေး လှုပ်ရှားမှုတစ်ခုအဖြစ် ပရိုမိုးရှင်းဆင်းဖို့ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။သူမ တင်လိုက်သည်နှင့် လူတိုင်းက ရလဒ်ကောင်းများ တုံ့ပြန်ကြသည်။တစ်ချို့ကလည်း တိရစ္ဆာန်များအပေါ် မကြင်နာသူဟု စွပ်စွဲကာ ကျိန်ဆဲခြင်းမျိုးလည်း ရှိခဲ့သည်။Bad review များလည်း ရခဲ့၏။


လင်းယောင်ယောင် သည် ထိုကောမန့်များကိုမြင်လိုက်ရာ  သူမ Food Blogger ဖြစ်စအချိန်ကို ပြန်ရောက်သွားသလို ခံစားရသည်။ကွာခြားချက်မှာ သူမသည် ယခုဆိုလျှင် ယခင်ကနှင့်မတူဘဲ  မိသားစု၊ သူငယ်ချင်းများနှင့် ချစ်သူထံမှ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည်။ဤကမ္ဘာကြီးမှာ အချစ်နှင့် အစားအသောက်ကသာ သူမကို စိတ်မပျက်စေသည့် အရာများပင်။ ထုံးစံအတိုင်း အချစ်အတွက် ကွက်လပ်တစ်ခုလစ်ဟာနေသလိုဖြစ်ကာ သူမ လင်းရွှမ် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေမိသည်။


ထို့နောက် လင်းယောင်ယောင် သည် Star Network မှထွက်ခဲ့ပြီး 012 အတွက် ညစာသွားကျွေးပြီးနောက် ချစ်စရာကောင်းသော 168 ကို သတိရမိသည်။ လင်းရွှမ် ကသာ 168 နှင့်သူမကို ကို ပြန်လည်ပေါင်းစည်းနိုင်လျှင်....


သို့သော်လည်း Star Network မှ တစ်စုံတစ်ယောက်သည် သူမ၏ Relationship  အခြေအနေ အပြောင်းအလဲကို မတော်တဆ တွေ့ရှိခဲ့ကြောင်း သူမ မသိခဲ့ပေ။ယခုဆို star network တစ်ခွင် ပေါက်ကွဲနေပြီ ဖြစ်သည်။


သူမကို ချစ်နေကြသူများမှာ အတော်စိတ်မကောင်းဖြစ်နေကြလေသည်။  Weibo မှာလည်း "လင်းယောင်ယောင် ရဲ့ လျှို့ဝှက်ချစ်သူက ဘယ်သူလဲ" ဆိုသည့် ရှာဖွေမှုမှာ အလိုလို မြင့်တက်လာခဲ့သည်။


သူမ၏ အရင်းနှီးဆုံးသူငယ်ချင်းများသည် သူမ၏ ချစ်သူအကြောင်းကို  သိထားသော်လည်း အခြားသူများကတော့ ထိုအကြောင်းကို မကြားဖူးပေ။ ထို့အပြင် သူမနှင့် လင်းရွှမ် ကြားက အပြန်အလှန်ဆက်သွယ်မှုအများစုမှာ သီးသန့်ဖြစ်၍ တခြားသူများက ရံဖန်ရံခါ သူမတို့အား တွေ့မြင်ကြလျှင်တောင် မောင်နှမဟုသာ လူတွေက ထင်နေကြသည်။


ထိုကာလအတွင်း လင်းယောင်ယောင် ၏ အတန်းဖော်များက ဆောင်းရာသီအားလပ်ရက်တွင် သူမ ထွက်သွားပြီးနောက် လှပသော အနီရောင်လပန်းပွင့်နားကပ်တစ်ရံကို ၀တ်ဆင်ထားသဖြင့် သူမမှာ ချစ်သူရှိရမည်ဟု ပြောလေသည်။ မနှစ်က စစ်ရေးလေ့ကျင့်မှုမှ ပြန်လာသောအခါတွင်လည်း သူမသည် နားကပ်ကို ၀တ်ထားသော်လည်း ခဏအကြာတွင် ချွတ်လိုက်ကြောင်း အခြားသူများကပါ ထုတ်ပြောလာခဲ့သည်။ထိုအချိန်က လူတိုင်းသည် သူမ၏ အနီရောင် လပန်းပွင့်နားကပ်ကို ပေးပို့ခဲ့သူမှာ ဝေ့ယွမ် သို့မဟုတ် ရှောင်ကျန်း ဖြစ်နိုင်သည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ယခုအချိန်တွင် သူမနှင့် ဝေ့ယွမ် တို့သည် ဝမ်းကွဲများဖြစ်ကြသည်ကို လူအများသိကြသောကြောင့် အားလုံးက အံ့အားသင့်သွားကြသည်။  


တတိယမင်းသားလေး ရှောင်ကျန်း က သူတို့ရဲ့ နတ်ဘုရားမကို တိတ်တဆိတ် ချစ်နေခဲ့သလား...နောက်ဆုံးမှာတော့ သူမဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့ နားကပ်တွေကို ဝတ်ဆင်ပြီး Weibo မှာရှိတဲ့ သူမရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးအခြေအနေကို "in love" အဖြစ် ပြောင်းလဲစေခဲ့တာလား…


 ဤသည်က ဤကိစ္စနှင့်ပတ်သက်ပြီး အများအမြင်ဖြစ်သည်။ရှောင်ကျန်း သည် အလွန်ကောင်းမွန်ပြီး မြင့်မြတ်သော နောက်ခံရှိသော်လည်း လင်းယောင်ယောင် သည် ကောင်းကင်ကိုပင်အံတုနိုင်သည့်  အရည်အချင်းရှိသူဖြစ်သည်။ သူမသည် အလှတရားနှင့် အချက်အပြုတ်ကျွမ်းကျင်မှု နှစ်ခုစလုံးရှိပြီး လင်း နှင့်‌ ဝေ့မိသားစု၏ မင်းသမီးငယ်လေးလည်းဖြစ်သည်။ ရှောင်ကျန်း သည် မင်းသားလေးဖြစ်သော်ငြား လင်းယောင်ယောင် အတွက်ဆိုပါက အနည်းငယ် မထိုက်တန်သလိုမျိုး ဖြစ်ပေသည်။



xxxxxxxx