Chapter 168
အပိုင်း(2)
ညစာစားဖို့ အိမ်ပြန်လာမယ်
နောက်နေ့ ကျောင်းကို လင်းယောင်ယောင် ရောက်လာသောအခါ သူမ အလွန်ပင်စောင့်ကြည့်ခံရသည်။ သူမကို လူတိုင်းက ပျမ်းမျှ အနည်းဆုံး နှစ်ကြိမ် လည်ပြန်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့အဖော်တွေကိုလည်း တိုးတိုးပြောကြသည်။ သို့သော်၊ သူမက သူတို့ကို ကြည့်လိုက်တိုင်းစကားတွေ ရပ်သွားပြီး သူတို့ မျက်လုံးထဲမှာ ထူးဆန်းသည့် ဝမ်းနည်းမှုတွေ ရှိနေကြသည်။
လင်းယောင်ယောင် သည် စစ်ပညာရေးအကယ်ဒမီ၏ ထိပ်တန်းပန်းပွင့်အဖြစ် သတ်မှတ်ခံထားရသောကြောင့် သူမဖြတ်သန်းသွားသည့်အခါ လူအများက သူ့ကို စောင့်ကြည့်နေမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုအကြည့်မျိုးကို ကျင့်သားရနေပြီဖြစ်သော်လည်း ယနေ့တွင်တော့ ထူးထူးခြားခြား ထူးဆန်းနေသည်။
သူမ အမြင်မှားနေတာလား...
သို့သော်လည်း သူမ သိပ်ဂရုမစိုက်ပေ။
မကြာခင်မှာပဲ သူမသည် ပထမနှစ် အစားအသောက်ကုထုံးဌာနကို ရောက်လာပြီး သီအိုရီသင်တန်းအတွက် ပြင်ဆင်ခဲ့၏။ အတန်းမစခင် မိနစ်အနည်းငယ်အလိုမှာ သူမသည် အတန်းဖော်အားလုံးရဲ့ စူးစူးစိုက်စိုက်ကြည့်ခြင်းကို ခံခဲ့ရပြန်သည်။ ထို့နောက် တစ်တန်းလုံး စုပြီး သူမ ထိုင်ခုံဆီသို့ လျှောက်လာရင်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။ထို့နောက် ညာဘက်နားရွက်ပေါ်ရှိ အနီရောင်လပန်းပွင့်နားကပ်ကို စိုက်ကြည့်နေကြလေ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမကျောင်းကို ပထမဆုံးပြန်ရောက်သောအခါ သူမ၏အတန်းဖော်များသည် သူမအား အလွန်စိတ်အားထက်သန်စွာ အာရုံစူးစိုက်၍ စကားလာပြောကြသော်လည်း သူတို့၏အမူအရာမှာ အတင်းအဖျင်း ပြောလိုဟန်၊သို့မဟုတ် စကားပြောရန် ချီတုံချတုံဖြစ်မနေပေ။ယခုမူ လူများက သူမကို ကြည့်နေသောအခါ သူမ ဦးရေပြားမှာ ထုံနေသလိုမျိုး ဖြစ်လာခဲ့သည်။အတန်ကြာမှ လူတိုင်း မူမမှန်ဖြစ်နေရခြင်းအကြောင်းကို သူမ ဖျတ်ခနဲ သတိပြုမိသည်။
"မနေ့က သူမရဲ့ Weibo ပရိုဖိုင်မှာ relationship အခြေအနေပြောင်းထားတာနဲ့များ ဆက်စပ်နေသလား…"
သူမ နောက်ဆုံး စကားစရတော့သည်။
"နင်တို့ မေးစရာတွေရှိရင် မေးလိုက်ပါ"
ကျန်းရို့ သည် အတန်းထဲတွင် လင်းယောင်ယောင် ၏ အကောင်းဆုံး အတန်းဖော် သူငယ်ချင်းဖြစ်သော်လည်း လင်းယောင်ယောင် နှင့် လင်းရွှမ် ၏ အချစ်ရေးအကြောင်း သူမ မသိပေ။ သို့သော်လည်း လပန်းပွင့်နားကပ်ကို ပေးခဲ့သူမှာ ရှောင်ကျန်း မဟုတ်ကြောင်း သူမသိသည်။
ထို့ကြောင့် သူမက "လင်းယောင်ယောင်...နင်ရဲ့ လျှို့ဝှက်ချစ်သူက ဘယ်သူလဲ...နင် လူသိရှင်ကြားထုတ်မပြနိုင်ရင်တောင် ငါ့ကို တိတ်တိတ်လေးပြောပေးလို့ရမလား"
ကျန်းရို့ ကို ချက်ချင်းပင် လူတိုင်း စိုက်ကြည့်နေသည်။ထို့နောက် သူမ၏ သေးသေးကွေးကွေးကိုယ်လုံးလေးကို အားလုံးက ချက်ချင်းပင် ဘေးသို့ တွန်းပို့လိုက်သည်။
"ဘော့စ်ယောင်ယောင်က တစ်ကယ်ပဲ တတိယမင်းသား ရှောင်ကျန်း နဲ့လား"
"ဒါမှမဟုတ် နင် ဒီတစ်ခေါက်လေ့ကျင့်ဖို့ ထွက်သွားရင်း စစ်သည်တစ်ယောက်နဲ့ တွေ့ခဲ့တာလား"
"ယောင်ယောင် လေး...ယောက်ျားလေးတစ်ယောက်ဆီမှာ အလှည့်စားမခံပါနဲ့လား"
လင်းယောင်ယောင်၏ မျက်နှာသည် အလိုမကျ စိတ်ရှုပ်ဟန်များ ပြည့်နေသည်။ ကျောင်းသားများသည် သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို အမှန်တစ်ကယ် ဂရုစိုက်ပုံရသည်။
ဒါပေမယ့် ဒါက ရှောင်ကျန်း နဲ့ ဘာဆိုင်လဲ…
လင်းယောင်ယောင် သည် သူမ၏ အတန်းဖော်များထံမှ ထိုကိစ္စကို သိရှိပြီးနောက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။အခုဆို လူတိုင်းလည်း သိနေကြ၍ ရှောင်ကျန်း လည်း သိပြီးသားဖြစ်နိုင်သည်။ သူ့နားကပ်တွေက သူနှင့်ဘာမှမဆိုင်ဘူးဆိုသည်ကို ဖြေရှင်းသင့်၏။သူမ သူ့ကို အကြောင်းမပြန်ခဲ့သော်လည်း သူမမှာ ချစ်ရသူရှိကြောင်းကို ငြင်းဆိုခဲ့ပြီးဖြစ်သည်။
သူမ၏ "လျှို့ဝှက်ဆန်းကြယ်သောချစ်သူ" အတွက်မူ......
လင်းရွှမ် သည် အရန်ကုထုံးဌာနတစ်ခုလုံး၏ စစ်ရေးလေ့ကျင့်ရေး ဆရာဖြစ်သောအခါက၊ သူမသည် သူ့ကို "အစ်ကို" ဟု ထင်နေသေးသည်။
ရှောင်ကျန်း ဟုခန့်မှန်းကြသည့်အပြင် ဝေ့ယွမ် နှင့် သူမ၏ဆက်ဆံရေးကို မသိသူ တော်တော်များများကလည်း ဝေ့ယွမ်လား သို့မဟုတ် ချောင်းမင်ယောင်လားဟု မေးကြပြန်သည်။တစ်ချို့ လူတွေကလည်း ယဲ့ရှီ၊ ရှောင်ချီ၊ စုချင်းဟယ် သို့မဟုတ် ကျောက်ချင်းယွင် ဟုတောင် မှန်းဆကြသည်။ သူတို့သည် သူမနှင့်အမြဲအတူရှိပြီး သူတို့ကလည်း single ဖြစ်နေကြ၍သာ တောင်ထင်မြောက်ထင် ထင်နေကြခြင်းသာ။
ယဲ့ရှီ က တော်သေးသည်။ စစ်သည်ယဲ့ ဟု လူသိများသော ယဲ့ရှီ သည်မိန်းကလေးများကြားတွင်ရေပန်းစားသူ ဖြစ်သော်လည်း စုချင်းဟယ် အား ဘာကြောင့် ထည့်ထားမှန်း မပြောတတ်ပေ။ဤခေတ်မှာ လိင်မှုခံယူချက်က ပြဿနာမဟုတ်လောက်သော်လည်း ဤကိစ္စက အတော် အဓိပ္ပါယ်မဲ့လွန်းလှသည်။
ထို့နောက် သူမသည် မိန်းမကြီးတစ်ယောက်လို အေးစက်သည့်ပုံစံကို ပြသပြီး "အဟမ်း... ငါ ဒါကို လောလောဆယ် လျှို့ဝှက်ထားမယ်… ဘာပဲဖြစ်ဖြစ် နင်တို့ ခန့်မှန်းချက်တွေထဲက တစ်ခုမှ မဟုတ်ဘူး၊ နောက်မှ သိလိမ့်မယ်"
သူမသည် တမင်လျှို့ဝှက်ထားခြင်းမရှိသော်လည်း လင်းရွှမ် သည် အရှုံးမရှိသော စစ်နတ်ဘုရားဖြစ်သည်။ သူသည် အရှင်သခင် အင်ပါယာတွင် အလွန်ရေပန်းစားပြီး မိန်းကလေးများစွာနှင့် အချို့သော ယောက်ျားလေးများအတွက် အိပ်မက်ဖြစ်သည်။သူမ၏ချစ်သူကသာ လင်းရွှမ် ဖြစ်ကြောင်း ကြေညာပါက၊ လင်းရွှမ် ကို အထင်ကြီးလေးစားသူများ၏ တိုက်ခိုက်ခြင်းကို ချက်ချင်းခံရလိမ့်မည်။
ထို့ကြောင့် သူမ တစ်ယောက်တည်း သည်းမခံနိုင်တော့သဖြင့် မကြေငြာဘဲ နေဖို့ တွေးလိုက်သည်။
ကံကောင်းထောက်မစွာ၊ လင်းယောင်ယောင် သူတို့ကို ပြောပြဖို့ ဆန္ဒမရှိလျှင် သူတို့လည်း အတင်းလိုက်တွယ်ကပ်နေမည် မဟုတ်ပေ။စစ်တပ် မိသားစုမှ မိန်းကလေးတစ်ဦးအနေဖြင့် သူမ၏ ဆက်ဆံရေးအား ကြေငြာချက်တစ်ခု ထုတ်လိုက်ပါက နိုင်ငံရေးကိစ္စများလည်း ကျယ်ပြန့်စွာ ပါဝင်နိုင်သည်။မိသားစု နှစ်ဖက်နောက်ကွယ်ကလည်း နောက်ထပ် ဆက်နွယ်လာနိုင်တာကြောင့် ပေါ့ပေါ့ဆဆ ပြောလို့မရချေ။
သို့သော် သူတို့၏ ယခင်မှန်းဆချက်များမှာ မဟုတ်ကြောင်း လင်းယောင်ယောင် ၏ အဖြေစကားကို ရရှိခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ချစ်သူ၏ အမည်ကို ရုတ်တရက် သိချင်လာကြသည်။ သူမနှင့် အနီးဆုံးလူများဖြစ်သည့် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ စသည်တို့သည်လည်း အတွင်းလူများဖြစ်သည်။ မရေမတွက်နိုင်သောလူများကလည်း သူတို့ကို မေးခွန်းထုတ်နေကြသည်။သို့သော် သူတို့သည် "မသိဘူး" ဟုပြောကြသည်။ သို့မဟုတ်လည်း သူတို့နှင့် သူငယ်ချင်းအရင်းကြီးများက အတင်းမေးလာပါက "သိပေမယ့် မပြောနိုင်ဘူး" ဟု ဖြေကြသည်။
တစ်ဖက်တွင်၊ ရှောင်ချီ ကို သူ့အစ်ကိုဖြစ်သူ ယွင်လီက ဗီဒီယိုကောလ် ခေါ်လာသည်။
"မင်းအရင်က ဒီကောင်မလေးကို စိတ်ဝင်စားတယ်လို့ ငါထင်ခဲ့တာ...ဘာလို့ သူ့မှာ တစ်ယောက်ယောက်ရှိနေတာလဲ...မင်း တစ်ခါမှ သူမကို သွားမပြောဘူးလား"
လင်းယောင်ယောင် ကို ချစ်မြတ်နိုးကြောင်း ပြသရန်အတွက် ရှောင်ချီ သည် သူတို့ မိသားစု၏ ဈေးဝယ်ပလက်ဖောင်းတွင် လင်းယောင်ယောင် အတွက် များစွာကူညီပေးခဲ့သည်။တစ်ချိန်က သူသည် လင်းယောင်ယောင် ၏ ဖြည့်စွက်စာ၏ အရသာနှင့် ကုထုံးအကျိုးသက်ရောက်မှုကိုသာ သဘောကျခဲ့သည်။ နောက်ပိုင်းတွင် သူမကို သိလာသောအခါ သူ သူမကို စွဲမက်လာခဲ့သည်။
သို့သော်၊ ဝေ့ယွမ်က သူ့ကို သတိပေးလိုက်ပြီးကတည်းက သူ့အတွေးတွေကို စွန့်လွှတ်လိုက်၏။ သို့သော် နောက်ပိုင်း အရန်ကုထုံးပြိုင်ပွဲတွင် လင်းယောင်ယောင်ကို အတင်းအဖျင်းပြောခြင်း၊သူပုပ်လေလွင့်ပြောခြင်းများ ခံရသောအခါ သူသည် သူမကို ချစ်နေကြောင်းနှင့်၊သူမဘက်မှ ကာကွယ်ပေးလိုကြောင်းကို အစ်ကိုဖြစ်သူရှေ့တွင် မတော်တဆ ပြောမိခဲ့ခြင်းဖြစ်သည်။
ရှောင်ချီ: "အစ်ကို... ကျွန်တော် သူမကို လိုက်ဖို့ ဘာအရည်အချင်းမှ မရှိတာကို အစ်ကို သိတယ်မလား... မင်းသားတစ်ယောက်ဖြစ်တဲ့ ရှောင်ကျန်းကိုတောင် အဲဒီမိန်းကလေးနဲ့ မထိုက်တန်ဘူးလို့ သူများတွေက ပြောကြတယ်လေ"
ရှောင်ချီ ၏အစ်ကိုအရင်းဖြစ်သော ယွင်လီ သည် သူ့ညီက အရာရာတိုင်းတွင် ကောင်းမွန်သည်ဟု သဘာဝကျကျ ခံစားမိသည်။
"မင်း ငယ်ငယ်ကတည်းက SS အဆင့် စိတ်ဓာတ်ခွန်အား ဖြစ်နေပြီ…ဒီကလေးမရဲ့ ဖြည့်စွက်စာတွေကို ဆက်သောက်နေသရွေ့တော့ မင်းရဲ့ အရင်အဆင့်ကို ပြန်သွားဖို့က ပြဿနာရှိမှာ မဟုတ်ဘူး… လင်းမိသားစုက ရာဇပလ္လင်တိုက်ပွဲမှာ မပါချင်ဘူးဆိုရင် သူမလည်း ရှောင်ကျန်း ကို ရွေးချယ်မှာ မဟုတ်ဘူး…ငါတို့အမေက တော်ဝင်မင်းသမီး... ငါတို့အဖေကလည်း အင်ပါယာမှာ အချမ်းသာဆုံးပဲ... ရှောင်ကျန်း ထက် တစ်ကယ်ကို မင်းက ပိုသင့်တော်ပါတယ်... မင်း ဘယ်လိုလုပ်ပြီး လက်လျှော့ရမှာလဲ!"
ရှောင်ချီ ထီမထင်ဟန် ပြုံးလိုက်သည်။
"သူမ ချစ်သူက ဘယ်သူလဲသိလား"
ယွင်လီ မသိသည်မှာ သဘာဝကျသည်။ သို့သော်လည်း သူသည် တော်ဝင်မြို့တော်၏ အာဏာရှိသူများကို တွေးတောကြည့်ရာ လင်းယောင်ယောင် ၏ မိသားစုနောက်ခံနှင့် အရည်အချင်းများဖြင့် လိုက်ဖက်နိုင်သူမှာ ကျောက်ချင်းယွင် နှင့် ရှောင်ချီ ဖြစ်သည်။ ကျောက်ချင်းယွင် ၏စွမ်းရည်သည် သူ့ညီ၏ မူလစွမ်းရည်ထက် အနည်းငယ်ဆိုးရွားသည်။ တစ်ကယ်တမ်းက ရှောင်ချီ သည် လောလောဆယ် စွမ်းအားများ နည်းပါးနေသော်လည်း သူ၏စစ်မှန်သော စွမ်းအားကို ပြန်လည်ရရှိရန် အချိန်အနည်းငယ်ယူရလိမ့်မည်။
ချောင်းမိသားစုမှ ယောက်ျားလေးနှစ်ယောက်သည် သူမနှင့် လိုက်ဖက်သော်လည်း နှစ်ယောက်စလုံးသည် လင်းယောင်ယောင် ၏ ဆွေမျိုးများဖြစ်၍ ချစ်ကြိုက်နေခြင်း မဖြစ်နိုင်ပေ။ သူ့ညီက ကျောက်ချင်းယွင် ထက် ပိုမဆိုးဟု ထင်မိသလို၊ညီဖြစ်သူ၏ ခံစားချက်ကို ယောင်ဝါးဝါး သတိပြုမိတာကြောင့် သူက နှစ်သိမ့်အားပေးဖို့ လာခဲ့ခြင်းပင်။
"ဒါဆို ကျောက်ချင်းယွင်လား"
အရင်က ရှောင်ချီ လည်း ကျောက်ချင်းယွင် ဟုထင်သဖြင့် ကျောက်ချင်းယွင် ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခိုင်းသေးသည်။ ထို့နောက် ကျောက်ချင်းယွင် ၏ စိတ်ပျက်နေသော မျက်နှာကို သူမြင်လိုက်ရသည်။
ကျောက်ချင်းယွင် သည် "ပဲနီ အုန်းနို့"က လင်းယောင်ယောင် ဖြစ်ကြောင်း သိသောအခါ လင်းပိုနှင့် လင်းယွင်တို့သည် စုံတွဲမက်ခါဖြစ်နေသည်ကို မတော်တဆ သိလိုက်ရသည်။ သူအလေးစားဆုံး နတ်ဘုရား "ရွှမ်" မှာ လင်းရွှမ် ဖြစ်သည်။ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် မွေးချင်းများသာမက ချစ်သူများဖြစ်ကြသည်။ပြိုင်ဘက်က
အစွမ်းထက်လွန်း၍ ယှဉ်ပြိုင်ဖို့ အရည်အချင်းတောင် မရှိတော့ပေ။
တစ်ခါမှ ဝန်မခံဖူးသော လျှို့ဝှက်ချစ်နေသူတစ်ဦးအနေဖြင့်၊ သူသည် အိပ်မက်နတ်သမီးကို ဝန်မခံမီ သေဆုံးသွားခဲ့သော သူ၏ နှလုံးသားဒဏ်ရာမှာ ထပ်ခါတလဲလဲ ဆားနယ်သလို ဖြစ်ခဲ့သည်။ထို့ကြောင့် ရှောင်ချီ ၏မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ကျောက်ချင်းယွင် အလွန်စိတ်ညစ်သွားပြီး စိတ် မထိန်းနိုင်ဘဲ ပြောမိသည်။ "လင်းပို နဲ့ လင်းယွင် က စုံတွဲမက်ခါပဲ"
သူ့ crushကို ဝန်ခံမည့်သူက သူနှင့် လင်းယောင်ယောင်အား အထင်အမြင်လွဲမှားနေ၍ သူ့ဆီ လာမေးခြင်းဖြစ်ကြောင်း ရိပ်စားမိသည်။ထို့ကြောင့်
ကျောက်ချင်းယွင် သည် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ အသည်းကွဲသူမှာ တစ်ဦးတည်း မဟုတ်ကြောင်း ထင်ရှားလာရသည်။
ကျောက်ချင်းယွင် စကားကို ရှောင်ချီ သဘောပေါက်ပြီးနောက် အကြာကြီး တိတ်ဆိတ်သွားခဲ့၏။ သူ့မှာ မျှော်လင့်ချက်မရှိဘူးဆိုတာ သိထားသော်ငြား လင်းယောင်ယောင် က သူနှင့်အဆင့်တူသူ သို့မဟုတ် သူ့ထက် ပိုဆိုးသည့်လူကို တွဲနေပါက သူ ထပ်ကြိုးစားချင်မှာ သေချာသည်။
ဒါပေမယ့် လင်းရွှမ် ဆိုရင်...
လင်းရွှမ် သည် ဧကရာဇ်မြို့တော် ရှိ အရည်အချင်းရှိသော လူငယ်များအားလုံးကို လွှမ်းမိုးနိုင်သည်။
ရှောင်ချီ ဤကိစ္စကို တစ်ခါမှ မတွေးဖူးပေ။လင်းမိသားစုက လင်းယောင်ယောင် ကို မွေးစားခဲ့သည့်အတွက် သူတို့အိမ်နောက်ဖေးမှာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်တွေကို သူတို့မိသားစုကသာ ပြန်စားခြင်းမျိုးဖြစ်နိုင်သည်။
လင်းမိသားစု၏ သားအရင်းဖြစ်သော လင်းရွှမ် သည် ကြယ်တာရာခေတ်တစ်ခုလုံးတွင် အကောင်းဆုံးတိုက်ခိုက်ရေးသမားဖြစ်သည်။ သူတို့၏မွေးစားသမီးသည်လည်း အကောင်းဆုံး အရန်ကုထုံးပညာရှင်လည်းဖြစ်သည်။ထိုကံကြမ္မာမျိုးက ရှားမှရှားဖြစ်သည်။ ပိုဆိုးသည်က သားသမီး နှစ်ယောက်သားမှာ အတူရှိနေကြခြင်းဖြစ်သည်။ လင်းမိသားစုသည် ယခုအခါ ကောင်းကင်ကိုပင် အောင်မြင်နိုင်ပြီဖြစ်သည်။
ရှောင်ချီ ရုတ်တရက် ကျောက်ချင်းယွင် သည် အဘယ်ကြောင့် ဤမျှ စိတ်ပျက်နေကြောင်း သဘောပေါက်သွား၏။ထို့နောက် သူ့ထက်ပို၍ လေးနက်စွာချစ်နေသော ရှောင်ကျန်းကိုလည်း သနားမိသည်။ သူတို့ လင်းရွှမ် ကို ရှုံးခဲ့သလို၊ ဘာမှလည်း ဆက်ပြီးမတတ်နိုင်ခဲ့ကြပေ။
သိုသော် တခြားနည်းနှင့် တွေးကြည့်လိုက်လျှင်... သူတို့မိသားစုမှာလည်း ယခုလို ချစ်စရာကောင်းသည့် မွေးစားသမီးလေးရှိပါက အပြင်လူနှင့် ရစေချင်မှာမဟုတ်ပေ။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ အဖိတ်ခံရပေမည်။
မိသားစုဝင်များ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများမှလွဲ၍ လင်းယောင်ယောင် နှင့် လင်းရွှမ် ၏ဆက်ဆံရေးအကြောင်းကို လူအများမသိကြပေ။ ဤအကြောင်းကို သိသူတွေကလည်း အပြင်ကို ထုတ်ဖော်ဖို့ ဆန္ဒမရှိကြ။ထို့ကြောင့် သူ့အစ်ကို ယွင်လီ ကိုပင် ရှောင်ချီ က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် အစ်ကို့ကို မပြောနိုင်ဘူး... အတိုချုပ်ပြောရရင် သူက ကျွန်တော်နဲ့ လုံးဝကို မယှဉ်နိုင်တဲ့သူပဲ"
အင်ပါယာတစ်ခုလုံးသည် လင်းယောင်ယောင် ၏လျှို့ဝှက်ဆန်းကြယ်သောချစ်သူအကြောင်း တွေးတောနေချိန်တွင် လင်းရွှမ် သည် နောက်ဆုံးတွင် တာဇာကြယ်ပွင့်မဟာမိတ် တွင်အရာအားလုံးကိုစီစဉ်ပြီး ပြန်လာခဲ့သည်။
အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် 3ကောင်သည် SS+ အဆင့်သို့ အားနည်းသွားပြီးနောက်၊ တာဇာ ကြယ်ကွင်းပြင်ရှိ အခြေအနေသည် တည်ငြိမ်လာသည်။ သူ့လူတွေကို တစ်ချိန်လုံး စိုက်ကြည့်ကာ ခိုင်းနေဖို့ မလိုတော့။သို့သော် တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၏ ကျန်ရှိသော တပ်ဖွဲ့များသည် ပြဿနာတစ်စုံတစ်ရာ မရှာစေရန်အတွက် ယခုအကြိမ်တွင် 168 ကို ပြန်မခေါ်ခဲ့ပေ။
ဆူးတပ်ဖွဲ့ ၏ လက်ထောက်တပ်မှူး ဝေ့ဟန့် နှင့် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ လက်ထောက်တပ်မှူး ချန်ပင်း တို့သည် တာဇာကြယ်ကွင်းပြင်တွင် အချိန်အကြာကြီး တပ်စွဲထားမည်ဖြစ်သည်။ လင်းရွှမ် သည်လည်း ညသိမ်းငှက်တပ်ဖွဲ့၏ အထက်တန်း တပ်ဖွဲ့ဝင် တစ်ဝက်ကို ချန်ထားခဲ့သည်။ ထိုအထဲမှာ 168 နှင့် ရင်းနှီးသည့် ဗိုလ်မှူးလီနန်လည်း ပါသည်။ 168 မတော်တဆဖြစ်လာလျှင် လီနန်က သတင်းပို့နိုင်အောင် ဖြစ်သည်။
ကြယ်နှစ်စင်းကြားမှ တည်ငြိမ်သော အာကာသ လွန်းပျံယာဉ်အမှတ်(shuttle point)ကို တည်ဆောက်ရန် တစ်နှစ်ခွဲမှ နှစ်နှစ်ကြာမည်ဖြစ်သည်။ အာကာသအကူးအပြောင်းလုပ်ရမည့် အမှတ်ကို ထူထောင်ပြီးပါက၊ တာဇာ ကြယ်ကွင်းပြင်၏ အခြေအနေသည် လုံးဝပြေလည်သွားသင့်သည်။
အရှင်သခင် အင်ပါယာကို နှစ်ထောင်ပေါင်းများစွာ နှောင့်ယှက်ခဲ့သည့် ဇာ့ခ်အကျပ်အတည်းမှာ မကြာမီကတည်းက တရားဝင် ဖြေရှင်းပြီးသွားပြီဖြစ်ကာ ဇာ့ခ်များသည်လည်း ချုပ်နှောင်ခံထားရသော တိရိစ္ဆာန်များလို ဖြစ်လာကြသည်။
မူလက လင်းရွှမ် သည် လူသားမျိုးနွယ်၏ဘုံရန်သူ ဇာ့ခ်များ မရှိတော့ပါက၊ ယခင်က ရည်မှန်းချက်ကြီးသော Narai ဖက်ဒရေးရှင်းသည် ပြဿနာများ စတင်လာမည်ကို စိုးရိမ်ခဲ့သည်။ သို့သော်လည်း ယခုအခါ လင်းရွှမ် စိတ်မပူတော့ပေ။ ဇာ့ခ်များသည် အရှင်သခင် အင်ပါယာ၏ လက်ထဲတွင်ရှိနေသရွေ့ Narai ဖက်ဒရေးရှင်းသည် ရူးသွပ်စွာပြုမူဝံ့မည်မဟုတ်ပေ။
တာဇာကြယ်ပွင့်နယ်မြေ မှ ပိုမိုအဆင့်မြင့်သော သိပ္ပံနည်းကျ သုတေသနနည်းပညာသည် အရှင်သခင် အင်ပါယာ၏ ခွန်အားနှင့် တိုက်ခိုက်ရေး ထိရောက်မှုကို မြှင့်တင်ရန် အာမခံချက်နောက်ထပ် အလွှာတစ်ခု ဖြစ်လာမည်ဖြစ်သည်။ဤအတိုင်းသာ ဆက်သွားလျှင် အရှင်သခင် အင်ပါယာသည် ကြယ်နှစ်ပွင့်၏ အပြင်းထန်ဆုံး အင်ပါယာဖြစ်လာမှာ သေချာသည်။
သို့သော်လည်း လင်းရွှမ် အလွန်မပျော်ရွှင်ခဲ့ပေ။ဧကရာဇ်မိသားစုသည် အရှင်သခင်အင်ပါယာ၏ ကံကြမ္မာကို ဆက်လက်ထိန်းချုပ်ထားသည်။ အရင်က သူတို့၏ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒတွေကြောင့် လင်းမိသားစုကို ဆန့်ကျင်ဖို့ စတင်ကြံစည်ခဲ့သည်။
ယခုအခါတွင်၊ ဇာ့ခ်နှင့် ပင်လယ်သားရဲအသားများကို အရှင်သခင် အင်ပါယာသို့ စဉ်ဆက်မပြတ် ထောက်ပံ့ပေးခြင်းဖြင့်၊ အထူးချွန်ဆုံး ဉာဏ်ကြီးရှင်များ၏ စိတ်စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက်သည် တစ်ဖန် ပြန်လည်မြင့်တက်လာနိုင်သည်။ အချိန်အတော်ကြာပြီးနောက်၊ SSS အဆင့်တွင် ထူးချွန်သူများ ပိုများလာလိမ့်မည်။
သူ့မှာ 4S အဆင့်ရှိနေသော်လည်း SSS အဆင့်ရှိသူ ပြိုင်ဘက်များစွာကို မတိုက်ခိုက်နိုင်ပေ။ထို့ကြောင့် သူသည် လူတိုင်းကို နှိမ်နှင်းနိုင်စွမ်းရှိနေသည့်အချိန်၌ အားကုန်သုံး၍ ဖိနှိပ်ထားရမည်ဖြစ်သည်။ ၎င်းသည် လင်းမိသားစုအတွက် ရေရှည်တည်ငြိမ်မှုရရှိရန်နှင့် အရှင်သခင် အင်ပါယာကို ပိုမိုကောင်းမွန်သော အသွင်အပြင်အဖြစ်သို့ ပြောင်းလဲနိုင်ရန်ဖြစ်သည်။
ဥပမာအားဖြင့်၊ အရှင်သခင် အင်ပါယာကို ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ဧကရာဇ်မိသားစု တည်ရှိမှုကို ထိန်းသိမ်းထားနိုင်သည်။ သို့သော် နိုင်ငံရေးအာဏာကို လုံးလုံးလျားလျား ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ဤအချက်က အရေးကြီးဆုံးပင်။
ဒုတိယအရေးကြီးဆုံးက သူ ပြန်ရောက်သည်နှင့် သူ၏ ကလေးမလေးကို တရားဝင်စေ့စပ်ထားသူဖြစ်လာအောင် အမြန်ဆုံးပြောင်းလဲပစ်ရမည်။ သူသည် လင်းယောင်ယောင် နှင့် ဝေ့မိသားစုထံ တရားဝင် ခွင့်တောင်းပြီး စေ့စပ်ပွဲကို အမြန်ဆုံး ကျင်းပရမည်ဖြစ်သည်။
လင်းရွှမ် သည် ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်ကို အရှင်သခင် အင်ပါယာသို့ပြန်ပို့ခဲ့ပြီး လက်ရှိအခြေအနေကိုနားလည်ရန် Star Network ကို ပထမဆုံးဖွင့်လှစ်ခဲ့သည်။ ထိုအခါ ဇာ့ခ်များအား အမြစ်ပြတ် သုတ်သင်ပစ်လိုက်သည် ဆိုသော သတင်းများကို တွေ့လိုက်ရသည့်အတွက် အလွန်ကျေနပ်သွားပြီး ရှောင်မင် လိုချင်သော ပန်းတိုင်ကို မရောက်နိုင်တော့သဖြင့်လည်း ဝမ်းသာမိ၏။
နောက်တစ်ခုက လင်းယောင်ယောင်၏ သတင်းကို အာရုံစိုက်ရမှာဖြစ်သည် မကြာမီ "လင်းယောင်ယောင် ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ချစ်သူက ဘယ်သူလဲ" ဆိုသည့် ရှာဖွေမှု နှင့် မှတ်ချက်များတွင် ဖြစ်နိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းများစာရင်းကို တွေ့လိုက်ရချိန်မှာ....
xxxxxx