Chapter 169
ဖန်များ၏ တုံ့ပြန်မှု
သူတို့အသည်းကွဲနေပြီဟု ကြွေးကြော်နေသည့် မှတ်ချက်တွေလည်း အများကြီးရှိသည်။ လင်းယောင်ယောင် ၏ Weibo ပို့စ်အောက်တွင် သူမ ပြန်လာပြီးနောက် ပေးပို့ခဲ့သော ရည်းစားစာ စာရင်းသည် အထပ်မြင့်အဆောက်အအုံတစ်ခုလို အပုံလိုက် စုစည်းထားသည်။
လင်းရွှမ် သည် ချစ်သူကို တွေ့ရဖို့ ပျော်ရွှင်နေချိန်မှာ သူ့မျက်နှာကို ရေခဲရေနှင့် ချက်ချင်းပက်ခံလိုက်ရသလို ခံစားရ၏။သူ့အရင်ကပြောခဲ့သည့် စကားက မမှားပေ။ မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ယောက်သည်...မဟုတ်သေး...လူငါးသန်းကျော်သည် သူ့ ကောင်မလေးကို လုယုဖို့ ကြိုးစားနေသည်။
ဤအခိုက်အတန့်တွင် လင်းယောင်ယောင် သည် သူမက "in love" ဟုကြေငြာခဲ့သည်ကို သူမြင်လိုက်ရသည်။ လွန်ခဲ့သည့် ၂၄ နာရီလောက်က ဖြစ်၏။
လင်းရွှမ် သည် လင်းယောင်ယောင် ၏ ပရိုဖိုင်စာမျက်နှာရှိ "in love" ဆိုသော စကားလုံးနှစ်လုံးကို စိုက်ကြည့်နေပြီး သူ၏ အေးစက်သော မျက်နှာသည် ဖြည်းညှင်းစွာ သက်သာသွားသည်။ ရေခဲတွေ အရည်ပျော်ပြီး နွေဦးရာသီစလာသလို သူ့နှုတ်ခမ်းများသည် ပျော်ရွှင်မှု အရိပ်တစ်ခုအဖြစ် ကွေးညွတ်လာ၏။
'မင်းတို့ကောင်တွေ သူမကိုကြိုက်လည်း အလကားပဲ…သူမက ငါ့အပိုင်ပဲ"
အချိန်အတော်ကြာအောင် တိတ်တဆိတ်စိတ်မချမ်းမသာဖြစ်နေသော သူသည် အချိန်အတော်ကြာမဖွင့်ရသေးသော သူ့ Weibo တွင် အချစ်ရေးအခြေအနေကို "In Love" ဟု ပြောင်းလဲခဲ့သည်။သူ့မှာ ပရိသတ်များစွာရှိသည်။ အရှင်သခင် အင်ပါယာတွင် လူဦးရေ ဘီလီယံ 100 ရှိပြီး သူ့ ပရိသတ်မှာ 50 ဘီလီယံရှိသည်။ကျန်50မှာလည်း ဂြိုလ်များစွာသည် Star Network နှင့် မချိတ်ဆက်နိုင်ခြင်းကြောင့်သာဖြစ်သည်။ Weibo ပလက်ဖောင်းပေါ်တွင် ကိုယ်ရေးကိုယ်တာအကောင့်များကို အဆင့်သတ်မှတ်ရာတွင် သူသည် ပရိသတ်အရေအတွက်များပြားသူ ထိပ်ဆုံးဆယ်ဦးစာရင်းတွင် ပါဝင်ခဲ့သည်။ သူကတော့ နာမည်ကြီးအနုပညာရှင်တွေထက် အနည်းငယ်သာ အဆင့်နိမ့်သည်။
သို့သော်၊ နာမည်ကြီးတွေက နေ့စဥ် ပို့စ်တင်ကြသည်။သူက အလုပ်ရှုပ်နေ၍ တစ်နှစ်မှာ တစ်ခါတောင် မတင်ဖြစ်။ တစ်ခါတစ်ရံတွင် ပို့စ်တင်တတ်သော်လည်း စစ်ဘက်ဆိုင်ရာ ၀ါဒဖြန့်ချိရေး ပို့စ်အနည်းငယ်သာဖြစ်သည်။
နှစ်ပေါင်းများစွာ မွမ်းမံပြင်ဆင်ထားခြင်းမရှိသော သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် သိမ်မွေ့သောပြောင်းလဲမှုများကို လူတိုင်းတွေ့ရှိကြောင်း သေချာစေရန်အတွက် လင်းရွှမ် သည် သန်းရာနှင့်ချီသော ဖော်လိုဝါရှိသည့် လင်းယောင်ယောင် ၏ Weibo အကောင့်ကို မန်းရှင်း လုပ်လိုက်၏။
လင်းရွှမ် :" ဒီနေ့ညနေ ညစာစားဖို့ အိမ်ပြန်လာမယ်... @လင်းယောင်ယောင် ကိုယ်ပြန်လာပြီ…စိုးရိမ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... အစားအသောက် သင်ကြားရေး ဗီဒီယိုတွေကိုလည်း မကြာခင် တင်ပေးပါ့မယ်.... "
အကြောင်းအရာသည် အလွန်လေးနက်ပြီး ပရိသတ်များအား ပေါက်ကွဲစေသည့်အချက်လည်း မရှိပေ။
သို့သော်လည်း ဆယ်နှစ်ကျော်ကြာ စစ်ရေးဝါဒကိုသာ ပိုစ့်တင်ပြီး မိသားစုနှင့် သူငယ်ချင်းများ အပါအဝင် သီးသန့် ကိုယ်ရေးကိုယ်တာကိစ္စကို မပို့စ်တင်တတ်သည့် လင်းရွှမ် အတွက် လွန်စွာ ဆန်းကြယ်လွန်းသည်။
လင်းရွှမ် ၏အမည်သည် လင်းယောင်ယောင် ၏ Weibo မှတ်ချက်ဧရိယာ၏ ထိပ်တွင် ထင်းကနဲ သွားပေါ်၏။ထိုအခါ ဖော်လိုဝါအားလုံး စက္ကန့်အတော်ကြာ နှေးကွေးသွားပြီး...
"အား....စစ်နတ်ဘုရားကြီး"
# လင်းရွှမ် ၏ Weibo #
#လင်းရွှမ် နှင့် လင်းယောင်ယောင်
#လင်းရွှမ် က in love ဖြစ်နေတယ်#
#လင်းရွှမ်ရဲ့ လျှို့ဝှက်ချစ်သူ
နှင့် အခြားသော စာလုံးများကို Weibo တွင် တစ်ခုပြီးတစ်ခု ရှာဖွေမှုမြင့်မားခဲ့သည်။
လင်းရွှမ် ၏အချစ်ရေး အခြေအနေ အပြောင်းအလဲကို သူ့ရိသတ်တွေက အရင်တွေ့ခဲ့ကြသည်။ လူတိုင်းက "in love" ဟူသော စကားလုံးနှစ်လုံးကို ကြည့်လိုက်ကြပြီး အကောင့်ဖွင့်ကတည်းက ပထမဆုံး လင်းရွှမ် နှင့် တုံ့ပြန်ပြောဆိုခဲ့သော လင်းယောင်ယောင်ကို ဆင်ခြင်မိလာ၏။ ထို့နောက် သူတို့သည် လင်းယောင်ယောင် ၏ လျှို့ဝှက်ဆန်းကြယ်သောချစ်သူက ဘယ်သူလဲဆိုသည်ကို ရှာဖွေလိုက်ရာ ရုတ်တရက် အဖြေကို သိလိုက်သည်။
" မောင်နှမအရင်းမဟုတ်တဲ့ မောင်နှမနှစ်ယောက်ဟာ တစ်ချိန်တည်းမှာ in love"လုပ်ခဲ့ကြပြီး Weibo မှာလည်း အပြန်အလှန် ဆက်သွယ်ခဲ့ကြတယ်"
"ဗိုလ်ချူပ်လင်းက တာဇာကြယ်ပွင့်နယ်မြေ ရဲ့ ကိစ္စတွေကို ပြီးအောင်လုပ်ပြီး လူသားကြယ်ပွင့်နယ်မြေကို ပြန်လာဖို့ ပြင်ပြင်ချင်း သူ့ညီမလေးကို စာလှမ်းရေးတယ်ပေါ့..."
"ငါ့ ထင်နေတာတစ်ခုရှိတယ်၊ ဒါပေမယ့် ငါ ပြောသင့်လား၊ မပြောသင့်လား ဆိုတာ မသိဘူး..."
"အပေါ်က တစ်ယောက်ရေ... မင်းထင်ထားတာကလည်း ငါထင်သလိုပဲနေမှာ"
"ငါတို့ရဲ့ ရှုံးပွဲမရှိ စစ်နတ်ဘုရားနဲ့ ဘယ်သူမှ မထိုက်တန်ဘူးလို့ ငါ အမြဲတမ်း ယုံကြည်ခဲ့တယ်..."
"ရှေးတရုတ်အစားအစာတွေနဲ့ အရသာရှိတဲ့ ဇာ့ခ် အသားဟင်းလျာတွေကို ညီမ လင်းယောင်ယောင် က လူကြိုက်များလာဖို့ စွမ်းဆောင်ထားတဲ့အတွက်၊ ဘယ်သူကမှ ငါတို့ နတ်ဘုရားမနဲ့ မထိုက်တန်ဘူးဆိုတာ သေချာတယ်"
"အရင်က ဒီလိုအတွဲမျိုးကို မမျှော်လင့်ထားဘူး… တိုင်းပြည်မှာ ရေပန်းအစားဆုံး နတ်ဘုရားနဲ့ ရေပန်းအစားဆုံး နတ်ဘုရားမ"
"လင်းယောင်ယောင် ဝတ်ထားတဲ့ အနီရောင် လပန်းပွင့်နားကပ်ကို ငါမြင်ဖူးတယ်... အဲ့ဒီ နားကပ်ကို သူမ ချစ်သူ ဖြစ်နိုင်ခြေရှိတဲ့သူစာရင်းက ဘယ်သူကမှ မပို့ခဲ့ဘူးလို့ သူသေချာ ပြောနိုင်တယ်"
"...လူတွေရေ...ဘာတွေတွေးနေတာလဲ... သူတို့က မောင်နှမတွေလေ... သွေးသားချင်း မပတ်သတ်ရင်တောင် တခြားမောင်နှမတွေလိုပဲ အတူတူ ရှိနေခဲ့ကြတာပဲ...ပြီးတော့ စစ်သင်တန်းတက်တုန်းက မြင်ဖူးတာတော့ ဗိုလ်ချုပ်လင်းက ငါတို့ရဲ့ နည်းပြဆရာအဖြစ် နေပေးခဲ့တာ...အဲ့ဒီတုန်းက ဗိုလ်ချုပ်လင်းက ညီမလေး ယောင်ယောင် ကို ဘယ်လောက်အေးစက်ကြမ်းတမ်းပြီး အတင်း လေ့ကျင့်ပေးခဲ့တယ်ဆိုတာကို နင်တို့ သိမှာမဟုတ်ဘူး...သူတို့ကြားမှာ တခြား ဆက်ဆံရေးတွေ မရှိပါဘူး"
"ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ငါလည်း ပြောစရာရှိတယ်…အဲဒီအချိန်က ဗိုလ်ချုပ်လင်းရဲ့အေးစက်မှုက ရည်ရွယ်ချက်ရှိတယ်ဆိုတာ မင်းသတိမထားမိဘူးလား…ယောင်ယောင် ရဲ့ ကိုယ်လုံးကိုယ်ထည်က အရန်ကုထုံးဌာနတစ်ခုလုံးရဲ့ အောက်ခြေမှာ ရှိနေတာလေ... သူမက D အဆင့်လေ...အခုကျတော့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က အခုဆို တိုက်ခိုက်ရေးသမားတွေထက် ပိုအားကောင်းလာပြီ... S အဆင့်အထိ တိုးလာနေပြီလေ"
"ဝိုး...နင်က အရမ်းသိနေပါလား... လင်းမိသားစုရဲ့ ညီအကိုမောင်နှမတွေရဲ့ အချစ်ရေးသမိုင်းကို နင် လေ့လာထားလို့လား"
"နတ်ဘုရားမနဲ့ နတ်ဘုရားက ချစ်နေကြောင်း ကြေငြာလိုက်ပြီ… အဓိကအချက်ကတော့ သူတို့က အရမ်း လိုက်တာပဲ"
"လင်းရွှမ် က ဒီလိုလူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး... ငါ သူ့ကို တစ်ကယ် အထင်လွဲခဲ့တာပဲ... ငါတို့ရဲ့ နတ်ဘုရားမ လင်းယောင်ယောင်က အသက် ဆယ့်ကိုးနှစ်တောင် မပြည့်သေးဘူး...ပြီးတော့ သူ့ညီမလေး ကြီးပြင်းလာတာကိုလည်း သူ ကြည့်နေခဲ့တာကို... ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်နိုင်ရတာလဲ"
"လူတွေ တွေးကြည့်စမ်း… နင်တို့မှာ ဟင်းချက်တတ်ပြီး မင်းနဲ့ သွေးသားမစပ်တဲ့ ညီမလေးတစ်ယောက်ရှိရင် ငြိမ်နေနိုင်မလား...တခြားတစ်ယောက်က ညီမလေးကို လုယက်သွားတာကို နင်တို့ ဒီတိုင်းလက်ပိုက်ကြည့်ချင်သလား"
"ငါသာဆိုလည်း သည်းမခံနိုင်လောက်ဘူး...ငါက မိန်းကလေးစစ်စစ်ဖြစ်ပေမယ့် ငါ့ညီမလေးက လင်းယောင်ယောင်ဆိုရင်လည်း ရှေးခေတ်တုန်းက ခြင်ဆေးခွေလို ကွေးမယ်ထင်တယ်"
"စစ်နတ်ဘုရား လင်းရွှမ် က သူ့ရဲ့ relationshipကို အခုမှ ရုတ်တရက်ကြီး ထပြောင်းတာလဲ...ပြီးတော့ လင်းယောင်ယောင်ကို ဘာလို့ မန်းရှင်းခေါ်ရသလဲ"
"ငါပဲ သူတို့ ဘာညစာကြီး စားမလဲဆိုတာ တွေးမိနေတာလား...ငါ တံတွေးသီးနေပြီ"
"ငါ့နတ်ဘုရားက weiboမှာ ဘာမှမတင်တာ နှစ်ပေါင်းတစ်သောင်းကျော်ပြီ...ဒါပေမယ့် သူက အခု ပြန်ပေါ်လာတာနဲ့ ငါတို့ကို ညှင်းပန်းနှိပ်စက်လိုက်တာပဲ..."
...
လင်းရွှမ် သည် သူ၏ကိုယ်ပိုင် Weibo ပင်မစာမျက်နှာ၊ လင်းယောင်ယောင် ၏ Weibo ပင်မစာမျက်နှာ၊ လူကြိုက်များသော Weibo ပို့စ်များအပြင် အတင်းအဖျင်း သတင်းများအားလုံးကို ကြည့်ရှုခဲ့သည်။ ထိုအရာများအားလုံးသည် သူနှင့် လင်းယောင်ယောင် တို့၏ အကြောင်းများဖြစ်သည်။ ယခုဆိုလျှင် လင်းယောင်ယောင် အား ချစ်ကြိုက်နေကြောင်းကို အကောင့်နာမည်တပ်ထားကြသူ(ဥပမာ၊ယောင်ယောင်ရဲ့ အချစ်လေး ဘာညာ...)များမရှိတော့ပေ။ ပြိုင်ဘက်အားလုံးကို အပြီးအပိုင် ဖြုတ်ချပြီးဖြစ်၍ သူ အလွန်ကျေနပ်နေရသည်။
တစ်ဖက်တွင် လင်းယောင်ယောင် အံအားသင့်နေ၏။သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ကျန်းရို့ နှင့် စုချင်းဟယ် တို့က သူမအား မေးလာသည်ကို လင်းရွှမ် ဖြစ်ကြောင်း မပြောခဲ့ပေ။ထို့အတွက် စိတ်မကောင်းဖြစ်မိသည်။
ဘာမှ မပြောရန် ပြတ်ပြတ်သားသား ငြင်းဆိုထားသော်လည်း သူမ၏ အတန်းဖော်များနှင့် သူငယ်ချင်းများက သူတို့၏ weibo ကို ဖွင့်လိုက်သောအခါ "လင်းရွှမ် & လင်းယောင်ယောင် တို့ ချစ်နေကြပြီ"ဆိုသော သတင်းကို မြင်လိုက်ရသည်။ ထိုသတင်းများသည် အခြေအမြစ်မရှိဟု သူတို့ ယူဆလိုက်သဖြင့် အဆိုပါ မီဒီယာများက ကောလာဟလများကို ဆိုးသွမ်းစွာ ဖြန့်ခြင်းအတွက် ဒေါသထွက်ခဲ့ကြသည်။သို့သော်၊ သူတို့ ကလစ်နှိပ်ပြီး ကြည့်လိုက်ရာ ...ဘာကြီးလဲဟ...
သူတို့လည်း လင်းရွှမ် နှင့် လင်းယောင်ယောင်၏ Weibo ကို ထပ်သွားကြည့်သည့်အခါ အရင်က နားမလည်ခဲ့သော်လည်း အခုနားလည်သွားရ၏။ လင်းယောင်ယောင် သည် အနီရောင် လပန်းပွင့်နားကပ်ကို ပထမဆုံးအကြိမ် ၀တ်ဆင်ခဲ့ချိန်မှာ စစ်ရေးလေ့ကျင့်မှုကနေ ပြန်လာခဲ့၍ အပြန်လမ်း အာကာသယာဉ်ပေါ်မှာ ဖြစ်သည်။လင်းယောင်ယောင် အဘယ်ကြောင့် သူမတို့အား ဘာမှ မပြောလာသည်ကို လူတိုင်း ရုတ်တရက် နားလည်ခဲ့ကြသည်။
သူတို့ နှစ်ဦးသည် ဖြူစင်ရိုးသားသည့် မောင်နှမတွေဟု ထင်ခဲ့သော်ငြား တစ်ကယ်တမ်းက လုံးဝ မသန့်ရှင်းသည့် ချစ်သူဆက်ဆံရေး ဖြစ်နေရလေ၏။ထို့ကြောင့်လည်း လူတွေကို ပြောပြဖို့ လင်းယောင်ယောင် အတွက် နည်းနည်းတော့ ခက်ခဲခြင်းဖြစ်နိုင်သည်။သို့သော်၊ ဗိုလ်ချုပ်လင်း ကမူ တိတ်တိတ်ပုန်း ချစ်သူမဖြစ်ချင်ပုံ ပေါက်နေသည်က သနားစရာပင်။
သူငယ်ချင်းလေးများက လင်းယောင်ယောင် ကို ကြည့်ပြီး သူတို့မျက်လုံးများထဲမှ "ငါ အကုန်သိတယ်" ဟု ပြောနေသလိုမျိုး ထူးထူးခြားခြား အဓိပ္ပါယ်ရှိနေကြ၏။
လင်းယောင်ယောင် သည် သူငယ်ချင်းများ သူမကို ကြည့်နေသဖြင့် တွင်းတူးပြီး ကိုယ့်ဘာသာကိုယ် မြှုပ်ပစ်ချင်စိတ် ပေါက်အောင်ပင် ရှက်သွားသည်။သို့သော်လည်း၊စိတ်ထဲမှာတော့ တည်ငြိမ်ဟန်ဆောင်ပြီး
"နင်တို့သိလည်း အရေးမကြီးဘူး... ငါအရင်က မပြောခဲ့ဘူးဆိုတာက အဓိကကတော့ နင်တို့မယုံမှာစိုးလို့ပါ"
သူမသည် အမှန်အတိုင်းသာ ဖွင့်ပြောခဲ့လျှင် သူမ၏ချစ်သူအစစ်ကို မထုတ်ပြလို၍ အစ်ကိုကြီးဖြစ်သူအား ဒိုင်းတစ်ခုအဖြစ် တမင်တကာအသုံးပြုနေသည်ဟု ထင်သွားမှာစိုးခြင်းဖြစ်သည်။သို့သော်၊ လင်းရွှမ် သည် လိမ္မာပါးနပ်စွာ ပွင့်ပွင့်လင်းလင်း ချပြလာပုံက လုံးဝယုံကြည်မှုရှိနေခြင်းကို ကိုယ်စားပြုတာကြောင့် လူတိုင်းက ထိုကိစ္စကို သံသယရှိမှာ မဟုတ်ပေ။
ထို့ကြောင့် သူမ၏အချစ်လက်တွဲဖော်က လင်းရွှမ် ဆိုသည်ကို မသိသေးသည့် အတန်းဖော်နှင့်သူငယ်ချင်းတွေက ချက်ချင်း ကျေနပ်သွားကြသည်။
"အရင်က ယောင်ယောင်နဲ့ ချစ်သူဖြစ်နိုင်တဲ့ကောင်တွေကို သူများတွေက လျှောက်စာရင်းလုပ်ပြီး ကောလဟလတွေ လျှောက်ဖြန့်ကြတာ...သူတို့က တစ်ယောက်မှလည်း သုံးစားမရဘူး...အခု ပိုင်ရှင်အစစ်က တစ်ကယ်နတ်ဘုရားဖြစ်နေတော့ တော်သေးတာပေါ့"
"ငါဆို ဒီသတင်းကို ပထမဆုံးမြင်ရတုန်းက အရမ်းဒေါသထွက်နေသေးတယ်...အဲဒါက ကောလာဟလလို့ ထင်မိပေမယ့် သေသေချာချာ ပြန်တွေးကြည့်တော့... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ထိုက်တန်တယ်လို့ ခံစားလိုက်ရတယ်"
"သူတို့က လိုက်ဖယ်တယ်ဆိုတာထက် တစ်ကယ့်ကို နတ်ဖက်တဲ့စုံတွဲပါပဲ"
ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့သည် အချိန်အတော်ကြာ သိခဲ့ကြသူများဖြစ်ကာ ရှုပ်ထွေးစွာ ခံစားနေကြသည်။ ဝေ့ယွမ် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ နောက်ဆုံးတော့ ယခုမှ သူနှင့်တွေ့ရသည် ညီမဖြစ်သူကို သူမ၏ မွေးစားအစ်ကိုက ပြန်ပေးဆွဲသွားပြန်သည်။ ပိုစိတ်ပျက်စရာကောင်းတာက လူတိုင်းက သူတို့အတွဲကို လိုက်ဖက်ကြောင်း ပြောကြခြင်းပင်။ လင်းရွှမ် ကို မကြိုက်ကြသူတွေ ရှိနေသေးသော်လည်း လူတွေက သူတို့ကို ပိုကောင်းချီးပေးနေကြ၏။
ချောင်းမင်ယောင်: "ယောင်ယောင်က တစ်ယောက်ယောက်နဲ့ ချစ်နေတာကြာပြီဆိုတာ ငါသိတယ်… ဒါပေမယ့် အခု သူမက လူသိရှင်ကြား ချစ်ခင်ပြနေတော့ ဘာကြောင့်လဲမသိဘူး...ငါလည်း ရုတ်တရတ် ရည်းစားထားပြီး သူများတွေကို ပြချင်လာတယ်ကွာ"
ယဲ့ရှီ: 'ငါလည်း ချောင်းလေးလိုမျိုး ခံစားချက်ဖြစ်နေပါလား...ထူဆန်းလိုက်တာ'
သို့သော် လင်းယောင်ယောင် သည် သူမ၏ သူငယ်ချင်းများ၏ အတွင်းစိတ်ကို ဂရုမစိုက်လိုပေ။ ယခုတော့ သူမ အာရုံစူးစိုက်စရာ တစ်ခုသာကျန်တော့သည်။လင်းရွှမ် ပြန်လာမည်ဆိုသော ကိစ္စပင်။ သူမသည် သူပြန်လာတာကို စောင့်မျှော်နေသော်လည်း ယခုလောက် မြန်လိမ့်မည်ဟု မထင်ထားပေ။ သူမ ပြန်ရောက်သည်က တစ်ပတ်ပဲရှိသေး၍ မိသားစု၊ သူငယ်ချင်းတွေနှင့် အတူအချိန်ဖြုန်းဖြစ်လေသည်။
လင်းရွှမ် က လူသိရှင်ကြား ထုတ်ကြေငြာလိုက်သည်နှင့် ပတ်သက်၍ သူမ ရှက်ရွံ့နေမိသော်လည်း ရင်ထဲက အတော်လေး ချိုမြိန်ပြီး ပျော်ရွှင်နေမိသည်။ သူမက လင်းရွှမ် နှင့် မထိုက်တန်ဘူးဟု ဘယ်သူကမှ မပြောကြဘဲ အများစုက အကောင်းမြင်ပြီး သူမတို့ကို ကောင်းချီးပေးခဲ့ကြသည်။သူမတို့ အတွဲ၏ ပရိသတ်များကလည်း တိုးလာကာ ပို၍ ချစ်ခင်စွာနေဖို့ကိုပင် တောင်းဆိုနေကြတော့သည်။သူမလည်း ယခုမှ အရှက်ပြေသွားရတော့သည်။
ကံကောင်းထောက်မစွာ၊ စစ်သင်တန်းအစတွင် လင်းမိသားစု၏မွေးစားသမီးအဖြစ်မကျေနပ်နိုင်၍ မစ္စလင်းရာထူးရယူရန် လင်းရွှမ်အား သွေးဆောင်ခဲ့ကြောင်း ပြောခဲ့သော ဝူလီလီ လို ယခု သူမအား မည်သူကမှ မပြောကြပေ။ဤသည်ကလည်း လပိုင်းအတွင်းမှာ သူမသည် လင်းရွှမ် နှင့် သိပ်မကွာခြားသည့် ခွန်အား အဆင့်အထိ ရောက်အောင် လုပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့် လူအများအမြင်မှာ သူမသည် လင်းရွှမ် ကို ချစ်ခင်သောကြောင့်သာ သူမနှင့် အတူရှိရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လိုက်ဖက်ကြောင်း ထင်မြင်လာခြင်းဖြစ်နိုင်၏။
သူမသည် လင်းရွှမ် ၏ "ဒီည ညစာစားဖို့ အိမ်ပြန်လာမယ်" ဆိုသော စာကြောင်းလေးအား ကြည့်ရင်း သူ့ရင်ထဲအထိကို ဖောက်ထွင်းမြင်နေရသလိုဖြစ်သွားသည်။
"ကောင်းပြီ...ဘာစားချင်လဲ @လင်းရွှမ်"
တစ်ကယ်တော့ သူမသည် လင်းရွှမ် ၏ အဖြေကို ခန့်မှန်းနိုင်ပြီဖြစ်သည်။
သူမ၏ ကောမန့် reply ကို ရရှိပြီးနောက် လင်းရွှမ် က
"မင်းချက်ထားသမျှ အကုန်စားချင်တယ်... @လင်းယောင်ယောင်"
တစ်ခဏချင်းမှာပဲ သူတို့နှစ်ယောက်၏ Weibo မှာ ကောမန့်ပေါင်း သန်းရာနှင့်ချီဖြစ်သွားတော့သည်။ အားလုံးက ဝမ်းနည်းနေသော သူမတို့အား ထပ်မနှိပ်စက်ကြဖို့ ပြောနေသူများရှိသလို၊ တစ်ချို့ကလည်း ကြည်နူးပီတိဖြစ်နေကြလေသည်။
သို့သော်၊ သူတို့နှစ်ယောက်က ပရိသတ်တွေ၏ အဖြေကို ဂရုမစိုက်ကြတော့ဘဲ သီးသန့်ချက်ဖြင့် ပြောင်း၍ ပြောဆိုကြသည်။
အထက်ပါစာကြောင်းကို Weibo တွင် လင်းရွှမ် က တင်ပြီးနောက်တွင်၊ သူက လင်းယောင်ယောင် အား သီးသန့်ပြောလေသည်။
"ကိုယ်က မင်းကို စားချင်နေတာ"
လင်းယောင်ယောင်: "..."
လင်းရွှမ်- "တစ်နေ့ကို အဲ့ဒီကိစ္စပဲ အကြိမ်ပေါင်းများစွာ စဉ်းစားနေမိတယ်!"
လင်းယောင်ယောင် : "အရမ်း မိုက်ရိုင်းတယ်...အဲ့လိုဆက်ပြောရင် ဟင်းချက်မှာ မဟုတ်ဘူးနော်"
လင်းရွှမ်: "ဒါဆိုလည်း စားပြီးမှ ဆက်ပြောတော့မယ်"
သူ့လို အရှက်ကင်းမဲ့သည့် ဆရာကြီး လင်းရွှမ် ကို ကျင့်သားရနေပြီဖြစ်၍ သူမသည် သူက နည်းနည်းလေး ချစ်စရာကောင်းသည်ဟု ခံစားမိနေသည်။
"အင်း...ရပါတယ်...တစ်ကယ်က ပြောပဲ ပြောလို့ရတာလေ...ထိခွင့်မရှိဘူး"
လင်းရွှမ် သည် ထိုအကြောင်းကို စဉ်းစားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့လက်ထပ်ချိန်အထိ သို့မဟုတ် အနည်းဆုံး စေ့စပ်ကြောင်းလမ်းပြီးနောက်မှသာ ထိုသို့ ပထမဆုံးသော အတွင်းကျကျ ဆက်ဆံရေးတစ်မျိုး ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။သူမကို လူချင်း မတွေ့ရသော်လည်း သူမသည် ချစ်စရာ ကောင်းသည့် အကြည့်ဖြင့် ဤစာကြောင်းကို ပေးပို့သည်ဟု သူ စိတ်ကူးကြည့်နိုင်သည်။
"အိုကေ...စောင့်ကြည့်လိုက်ပါဦး"
လင်းယောင်ယောင် သူမ၏ ယခင်စကားများကို ရုတ်တရက် နောင်တရသွားသည်။
'... ဒီညတော့ ငါတော့ သေပြီပဲ"
လင်းရွှမ် သည် သူမကို လုံးဝမစားရန် ကြံ့ကြံ့ခံ အားတင်းထားသော်လည်း သူမ၏ ခေါင်းမှ ခြေဖျားထိ မြည်းစမ်းကြည့်မည် ဖြစ်သည်။ သူမသည် ယခု S-အဆင့် ကိုယ်လုံးကိုယ်ပေါက် ဖြစ်နေပေသည်၊ သို့သော် လင်းရွှမ် ၏ လက်ရှိ ကိုယ်လုံးကိုယ်ပေါက်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ဟု ဆိုနိုင်သော SSS အဆင့်ဖြစ်သည်။သူမ အနည်းငယ် ဝမ်းနည်းသွားသည်။
မောင်နှမများ ပြန်လည်ဆုံဆည်းပြီးနောက်၊ ချိုမြိန်သောညစာနှင့် ညဘက်တွင် ချိုမြိန်သော ညှဉ်းဆဲခြင်းကို အသေးစိတ် မပြောပြတော့ပေ။
နောက်တစ်နေ့တွင် လင်းရွှမ် သည် စစ်ဌာနချုပ်သို့ သတင်းပို့ပြီး အလုပ်များလာပြန်သည်။
တာဇာကြယ်ပွင့်နယ်မြေ၏ အခြေအနေကိုအသေးစိတ်အစီရင်ခံခြင်း၊ တာဇာကြယ်ပွင့်နယ်မြေမှ ရရှိသော အရင်းအမြစ်များကို ဆွေးနွေးခြင်းနှင့် အင်ပါယာကို ဖြန့်ဝေခြင်းအပြင်၊ အရေးအကြီးဆုံးအရာမှာ လင်းရွှမ် ၏ လုပ်ဆောင်မှုများအတွက် ဆုချရခြင်းတို့ ဖြစ်သည်။
လင်းရွှမ် သည် ယခင်နယ်စပ်ရှိ ဇာ့ခ်များအားတိုက်ခဲ့သော တိုက်ပွဲများနှင့်အတူ၊ ယခုတစ်ကြိမ်တွင် သူသည် ရန်သူစခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး တာဇာ ကြယ်ပွင့်တပ်ပေါင်းစုကို အနိုင်ယူခဲ့သည်။ဇာ့ခ်များကို လုံးလုံးလျားလျား နိုင်စေပြီး မရေမတွက်နိုင်သော အဖိုးတန် အရင်းအမြစ်များကိုပင် ပြန်လည်ယူဆောင်လာခဲ့သည်။ထို့ကြောင့် ဆုချခြင်းနှင့်ထိုက်တန်ပေသည်။
လင်းကျန့်ဟိုင် သည် စစ်ဗိုလ်ချုပ်ရာထူးမှာ ရှိနေဆဲဖြစ်၍ သူ မည်မျှပင် သြဇာကြီးပါစေ၊ မိသားစုတစ်စုမှာ စစ်ဗိုလ်နှစ်ယောက်ရှိဖို့ဆိုတာ မဖြစ်နိုင်ချေ။လင်းရွှမ် ၏ဖခင် လင်းထျန်းယွဲ့ သည် ကြယ်လေးပွင့်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် တပ်မှူးများထဲတွင် ကြယ်ပွင့်အဆင့်အမြင့်ဆုံးဖြစ်သည်။ ဝေ့လင်း မပျောက်သွားခင်မှာ သူက ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ယောက်သာ ဖြစ်သည်။
ဆွေးနွေးမှုများစွာ ပြုလုပ်ပြီးနောက် စစ်ဌာနချုပ်သည် လင်းရွှမ် ကို ကြယ်တစ်ပွင့်ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ နောင်တွင်လည်း လုံလောက်သော အရည်အချင်းများကို ထိန်းထားနိုင်လျှင် သူ၏ရာထူးအဆင့်သည် တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ လင်းရွှမ် ၏ 4S စိတ်စွမ်းအားနှင့် SSS ရုပ်ပိုင်းဆိုင်ရာ ကိုယ်လုံးကိုယ်ပေါက်များ ရှိသူအနေဖြင့် ကြယ်တစ်ပွင့် ဗိုလ်ချုပ်တစ်ယောက်ဆိုသည့်ရာထူးက သူ့အတွက် စော်ကားမှုတစ်ခုဟု မှတ်ယူရမည်ဖြစ်သည်။သို့သော် သူ ရာထူးကြီးလာလေလေ ပလ္လင်လုချင်နေကြသူများက မျက်ခုံးလှုပ်နေကြမည်ဖြစ်လေသည်။
xxxxxx