အခန်း၁၇၀
Viewers 12k

Chapter 170

(ဆုပေးပွဲအခမ်းအနား)



လင်းရွှမ် ကလည်း ထိုကိစ္စကို မကန့်ကွက်ပေ။ ဗိုလ်ချုပ်ရာထူးကို ရရှိထားသော်လည်း ဤမျှများပြားသော လုပ်ဆောင်ချက်များကို သူ့လက်ထဲတွင် ကိုင်ထားနိုင်ပြီး စစ်ဘက်ရေးရာတွင် အကောင်းဆုံးအရည်အချင်းရှိသည့် အထက်လူကြီးများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် သူ့တွင် လုံလောက်သော အရည်အချင်းများ ရှိနေပြီဖြစ်သည်။ သူသည် တော်ဝင်မိသားစုနှင့် နိုင်ငံရေးအာဏာကိုပင် စွက်ဖက်နိုင်ပြီး သူ၏ထင်မြင်ချက်ကို တင်ပြခဲ့သည်- အရှင်သခင်အင်ပါယာ၏ အကြွင်းမဲ့ ဘုရင်စနစ်ကို စည်းမျဉ်းခံဘုရင်စနစ်သို့ ပြုပြင်ပြောင်းလဲရန်။


 ဤကိစ္စနှင့် ပတ်သက်၍ စစ်ဌာနချုပ်မှ လူကြီးများ အားလုံးက သူ့ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။ ညီလာခံခန်းမရှိ စစ်ဌာနချုပ်သည် လုံးဝတိတ်ဆိတ်သွားသည်။ကြယ်လေးပွင့်တပ်မှူးကြီး လင်းကျန့်ဟိုင် လည်း အပါအဝင်ဖြစ်သည်။ သူ့မြေးဆီက ဤမျှ ရဲရင့်သည့် အကြံအစည်ကို သူ ပထမဆုံးကြားရခြင်းပင်။


 သို့သော်လည်း လင်းရွှမ် သည် တော်ဝင်မိသားစုအား မရိုမသေပြမူခြင်းအတွက် မည်သူမျှ ပြစ်တင်ရှုတ်ချခြင်းမရှိပေ။ သို့သော်၊စစ်တပ်မှာ သစ္စာရှိသည့် ဧကရာဇ်ကိုထောက်ခံသမားများ မရှိခြင်းတော့ မဟုတ်။ အရပ်ဖက်အင်အားစုများသည်  ဧကရာဇ်မိသားစုအပေါ် လုံးဝသစ္စာစောင့်သိကြသော်လည်း ဧကရာဇ်မိသားစုကို 100% ယုံကြည်မည်မဟုတ်ပေ။ အပြန်အလှန် မှီခိုပြီး အပြန်အလှန် ကာကွယ်ကြသည့် ဆက်ဆံရေးတစ်ခုဖြစ်သည်။


သူရဲကောင်းတပ်ဖွဲ့၏ စစ်ဗိုလ်ချုပ် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်ချင်း သည်ပင် လင်းရွှမ် ကို လေးလေးနက်နက် အသံဖြင့် မေးသည်။


 "မင်း ဒီတောင်းဆိုချက်ကို ဧကရာဇ်မိသားစုဝင်‌တွေ သဘောတူအောင် လုပ်ဖို့ ဘာလို့မကြိုးစားသလဲ"


လင်းရွှမ် သည် မပြင်ဆင်ရသေးသော တိုက်ပွဲများကို တိုက်ခိုက်မည်မဟုတ်။သူ့တွင် တာဇာကြယ်ပွင့်နယ်မြေမှ နောက်ဆုံးပေါ်သိပ္ပံနည်းကျ သုတေသနနည်းပညာ နှင့် အရှင်သခင်အင်ပါယာ၏ ထိပ်တန်း တပ်ဖွဲ့ဝင်များ ရှိသောကြောင့် ဒုတိယမင်းသား ရှောင်မင် သည် တာဇာဧကရာဇ်နှင့် မည်သို့ပူးပေါင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့သည်။


ရှောင်မင်သည် တာဇာကြယ်ပွင့်နယ်မြေ ဘက်မှ ဧကရာဇ်မြို့တော်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သူသည် ယိလန် နှင့် မိုလန် ကို တိုက်စေရန်  အကြီးဆုံးမင်းသား ရှောင်ရု နှင့်လည်း ပူးပေါင်းကာ SSS အဆင့် ဇာ့ခ်ဘုရင်မ ကို ဒီဇိုင်းဆွဲခဲ့သည်။ ယိလန် နှင့် မိုလန်၏ လူတစ်ဘီလီယံကျော်၏ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝဂရုမစိုက်ကြောင်း ရာဇ၀တ်မှုဆိုင်ရာအထောက်အထားအမျိုးမျိုးကိုပင်ဖော်ပြထားသည်။


မင်းသားတစ်ယောက်အနေနှင့် အာဏာရဖို့ တိုက်ပွဲဝင်လေ့ရှိကြသည်။ သို့သော် သူတို့၏စိတ်နှလုံးသည် အလွန်ရက်စက်ပြီး ညစ်ညမ်းနေပါက၊ဧကရာဇ် မဖြစ်ထိုက်ပေ။ 


လက်ရှိဧကရာဇ်သည် တာဇာကြယ်ပွင့်နယ်မြေ မှစေလွှတ်ထားသည့် မေလင်းကိုလည်း ရူးမိုက်စွာ ဧကရီ ဖြစ်လာစေသည်။ ဧကရာဇ်မင်း၏ ခန္ဓာကိုယ်သည် ဘာမှမလုပ်နိုင်တော့သော်လည်း သူ့နှုတ်ကနေလည်း ခိုင်းစေခြင်းမပြုတတ်ပေ။ ခန္ဓာကိုယ်က လှုပ်ရှား၍ အဆင်မပြေဖြစ်ပြီး တခြားကြီးကြီးမားမား ချို့ယွင်းချက် မရှိသော်လည်း နိုင်ငံရေးကို မခန့်ခွဲတတ်ပေ။လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံသုတေသနနှင့် နည်းပညာတို့သည် ရပ်တန့်သွားခဲ့သည်။ Narai ဖက်ဒရေးရှင်းကို ကျော်တက်ဖို့တောင် မဖြစ်နိုင်တော့‌ေပ။ 


Narai ဖက်ဒရေးရှင်းနှင့် မဟူရာကြယ်ပွင့်မဟာမိတ် နှစ်ခုလုံးသည် အရှင်သခင် အင်ပါယာကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။ အကယ်၍ အရှင်သခင် အင်ပါယာအတွက် အကြီးမားဆုံးအကျိုးအမြတ်ကို ရရှိစေခဲ့သော တာဇာကြယ်ပွင့်မဟာမိတ် ကိုသာ စတင်မတိုက်ခိုက်ခဲ့ပါက၊ အင်ပါယာကို Narai ဖက်ဒရေးရှင်းနှင့်မဟူရာကြယ်ပွင့်မဟာမိတ် တို့က လာရောက်ထိပါးလာနိုင်ပေသည်။


ဤအရာများ အားလုံးသည် ဧကရာဇ်မိသားစုဝင်များက အာဏာရဖို့ တိုက်ပွဲဝင်ပြီး လိုချင်တပ်မက်မှုတွေကြောင့်တာဝန်များ လစ်ဟင်းသွားရခြင်းပင်။စစ်တပ်ကသာ သူတို့ကို လစ်လျူရှုပြီး  အရှင်သခင်အင်ပါယာ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အလွန်ကြိုးစားခဲ့ရသည်။


လင်းရွှမ် ၏ စကားများသည် ပြင်းထန်ပြီး တော်ဝင်မိသားစုအချို့ကို အရှက်ရစေခဲ့သည်က မှန်ပေသည်။  နောက်ဆုံးတွင်၊ အဘိုးကြီးတစ်ဦးသည် လင်းရွှမ် ကို ပြစ်တင်ရှုတ်ချလာတော့သည်။


 "ဒါတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး...ကြယ်တစ်ပွင့် ဗိုလ်ချုပ်တစ်ယောက်အဖြစ် ရာထူးတိုးခံရတာ အရမ်းကောင်းတယ်လို့ မထင်လိုက်နဲ့"


လင်းရွှမ် သည် စကားပြန်မပြောဘဲ 4S အဆင့် စိတ်စွမ်းအားကို တိုက်ရိုက်အသုံးပြုကာ ထိုသူ့ကို ပြန်ခြောက်လှန့်ခဲ့သည်။  


"ခင်ဗျား အသက် 400 နီးပါးနေပြီးမှ ဒုတိယဗိုလ်ချုပ်ရာထူးကို တိုးမြှင့်ခံခဲ့ရတာမလား...ခင်ဗျားရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုံစွာနဲ့ ဆက်လက်ဖြတ်သန်းဖို့ မျှော်လင့်တယ်...နားလည်နိုင်ပေမယ့် ဒါကိုကျွန်တော် ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး...အရှင်သခင် အင်ပါယာကသာ  ဒီအတိုင်း ဘာမှမလုပ်ပဲဆက်ရှိနေရင်၊ ဒုတိယ တာဇာ ကြယ်ကွင်းပြင်ဟာ တစ်နေ့နေ့မှာ မပေါ်လာဘူးလို့ ဘယ်သူသိနိုင်မလဲ"


စကြာဝဠာကြီးက အတော်ကြီးသည်။  လူများစွာ နေထိုင်နိုင်သော်လည်း လုံးဝငြိမ်သက်အေးချမ်းမှု မရှိခဲ့ပေ။ အင်အားကြီးသူက သယံဇာတတွေကို ပိုသိမ်းချင်နေကြသည်။ ပိုမိုကောင်းမွန်သော ရှေ့သို့ဆက်လှမ်းနိုင်ရန် ပုပ်ပွနေသော အရာအားလုံးကို စွန့်ပစ်ရမည်ဖြစ်သည်။


 အသက်သုံးဆယ်ကျော်အရွယ် လူငယ်လေး လင်းရွှမ် သည် အမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်နေကြောင်း အထက်လူကြီးများလည်း သိကြပေမည်။ 


လင်းရွှမ် အဆိုပြုသော ပြုပြင်ပြောင်းလဲရေးနည်းလမ်းသည် အတော်ကောင်းနေပြီဖြစ်သည်။သို့သော်၊သူတို့သည် ဧကရာဇ်မိသားစု၏ ကျေးဇူးခံကျေးဇူးစားများဖြစ်ကြ၍ လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်ကြပေ။ 


တာဇာကြယ်ပွင့်ကွင်းပြင်သည် အလွန်ကြီးမားသော်လည်း လင်းရွှမ် သည် ညသိမ်းငှက်တပ်ဖွဲ့ ၏ ထိပ်တန်းယူနစ်မှ တပ်ဖွဲ့သား 10,000 ဖြင့်သာ တိုက်ပွဲကို အနိုင်ယူနိုင်ခဲ့သည်။ ယခုဆို လင်းနှင့် ဝေ့တို့ မိသားစုနှစ်စုသည် မဟာမိတ်ဖွဲ့လိုက်ကြပြီး သူတို့နောက်တွင် မရေမတွက်နိုင်သော ဇာ့ခ်စစ်တပ်များလည်း ရှိနေသည်။ယခု လင်းရွှမ် က သူတို့ကို ဆန့်ကျင်ပြီး သူ့ကိုယ်သူ ဧကရာဇ်မင်းအဖြစ် ကြေငြာသွားလျှင်တောင် ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။ အရှင်သခင် အင်ပါယာတွင် သူ၏ ကြီးကျယ်သော ဂုဏ်ဒြပ်ကြောင့် လူအများကလည်း သူ့ကို နှစ်သက်ကြလိမ့်မည်။


 စစ်ဘက်ဌာနရှိ လူအများအပြားက လင်းရွှမ်၏ အဆိုပြုချက်ကို သဘောတူခဲ့ကြသည်။ သဘောထားကွဲလွဲသူ အနည်းစုသာ ရှိသော်လည်း သတင်းများပြန့်ခြင်းနှင့် ဆူဆူပူပူ မဖြစ်အောင် သူတို့အား စစ်တပ်က ယာယီ ထိန်းချုပ်ထားသည်။


အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်ကို စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ထို့ကြောင့် မည်သို့ အကောင်အထည်ဖော်ပြီး ဧကရာဇ်မိသားစုဝင်များအား နာခံစေမလဲဆိုသည်ကို ဆန်းစစ်ရန် အထက်အဆင့် စစ်ဘက်ဌာနက သေချာစီစဉ်ဖို့ လိုသေးသည်။ ပထမဆုံးအနေဖြင့် သစ္စာဖောက်ကာ ရန်သူနှင့် ပူးပေါင်းသူ ရှောင်မင် ကို အပြစ်ပေးအရေးယူရမှာဖြစ်သလို အလွန်အပြစ်ကြီးသည့် အစ်ကိုဖြစ်သူ ရှောင်ရု ကိုလည်း လွှတ်ထား၍မရပေ။


 လောလောဆယ်တော့ တရားဝင်လုပ်ငန်းက ပြီးသွားပြီဖြစ်သည်။ ကြယ်တစ်ပွင့် ဗိုလ်ချုပ်ဖြစ်လာသော လင်းရွှမ် သည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးသွားသည်။


အချိန်က ဧပြီလကုန်ကို ရောက်လာရပြီဖြစ်ကာ အဘိုးဝေ့၏ မွေးနေ့က တစ်ပတ် လိုသေးသည်။ထိုအချိန်တွင် ဝေ့မိသားစုမှ ဝေ့လင်း သည် ဆူးတပ်ဖွဲ့ကို ပြန်လည်သိမ်းယူမည်ဖြစ်၍ လင်းယောင်ယောင် သည် သူမ၏ ဘိုးဘေးများကို အသိအမှတ်ပြုပြီး ဝေ့မျိုးနွယ်သို့ ပြန်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။


သို့သော်လည်း လင်းရွှမ်ကမူ လက်ထပ်ခွင့်တောင်းပြီး စေ့စပ်ကြောင်းလမ်းမှုကို သေချာစေခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု တွေးထားခဲ့သည်။  အချိန်တန်သောအခါ၊ လင်း နှင့် ဝေ့မိသားစုသည် လက်ထပ်တော့မည်ဖြစ်ကြောင်း ထပ်မံကြေငြာလိုက်၍ရသည်။


လင်းယောင်ယောင် က ခေါင်းညိတ်ပြီး သူ့ကိုလက်ထပ်ဖို့ သဘောတူသရွေ့ ဝေ့မိသားစုကလည်း ငြင်းဆိုဖို့ မဖြစ်နိုင်ပေ။ထို့ကြောင့်၊ ဗိုလ်ချုပ်လင်းသည် လင်းယောင်ယောင် မငြင်းနိုင်သော လက်ထပ်ခွင့်တောင်းခြင်းမျိုးကို သေချာဂရုစိုက်စီစဉ်ဖို့ တွေးမိလေသည်။


သူ့ရုံးခန်းထဲမှာ လင်းရွှမ် သည် လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေသည်။ထိုစဉ်၊ချန်ပင်းက လင်းရွှမ် တွေးငေးနေ၍ တံခါးကို နှစ်ကြိမ်ခေါက်ပြီး စိတ်မရှည်စွာ ဝင်လာသည်။ 


လင်းရွှမ် သည် ချန်ပင်း ၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသောကြောင့် အရေးကြီးသော စစ်ရေးကိစ္စများ မဟုတ်ကြောင်းကို သိလိုက်သည်။

 အမှန်တော့၊ ချန်ပင်း ကလည်း သူ၏ ဘော့စ်ဖြစ်သူမှာဘာကြောင့် ဝမ်းနည်းနေရသည်ကို ရိပ်မိလေသည်။ 


 "ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိတယ်...အောင်မြင်ရင် လောဝမ်ဟွေ့ နဲ့ ကျွန်တော့်ကို တစ်လလောက် အနားယူခွင်းပေးပြီး ကျေးဇူးဆပ်နိုင်တယ်"


လင်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။  


"ဘာအကြံလဲ"


ချန်ပင်း ၏ အကြံအစည်များသည် မကောင်းသော အကြံအစည်များသာဖြစ်သည်ဟု သူ အမြဲခံစားမိသည်။ အစပိုင်းတွင် လင်းယောင်ယောင် နှင့် ဝေ့ယွမ် တို့သည် ဝမ်းကွဲများဖြစ်ကြသည်ကို သူ မသိခင်က မနာလိုစိတ်ဖြင့် ရူးနေခဲ့ရ၏။ လင်းယောင်ယောင် နှင့် သူ၏ မောင်နှမဆက်ဆံရေးကြောင့် သူ့အချစ်ကို အောင့်ထားရန် ရည်ရွယ်ခဲ့သည်။ သို့သော် ချန်ပင်း က သူမသဘောတူသည်အထိ နမ်းရန် အကြံပြုခဲ့သည်။ ထိုအချိန်က သူ့ဘဝတွင် ပထမဆုံးအကြိမ် အသည်းကွဲသွားသည့် ခံစားချက်ကြောင့် အရက်များစွာ သောက်ခဲ့သည်။ သူ သိပ်မမူးသော်လည်း သူမကို အတင်းနမ်းပစ်ခဲ့သည်။


ထိုအဖြစ်က အဆိုးဆုံးနှင့် အမိုက်မဲဆုံး ဝန်ခံမှုပင်ဖြစ်သည်။ နောက်ပိုင်းတွင် လင်းယောင်ယောင် သည် သူနှင့် အချိန်အတော်ကြာ စစ်အေးတိုက်ခဲ့ပြီး သူ့ကို ဒဏ်ခတ်သည့် သဘောအဖြစ် မခေါ်မပြောဘဲ နေခဲ့သည်။


 ဖြစ်စဉ်မှာ အနည်းငယ် ကြမ်းတမ်းသော်လည်း အဆုံးတွင် သူသည် လင်းယောင်ယောင်ကို လိုက်နိုင်ခဲ့သည်။ယခုတော့ သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ချစ်ခင်နေကြပြီ ဖြစ်သည်။သူကိုယ်တိုင်က လက်ထပ်ရန် မစောင့်နိုင်သော်လည်း လင်းယောင်ယောင် စိတ်မသက်မသာဖြစ်စေမည့် မည်သည့်နည်းလမ်းကိုမျှ မသုံးချင်တော့ပေ။


ချန်ပင်း သည် လင်းရွှမ် ၏ သံသယဖြစ်ဖွယ်အကြည့်ကိုကြည့်ပြီး ပြောသည်။


" သဘက်ခါမှာ ဘော့စ်ရဲ့ စစ်တပ်ဆုပေးပွဲအခမ်းအနား လုပ်မှာမလား....အခမ်းအနားကို အင်ပါယာတစ်ခုလုံးကို ရုပ်သံလွှင့်ခိုင်းပြီး ညီမလေး ယောင်ယောင် ကို လူသိရှင်ကြား လက်ထပ်ခွင့်တောင်းကြည့်လေ... ဘယ်လိုလဲ... ဆုပေးပွဲစင်မြင့်မှာ လူသိရှင်ကြားလက်ထပ်ခွင့် တောင်းတာကလေ အောင်မြင်မှုနှုန်းက 99% အထိရှိတယ်နော်...အဲ့ဒီစုံတွဲတွေကလည်း ကွာရှင်းပြတ်စဲတာတွေ မဖြစ်ဘဲ အမြဲချစ်ခင်ပျော်ရွှင်နေကြတတ်တယ်..."


 သူတွေ့ရှိခဲ့သည့်တစ်ခုတည်းသော မအောင်မြင်သောကိစ္စမှာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးသည် တော်ဝင်မင်းသမီးတစ်ဦးထံ ယခင်က ဘာမှ အရိပ်အမြွက်လည်း မပြဘဲ တစ်ဖတ်သတ်ကြိုက်၍ လက်ထပ်ခွင့်တောင်းခြင်းဖြစ်လေသည်။ ပိုအံ့သြစရာကောင်းသည်က မင်းသမီးက သဘောမတူသော်လည်း သူမသည် ဗိုလ်ချုပ်၏ ရိုးသားမှုကို ခံစားရသည်။သို့နှင့်၊ သူတို့နှစ်ယောက်၏ အပြန်အလှန်ဆက်ဆံရေးများ တဖြည်းဖြည်း တိုးတက်လာပြီး ဗိုလ်ချုပ်ကို နောက်တစ်ကြိမ် ဆုပေးပွဲ အခမ်းအနားမှာ မင်းသမီးလေးက လက်ခံလိုက်လေသည်။


 အတိုင်းအတာတစ်ခုအထိ၊ ဆုချီးမြှင့်ပွဲမှာ လက်ထပ်ခွင့်တောင်းခြင်းသည် 100% အောင်မြင်မှုနှုန်းရှိသည်ဟု ဆိုနိုင်သည်။ တစ်ကြိမ်ကျရှုံးလျှင်လည်း နောက်ထပ် အခွင့်အရေးရှိနိုင်သည်။


ယေဘူယျအားဖြင့် ဆုချီးမြှင့်ပွဲတစ်ခုအတွင်း ဆုရရှိသူများသည် လူသိရှင်ကြားဖြစ်စေရန် ဆွေမျိုးများနှင့် သူငယ်ချင်းများစွာကို ဖိတ်ကြားတတ်ကြသည်။


လင်းရွှမ် သည် လူသိရှင်ကြားလုပ်ရသည်ကို မကြိုက်ပေ။ အရင်က သူ ဗိုလ်ချုပ်ဖြစ်လာစဉ်ကလည်း လူသိရှင်ကြားမလုပ်ဖို့ ရွေးချယ်ခဲ့သည်။ ယခုတစ်ကြိမ် ဆုပေးပွဲ အခမ်းအနားမှာ စီစဉ်ဆဲဖြစ်သည်။


ဤအင်ပါယာအတွက် များစွာပေးဆပ်ခဲ့ရသော်လည်း လင်းရွှမ် သည် သူလုပ်သင့်သည့်အရာဟု ခံစားမိသည်။သို့သော် ချန်ပင်း ၏ စကားကို နားထောင်ပြီးနောက် အောင်မြင်မှုနှုန်းမှာ 99% ရှိသည်ဆို၍ သူ့နှလုံးသားမှာ အကြမ်းပတမ်း တုန်လှုပ်သွားရသည်။သူ့မှာ ရိုမန့်တစ်ဆန်ဆန်တွေးခေါ်တတ်သော ဦးနှောက်မရှိသော်လည်း အင်ပါယာတစ်ခုလုံးသည် သူတို့ နှစ်ယောက်က တစ်သက်တာလုံးအတွက် ကတိပေးကြသည့် မြင်ကွင်းကို စောင့်ကြည့်နေကြမှာကို သူ မျှော်လင့်တောင့်တမိ၏။ သူသည် ကျော်ကြားမှုကို ဂရုမစိုက်သော်လည်း လင်းယောင်ယောင် ကို အမြင့်မြတ်ဆုံးသော နည်းဖြင့် လူသိရှင်ကြား ချစ်ပြချင်မိသည်။ သူမအား လက်ထပ်ခွင့်တောင်းပြီး သူမထံမှ ခိုင်လုံသော တုံ့ပြန်မှုကို ရရှိရန် မျှော်လင့်နေမိသည်။


သူတို့၏ ခံစားချက်များက အခုလို နက်နက်ရှိုင်းရှိုင်း မဖြစ်သေးခင် လက်ထပ်ခွင့်တောင်းပါက နည်းနည်း လန့်စရာကောင်းသည်။ သို့သော်လည်း ယခု ကလေးမလေးသည် အတွေးအခေါ်များ ပြောင်းလဲလာ၏။ သို့မဟုတ်ပါက၊ သူမပြန်လာခင် in love ကိစ္စကို တရားဝင် ကြေညာဖို့ ဆန္ဒရှိမှာ မဟုတ်ပေ။ သူမသည် သူ့အပေါ် နှလုံးသားအစစ်အမှန်ဖြင့် ချစ်ခင်ကြောင်း ပြသရန် စောင့်ဆိုင်းနေဖွယ်ရှိပြီး သူမစိတ်ထဲက စိုးရွံမှုများလည်း အတော်အသင့် ပျောက်ရှသွားဟန်တူသည်။


အဆိုးဆုံးရလဒ်က ကျရှုံးခြင်းထက်မပို ပေ။ သူ နောက်တစ်ကြိမ် ရာထူးတိုးသောအခါ ထပ်ပြီး လက်ထပ်ခွင့်တောင်းလည်း ရပေသည်။


လင်းရွှမ် က "အောင်မြင်ရင် မင်းကို သုံးလလောက် အားလပ်ရက် ပေးမယ်....အဆင်မပြေရင် နောက်သုံးနှစ်လုံးလုံး နောက်ထပ် အားလပ်ရက်တွေ ထပ်ရဖို့တောင် တစ်စက်မှ မစဉ်းစားနဲ့နော်"


 သူ ထွက်သွားပြီးနောက် ချန်ပင်း က လောဝမ်ဟွေ့ ကို ဖုန်းဆက်ပြီး သူမနှင့် အတူတူ အားလပ်ရက်သွားဖို့ ပြောလိုက်သည်။သူတို့စုံတွဲသည် နှစ်ယောက်ထဲကမ္ဘာတွင်သာ နေထိုင်ချင်နေကြသည်။


ချန်ပင်း သည် တာဇာကြယ်ပွင့်ကွင်းပြင်တွင် ကြီးမားသော အဖြစ်အပျက်တစ်ခု၌ ပါဝင်မိပြီး အလွန်ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ အချိန်မီကယ်ဆယ်နိုင်သောကြောင့် အသက်မသေဆုံးသော်လည်း သွေးအလွန်အကျွံထွက်ခြင်း၊ ဖြူဖျော့ဖျော့နှင့် အားနည်းနေသည့်ပုံသဏ္ဍာန်ကြောင့် စစ်ဘက်ဆိုင်ရာဆရာဝန် လောဝမ်ဟွေ့ က သူ့အား စိုးရိမ်ပူပန်နေခဲ့သည်။ထိုအခါ သူက သူ့အချစ်ကို ထပ်ပြီး ဝန်ခံဖို့ အခွင့်အရေးယူလိုက်သည်။ လောဝမ်ဟွေ့ က သူနှင့်အတူနေဖို့ သဘောမတူလျှင် ဆေးကုသမှု မခံယူတော့ဘဲ အသက်သေခံမည်ဟု ပြောလိုက်၏။


 ဤလှည့်ကွက်ကို လင်းရွှမ် ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။ ဤလှည့်ကွက်က ဟောင်းနေသော်လည်း ကောင်းကောင်းအလုပ်ဖြစ်သည်။


လောဝမ်ဟွေ့ သည်လည်း ချန်ပင်းအပေါ်မှာ ခံစားချက်မရှိလျှင် သူနှင့် နှစ်ပေါင်းများစွာ တပူးတွဲတွဲ နေမှာမဟုတ်ပေ။ မကြာခဏဆိုသလို စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အရင်က သဘောမတူခဲ့ခြင်းဖြစ်၏။ တစ်နေ့တွင် စစ်မြေပြင်၌ သူမ ချစ်သူသေဆုံးသွားသည့်သတင်းအား ကြားရတော့မည်ကို သူမ ကြောက်မိသည်။သို့သော် တာဇာကြယ်ပွင့်နယ်မြေ တိုက်ပွဲကို အောင်မြင်ပြီးနောက် ရှည်လျားပြီး ငြိမ်းချမ်းသောနေ့တစ်နေ့ကို ရောက်ရှိလာမည်ဖြစ်သည်။ထို့ကြောင့် သူမဘက်ကလည်း အဖြေပြန်ပေးခဲ့သည်။


လင်းရွှမ် ၏ လက်ထပ်ခွင့်တောင်းခြင်း အစီအစဉ်ကျဆုံးခဲ့ပါက၊ သူ့အတွက်လည်း မကောင်းနိုင်ပေ။ 


ချန်ပင်း သူ့နှာခေါင်းကို ကိုင်လိုက်ပြီး "အောင်မြင်မှကို ဖြစ်မယ်....မ‌ေအာင်မြင်လို့ မဖြစ်ဘူး"


သူ အနိုင်ရဖို့အခွင့်အရေးများစွာ ဤကိစ္စအတွက် ရယူရမည်ဖြစ်သည်။


လင်းရွှမ် သည် လင်းယောင်ယောင် ၊ဆွေမျိုးများနှင့် သူငယ်ချင်းများအား ဆုပေးပွဲသို့ ဖိတ်ကြားခဲ့သည်။ ညစာစားပြီးနောက် သူသည် စစ်ဌာနတွင် တစ်ခုခုဖြစ်နေပြီဟု အကြောင်းပြချက်ပေးပြီး အိပ်ဆောင်သို့ ပြန်သွားခဲ့သေးသည်။တစ်ကယ်တမ်းက လက်ထပ်ခွင့်တောင်းဖို့ အသေးစိတ်ကို ပြင်ဆင်ဖို့ပင် ဖြစ်သည်။


လင်းရွှမ် ပြန်ရောက်သည်မှာ တစ်ပတ်နီးပါးရှိနေသော်လည်း ပထမနေ့မှာသာ အိမ်တွင်နေခဲ့၍ လင်းယောင်ယောင် စိတ်ပျက်နေရသည်။ ယနေ့မှ သူက ထမင်းစားဖို့ပဲ လာခဲ့ခြင်းဖြစ်သည်။ထို့အပြင် တစ်နေ့လျှင် ဗီဒီယိုကောလ် တစ်ကြိမ်သာ ဆက်သွယ်လေသည်။သူ၏ ကြီးမားလာသော ရာထူးကြောင့် တာဝန်ပိုများကာ အလုပ်ရှုပ်နေကြောင်း သူမ သိသည်။ ‌ယခုလိုကိစ္စမျိုးကလည်း မထူးဆန်းပေ။ သို့သော် ချစ်ခင်မြတ်နိုးရသည့် သူမ၏ချစ်သူသည် တစ်မြို့တည်းတွင်ရှိနေသော်လည်း ဆုံရန်ခက်ခဲနေရ၍ စိတ်ပျက်နေမိသည်က အမှန်ပင်။ 


လင်းရွှမ် သည် ပြန်မရောင်ခင်ကတည်းက သူမအား ပိုင်ရှင်ရှိမှန်းသိအောင် လူသိရှင်ကြား ကြေညာခဲ့သည်။ သို့ဖြစ်၍၊ ယခု သူမ၏ အတန်းဖော်များ၊ ဆွေမျိုးများနှင့် သူငယ်ချင်းတို့ကို တွေ့လိုက်သည့်အခါ အားလုံးက သူမကို လှောင်ပြောင်ကြ၏။ဆွေမျိုးများ၊သူငယ်ချင်းများနှင့် သိုက်သိုက်ဝန်းဝန်းရှိနေသော်လည်း သူမ  အထီးကျန်ဆန်နေဆဲပင်။ လင်းရွှမ် ပြန်ရောက်သည်နှင့် သူမကို လက်ထပ်ခွင့်တောင်းမည်ဟု ထင်ခဲ့သော်လည်း သူက မေ့သွားသလိုမျိုး ဘာမှ မပြောခဲ့ချေ။


ဧကရာဇ်မြို့တော် ၏ စစ်ဌာနချုပ်သည် နယ်စပ် သို့မဟုတ် တာဇာကြယ်ပွင့် ဒေသနှင့် ကွဲပြားသည်။ အထူးအခြေအနေများ သို့မဟုတ်လုပ်ဖော်ကိုင်ဖက်တစ်ဦးအတွက်မဟုတ်ပါက ဤနေရာ၌ ပင်မအာကာသယာဉ် ကွပ်ကဲမှုအခန်းမှာရှိစဉ်ကလို လွတ်လွတ်လပ်လပ်လာရောက်၍မရ‌ေပ။ သူမသည် လင်းရွှမ် ၏ ချစ်သူဖြစ်လျှင်ပင်၊ သူ့ကို အိပ်ဆောင်သို့လည်း သွားတွေ့၍မရပေ။  သူ့အလုပ်ပြီးမှ လာတွေ့ဖို့လည်း အလုပ်က များနေသေးသည်။ သူမ သူ့ကို နားလည်နိုင်သော်လည်း ရင်ထဲမှာ နာကြည်းမှုအချို့ရှိသေးသည်။


လင်းရွှမ် သည် သူ၏ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ရန် သူမကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားလာကာမှ သူမ များစွာ စိတ်သက်သာလာခဲ့သည်။ သူမကို သူက အတော်လေး တန်ဖိုးထားခြင်းဖြစ်သည်။


လင်းရွှမ် သည် သူမ၏ ခံစားချက်ကို သဘာဝကျကျမြင်ပြီး သူမအား နှစ်သိမ့်လိုက်သည်။


 “ဆုပေးပွဲပြီးရင် မင်းနဲ့အတူရှိဖို့ အချိန်ပိုရှိလာမယ်ထင်တယ်”


လင်းယောင်ယောင် သူ့စကားကို အလွန်အမင်း မမျှော်လင့်ဝံ့တော့ပေ။ 


 "ရှင့်ကို ဘယ်သူက ဂရုစိုက်လို့လဲ"


လင်းရွှမ် သည် ကလေးမလေး၏ပါးကို ခပ်ဖွဖွ နမ်းလိုက်သည်။  


"အင်း ကိုယ်က မင်းကို ချစ်တယ်လေ"


လင်းယောင်ယောင် အပြင်၊ လင်းရွှမ် သည် အဖိုး၊ မိဘ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ဖိတ်ကြားခဲ့သည်။ လင်းကျန့်ဟိုင် နှင့် လင်းထျန်းယွဲ့ တို့သည် ဖိတ်ကြားခြင်းမရှိဘဲလည်း တက်ရောက်နိုင်ကြသည်။ သူတို့နှစ်ဦးသည် စစ်တပ်နယ်မြေခေါင်းဆောင်များ၏ နေရာဖြစ်သော ရှေ့ဆုံးတန်းရှိ VIP ထိုင်ခုံများတွင် ထိုင်ကြမည်ဖြစ်ကာ တစ်ချိန်တည်းတွင် သူ၏ဆွေမျိုးများအနေနှင့် ဆုပေးပွဲအခမ်းအနားတွင် ပါဝင်လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။


xxxxxxx