အခန်း ၇၁၁
ဟင်း...ပျော့ပြဲအောင်ရိုက်ခံလိုက်ရပြီ...
"ဝံပုလွေ နံရိုးချိုချဉ်ကြော် ...သောက်ကျိုးနဲ ဘာကြောင့် ငါက တုန်ရီနေတာလဲ ...ဘာကြောင့် ငါက ကြောက်နေရတာလဲ..."
ရွှေဓားမြှောင် မျက်လုံး လှန်လိုက်မိသည်။ထိုခွေးဝတုတ်က သူ့၏ ခေါင်းထက်ရှိ ကြယ်ကို ယူပြီး သကြားလုံးကဲ့သို့ ဝါးစားပစ်လိုက်လေသည်။တောက်ပလင်းလက်နေသော ကြယ်မရှိတော့သောကြောင့် သူ့၏ အော်ရာများက လျင်မြန်စွာ လျော့ကျသွားပြီးစိတ်ဝိညာဉ်လှေကား ၈ဆင့်ကလည်း ပျောက်ကွယ်သွားသည်။
သူ့၏ ကျင့်ကြံမှုအခြေခံက အရင်ကထက် အားနည်းသွားပေသည်။သူ့၏ စိတ်ဝိညာဉ်လှေကားကလည်း တဖျတ်ဖျတ် တုန်ခါလာပြီးနောက် သူထပ်မံ မထိန်းသိမ်းထားနိုင်တော့ပေ။
ကြယ်ပွင့်က သန့်စင်နယ်မြေမှ သူ့၏ စွမ်းအားများကို မြင့်တင်ရန်အတွက် ပေးအပ်ထားသော ရတနာပင်ဖြစ်သည်။ထိုတောက်ပလင်းလက်နေသော ကြယ်ပွင့်၏အောက်တွင် သန့်စင်နယ်မြေ၏ စွမ်းအားများကို စုပ်ယူအသုံးပြုနိုင်သည်။သို့သော် ယခုအချိန်တွင်တော့ ရွှေဓားမြှောင် သူ့ရှေ့မှ ကမ္ဘာကြီးပင် မီးခိုးရောင် ပြောင်းလဲလာသလို မြင်လိုက်မိသည်။ထိုခွေးဖက်တီးက ဝက်နှင့် မခြားပေ။ဘာကြောင့် အဲ့ဒီလောက် ကြောက်စရာကောင်းနေရတာလဲ..
ထိုစွမ်းအားများက ငရဲကမ္ဘာသက်ရှိများ၏ မဟာနယ်ပယ်အဆင့် မဟုတ်ပေ။မဟာနယ်ပယ်အဆင့်များက သန်မာလှသည်ဆိုသော်လည်း နဂါးမြို့ဟောင်းတိုက်ကြီး၏ စည်းမျဉ်းများကြောင့် သူတို့က စိတ်ဝ်ိညာ၍လှေကား ၇ဆင့် သို့မဟုတ် ၈ဆင့်နှင့်တူမျှသော စွမ်းအားသာရှိသည်။
ထိုအဆင့်မျှလောက်က သူ့ကို အလွယ်တကူ ရိုက်ချနိုင်လောက်မည်မဟုတ်ပေ။ထို့အပြင် မဟာနယ်ပယ်အဆင့်တစ်ယောက်က မည်ကဲ့သို့ သူ့၏ ကြယ်ကို ယူဆောင်သွားနိုင်မည်နည်း။သူက မဟာနယ်ပယ်အဆင့် ငရဲကမ္ဘာသက်ရှိများကို မမြင်ဖူးခြင်းမဟုတ်ပေ။သူတို့ထဲမှ တစ်ချို့တစ်လေကိုပင် သူသတ်ဖြတ်ခဲ့ဖူးလေသည်။
သို့သော် ဘယ်တုန်းကမှ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှအောင် ပြန်လည် တိုက်ခိုက်ခဲ့ရခြင်းမျိုး မကြုံဖူးပေ။
"မဟာနယ်ပယ်ထက် အဆင့်မြင့်တဲ့ ငရဲကမ္ဘာသက်ရှိ...ဘုရားရေ..."
ထိုသတင်းကိုသာ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ရရှိသွားခဲ့လျှင် သန့်စင်နယ်မြေတစ်ခုလုံး အုတ်အုတ်ကျက်ကျက် တုန်လှုပ်သွားပေလိမ့်မည်။မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပစေ မဟာနယ်ပယ်အဆင့်ထက်မြင့်သော ငရဲကမ္ဘာသက်ရှိများ ကုန်းမြေတိုက်ကြီးဆီသို့ ခြေမချခဲ့ဖူးဟု တော်ဝင်ခုံရုံးမှ ထင်ထားခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ယခုတွင်မူ ထိုထက် အဆင့်မြင့်သော တစ်စုံတစ်ယောက်က
ပလောက် ပလောက်...
ရွှေဓားမြှောင်၏ နဖူးမှ ချွေးအေးများ စိမ့်ထွက်လာကာ မြေပြင်ပေါ်သို့ တတောက်တောက်စီးကျနေသည်။သူ ထိုသတင်းအား တော်ဝင်ခုံရုံးအား ပြန်လည် ပို့ဆောင်ရပေမည်။ရွှေဓားမြှောင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။အရင်က သူထိုမျှလောက် မကြောက်ရွံ့ မတုန်လှုပ်ဖူးပေ။
သူစားဖိုမှူးလေးကို ရင်ဆိုင်ရန်လာသည့်အချိန်၌ ကမ္ဘာကိုတုန်စေလောက်သော အဖြစ်အပျက်နှင့် ကြုံတွေ့ရခြင်းအား မယုံကြည်နိုင်ဖြစ်နေမိသည်။ရုတ်ရက် ရွှေဓားမြှောင် တောင့်တင်းသွားသည်။ခွေးဘုရင်နှင့် ပုဖန်လည်း အံ့အားသင့်သွား၏ သူတို့အားလုံး ဝှိုက်တီကို လှည့်ကြည့်လိုက်သည်။ဝှိုက်တီ၏ ခရမ်းနီရောင်မျက်ဝန်းများက တဖျတ်ဖျတ်လက်ခါသွားပြီးနောက် ဖြူဖျော့သွားသည်။သို့သော် သူ့၏ ခေါင်းထက်ရှိ ချိုက ချွှန်မြေ့လှသည်။ဝှိုက်တီ၏ ဝမ်းဗိုက်က တဖြေးဖြေးရွေ့လျားလာပြီးနောက် အနက်ရောင်တွင်းပေါက်ကြီး အဖြစ် ပေါ်ပေါက်လာခဲ့သည်။ရွှေဓားမြှောင် ထိုတွင်းပေါက်ကြီးကို တွေ့လိုက်သည်နှင့် တုန်ယင်သွားလေသည်။
"အခုကော အဲ့ဒီရုပ်သေးရုပ်တွေက ဘာလုပ်ချင်နေသေးတာတုန်း..."
ရွှေဓားမြှောင် ၎င်းကို အာရုံစိုက်လိုက်သည်။သူ ထိုသံလုံးကောင်ကို မကြောက်ပေ။သံလုံးကောင်က မာကျောသည်ဆိုသော်လည်း သူတို့၏ သန်မာမှုက အတူတူလောက်ပင် ဖြစ်သည်။သူ့၌ ကြယ်စွမ်းအင်သာရှိနေပါက ထိုသံလုံးကောင်အား ရိုက်ချပစ်လိုက်ပေသည်။
သို့သော်လည်း ယခုသူ့၌ ကြယ်စွမ်းအင်က ယူဆောင်သွားခြင်းခံရလေရာ အနည်းဆုံး ၎င်းကို ခုခံနိုင်ပေဦးမည်။ထိုခွေးဝတုတ်ကို မြင်နေရခြင်းက သူ့၏ ဖင်များပင် ကျိန်းလာမိသည်။၎င်းမှပေးသော ဖိအားက သူ့၏ ဝံပုလွေလက်သည်းများကိုပင် မမြင့်တင်ရဲတော့ပေ။
ဝီ...
တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ဝှိုက်တီ၏ တွင်းပေါက်ကြီးဆီမှ တစ်စုံတစ်ရာ ထွက်ပေါ်လာလေသည်။ထိုသတ္တုချောင်းက ရှည်လည်းမရှည်သလို ကြီးလည်းမကြီးပေ။သို့သော်လည်း ၎င်း၏ အပေါ်၌ ပုံစံများစွာကို ရေးထွင်းထားလေသည်။
ရွှေဓားမြှောင်က ထိုပံစံများကို အလွန်တရာရင်းနီးကျွမ်းဝင်နေလေသည်။သူ့၏ မျက်ဝန်းများ စကောလောက် ပြူးကျယ်သွားသည်။
"ဒါက နတ်ဘုရားအက္ခရာတွေ ရေးဆွဲထားတဲ့ နတ်ဘုရားသတ်လက်နက်မဟုတ်လား..."
သူ့၏ ဝံပုလွေပါးစပ်က အကျယ်ကြီး ပွင့်ဟသွားပြီးနောက် သူလေအေးတစ်ချက် ရှိုက်လိုက်မိသည်။
"လခွမ်း ဘယ်လိုလုပ်ပြီး ဒီမှာ နတ်ဘုရားလက်နက် ထွက်ပေါ်လာတာလဲ..."
သတ္တုချောင်းက နတ်ဘုရားသတ်လက်နက်များထဲမှ တစ်ခုဖြစ်သည်ဆိုသော်လည်း လုံးဝ ကွဲပြားနေပေသည်။တခြားစကားဖြင့် သေချာစွာ ပြောရမည်ဆိုလျှင် ထိုရုပ်သေး၏ လက်ထဲမှ နတ်ဘုရားသတ်လက်နက်က သူတို့ သန့်စင်နယ်မြေ၏ နတ်ဘုရားသတ် လက်နက် မဟုတ်ပေ။
ဝှိုက်တီက ထိုသတ္တုချောင်းကို ဆွဲကိုင်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပေါ်သို့ ပစ်လိုက်သည်။သူ့၏ အတောင်ပံများကို ဖြန့်ကားပြီး ကောင်းကင်ပေါ်သို့ ပြန်တက်လိုက်သည်။
ဝှိုက်တီက ထိုလက်နက်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်ထဲတွင် အဆက်မပြတ် လှည့်လည်လာပြီး တောက်ပလှသောအလင်းတန်းများကို ထုတ်လွင့်လာလေသည်။
"သတ္တုချောင်းအတိုလေးက ဘယ်လိုလုပ်ပြီးတော့ မြန်မြန်ဆန်ဆန် ရှည်လာတာလဲ..."
ဝှိုက်တီက လေထဲတွင် မျောလွင့်လိုက်သည်။သူ့၏ လင်းလက်နေသော စက်ရုပ်မျက်ဝန်းများက ရွှေဓားမြှောင်ကို အကဲခတ်စစ်ဆေးကြည့်ရှုနေ၏။သူ့၏ အတောင်ပံနှစ်ခုကို လှုပ်ခါလိုက်ပြီးနောက် ခပ်ဝဝခန္ဓာကိုယ်ကြီးက မြှားတစ်းစင်းကဲ့သို့ ထိုးဆင်းလာလေသည်။ရွှေဓားမြှောင် ခဏမျှကြောင်အသွားပြီးနောက် ပြန်လည်အသိဝင်လာပြီး ပိုမို ကြမ်းတမ်းခတ်ထန်လာသည်။
"မင်းက သေချင်နေတာပဲ..."
ရွှေဓားမြှောင် ဒေါသတကြီး ကျိန်းဝါးလိုက်ပြီးနောက် သူ့၏ နောက်ကျောမှ အရိုးဆေဘာကို ဆွဲထုတ်လိုက်သည်။
ဆွစ် ဆွစ်...
ထိုအရိုးမှ စွမ်းအင်များကလည်း အလွန်လျင်မြန်စွာဖြင့် ကောင်းကင်ထက်ဆီသို့ ဖြန့်ကျက်သွားသည်။ဝှိုက်တီက အရှိန်က နှေးသွားရမည့်အစား ပို၍ပင် မြန်ဆန်လာသည်။၎င်းလက်ထဲမှ တုတ်ချောင်းရှည်မှလည်း အလင်းများ ပြင်းထန်စွာ ထုတ်လွင့်လာ၏။ရှည်လျားသည့် ပုံရိပ်အများအပြားဖြစ်ပေါ်လာပြီး ရွှေဓားမြှောင်၏ စွမ်းအင်များကို ရှင်းထုတ်လိုက်သည်။၎င်းတုတ်ချောင်းရှည်က ရွှေဓားမြှောင်၏ အရိုးဆေဘာကို ဆက်လက် တုံ့ပြန်လိုက်၏။
ခရက်ရှ် ခရက်ရှ်...
အရိုးဆေဘာပေါ်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြစ်ပေါ်လာသည်။ရွှေဓားမြှောင်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ထိုမြင်ကွင်းကို ကြည့်၍ သူ့နှလုံးသားက တုန်ယင်သွားလေသည်။
"လခွမ်း ...ဒါ ဘာ ဘုန်း..."
အရိုးဆေဘာက သတ်ိပေးခြင်းမရှိပဲ ပေါက်ကွဲသွားလေသည်။လက်ကို လွှတ်လိုက်သည်။သတ္တုချောင်းရှည်က သူ့ဆီသို့ ပြန်လည် ရောက်ရှိလာသည်။သူ့၏ အတောင်ပံနှစ်ဖက်က ရွေ့လျားသွားပြီးနောက် သူ့၏ ပုံရ်ိပ်ပျောက်ကွယ်သွားလေသည်။
ထို့နောက် ရွှေဓားမြှောင်၏ နောက်ကျောဘက်၌ ပြန်လည် ထွက်ပေါ်လာသည်။သူ့လက်ထဲမှ တုတ်ရှည်ကိုမြှောက်လိုက်ပြီး သူ့ခေါင်းကို ရိုက်ချလိုက်သည်။ပုဖန်နှင့် အခြားသူများအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ဝှိုက်တီ၏ ကြမ်းတမ်းမှုက သူတ်ို့ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေပြီ။
ထိုရုပ်သေးရုပ်က နေ့တစ်ဝက်ခန့် ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေပြီးနောက် နတ်ဘုရားသတ်လက်နက်ကို ကိုင်ဆွဲကာ တိုက်ခိုက်လိုက်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့မိပေ။ထိုသတ္တုတုတ်ချောင်းရှည်က ပထမဦးစွာ အရိုးဆေဘာကို ခွဲကြေဖျက်စီးလိုက်ပြီးနောက် ယခု ရွှေဓားမြှောင်၏ ခေါင်းကို ရည်ရွယ်လိုက်ပေပြီ။
ပုဖန် ကြောင်အသွားပြီးနောက် သူ့၏ နှုတ်ခမ်းများပင် တဆတ်ဆတ်တုန်ခါသွားသည်။
"ဒီရိုက်ချက်ကြောင့် ဒီဝံပုလွေရဲ့ခေါင်း ကွဲကြေသွားရင်တော့ ..."
ထိုအတွေးက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။မည်သို့ပင်ဆ်ိုစေ ရွှေဝံပုလွေ၏ ခန္ဓာကိုယ်က သူ့အရိုးလောက် မာကျောမည်မဟုတ်ပေ။
"ဝံပုလွေကို ပျော့ဖတ်သွားအောင် မလုပ်နဲ့လို့ ပြောထားတယ်လေ ..."
ခွေးဘုရင်ကလည်း ပုဖန်၏ အတွေးများကို သိပေသည်။ခွေးဘုရင်၏ အကြည့်က
ဒါ ငါသောက်လုပ်မဟုတ်ဘူးနော် ...သူ့ကို ပျော့ဖတ်သွားအောင် ငါရိုက်တာမဟုတ်ဘူးဟု ....ပြောနေသယောင်ပင်။
ရွှေဓားမြှောင် မရှောင်တိမ်းနိုင်လိုက်ပေ။သူ့၏ ခန္ဓာကိုယ်က အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး တောင့်တင်းသွားခဲ့သည်။သေမင်းအငွေ့အသက်များက သူ့ကို လွှမ်းခြုံလာပြီး သူ့မျက်ဝန်းထဲရှိအရာရာက မဲမှောင်သွားလေ၏။
အကွာအဝေးတစ်ခုတွင် လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ထိုသူက မြင်ကွင်းကို မြင်လိုက်ပြီးနောက် သူ့၏ မျက်နာအမူအရာ ပြောင်းလဲသွားသည်။
"ရွှေရောင်ဝံပုလွေ..."
ထိုပုံရိပ်က အော်လိုက်သည်။သူ့၏ အရှိန်နှုန်းကလည်းအကွာအဝေးကို ဆွဲချုံ့လိုက်သကဲ့သို့ မြန်ဆန်လှသည်။ထိုလူက ဝါးခမောက်တစ်လုံးကို ဆောင်းထားသည်။သူ့၏ အရပ်က ရှည်လျားပြီး ခန္ဓာကိုယ်တွင် ကြွက်သားအပြည့် ရှိနေသည်။
"သန့်စင်နယ်မြေက ကာကွယ်သူကို သတ်လိုက်တာက တကယ့်ကို ပြဿနာကြီးပဲ...သန့်စင်နယ်မြေက ပြန်ပြီး လက်စားချေလိမ့်မယ်...စားသောက်ဆိုင်လေးက ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
ငရဲကမ္ဘာသက်ရှိများ၏ ဖြစ်တည်မှုကို ထည့်တွက်မည်ဆိုလျှင်ပင် မဖြစ်နိုင်ပေ။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ငရဲကမ္ဘာသက်ရှိများ၏ စွမ်းအင်အရင်းအမြစ်များကို စီမံ ခန့်ခွဲနိုင်ပေသည်။
ထိုရုပ်သေးရုပ်ကို ထည့်တွက်မည်ဟု ပြောလာမည်လား...ဒါလည်း မဖြစ်နိုင်ပေ။ထိုရုပ်သေးက ကာကွယ်သူကို သတ်လိုက်နိုင်သည်ဆိုသော်လည်းအကယ်၍ တစ်ကြိမ်တည်းတွင် ကာကွယ်စောင့်ရှောက်သူ နှစ်ယောက် တစ်ပြိုင်တည်း တိုက်ခိုက်လာရင်ကော...ထိုသံလုံးကောင်က ကိုင်တွယ်နိုင်ပါဦးမည်လား...
သန့်စင်နယ်မြေက တကယ့်ကို အန္တရာယ်ကြီးမားလှသည်။အစားကြူးတောင်ကြား၏ အကြီးအကဲ တစ်ယောက်အနေဖြင့် ထိုအချင်းအရာကို ကောင်းကောင်းနားလည်ထားပေသည်။ထိုသို့မှမဟုတ်လျှင် ကလေးမလေးရှောင်ယကို အစားကြူးတောင်ကြား၏ အမွေခံအဖြစ် ပြန်လည် ခေါ်ဆောင်ရန် မိုင်ထောင်ချီ၍ ခရီးနှင်လာခဲ့လိမ့်မည်မဟုတ်ပေ။
ဝှိုက်တီ၏ ခရမ်းဖျော့ဖျော့ မျက်ဝန်းများက တလက်လက်တောက်ပနေသည်။သူချူချန်းရှန်၏ အသံကို ကြားလိုက်သည်။သို့သော်လည်း သူ့၏ လက်နက်ကို မည်ကဲ့သို့ ရပ်ရမည်မသိပေ။နတ်ဘုရားသတ်လက်နက်က ရွှေဓားမြှောင်၏ ခေါင်းကို ချက်ချင်းပင်ထိမှန်သွားပြီး သူ့ကို အဝေးသို့ လွင့်ထွက်သွားစေသည်။
ထန် ထန်...
ပေါက်ကွဲမှုက အလင်းလှ်ိုင်းပုံရိပ်များစွာကို ဖြစ်ပေါ်သွားစေသည်။ရွှေဓားမြှောင်၏ ခန္ဓာကိုယ်က ကျိုးကြေလာသည်။
ဝီ...
ဝှိုက်တီ၏ လက်နက်က နောက်တစ်ကြိမ် ထောင့်ဖြတ်ကျဆင်းလာပြန်သည်။၎င်းက ပြင်းထန်လှသော ဖိအားနှင့်အတူ လေပြင်းများကိုပါ သယ်ဆောင်လာပြီး မြေပြင်ပေါ်တွင် ဖုန်မှုန့်များ တသောသော ထသွားစေသည်။
မြေပြင်ပေါ်၌ ကိုယ်တီးလုံးဖြစ်နေသာ ရွှေသံချပ်ကာဝတ်အဖွဲ့များအားလုံးကလည်း ထိတ်လန့်ကြောင်အနေကြသည်။သူတ်ို့က ထိတ်လန့်ကြောက်ရွံ့သွားသောကြောင့် သူတို့၏ ကိုယ်ပိုင်နေရာကိုပင် ကာကွယ်ရန် မေ့လျော့နေကြသည်။သူတို့၏ မျက်နာက ဖြူဖျော့စွာဖြင့် အချိန်တစ်ချို့ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ထို့နောက် သူတို့ သံလုံးကောင်ကို ကူညီမဲ့စွာဖြင့် ကြည့်လိုက်မိကြသည်။သူတို့၏ နှုတ်ခမ်းများ တစ်စက်စက်တုန်ရီနေလေ၏။
"ကာကွယ်သူ ရွှေဓားမြှောင်သေသွားပြီလား...သံဝတုတ်ကောင်က သူ့ရဲ့ ခေါင်းကို တုတ်နဲ့ ရိုက်ခွဲလိုက်တယ်..."
ထိုသူများအားလုံးက ကြောက်ရွံ့မှုဖြင့် အလွန်ပင်ထိတ်လန့်တုန်လှုပ်နေကြသည်။သူတို့ ကိုယ်တီးလုံးဖြင့် ထရပ်လိုက်ကြပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
ဘုန်း...
ချူချန်းရှန်က ထိုသံချပ်ကာဝတ် အဖွဲ့များရှေ့သို့ ဆင်းသက်လိုက်သည်။သူ့၏ အော်ရာများကလည်း အေးစက်ပြင်းရှလှ၏။သူခေါင်းမော့လိုက်ပြီး ဝါးခမောက်အောက်မှ သူ့၏ မျက်နာကို လှစ်ဟပြလိုက်လေသည်။ထိုသူကို မြင်ရသည့်ခဏ၌ ရွှေသံချပ်ကာဝတ်အဖွဲ့များ၏ မျက်ဝန်းများ အေးစက်သွားကြသည်။သူတို့ထဲမှ တစ်ယောက်က တွန့်ဆုတ်သော အသံဖြင့် မေးလာခဲ့သည်။
"ခင်ဗျားက ချူချန်းရှန်လား..."
ချူချန်းရှန်က ထိုသူ၏ မျက်ကို အမူအရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ကို အသာမြှောက်လိုက်ပြီး ထိုသူ၏ ခေါင်းအား ရိုက်လိုက်သည်။သူက ထိုလွတ်မြောက်လာသော အစောင့်များအားလုံးကို သတ်ပစ်ပေမည်။မည်သည့် မျက်မြင်သက်သေမှ အသက်ရှင်ကျန်ရစ်၍ မရပေ။
ဝှိုက်တီ မျက်တောင်ခတ်လိုက်သည်။သူ ချူချန်းဆီမှ ရန်လိုသည့် ခံစားချက် သို့မဟုတ် တိုက်ခိုက်မည့် အမူအရာမျိုးကို မခံစားမိပေ။
ဝီ...
ကြည့်လိုက်လျှင် ဝှိုက်တီ၏အသွင်အပြင်က ကိုယ့်ကိုကိုယ် သတ်သေသည်နှင့်ပင် တူနေသေးသည်။တွင်းနက်ကြီး ပြန်လည် ပျောက်ကွယ်သွားပြီးနောက် ဝှိုက်တီ၏ မျက်ဝန်းများက ပုံမှန်ခရမ်းရောင်အဖြစ်သို့ ပြန်လည်ပျောက်ကွယ်သွားသည်။သူ့၏ စက်ရုပ်အသွင်အပြင်ကလည်း မူလအတ်ိုင်းဖြစ်သွား၏။
ဘုန်း...
ရွှေဓားမြှောင်၏ အပိုင်းပိုင်းခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာပြီး ဖုန်များ တသောသောထသွားစေသည်။ဝှိုက်တီ စားသောက်ဆိုင်ဘက်သို့ ပြန်လည်လျှောက်လာပြီး ရွှေရောင် ပုစွန်ပိစိကလည်း သူ့၏ ခေါင်းထက်တွင်လဲလျောင်း၍ လိုက်ပါလာသည်။
"ပုဖန် ကောင်လေး ဒီခွေးဘုရင်က ညင်ညင်သာသာ ကိုင်တွယ်ဖို့ပါပဲ ဒါပေမယ့် ဟိုသံဝတုတ်ကောင်က ငါ့ကို အခွင့်အရေးမပေးဘူး ဟင်း..."
ခွေးဘုရင် ဝမ်းနည်ပူဆွေးမှုအပြည့်ဖြင့် ပြောလိုက်သည်။သူက ဝံပုလွေနံရိုးချိုချဉ်ကြော်ကို တကယ့်ကို မြည်းစမ်းကြည့်ချင်နေမိသည်။
သို့သော်လည်း ပုဖန်က ဝှိုက်တီကို ပုံမှန်အတိုင်းသာပြုံး၍ ကြည့်နေသည်။ထိုနတ်ဘုရားသတ် သတ္တုချောင်းက တကယ်ကို မာကြောလှပေသည်။၎င်းက အရိုးဆေဘာကို တစ်ချက်တည်းနှင့် ကွဲကြေသွားစေသည်။
"ဒီ စစ်နတ်ဘုရားတုတ်ကို ဝှိုက်တီ နတ်ဘုရားသတ်လက်နက်ကို စားပြီးနောက် ဖန်တီးထားခြင်းဖြစ်ပါသည်။သူနတ်ဘုရားသတ် လက်နက်များ ပိုစားလေလေ သူ့ရဲ့ စစ်နတ်ဘုရားတုတ်က ပိုသန်မာလေလေဖြစ်လာမှာပါ..."
ပုဖန်၏ ခေါင်းထဲ၌ တုတ်ချောင်းအကြောင်းရှင်းပြနေသော စနစ်၏ အသံကိုကြားလိုက်ရသည်။သူနှင့် မလှမ်းမကမ်းနေရာတွင် ချူချန်းရှန်က ကြောက်ရွံ့တုန်လှုပ်နေသော အစောင့်များအားလုံးကို သတ်ဖြတ်လိုက်ပြီး သတင်းအချက်အလက်များစီးဆင်းမှုကို ပိတ်ဆို့လိုက်လေပြီ။ထို့နောက် သူ စားသောက်ဆ်ိုင်ရှိရာဆီသို့ လျှောက်လာခဲ့သည်။သူလျှောက်လာစဉ်အတွင်း သူ့ခေါင်းပေါ်ရှ်ိ ဝါးဦးထုပ်ကိုလည်း နေရာတကျ ပြန်လည်ပြုပြင်လိုက်သည်။
သူ့၏ မျက်ဝန်းများက ပုဖန်နှင့် ရှောင်ယကို မြင်သည့်အခိုက်အတန့်၌ လင်းလက်တောက်ပသွားလေသည်။
"နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီ..."