အပိုင်း ၇၁၀
Viewers 53k

အခန်း ၇၁၀

ညင်ညင်သာသာလုပ်... အသားတွေပျော့ပြဲမသွားစေနဲ့...


"ဒီမိုက်မဲတဲ့ဝံပုလွေကောင်က ဘယ်ကရောက်လာတာလဲ...မင်းရဲ့သခင်ခွေးအိပ်နေတာကိုလာနှောင့်ယှက်တာလား..."


ဆိုင်ထဲမှ အမျိုးသားအသံတစ်သံပျံ့လွင့်လာသည်။ထိုအသံကြောင့်အားလုံးကြောင်အမှင်သက်သွားပုံပေါ်သည်။


လူတချို့က လေအေးတချက်ရှိုက်လိုက်မိကြပြီး... စိတ်ဂယောင်ချောက်ခြားဖြစ်နေပုံရသောမျက်လုံးများဖြင့် စားသောက်ဆိုင်ဆီသို့ကြည့်လိုက်ကြသည်။


ထိုအခိုက်အတန့်၌ ရွှေဓားမြောင်က ကြမ်းကြုတ်ရက်စက်သောရွှေရောင်ဝံပုလွေတစ်ကောင်ဖြစ်လာလေသည်။သူ့၏ ကြီးမားထည်ဝါလှသော အော်ရာများက တခြားသူများဆီသို့ လှိုင်းလုံးများသဖွယ်တိုးသင်လာသောကြောင့် သူတို့ခြေထောက်များ ဂျယ်လီလိုပျော့ခွေလုနီးပါးဖြစ်သွားကြသည်။


လူများစွာက သူတို့၏ ဘဝတစ်ခုလုံးတွင် ထ်ိုကဲ့သို့သော တည်ရှ်ိမှုမျိုးကိုတစ်ခါမှ မမြင်ဖူးခဲ့ပေ။


"မသေမျိုးဝိညာဉ် လှေကား ၈ဆင့် သူက ဘယ်လောက်တောင်များ ကြောက်စရာကောင်းလိုက်လဲ..."


အမှန်တိုင်းပြောရမည်ဆိုလျှင် ရွှေဓားမြှောင်က အဆင့် ၈သို့ ရောက်နေခြင်းမဟုတ်ပဲ ရောက်လုနီးပါးအခြေအနေပင်ဖြစ်သည်။မသေမျိုးဝိညာဉ် လှေကား ၉ဆင့် ပညာရှင်က အလွန်ပင် စွမ်းအင်ကြီးမြတ်လှသည်ဟု ဆိုနိုင်ပေသမည်။မှန်ပေသည် အဆင့် ၈ကလည်း သာမန် မဟုတ်ပေ။


အေးစက်ပေါ့ပါးလှသော အသံတစ်သံ ထွက်ပေါ်လာသည့်အချိန်၌ အားလုံး တောင့်တင်းနေရာမှ သတိဝင်လာသလို ဖြစ်သွားကြသည်။


"ဘုရားရေ ဘယ်လိုလူမျိုးကများ အဆင့်၈ ပညာရှင်ကို ဒီလိုပြောဆိုရဲတာလဲ..."


ရွှေဓားမြှောင်၏ ဟိန်းဟောက်နေမှုပ ရပ်တန့်သွားသည် ။သူသည်လည်းထိုအသံကို ကြားလိုက်ရ၏။ သူ့၏ ဒေါသများက ပိုမိုမြင့်တက်လာပြီးအမွှေးများထောင်ထလာသည်။


"မင်းဘာပြောလိုက်တယ်..."


သူ့၏ ရဲရဲနီနေသည့် မျက်ဝန်းများက တံခါးဘောင်ကိုမှီနေသော ပုဖန်ဆီသို့ ကျရောက်သွားသည်။


"ကျုပ်ကိုဘာတွေ လာကြည့်နေတာလဲ ဒီစကားက ကျူပ်ပြောတာ မဟုတ်ဘူး..."


ပုဖန်က လုံးဝပင် ပြောင်းလဲမှုမရှိသည့် မျက်နာသေဖြင့်သာခပ်အေးအေးတုံ့ပြန်လိုက်သည်။ရွှေဓားမြှောင်၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး ပုဖန်၏ ဘေးတွင်ရပ်နေသော နယ်သာရီကို ကြည့်လိုက်သည်။


သို့သော်လည်း နယ်သာရီက အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။ထို့ကြောင့် သူ့၏ မျက်ဝန်းများက မြေပြင်ပေါ်တွင်ထိုင်နေသော နန်ကုန်းဝူချယ်ဆီ ရောက်သွားသည်။


အံ့အားတသင့် ဖြစ်နေသော နန်ကုန်းဝူချယ်က အလျင်အမြန်ပင် သတိဝင်လာပြီး ငြင်းဆိုလိုက်သည်။


"ငါလုံးဝ မဟုတ်ဘူးနော် ငါက အရမ်းကို နှိမ့်ချ ကျိုးနွံတတ်တဲ့ လူတစ်ယောက်ပဲ..."


ရွှေဓားမြှောင် နှာတစ်ချက်မှုတ်လိုက်သည်။ထိုအမျိုးသားတစ်ယောက်၏ အသံက သူတို့ဆီမှ လာသည်ဆိုသည်ကို သူသေချာသိနေသည်။သို့သော်လည်း သူက လော့တန်ချင်းကိုတော့ လုံးဝ လျစ်လျူရှုထားလိုက်သည်။ထို သေလုနီးပါးဖြစ်နေသော ကြက်ပေါက်တစ်ကောင်က သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ မရှိနိုင်ပေ။


ဝီ...


ဝှိုက်တီ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။သူ့၏ ခရမ်းရောင်နီမျက်ဝန်းများက တဖျတ်ဖျတ် လက်နေ၏။ပုစွန်ပိစိကလည်း သူ့၏ ပုံမှန်အရွယ်အစားဆီသို့ ပြန်လည် သေးကျုံ့သွားပြီးနောက် ဝှိုက်တီ၏ ခေါင်းပြောင်ပြောင်ပေါ်တွင် လှည့်နေလေသည်။သူ့၏ မျက်ဝန်းများက ရွှေဓားမြှောင်ကို စိုက်ကြည့်ပြီး ပါးစပ်မှ အမြှုပ်တစီစီ ထုတ်လွင့်နေလေသည်။


ဝှိုက်တီက သူ့နေရာမှာပင် ဆက်လက်ရပ်နေ၏။နတ်ဘုရားသတ်ဆေဘာ အပိုင်းအစများကို ချေဖျက်ပြီးနောက် သူ့၏ စက်ရုပ်ခန္ဓာကိုယ်က စတင်ပြောင်းလဲလာလေသည်။


"ဘယ်သူက ငါ့ကို စော်ကားပြောဆိုရဲတာလဲ...ထွက်လာခဲ့စမ်း..."


ရွှေဓားမြှောင်၏ မျက်ဝန်းနီများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။သူ စားသောက်ဆိုင်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။အဘယ့်ကြောင့်ဆိုသော် ထိုအသံရှင်က ဆိုင်ထဲ၌ ရှိမှန်းသူသိပေသည်။လူများစွာကလည်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ သူတို့၏ အမူအရာများက စိတ်လှုပ်ရှားမှု အပြည့် ပြောင်းလဲသွားသည်။


တ်ိမ်ခိုးစားသောက်ဆိုင်အကြောင်းကို သိရှိသူများက ဟာသပြဇာတ်တစ်ပုဒ်ကို စောင့်မျှော်နေသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။သူတို့က ဆိုင်ရှိရာဆီသို့သာ လှမ်းကြည့်နေကြသည်။


"အဲ့ဒါက အရမ်းကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ခွေးမဟုတ်လား..."


"ဟုတ်တယ် အဲ့ဒါက ပိုင်ရှင်ပုဆိုင်ထဲက ခွေးဝတုတ်ပဲ..အဲ့ဒီခွေးက အရမ်းဝလွန်းနေပေမယ့်လည်း သူရဲ့ တိုက်ခိုက်ရေးစွမ်းရည်များက လုံးဝ အံ့မခန်းပဲ ..."


"ငါ အဲ့ဒီခွေးကို သိတယ် ငါပိုင်ရှင်ပုဆိုင်ကို လာတဲ့အချိန်တိုင်း အဲ့ဒီခွေးအိပ်နေတာကိုပဲ အမြဲတွေ့နေရတယ်...အဲ့ဒီခွေးကို ကြည့်ရတာတစ်နေ့တစ်ခြား ပိုပိုဝလာတယ်လို့ ထင်တယ်..."


ကြည့်ရှုနေသူများက တစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောဆိုနေကြလေသည်။ယခုအချိန်၌ ရွှေဓားမြှောင်ကို မည်သူ စကားပြောလိုက်မှန်း သူတို့ ခန့်မှန်းမိသွားပုံရလေသည်။အရင်အချိန်က ထိုခွေးဘုရင် လက်ဖဝါးလေးတစ်ချက်ထုတ်လိုက်ရုံဖြင့်ပင် ဆေးနန်းတော်တစ်ခုလုံး တုန်လှုပ်သွားသည့် အဖြစ်အပျက်ကို မှတ်မိနေခဲ့သေးသည်။ထို့ကြောင့် သူတို့ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။


သူတို့ရှေ့မှ ရွှေရောင်ဝံပုလွေကလည်း အလွန်ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားသည်ဟု ခံစားမိနေသည်။ထိုသူက လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် ကြီးမြတ်လှသော စွမ်းအင်နယ်ပယ်အဆင့်သို့ ရောက်ရှိနေသူ တစ်ယောက်လည်း ဖြစ်သည်။


ထို့ကြောင့် ခွေးနက်ကြီးက ထိုသူကို မည်ကဲ့သို့ ကိုင်တွယ်မည်အား သူတို့ အလွန်အမင်း သိချင်နေကြသည်။


လော့တန်ချင်း၏ မျက်ဝန်းများကမျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပလာသည်။ရွှေဓားမြှောင်က ပို၍ သန်မာလာသည်ဆိုသော်လည်း သူ့၌ နတ်ဘုရားသတ်ဆေဘာမရှိနေတော့ပေ။ထို့ကြောင့် ခွေးဝတုတ်က ထိုသူကို တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော်လည်းမည်ကဲ့သို့ အဆုံးသတ်မည်ကိုတော့ သူမခန့်မှန်းနိုင်ပေ။


အားလုံး၏ မျှော်လင့် စောင့်ဆိုင်းနေသော အကြည့်များအောက်တွင် ဆိူင်တံခါးနောက်ကွယ်မှ ဆူညံသံ သေးသေးတစ်ခု ထွက်ပေါ်လာသည်။


ကြောင်တစ်ကောင်ကဲ့သို့ လှပတင့်တယ်လှသော ခြေလှမ်းမျိုးဖြင့် ပုံရိပ်တစ်ခု ဖြေးဖြေးချင်း လျှောက်ထွက်လာသည်။၎င်းခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့၏ ခန္ဓာကိုယ်ပေါ်မှ အဆီပြင်များကလည်းတလှုပ်လှုပ်လှုပ်ခါနေသည်။


ခွေးနက်ပင်ဖြစ်သည်။


ရွှေသံချပ်ကာဝတ်အဖွဲ့များအားလုံးအံ့အားသင့်ကြောင်အသွားကြသည်။သူတို့က သူတို့၏ ကာကွယ်သူကို စော်ကားပြောရဲသောသူကို တွေ့မြင်ရန် စောင့်မျှော်နေခြင်းဖြစ်သည်။ခွေးတစ်ကောင်ကို မြင်ရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိပေ။ထို့အပြင် ၎င်းက ခွေးဝတုတ်လည်းဖြစ်နေသေးသည်။


"သောက်က်ျိုးနဲ ဘယ်လိုခွေးတစ်ကောင်က ဝံပုလွေတစ်ကောင်ကို အော်ရဲတာလဲ ..."


ရွှေဓားမြှောင် မျက်ဝန်းများမှေးကျင်း၍ ခွေးဝတုတ်ကို စူးစိုက်ကြည့်လိုက်သည်။သ်ို့သော် ထိုခွေး၏အော်ရာများကိုသူမတွေ့ပေ။ခွေးဝတုတ်က တိုင်းတာ နှိုင်းဆ၍ မရသလိုထင်ရသည်။


သို့သော်လည်း ထိုအချင်းအရာက တကယ်နှိုင်းဆ၍ မရခြင်းမဟုတ်ပဲ အံ့သြဖွယ်ကောင်းသလို ဟန်ဆောင်နေခြင်းလား...


ရွှေဓားမြှောင်က အနည်းငယ် ခြေတုံချတုံ ဖြစ်နေသည်။သို့သော်လည်းယနေ့တွင်သူက သန့်စင်နယ်မြေ၏ ကြယ်စင်မှ ခွန်အားများရရှိထားသောကြောင့် အနည်းငယ် ပိုမို သန်မာနေသည်။ယခုအချိန်တွင် သူ့၏ စွမ်းအားများက မသေမျိုးဝိညာဉ်အဆင့် ၈ဆင့်ထိ ရောက်လုနီးပါးဖြစ်နေသည်။ထို့ကြောင့် သူ မည်သည့်အရာကိုမှ မကြောက်ရွံ့ပေ။၎င်းက ခွေးတစ်ကောင်မျှသာဖြစ်သည်။ကြောက်စရာအကြောင်းမရှိပေ။


"ခွေးဝတုတ်တစ်ကောင်က ငါ့ကို လှောင်ပြောင်ရဲတယ်လား...မင်းက ဆက်ပြီး အသက်မရှင်ချင်တော့ဘူးလား..."


ရွှေဓားမြှောင်က အစွယ်များဖြဲ၍ ပြောလိုက်သည်။နံဆော်သော အာပုပ်ရည်များက သွားစွယ်များကြားမှ စီးကျလာလေသည်။မြေပြင်က ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ရွှေဓားမြှောင်က အလင်းအလျင်ကဲ့သို့ ပြောင်းလဲသွားပြီး စားသောက်ဆ်ိုင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။သူ့၏ပစ်မှတ်က တလှုပ်လှုပ်လျှောက်လာသော ခွေးဝတုတ်ပင်ဖြစ်သည်။


ပါးစပ်ထဲတွင် အစပ်ချောင်းကိုက်ထားသော နယ်သာရီ၏ မျက်ဝန်းများက အတွေးတစ်ခုဖြင့် တောက်ပသွားသည်။


ခွေးဘုရင် တ်ိုက်ခိုက်တော့မှာလား...ငတုံးဝံပုလွေကတော့ တကယ်ကိုတုံးအတာပဲ...ခွေးဘုရင် အိပ်နေတာကိုများနှောက်ယှက်ရဲတယ်...


အခြားတစ်ဘက်၌ ဝှ်ိုက်တီက လှုပ်ရှားမှုများရပ်တန့်လိုက်ပြီး နေရာမှာတွင်ရပ်ကာ မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေလေသည်။


ပုဖန် ဝှိုက်တီကိုကြည့်လိုက်မိပြီး မျက်ခုံးပင့်ကာ မေးလိုက်မိသည်။


"မယုံန်ိုင်စရာပဲ မင်းက အစာအဆိပ်သင့်တာမျိုး ထပ်ဖြစ်ပြန်ပြီလား...အရင်ကလည်း နတ်ဘုရားသတ်လက်နက်ကို စားပြီးတော့ နေမကောင်းဖြစ်ပြီးသွားပြီ..."


အစောပိုင်းကလည်း ဝှိုက်တီက အချိန်အကြာကြီး အိပ်နေခဲ့ရသည်။ယခုတစ်ဖန် နတ်ဘုရားသတ်ဆေဘာကြောင့် အလုပ်မလုပ်နိုင်ထပ်ဖြစ်ဦးမည်လား...


ရွှေဓားမြှောင်က လျှပ်စီးတန်းကဲ့သို့ပင် လျင်မြန်လှသည်။တမဟုတ်ချင်းပင် တိမ်ခိုးစားသောက်ဆိုင်ရှေ့သို့ ရောက်လာသည်။


"သေလိုက်တော့ ..."


ရွှေဓားမြှောင် ကျုံးဝါးလိုက်ပြီး လက်သည်းများကိုဆန့်ထုတ်လိုက်သည်။ကောင်းကင်က တမဟုတ်ချင်း မှောင်သွားပြီး လေပြင်းများတိုက်ခတ်လာသည်။သူ့၏ လက်သည်းချက်က ဆိုင်ကို ရည်ရွယ်လိုက်ပြီး ဆိုင်အတွင်းမှလူများအားလုံးကို ချေမွရန် ကြံလိုက်သည်။


ခွေးဘုရင်က စိတ်မကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ပြင်းထန်လှသော ဖ်ိအားအောက်တွင် သူ့၏ အဆီပြင်များပင် လှုပ်ခါနေ၏။


"မင်းကို ငတုံးကောင်လို့ ပြောလိုက်တာကို မင်းက မယုံဘူးဖြစ်နေတယ်ပေါ့လေ..."


ခွေးဘုရင်၏ တည်ငြိမ်လှသော အသံထွက်ပေါ်လာသည်။ရွှေဓားမြှောင် အံ့အားသင့်သွားသည်။


"ဒီခွေးပြောတာ ဘာအဓိပ္ပါယ်လဲ ..."


ထ်ိုအချိန်မှာပင် အနက်ရောင်ခွေး၏ ပါးစပ်ပွင့်ဟသွားပြီး နားကွဲလောက်ဖွယ်ဟောင်သံတစ်ခု ထွက်ပေါ်လာလေသည်။


ရွှေဓားမြှောင်၏ အမွှေးများအစွမ်းကုန်ထောင်ထသွားသည်။သူ့၏ပုံရိပ်က တုံ့ခနဲ ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။မမြင်နိုင်သော ဖိအားများက သူ့က်ို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။


"ဘာဖြစ်သွားတာလဲသူ့လိုမ်ျိုးအဆင့် ၈ နီးပါးရောက်နေတဲ့ သူတစ်ယောက်က ဒီခွေးရှေ့မှာဘယ်လ်ိုလုပ်ပြီး ပရစ်တစ်ကောင်လိုဖြစ်သွားရတာလဲ..."


ခွေးဘုရင်က ပါးစပ်ကို ဖြေးညှင်းစွာ ပြန်လည် ပိတ်လိုက်သည်။ယခုမှ နိုးထလာသလ်ိုမ်ျိုးသန်းဝေလိုက်လေ၏။ရွှေဓားမြှောင် မြေပြင်မှ ပြန်လည် ကုန်းထလိုက်သည်။ထို့နောက် ဝံပုလွေတစ်ကောင်ကဲ့သို့ ခြေလက်လေးချောင်းလုံးဖြင့် မြဲမြံစွာ ရပ်လိုက်သည်။၎င်းကယခုမူ အစစ်အမှန် ရွှေရောင်ဝံပုလွေ အဖြစ်သို့ ပြောင်းလဲသွားပုံပေါ်လေသည်။


သူ့၏ ခေါင်းအထက်မှ စွမ်းအင်လှိုင်းများက အဆက်မပြတ် ပြန့်ကားလာပြီးသူ့ကို ထောက်ပံ့ပေးနေလေသည်။သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များက အရှိန်အဟုန်ဖြင့် တ်ိုးမြင့်လာသည်ကို ခံစားမိလေ၏။


ရွှေဓားမြှောင်၏ မျက်ဝန်းထဒမှ ကြောက်ရွံ့မှုနှင့် တွန့်ဆုတ်မှုများအားလုံး ပျောက်ကွယ်သွားလေပြီ။ယခုအချိန်တွင် တိရစ္ဆာန်တစ်ကောင်၏ ရူးသွပ်မှုနှင့် ကြမ်းတမ်းရက်စက်မှုများက သူ့ကို ဦးဆောင်နေပေပြီ။


ဝုန်း ဝုန်း...


၎င်းက ဖုန်မှုန့်များ ကြားထဲမှာပင် ခြေလက်လေးချောင်းလုံးဖြင့် ကဆုန်ပေါက်ကာ တဟုန်ထိုးပြေးလာလေသည်။ထို့နောက် ရွှေရောင်ဝံပုလွေ ကြီးတစ်ကောင်က ခွေးဘုရင်၏ ရှေ့တွင် ထွက်ပေါ်လာလေသည်။သူ့၏ ပါးစပ်ကို ကျယ်လောင်သွာ ဖွင့်ဟလိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ခွေးဘုရင်ကို တစ်လုတ်တည်းမျိုချရန် ကြံရွယ်လိုက်သည်။ခွေးဘုရင်က သူ့၏ လက်ဖဝါးကို မြှောက်လိုက်ပြီး အသာလေးလွှဲယမ်းလိုက်သည်။


ခွေးလက်ဖဝါးပုံရိပ်လေးက ကြီးမားလာပြီးနောက် ဝံပုလွေ၏ ပါးစပ်ကို လွှဲရိုက်လိုက်၏။


ဖြောင်း...


ထိုလက်ဖဝါးရိုက်ချက်က အလွန်ပင် စွမ်းအားပြင်းပေါ်ပုံလေသည်။ရွှေရောင်ဝံပုလွေ၏ မျက်ဝန်းများ ကျွတ်ထွက်မတက်ပြူးကျယ်သွားကာ မျက်နာက လွှဲယမ်းသွားသည်။ထို့နောက် နံဆော်ပုပ်ဟောင်နေသော သားရေများက အဘက်ဘက်သို့ လွင့်စင်သွားလေသည်။


မှန်ပေသည်။လက်ဖဝါးရိုက်ချက်တစ်ချက်က မလုံလောက်သေးပေ။မိုက်မဲတုံးအလှတဲ့ ဝံပုလွေက ခွေးဘုရင်ကို စားချင်နေပေသည်။ထို့ကြောင့် သခင်ခွေးက စိတ်မကျေမနပ်ဖြစ်နေပေပြီ။


ထို့ကြောင့်ပင် ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေးကို နောက်တစ်ကြိမ် ထပ်မံ လွှဲယမ်းလိုက်ပြန်သည်။လက်ဖဝါးက နောက်ထပ်ပါးတစ်ဖက်ကို ထိခတ်သွား၏ မျက်နာက ချက်ချင်း တစ်ဖက်သို့ လွှဲယမ်းလာလေသည်။ဝံပုလေ၏ မျက်ဝန်းများ ကျွတ်ထွက်လုနီးပါးဖြစ်သွား၏ သွားအချို့ ကျိုးထွက်သွားပြီး သွေးစက်များနှင့်အတူ လွင့်ထွက်သွားလေသည်။


သူ့၏ ရှေ့တွင်ရှိနေသော ခွေးဝတုတ်က ထိုမျှအံ့အားသင့်စရာကောင်းလိမ့်မည်ဟု သူမထင်ခဲ့မိပေ။ရိုက်ချက်နှစ်ချက်ဖြင့်ပင် လုံးဝ မူးဝေနေပေပြီ။ထို့အပြင် သူ့၏ ပြိုင်ဘက်က စွမ်းအားအကုန်သုံးရသေးပုံ မပေါ်ပေ။


"ဒီလ်ို ခွန်အားမျိုး ငရဲကမ္ဘာသက်ရှိလား ..."


ရွှေရောင်ဝံပုလွေကြီးက သူ့၏ ခန္ဓာကိုယ်ကို လွှဲခါလိုက်ပြီး ခပ်ဝေးဝေးဆီသို့ ပြန်လည် ခြေချလိုက်သည်။သူ့၏ဝံပုလွေခေါင်းက အံ့အအားသင့်စရာကောင်းလောက်အောင် ဖောင်းကားနေပေပြီ။


"လခွမ်း...ငရဲကမ္ဘာသက်ရှိက ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်တောင် သန်မာနေရတာလဲ...ဒီလိုစွမ်းအားနဲ့ ငရဲကမ္ဘာသက်ရှိက ဘယ်လိုလုပ်ပြီး နဂါးမြို့ဟောင်းတိုက်ကြီးပေါ်မှာ ပေါ်လာရတာလဲ...ဒါမဖြစ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား...ဒီလို သက်ရှိမျိုးကို စည်းမျဉ်းတွေက တားဆီးပိတ်ဆို့ထားတယ်မဟုတ်လား..."


သူ မဟာလေဟာနယ်အဆင့်တစ်ယောက်ကို မြင်နေရခြင်းက မယုံနိုင်စရာကောင်းလှသည်။ထို့အပြင် ထိုထက်ပို၍ ပြောရလျှင် ထိုခွေးက မဟာလေဟာနယ်အဆင့်ထက်ပင် ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။သို့သော် ပို၍ အရေးကြီးသောအချက်က ...


"အဲ့ဒီခွေးက ဘာလို့ အဲ့ဒီလောက် ဝနေရတာလဲ...ဒီခွေးက အရမ်း အံ့သြစရာကောင်းတယ်မဟုတ်လား...ဒီလိုဆိုရင် ဘာကြောင့် နည်းနည်းလေး ပိုပြီးတော့ ခန့်ညားမနေရတာလဲ..."


ရွှေဓားမြှောင်၏ ပါးစပ်မှ သွေးများစီးကျနေသည်။သူက မိုက်မဲသော ငတုံးတစ်ယောက်မဟုတ်မှန်းသူသိပေသည်။သူက အလွန်ကြောက်စရာကောင်းသည့် ခွေးတစ်ကောင်နှင့် ဆုံတွေ့ခဲ့ရုံသာ ဖြစ်သည်။သူသည်လည်း လုံးဝ စိတ်မကျေမနပ်ဖြစ်နေလေသည်။သူ့၏ နတ်ဘုရားသတ်ဆေဘာက စားသုံးခြင်းခံလိုက်ရလေပြီ။အကယ်၍ အောင်မြင်မှု တစ်ခုမှမရရှိပဲ ထွက်ပြေးသွားခဲ့လျှင် ကျောက်ခရမ်းအကြီးအကဲ၏ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။


"မဖြစ်ဘူး...သူ့ရဲ့ အသက်ကို ရင်းပြီးတော့ စွန့်စားရမယ်..."


သန့်စင်ကြယ်မှ ထောက်ပံ့ပေးသော စွမ်းအားများကို ရယူပြီး နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရပေမည်။သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူ့ခေါင်းထက်ရှိ ကြယ်ပွင့်က လှုပ်ရှားလာပြီးနောက် ကြီးမားသော ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်သည်။ထို့နောက် ထိုပုံရိပ်က သူ့ဆီသို့ လက်ညှိုးညွှန်လိုက်လေသည်။


ရွှေဓားမြှောင်က ကြယ်စွမ်းအင်များ စီးဝင်လာမည့်အချိန်ကို စိတ်ဝင်တစားဖြင့် စောင့်နေလိုက်သည်။သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူကြောင်အမှင်သက်သွားလေသည်။


ခွေးလက်ဖဝါးလေး ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ထို့နောက် ထိုပုံရိပ်ကို တွန့်ဆိုင်းမှုမရှိပဲ ရိုက်ချလိုက်သည်။ထိုမျှမကသေးပဲ ခွေးလက်ဖဝါးက အားစိုက်ထုတ်မှုမရှိပဲ သူ့၏ ခေါင်းထက်မှ ကြယ်ပွင့်ကို ဖမ်းဆုပ်လိုက်၏။


ဖူး...


ရွှေဓားမြှောင် သွေးတစ်လုတ်အန်လိုက်ရသည်။သူ့၏ ဖောင်းကားနေသော မျက်နာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။


"အဲ့ဒါက သန့်စင်ကြယ်လေ..."


ခွေးဘုရင်က လက်ကို ပြန်ရုတ်လိုက်သည်။ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေးပေါ်တွင် လည်နေသော တောက်ပသည့် ကြယ်တစ်ပွင့်ရှိလေသည်။


"အား...ဒါက ကောင်းကင်နွေဦး သန့်စင်နယ်မြေက ကြယ်လား ကောင်းကောင်းလုပ်ထားတာပဲ..."


ခွေးဘုရင်က သူ့လက်ထဲမှ အရာဝတ္ထုကို စစ်ဆေးလိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ထို့နောက် ကြယ်ပွင့်ကို ကောင်းကင်ယံဆီသို့ လွှဲပစ်လိုက်သည်။ရွှေဓားမြှောင်၏ မျက်လုံးထဲတွင် ကောင်းကင်ယံမှ ကြယ်၏ ရောင်ပြန်ဟပ်မှုကို ဖျတ်ခနဲ မြင်လိုက်ရသည်။ခဏအတွင်းမှာပင် ၎င်းက ခွေးဘုရင် ပါးစပ်ထဲသို့ ပြန်လည်ကျလာလေသည်။ဒီခွေးက တမြုံ့မြုံ့ ဝါးနေလေရာ သူ့မျက်နာပေါ်ရှိ အဆီပြင်များပင် တလှုပ်လှုပ်ခါနေ၏။


"ထွီး...အရသာက ဆိုးဝါးလိုက်တာ ..."


ခွေးဘုရင်၏ ရွံ့ရှာစက်ဆုပ်သော မကျေမနပ်သံ ထွက်လာလေသည်။ရွှေဓားမြှောင် မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ့၏ ရောင်ကိုင်းနေသောမျက်နာပေါ်တွင် စိတ်ပျက်အားငယ်မှုများပြည့်နှက်နေသည်။ယခုအချိန်တွင် သူထပ်မံ၍ အသက်မရှင်လိုတော့ပေ။တံခါးဘောင်ကို မှီနေသာပုဖန်က ခွေးဘုရင်ကို လှမ်းမေးလိုက်သည်။


"အရသာက ဘယ်လိုနေလဲ..."


" မင်းရဲ့ နံရိုးချိုချဉ်ကြော်လောက်မကောင်းဘူး ..."


အထင်အမြင်သေးမှုအပြည့်ဖြင့် ပြောလိုက်ပြီးနောက် ဝါးကာ မျိုချလိုက်သည်။


"ကောင်းပြီ ဒီလိုဆိုရင် မင်းညှင်ညှင်သာသာ ကိုင်တွယ်သင့်တယ်နော် ...အရမ်းပဲ ပျော့ပြဲသွားအောင် မလုပ်နဲ့ အဲ့ဒီလိုသာ ဖြစ်သွားမယ်ဆိုရင် ဝံပုလွေအသားက အရသာကောင်းတော့မှာ မဟုတ်ဘူး..."


ပုဖန်က မျက်နာသေဖြင့် ပြောလိုက်၏။ခွေးဘုရင်၏ ဝတုတ်တုတ်ခန္ဓာကိုယ်က လှုပ်ခါသွားသည်။


"အိုး ... ဒီလိုဆိုရင် ငါတို့ ဒီည ဝံပုလွေ နံရိုးချိုချဉ်ကြော်စားရမှာပေါ့ ဟုတ်လား...ကောင်းပြီ ဒီခွေးဘုရင်က သေသေချာချာ ဂရုစိုက်လိုက်မယ်..."


ခွေးဘုရင်က မျှော်လင့်တောင့်တမှုများ ပြည့်နေသော မျက်ဝန်းဖြင့် ခပ်လှမ်းလှမ်းရှိ ရွှေဓားမြှောင်ကို အကဲခတ်လေ့လာလိုက်သည်။


"သောက်ကျိုးနဲ ဘာကို ဝံပုလွေနံရိုးချိုချဉ်ကြော်လဲ...မင်းတို့ ဘာအကြောင်းပြောနေရကြတာလဲ ငါဘာလို့ တစ်လုံးမှ နားမလည်ရတာလဲ..."


ရွှေဓားမြှောင် တုန်ရီ ထိတ်လန့်စွာဖြင့် တွေးလိုက်မိသည်။