အပိုင်း ၇၁၃
Viewers 53k

အခန်း ၇၁၃

ခွေးလက်ဖဝါးမှပေးတဲ့ကြောက်ရွံမှု...


အနက်ရောင်ထောင်တျဲ၏ အရိပ်ကို မြင်လိုက်သည့်အချိန်၌ ချူချန်းရှန်၏ မျက်ဝန်းများက ပုဖန်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။အနက်ရောင်ထောင်တျဲ ဝိညာဉ်က သူတို့အတွက် ထူးဆန်းသည့်အရာတစ်ခု မဟုတ်ပေ။ပထမဦးဆုံး ထိုဝိညာဉ်ကို ကလေးမလေးရှောင်ယ၏ ခန္ဓာကိုယ်ထဲ၌ စည်းခတ်ထားခဲ့သည်။


ကလေးမလေး ကြီးပြင်းလာသည်နှင့်အမျှ စည်းတံဆိပ်က အားနည်းလာခဲ့သည်။နောက်ဆုံး အစားကြူးနတ်ဘုရားစားသောက်ပွဲတော်တွင် စည်းတံဆိပ်က ပြိုလဲ ကျသွားပြီး အနက်ရောင်ထောင်တျဲ ဝိညာဉ် လွတ်မြောက်သွားလေသည်။


သို့သော်လည်း ပုဖန်က ထိုအနက်ရောင်ဝိညာဉ်ကို အဘယ်ကြောင့် (သို့မဟုတ်) မည်ကဲ့သို့ စုပ်ယူခဲ့သည်ကိုတော့ သူမသိပေ။


"ဒါက ကောင်းတဲ့အရာတစ်ခုလည်းမဟုတ်ဘူးလေ ဟုတ်တယ်မဟုတ်လား..."


အနက်ရောင်ထောင်တျဲ အထွဋ်အထိပ်အချိန်တုန်းက၎င်းသည် အဖြူရောင်ထောင်တျဲထက် အားမနည်းပေ။ယှဉ်လိုက်မည်ဆိုလျှင် အဖြူရောင်ထောင်တျဲ ထက်တောင်မှ ပို၍ ရက်စက်ကြမ်းကြုတ်လေသည်။ဒါကပင် အဖြူရောင်ထောင်တျဲကို စည်းတံဆိပ်ခတ်နှိပ်ထားခဲ့ပြီး အနက်ရောင်ထောင်တျဲကိုမူ ဖျက်စီးပစ်လိုက်ကာ ဝိညာဉ်ကိုပင် ချန်ထားခဲ့ရသည့် အကြောင်းအရင်းဖြစ်သည်။


ထောင်တျဲ၏ ဝိညာဉ် ထွက်ပေါ်လာသည့် အခိုက်အတန့်၌ ချူချန်းရှန် ၎င်း၏ ကြောက်ရွံ့မှုကို ခံစားမိသည်။ထိုအချက်က သူ့ကိုလည်း စိုးရိမ်ထိတ်လန့်သွားစေသည်။


ဘယ်လ်ိုအရာမျိုးကများ အနက်ရောင်ထောင်တျဲကို စိုးရိမ်ပူပန်အောင် လုပ်နိုင်သလဲ...


ပြဿနာ၏ အရင်းအမြစ်ကို ချူချန်းရှန်မသိသလို ပုဖန်လည်း နားမလည်နိုင်ပေ။သူမျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။အလှမ်းကွာဝေးသော နေရာဆီမှ ပြင်းထန် ကြမ်းကြုတ်လှသော စွမ်းအင်လှိုင်းများ လှုပ်ခတ်လာသည်ကို တွေ့လိုက်ရသည်။


"ဒီစွမ်းအင်အော်ရာတွေက ..."


ပုဖန် တစ်စုံတစ်ရာ ရင်းနီးနေသလိုမျိုး ခံစားလိုက်ရသည်။သိမြင်မှု သစ်သီးပင်အောက်၌ ပြန်လည် အိပ်နေပြီဖြစ်သော ခွေးဘုရင်ကလည်း တစ်စုံတစ်ကို ခံစားလိုက်မိပုံဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ပြီး ရှေ့တည့်တည့်မှ လေဟာနယ်ထဲသို့ ကြည့်လိုက်သည်။


နယ်သာရီကလည်း ချစ်စဖွယ်ကောင်းစွာ နှာခေါင်းတစ်ချက်ရှုံလိုက်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ပုဖန်၏ ဘေးတွင် ရပ်နေသော ဝှိုက်တီ၏ မျက်ဝန်းများကလည်း အလင်းရောင်တစ်ချို့ ဖြာထွက်လာပြီး အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


ရတနာရှစ်သွယ်ကြက်ပေါက်လေးကလည်း ပုဖန်၏ ခြေထောက်နှစ်ချောင်းကြားထဲသို့ တိုးဝင်လာကာ မျက်လုံးကလည်ကလည်ဖြင့် လိုက်ကြည့်နေလေသည်။


ချူချန်းရှန် အံ့သြထိတ်လန့်သွားသည်။သူ မျက်မှောင်ကြုတ်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး စားသောက်ဆိုင်ရှေ့ဆီသို့ ကြည့်လိုက်သည်။


ထိုနေရာရှိ လေဟာနယ်က စတင်တွန့်လိမ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များထွက်ပေါ်လာသည်။အလွန်ပင် ကြောက်စရာကောင်းလှသော တစ်စုံတစ်ရာ ထိုလေဟာနယ်အက်ကြောင်းထဲမှ ထွက်ပေါ်လာတော့မည့်ပုံပေါ်လေသည်။


"ဒီအရှိန်အဝါက လေဟာနယ်ကို ဖြတ်ကျော်ပြီး ခန္ဓာကိုယ်အစစ်အမှန်များ ထွက်ပေါ်လာတာလား...ရွှေဓားမြှောင် သေဆုံးမှုအတွက် သန့်စင်နယ်မြေက လက်စားချေဖို့ ရောက်လာတာများလား..."


မဖြစ်နိုင်ပေ။သန့်စင်နယ်မြေမှ ရွှေဓားမြှောင်၏ သေဆုံးမှုကို ထိုမျှ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် မသိနိုင်သေးပေ။မသေမျိုး ဝိညာဉ် အထွဋ်အထိပ်အဆင့် သို့မဟုတ် စိတ်ဝိညာဉ် သခင်သာလျှင် ခန္ဓာကိုယ်အစစ်အမှန်ဖြစ် လေဟာနယ်ကို ဖြတ်ကျော်၍ ခရီးသွားနိုင်ပေလိမ့်မည်။


သူတို့၏ ရှေ့ အက်ကွဲလာသော လေဟာနယ်ထဲမှ မည်သို့သော တည်ရှိမှုမျိုး ထွက်ပေါ်လာမည်ကို စောင့်ကြည့်နေကြသည်။ပုဖန် မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။


"ဒါက ထူးဆန်းတယ် လေဟာနယ်က အက်ကွဲလာပြီ ...အင်း ကြည့်ရတာတော့ နောက်ထပ် ပြဿနာတွေ ပေါ်လာတာ ဖြစ်နိုင်တယ်..."


ထိုအကြောင်းကြောင့်ပင် ထောင်တျဲ၏ ဝိညာဉ်က ဂနာမငြိမ် ဖြစ်နေခြင်းဖြစ်လောက်ပေသည်။


ထိုအခိုက်အတန့်၌...


 ဟိန်းဟောက်သံတစ်ချက်နှင့်အတူ လေဟာနယ်အက်ကွဲကြောင်းက ကျိုးပဲ့သွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများ လွင့်ပျံထွက်လာသည်။ချူချန်းရှန် စိုးရိမ်ထိတ်လန့်သွားမိသည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိ၏။


"ဒီဟိန်းဟောက်သံက ရင်းနီးနေတယ် ဒါက အရမ်းရင်းနီးနေတယ် အဲ့ဒါ အဲ့ဒါက အဖြူရောင်ထောင်တျဲပဲ ..."


ဘုန်း..


လေဟာနယ်အက်ကွဲကြောင်းက ပေါက်ကွဲသွားပြီးနောက် အဖြူရောင် အရိပ်တစ်ခု ထွက်ပေါ်လာလေသည်။တလှုပ်လှုပ်လွင့်ခါနေသော သားမွှေးဖြူဖြူများက သားရဲကြီးကို လှပအောင် ထောက်ပံ့နေသကဲ့သို့ပင်ရှိနေသည်။


၎င်း၏ အနီရင့်ရင့် မျက်ဝန်းများကလည်း အဆုံးအစမဲ့လှသော အံ့သြလောက်စရာစွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က အက်ကွဲကြောင်းထဲမှ လွင့်စင်ကျလာပြီးနောက် မြေပြင်ပေါ်သို့ ခြေလက်လေးချောင်းဖြင့် ရပ်တန့်လိုက်သည်။


သားရဲကြီးက ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်။အထဲမှ အဖြူရောင်ရေဝဲက လူများ၏ ဝိညာဉ်ကို စုပ်ယူ မျိုချချင်သလိုမျိုး အရှိန်အဟုန်ဖြင့် လည်ပတ်လာသည်။လူအားလုံး ကြောင်အမှင်သက်နေကြသည်။ထိုမျှ ပါးလွှာသော လေဟာနယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီး မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို မသိနိုင်ဖြစ်နေကြသည်။


သားရဲကြီး၏ သတ်ဖြတ်ခြင်းအော်ရာများက လေဟာနယ်ထဲ ပြည့်နှက်လာပြီး အဘက်ဘက်သို့ ပြန့်နှံ့လာလေသည်။၎င်းက ရက်စက်ကြမ်းကြုတ်အညှာအတာမဲ့လှသော သားရဲကြီးဖြစ်ကြောင်း သံသယရှိစရာမလိုတော့ပေ။


ချူချန်းရှန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့အတွေးများပင် ချာချာလည်နေလေ၏။


"ထောင်တျဲ အဲ့ဒီသားရဲကို ဆည်းဆာရေကန်ထဲမှာ ချုပ်နှောင်ထားခဲ့တာမဟုတ်ဘူးလား...အစားကြူးတောင်ကြားက မာစတာတွေက စောင့်ကြပ်နေကြတယ်မဟုတ်ဘူးလား အဲ့ဒီလူတွေက ဘယ်လိုလုပ်များ လွှတ်ပေးလိုက်နိုင်ရတာလဲ..."


စည်းတံဆိပ်များမရှိတော့လျှင် အဖြူရောင်ထောင်တျဲက အထွဋ်အထိပ်အဆင့် တည်ရှိမှုမျိုးဖြစ်လေသည်။ထိုကဲ့သို့သော တည်ရှိမှုမျိုးက လူတိုင်းအတွက် အန္တရာယ်ကြီးမားလှသော ကံကြမ္မာဆိုးများကိုသာ သယ်ဆောင်လာလေသည်။


အဖြူရောင်ထောင်တျဲ ဒီနေရာသို့ ရောက်လာရခြင်းအကြောင်းကမူ...

 ချူချန်းရှန် ရှင်းရှင်းလင်းလင်းနားလည်ပေသည်။၎င်းက အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်အတွက် လာခြင်းဖြစ်ပေလိမ့်မည်။


အဖြူရောင်ထောင်တျဲက အနက်ရောင် ထောင်တျဲ၏ ဝ်ိညာဉ် အနှစ်သာရကို စုပ်ယူရန် လိုအပ်နေပေသည်။သူက အဆင့်ချိုးဖောက်တက်ရောက်ခါနီး အတားအဆီးကို ရောက်နေလေပြီ ။သန့်စင်သွေးမျိုးစက်က သူ့၏ အဆင့်ချိုးဖောက်တက်ရောက်မှုကို အထောက်အကူပြုပေလ်ိမ့်မည်။


အဖြူရောင်ထောင်တျဲ၏ နှာခေါင်းမှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာသည်။၎င်း ခြေချလိုက်ရာ မြေပြင်က အတော်ဝေးဝေးထိတိုင်အောင်ပင် ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။


သူ့၏ သားရဲမျက်လုံးနီများက လူအားလုံးပေါ်ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် အနက်ရောင်ထောင်တျဲ ဝ်ိညာဉ်ရှိသည့် ပုဖန်ဆီ၌ တိတိကျကျရပ်သွားလေသည်။


အနက်ရောင်ထောင်တျဲ ဝိညာဉ်က ပို၍ပင် ကြောက်ရွံ့ထိတ်လန့်လာပြီး ဂနာမငြိမ်ဖြစ်လာလေသည်။ထိုအဖြူရောင် ထောင်တျဲက သူ့၏ ဝိညာဉ်ကို ဖျက်စီးစားသောက်ချင်နေမှန်းသူသိပေသည်။ယခုအချိန်တွင် အရသာရှိလှသော စားသောက်ဖွယ်ရာလေး ဖြစ်နေပေသည်။


မဖြစ်နိုင်ပေ။အဖြူရောင်ထောင်တျဲသာ စိတ်ဝိညာဉ် ပင်လယ်ထဲ ဝင်ရောက်သွားနိုင်ခဲ့လျှင် အားလုံးပြီးဆုံးသွားပေလိမ့်မည်။ဒီကောင်လေးက ခတ်ထန်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို သူ့၏ စိတ်ဝိညာဉ်နယ်ပယ်ထဲ ပိတ်လှောင်ထားဖို့ မဖြစ်နိုင်ပေ။


သို့သော်လည်း အဖြူရောင်ထောင်တျဲက အစစ်အမှန် ခန္ဓာကိုယ်ရှိနေခြင်းဖြစ်သည်။ထို့ကြောင့် ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲ လွယ်လွယ်ကူကူ ဝင်နိုင်မည်မဟုတ်ပေ။


ခွေးဘုရင်က ခေါင်းငဲ့စောင်း၍ အဖြူရောင်ထောင်တျဲကို ကြည့်လိုက်သည်။ထို့နောက် သူ စကားတစ်ခွန်းဆိုလိုက်၏။


"ဟေး ဒီကစားစရာအရုပ်က ကြည့်ရဆိုးလိုက်တာ..."


သူ့၏ အသံကို ဖုံးကွယ်မထားသောကြောင့် အားလုံး ရှင်းရှင်းလင်းလင်းကြားလိုက်ရပေသည်။


ချူချန်းရှန် တိတ်ဆိတ်ငြိမ်သက်သွားသည်။


ပုဖန် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး အပြည့်အဝသဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။တကယ်တမ်း သူက အဖြူရောင်ထောင်တျဲ၏ အသွင်အပြင် ကြည့်ကောင်းခြင်းမကောင်းခြင်းကို ဂရုမစိုက်ပေ။


ခွေးဘုရင်က သူ့၏အဆီပြင်များကို တလှုပ်လှုပ်ခါလိုက်ရင်းဖြင့် ဆက်လက်၍ မှတ်ချက်ပေးနေလိုက်သည်။


"ဒီကစားစရာအရုပ်လေးရဲ့ ခွန်အားကတော့ မဆိုးပါဘူး..."


မလှမ်းမကမ်းတွင်ရှိနေသော အဖြူရောင်ထောင်တျဲက ဟိန်းဟောက်လိုက်သည်။နောက်ဆုံး၌ သူ့၏ ပစ်မှတ်ကို ရှာတွေ့သွားပြီဖြစ်သည်။သူ့၏ အမွှေးဖြူများကပင် ထောင်ထနေပြီး လေအရှိန်နှင့် တဖျတ်ဖျတ်လွင့်ခါနေသည်။


အနက်ရောင်ထောင်တျဲ ဝိညာဉ်ကို မြင်လိုက်ရသည့်ခဏ၌ သူ့မျက်ဝန်းများက လောဘရောင် ပြောင်လက်လာသည်။


"မြန်မြန်ယူလိုက် အဲ့ဒါကို စားပစ်လိုက်...ဝုန်း..."


သူ့၏ လက်သည်းဖြင့် မြေပြင်ကို ပုတ်လိုက်သည်။ထို့နောက် ပုဖန်ဆီသို့ အလွန်တရာမြန်ဆန်လှသော အရှိန်နှုန်းဖြင့် တိုးဝင်လာသည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာ ဖိအားကို ပါ သယ်ဆောင်လာလေသည်။


ထိုဖိအားနှင့်အတူ အနက်ရောင်တိမ်တိုက်များလည်း စုဝေးလာသည်။ပုဖန်၏ လက်မောင်းဘေးတွင် ပတ်ခွေနေသော အနက်ရောင်ထောင်တျဲက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်မြည်လိုက်သည်။


ထို့နောက် အခိုးအငွေ့အဖြစ် ပြန်လည်ပြောင်းသွားပြီး ပုဖန်လက်မောင်းမှ လက်ပတ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။


ချူချန်းရှန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။အဖြူရောင်ထောင်တျဲ၏ တိုက်ခိုက်မှုက တကယ်ကို မသေမျိုး ဝိညာဉ်အထွဋ်အထိပ်အဆင့် စွမ်းအင်ဖြစ်သည်။


ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပလာသည်။သူ့၏ သတ္တုတောင်ပံတစ်စုံကို ဖြန့်ကားလိုက်သည်။သူ့၏ ခန္ဓာကိုယ်ပုံစံကလည်း ပြောင်းလဲသွားသည်။နတ်ဘုရားသတ်ဖြတ်သူ ဝှိုက်တီ အဖြစ်သို့ကူးပြောင်းသွားပေပြီ။သူ့၏ ခေါင်းထက်မှ ချွန်ထက်လှသော ဦးချိုကလည်း ခေါင်းပေါ်တွင်ရှိနေသော ပုစွန်ပိစိကိုပင် ကြောက်ရွံ့သွားစေသည်။


ပုစွန်ပိစိက လေထဲတွင်လိမ့်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က တဖြေးဖြေးကြီးမားလာကာ ရွှေဖြင့် ပြုလုပ်ထားသော အရာဝတ္တုပုံစံသို့ တောက်ပြောင်လင်းလက်လာသည်။


ဝှိုက်တီ သူ့၏ ဝမ်းဗိုက်ထဲမှ ပုံစံငယ်များတောက်ပနေသော တုတ်ချောင်းကိုဆွဲထုတ်လိုက်သည်။ထိုနတ်ဘုရားသတ်တုတ်က အနီရောင် သတ္တုချောင်းတစ်ချောင်းနှင့်သာ တူလှသည်။ရုတ်တရက် ထိုတုတ်ချောင်းက ပုံရိပ်ယောင်များစွာအဖြစ်သို့ ပြောင်းလဲသွားသည်။


၎င်းက အဖြူရောင်ထောင်တျဲပေါ်သို့ ကျရောက်လာလေသည်။အဖြူရောင်ထောင်တျဲက ပါးစပ်ကို ဖွင့်ဟ၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။သူ့ပါးစပ်ထဲမှ အဖြူရောင်ရေဝဲက စတင်လည်ပတ်လာပြီး စွမ်းအင်များ မြင့်တက်လာသည်။


ဘုန်း...


အဖြူရောင်ထောင်တျဲ၏ စွမ်းအင်လှိုင်းများနှင့် ဝှိုက်တီ၏ တုတ်ချောင်းတို့ ထိခတ်မိရာမှ လေဟာနယ်တွင် ပေါက်ကွဲမှုများထွက်ပေါ်လာသည်။ပြင်းထန်လှသော လေဖိအားက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။


ထိုအခိုက်အတန့်တွင် လေလှိုင်းများကြားထဲမှ ကြီးမားလှသောခန္ဓာကိုယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။၎င်း၏ လက်သည်းချက်များက ဝှိုက်တီနှင့် ပုစွန်ပိစိကို အဝေးသို့ လွင့်ထွက်သွားစေသည်။


သူတို့နှစ်ယောက်စလုံး ခုခံနိုင်စွမ်းမရှိလိုက်ပေ။မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နေသော မြေပြင်ပေါ်တွင် နက်ရှိုင်းလှသောကျွင်းကြီးဖြစ်ပေါ်သွားစေသည်။


ထိပ်တိုက်တစ်ချက်တွေ့စဉ်မှာပင် ဝှိုက်တီ ရှုံးနိမ့်ခဲ့ရသည်။လက်သည်းကုတ်ချက်တစ်ချက်က နတ်ဘုရားသတ်ဝှိုက်တီကို လွင့်ထွက်သွားစေခဲ့ပြီ။


အဖြူရောင်ထောင်တျဲ၏ တိုက်ခိုက်ရေးစွမ်းရည်က သေးသးကွေးကွေးမဟုတ်ပေ။၎င်းက စိတ်ဝိညာဉ်သခင်အဆင့်သို့ ရောက်ရှိလုနီးဖြစ်နေပေပြီ။သူ့၏ စွမ်းအင်အကုန်လုံးကို ပြန်လည်မရရှိသော်လည်းယခုလက်ရှိကပင် ကြောက်မက်ဖွယ်ကောင်းနေပေပြီ။


အဖြူရောင်ထောင်တျဲက နားကွဲလောက်ဖွယ်အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်ငယ်များ ပိုမိုတောက်ပလာသည်။သူ့၏ ပါးစပ်အတွင်းမှ အဖြူရောင်ရေဝဲကလည်း စားသောက်ဆိုင်တစ်ခုလုံးကိုပင် စုပ်ယူမျိုချလိုက်ချင်သလိူမျိူး အရူးအမူးလည်ပတ်နေသည်။


ထိုနည်းလမ်းဖြင့် ဆိုလျှင် အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်က မည်ကဲ့သို့မှ ထွက်ပြေးနိုင်လိုက်မည်မဟုတ်တော့ပေ။


နန်ကုန်းဝူချယ်၏ မျက်နာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေသည်။ရွှေရောင်ဝံပုလွေကြီး အသတ်ခံရပြီးနောက် နောက်ထပ် သားရဲကြီးတစ်ကောင် ထွက်ပေါ်လာခြင်းက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပေသည်။သူ စိတ်လှုပ်ရှားလွန်း၍ ငိုမိမတက်ပင်ဖြစ်နေလေသည်။


လော့တန်ချင်း၏ မျက်နာကမူ သွေးရောင်မရှိတော့အောင် ဖျော့တော့နေပေပြီ။


အဖြူရောင်ထောင်တျဲ...

 စည်းခတ်ထားခြင်းမရှိတော့သော အဖြူရောင်ထောင်တျဲ...


 ၎င်း၏ တည်ရှိမှုက ဆေးနန်းတော် တစ်ခုလုံးကိုပင် လက်ကလေးတစ်ချက်တောက်လိုက်ရုံဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်ပေသည်။


"ကြည့်လိုက် အဲ့ဒါက အကုန်လုံးကို သတ်ချင်နေတယ်...၎င်းက အနက်ရောင်ထောင်တျဲရဲ့ ဝိညာဉ်ကို အခုချက်ချင်းပဲ မျိုချစားသောက်ပစ်ချင်နေတယ်..."


အဖြူရောင်ထောင်တျဲကလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်နေသည်။သို့သော်လည်း နောက်ခဏမှာပင် သူ့၏ ဟိန်းဟောက်သံများ ရပ်တန့်သွားသည်။


စားသောက်ဆိုင်၏ရှေ့၌ ခွေးဖက်တီးတစ်ကောင်က သိမ်မွေ့စွာဖြင့် လျှောက်လှမ်းလာသည်။ထို့နောက် ချစ်စဖွယ်ကောင်းလှသောလက်ဖဝါးလေးကို မြောက်၍ လေဟာနယ်ကို ပုတ်လိုက်သည်။


ထိုလှုပ်ရှားမှု...


အဖြူရောင်ထောင်တျဲ၏ မျက်ဝန်းထဲတွင် ထိုလှုပ်ရှားမှုမျိုးကို ရင်းနီးကျွမ်းဝင်နေလေသည်။အချိန်တိုအတွင်းမှာပင် ခွေးလက်ဖဝါး၏ စွမ်းအင်များက လေဟာနယ်ထဲတွင် ထွက်ပေါ်လာနေသည်။


ဒီခွေးလက်ဖဝါး...


အဖြူရောင်ထောင်တျဲ၏ နက်ရှိုင်းလှသော မှတ်ဉာဏ်ထဲတွင် ထိုလက်ဖဝါးအကြောင်းကို ထွင်းထုထားပေသည်။ထိုလက်ဖဝါးကို မြင်လိုက်သည်နှင့် သူ့၏ အဖြူရောင်မွှေးများပင် ထောင်ထသွားသည်။


အရင်က သူ ထ်ိုအနက်ရောင်ထောင်တျဲ၏ဝိညာဉ်ကို စားသုံးရန် ကြံစည်ခြင်းကလည်း ထိုလက်ဖဝါးထွက်ပေါ်လာခဲ့သည်။ယခု နောက်တစ်ဖန် ထွက်ပေါ်လာပြန်ပြီ။


"ခွင့်မလွှတ်နိုင်တော့ဘူး...


ဘုန်း..."


သို့သော်လည်းသူ့၏ အတွေးများက အသုံးမဝင်ပေ။သူရှောင်တိမ်းချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။ခွေးလက်ဖဝါးက သူ့ခေါင်းကို တည့်တည့်ရိုက်ချလိုက်လေသည်။


ရင်းနီးနေသော မြင်ကွင်း ရင်းနီးနေသော ခံစားမှု ...


ခွေးလက်ဖဝါး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသောအခါ အဖြူရောင်ထောင်တျဲ ကြောက်ရွံ့ထိတ်လန့်ခြင်းကို ပြန်လည် အမှတ်ရသွားစေသည်။