အပိုင်း ၇၁၄
Viewers 53k

အခန်း ၇၁၄

မိုင်ထောင်ချီခရီးနှင်၍ ချက်ပြုတ်ရန်ပါဝင်ပစ္စည်း လာပို့ခြင်း....


ကြောက်မက်ဖွယ်ကောင်းလှသော ခွေးလက်ဖဝါး စွမ်းအင်များက အလျင်အမြန် စုစည်းလာပြီး ကောင်းကင်ယံထက်တွင် ခွေးလက်ဖဝါးပုံရိပ်ဖြစ်တည်လာသည်။အဖြူရောင်ထောင်တျဲ ပါးစပ်တွင်းမှ စွမ်းအင်ရေဝဲက တဖြေးဖြေးချင်း နှေးသွားသည်။၎င်းက ခွေးလက်ဖဝါးကို မှတ်မိသွားပုံဖြင့် သူ့၏ မျက်ဝန်းများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်လာသည်။


ခွေးလက်ဖဝါးက လေဟာနယ်ကိုဖြတ်၍ ထောင်တျဲ၏ ခေါင်းကို ရ်ိုက်ချလိုက်သည်။ဆူညံလှသော တုန်ခါသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထောင်တျဲ၏ ခန္ဓာကိုယ်က မြေပြင်နှင့်ရိုက်မိသွားသည်။


ထောင်တျဲက ခဏမျှ ကြောင်အမှင်သက်နေပြီးနောက် နောက်တစ်ကြိမ် ဒေါသထွက်လာသည်။သားရဲ ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် လှိမ့်၍ ထလိုက်ပြီး သူ့၏ ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်သည်။သူ့၏ မျက်ဝန်းများက သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။


"ဒီခွေးလက်ဖဝါးပဲ ထွက်ပေါ်လာပြန်ပြီလား...


ထောင်တျဲ၏ ဝိညာဉ်ကို စုပ်ယူမျိုချချင်တုန်းကလည်း ထိုလက်ဖဝါး၏ တားဆီးခြင်းကို ခံလိုက်ရသည်။သို့သော် ယခုတွင်တော့ ထိုကဲ့သို့ ထပ်မံဖြစ်ပွားမလာအောင် လုပ်ဆောင်ရပေမည်။


ဝေါင်း...


အဖြူရောင်ထောင်တျဲက ဟိန်းဟောက်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူအားကို ထုတ်လွင့်လိုက်သည်။


ခွေးဘုရင်က အဖြူရောင်ထောင်တျဲ မြေပြင်မှထ၍ ဟိန်းဟောက်လိုက်သည်အထိ ကြည့်နေခဲ့သည်။ထို့နောက်တစ်ဖန် လက်ဖဝါးလေးက်ို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။


သို့သော်လည်း ဒီတစ်ကြိမ်တွင် အဖြူရောင်ထောင်တျဲက ရှောင်တိမ်းခြင်းမရှိပေ။ထိုအစားသူက လက်ဖဝါးရှိရာဆီသို့ အလျင်အမြန်ပြေးလာလေသည်။သူ့၏ အရှိန်နှုန်းက မြန်ဆန်လွန်းလှသောကြောင့် မျက်စိနှင့် မြင်နိုင်ရန်ပင် ခဲယဉ်းလွန်းလှသည်။ သူ့၏ ပါးစပ်ကို ကျယ်လောင်စွာဟ၍ ထ်ိုခွေးလက်ဖဝါးအား တစ်လုတ်တည်းဖြင့် မျိုချန်ိုင်ရန် ကြိုးစားလိုက်သည်။


လေထဲတွင် ခွေးလက်ဖဝါး၏ စွမ်းအင်များက ပြန့်နှံ့နေသည်။အဖြူရောင်ထောင်တျဲက ခွေးလက်ဖဝါးကို စားသုံးလိုက်ပြီးနောက် ထိုစွမ်းအင်များကို အပိုင်စီးရန် ကြံစည်လိုက်သည်။သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ပေ။သူခွေးလက်ဖဝါးကို မကိုက်လိုက်နိုင်ခင်မှာပင် သူ့၏ ခေါင်းကိုနောက်တစ်ကြိမ် ဆော်ခံလိုက်ရပြန်သည်။


နောက်ထပ်မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး အဖြူရောင်ထောင်တျဲက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြန်သည်။


ချူချန်းရှန် ကြောင်အမှင်သက်နေမိသည်။သူ အဖြူရောင်ထောင်တျဲ မြေပြင်ပေါ်မှ နောက်တစ်ကြိမ်ရုန်းကန်ထလာသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေမိသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းများက တဆတ်ဆတ်တုန်ခါနေပြီး သူ့၏ မျက်ဝန်းကိုပင် မယုံကြည်န်ိုင်ဖြစ်နေမ်ိသည်။


စည်းတံဆိပ်များမရှိတော့သည့်နောက် အဖြူရောင်ထောင်တျဲ၏ စွမ်းရည်က စိတ်ဝိညဉ် သခင်အဆင့်သို့ ရောက်ခါနီးပင် ဖြစ်နေပေသည်။သို့သော်လည်း ထိုကဲ့သို့ စွမ်းအားမျိုးက ခွေးတစ်ကောင်၏ရှေ့တွင် သေလုနီးပါးရိုက်ခံနေရလေသည်။ဒါက ရှိသမျှ သိက္ခာများအားလုံး မြောင်းထဲ လွှင့်ပစ်ခံလိုက်ရသလိုပင်။


"သောက်ကျိုးနဲ ..."


မှန်ပေသည်။ချူချန်းရှန်ကလည်း ထိုခွေးလက်ဖဝါးအား မှတ်မိပေသည်။ထိုလက်ဖဝါးကြောင့်သာ မဟုတ်လျှင် အနက်ရောင်ထောင်တျဲက အဖြူရောင်ထောင်တျဲ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးဖြစ်သည်။


ဘုန်း...


ဝှိုက်တီ အပျက်အစီးပုံများကြားထဲမှ ပြန်လည် ထွက်ပေါ်လာသည်။သူ့၏ နတ်ဘုရားသတ်တုတ်က အနီရောင် ရဲရဲထပ်မံတောက်ပနေပြန်သည်။သို့သော်လည်း အဖြူရောင်ထောင်တျဲ မြေပြင်ပေါ် လဲကျနေသည်ကို တွေ့လိုက်ပြီးနောက် သူ့၏ မျက်လုံးများ လှုပ်ခါသွားသည်။ထို့နောက် သူ့၏ ခေါင်းပြောင်ပြောင်ကို ကုတ်လိုက်ပြီး အနောက်သို့ဆုတ်၍ ရပ်နေလိုက်သည်။


ပုဖန်ကမူ ထိုသားရဲကောင် နှစ်ကြိမ်တိုင်တိုင်ရိုက်ချခံလိုက်ရသည့်မြင်ကွင်းကို ခပ်တည်တည်ဖြင့် ကြည့်ရှုနေလေ၏။ထိုသားရဲကောင်က သူ့ဆိုင်ဆီသို့ တမင်တကာ ဦးတည်လာခြင်းဖြစ်သည်။၎င်းက အခုထိတိုင်အောင်လိုချင်...


"အဲ့ဒီသားရဲကို စည်းခတ်ထားတယ်လို့ ချူချန်းရှန် မပြောခဲ့ဘူးလား..."


အရင်ကလည်း ထိုအဖြူရောင်ထောင်တျဲက ပြဿနာများစွာ ရှာထားခဲပြီးဖြစ်သည်။ထိုမိုက်မဲတုံးအလှသော သားရဲကောင်က ပုဖန်၏ မျက်နာကို ကြည့်၍ အကြိမ်များစွာ ဟစ်အော်ခဲ့သည်။


ယနေ့တွင်လည်း တိမ်ခိုးစားသောက်ဆိုင်ရှိရာဆီသို့ ရောက်လာပြီး ကြမ်းတမ်းရက်စက်စွာ ပြုမူနေပြန်သည်။ထိုသားရဲက အသက်ရှင်ရမှာ ပျင်းလွန်းသောကြောင့် သူ့သေတွင်းသူ လာတူးခြင်းလား...


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် သိမ်မွေ့စွာ လျှောက်လှမ်းလာသည်။အဖြူရောင်ထောင်တျဲက မြေပြင်ပေါ်မှနေ ရုန်းကန်၍ ထလိုက်သည်။


သူ့၏ ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်နှင့် မြောက်များလှစွာသော စွမ်းအင်စီးကြောင်းများစုစည်းလာကာ ပြင်းထန်ကြမ်းတမ်းလှသော စွမ်းအင်တစ်လုံးဖြစ်တည်လာလေသည်။၎င်း စွမ်းအင်လုံးထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များ ပါဝင်နေပေသည်။စတင်စုစည်းလာသည်နှင့် လေဟာနယ်က မျက်စိဖြင့်ပင် မြင်နိုင်သော အရှိန်နှုန်းဖြင့် တွန့်လိမ်လာသည်။


ဘန်း...


သို့သော်လည်း သူ့၏ စွမ်းအင်လုံးကို မပစ်လွှတ်ရသေးခင်မှာပင် ခွေးလက်ဖဝါးက နောက်တစ်ကြိမ် ထပ်မံ ရိုက်ခတ်လာလေသည်။စွမ်းအင်လုံးက ပြိုပျက်သွားပြီး ပါးလ်လျသော လေထုထဲ လွင့်ပါးပျောက်ကွယ်သွားသည်။


ဝီ...


ခွေးလက်ဖဝါး ပြန်လည် ပျောက်ကွယ်သွားပြီးနောက် လက်ဖဝါးအစား အလွန်ပင် ဝသော အနက်ရောင်ခွေးဖက်တီးတစ်ကောင်ပေါ်လာ၏။ထိုခွေးက သိမ်မွေ့ညင်သာစွာ လျှောက်လှမ်းလာနေသော်လည်း အချိန်တိုတွင်းမှာပင် အဖြူရောင်ထောင်တျဲနားသို့ ရောက်လာသည်။ခွေးဘုရင် ၏ ခန္ဓာကိုယ်က အဖြူရောင်ထောင်တျဲ၏ ကြီးမားလှသောခန္ဓာကိုယ်ကြီးထက် အဆပေါင်းများစွာ သေးငယ်လေသည်။


သို့သော်လည်း ထိုခွေးဖက်တီး၏ တည်ငြိမ်ပျင်းရိနေသော အမူအရာက မယုံကြည်နိုင်စရာ အရှိန်အဝါမျိုးကို ပေးစွမ်းလေသည်။


"ဝံပုလွေ နံရိုးချိုချဉ်ကြော်မရှိတော့ဘူးဆိုပေမယ့် အဲ့ဒီအစား ထောင်တျဲ နံရိုးချိုချဉ်ကြော်တော့ စားလို့ရပါသေးတယ်..."


ခွေးဘုရင်က လျှာထုတ်၍ နှုတ်ခမ်းများကို သပ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။


အဖြူရောင်ထောင်တျဲ ထရပ်လိုက်ပြီး ခွေးဘုရင်ကို အေးစက်စွာဖြင့် စောင်းကြည့်လိုက်သည်။သူ့၏ အဖြူရောင်ရေဝဲထဲမှ စွမ်းအင်လည်ပတ်နှုန်းကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။၄င်းက တကယ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိလှသည်။


"မဆိုးဘူး ဒီထောင်တျဲက အားမနည်းဘူးပဲ..."


ချူချန်းရှန်နှင့် အခြားသူများက ခွေးဘုရင်၏ စကားကြောင့် မျက်ခုံးပင့်လိုက်မိကြသည်။


"ဒီခွေးဖက်တီးက အဖြူရောင်ထောင်တျဲကိုတောင် စားချင်နေတာလား...သူက ခွေးလက်ဖဝါးလေးရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ပြတော့မလို့လား.."


လူအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ပုဖန်က တံခါးဘောင်ကို မှီရင်း အဖြူရောင်ထောင်တျဲကို မျက်ဝန်းများတောက်ပစွာဖြင့် ကြည့်နေသည်။ 


သူအရင်က ထောင်တျဲအသား တခါမှ မစားဘူးပေ။၎င်းက မည်သို့အရသာရှိမည်ကို သိချင်နေမိသည်။တစ်ကြိမ်လောက်စားသုံးလိုက်ရလျှင် မဆိုးလှပေ။


"ထောင်တျဲအရသာက မဆိုးလောက်ဘူးကွ..."


ပုဖန် နှုတ်ခမ်းသပ်လိုက်မိသည်။ခွေးဘုရင်က ပုဖန်ဆီမှ စကားကို ကြားလိုက်သည်နှင့် မျက်ဝန်းများ တောက်ပသွားသည် ထိုအခိုက်အတန့်၌ ပျင်းရိလေးကန်နေသော အမူအရာများ ပျောက်ကွယ်သွားလေသည်။


ထို့နောက် ခွေးလက်ဖဝါးလေး မြောက်တက်လာပြီး နောက်တစ်ကြိမ် ထပ်မံ ရိုက်နှက်လိုက်သည်။ကျယ်လောင်သော အသံနှင့်အတူ အဖြူရောင်ထောင်တျဲက မြေထဲသို့ နစ်ကျွံသွားပြန်သည်။


"တုံးအ ရိုင်းစိုင်းတဲ့ တိရစ္ဆာန် မင်းမှာ အသားတွေ အများကြီးရှိတာပဲ မဆိုးဘူး..."


ဘလက်ကီ ထပ်ပြောလိုက်သည်။


အားလုံး ပြောစရာစကားစွံ့အစွာဖြင့် ခွေးဘုရင်၏ ဝတုတ်တုတ်ခန္ဓာကိုယ်ကို ကြည့်လိုက်မိကြသည်။


"ဘယ်လိုသတ္တိတွေနဲ့ ထောင်တျဲက အသားများတယ်လို့ပြောလိုက်တာလဲ..."


ထောင်တျဲကလည်း ခွေးဘုရင်၏စကားက ရယ်စရာကောင်းလှသည်ဟု ခံစားမိသည်။သို့သော်လည်း သူ့မှာ ခွေးဘုရင်ကြောင့် အလွန်အမင်း ဒေါသထွက်နေရသောကြောင့် မရယ်နိုင်ပေ။


အဖြူရောင်ထောင်တျဲက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။သူ့၏ အသံက မနက်ခင်းခေါင်းလောင်းတီးသလိုမျိုး လူတိုင်း၏ နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်မိလေသည်။၎င်းက ခွေးဘုရင်၏ မျက်နာကို တည့်တည့်ကြည့်၍ ရူးသွပ်စွာပင် ဟိန်းဟောက်လိုက်သည်။သူက ခွေးဘုရင်၏ အော်ရာများကို အာရုံမခံမိသောကြောင့် ယခုထိတ်ိုင်အောင် ဟိန်းဟောက်အော်ဟစ်နေရဲခြင်းဖြစ်သည်။


ခွေးဘုရင်၏ တုံ့ပြန်မှုက ရိုးရှင်းလှသော်လည်း ရက်စက်ကြမ်းတမ်းလှသည်။သူက ပါးစပ်ကျယ်ကျယ်ဖွင့်ဟလိုက်ပြီး ဟောင်သံ တစ်ချက် ပြုလုပ်လိုက်လေသည်။


ဝု..


ကြောက်မက်ဖွယ်ရာ အော်ရာများနှင့်အတူ ခြိမ်းခြောက်နိုင်စွမ်းရှိသော ဖိအားများကျရောက်လာသည်။လေပြင်းများ တိုက်ခတ်လာပြီး ကျောက်တုံးကျောက်စများ နေရာအနှံ့လွင့်စင်လာသည်။ခွေးဘုရင်၏ ဟောင်သံကြောင့် အဖြူရောင်ထောင်တျဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။သားရဲကြီးက မူးဝေနေပြီး ဆူညံသံများမဆက်မပြတ် ကြားနေရသလို ခံစားနေရသည်။


"ဒီခွေး အရမ်း စွမ်းအားကြီးလွန်းတယ်..."


အဖြူရောင်ထောင်တျဲအား လက်ကလေးတစ်ဖက်ဖြင့် အနိုင်ယူနေသော မြင်ကွင်းအား ကြည့်၍ ချူချန်းရှန်၏ အမူအရာက ပို၍ လေးနက်တည်ငြိမ်လာသည်။သူက အခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။ယနေ့တွင် သူ့ကို ခတ်နှိပ်ထားသော စည်းတံဆိပ်များကို ချိုးဖျက်နိုင်ခဲ့သည်။


သူ အကောင်းဆုံးအခြေအနေကို ပြန်ရဖို့အတွက် အနက်ရောင်ထောင်တျဲ၏ ဝ်ိညာဉ် အနှစ်သာရကို ရှာ၍ စားသောက်ရန်သာ လိုအပ်သည်။သို့သော်လည်း အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်ကို မရှာရသေးခင်မှာပင် ခွေးယောင်ဆောင်ထားသော နတ်ဆိုးတစ်ကောင်နှင့် တွေ့ဆုံခဲ့ရမည်ဟု မထင်ထားမိပေ။


ချစ်စဖွယ်ကောင်းသော ခွေးလက်ဖဝါးလေး နောက်တစ်ကြိမ်လှုပ်ခါသွားပြန်သည်။အဖြူရောင်ထောင်တျဲ၏။ခေါင်းက မြေပြင်နှင့် ရိုက်ခတ်မိသွားပြီး ကျောက်တုံးများကွဲကြေသွားသည်။


ခွေးဘုရင်က အပြောင်းအလဲမရှိသော အမူအရာဖြင့်ပင် ခွေးလက်ဖဝါးလေးကို လှုပ်ခါလိုက်သည်။တစ်ချက်နှင့်အလုပ်မဖြစ်လျှင် နှစ်ချက်ရိုက်ပေလိမ့်မည်။ခွေးလက်ဖဝါးလေးက တစ်ချက်ပြီးတိုင်း နောက်တစ်ချက်ကျရောက်လာသည်။လက်ဖဝါးဒဏ်ကြောင့် မြေပြင်က အက်ကွဲကာ ပြိုကျပျက်စီးလာ၏။


အဖြူရောင်ထောင်တျဲ၏ ခေါင်းက မြေကြီးထဲသို့ နစ်သထက်နစ်ကျွံ့သွားသည်။သူ့၌ ရုန်းကန်နိုင်ရန် အင်အားအနည်းငယ်မျှပင် မရှိတော့ပေ။ ၁၀ချက်ကျော်မျှ ချပြီးနောက် ခွေးဘုရင်က လုံလောက်ပြီဟု တွေးလိုက်မိသည်။ထိုအချိန်တွင် အပျက်အစီးပုံများကြားထဲမှ အဖြူရောင်ထောင်တျဲက အသက်မျော့မျော့သာ ရှိတော့သည်။၎င်း၏ အသက်ရှူနှုန်းက အလွန်တရာ အားနည်းဖျော့တော့နေပေပြီ။


"ဘယ်လိုပဲဖြစ်ဖြစ် မင်း နည်းနည်းတော့ ခုခံသင့်တာပေါ့ ...ဒီလိုမျိုး မလှုပ်ရှားတော့ဘူးဆိုရင် ဘယ်မှာလာပြီး ပျော်စရာကောင်းတော့မှာလဲ..."


ခွေးဘုရင်က တစ်စုံတစ်ရာ မကျေနပ်ပုံဖြင့် ပြောလိုက်သည်။ထို့နောက် လေထဲတွင် မျောလွင့်ရင်း သူ့၏ လက်ဖဝါးလေးကို လျက်နေလိုက်၏။ပြီးနောက် လက်ဖဝါးလေးက နောက်တစ်ကြိမ်ကျရောက်လာပြန်သည်။


ခွေးလက်ဖဝါးများစွမ်းအင်များ စုစည်းသွားပြီး လေထဲတွင် ဖြစ်ပေါ်လာသော လက်ဖဝါးကြီးက အားအင်အပြည့်ဖြင့်ကျရောက်လာ၏။


ဘုန်း...


အဖြူရောင်ထောင်တျဲက အနည်းငယ်မျှ မလှုပ်နိုင်တော့ပေ။ကမ္ဘာမြေပြင် အက်ကွဲသွားလေသည်။မြေပြင်ပေါ်၌ အနက်ရောင်သွေးများ စွန်းထင်းသွားသည်။ခွေးဘုရင် နှာခေါင်းရှုံ့လိုက်ပြီးခပ်တိုးတိုးတစ်စုံတစ်ရာ ရေရွတ်လိုက်သည်။


 ထို့နောက် ကျက်သရေရှိ တင့်တယ်လှသော ခြေလှမ်းများဖြင့် စားသောက်ဆိုင်သို့ ပြန်လှည့်သွားသည်။


"ပုဖန်ကောင်လေး အခုမင်းအလှည့်ပဲ...ပြီးရင် ငါ့ကို ပူပူနွေးနွေး ထောင်တျဲ နံရိုးချိုချဉ်ကြော်ဆက်သ..."


ခွေးဘုရင်၏ ပျင်းရိသော်လည်း ဆွဲဆောင်မှုရှိသည့် အသံ ထွက်ပေါ်လာသည်။လူအားလုံးက မြေကြီးထဲသို့ ခေါင်းနစ်ဝင်အောင် ရိုက်ခံထားရသော ထောင်တျဲ၏ ကြီးမားလှသော ခန္ဓာကိုယ်ကိုကြည့်၍ တိတ်ဆိတ်နေကြသည်။


"မိုင်ထောင်ချီ ဖြတ်သန်းခရီးနှင်လာပြီး စားစရာလာပို့ပေးတာ... ဒီတစ်ယောက်ကလွဲပြီး ဘယ်သူမှ အဲ့ဒီလိုလုပ်မှာမဟုတ်ဘူး..."


နန်ကုန်းဝူချယ်က ရုတ်တရက် ကျယ်လောင်စွာထရယ်လိုက်ပြီး တင်းမာနေသော လေထုကို ဖြတ်စီးလိုက်သည်။ချူချန်းရှန်၏နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။


"မိုင်ထောင်ချီ ခရီးနှင်ပြီး ချက်ပြုတ်ဖို့ပါဝင်ပစ္စည်းလာပို့တယ်ပေါ့ မင်းအဲ့ဒီလိုမျိုး တွေးလိုက်တယ်ပေါ့လေ...အဲ့ဒါက စိတ်ဝိညာဉ် သခင်အဆင့်ရောက်ခါနီး ထောင်တျဲကွ...ဒီလို အဆင့် စိတ်ဝိညာဉ်သားရဲမျိုးက မင်းရဲ့အိမ်တံခါးခေါက်ပြီး အသားလာပို့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...အရာအားလုံးက တိုက်တိုက်ဆိုင်ဆိုင်လွဲမှားသွားတာပဲ..."


ချူချန်းရှန် မျက်မြင်ကြုံတွေ့ခဲ့ရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေမိသည်။သို့သော်လည်း ထိုအရာက အံ့သြတုန်လှုပ်ဖွယ်ကောင်းလှသည့် အမှန်တရားသာဖြစ်သည်။မော်မော်ကြွားကြွားနေခဲ့သော ထောင်တျဲက ခွေးလက်ဖဝါး၏။ ရိုက်ချက်အောက်တွင် အသက်ပေးလိုက်ရလေပြီ။


ချူချန်းရှန် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး မြေကြီးထဲ နစ်မြှုပ်ခံထားရသည့် အဖြူရောင်ထောင်တျဲကိုကြည့်လိုက်သည်။သူမျက်မှောင်ကြုတ်လိုက်မိ၏။အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်တွင် အနက်ရောင်စွမ်းအင်များက အနက်ရောင်အခိုးအငွေ့များအဖြစ် ရစ်ဝဲနေလေသည်။၎င်းက ငရဲကမ္ဘာသက်ရှိ၏ တိုက်ခိုက်မှုသာဖြစ်သည်။


"ဒီခွေးက ငရဲကမ္ဘာသက်ရှိပေါ့...ကြောက်စရာကောင်းလွန်းတယ် ..."


ပုဖန် ခွေးဘုရင်ကို ပြန်ဖြေလိုက်ပြီးနောက် သူ့၏ စွမ်းအင်အနည်းငယ်ထုတ်ဖော်လိုက်ကာ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ ထောင်တျဲ၏ ခန္ဓာကိုယ်ပေါ်တွင် ပြန်လည် ထွက်ပေါ်လာသည်။


ပုဖန်၏ လက်မောင်းပတ်မှ အခိုးအငွေ့များထွက်ပေါ်လာပြီး အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်အဖြစ်ပြောင်းလဲသွားသည်။ထိုသားရဲ ကောင်က ပေါ်လာသည်နှင့် မြေပြင်ပေါ်မှထောင်တျဲအလောင်းကို ကြည့်လိုက်သည်။အနက်ရောင်ထောင်တျဲ ဝိညာဉ်က ဟိန်းဟောက်လိုက်ပြီးနောက် အဖြူရောင်ထောင်တျဲရှိရာဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားလေသည်။


ဟူး...လား...လား..


အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်မှလည်း ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ထို့နောက် အဖြူရောင်အလင်းစက်များစီးဆင်းထွက်ပေါ်လာပြီး သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကိုပါ ပီပီပြင်ပြင်ကြားလိုက်ရသည်။၎င်းက အဖြူရောင်ထောင်တျဲ ဝ်ိညာဉ်ပင်ဖြစ်သည်။


ယခုမှ လွတ်မြောက်လာသော အဖြူရောင်ထောင်တျဲ ဝိညာဉ်က အနက်ရောင်ထောင်တျဲ ဝိညာဉ်နှင့် ရင်ဆိုင်လိုက်သည်။အနက်ရောင်ထောင်တျဲက မည်သည့်သနားညှာတာမှုမှ မပြသပေ။၎င်းက ကိုက်ဖြဲရန်အဆင်သင့်ဖြစ်နေပေပြီ။


စိတ်ဝိညာဉ်နှစ်ခုက အချင်းချင်းလိမ်ယှက်ရှုပ်ထွေးနေကြသည်။အကယ်၍ အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်အနှစ်သာရက အဖြူရောင်ထောင်တျဲအတွက် အကျိုးရှိသည်ဆ်ိုလျှင် အနက်ရောင်ထောင်တျဲအတွက်လည်း ထိုကဲ့သို့သာ ဖြစ်ပေလိမ့်မည်။


အရင်အချိန်က ထိုနှစ်ဦးကို မတူညီသည့် နေရာများတွင် စည်းခတ်ချိပ်ပိတ်ထားခဲ့ခြင်းကြောင့် တစ်ယောက်စီ တစ်ယောက်မရောက်နိုင်ဖြစ်နေကြသည်။ထို့ကြောင့်ပင် သူတို့ကြားထဲတွင် ငြိမ်းချမ်းရေး အဓွန့်ရှည်နေခြင်းဖြစ်သည်။


သို့သော်လည်း ယခုမူ တစ်ဦးနှင့်တစ်ဦး မျက်နာချင်းဆိုင်၍ ကိုက်ဖြတ်ဆွဲဖြဲရန် အဆင်သင့်ဖြစ်နေပေပြီ။တစ်စုံတစ်ယောက် မပျောက်သွားသရွေ့ တိုက်ပွဲက ပြီးဆုံးသွားမည်မဟုတ်ပေ။


သို့သော် ပုဖန်က ထိုဝိညာဉ် နှစ် ခုကြားက တိုက်ပွဲကို မျက်စိထဲ မထည့်ပေ။သူက အဖြူရောင်ထောင်တျဲ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ကြည့်ရှုရင်း မျက်ဝန်းများက ကြယ်ကဲ့သို့ တဖျတ်ဖျတ်တောက်ပနေလေသည်။


"ဒီပါဝင်ပစ္စည်းက ကြီးမြတ်တဲ့ တန်ခိုးအဆင့်ကို ရောက်နေပြီပဲ ..."


ပုဖန် တီးတိုးရေရွတ်လိုက်သည်။သူ့၏ ကြွက်သားများပင် ဖောင်းကားလာသလို ခံစားလိုက်ရသည်။သူ ဒီထက်ပို၍ မစောင့်န်ိုင်တော့ပေ။ရွှေရောင်ဝံပုလွေနှင့် ယှဉ်လိုက်လျှင် အဖြူရောင်ထောင်တျဲအား ပါဝင်ပစ္စည်းအဖြစ် သုံးရမည်ကို ပုဖန် ပို၍ စိတ်ကျေနပ်နေမိသည်။


အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။ပုဖန်က တောက်ပလင်းလက်လှသော မျက်ဝန်းများဖြင့် သားရဲအသေကောင်ကိုကြည့်ပြီး စဉ်းစားနေလေသည်။


"အနီရောင် အသားနှပ်လုပ်ရမလား...ဟော့ပေါ့... ဒါမှမဟုတ် နံရိုးချိုချဉ်ကြော် ...