အပိုင်း ၇၁၅
Viewers 53k

အခန်း ၇၁၅

ဖိနှပ်ခံ အဖြူရောင်ထောင်တျဲဝိညာဉ်...


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပခုံးထက်တွင်တင်၍ ထောင်တျဲ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။သူ ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားလာမိသလိုပင် ခံစားလိုက်ရသည်။ဒီထောင်တျဲ၏ အသားက သူအမြဲတမ်း ကြုံတွေ့နေရသော ပါဝင်ပစ္စည်းများထက် အရည်အသွေး များစွာ မြင့်မားနေပေသည်။ထို့ကြောင့် ၎င်း၏ အသားက မည်သို့အရသာရှိမည်ကို သိချင်နေမိသည်။


ထိုထောင်တျဲကလည်း သဘာဝအားဖြင့် များစွာသော အစားအစာများကို စားပေလိမ့်မည်။ထို့ကြောင့်သူ့၏ အသားက အာဟာရပြည့်ဝသလို အရသာလည်းရှိလိမ့်မည်ဟု တွေးကြည့်လိုက်မိသည်။


သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ထိန်းမရနိုင်စွာ ကော့တက်သွားပြီး ပြုံးဖြီးဖြီးဖြစ်သွားသည်။ထိုအချိန်အတောအတွင်းတွင် ထောင်တျဲ ဝ်ိညာဉ် နှစ်ခုကလည်း လေဟာနယ်ထဲတွင် အပြင်းအထန် တိုက်ခိုက်နေကြသည်။


ဝိညာဉ် နှစ်ခုလုံး၏ သန်မာမှုက တူညီနေပေသည်။အဖြူရောင်ထောင်တျဲ ဝိညာဉ်က ခုလတ်တလောမှပင် ခန္ဓာကိုယ်မှ ဆွဲထုတ်ခံထားရခြင်းဖြစ်သောကြောင့် သူ့၏ စွမ်းအင်အဆင့်က မြင့်မားနေတုန်းပင်ဖြစ်သည်။


ထပ်တူစွာ အနက်ရောင်ထောင်တျဲ ဝိညာဉ်ကလည်း ဝိညာဉ်အဖြစ်တည်ရှိခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် သူ့၏ စွမ်းအင်များကို သန့်စင်ထားပြီး ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေပသည်။


ထိုဝိညာဉ်နှစ်ခု၏ တိုက်ခိုက်မှုကို လုံးဝ စိတ်မဝင်စားပဲ လျစ်လျူရှုထားလေသည်။ချူချန်းရှန် စိတ်လှုပ်တရှားဖြစ်နေသော ပုဖန်ကို ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းများ မှေးကျင်းလိုက်ပြီး တွေးတောလိုက်သည်။


"ဒီကောင်လေးက အဲ့ဒီထောင်တျဲအသားနဲ့ တစ်ခုခုလုပ်မလို့ စီစဉ်နေတာလား အဲ့ဒါက ကြီးမြတ်သော တန်ခိုးအဆင့်ရှိတဲ့ စိတ်ဝိညာဉ်သားရဲလေ သူတကယ်ကြီး ချက်မလို့လား..."


ပုဖန်၏ မျက်ဝန်းတောက်တောက်များကြည့်လိုက်ပြီးနောက် ချူချန်းရှန် သူ့၏ အတွေးက ဖြစ်နိုင်ကြောင်းကို သတိပြုမိလိုက်သည်။


"အို ... မဟုတ်သေးဘူး ဒီကလေးက တကယ်ကြီးချက်ချင်နေတာပဲ ..."


မည်သို့ပင်ဆ်ိုစေ ထိုကောင်လေးပုဖန်က ကောင်းကင်နှင့် မြေပြင်ကိုပင် မကြောက်မရွံ့ရှိသည်ဟု သူတွေးထင်ခဲ့ပြီးသားဖြစ်သည်။ထို့ကြောင့် ထောင်တျဲ၏ အသားကို စားရဲခြင်းမှာလည်း အံ့သြစရာမရှိပေ။


ချူချန်းရှန် အနည်းငယ်လှုပ်ရှားလိုက်သည်။သူက အစားကြူးတောင်ကြား၏ အကြီးအကဲ တစ်ယောက်ဖြစ်သောကြောင့် စာကြည့်တ်ိုက်တွင်ရှိသော မှတ်တမ်းမှတ်ရာအစုံစုံကိုလည်း ဖတ်မှတ်ခဲ့ဖူးသည်။


အစားကြူးတောင်ကြားသည် စားဖိုမှူးများ၏ သန့်စင်နယ်မြေဖြစ်သည့်အလျောက် စာအုပ်အများစုက ချက်ပြုတ်ခြင်းဆိုင်ရာနှင့် ပါဝင်ပစ္စည်းများဆိုင်ရာ စာအုပ်များပင်ဖြစ်သည်။


သူ ထောင်တျဲအသားနှင့်ပတ်သတ်သော စာအုပ်အနည်းငယ်ကို ဖတ်ဖူးသည်ကလည်း အံ့သြစရာမဟုတ်ပေ။ပြောရမည်ဆိုလျှင် တောင်ကြားရှိ ဆရာသခင်များအားလုံးက အစားသရဲများပင်ဖြစ်လေသည်။သူတို့က ဟင်းပွဲများနှင့် ပါဝင်ပစ္စည်းများ၏ အဆင့်များကိုလည်း သိရှိပေသည်။


အရင်အချိန်ကလည်း တောင်ကြားသခင်က အနက်ရောင်ထောင်တျဲကို သတ်ပစ်ပြီးနောက် သူ့၏ ဝိညာဉ်ကို စည်းခတ်ချုပ်ထားကာ အသားကို ချက်ပြုတ်ခဲ့သည်။ထိုထောင်တျဲ အသားအကြောင်းကို တစ်ခါ ဖတ်မိရုံဖြင့် မှတ်ဉာဏ်ထဲ စွဲမြဲနေအောင် မှတ်သားထားခဲ့မိ၏။ထို့ကြောင့် ချူချန်းရှန် ထိုအချက်များကို ပြန်လည်တွေးတောလိုက်၏။


သူ ထောင်တျဲ အသားကို မစားဘူးသော်လည်း စာအုပ်ပါအချက်များအရ အခြေခံအကြောင်းအရာများကိုတော့ သိပေသည်။ပြန်လည် တွေးတောလိုက်မိသည်နှင့် ခံတွင်းစိုလာသည်ကို ခံစားမိလိုက်သည်။၎င်းက တကယ့်အစစ်အမှန် စားကောင်းသောက်ဖွယ်ပင်ဖြစ်သည်။ယခုပုဖန်က ထောင်တျဲ အသားကို ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ၌ ချူချန်းရှန် အလျင်အမြန် လှုပ်ရှားလိုက်သည်။ဒီအခွင့်အရေးကို အသုံးချ၍ စားသောက်ပွဲကြီးဆင်နွှဲရပေမည်။


ခွေးဘုရင်က ဆိုင်ထဲသို့ ပျင်းရိလေးကန်စွာဖြင့် လျှောက်ဝင်လာပြီး သိမြင်မှု သစ်သီးပင်အောက်တွင်လှဲလိုက်ကာ အားပါးတရ သန်းဝေလိုက်သည်။


ဆိုင်အပေါက်ဝတွင်ရပ်နေသော နယ်သာရီကလည်း ပုဖန် ထောင်တျဲ အသားချက်ပြုတ်တော့မည်ကို ခန့်မှန်းမိသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိလေသည်။


ဒီသားရဲကြီးက အလွန်ပင် စွမ်းအားကြီးလှသည်။ထို့ကြောင့် အသားအရသာကလည်း သာမန်တော့မဟုတ်နိုင်ပေ။ပုဖန် မည်ကဲ့သို့ ချက်ပြုတ်မည်ကို သိချင်နေမိပြီ


။အားလုံး၏ စူးစမ်းနေသောအကြည့်များအောက်မှာပင်ပုဖန် အားအပြည့်ထုတ်သုံး၍ မြေထဲ နစ်ကျွံနေသော အဖြူရောင်ထောင်တျဲကို ဆွဲထုတ်လိုက်သည်။


ဖေလာ ဖေလာ...


ကျိုးပဲ့နေသော ကျောက်တုံးမျာက အဝေးသို့ လွင့်ထွက်သွား၏။လေထဲတွင် တိုက်ခိူက်နေသော အဖြရောင်ထောင်တျဲ ဝိညာဉ်က သူ့၏ ခန္ဓာကိုယ်ရွေ့လျားသွားသည်အား ခံစားလိုက်မိပုံပေါ်သည်။၎င်းက ဝမ်းနည်းကြွေကွဲစွာဖြင့်ဟိန်းဟောက်လာခဲ့သည်။သူ့၏ အစွယ်များလက်သည်းများကို ထုတ်၍ ပုဖန်ကိုတိုက်ခိုက်ရန်ကြိုးစားလိုက်သည်။


သူ့၏ ဝိညာဉ်က ခန္ဓာကိုယ်မှ စွန့်ခွာသွားပြီဆိုသော်လည်းသူ့၏ မြင့်မြတ်လှသော ခန္ဓာကိုယ်ကို မည်သူကိုမှ ထိခွင့်မပေးနိုင်ပုံ ပေါ်လေသည်။


"ငါရဲ့ ခန္ဓာကိုယ်ကို ထိတဲ့ သူတိုင်းသေရမယ်..."


အဖြူရောင်ထောင်တျဲ၏ ဒေါသတကြီးဟိန်းဟောက်သံက လူအားလုံးကို ကြောက်ရွံ့နောက်တွန့်သွားစေသည်။ချူချန်းရှန်၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး သူလှုပ်ရှားရန် ပြင်လိုက်သည်။တစ်ခြားတစ်ဘက်တွင်မူ ပုဖန်၏ အမူအရာကအေးဆေးတည်ငြိမ်နေတုန်းပင်ဖြစ်၏။သူက အဖြူရောင်ထောင်တျဲ၏ ဝိညာဉ်ကိုကြောက်ရွံ့ပုံမပေါ်ပေ။


ပုဖန်က အနက်ရောင်လက်ပတ်ရှိနေသော လက်မောင်းကို မြှောက်လိုက်သည်။အနက်ရောင်ထောင်တျဲ ဝိညာဉ်ကလည်းဖြစ်ပျက်နေသည်များကိုမှန်ဆမိသွားသည်။၎င်းက ပုဖန်ဆီ အလျင်စလို ပြေးဝင်သွားသော အဖြူရောင်ထောင်တျဲ ဝိညာဉ်ကိုကြည့်၍ မဲ့ပြုံးပြုံးလိုက်သည်။


"အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာမွန်းတား ၃ကောင်ပုန်းနေတာ... မင်းသေချင်တယ်မဟုတ်လား ကောင်းပြီ သွားလိုက်လေ..."


ခရက်ရှ် ခရက်ရှ် ...


ပုဖန်၏ လက်မောင်းရှိ အနက်ရောင်လက်ပတ်က ပြေလျော့သွားပြီးနောက် လက်မောင်းအပြည့် အနက်ရောင်လိုင်း များပေါ်လာသည်။၎င်းမှ အလွန်ပင်သန်မာအားကောင်းလှသော စုပ်ယူမှုအားကို ထုတ်လွင့်လာသည်။ထို့နောက် အဖြူရောင်ထောင်တျဲ ဝိညာဉ်က ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ စုပ်သွင်းခြင်းခံလိုက်ရသည်။


နောက်ထပ်ဖြစ်ရပ်များသည် အလွန်လွယ်ကူစွာဖြင့် ပြီးဆုံးသွားသည်။


ဒီတစ်ကြိမ်တွင် ကြမ်းတမ်းသန်မာလှသော မွန်းစတား၃ ကောင် မပေါ်လာပေ။သို့သော်လည်း ပုဖန်က အနက်ရောင်ထောင်တျဲ ဝိညာဉ်ဆီမှ စွမ်းအင်မြင့်တင်မှုကို ရရှိထားသောကြောင့် အဖြူရောင်ထောင်တျဲဝိညာဉ်ကို စုပ်ယူရသည်မှာ အလွန်လွယ်ကူနေခဲ့သည်။


နောက်ဆုံးတွင် အဖြူရောင်ထောင်တျဲ ဝိညာဉ်က အညံ့ခံခဲ့ရသည်။ရိုးရှင်းစွာပင် သူက ပုဖန်၏ ပြိုက်ဘက်တစ်ယောက်မဟုတ်နေခဲ့ပေ။ပုဖန်၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် အဖြူရောင်ထောင်တျဲ၏ ဝိညာဉ်က သနားစရာကောင်းလောက်အောင်ပင် ညှင်းပန်း နှိပ်စက်ခံခဲ့ရသည်။အကယ်၍ သူသာ အရှုံးမပေးလျှင် ဒီကလေးက သူ့၏ ဝ်ိညာဉ်ကို တစ်စစီ ကွဲကြေသွားအောင် ရိုက်ပစ်နိုင်ပေသည်။


ပုဖန် မျက်ဝန်းများ ဖွင့်လိုက်သည်။သူ့၏ နီရောင်စားဖိုမှူးဝတ်စုံက လေအရှိန်ဖြင့် တဖျတ်ဖျတ်ခါနေပြီး သူ့၏ မျက်ဝန်းများက ကမ္ဘာမြေ၏ အလင်းရောင်လိုမျိုး တစ်ချက်လက်ခါသွားသည်။


ထို့နောက် သူညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။သူ့၏ လက်မောင်းက ပြောင်းလဲသွားသည်။အနက်ရောင်လိုင်းများရှိနေခဲ့သော လက်မောင်း၌ ယခု အဖြူရောင်လိုင်းများပါရှိနေပေသည်။ထိုလိုင်းများက တစ်ခုနှင့်တစ်ခု တိုးတိုက်လောင်ကျွမ်းရင်း လှုပ်ရှားနေခဲ့သည်။


ခရက်ရှ် ခရက်ရှ်...


ထို့နောက် အနက်ရောင် လက်ပတ်က သူ့၏။ လက်မောင်းပေါ်တွင် ပြန်လည်၍ တင်းကျပ်စွာ ပတ်လိုက်သည်။ထိုလက်ပတ်၌ အဖြူရောင်အနည်းငယ်လည်းရောယှက်နေပေပြီ။ 


ပုဖန် မျက်ခုံးပင့်လိုက်သည်။ထ်ိုအဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲ ဝိညာဉ်နှစ်ခုက သူ့၏ လက်မောင်းအတွင်းတွင် ယခုထိတိုင်အောင် တိုက်ခိုက်နေဆဲဖြစ်ကြောင်းခံစားမိလေသည်။


ယုအချိန်၌ အနက်ရောင်ထောင်တျဲက အသာစီးရနေပုံပေါ်သည်။၎င်းက တစ်ဦးကိုတစ်ဦး နည်းနည်းစီ စုပ်ယူ မျိုချနေလေသည်။မကြာခင်မှာပင် အနက်ရောင်ထောင်တျဲ ဝိညာဉ်ကအဖြူရောင် ထောင်တျဲ ဝိညာဉ်ကို လုံးဝ ဝါးမျို သွားနိုင်ပေလိမ့်မည်။ပုဖန် သူ့လက်မောင်းမှ အဖြူအနက် လက်ပတ်ကိုကြည့်လိုက်သည်။သူပို၍ သန်မာလှသလို ခံစားလိုက်ရ၏။


သူ့၏ အစစ်အမှန်စွမ်းအင်များက ကြောက်စရာကောင်းလှသော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေပပြီ။အနည်းဆုံးသူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့်ထက် ကျော်လွန်နေပေပြီ။


ထို့နောက် ပုဖန်က သူ့၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က စနစ်၏ သိုလှောင်နယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။


....


လေဟာနယ်ထဲတွင် ရွေ့လျားနေသော တိမ်များက သူတို့၏ မူလအရာကိုပင် ပျောက်ဆုံးနေသလို ထင်ရသည်။ထိုတိမ်များကြားထဲ၌ မမြင်နိုင်သော မျက်လုံးတစ်စုံက မြေပြင်ပေါ်တွင် ဖြစ်ပျက်သမျှအရာရာအားလုံးကို စောင့်ကြည့်နေပုံပေါ်သည်။


ထိုမျက်လုံးတစ်စုံက အဖြူရောင်ထောင်တျဲ သေဆုံးသွားသည်ကို မြင်သည်။၎င်းကို ပုဖန်၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်ကိုလည်း မြင်လေသည်။ထို့နောက် ထိုမျက်လုံးထဲတွင် ပြင်းထန်သည့် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။


"အာ ...အသုံးမကျတဲ့ အဖြူရောင်ထောင်တျဲ...ဘာမှ ကောင်းကောင်းမလုပ်နိုင်ဘူး..ငါက မင်းကို အနှစ်သာရရဖို့အတွက် အခွင့်အရေးပေးလိုက်တယ် မင်းကတော့ ဖြုန်းတီးပစ်လိုက်ပြီ အသုံးမကျလိုက်တာ..."


ဒေါသဖြင့် ပြည့်နှက်နေသော အသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာသည်။လူများ သတိအပြည့် နိုးကြားသွားသည်။


ပုဖန် အံ့အားသင့်သွားသည်။တစ်စုံတစ်ယောက်က သူ့အား ချောမောခန့်ညားသော လူငယ်လေးဟု ခေါ်လိုက်သံကို ကြားလိုက်သည်ဟု ထင်မိသည်။သို့သော်လည်း သူ့နောက်လှည့်ကြည့်သည့် အခါတွင် မည်သည့်ကိုမှ မတွေ့ရပေ။


ချူချန်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့၏ လျှပ်စီးအလင်းကဲ့သို့ မျက်ဝန်းများက တိမ်များစီသို့ ကျရောက်သွားသည်။တဖြေးဖြေးပျောက်ကွယ်သွားပြီဖြစ်သော မျက်လုံးတစ်စုံ၏ ပုံရိပ်ကို တွေ့လိုက်ရ၏။


ထိုလှုပ်ရှားမှုက တစ်စုံတစ်ရာ ရင်းနီးကျွမ်းဝင်နေသလိုမျိုး ခံစားမိလိုက်သည်။သို့သော်လည်း မည်သူမှန်းသူမသိပေ။သူကအသက်ကြီးရင့်နေပေပြီ။သူခဏမျှ စဉ်းစားတွေးကြည့်နေသော်လည်း အဖြေမပေါ်သောကြောင့် သက်ပြင်းချလိုက်ပြီး ပုဖန်ကိုသာ အာရုံစိုက်လိုက်သည်။


"ဒီကလေးက အဖြူရောင်ထောင်တျဲရဲ့ ဝိညာဉ်ကိုတောင် ပြန်ပေးဆွဲသွားပြီလား ..."


ဒီတစ်ကြိမ်၌ ချူချန်းရှန်၏ ပုဖန်ကို ကြည့်သော အကြည့်များက ပို၍ပင် ထူးခြားအသက်ဝင်လေသည်။ထိုအကြည့်များက ပုဖန်ကို ကြက်သီးမွှေးညှင်းထစေဖို့ လုံလောက်နေပေပြီ။ပုဖန်စိတ်ထဲမှ တွေးလိုက်မိသည်


"သူဘာလို့ ငါ့ကို အဲ့ဒီလို ကြည့်နေတာလဲ..."


သူ့၏ မျက်နာက အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း စိတ်ထဲတွင် ဂယောက်ဂယက်ဖြစ်နေပေ၏။ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ပုဖန် တစ်စုံတစ်ရာကို သတိရသွားပုံပေါ်သည်။သူကြည့်ရှုနေသူများဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။


"ကျေးဇူးပြုပြီး ဒီနေ့တော့ ထွက်သွားပေးကြပါ...ဒီနေ့ ငါတို့ ဆိုင်ပိတ်ပါတယ်..မနက်ဖြန်ကျမှ ပုံမှန်အတိုင်း ဆိုင်ဖွင့်ပါမယ်..."


ထိုလူများက အံ့အားသင့်သွားကြသည်။သို့သော်လည်း အငြင်းစကားမဆိုပဲ ချက်ချင်းထွက်ခွာသွားကြ၏။


ဒီပိုင်ရှင်ပုက အလွန်ပင် လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုမျိုးဖြစ်လေသည်။သူက မသေမျိုး ဝိညာဉ်အဆင့် ပညာရှင်ကိုပင် သေအောင်တိုက်ခိုက်နိုင်ခဲ့သည်။


လေထုထဲတွင် သွေးနံ့များ ပြန့်လွှင့်နေတုန်းဖြစ်သည်။ထိုသွေးနံ့များ၏ ပိုင်ရှင်က မသေမျိုးဝိညာဉ်လှေကား၇ဆင့်ရှိသူဖြစ်သည်။ထိုကဲ့သို့ အဆင့်မျိုးက သူတို့၏ နေ့စဉ်ဘဝတွင်မြင်နိုင်ဖို့ပင် ခဲယဉ်းလွန်းလှသော သူမျိုးဖြစ်သည်။သို့သော်လည်းဒီနေ့တွင်တော့ သူတို့ရှေ့တွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရပေပြီ။


ထို့အပြင် မည်သူမှလည်း ဧရာမသားရဲကြီးကို မြင်နိုင်လိုက်မည်မဟုတ်ပေ။ထိုသားရဲကြီးက မည်သည့်အကောင်ဖြစ်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာသည်ကို သူတို့မသိပေ။သို့သော်လည်း ၎င်းက သူတို့အားလုံးကို တုန်ရီထိတ်လန့်သွားစေနိုင်သည်ဆိုထဲက သာမန်သားရဲ ဖြစ်လိမ့်မည်မဟုတ်ပေ။


သို့သော် သနားစရာကောင်းလှစွာပင် ထိုသားရဲကြီးက အမြဲတစေအိပ်နေတက်သော ခွေး၏ လက်ဖဝါးရိုက်ချက်ဖြင့် သေသည်အထ်ိ ရိုက်နှက်ခံလိုက်ရပေပြီ။လူအားလုံး ထိုသားရဲကြီးအတွက်ပင် စိတ်မကောင်းဖြစ်မိကြသည်။


"ဘာကြောင့်များ ခွေးဘုရင်ကို သွားနှောက်ယှက်ရတာလဲကွာ အခုတော့ ပိုင်ရှင်ပု လက်ထဲမှာ ပါဝင်ပစ္စည်းအဖြစ် ပြောင်းလဲခံလိုက်ရပြီ.."


ထိုလူများ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြသည်။တကယ်တမ်း သူတို့ စိတ်မကောင်းကြီးစွာဖြစ်နေရခြင်းမှာ ထိုသားရဲကြီး၏ အသားကို သူတို့ မြည်းစမ်းနိုင်ရန် အခွင့်အရေးမရှိတော့ကြောင့်ပင်ဖြစ်သည်။


"ဟင်း တကယ်ကို စိတ်မကောင်းစရာပဲ..."


ဧရာမသားရဲကောင်ကြီး၏ စွမ်းအင်များ ပြည့်နှက်နေသည့်အသားက ထိုလူစုကို ရူးသွပ်သွားစေဖို့ လုံလောက်နေပေပြီ။


...


"ကောင်းပြီ ကျုပ်တို့ အထဲမှာ စကားပြောကြတာပေါ့.."


ပုဖန်က ချူချန်းရှန်ဆီသို့ အကြည့်တစ်ချက်ဖြင့်ပြုံးလိုက်သည်။ထို့နောက် သူဆိုင်ထဲသို့ လျှောက်ဝင်သွားလိုက်၏။ကျယ်လောင်သောအသံနှင့်အတူ ဆိုင်တံခါးပိတ်သွား၏


 အပျက်အစီးများ၏ အလယ်တွင် တိမ်ခိုးစားသောက်ဆိုင်တစ်ခုတည်းသာ ထီးထီးကြီး ကျန်ခဲ့လေသည်။


တိုက်ခတ်နေသော လေအရှိန်နှင့်အတူ အပျက်အစီးများစီမှ ဖုန်များသဲများက တလိမ့်လိမ့်တက်နေသည်။ထ်ိုနေရာတွင် ရိုက်သတ်ခံထားရသော အလောင်းအနည်းငယ်နှင့် အနက်ရောင် သွေးများလည်း စွန်းထင်းနေသည်။


မြေပြင်မှ ပြုပြင်ရေးအစီအရင်က တဖြေးဖြေးချင်းစတင်အသက်ဝင်လာကာ ပြန်လည် ပြင်ဆင်နေလေသည်။တိမ်များကြားထဲ၌ မမြင်နိုင်သော မျက်ဝန်းတစ်စုံ၏ ပုံရိပ်ပေါ်လာပြန်သည်။၎င်းက တိမ်ခိုးစားသောက်ဆိုင်အား ရှင်းပြ၍ မရနိုင်သော ပုံစံမျိုးဖြင့် နက်နက်နဲနဲ စိုက်ကြည့်နေလေသည်။


..


စားသောက်ဆိုင်ထဲတွင်..


 နန်ကုန်းဝူချယ်က အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံဖြင့် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထ်ိုင်နေသည်။


လော့တန်ချင်း၏ ဒဏ်ရာများကို ပတ်တီးများစည်းပေးပြီး ကုသပေးထားလေသည်။မည်သို့ပင်ဆ်ိုစေ သူက မသေမျိုးခန္ဓာအဆင့် ပညာရှင်ပင်ဖြစ်သည်။ရိုက်ချက်အနည်းငယ်ကို တောင့်ခံနိုင်လောက်အောင် သူ့ခန္ဓာကိုယ်က မာကြောပေသည်။


နယ်သာရီက တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။သူမ၏ လှပသော မျက်နာလေးကလည်း ပုံမှန်အတိုင်းအေးစက်နေပေ၏။


ချူချန်းရှန်က ဆိုင်အတွင်းဘက်သို့ စူးစမ်းစွာဖြင့် ကြည့်နေသည်။


ထိုအခိုက်အတန့်တွင် ကလေးမလေးရှောင်ယက စားသောက်ဆိုင်ပတ်လည်တွင် ပြေးလွှားနေသော ရှစ်လေးအား လိုက်ဖမ်းရင်း ပျော်ရွှင်စွာဖြင့် တခစ်ခစ်ရယ်မောနေလေသည်။


ရှစ်လေးက သူ့၏ အသက်က်ို ဖက်နှင့်ထုပ်ထားရသကဲ့သို့ အဆက်မပြတ် ကတော်ကတော်အော်နေကာ ပြေးလွှားနေလေ၏။


ဝှိုက်တီက မီးဖိုခန်းထဲသို့ ပြန်သွားလိုက်ပြီး အပေါက်ဝတွင် ငြိမ်သက်စွာ ရပ်နေသည်။သူ့၏ စက်ရုပ်မျက်ဝန်းများက အဆက်မပြတ် တလက်လက်တောက်ပနေသည်။


ထိုလူစုက ပုဖန် အဖြူရောင်ထောင်တျဲအသားချက်မည်အား စောင့်နေကြခြင်းဖြစ်သည်။သူတို့က တကယ်ကျွေးမွေးဧည့်ခံမှာကို မျှော်လင့်နေပေသည်။


မှန်သည်။ပုဖန်ကလည်း သူတို့ကို ငြင်းပယ်လိမ့်မည်မဟုတ်ပေ။မည်သို့ပင်ဆ်ိုစေ အဖြူရောင်ထောင်တျဲက ဧရာမသားရဲကြီးဖြစ်သည်။ အားလုံး အတူတကွ စားကြဖ်ို့ လုံလောက်အောင်ကြီးမားပေသည်။


ပုဖန်က သူတို့ကို မည်သည့်စကားမှ မဆိုပေ။သူ တစ်ချက်သန်းဝေလိုက်ပြီးနောက် မီးဖိုခန်းဆီသို့သာ တိုက်ရိုက်လျှောက်သွားလိုက်သည်။


သူထောင်တျဲအသားကို ချက်ပေတော့မည်။