အပိုင်း ၇၁၆
Viewers 53k

အခန်း ၇၁၆

ထောင်တျဲကင်...


ပုဖန်မီးဖ်ိုခန်းထဲသို့ ဝင်လာခဲ့သည်။အပြင်၌ စောင့်နေကြသော တခြားသူများနှင့် တူညီစွာပင် သူလည်း မျှော်လင့်တက်ကြွမှု အပြည့်နှင့်ဖြစ်သည်။


ထောင်တျဲအသားသည် ယခုအချိန်ထိ သူချက်ပြုတ်တွေ့ကြုံခဲ့ဖူးသမျှပါဝင်ပစ္စည်းများအားလုံးထဲတွင် အဆင့်မြင့်ဆုံးဖြစ်သည်။အလွန်ကောင်းမွန်သော ပါဝင်ပစ္စည်းများကို ချက်ပြုတ်ရန်အတွက်သေချာစွာ အားထုတ်ကြိုးပမ်း သင့်သည်ဟု သူထင်မိသည်။ထို့ကြောင့် သာမန်ချက်ပြုတ်ခြင်းနည်းလမ်းများကို သုံးရန်မသင့်ပေ။ပုဖန် မီးဖိုချောင်ထဲ ပတ်လျှောက်ရင်း မည်ကဲ့သို့ ချက်ရမည်ကို တွေးတောနေမိသည်။


"ငါ ဘာဟင်းချက်ရမလဲ..."


နံရိုးချိုချဉ်ကြော်ချက်လျှင်ရသော်လည်း သူထ်ိုဟင်းလျာကို ချက်ချင်းချက်ဖို့ မတွေးမိပေ။နံရိုးချိုချဉ်ကြော်ချက်ရာတွင် ပုဖန်က မာစတာအဆင့် ရောက်နေပေပြီ။သူအလွန်လွယ်ကူလျင်မြန်စွာပင် ချက်ပြုတ်နိုင်၏။


ဤမျှအဖ်ိုးတန်သော ပါဝင်ပစ္စည်းကို နံရိုးချိုချဉ်ကြော်ချက်လိုက်ပါက ကြီးမားလှသောဖြုန်းတီးမှုကြီး ဖြစ်သွားပေလိမ့်မည်။နံရိုးချိုချဉ်ကြော် ဟင်းပွဲက မဆိုးလှသော်လည်း ထောင်တျဲ၏ အသားကို ချက်ပြုတ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။


ပုဖန် မီးဖ်ိုခုံကိုမှီ၍ ရပ်လိုက်ပြီး သူ့၏ လက်ချောင်းလေးများက ခုံပေါ်တတောက်တောက်ခေါက်ကာ စဉ်းစားတွေးတောနေလေသည်။


ထောင်တျဲအသား.. ထောင်တျဲ အမြီး.. ထောင်တျဲနံရိုး..ထောင်တျဲခြေထောက်..ထောင်တျဲ ခေါင်း.... နေဦး ...


ပုဖန်စဉ်းစားနေရင်း သူ့၏ မျက်ဝန်းများတောက်ပသွားသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးမီးဖိုခုံကို တစ်ချက် ဗြန်းခနဲ ပုတ်လိုက်သည်။


"ထောင်တျဲ ခြေထောက် ..ငါ ထောင်တျဲ ခြေထောက်ကင် လုပ်လိုက်မယ်..."


ပုဖန်၏ မျက်နာသေပေါ်တွင် စိတ်လှုပ်ရှားနေသော အပြုံးဖြီးဖြီးပေါ်လာသည်။ထောင်တျဲ ခြေထောက်ကင်က ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပုံပေါ်လေသည်။


"ကောင်းပြီ ငါ အဲ့ဒီဟင်းပွဲပဲ ချက်မယ် ..."


ခွေးဘုရင်အတွက် နံရိုးခ်ျိုချဉ်ကြော်ကိုတော့ ဒီဟင်းပွဲပြီးမှ ချက်ပြုတ်ရပေမည်။မည်သို့ပင်ဆိုစေ ထောင်တျဲခြေထောက်ကင်က ရိုးရှင်းလွယ်ကူသော ဟင်းပွဲမဟုတ်ပေ။အဆင့်များကိုသေချာစွာ ဂရုတစိုက်လုပ်ရန် လိုပေသည်။


အတွေးတစ်ချက်ဖြင့်ပင် စနစ်၏ သိုလှောင်အိတ်ထဲမှ ထောင်တျဲအလောင်းပေါ်လာသည်။စနစ်၏ သိုလှောင်အိတ်က သူအလိုရှိသည့် ပစ္စည်းကို တွေးလိုက်ရုံဖြင့် သူ့ရှေ့ရောက်လာပေလိမ့်မည်။


တကယ်တမ်းတွင် သူချက်ပြုတ်ရမည့် ပါဝင်ပစ္စည်းကို သူမပြင်ဆင်ရသေးပေ။ထောင်တျဲခြေထောက်တွင် အမွှေးများရှိနေသေး၏။သူက တကယ့်ကို ကြီးမားလှသောသစ်တုံးကြီးအလားပင် ထင်ရသည်။အဖြူရောင်အမွှေးများတွင် သွေးများက စွန်းထင်းနေဆဲရှိ၏။


ထောင်တျဲ၏ ခြေထောက်အောက်ရှိ ခွာတွင်လည်း ခြေသည်းရှည်များရှိနေ၏။၎င်းက တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်ဖြစ်သောကြောင့် အလွန်ပင်မာကြောလှ၏။


ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးအငွေ့များပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။ပုဖန်၏ လက်ထဲတွင် ဓားက လှည့်လည်သွားပြီးနောက် အလင်းတစ်ချက်လက်သွားကာ ခြေထောက်မှ အမွှေးများကို ရှင်းထုတ်လိုက်သည်။အမွှေးများချွတ်ပြီးနောက် ပုဖန် အသက်ပြင်းတစ်ချက်ချလိုက်သည်။ထ်ို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို ဓားအတွင်းသို့ ဖြည့်သွင်းလိုက်သည်။ကြီးမားလှသောရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပခုံးထက် တင်ထားလိုက်၏။


ထို့နောက် ဓားကို ရုတ်တရက် လွှဲချလ်ိုက်ကာ ခြေထောက်ကို ရှစ်ပိုင်းပိုင်းလိုက်သည်။သူဓားကို ကျင်လည်စွာ လှည့်လိုက်ပြီးနောက် အပိုင်းအစများကို ကောက်ယူကြည့်လိုက်သည်။နူးညံ့သောအသားလေးများကို ဖိကြည့်လိုက်၏။


ပြီးပြည့်စုံသော ဖြတ်တောက်မှုဖြစ်သည်။သို့သော်လည်း သူအဆင့်တိုင်းကို သေချာဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်နေပေသည်။အသားပိုင်းများကို ဖိနှိပ်ကြည့်ပြီးနောက် ဇလုံအတွင်းသို့ ထည့်လိုက်သည်။နွေဦးစမ်းရေကို လောင်းထည့်လ်ိုက်ပြီးနောက် သွေးများသန့်စင်သွားအောင် သေချာဆေးကြောလိုက်သည်။


တစ်ချိန်တည်းမှာပင် အသားများကို သေချာစွာဖိနှယ်၍ အတွင်း၌ရှိသော အညစ်အကြေးများပါ ပြောင်စင်ထွက်သွားအောင်လုပ်လ်ိုက်၏။ပုဖန်က ရေအကြည်ရောင်ဖြစ်သည့်အထိပင်အကြိမ်အနည်းငယ်ခန့် ထပ်မံဆေးကြောလိုက်၏။


ထို့နောက် အနက်ရောင် အရိပ်တစ်ခုပေါ်လာပြီးမီးဖ်ိုခုံနှင့် ကျယ်လောင်စွာ ထိခတ်သွားသည်။ထိုမီးဖိုက မဟူရာလိပ်ခုံးဒယ်အိုးအတွက် အထူးပြုလုပ်ထားသည့် မီးဖိုဖြစ်သည်။


အသားပိုင်းများကို မဟူရာလ်ပ်ခုံးဒယ်အိုးထဲသို့ ထည့်လိုက်ပြီးနွေဦးစမ်းရေကို လောင်းထည့်လိုက်သည်။သို့သော်လည်းသူမီးဖ်ိုကို အပူမပေးသေပေ။သူ့၏ သ်ိုလှောင်အိတ်ထဲမှ ဂျင်းနှင့်တူသောလိမ္မော်ရောင် စ်ိတ်ဝိညာဉ်ဆေးပင်တစ်ခုကို ထုတ်ယူလိုက်သည်။


၎င်းက ဂျင်းထက်ကြီးပြီးစိတ်ဝိညာဉ် စွမ်းအင်လည်း သိပ်သည်းလှသည်။ထိုဆေးပင်ကို အလွှာအနည်းငယ်လှီးဖြတ်ပြီးနောက် ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။ပြီးသည်နှင့် ကြွေခရားတစ်အိုးကို ထုတ်ယူလိုက်ပြီး ဝိုင်များကို အိုးထဲ လောင်းထည့်လိုက်သည်။


ထ်ို့နောက် သူခြေတစ်လှမ်းဆုတ်လိုက်ပြီး ပါးစပ်ထဲမှ ကောင်းကင်ကမ္ဘာမြေ မီးလျှံကို မှုတ်ထုတ်လိုက်သည်။ထိုမီးတောက်ကို ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဟူ၍ ထပ်မံခေါ်ဆ်ို၍ မရတော့ပေ။အစားကြူးတောင်ကြားမှ မီးတောက်နှင့် ပေါင်းစပ်သွားပြီးနောက် အပူချိန်က ပို၍ပင် မြင့်မားကာကြောက်မက်ဖွယ်ကောင်းလှသည်။


ဘုန်း...


ဒယ်အိုးကို စတင်အပူပေးလိုက်သည်နှင့် မီးဖ်ိုခန်းထဲမှ အပူချိန်က ဒုံးကျည်အလား မြင့်တက်လာလေသည်။ပုဖန်က ကောင်းကင်ကမ္ဘာမြေမီးလျှံကို အတွေးလေးတစ်ချက်ဖြင့်ပင် ထိန်းချုပ်နိုင်လေပေပြီ။၎င်းက တကယ့်ကို အဆင်ပြေလွယ်ကူလှ၏။


ဒီတစ်ကြိမ်၌ ပုဖန်က မီးအပူချိန်ပြင်းပြင်းဖြင့် ပွက်ပွက်ဆူအောင် တည်လိုက်သည်။ရေမျက်နာပြင်ပေါ်၌ အဝါရောင်အမြှုပ်ကလေးများ ဖုံးလွှမ်းလာ၏။


ပုဖန် ထ်ိုအမြှုပ်များကို ဖယ်လိုက်၏။အိုးထဲမှ ထောင်တျဲအသားက တဖြေးဖြေးချင်းပြောင်းလဲလာလေသည်။ပုဖန်က သူ့၏ စိတ်ဝိညာဉ်စွမ်းအင်ကို သုံး၍ ဒယ်အိုးကို ဖုံးလွှမ်းထားသောကြောင့် အိုးထဲမှ ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှု အသေးစိတ်ကို သိရှိပေသည်။


ပုဖန်၏ စိတ်စွမ်းအားများအရ ထိုထောင်တျဲအသားတုံးထဲတွင် စိတ်ဝ်ိညာဉ် စွမ်းအင်များ ပြည့်သိပ်အောင် ပါဝင်နေမှန်းခံစားသိနိုင်ပေသည်။ထိုအသားတုံးထဲတွင် ပါဝင်နေသော စွမ်းအင်က လူတစ်ယောက်ကိုပင် ပေါက်ကွဲနိုင်စေရန် လုံလောက်နေပေပြီ။


ထိုစွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းလှသည်။သူချက်ပြုတ်ဖူးသမျှထဲတွင်အကောင်းဆုံးပါဝင်ပစ္စည်းဟု ခေါ်ဆိုရန် ထ်ိုက်တန်လှပေသည်။ပုဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။သို့သော်လည်း သူသူ့၏ စိတ်စွမ်းအင်က်ိုလျှော့မချလိုက်ရဲပေ။သူ့၏ စိတ်စွမ်းအင်က တင်းတင်းဆွဲထားသော လေးကြိုးကဲ့သို့ ဖြစ်နေပေပြီ။


အချိန်ကျလာပြီကို ခံစားမိသည့်အခ်ျိန်၌ ပုဖန်သူ့၏ စိတ်စွမ်းအင်များကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နောက်တစ်ဆင့်ကို ကူးပြောင်းလိုက်သည်။ထောင်တျဲ ခြေထောက်ကင်လုပ်သောအခါတွင် အလွန်အရသာရှိသော ဟင်းပွဲတစ်ပွဲဖြစ်လာရန်အတွက် ကြိုတင်ပြင်ဆင်မှုက အရေးကြီးပေသည်။ကောင်းကောင်းမပြင်ဆင်ထားပါက အရသာများစိမ့်ဝင်သွားစေဖို့ အလွန်ခက်ခဲပေသည်။


ထို့အပြင် ပို၍ အရသာရှိစေရန် အသားကို အရသာစပ်ထားသော ဝ်ိုင်အရက်ထဲတွင် နှယ်နှပ်ထားရန် လိုအပ်ပေသည်။ပုဖန်တွင် အရသာနှပ်ရန် ဝိုင်အရက်ရှိသော်လည်း ၎င်းကို တို့ဟူးပုပ်ပြုလုပ်ရာတွင် အသုံးပြုခဲ့ပြီဖြစ်သည်။


ပုဖန်က အသားများကိုဒယ်အိုးထဲမှ ဆယ်မထုတ်တော့ပဲ အမြှုပ်များကိုသာပြောင်အောင်ခပ်ထုတ်လိုက်ကာ အရသာများကို ထပ်ထည့်လိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် အရသာများအားလုံး ပျော်ဝင်သွားပြီးစွပ်ပြုတ်အရည်က အရောင်ပြောင်းသွားသည်။


ဝိုင်အရက်၏အရသာစိတ်ဝိညာဉ်ဆေးပင်၏မွှေးရနံ့နှင့် တခြားအရသာများအားလုံးက သေချာစွာ ရောစပ်သွားကာ အသားများထဲသို့ စိမ့်ဝင်သွား၏။


ထို့နောက်ထပ်မံ ဖြစ်ပေါ်လာသောအမြှုပ်များကို သေချာစွာ ရှင်းလင်းထုတ်လိုက်၏။ပြီးသည်နှင့် ငရုတ်နှစ်အနည်းငယ်ထည့်လိုက်သည်။၎င်းက ထောင်တျဲအသားကို ပ်ို၍ မွှေးပျံ့စွာ အရသာရှိစေလိမ့်မည်ဖြစ်သည်။


ခဏမျှ ချက်ပြီးနောက် အမြှုပ်များကို ထပ်မံ ဖယ်ထုတ်ရပြန်သည်။နောက်တစ်ကြိမ်ဆူပွက်လာသောအခါတွင် အမြှုပ်များမရှိတော့ပေ။သူက ရေခဲသလင်းကဲ့သို့ ကြည်လင်လှသော သကြားခဲ အနည်းငယ်ကို ထုတ်ယူကာ ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။


သူ ပဲငံပြာရည် အနည်းငယ်ထပ်ပေါင်းထည့်လိုက်၏။၎င်းက စွပ်ပြုတ်အရည်ကို ပို၍ လှသွားစေကာ ဆွဲဆောင်မှုရှိစေလေသည်။ထပ်မံ ဆူပွက်လာရန်အတွက် ခဏမျှ စောင့်စားလိုက်သည်။ထောင်တျဲ ခြေထောက်ကင်လုပ်ရသည်မှာတကယ်ကို ကြာရှည်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်သည်။


အချိန်အတော်ကြာ ချက်ပြုတ်ပြီးနောက် ဒယ်အ်ိုးထဲမှ အသား၏ရနံ့လေးများ လွင့်ပျယ်လာပြီဖြစ်သည်။ထိုမွှေးရနံ့များက မှော်ပညာဖြင့် ရေးဆွဲလိုက်သလိုပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲထိ အခြေကျသွားသည်။


မွှေးရနံ့များက တဖြေးဖြေးပြန့်လွင့်လာပြီးမီးဖ်ိုချောင်မှတစ်ဆင့် စားသောက်ခန်းဆီသို့ပါ စီးဆင်းသွား၏ စားပွဲ၌ တွေဝေငေးမောစွာ ထ်ိုင်နေကြသောသူများက နှာခေါင်းရှုံ့ပွပွဖြစ်လာသည်။သူတို့ မွှေးရနံ့များကြောင့် ခံတွင်းစိုလာလေသည်။သစ်ပင်အောက်တွင်အိပ်ပျော်နေသောခွေးဘုရင်လည်း နှာခေါင်းရှုံ့လ်ိုက်မိပြီး မျက်လုံးဖွင့်လိုက်၏။


မွှေးပျံ့လှသောရနံ့ကြောင့်သူ့၏ မျက်ဝန်းထဲတွင် ရွှင်မြူးမှုအထင်းသားပေါ်လွင်နေသည်။


"အရမ်းကောင်းတာပဲဒီအနံ့က ဘယ်လ်ိုဖြစ်လို့ အဲ့ဒီလောက်တောင် မွှေးပျံ့ရတာလဲ...အဲ့ဒါက လူတွေရဲ့ နှလုံးသားထဲကို တဖြေးဖြေးရစ်ဝဲဝင်လာပြီးအရည်ပျော်သွားအောင် ပြုလုပ်လိုက်သလိုပဲ..."


ယန်မ်ိန်ကျီက သူမ၏ ကြီးမားလှသော လက်နှစ်ဖက်ကို ပွတ်သပ်ရင်းပြောလိုက်သည်။မျက်နာပေါ်တွင်လည်း နှစ်သက်မှုက အထင်သားပေါ်လွင်နေ၏။မှော်ကဝေအန်းရှန့်က မွှေးရနံ့များကို အားပါးတရ ရှူရှိုက်လိုက်ပြီးနောက် ပြန်၍ အသက်ရှူမထုတ်ချင်လောက်အောင်ပင်ဖြစ်နေမိသည်။


နယ်သာရီ၏ မျက်ဝန်းတောင့်တောင့်လေးများက မီးဖိုခန်းဘက်ကိုသာ စူးစိုက်ကြည့်နေသည်။ခြေကုန်လက်ပမ်းကျနေသောနန်ကုန်းဝူချယ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။သူ့၏ ပါးစပ်ထောင့်မှ သရေတများများ ကျနေပေပြီ။


"အနံ့က အရမ်းကောင်းတာပဲအရမ်းနှစ်သက်ဖို့ကောင်းလွန်းတယ်..."


လော့တန်ချင်းမျက်လုံးများ ဖွင့်လိုက်ပြီး သူ့၏ ဒဏ်ရာကို ပြန်လည် ကုစားနေခြင်းအား ရပ်တန့်လိုက်သည်။သူလည်း တခြားသူများကဲ့သို့ပင် လေထဲမှ မွှေးရနံ့များကို နှာခေါင်းရှုံ့၍ ရှူသွင်းလိုက်သည်။


ချူချန်းရှန်က တည်ငြိမ်သည့်အမူအရာကိုဆက်လက်ထိန်းသိမ်းထားန်ိုင်တုန်းပင်ဖြစ်သည်။မည်သို့ပင်ဆိုစေ သူကလည်းအစားကြူးတောင်ကြားထဲမှ မဟာစားဖိုမှူး တစ်ယောက်ဖြစ်၏။


"ဘာအစားအသောက်မျိုးမလို့ သူမမြင်ဖူးတာရှိမလဲ ဘယ်လိူမွှေးရနံ့မျိုးကိုများ သူမရဖူးတာရှိမလဲ..."


ချူချန်းရှန်က သူတို့၏ ပုံရိပ်ကိုပင် မထိန်းသိမ်းထားနိုင်ကြသောတခြားသူများကို ဝေ့ဝဲကြည့်ရင်းမုတ်ဆိတ်မွှေးများကို သပ်လိုက်သည်။


"ဒီငတုံးလေးတွေကတော့ ကျယ်ပြောလှတဲ့ လောကကြီးကို ကောင်းကောင်း မမြင်...ဂလု ဂလု..."


ချူချန်းရှန် အတွေးပင်မဆုံးလိုက်ပဲ အကြိမ်အနည်းငယ်တံတွေးမျိုချလိုက်မိသည်။ထ်ို့နောက် သူ့၏ နှာခေါင်းကို ပွတ်လိုက်ပြီး လေထုထဲမှရနံ့များကို ရှူရှိုက်လ်ိုက်သည်။အသား၏မွှေးရနံ့က သူ့၏ နှာခေါင်းများကို လာရောက်တိုက်ခိုက်ပြီး မျက်ဝန်းများလင်းလက်တောက်ပပြူးကျယ်သွားစေသည်။


ဒီထောင်တျဲအသားက တကယ်ကိုပဲ ချီးကျူးဂုဏ်ပြုထ်ိုက်တယ် အစားကြူးတောင်ကြားထဲမှာရှိတဲ့ မှတ်တမ်းတွေ အဆိုအရ အဲ့ဒါက အံ့သြဖွယ်ရာကောင်းတဲ့ စားကောင်းသောက်ဖွယ်တစ်ခုပဲ..."


ချူချန်းပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ယခု ထိုစားကောင်းသောက်ဖွယ်ကို သူစောင့်မျှော်နေမိပြန်သည်။ထောင်တျဲအသားက အရည်အသွေးမြင့်သောပါဝင်ပစ္စည်းဖြစ်သောကြောင့် ပုံမှန်အားဖြင့် သာမန်စားဖ်ိုမှူးများချက်ပြုတ်နိုင်လိမ့်မည်မဟုတ်ပေ။လုံလောက်သော အရည်အချင်းမရှိလျှင် ဟင်းပွဲကိုပျက်စီးဆုံးရှုံးသွားစေပေလိမ့်မည်။


အစားကြူးတောင်ကြားထဲမှ ပထမအဆင့် စားဖိုမှူးများပင်လျှင် ထိုမျှအဆင့်ရှိသောပါဝင်ပစ္စည်းကို သေချာစွာ ကိုင်တွယ်နိုင်ဖို့မသေချာပေ။


ပုဖန်ကကော ဘယ်လ်ိုဟင်းလျာမျိုးတွေကို ချက်ပြုတ်နိုင်မလဲ...ချူချန်းရှန် မျှော်လင့်စောင့်ဆိုင်းနေမိလေသည်။သူက အမွေဆက်ခံနိုင်ရန်အတွက် ကလေးမလေး ရှောင်ယကို လာခေါ်ခြင်းဖြစ်သည်။သို့သော်လည်း သူမပြန်ခင် ထောင်တျဲ အသားကို မြည်းစမ်းသွားရပေမည်။


သူသာဒီစားကောင်းသောက်ဖွယ်ရာနှင့် လွဲချော်သွားမည်ဆ်ိုလျှင် ၎င်းက ကြီးကျယ်လေးနက်လှသော အမှားကြီးတစ်ခုဖြစ်ကာ သူသေချာပေါက် နောင်တရနေရပေလိမ့်မည်။


ထိုအချိန်တွင် မီးဖ်ိုခန်းထဲ၌ ...ပုဖန်က ဒယ်အိုးထဲသို့ ဆားပွင့်အနည်းငယ်ထည့်လ်ိုက်ကာ အ ရသာပိုရှိအောင်ပြုလုပ်လိုက်သည်။စွပ်ပြုတ်ရည်ပွက်ပွက်ဆူလာသည်နှင့် ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပြန်လည်သိမ်းဆည်းလိုက်သည်။


ပြီးသည်နှင့်သူအထူးပြုလုပ်ထားသော ဆော့စ်အနည်းငယ်လောင်းထည့်လိုက်သည်။ထ်ိုအရာက အသီးအရွက်ကြော်ရာတွင် သုံးသည့် သာမန်ဆော့စ်မျိုးမဟုတ်ပေ။


၎င်းက အစားအသောက်များ၏ လတ်ဆတ်မှုနှင့် အရသာရှိမှုကို ထိန်းသိမ်းထားရန်အတွက် အသုံးပြုသည့် ပုဖန်ကိုယ်တိုင် အထူးပြုလုပ်ထားသောဆော့စ်ဖြစ်သည်။


ထ်ိုအခိုက်အတန့်၌ ချက်ပြုတ်ခြင်း၏ ပထမအပိုင်းပြီးဆုံးသွားလေပြီ ပုဖန် အသားများကို ဆယ်လ်ိုက်ပြီး အရည်စစ်လ်ိုက်ကာလှပသောပန်းကန်ပြားတစ်ချပ်ထဲတွင် ထည့်ထားလိုက်သည်။


ပုဖန်ခြေတစ်လှမ်းနောက်ဆုတ်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။အသားများ အနည်းငယ်အေးသွားသည်နှင့် သေချာပြုလုပ်ထားသောအချိုရည်ကို အသားတုံးများပေါ်သ်ို့ နှံ့နှံ့စပ်စပ်သုတ်လိမ်းလိုက်သည်။


ယခုနောက်ဆုံးအပိုင်းကို စတင်တော့ပေမည်။ပုဖန် အသားကင်ရန်အတွက် မီးဖိုပြင်ဆင်လိုက်၏။